Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​မင်းလှတွင် စစ်ကောင်စီတပ် ၇ ရက်ကြာ ဖမ်းဆီးထားသူ သေဆုံး
===================

ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်း အနောက်ခြမ်း၊ မင်းလှမြို့တွင် စစ်ကောင်စီတပ်က ကိုပတ်တီးဆိုသူကို သြဂုတ်လ ၂၁ ရက် ညပိုင်းက ဖမ်းဆီးသွားရာ ၇ ရက်အကြာ ယနေ့ သြဂုတ်လ ၂၇ ရက်တွင် သေဆုံးသွားပြီ ဖြစ်ကြောင်း မင်းလှဒေသခံထံက သိရသည်။

ကြို့ပင်ကောက်စစ်ကြောရေးသို့ ခေါ်ဆောင်ခံရသည့် ကိုပတ်တီးသည် ရိုက်နှက်နှိပ်စက်ခံခဲ့ရကြောင်း၊ မင်းလှမြို့နယ်ရဲစခန်းသို့ ပြန်လည်ရောက်ရှိလာစဥ် ခန္ဓာကိုယ်၌ ဒဏ်ရာများရှိကြောင်း နှင့် ၎င်းအား ရဲလိုင်းခန်းတခုတွင် သီးသန့်ထားကြောင်း ရဲအသိုင်းအဝိုင်းထံက သိရသည်ဟု အဆိုပါ ဒေသခံကပြောသည်။

ကိုပတ်တီးသည် ၎င်းအား သီးသန့်ထားစဥ် လျှပ်စစ်ဝါယာကြိုးအသုံးပြု၍ မိမိကိုယ်ကို အဆုံးစီရင်သွားသည်ဟု ရဲအချို့က ပြောဆိုသော်လည်း ဒေသခံများက မယုံကြည်ကြကြောင်း သိရသည်။
"ကိုပတ်တီးက စိတ်ဓာတ်ပြင်းတယ်ဗျ။ အာဏာသိမ်းစကဆို တကိုယ်တော်ဆန္ဒပြတာတွေဘာတွေတောင်လုပ်တယ်။ ကိုယ့်ဘာသာအဆုံးစီရင်တာရောဟုတ်မလား သူတို့ပဲသတ်ပြီး ဒီလိုသတင်းဖြန့်သလားမသိနိုင်ဘူးလေ” ဟု မင်းလှဒေသခံက ပြောသည်။

ယနေ့ မွန်းလွဲ ၂ နာရီခန့်က သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မင်းလှဆေးရုံ ရင်ခွဲရုံသို့ အလောင်းကို ပို့ဆောင်ထားသော်လည်း တာဝန်ရှိ ဆရာဝန်က ပြန်လည်သယ်ဆောင်ခွင့် မပေးသေးကြောင်း သိရသည်။

ကိုပတ်တီးကို ကြို့ပင်ကောက်စစ်ကြောရေးမှတဆင့် မင်းလှရဲစခန်းသို့ ပြန်လည်ခေါ်ဆောင်လာသည့် နေ့ရက်ကိုမူ မဇ္ဈိမအနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။

၎င်းသည် မင်းလှမြို့ စျေးအနီးတွင် ကွမ်းယာရောင်းဆိုင်ဖွင့်လှစ်ထားသူဖြစ်ပြီး ဩဂုတ်လ ၂၁ ရက်နေ့က PDF များမြို့ပေါ်သို့ရောက်ရှိနေပြီဟု သတင်းရရှိသည့်အတွက် စစ်ကောင်စီတပ်နှင့် ရဲများက မြို့အတွင်း ၎င်းတို့ မသင်္ကာသူများအား လိုက်လံဖမ်းဆီးရာ မင်းလှမြို့စျေးအနီး ကွမ်းယာအရောင်းဆိုင်ဖွင့်ထားသူ ကိုပတ်တီး အဖမ်းခံလိုက်ရခြင်းဖြစ်သည်။

၎င်းနှင့်အတူ မင်းလှမြို့နယ်စျေးအနီးတွင် ဖမ်းဆီးခံခဲ့ရသည့် မဇာနည်မှာ ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#မင်းလှမြို့
#သေဆုံး

