Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဝက်လက်မြို့နယ်မှ စစ်ဘေးရှောင် ၁၀,၀၀၀ ကျော်အတွက် အစားအသောက်နှင့် ဆေးဝါးများလိုအပ်
👍2🔥1😢1
ဝက်လက်မြို့နယ်မှ စစ်ဘေးရှောင် ၁၀,၀၀၀ ကျော်အတွက် အစားအသောက်နှင့် ဆေးဝါးများလိုအပ်
===================

မင်းထက်
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် စစ်ဘေးရှောင်နေကြရသည့် ဒေသခံ ၁၀,၀၀၀ ကျော်အတွက် အစားအသောက်နှင့် ဆေးဝါးများ အကူအညီလိုအပ်နေကြောင်း သိရသည်။

ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ ခက်ခ၊ စမွန်း၊ ကျွန်းဦးတော၊ ထန်းကြီးဘူတာ၊ ပါယ့်သူကြီး၊ ဉန္နဲဘုတ်၊ ပေါက်ကန်၊ ပေါက်ကန်ဘူတာ ကျေးရွာများမှ ဒေသခံများအနေဖြင့် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးနေ သည့်အတွက် ရွာလုံးကျွတ် နေအိမ်စွန့်ခွာ စစ်ဘေးရှောင်နေကြရသည်။

စစ်ကောင်စီတပ်များသည် မန္တလေး-မြစ်ကြီးနားရထားလမ်းကို ပြန်လည်ပြုပြင်နေသည့်အတွက် အင်အား ၂၀၀ ကျော်ဖြင့် ရထားလမ်းဘေးကျေးရွာများအား စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးမှုများပြုလုပ်နေခြင်း ဖြစ်ကြောင်း စစ်ဘေးရှောင်များအားကူညီပေးနေသည့် 96 Soldiers-PDF တာဝန်ခံ ကိုဇေယျာလွင်က ပြောသည်။
ဩဂုတ်လ ၁၀ ရက်နေ့မှစတင်ကာ လက်ရှိအချိန်အထိ အိမ်ထောင်စု ၃,၀၀၀ ကျော်မှ လူဦးရေ ၁၀,၀၀၀ ခန့်သည် အဆင်ပြေရာ လယ်တောများအတွင်း ရွှေ့ပြောင်းနေထိုင်နေကြရပြီး ၎င်းတို့အတွက် အစား အသောက်နှင့် ဆေးဝါးများ လိုအပ်နေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“စစ်ဘေးရှောင်ရတဲ့ ရက်ကြာလာတော့ ဆန်၊ ဆီ၊ ဆား၊ မိုးကာ၊ ဆေးဝါးတွေ အဓိကလိုအပ်လာပါတယ်။ ရိက္ခာလိုအပ်ချက်ကြောင့် ရွာထဲကိုပြန်ဝင်တဲ့ ပြည်သူတွေကိုလည်း စစ်ကောင်စီတပ်က သတ်ဖြတ်နေတာ တွေရှိပါတယ်။ အခုဆို အသတ်ခံရသူ ၁၀ ယောက်လောက်ရှိပြီ” ဟု ကိုဇေယျာလွင်ကပြောသည်။
စစ်ဘေးရှောင်များအား ကူညီထောက်ပံ့လိုပါက 96 Soldiers- PDF ပြန်ကြားရေးတာဝန်ခံ၏ Facebook ၊ Messenger မှတဆင့် ဆက်သွယ်လှူဒန်းနိုင်ကြောင်း သိရသည်။

ဝက်လက်မြို့နယ်မှ စစ်ဘေးရှောင်များ(ဓာတ်ပုံ - Ko Pyay Kyaw)
စာတည်း။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ဝက်လက်မြို့နယ်
#စစ်ဘေးရှောင်

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5👎1🔥1😢1
စိတ်မပျော်ရွှင်ဖြစ်စေတဲ့ အကြောင်းအရင်းတွေ | ကျန်းမာသုတ လူမှုဘ၀ Episode - 30
========================

ဒီနေ့ခေတ်မှာ လူအများကြားမှာ နေရတာ မပျော်ဘူး ဆိုတဲ့ စကားကို ပိုကြားလာရပါတယ်။

ဒါကြောင့် ဒီတပတ်ရဲ့ ''ကျန်းမာသုတ လူမှုဘ၀'' အစီအစဉ်မှာ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး တင်ဆက်ပေးချင်ပါတယ်။

မပျော်ရွှင်ဖြစ်စေတဲ့ အကြောင်းအရင်းတွေနဲ့ နေပျော်တဲ့ ဘ၀ကို ရနိုင်မယ့်နည်းလမ်းတွေကို ဒေါက်တာ ဖြိုးသီဟက ဘယ်လို ဆွေးနွေးပေးထားလဲဆိုတာ ကြည့်ရှုလိုက်ရအောင်။

https://youtu.be/O9O56G2hEx0?si=T65XrsrO5RyK2dfY

#ဒေါက်တာဖြိုးသီဟ
#mizzima
#ကျန်းမာသုတလူမှုဘဝ
#UnhappyLife
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥1
ကော့ကရိတ်တွင် စစ်ကောင်စီတပ်စခန်း ၂ ခု ဒရုန်းဖြင့် တိုက်ခိုက်ခံရ
👍7🔥1
ကော့ကရိတ်တွင် စစ်ကောင်စီတပ်စခန်း ၂ ခု ဒရုန်းဖြင့် တိုက်ခိုက်ခံရ
=====================

