Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
မြန်မာ့နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံက ထွက်ပေါ်လာတဲ့ အကြံပြုချက်များကို အလေးထားဆောင်ရွက်သွားမယ်လို့ NUG ပြော

Watch more detail - https://youtu.be/xyS6QnC97mI

#PoliticalNews #reels #shorts #MizzimaTV
👍15🤮1
​​မူဆယ်တွင် စစ်ကောင်စီနှင့် TNLA တိုက်ပွဲဖြစ်ပွား
=================

ဂျူချန်း
(မဇ္ဈ်ိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၌ ယမန်နေ့ ဩဂုတ်လ ၂၇ ရက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၊ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် TNLA တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏တပ်မ(၉၉)၊ ခမရ (၄၂၀)နှင့် မြို့မပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့သည် မူဆယ်မြို့နယ်၊ နမ့်တောင်းနှင့် ပန်ကြုံကျေးရွာကြားရှိ လမ်းမကြီးကို မြေကော်စက်ဖြင့် ဖျက်ဆီးရန် လာရောက်စဉ် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မ တော်(TNLA) က တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

" ဒီလမ်းက TNLA က ခင်းထားတဲ့လမ်းပါ။ စစ်ကောင်စီက ပထမတခါ လာဖျက်ထားပါသေးတယ်။ အခုတခါ ထပ်လာတော့ တိုက်ပွဲဖြစ်တာပါ"ဟု TNLA နှင့် နီးစပ်သည့် သတင်းရင်းမြစ်ကပြောသည်။
တိုက်ပွဲတွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်ဘက်မှ တဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရသွားသည်ဟု TNLA ပြန်ကြားရေးအဖွဲ့ရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။

နမ့်တောင်းကျေးရွာနှင့် ပန်ကြုံကျေးရွာ လမ်းပိုင်းသည် တရုတ်-မြန်မာ နယ်စပ် ကျင်စန်းကျော့ဂိတ်အထိ လမ်းပေါက်သည်။ ဒေသတွင်းရှိ နမ့်တောင်း၊ ဟိုနား၊ ပန်ကြုံ၊ ဖာဖိန့် စသည့် ကျေးရွာများမှ ဒေသခံများအပြင် တော်လှန်ရေးအင်အားစုများလည်း အသုံးပြုကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်းကို ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က မြေကော်စက်များဖြင့် ဖျက်ဆီးခဲ့ရာ ဩဂုတ်လ ၂၃ ရက်နေ့တွင် TNLAက ပြန်လည်ပြုပြင်ပေးခဲ့သည်ဟု သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် TNLA တပ်တို့ကြား ဇူလိုင်လ ၂၃ ရက်မှ သြဂုတ်လ ၂၇ ရက်အထိ တိုက်ပွဲ ၁၉ ကြိမ် ဖြစ်ပွားခဲ့သည်။တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိထားကြောင်း TNLA က ထုတ်ပြန်ထားသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာတည်း ။ ။ အေးချမ်း

#မူဆယ်မြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ပွဲ
#TNLA

Photo -TNLA / တိုက်ပွဲအတွင်း ဒဏ်ရာရစစ်သားနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍23🔥2👏2❤1
မြန်မာ့နွေဦးတော်လှန်ရေးနိုင်ငံတကာညီလာခံကထွက်လာတဲ့အကြံပြုချက်များကိုအလေးထားဆောင်ရွက်မယ်လို့ NUG ပြော
====================

မြန်မာ့နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံက ထွက်ပေါ်လာတဲ့ မျိုးဆက်အသီးသီးရဲ့ ဆွေးနွေးအကြံပြုချက်တွေကို အလေးထား ဆောင်ရွက်သွားမယ်လို့ NUG သတင်းအချက်အလက် နည်းပညာဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ပေါ်ပေါက်ရေးတွေနဲ့ပတ်သက်ပြီး မြန်မာ့နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံကို အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် ဘတ်ဖလိုးမြို့မှာ သြဂုတ် ၂၆ ရက်က ကျင်းပခဲ့ကြတာဖြစ်ပါတယ်။

အာဏာသိမ်း နှစ်နှစ်ကျော်ကာလ နိုင်ငံတကာမှာရောက်နေတဲ့ ပြည်ပရောက်အင်အားစုတွေကို စုစည်းပြီး ပြည်တွင်းက တော်လှန်ရေးလှုပ်ရှားသူတွေနဲ့အတူ ပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးမှာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကွန်ရက်တစ်ခု ပေါ်ပေါက်လာဖို့ ရည်ရွယ်တယ်လို့ ညီလာခံကျင်းပရေးကော်မတီဝင်က ပြောပါတယ်။