ပုံအညွှန်း-မင်းလှမြို့ရဲစခန်းပုံ(ဓာတ်ပုံ-ပေးပို့)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬12👍6❤3
​​ကျိုက်ထိုတွင် တိုက်ခိုက်ခံရသည့်စစ်ကောင်စီယာဉ်တန်းက ပြန်လည်ပစ်ခတ်၍ အရပ်သား ၂ ဦး ဒဏ်ရာရ
==================

YT
(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဒေါင်းတောင်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်လမ်းတွင် ကာကွယ်ရေးတပ်ဖွဲ့များ၏တိုက်ခိုက်ခံခြင်းရသော စစ်ကောင်စီယာဉ်တန်းက ပြန်လည်ပစ်ခတ်သဖြင့် အရပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဩဂုတ်လ ၂၇ ရက် မွန်းလွဲ ၁၂ နာရီ ၂၃ မိနစ်တွင် မွန်ပြည်နယ်မှ ပဲခူးတိုင်း၊ ဝေါမြို့နယ်ဘက်သို့ မောင်း နှင်လာသည့် စစ်ကောင်စီတပ်မှဖောကားခြောက်စီးအား ရန်ကုန်-မော်လမြိုင်လမ်း၊ ကျိုက်ထိုမြို့နယ်၊ ဒေါင်းတောင်ကျေးရွာအနီးတွင် တပ်မဟာ(၁) KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့များက မိုင်းနှစ်လုံးဆွဲတိုက် ခိုက်ပြီးနောက် RPG ၊ အီနာဂါ လက်နက်ကြီးများ၊ သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်ခြင်းခံရပြီးနောက် စစ်ကောင်စီယာဉ်တန်း၌ပါလာသည့် တပ် သားများက ရန်ကုန်-မော်လမြိုင်လမ်းဘေးတလျှောက်အား လက်နက်ကြီးနှင့် သေနတ်များဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေးရဲဘော်က ဆိုသည်။

စစ်ကောင်စီတပ်၏ပစ်ခတ်မှုကြောင့် လမ်းတွင်သွားလာနေသည့် အင်္ဂဘိုကျေးရွာမှ အမျိုးသားနှစ်ဦး ဦးခေါင်းနှင့် လက်မောင်းတွင် ထိခိုက်ဒဏ်ရာရခဲ့ပြီး ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

“ဒဏ်ရာရတဲ့ နှစ်ယောက်လုံးကတော့ကျိုက်ထိုဆေးရုံမှာပဲ၊ တယောက်က နှဖူးမှာထိတယ်၊ တစ်ယောက် ကလက်မောင်းမှာ၊ အရမ်းတော့မစိုးရိမ်ရပါဘူး” ဟု အင်္ဂဘိုကျေးရွာမှ ဒေသခံတဦးကမဇ္ဈိမကို ပြောသည်။

“ရန်သူဘက်က ကားတစီးက တော်တော်လေး ထိခိုက်သွားတယ်။ အထိနာသွားပုံရတယ်။ မုပ္ပလင်လမ်း ဆုံဂိတ်မှာ ကားထားခဲ့ပြီးတော့ ကျန်တဲ့သူတွေ ဒဏ်ရာတော်ရုံရတဲ့သူတွေကို မှန်လုံနဲ့တင်သွားတယ်။ သေသွားတဲ့ကောင်တွေကို အဲဒီမှာမြှုပ်ပေါ့၊ ဒဏ်ရာအပြင်းအထန်ရတဲ့ကောင်တွေကတော့ ကျိုက်ထိုဆေးရုံကို ပို့တယ်ပြောတယ်။ ဘယ်လောက်ကျတယ်၊ ဘယ်လောက်ထိတယ်ဆိုတာတော့ အတိအကျမသိရဘူး ဖြစ် နေတယ်။ သူတို့ရဲ့ဂိတ်ထဲမှာဆိုတော့ သတင်းယူဖို့ ခက်ခဲသွားတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ် တဦးကမဇ္ဈိမကိုပြောသည်။