YT
(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြိို့နယ်၊ မြို့အဝင်နှင့် ကော့နွဲ့ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းများအား တပ်မဟာ (၆) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း Cloud Wingsတပ်ဖွဲ့က ယနေ့ ဩဂုတ်လ ၂၇ ရက်တွင် ထုတ်ပြန်သည်။
"ဒရုန်းမစ်ရှင်(စစ်ဆင်ရေး)မှာ၁၀၇ မမ ကို ဒရုန်းမှာ သယ်ပြီး ပစ်ချတာပါ" ဟု Cloud Wings တပ်ဖွဲ့ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။

ယမန်နေ့ ဩဂုတ်လ ၂၆ ရက် နံနက်ပိုင်းတွင် ကော့ကရိတ်မြို့နယ်၊ မြို့အဝင်၊ အာရှလမ်းမကြီးဘေးရှိ စစ်ကောင်စီတပ်ဖွဲ့ စစ်ဆေးရေး ဂိတ်စခန်းနှင့် ကော့နွဲ့ကျေးရွာအတွင်း အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းအား တပ်မဟာ (၆) KNLA တပ်ရင်း (၁၈)၊ Cloud Wings၊ SOG ဒရုန်းအဖွဲ့ပါဝင်သော ပူးပေါင်းတပ်ဖွဲ့က ၁၀၇ မမ၊ ၆၀မမ ဗုံးသီးများကို ဒရုန်းတွင် ချိတ်ဆွဲကာ ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခံရမှုကြောင့် အဆိုပါ တပ်စခန်းနှစ်ခုအတွင်းရှိ စစ်ကောင်စီတပ်သား ငါးဦးသေဆုံး၍ ၁၀ ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်တွင် အထိအခိုက်၊ အပျက်အစီး တစ်စုံတစ်ရာ မရှိကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအပြီးတွင် ကော့ကရိတ်မြို့နယ်တဝိုက်ရှိ စစ်ကောင်စီ၏ တပ်စခန်းကုန်းများက အနီးပတ်ဝန်းကျင်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒေသခံတဦး လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
“စစ်တပ်က အဲ့ဒီမှာ အမြောက်ကုန်း သုံးကုန်းလောက် ရှိတယ်။ ဗျူဟာကုန်း နှစ်ကုန်းလောက်ရှိတော့ အဲ့ဒီစခန်းတွေကနေ ၁၂၀ မမ တွေ ၈၁ မမ တွေ အလုံး ၅၀ ထက်မနည်း တောက်လျှောက်ပစ်ထုတ်တယ်။ ကျွန်တော်တို့ပြန်ကြားရတာတော့ ရွာသားတဦးထိထားတယ်”ဟု Cloud Wings တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

ထို့အပြင် ယမန်နေ့က ကော့ကရိတ်မြို့နယ်၊ ကမိုင်ကုန်းကျေးရွာအနီး၌လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် တပ်မဟာ (၆) KNLA ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပြီး တိုက်ပွဲဖြစ်စဉ် အသေးစိတ်အား မဇ္ဈိမမှ မြေပြင်ရဲဘော်များထံ ဆက်သွယ်နေဆဲဖြစ်သည်။

လက်ရှိတွင် ကော့ကရိတ်မြို့နယ်အတွင်းရှိ ရွာသစ်ကုန်း၊ ကော့နွဲ၊ တံတားဦး၊ ကမိုင်ကုန်းကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တပ်မဟာ (၆) KNLA ပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ၊ ပြောက်ကျားပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၅ ရက် ညနေပိုင်းကလည်း ကော့ကရိတ်မြို့နယ် တောင်ပိုင်း၊ ကမိုင်ကုန်းကျေးရွာ၊ ရေကူးကန်အနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပြီး စစ်ကောင်စီဘက်တွင် ငါးဦးထက်မနည်းသေဆုံး၍ ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း ကျားဖြူစစ်ကြောင်းမှ ရဲဘော်တစ်ဦးထံက သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#ကရင်ပြည်နယ်
#ကော့ကရိတ်မြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု

ပုံအညွှန်း- ဒရုန်းမစ်ရှင်အတွက် ပြင်ဆင်နေပုံများ (ဓါတ်ပုံ- Cloud Wings)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥1
ဩဂုတ်လ (၂၇) ရက်၊ တနင်္ဂနွေနေ့ညဘက် မဇ္ဈိမရေဒီယိုအစီအစဉ်
====================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

စစ်ရေးအမိန့်ဖီဆန်မှုနဲ့ စစ်ကောင်စီ တပ်ရင်းမှူးအချို့ ဖမ်းဆီး ထောင်ချခံနေရတဲ့သတင်းနဲ့အတူ

