Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၇ ဩဂုတ် ၂၀၂၃)
===============

အမျိုးသားညီညွတ်ရေး အစိုးရ

• ပြည်သူကို အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေသည့် အကြမ်းဖက်စစ်သား အယောက် ၃၈ ဦးကို တရက်တာအတွင်း တော်လှန်ရေးတပ်ဖွဲ့များက ပြည်သူ့ခုခံတော်လှန်စစ်အရ ရှင်းလင်းနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာန ထုတ်ပြန်သည်။

• အမျိုးသားညီညွတ်ရေး အစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန လက် အောက်ရှိ ပြည်သူ့ ကာကွယ်ရေး တပ်မတော် တော်ဝင်ဒေါင်းစစ် ကြောင်းက ပဲခူးတိုင်းအတွင်းရှိ ရပ်ရွာလူထုအား လေးကြောင်း အန္တရာယ်၊ လက်နက်ကြီး အန္တရာယ် ၊မြေမြုပ်မိုင်းအန္တရာယ်တို့နှင့် ပက်သတ်သည့်အရေးကြီးသည့် ရှောင်ရန်၊ ဆောင်ရန်များ ၊ လိုက်နာသင့်တာများကို အသိပညာပေး အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

• စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃/၄/၅/၆ တို့က ဗိုလ်နဂါး ဦးဆောင်သည့် မြန်မာ့ တော်ဝင်နဂါးတပ်တော် (MRDA)၏ ဦးဆောင်မှုနောက်ကို မလိုက်ပါလိုသည့်အတွက် ဗိုလ်နဂါးဦး ဆောင်ဝယ်ယူ ခဲ့သည့် လက်နက်ခဲယမ်းတွေ၊ စစ်သုံးပစ္စည်းများအားလုံးကို ဗိုလ်နဂါးထံကို ပြန်အပ် ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်မှာ ဆက်လက် ရပ်တည်မည်ဟု ထုတ်ပြန်သည်။

• အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ၏ COC အောက် ပြန်ရောက်သွားသည့်ကိစ္စ ၎င်းတို့၏ တော်လှန်ရေးတပ်မတော်အတွက် “အားလျှော့သွားခြင်း မဟုတ်” သည့်အပြင် “ဒွိဟမပွားကြရန်”လည်း ဗိုလ်နဂါးက ပြောကြားလိုက်သည်။

• စစ်ကောင်စီတပ် ဗိုလ်ချုပ်များက အတင်းအကျပ် ဖိအားပေးထိုးစစ်ဆင်ခိုင်းနေသော်လည်း အောက်ခြေ စစ်မြေပြင်တွင် စစ်ရေးအထိနာကာ ကျဆုံးမှု များလာ၍ စစ်ရေးအမိန့်ဖီဆန်ခြင်း၊ တပ်ပျက်ထွက်ပြေးခြင်း များလာသည်ဟု ပြည်သူ့ပန်းတိုင်အဖွဲ့က သြဂုတ်လ ၂၆ ရက်က ထုတ်ပြန်ထားသည်။

• မြန်မာနိုင်ငံရှိ တီမောသံရုံးဝန်ထမ်းများ စက်တင်ဘာ ၁ ရက်နောက်ဆုံးထားထွက်ခွာရန် စစ်ကောင်စီ အမိန့်ပေးထားသည်ဟု NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက လူမှုကွန်ရက်တွင် ရေးသားထားသည်။

• အလယ်ပိုင်းတိုင်း တော်လှန်ရေး မဟာမိတ်များ တပ်ပေါင်းစု၏ စစ်သင်တန်းဆင်းပွဲကို သြဂုတ်လ ၂၇ ရက်နေ့တွင် တောတွင်း တစ်နေရာရှိ ဗဟိုဌာနချုပ်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
👍21❤5🔥1
မူဆယ်တွင် ငွေလဲလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီး သေနတ်ဖြင့်ပစ်ခံရကာ ငွေလုယက်ခံရ
🔥5👍1🤬1
မူဆယ်တွင် ငွေလဲလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီး သေနတ်ဖြင့်ပစ်ခံရကာ ငွေလုယက်ခံရ
========================