ဒီညီလာခံကို နှစ်ရက်ကြာ ကျင်းပခဲ့ပြီး  မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ပြုတ်ကျရေး နဲ့ စစ်အာဏာရှင်စနစ်ပျက်သုဉ်းရေးအတွက် နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြတဲ့  ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့ ကြိုးပမ်းမှုတွေ၊ ရည်မှန်းချက်တွေနဲ့ ပူးပေါင်းပါဝင်မှုတွေကို ဒီညီလာခံမှာ အဓိကထားဆွေးနွေးခဲ့တာဖြစ်ပါတယ်။
၂ ရက်ကြာကျင်းပပြီးနောက် ညီလာခံကနေထွက်ပေါ်လာမယ့် တော်လှန်ရေးဦးဆောင် အဖွဲ့အစည်းတွေရဲ့ အားသာချက်အားနည်းချက်တွေကို သက်ဆိုင်ရာအစုအဖွဲ့တွေဆီ အိတ်ပိတ်စာ ပေးပို့ပြီး အပြုသဘောဝေဖန်သွားမယ်လို့ ပြောပါတယ်။

ညီလာခံမှာပါဝင်တဲ့ မျိုးဆက်အသီးသီးရဲ့ဆွေးနွေးအကြံပြုချက်တွေဟာ အလေးထားဆောင်ရွက်သွားရမယ့် အနေအထားဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က ပြောကြားထားပါတယ်။‌

မြန်မာ့နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံဟာ တတိယအင်အားစု တည်ဆောက်တာမျိုး မဟုတ်ဘဲ ပြည်သူ့အသံကို အနီးကပ်ဆုံး ချဉ်းကပ်နိုင်ဖို့ ရည်ရွယ်ချက်သာ ဖြစ်တယ်လို့ ညီလာခံ ကျင်းပရေးကော်မတီဝင်တွေက ပြောကြားထားပါတယ်။
ညီလာခံကို အမျိုးသားညီညွတ်ရေးအစိုးရခေါင်းဆောင်တွေ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ကိုယ်စားလှယ်တွေ၊ NLD ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားအစုအဖွဲ့တွေ၊ အရပ်ဖက်အဖွဲ့တွေ၊ ပညာရှင်တွေ၊ မြေပြင် PDF အဖွဲ့တွေ၊ ပြည်ပရောက်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ တက်ရောက်ခဲ့ကြပါတယ်။

https://youtu.be/xyS6QnC97mI?si=vK5KPmoPK2WkGVQK

#PoliticalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤9👍5🤮4
Media is too big
VIEW IN TELEGRAM
ရိုဟင်ဂျာဒုက္ခသည်တွေ ဘေးအန္တရာယ်ကင်းကင်း နေရပ်ပြန်နိုင်ရေး ဆက်လက်ပံ့ပိုးမယ်လို့ ကုလ ပြော

Watch more detail - https://youtu.be/LzsGhopzKkA

#PoliticalNews #reels #shorts #MizzimaTV
👍7🤮4
ဂန့်ဂေါခရိုင် အမှတ်(၁၃)တပ်ရင်း တွေ့ဆုံဆွေးနွေးပွဲပြုလုပ်
❤13🔥2
ဂန့်ဂေါခရိုင် အမှတ်(၁၃)တပ်ရင်း တွေ့ဆုံဆွေးနွေးပွဲပြုလုပ်
==================

ဂျူချန်း
(မဇ္ဈိမ)။ ။မကွေးတိုင်း၊ ဆောမြို့နယ်တွင် ဩဂုတ်လ ၂၇ ရက် နံနက်ပိုင်းက ဂန့်ဂေါခရိုင်၊ အမှတ် (၁၃)တပ်ရင်း၊ The Youth Force-Saw & Kyaukhtu မှ ရဲဘော်များနှင့် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း အမှတ်(၁၃) တာဝန်ရှိသူထံမှ သိရသည်။