မြန်မာနိုင်ငံရှိ တီမောသံရုံးဝန်ထမ်းတွေ စက်တင်ဘာ ၁ ရက် နောက်ဆုံးထားထွက်ခွာဖို့ စစ်ကောင်စီအမိန့်ပေးတဲ့အကြောင်း အပါအဝင်

နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊ တပတ်အတွင်း စီးပွားရေး၊ အားကစားနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဏတွေအနေနဲ့ Spring University ကပေးပို့တင်ဆက်ထားတဲ့ Podcast အစီအစဉ်နဲ့အတူ “နိုင်ငံရေးတွေမပြောချင်ဘူးကိုတုတ်ကြီးရယ်” အစီအစဉ်ကို လည်း ထုတ်လွှင့်သွားမှာပါ။

နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

https://youtu.be/TNPf3lh2RM8?si=R3uhICO-xwm5YBva

#Mizzimaradio
#Eveningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🔥1
​​Ugram (2023)
=========

ကွန်ပြူတာအထူးပြုလုပ်ချက်တွေအပြည့်နဲ့ ဇာတ်လမ်းအစကနေ အဆုံးအထိ စိတ်လှုပ်ရှားစရာဇာတ်ဝင်ခန်းတွေနဲ့ ဆွဲဆောင်ထားမယ့် အက်ရှင်ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။

မိသားစုနဲ့အတူ အရေးပေါ်ခရီးထွက်လာတုန်း ယာဉ်တိုက်မှုဖြစ်ခဲ့တဲ့နောက် ရဲအရာရှိ ဆီဗာဟာ သူ့မိန်းမနဲ့ကလေးကို ဆေးရုံပို့ခဲ့ပေမယ့် နောက်တစ်နေ့မှာသူ့မိန်းမနဲ့ကလေးကိုမတွေ့ရတော့ဘူး။

ဒါဟာ ယာဉ်တိုက်မှုဖြစ်တုန်းက သူ့ခေါင်းကိုထိခိုက်ခဲ့လို့ ဒီမန်းရှားလို့ခေါ်တဲ့ တကယ်မရှိတာကို တကယ်ရှိတယ်ထင်တဲ့ရောဂါ‌ကြောင့် သူ့မိန်းမနဲ့ကလေးကို ဆေးရုံပို့ခဲ့တယ် ထင်နေတာလို့ ဆရာဝန်ကပြောတယ်။

ဒါပေမဲ့ ဆီဗာရဲ့မိန်းမ အပ္ပနားနဲ့ သူ့သမီးလေး လပ်ကီးတို့ကို ယာဉ်တိုက်မှုဖြစ်ပြီးကတည်းက ရှာမတွေ့တော့တာမို့ သူတို့ ပျောက်ဆုံးနေတာက အမှန်ပဲဖြစ်နေတယ်။

တစ်ချိန်တည်းမှာပဲ ဒီမြို့လေးမှာ လူပျောက်တိုင်ချက်ဖွင့်တာတွေလည်း တစ်စထက်တစ်စပိုများလာတယ်။

ဆီဗာရဲ့မိန်းမနဲ့ကလေး ပျောက်ဆုံးနေမှုနဲ့ ဒီမြို့က လူပျောက်အမှုတွေ ဘယ်လို ဆက်စပ်မှုရှိနေလဲ၊ နောက်ကွယ်မှာ ဘယ်လိုလူတွေက ပါဝင်ပတ်သက်နေလဲ။

ဇာတ်လမ်းအစကနေ အဆုံးအထိ ထိုင်ရာကမထစတမ်း ကြည့်မိရလောက်တဲ့အထိ ဇာတ်ကြောင်းထဲမှာမျောနေမယ့် အက်ရှင်ဇာတ်ကားကောင်းတစ်ကားမို့မလွတ်တမ်းစောင့်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ။

ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - https://bit.ly/44WaGEU

#New ပြသမည့်ရက်။ ။ ၂၇.၈.၂၀၂၃
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ ၂၈.၈.၂၀၂၃
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍7🔥1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၇ ဩဂုတ် ၂၀၂၃)
===============

အမျိုးသားညီညွတ်ရေး အစိုးရ

• ပြည်သူကို အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေသည့် အကြမ်းဖက်စစ်သား အယောက် ၃၈ ဦးကို တရက်တာအတွင်း တော်လှန်ရေးတပ်ဖွဲ့များက ပြည်သူ့ခုခံတော်လှန်စစ်အရ ရှင်းလင်းနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာန ထုတ်ပြန်သည်။

• အမျိုးသားညီညွတ်ရေး အစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန လက် အောက်ရှိ ပြည်သူ့ ကာကွယ်ရေး တပ်မတော် တော်ဝင်ဒေါင်းစစ် ကြောင်းက ပဲခူးတိုင်းအတွင်းရှိ ရပ်ရွာလူထုအား လေးကြောင်း အန္တရာယ်၊ လက်နက်ကြီး အန္တရာယ် ၊မြေမြုပ်မိုင်းအန္တရာယ်တို့နှင့် ပက်သတ်သည့်အရေးကြီးသည့် ရှောင်ရန်၊ ဆောင်ရန်များ ၊ လိုက်နာသင့်တာများကို အသိပညာပေး အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

• စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃/၄/၅/၆ တို့က ဗိုလ်နဂါး ဦးဆောင်သည့် မြန်မာ့ တော်ဝင်နဂါးတပ်တော် (MRDA)၏ ဦးဆောင်မှုနောက်ကို မလိုက်ပါလိုသည့်အတွက် ဗိုလ်နဂါးဦး ဆောင်ဝယ်ယူ ခဲ့သည့် လက်နက်ခဲယမ်းတွေ၊ စစ်သုံးပစ္စည်းများအားလုံးကို ဗိုလ်နဂါးထံကို ပြန်အပ် ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်မှာ ဆက်လက် ရပ်တည်မည်ဟု ထုတ်ပြန်သည်။

• အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ၏ COC အောက် ပြန်ရောက်သွားသည့်ကိစ္စ ၎င်းတို့၏ တော်လှန်ရေးတပ်မတော်အတွက် “အားလျှော့သွားခြင်း မဟုတ်” သည့်အပြင် “ဒွိဟမပွားကြရန်”လည်း ဗိုလ်နဂါးက ပြောကြားလိုက်သည်။

• စစ်ကောင်စီတပ် ဗိုလ်ချုပ်များက အတင်းအကျပ် ဖိအားပေးထိုးစစ်ဆင်ခိုင်းနေသော်လည်း အောက်ခြေ စစ်မြေပြင်တွင် စစ်ရေးအထိနာကာ ကျဆုံးမှု များလာ၍ စစ်ရေးအမိန့်ဖီဆန်ခြင်း၊ တပ်ပျက်ထွက်ပြေးခြင်း များလာသည်ဟု ပြည်သူ့ပန်းတိုင်အဖွဲ့က သြဂုတ်လ ၂၆ ရက်က ထုတ်ပြန်ထားသည်။

• မြန်မာနိုင်ငံရှိ တီမောသံရုံးဝန်ထမ်းများ စက်တင်ဘာ ၁ ရက်နောက်ဆုံးထားထွက်ခွာရန် စစ်ကောင်စီ အမိန့်ပေးထားသည်ဟု NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက လူမှုကွန်ရက်တွင် ရေးသားထားသည်။

• အလယ်ပိုင်းတိုင်း တော်လှန်ရေး မဟာမိတ်များ တပ်ပေါင်းစု၏ စစ်သင်တန်းဆင်းပွဲကို သြဂုတ်လ ၂၇ ရက်နေ့တွင် တောတွင်း တစ်နေရာရှိ ဗဟိုဌာနချုပ်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
👍21❤5🔥1
မူဆယ်တွင် ငွေလဲလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီး သေနတ်ဖြင့်ပစ်ခံရကာ ငွေလုယက်ခံရ
🔥5👍1🤬1
မူဆယ်တွင် ငွေလဲလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီး သေနတ်ဖြင့်ပစ်ခံရကာ ငွေလုယက်ခံရ
========================

007
(မဇ္စျိမ) ။ ။ မူဆယ်မြို့တွင် ယနေ့ သြဂုတ်လ ၂၇ ရက် နံနက် ၈ နာရီခန့်က ငွေလဲလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ငွေလုယက်ခံရကြောင်း သိရသည်။

မူဆယ်မြို့လယ်ခေါင် စျေးလမ်းကြားတွင် ငွေလဲလုပ်ငန်းလုပ်ကိုင်သူ ထိုအမျိုးသမီးထံ ဆိုင်ကယ်တစီးဖြင့် ရောက်လာသူ သုံးဦးက ငွေလဲချင်ယောင်ဆောင်ကာ သေနတ်ဖြင့် ပစ်ခတ်၍ ငွေလုယူထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

“ဖြစ်တာက စျေးလမ်းကြားမှာဖြစ်တာ။ သူက ငွေလဲလုပ်တယ်။ မြန်မာပိုက်ဆံနဲ့ယွမ် လဲပေးတယ်။ မနက်က ၈ နာရီ လောက်ပဲရှိသေးတယ်။ ဆိုင်ကယ်နဲ့လူတွေရောက်လာပြီး ငွေလဲမယ်ဆိုပြီး သေနတ်နဲ့ပစ်သွားတာ” ဟု မူဆယ်မြို့ခံတဦးက ပြောသည်။
ထိုအမျိုးသမီးမှာ ရင်ဘတ်ကျည်ဆန်ဖောက်ဝင်ဒဏ်ရာ ရှိခဲ့ပြီး ဒဏ်ရာပြင်းထန်သဖြင့် မူဆယ်မြို့နယ်ဆေးရုံမှတဆင့် တရုတ်နိုင်ငံ ရွှေလီဆေးရုံသို့ လွှဲပြောင်းပေးထားကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုက်အဝန်းထံက သိရသည်။