007
(မဇ္စျိမ) ။ ။ မူဆယ်မြို့တွင် ယနေ့ သြဂုတ်လ ၂၇ ရက် နံနက် ၈ နာရီခန့်က ငွေလဲလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ငွေလုယက်ခံရကြောင်း သိရသည်။

မူဆယ်မြို့လယ်ခေါင် စျေးလမ်းကြားတွင် ငွေလဲလုပ်ငန်းလုပ်ကိုင်သူ ထိုအမျိုးသမီးထံ ဆိုင်ကယ်တစီးဖြင့် ရောက်လာသူ သုံးဦးက ငွေလဲချင်ယောင်ဆောင်ကာ သေနတ်ဖြင့် ပစ်ခတ်၍ ငွေလုယူထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

“ဖြစ်တာက စျေးလမ်းကြားမှာဖြစ်တာ။ သူက ငွေလဲလုပ်တယ်။ မြန်မာပိုက်ဆံနဲ့ယွမ် လဲပေးတယ်။ မနက်က ၈ နာရီ လောက်ပဲရှိသေးတယ်။ ဆိုင်ကယ်နဲ့လူတွေရောက်လာပြီး ငွေလဲမယ်ဆိုပြီး သေနတ်နဲ့ပစ်သွားတာ” ဟု မူဆယ်မြို့ခံတဦးက ပြောသည်။
ထိုအမျိုးသမီးမှာ ရင်ဘတ်ကျည်ဆန်ဖောက်ဝင်ဒဏ်ရာ ရှိခဲ့ပြီး ဒဏ်ရာပြင်းထန်သဖြင့် မူဆယ်မြို့နယ်ဆေးရုံမှတဆင့် တရုတ်နိုင်ငံ ရွှေလီဆေးရုံသို့ လွှဲပြောင်းပေးထားကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုက်အဝန်းထံက သိရသည်။

“အသက် ၄၅ ၀န်းကျင်လောက်ဆိုတာပဲ သိရသေးတယ်။ နာမည်လည်း မသိရသေးဘူး။ ဟိုဘက်ကမ်း(တရုတ်)ကနေ ဒီဘက်မှာ အလုပ်လာလုပ်တာလို့ လတ်တလောသိရတယ်။ ငွေဘယ်လောက်ပါသွားလဲဆိုတာလည်း သူ သတိရလာမှသိရမှာ။ အခုထိ(နေ့လယ် ၃ နာရီ)တော့ သတိမရသေးဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့်နီးစပ်သူတစ်ဦးကပြောသည်။

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီနှင့် TNLA တို့ တိုက်ပွဲပြင်းထန်ရာမှ စစ်ကောင်စီဘက်က အင်အား ထပ်ဖြည့်လာပြီးနောက် ခိုးဆိုးနှိုက်လုယက်မှုများ နေ့စဉ်ဖြစ်ပေါ်နေပြီး ယနေ့ဖြစ်စဉ်တွင် လူ့အသက်ကိုပါ အန္တရာယ်ပြု၍ ဒေသခံများက စိုးရိမ်ထိတ်လန့်နေကြကြောင်း သိရသည်။

မူဆယ်မြို့တွင် ယမန်နှစ် မတ်လ ၁၂ ရက်က ကားအရောင်းအ၀ယ်လုပ်သည့် အသက် ၂၁ နှစ်အရွယ် မူဆယ်မြို့ခံ ခိုလုံလီရှော လူမျိုးအမျိုးသမီးတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရသေးသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#မူဆယ်မြို့
#ငွေလဲလုပ်ငန်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥2❤1🤬1😢1
လိင်စိတ်ခံယူမှုကွဲပြားသူများအပေါ် အသိအမှတ်ပြုမှု | Common Ground- Episode (4)
===================