“အဓိကကတော့ တပ်ရင်းက အခက်အခဲတွေကို လာရှင်းပေးတာပါသလို စည်းကမ်းပြည့်ဝတဲ့ ပြည်သူ့ တပ်မတော်သားတွေဖြစ်ဖို့ ရှေ့ဆက်ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို အဓိက သင်ကြားဆွေးနွေးခဲ့တာ ပါ။ ပွဲလာတက်တာတော့ ရာဂဏန်းလောက်ရှိပါမယ်။ ရဲဘော်တွေကတော့ အားလုံးတော့ မပါနိုင်ဘူးပေါ့ နော်။ ရှေ့တန်းတွေရောက်နေကြတော့ နောက်တန်းမှာကျန်နေတဲ့လူတွေပဲ လာတက်ရောက်ကြတာပါ” ဟု ဂန့်ဂေါခရိုင် အမှတ်(၁၃) တပ်ရင်းမှတာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ဂန့်ဂေါခရိုင် ၊အမှတ်(၁၃) တပ်ရင်းမှ ရဲဘော်များ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ပြည်သူအချို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင်တကြိမ်၊ ယခု ၂၀၂၃ ခုနှစ်အတွင်း သုံးကြိမ်ပြုလုပ်ခဲ့ ကြောင်း ဂန့်ဂေါခရိုင်၊ အမှတ်(၁၃) တပ်ရင်းမှ တာဝန်ရှိသူက ပြောသည်။

ဂန့်ဂေါခရိုင်၊ အမှတ်(၁၃) တပ်ရင်းကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် YDF (Saw & Kyaukhtu) အမည်ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် လက်ရှိ The Youth Force-Saw & Kyaukhtu အမည်ဖြင့်လှုပ်ရှားခဲ့ကာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန (NUG-MOD) မှ ဂန့်ဂေါခရိုင် အမှတ်(၁၃) တပ်ရင်းအဖြစ် တရားဝင် အသိအမှတ်ပြုခဲ့သည်။

The Youth Force-Saw & Kyaukhtu၊ ဂန့်ဂေါခရိုင်၊ အမှတ်(၁၃) တပ်ရင်း ဖွဲ့စည်းပြီးနောက်ပိုင်း တိုက်ပွဲ ပေါင်း ၅၀ ထက်မနည်း ဖော်ဆောင်ခဲ့ပြီး ယခုနှစ်ဇူလိုင်လအတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ခုနစ်ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဩဂုတ်လ ၅ ရက်နေ့က ထုတ်ပြန်ထားသည်။
ဂန့်ဂေါခရိုင် ၊ အမှတ်(၁၃) တပ်ရင်းသည် စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ရေးအပြင် ဒေသတွင်းရှိ ပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ပညာပေးခြင်း၊ စစ်ဘေးရှောင်များအား ကူညီစောင့်ရှောက် ခြင်း၊ ဒေသတွင်း ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း တွေ့ရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#မကွေးတိုင်း
#ဆောမြို့နယ်
#ဆွေးနွေးပွဲ

ပုံအညွှန်း-ဩဂုတ်လ ၂၇ ရက်နေ့ တွေ့ဆုံဆွေးနွေးပွဲ။(ဓါတ်ပုံ-The Youth Force-Saw & Kyaukhtu)

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤14🔥4👍2
သြဂုတ်လ (၂၈)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=====================

00:59 - NUG နဲ့ ဆက်ဆံတာကြောင့်ဆိုပြီး အရှေ့တီမော သံတမန်ကို စစ်ကောင်စီနှင်ထုတ်တဲ့သတင်း

04:12 - နှစ်သောင်းတန်ငွေစက္ကူကိုသုံးစွဲရင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူသွားမယ်လို့ NUG ပြောတဲ့သတင်း

08:44 - တရုတ်နဲ့ပတ်သက်လို့ လက်ရှိအနေအထားအတိုင်း ရပ်တည်သွားမယ့်အကြောင်း ထိုင်ဝမ်ဒုသမ္မတပြောကြား တဲ့သတင်း

13:21 - မြန်မာ့နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံက ထွက်ပေါ်လာတဲ့ အကြံပြုချက်များကို အလေးထားဆောင်ရွက်သွားမယ်လို့ NUG ပြော တဲ့သတင်းတွေ အပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေကိုလည်း တင်ဆက်ပေးသွားမှာပါ။

https://youtu.be/6VifwtN270A?si=2LAZfTtwtGXCupQN

#2pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍16❤1🍌1
ဝမ်ပေါင်နှင့် ယန်စီ ကုမ္ပဏီတို့ကို ဆန့်ကျင်ဆန္ဒပြကြသည့် ကျေးရွာပေါင်းစုံသပိတ်
==============