“အသက် ၄၅ ၀န်းကျင်လောက်ဆိုတာပဲ သိရသေးတယ်။ နာမည်လည်း မသိရသေးဘူး။ ဟိုဘက်ကမ်း(တရုတ်)ကနေ ဒီဘက်မှာ အလုပ်လာလုပ်တာလို့ လတ်တလောသိရတယ်။ ငွေဘယ်လောက်ပါသွားလဲဆိုတာလည်း သူ သတိရလာမှသိရမှာ။ အခုထိ(နေ့လယ် ၃ နာရီ)တော့ သတိမရသေးဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့်နီးစပ်သူတစ်ဦးကပြောသည်။

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီနှင့် TNLA တို့ တိုက်ပွဲပြင်းထန်ရာမှ စစ်ကောင်စီဘက်က အင်အား ထပ်ဖြည့်လာပြီးနောက် ခိုးဆိုးနှိုက်လုယက်မှုများ နေ့စဉ်ဖြစ်ပေါ်နေပြီး ယနေ့ဖြစ်စဉ်တွင် လူ့အသက်ကိုပါ အန္တရာယ်ပြု၍ ဒေသခံများက စိုးရိမ်ထိတ်လန့်နေကြကြောင်း သိရသည်။

မူဆယ်မြို့တွင် ယမန်နှစ် မတ်လ ၁၂ ရက်က ကားအရောင်းအ၀ယ်လုပ်သည့် အသက် ၂၁ နှစ်အရွယ် မူဆယ်မြို့ခံ ခိုလုံလီရှော လူမျိုးအမျိုးသမီးတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရသေးသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#မူဆယ်မြို့
#ငွေလဲလုပ်ငန်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥2❤1🤬1😢1
လိင်စိတ်ခံယူမှုကွဲပြားသူများအပေါ် အသိအမှတ်ပြုမှု | Common Ground- Episode (4)
===================

ဖက်ဒရယ် ဒီမိုကရေစီအရေးအတွက် လုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းအချင်းချင်းကြား ဘေးတိုက်ပဋိပက္ခတွေကိုကျော်လွန်ပြီး သင့်မြတ်မှုပိုကောင်းလာရေး အထောက်အကူပြနိုင်ဖို့ Common Ground အစီအစဥ်ကို Mizzima က အပတ်စဥ်တင် ဆက်ပေးနေပါတယ်။

https://youtu.be/tMhlauKvGzk?si=Vytw3PqL7rGa9I-Q

#commonground
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🖕3
​​အုတ်ဖိုမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူး ပစ်ခတ်ခံရ၍ သေဆုံး
====================

ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်းအနောက်ခြမ်း ၊ အုတ်ဖိုမြို့နယ် ၊ ကွေ့ချောင်းကျေးရွာရှိ ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူး ဦးမျိုးဇော်အောင်သည် ယမန်နေ့ ဩဂုတ်လ ၂၆ ရက်နံနက် ၉ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ပစ်ခတ်ခံရ၍ နေရာတွင်ပင် သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ ပစ်ခတ်မှုအား အုတ်ဖိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Okpo PDF)က ပြုလုပ်ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က သတင်းထုတ်ပြန်သည်။

ဦးမျိုးဇော်အောင်သည် စစ်ကောင်စီက သင်တန်းပေးသည့် တိုက်ခိုက်ရေးသင်တန်း(ပျူစောထီးသင်တန်း) တက်ရောက်ထားပြီးသူဖြစ်ခြင်း၊ တော်လှန်ရေးလုပ်ဆောင်နေသူများ၏ သတင်းအချက်အလက်များအား ထောက်လှမ်းကာ ဖမ်းဆီးရန်သတင်းပေးခြင်း၊ CDM ဝန်ထမ်းများအား ဖမ်းဆီးစေ၍ Non-CDM ပြန်လည်လုပ်ဆောင်စေခြင်းနှင့် ဖမ်းဆီးရာတွင် ကိုယ်တိုင်ပါဝင်ခြင်း စသည့်လုပ်ရပ်များကို လုပ်ဆောင်နေသည့် စစ်ကောင်စီထောက်တိုင်ဖြစ်သောကြောင့် ပစ်ခတ်ရှင်းလင်းခြင်းဖြစ်သည်ဟု အုတ်ဖိုပကဖက ဆိုသည်။

ဦးမျိုးဇော်အောင်အား ၎င်းဖွင့်လှစ်ရောင်းချနေသော အရက်ဆိုင်ဘေးရှိ ကွမ်းယာဆိုင်အတွင်း၌ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်မှုဖြစ်စဉ်ဖြစ်ပွားပြီးနောက် အဆိုပါ ဖြစ်စဉ်နှင့်စပ်လျဉ်း၍ တရားမဝင်အဖွဲ့အစည်းများနှင့် ပတ်သတ်နေသည်ဟုဆိုကာ အုတ်ဖိုမြို့ ချင်းစုကျေးရွာတွင် နေထိုင်သူ ကိုကျော်မင်းလွင်အား စစ်ကောင်စီတပ်ဖွဲ့နှင့်ရဲများက ယမန်နေ့ ညပိုင်းတွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အုတ်ဖို့မြို့ဒေသခံများထံက သိရသည်။