ဖက်ဒရယ် ဒီမိုကရေစီအရေးအတွက် လုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းအချင်းချင်းကြား ဘေးတိုက်ပဋိပက္ခတွေကိုကျော်လွန်ပြီး သင့်မြတ်မှုပိုကောင်းလာရေး အထောက်အကူပြနိုင်ဖို့ Common Ground အစီအစဥ်ကို Mizzima က အပတ်စဥ်တင် ဆက်ပေးနေပါတယ်။

https://youtu.be/tMhlauKvGzk?si=Vytw3PqL7rGa9I-Q

#commonground
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🖕3
​​အုတ်ဖိုမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူး ပစ်ခတ်ခံရ၍ သေဆုံး
====================

ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်းအနောက်ခြမ်း ၊ အုတ်ဖိုမြို့နယ် ၊ ကွေ့ချောင်းကျေးရွာရှိ ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူး ဦးမျိုးဇော်အောင်သည် ယမန်နေ့ ဩဂုတ်လ ၂၆ ရက်နံနက် ၉ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ပစ်ခတ်ခံရ၍ နေရာတွင်ပင် သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ ပစ်ခတ်မှုအား အုတ်ဖိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Okpo PDF)က ပြုလုပ်ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က သတင်းထုတ်ပြန်သည်။

ဦးမျိုးဇော်အောင်သည် စစ်ကောင်စီက သင်တန်းပေးသည့် တိုက်ခိုက်ရေးသင်တန်း(ပျူစောထီးသင်တန်း) တက်ရောက်ထားပြီးသူဖြစ်ခြင်း၊ တော်လှန်ရေးလုပ်ဆောင်နေသူများ၏ သတင်းအချက်အလက်များအား ထောက်လှမ်းကာ ဖမ်းဆီးရန်သတင်းပေးခြင်း၊ CDM ဝန်ထမ်းများအား ဖမ်းဆီးစေ၍ Non-CDM ပြန်လည်လုပ်ဆောင်စေခြင်းနှင့် ဖမ်းဆီးရာတွင် ကိုယ်တိုင်ပါဝင်ခြင်း စသည့်လုပ်ရပ်များကို လုပ်ဆောင်နေသည့် စစ်ကောင်စီထောက်တိုင်ဖြစ်သောကြောင့် ပစ်ခတ်ရှင်းလင်းခြင်းဖြစ်သည်ဟု အုတ်ဖိုပကဖက ဆိုသည်။

ဦးမျိုးဇော်အောင်အား ၎င်းဖွင့်လှစ်ရောင်းချနေသော အရက်ဆိုင်ဘေးရှိ ကွမ်းယာဆိုင်အတွင်း၌ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်မှုဖြစ်စဉ်ဖြစ်ပွားပြီးနောက် အဆိုပါ ဖြစ်စဉ်နှင့်စပ်လျဉ်း၍ တရားမဝင်အဖွဲ့အစည်းများနှင့် ပတ်သတ်နေသည်ဟုဆိုကာ အုတ်ဖိုမြို့ ချင်းစုကျေးရွာတွင် နေထိုင်သူ ကိုကျော်မင်းလွင်အား စစ်ကောင်စီတပ်ဖွဲ့နှင့်ရဲများက ယမန်နေ့ ညပိုင်းတွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အုတ်ဖို့မြို့ဒေသခံများထံက သိရသည်။

ထို့အပြင် ကွေ့ချောင်းကြီးကျေးရွာတွင်နေထိုင်သူ ကိုအေးဆွေ၏ နေအိမ်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့နှင့်ရဲများက ယနေ့ ဩဂုတ်လ ၂၇ ရက်တွင် လာရောက်ချိပ်ပိတ်သွားကြောင်း သိရသည်။
"သူတို့မှာလုပ်ခွင့်ရှိနေတော့ လုပ်ချင်တိုင်းလုပ်နေတာပါ။ ကိုအေးဆွေက နေအိမ်ကိုချိပ်လာပိတ်ချိန်မှာ လူကရှောင်နေတော့ အဖမ်းမခံလိုက်ရတာလို့ ကြားတယ်။ သူတို့နှစ်ဦးစလုံးက ကျွန်တော်တို့နဲ့လုံးဝကိုအဆက်အသွယ်မရှိဘူး။သိလည်းမသိဘူး” ဟု အုတ်ဖိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူ ကိုဇာမဏီက မဇ္ဈိမကိုပြောသည်။