စစ်ယာဉ်တန်းသည် ပဲခူးတိုင်းဘက်သို့ ဆက်လက်ထွက်ခွာသွားသော်လည်း မုပ္ပလင်လမ်းဆုံစစ်ဆေးရေး ဂိတ်တွင် ကားတစီးထားခဲ့ရပြီး ကားငါးစီးဖြင့်သာ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီအထိုင်ချတပ်စခန်း၊ တပ်ရင်းများ၊ စစ်ဆေးရေးဂိတ်စခန်းများ၊ ကင်းပုန်း များ၊ စစ်ယာဉ်တန်းများအား တပ်မဟာ(၁) KNLA ပါဝင်သော တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ များက ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မကြာခဏ သွားရောက် တိုက်ခိုက်လေ့ရှိကြောင်း၊ တိုက်ခိုက်ခံရတိုင်းလည်း စစ်ကောင်စီဘက်မှ အထိအခိုက်များရှိကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#မွန်ပြည်နယ်
#ကျိုက်ထိုမြို့နယ်
#စစ်ကောင်စီယာဉ်တန်း

ပုံအညွှန်း- KNLA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ် ( ဓါတ်ပုံ- KNU)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17🤬6👏3🔥1😁1
တနင်္ဂနွေနေ့ ပရီးမီယားလိဂ် ပွဲစဉ်(၃) ရလဒ်များ

Burnley 1 - 3 Aston Villa
===============
Foster 47' Cash 8',20' Diaby 61

Sheffield 1 - 2 Manchester City
===============
Bogle 85' Haaland 63' Rodri 88'

Newcastle 1 - 2 Liverpool
==============
Gordon 25' Nunez 81' 90+3
👍19❤1🔥1
နှစ်သောင်းတန်ငွေစက္ကူကိုသုံးစွဲရင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူသွားမယ်လို့ NUG ပြော
=====================

မိုးသောက်
(မဇ္ဈိမ)။ ။ စစ်ကောင်စီထုတ် နှစ်သောင်းတန်ငွေစက္ကူတွေကို အမျိုးသားညီညွတ်ရေးအစိုးရက မသုံးစွဲဖို့တားမြစ်ကြောင်းထုတ်ပြန်လာပါတယ်။

ငွေကြေးကဏ္ဍမှာ အဓိကကျတဲ့ ပုဂ္ဂလိက ဘဏ်တွေနဲ့ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေ အနေနဲ့ လက်ဝယ်ထားရှိတာ အရောင်းအဝယ်ပြုလုပ်တာနဲ့ တနည်းနည်းနဲ့ လွှဲပြောင်းတာမျိုး ပြုလုပ်မယ်ဆိုရင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့အရေးယူသွားမယ်လို့ NUGရဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ဩဂုတ်လ ၂၄ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။

တရားမဝင်တဲ့ စစ်ကောင်စီက ငွေတွေထုတ်လာတာဖြစ်တဲ့အတွက် NUGအနေနဲ့ ယခုလိုထုတ်ပြန်တာဖြစ်တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက မဇ္ဈိမကိုပြောပါတယ်။

တင်ဆက်/တည်းဖြတ်- မိုးသောက်

https://youtu.be/A6EzEc7R1uQ?si=eG1sz-es6AEBqPql

#ငွေကြေးစျေးကွက်
#စစ်ကောင်စီ
#ဗဟိုဘဏ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍25🤣6
တနင်္ဂနွေနေ့ ဘွန်ဒက်စ်လီဂါပွဲစဉ် (၂) ရလဒ်များ
=============

Mainz 1 - 1 Frankfurt
Lee 25' Marmoush 90+1'

Bayern Munchen 3 - 1 Augsburg
Uduokhai 32'(OG) Beljo 86
Kane 40' (pen). 69'

#Bundesliga
#Footballnews
Photo - Twitter
👍18❤2🔥1
တနင်္ဂနွေနေ့ည အီတလီစီးရီးအေ ပွဲစဉ် (၂) ရလဒ်များ
===================

Juventus 1 - 1 Bologna
Vlahovic 81' Ferguson 24'

Fiorentina 2 - 2 Lecce
Gonzalez 3' Rafia 49'
Duncan 25' Krstovic 75'

Lazio 0 -  1 Genoa
Retegui 16'

Napoli  2 - 0 Sassuolo
Osimhem 16' (Pen)
Di Lorenzo 64'

#SerieA
#Football
Photo - Twitter
👍10❤1🔥1