ထို့အပြင် ကွေ့ချောင်းကြီးကျေးရွာတွင်နေထိုင်သူ ကိုအေးဆွေ၏ နေအိမ်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့နှင့်ရဲများက ယနေ့ ဩဂုတ်လ ၂၇ ရက်တွင် လာရောက်ချိပ်ပိတ်သွားကြောင်း သိရသည်။
"သူတို့မှာလုပ်ခွင့်ရှိနေတော့ လုပ်ချင်တိုင်းလုပ်နေတာပါ။ ကိုအေးဆွေက နေအိမ်ကိုချိပ်လာပိတ်ချိန်မှာ လူကရှောင်နေတော့ အဖမ်းမခံလိုက်ရတာလို့ ကြားတယ်။ သူတို့နှစ်ဦးစလုံးက ကျွန်တော်တို့နဲ့လုံးဝကိုအဆက်အသွယ်မရှိဘူး။သိလည်းမသိဘူး” ဟု အုတ်ဖိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူ ကိုဇာမဏီက မဇ္ဈိမကိုပြောသည်။

ပဲခူးတိုင်းအတွင်း ထိုကဲ့သို့ စစ်ကောင်စီ၏ ထောက်တိုင်များ၊ စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်သူများပစ်ခတ်ခံရခြင်း၊ ပေါက်ကွဲမှုဖြစ်ပွားခြင်း စသည့်ဖြစ်စဉ်များ ဖြစ်ပွားပြီးသည့်အချိန်တိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲများက အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်ဆက်နွယ်ခြင်းမရှိသော အရပ်သားပြည်သူများကို ဖမ်းဆီးလေ့ရှိကြောင်းလည်း ပဲခူးတိုင်းတော်လှန်ရေးတပ်ဖွဲ့များနှင့် ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၁ ရက်ကလည်း PDF များမြို့ပေါ်တွင်ရောက်ရှိနေကြောင်း သတင်းရရှိသည်ဟုဆိုကာ မင်းလှမြို့နယ်မှ ဒေသခံအချို့ကို စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲများက ဖမ်းဆီးသွားခဲ့ပြီး ထိုသို့ ဖမ်းဆီးခံခဲ့ရသူများထဲမှ ကိုပတ်တီး ဆိုသူသည် ယနေ့ဩဂုတ်လ ၂၇ ရက်တွင် မင်းလှရဲစခန်းအတွင်း၌ သေဆုံးသွားပြီဖြစ်ကြောင်း ဒေသခံများထံကသိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#ပဲခူးတိုင်း
#အုတ်ဖိုမြို့နယ်
#ပစ်ခတ်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18👏4🔥1
​​ကျိုက်ထိုမြို့နယ်တွင် ကျေးရွာ ပ.က.ဖ ခေါင်းဆောင် နေအိမ် ချိပ်ပိတ်ခံရ
===================

YT
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာရှိ မုပ္ပလင်ကျေးရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မုပ္ပလင် ပ.က.ဖ) ခေါင်းဆောင် နေအိမ် ချိပ်ပိတ်ခံရကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်နေ့၊ နေ့လယ်ပိုင်းတွင် မုပ္ပလင် ပ.က.ဖ ခေါင်းဆောင် ဦးကိုကိုနိုင်၏ နေအိမ်သို့ စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများ စုစုပေါင်း အင်အား ၃၀ ဝန်းကျင် စစ်ကားသုံးစီးဖြင့် လာရောက်၍ နိုင်ငံပိုင်အဖြစ် ချိပ်ပိတ်သိမ်းဆည်းကြောင်း ဗီနိုင်းကပ်သွားခြင်းဖြစ်သည်။

" လာရောက်သိမ်းဆည်းတဲ့ နေ့က အဲ့ဒီနားမှာ သေနတ်သံတွေ ကြားရတယ်။ နေအိမ်ချိပ်ပိတ်ခံရတာက အရင်က အုပ်ကြီး ဦးကိုနိုင်အိမ်ပါ" ဟု မုပ္ပလင်ကျေးရွာ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။
ဦးကိုကိုနိုင်သည် ယခင် NLD အစိုးရလက်ထက်၌ မုပ္ပလင်ကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ NLD ပါတီဝင်တစ်ဦးလည်းဖြစ်ကာ စစ်ကောင်စီအာဏာသိမ်းပြီးနောက်တွင် အာဏာသိမ်းမှုအား ဆန့်ကျင်၍ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ကာ စစ်အာဏာရှင်ကို တိုက်ထုတ်နေသူဖြစ်ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်ထံက သိရသည်။

ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း NLD ပါတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ နေအိမ်၊ တော်လှန်ရေးအတွင်း တက်ကြွလှုပ်ရှားသည့် ဒေသခံများ၏ နေအိမ် စုစုပေါင်း အလုံး ၂၀ ကျော် စစ်ကောင်စီတပ်၏ ချိပ်ပိတ်ခြင်း ခံခဲ့ရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၇ ရက်နေ့၊ နေ့လယ်ပိုင်းကလည်း ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်၊ မင်္ဂလာလမ်းရှိ ကျိုက်ထိုမြို့နယ် တော်လှန်ရေးအင်အားစု( KRF ) ဒု- တာဝန်ခံ ကိုရဲသွေးညီ၏ ယောက္ခမနေအိမ်အား ရဲ၊ စစ်တပ်၊ ကျိုက်ထိုမြို့နယ်အုပ်ချုပ်ရေးမှ ဝန်ထမ်းများက လာရောက်၍ ချိပ်ပိတ်သိမ်းဆည်းသွားသေးသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#နေအိမ်ချိပ်ပိတ်ခံရ
#မုပ္ပလင် ပကဖ