ပဲခူးတိုင်းအတွင်း ထိုကဲ့သို့ စစ်ကောင်စီ၏ ထောက်တိုင်များ၊ စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်သူများပစ်ခတ်ခံရခြင်း၊ ပေါက်ကွဲမှုဖြစ်ပွားခြင်း စသည့်ဖြစ်စဉ်များ ဖြစ်ပွားပြီးသည့်အချိန်တိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲများက အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်ဆက်နွယ်ခြင်းမရှိသော အရပ်သားပြည်သူများကို ဖမ်းဆီးလေ့ရှိကြောင်းလည်း ပဲခူးတိုင်းတော်လှန်ရေးတပ်ဖွဲ့များနှင့် ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၁ ရက်ကလည်း PDF များမြို့ပေါ်တွင်ရောက်ရှိနေကြောင်း သတင်းရရှိသည်ဟုဆိုကာ မင်းလှမြို့နယ်မှ ဒေသခံအချို့ကို စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲများက ဖမ်းဆီးသွားခဲ့ပြီး ထိုသို့ ဖမ်းဆီးခံခဲ့ရသူများထဲမှ ကိုပတ်တီး ဆိုသူသည် ယနေ့ဩဂုတ်လ ၂၇ ရက်တွင် မင်းလှရဲစခန်းအတွင်း၌ သေဆုံးသွားပြီဖြစ်ကြောင်း ဒေသခံများထံကသိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#ပဲခူးတိုင်း
#အုတ်ဖိုမြို့နယ်
#ပစ်ခတ်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18👏4🔥1
​​ကျိုက်ထိုမြို့နယ်တွင် ကျေးရွာ ပ.က.ဖ ခေါင်းဆောင် နေအိမ် ချိပ်ပိတ်ခံရ
===================

YT
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာရှိ မုပ္ပလင်ကျေးရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မုပ္ပလင် ပ.က.ဖ) ခေါင်းဆောင် နေအိမ် ချိပ်ပိတ်ခံရကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်နေ့၊ နေ့လယ်ပိုင်းတွင် မုပ္ပလင် ပ.က.ဖ ခေါင်းဆောင် ဦးကိုကိုနိုင်၏ နေအိမ်သို့ စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများ စုစုပေါင်း အင်အား ၃၀ ဝန်းကျင် စစ်ကားသုံးစီးဖြင့် လာရောက်၍ နိုင်ငံပိုင်အဖြစ် ချိပ်ပိတ်သိမ်းဆည်းကြောင်း ဗီနိုင်းကပ်သွားခြင်းဖြစ်သည်။

" လာရောက်သိမ်းဆည်းတဲ့ နေ့က အဲ့ဒီနားမှာ သေနတ်သံတွေ ကြားရတယ်။ နေအိမ်ချိပ်ပိတ်ခံရတာက အရင်က အုပ်ကြီး ဦးကိုနိုင်အိမ်ပါ" ဟု မုပ္ပလင်ကျေးရွာ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။
ဦးကိုကိုနိုင်သည် ယခင် NLD အစိုးရလက်ထက်၌ မုပ္ပလင်ကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ NLD ပါတီဝင်တစ်ဦးလည်းဖြစ်ကာ စစ်ကောင်စီအာဏာသိမ်းပြီးနောက်တွင် အာဏာသိမ်းမှုအား ဆန့်ကျင်၍ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ကာ စစ်အာဏာရှင်ကို တိုက်ထုတ်နေသူဖြစ်ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်ထံက သိရသည်။

ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း NLD ပါတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ နေအိမ်၊ တော်လှန်ရေးအတွင်း တက်ကြွလှုပ်ရှားသည့် ဒေသခံများ၏ နေအိမ် စုစုပေါင်း အလုံး ၂၀ ကျော် စစ်ကောင်စီတပ်၏ ချိပ်ပိတ်ခြင်း ခံခဲ့ရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၇ ရက်နေ့၊ နေ့လယ်ပိုင်းကလည်း ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်၊ မင်္ဂလာလမ်းရှိ ကျိုက်ထိုမြို့နယ် တော်လှန်ရေးအင်အားစု( KRF ) ဒု- တာဝန်ခံ ကိုရဲသွေးညီ၏ ယောက္ခမနေအိမ်အား ရဲ၊ စစ်တပ်၊ ကျိုက်ထိုမြို့နယ်အုပ်ချုပ်ရေးမှ ဝန်ထမ်းများက လာရောက်၍ ချိပ်ပိတ်သိမ်းဆည်းသွားသေးသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#နေအိမ်ချိပ်ပိတ်ခံရ
#မုပ္ပလင် ပကဖ