ပုံအညွှန်း- ချိတ်ပိတိခံရသည့် မုပ္ပလင် ပ.က.ဖ ခေါင်းဆောင် ဦးကိုကိုနိုင်​၏ နေအိမ် (ဓါတ်ပုံ- ပေးပို့)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬7👍4🔥2❤1👏1
​​မင်းလှတွင် စစ်ကောင်စီတပ် ၇ ရက်ကြာ ဖမ်းဆီးထားသူ သေဆုံး
===================

ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်း အနောက်ခြမ်း၊ မင်းလှမြို့တွင် စစ်ကောင်စီတပ်က ကိုပတ်တီးဆိုသူကို သြဂုတ်လ ၂၁ ရက် ညပိုင်းက ဖမ်းဆီးသွားရာ ၇ ရက်အကြာ ယနေ့ သြဂုတ်လ ၂၇ ရက်တွင် သေဆုံးသွားပြီ ဖြစ်ကြောင်း မင်းလှဒေသခံထံက သိရသည်။

ကြို့ပင်ကောက်စစ်ကြောရေးသို့ ခေါ်ဆောင်ခံရသည့် ကိုပတ်တီးသည် ရိုက်နှက်နှိပ်စက်ခံခဲ့ရကြောင်း၊ မင်းလှမြို့နယ်ရဲစခန်းသို့ ပြန်လည်ရောက်ရှိလာစဥ် ခန္ဓာကိုယ်၌ ဒဏ်ရာများရှိကြောင်း နှင့် ၎င်းအား ရဲလိုင်းခန်းတခုတွင် သီးသန့်ထားကြောင်း ရဲအသိုင်းအဝိုင်းထံက သိရသည်ဟု အဆိုပါ ဒေသခံကပြောသည်။

ကိုပတ်တီးသည် ၎င်းအား သီးသန့်ထားစဥ် လျှပ်စစ်ဝါယာကြိုးအသုံးပြု၍ မိမိကိုယ်ကို အဆုံးစီရင်သွားသည်ဟု ရဲအချို့က ပြောဆိုသော်လည်း ဒေသခံများက မယုံကြည်ကြကြောင်း သိရသည်။
"ကိုပတ်တီးက စိတ်ဓာတ်ပြင်းတယ်ဗျ။ အာဏာသိမ်းစကဆို တကိုယ်တော်ဆန္ဒပြတာတွေဘာတွေတောင်လုပ်တယ်။ ကိုယ့်ဘာသာအဆုံးစီရင်တာရောဟုတ်မလား သူတို့ပဲသတ်ပြီး ဒီလိုသတင်းဖြန့်သလားမသိနိုင်ဘူးလေ” ဟု မင်းလှဒေသခံက ပြောသည်။

ယနေ့ မွန်းလွဲ ၂ နာရီခန့်က သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မင်းလှဆေးရုံ ရင်ခွဲရုံသို့ အလောင်းကို ပို့ဆောင်ထားသော်လည်း တာဝန်ရှိ ဆရာဝန်က ပြန်လည်သယ်ဆောင်ခွင့် မပေးသေးကြောင်း သိရသည်။

ကိုပတ်တီးကို ကြို့ပင်ကောက်စစ်ကြောရေးမှတဆင့် မင်းလှရဲစခန်းသို့ ပြန်လည်ခေါ်ဆောင်လာသည့် နေ့ရက်ကိုမူ မဇ္ဈိမအနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။

၎င်းသည် မင်းလှမြို့ စျေးအနီးတွင် ကွမ်းယာရောင်းဆိုင်ဖွင့်လှစ်ထားသူဖြစ်ပြီး ဩဂုတ်လ ၂၁ ရက်နေ့က PDF များမြို့ပေါ်သို့ရောက်ရှိနေပြီဟု သတင်းရရှိသည့်အတွက် စစ်ကောင်စီတပ်နှင့် ရဲများက မြို့အတွင်း ၎င်းတို့ မသင်္ကာသူများအား လိုက်လံဖမ်းဆီးရာ မင်းလှမြို့စျေးအနီး ကွမ်းယာအရောင်းဆိုင်ဖွင့်ထားသူ ကိုပတ်တီး အဖမ်းခံလိုက်ရခြင်းဖြစ်သည်။

၎င်းနှင့်အတူ မင်းလှမြို့နယ်စျေးအနီးတွင် ဖမ်းဆီးခံခဲ့ရသည့် မဇာနည်မှာ ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#မင်းလှမြို့
#သေဆုံး