ပုံအညွှန်း- ချိတ်ပိတိခံရသည့် မုပ္ပလင် ပ.က.ဖ ခေါင်းဆောင် ဦးကိုကိုနိုင်​၏ နေအိမ် (ဓါတ်ပုံ- ပေးပို့)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬7👍4🔥2❤1👏1
​​မင်းလှတွင် စစ်ကောင်စီတပ် ၇ ရက်ကြာ ဖမ်းဆီးထားသူ သေဆုံး
===================

ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်း အနောက်ခြမ်း၊ မင်းလှမြို့တွင် စစ်ကောင်စီတပ်က ကိုပတ်တီးဆိုသူကို သြဂုတ်လ ၂၁ ရက် ညပိုင်းက ဖမ်းဆီးသွားရာ ၇ ရက်အကြာ ယနေ့ သြဂုတ်လ ၂၇ ရက်တွင် သေဆုံးသွားပြီ ဖြစ်ကြောင်း မင်းလှဒေသခံထံက သိရသည်။

ကြို့ပင်ကောက်စစ်ကြောရေးသို့ ခေါ်ဆောင်ခံရသည့် ကိုပတ်တီးသည် ရိုက်နှက်နှိပ်စက်ခံခဲ့ရကြောင်း၊ မင်းလှမြို့နယ်ရဲစခန်းသို့ ပြန်လည်ရောက်ရှိလာစဥ် ခန္ဓာကိုယ်၌ ဒဏ်ရာများရှိကြောင်း နှင့် ၎င်းအား ရဲလိုင်းခန်းတခုတွင် သီးသန့်ထားကြောင်း ရဲအသိုင်းအဝိုင်းထံက သိရသည်ဟု အဆိုပါ ဒေသခံကပြောသည်။

ကိုပတ်တီးသည် ၎င်းအား သီးသန့်ထားစဥ် လျှပ်စစ်ဝါယာကြိုးအသုံးပြု၍ မိမိကိုယ်ကို အဆုံးစီရင်သွားသည်ဟု ရဲအချို့က ပြောဆိုသော်လည်း ဒေသခံများက မယုံကြည်ကြကြောင်း သိရသည်။
"ကိုပတ်တီးက စိတ်ဓာတ်ပြင်းတယ်ဗျ။ အာဏာသိမ်းစကဆို တကိုယ်တော်ဆန္ဒပြတာတွေဘာတွေတောင်လုပ်တယ်။ ကိုယ့်ဘာသာအဆုံးစီရင်တာရောဟုတ်မလား သူတို့ပဲသတ်ပြီး ဒီလိုသတင်းဖြန့်သလားမသိနိုင်ဘူးလေ” ဟု မင်းလှဒေသခံက ပြောသည်။

ယနေ့ မွန်းလွဲ ၂ နာရီခန့်က သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မင်းလှဆေးရုံ ရင်ခွဲရုံသို့ အလောင်းကို ပို့ဆောင်ထားသော်လည်း တာဝန်ရှိ ဆရာဝန်က ပြန်လည်သယ်ဆောင်ခွင့် မပေးသေးကြောင်း သိရသည်။

ကိုပတ်တီးကို ကြို့ပင်ကောက်စစ်ကြောရေးမှတဆင့် မင်းလှရဲစခန်းသို့ ပြန်လည်ခေါ်ဆောင်လာသည့် နေ့ရက်ကိုမူ မဇ္ဈိမအနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။