ပုံအညွှန်း-မင်းလှမြို့ရဲစခန်းပုံ(ဓာတ်ပုံ-ပေးပို့)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬12👍6❤3
​​ကျိုက်ထိုတွင် တိုက်ခိုက်ခံရသည့်စစ်ကောင်စီယာဉ်တန်းက ပြန်လည်ပစ်ခတ်၍ အရပ်သား ၂ ဦး ဒဏ်ရာရ
==================

YT
(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဒေါင်းတောင်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်လမ်းတွင် ကာကွယ်ရေးတပ်ဖွဲ့များ၏တိုက်ခိုက်ခံခြင်းရသော စစ်ကောင်စီယာဉ်တန်းက ပြန်လည်ပစ်ခတ်သဖြင့် အရပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဩဂုတ်လ ၂၇ ရက် မွန်းလွဲ ၁၂ နာရီ ၂၃ မိနစ်တွင် မွန်ပြည်နယ်မှ ပဲခူးတိုင်း၊ ဝေါမြို့နယ်ဘက်သို့ မောင်း နှင်လာသည့် စစ်ကောင်စီတပ်မှဖောကားခြောက်စီးအား ရန်ကုန်-မော်လမြိုင်လမ်း၊ ကျိုက်ထိုမြို့နယ်၊ ဒေါင်းတောင်ကျေးရွာအနီးတွင် တပ်မဟာ(၁) KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့များက မိုင်းနှစ်လုံးဆွဲတိုက် ခိုက်ပြီးနောက် RPG ၊ အီနာဂါ လက်နက်ကြီးများ၊ သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်ခြင်းခံရပြီးနောက် စစ်ကောင်စီယာဉ်တန်း၌ပါလာသည့် တပ် သားများက ရန်ကုန်-မော်လမြိုင်လမ်းဘေးတလျှောက်အား လက်နက်ကြီးနှင့် သေနတ်များဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေးရဲဘော်က ဆိုသည်။

စစ်ကောင်စီတပ်၏ပစ်ခတ်မှုကြောင့် လမ်းတွင်သွားလာနေသည့် အင်္ဂဘိုကျေးရွာမှ အမျိုးသားနှစ်ဦး ဦးခေါင်းနှင့် လက်မောင်းတွင် ထိခိုက်ဒဏ်ရာရခဲ့ပြီး ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

“ဒဏ်ရာရတဲ့ နှစ်ယောက်လုံးကတော့ကျိုက်ထိုဆေးရုံမှာပဲ၊ တယောက်က နှဖူးမှာထိတယ်၊ တစ်ယောက် ကလက်မောင်းမှာ၊ အရမ်းတော့မစိုးရိမ်ရပါဘူး” ဟု အင်္ဂဘိုကျေးရွာမှ ဒေသခံတဦးကမဇ္ဈိမကို ပြောသည်။

“ရန်သူဘက်က ကားတစီးက တော်တော်လေး ထိခိုက်သွားတယ်။ အထိနာသွားပုံရတယ်။ မုပ္ပလင်လမ်း ဆုံဂိတ်မှာ ကားထားခဲ့ပြီးတော့ ကျန်တဲ့သူတွေ ဒဏ်ရာတော်ရုံရတဲ့သူတွေကို မှန်လုံနဲ့တင်သွားတယ်။ သေသွားတဲ့ကောင်တွေကို အဲဒီမှာမြှုပ်ပေါ့၊ ဒဏ်ရာအပြင်းအထန်ရတဲ့ကောင်တွေကတော့ ကျိုက်ထိုဆေးရုံကို ပို့တယ်ပြောတယ်။ ဘယ်လောက်ကျတယ်၊ ဘယ်လောက်ထိတယ်ဆိုတာတော့ အတိအကျမသိရဘူး ဖြစ် နေတယ်။ သူတို့ရဲ့ဂိတ်ထဲမှာဆိုတော့ သတင်းယူဖို့ ခက်ခဲသွားတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ် တဦးကမဇ္ဈိမကိုပြောသည်။

စစ်ယာဉ်တန်းသည် ပဲခူးတိုင်းဘက်သို့ ဆက်လက်ထွက်ခွာသွားသော်လည်း မုပ္ပလင်လမ်းဆုံစစ်ဆေးရေး ဂိတ်တွင် ကားတစီးထားခဲ့ရပြီး ကားငါးစီးဖြင့်သာ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီအထိုင်ချတပ်စခန်း၊ တပ်ရင်းများ၊ စစ်ဆေးရေးဂိတ်စခန်းများ၊ ကင်းပုန်း များ၊ စစ်ယာဉ်တန်းများအား တပ်မဟာ(၁) KNLA ပါဝင်သော တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ များက ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မကြာခဏ သွားရောက် တိုက်ခိုက်လေ့ရှိကြောင်း၊ တိုက်ခိုက်ခံရတိုင်းလည်း စစ်ကောင်စီဘက်မှ အထိအခိုက်များရှိကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#မွန်ပြည်နယ်
#ကျိုက်ထိုမြို့နယ်
#စစ်ကောင်စီယာဉ်တန်း

ပုံအညွှန်း- KNLA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ် ( ဓါတ်ပုံ- KNU)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17🤬6👏3🔥1😁1