၎င်းသည် မင်းလှမြို့ စျေးအနီးတွင် ကွမ်းယာရောင်းဆိုင်ဖွင့်လှစ်ထားသူဖြစ်ပြီး ဩဂုတ်လ ၂၁ ရက်နေ့က PDF များမြို့ပေါ်သို့ရောက်ရှိနေပြီဟု သတင်းရရှိသည့်အတွက် စစ်ကောင်စီတပ်နှင့် ရဲများက မြို့အတွင်း ၎င်းတို့ မသင်္ကာသူများအား လိုက်လံဖမ်းဆီးရာ မင်းလှမြို့စျေးအနီး ကွမ်းယာအရောင်းဆိုင်ဖွင့်ထားသူ ကိုပတ်တီး အဖမ်းခံလိုက်ရခြင်းဖြစ်သည်။

၎င်းနှင့်အတူ မင်းလှမြို့နယ်စျေးအနီးတွင် ဖမ်းဆီးခံခဲ့ရသည့် မဇာနည်မှာ ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#မင်းလှမြို့
#သေဆုံး

ပုံအညွှန်း-မင်းလှမြို့ရဲစခန်းပုံ(ဓာတ်ပုံ-ပေးပို့)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬12👍6❤3
​​ကျိုက်ထိုတွင် တိုက်ခိုက်ခံရသည့်စစ်ကောင်စီယာဉ်တန်းက ပြန်လည်ပစ်ခတ်၍ အရပ်သား ၂ ဦး ဒဏ်ရာရ
==================

YT
(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဒေါင်းတောင်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်လမ်းတွင် ကာကွယ်ရေးတပ်ဖွဲ့များ၏တိုက်ခိုက်ခံခြင်းရသော စစ်ကောင်စီယာဉ်တန်းက ပြန်လည်ပစ်ခတ်သဖြင့် အရပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဩဂုတ်လ ၂၇ ရက် မွန်းလွဲ ၁၂ နာရီ ၂၃ မိနစ်တွင် မွန်ပြည်နယ်မှ ပဲခူးတိုင်း၊ ဝေါမြို့နယ်ဘက်သို့ မောင်း နှင်လာသည့် စစ်ကောင်စီတပ်မှဖောကားခြောက်စီးအား ရန်ကုန်-မော်လမြိုင်လမ်း၊ ကျိုက်ထိုမြို့နယ်၊ ဒေါင်းတောင်ကျေးရွာအနီးတွင် တပ်မဟာ(၁) KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့များက မိုင်းနှစ်လုံးဆွဲတိုက် ခိုက်ပြီးနောက် RPG ၊ အီနာဂါ လက်နက်ကြီးများ၊ သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်ခြင်းခံရပြီးနောက် စစ်ကောင်စီယာဉ်တန်း၌ပါလာသည့် တပ် သားများက ရန်ကုန်-မော်လမြိုင်လမ်းဘေးတလျှောက်အား လက်နက်ကြီးနှင့် သေနတ်များဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေးရဲဘော်က ဆိုသည်။

စစ်ကောင်စီတပ်၏ပစ်ခတ်မှုကြောင့် လမ်းတွင်သွားလာနေသည့် အင်္ဂဘိုကျေးရွာမှ အမျိုးသားနှစ်ဦး ဦးခေါင်းနှင့် လက်မောင်းတွင် ထိခိုက်ဒဏ်ရာရခဲ့ပြီး ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

“ဒဏ်ရာရတဲ့ နှစ်ယောက်လုံးကတော့ကျိုက်ထိုဆေးရုံမှာပဲ၊ တယောက်က နှဖူးမှာထိတယ်၊ တစ်ယောက် ကလက်မောင်းမှာ၊ အရမ်းတော့မစိုးရိမ်ရပါဘူး” ဟု အင်္ဂဘိုကျေးရွာမှ ဒေသခံတဦးကမဇ္ဈိမကို ပြောသည်။

“ရန်သူဘက်က ကားတစီးက တော်တော်လေး ထိခိုက်သွားတယ်။ အထိနာသွားပုံရတယ်။ မုပ္ပလင်လမ်း ဆုံဂိတ်မှာ ကားထားခဲ့ပြီးတော့ ကျန်တဲ့သူတွေ ဒဏ်ရာတော်ရုံရတဲ့သူတွေကို မှန်လုံနဲ့တင်သွားတယ်။ သေသွားတဲ့ကောင်တွေကို အဲဒီမှာမြှုပ်ပေါ့၊ ဒဏ်ရာအပြင်းအထန်ရတဲ့ကောင်တွေကတော့ ကျိုက်ထိုဆေးရုံကို ပို့တယ်ပြောတယ်။ ဘယ်လောက်ကျတယ်၊ ဘယ်လောက်ထိတယ်ဆိုတာတော့ အတိအကျမသိရဘူး ဖြစ် နေတယ်။ သူတို့ရဲ့ဂိတ်ထဲမှာဆိုတော့ သတင်းယူဖို့ ခက်ခဲသွားတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ် တဦးကမဇ္ဈိမကိုပြောသည်။

စစ်ယာဉ်တန်းသည် ပဲခူးတိုင်းဘက်သို့ ဆက်လက်ထွက်ခွာသွားသော်လည်း မုပ္ပလင်လမ်းဆုံစစ်ဆေးရေး ဂိတ်တွင် ကားတစီးထားခဲ့ရပြီး ကားငါးစီးဖြင့်သာ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီအထိုင်ချတပ်စခန်း၊ တပ်ရင်းများ၊ စစ်ဆေးရေးဂိတ်စခန်းများ၊ ကင်းပုန်း များ၊ စစ်ယာဉ်တန်းများအား တပ်မဟာ(၁) KNLA ပါဝင်သော တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ များက ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မကြာခဏ သွားရောက် တိုက်ခိုက်လေ့ရှိကြောင်း၊ တိုက်ခိုက်ခံရတိုင်းလည်း စစ်ကောင်စီဘက်မှ အထိအခိုက်များရှိကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#မွန်ပြည်နယ်
#ကျိုက်ထိုမြို့နယ်
#စစ်ကောင်စီယာဉ်တန်း

ပုံအညွှန်း- KNLA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ် ( ဓါတ်ပုံ- KNU)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17🤬6👏3🔥1😁1
တနင်္ဂနွေနေ့ ပရီးမီယားလိဂ် ပွဲစဉ်(၃) ရလဒ်များ

Burnley 1 - 3 Aston Villa
===============
Foster 47' Cash 8',20' Diaby 61

Sheffield 1 - 2 Manchester City
===============
Bogle 85' Haaland 63' Rodri 88'

Newcastle 1 - 2 Liverpool
==============
Gordon 25' Nunez 81' 90+3
👍19❤1🔥1
နှစ်သောင်းတန်ငွေစက္ကူကိုသုံးစွဲရင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူသွားမယ်လို့ NUG ပြော
=====================

မိုးသောက်
(မဇ္ဈိမ)။ ။ စစ်ကောင်စီထုတ် နှစ်သောင်းတန်ငွေစက္ကူတွေကို အမျိုးသားညီညွတ်ရေးအစိုးရက မသုံးစွဲဖို့တားမြစ်ကြောင်းထုတ်ပြန်လာပါတယ်။

ငွေကြေးကဏ္ဍမှာ အဓိကကျတဲ့ ပုဂ္ဂလိက ဘဏ်တွေနဲ့ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေ အနေနဲ့ လက်ဝယ်ထားရှိတာ အရောင်းအဝယ်ပြုလုပ်တာနဲ့ တနည်းနည်းနဲ့ လွှဲပြောင်းတာမျိုး ပြုလုပ်မယ်ဆိုရင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့အရေးယူသွားမယ်လို့ NUGရဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ဩဂုတ်လ ၂၄ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။

တရားမဝင်တဲ့ စစ်ကောင်စီက ငွေတွေထုတ်လာတာဖြစ်တဲ့အတွက် NUGအနေနဲ့ ယခုလိုထုတ်ပြန်တာဖြစ်တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက မဇ္ဈိမကိုပြောပါတယ်။

တင်ဆက်/တည်းဖြတ်- မိုးသောက်

https://youtu.be/A6EzEc7R1uQ?si=eG1sz-es6AEBqPql

#ငွေကြေးစျေးကွက်
#စစ်ကောင်စီ
#ဗဟိုဘဏ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍25🤣6