ပါခွီး

(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများစုပေါင်း၍ ဦးပိုင်ကုမ္ပဏီနှင့် ကြေးနီထုတ်လုပ်နေသော တရုတ်ကုမ္ပဏီများ အပါအဝင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ယနေ့ ဩဂုတ်လ ၂၈ ရက်တွင် ပြုလုပ်ကြသည်ဟု သိရသည်။

လူထုသပိတ်စစ်ကြောင်းသည် “ကြေးနီသတ္ထုတွင်းအကြောင်းပြု လူသတ်ပွဲလုပ်နေတာ ချက်ခြင်းရပ်” ၊ “မြန်မာ - ယန်စီ အလိုမရှိ” ၊ “မြန်မာ - ဝမ်ပေါင် အလိုမရှိ” စာတမ်းများကိုင်ဆောင်ကာ ချီတက်ဆန္ဒပြခဲ့ကြ ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်မှ စတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး ယနေ့သည် (၈၈၉) ရက်မြောက် ချီတက်ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။     ။ ဖူးသိမ်ကျ

#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#ဆားလင်းကြီးမြို့နယ်
#ချီတက်ဆန္ဒပြ

Website Link - http://www.mizzimaburmese.com/article/132667
❤10👍3😁1
​​အလုပ်သမားအခွင့်အရေး ကာကွယ်ရန်နှင့် ကုန်ဈေးနှုန်း ထိန်းချုပ်ရန် ထိုင်းအစိုးရသစ်ကို တိုက်တွန်း
==================

ထိုင်းနိုင်ငံတွင် အလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်ရေးအတွက် အာရုံစိုက်ရန်နှင့် အနိမ့်ဆုံးတရက်လုပ်ခကို ဘတ် ၆၀၀ သို့ တိုးမြှင့်မပေးမီ ကုန်ဈေးနှုန်းများ မြင့်တက်မှုကို ထိန်းချုပ်နိုင်ရေး ဖြေရှင်းနည်းလမ်းတစ်ခု ရှာဖွေရန် အလုပ်သမားအရေး ဆောင်ရွက်သူများက အစိုးရသစ်ကို တိုက်တွန်းလျက် ရှိသည်။

--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤10😁2
​​လောင်းလုံးတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးကာ လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်းကြောင့်ဒေသခံ များ ထွက်ပြေးနေရ
==================

ကိုရွှေမြိတ်

(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ဂေါ့အင်းကျေးရွာသို့ အင်အား ၁၀၀ နီးပါးရှိ စစ်ကောင်စီတပ် က စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးနေခြင်းကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဩဂုတ်လ ၂၇ ရက်နေ့ ညနေ ၆ နာရီ ကျော်ခန့်တွင် ဂေါ့အင်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာ သော စစ်ကောင်စီတပ်က အရပ်သား ၁၀ ဦးကျော်ကိုဖမ်းဆီးပြီးနောက် ဒေသခံများ စိုးရိမ်ထိတ်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာအချို့၌လှုပ်ရှားနေ၍ ဒေသခံများ စိုးရိမ်ထိတ် လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကဆိုသည်။

ထားဝယ်ခရိုင်သပိတ်ကော်မတီအဖွဲ့ဝင် ကိုမင်းလွင်ဦးက “မနေ့က တီဇစ်ရွာဖက်ကို စစ်ကြောင်းဝင်ချိန်မှာ ဒေသခံ ၁၀ ဦးကျော်ဖမ်းဆီးခံရတာ ရှိတယ်။ ဖမ်းထားတဲ့လူတွေကို ပြန်လွတ်ပေးလိုက်ပြီလို့ သိရသလို ထပ်ပြီးဖမ်းဆီးတာတွေ ရှိသေးတယ်။ ဘယ်နှစ်ဦး ထပ်ဖမ်းခံရတယ်ဆိုတာတော့ သေချာမသိရသေးဘူး” ဟု ပြောသည်။

ယနေ့ ဩဂုတ်လ ၂၈ ရက်နေ့အထိ လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ရှိနေဆဲဖြစ်ပြီး ထွက် ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်အရေအတွက် အတိအကျမသိရသေးကြောင်း မြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

“စစ်ရှောင်တွေကတော့ ထွက်ပြေးတိမ်းရှောင်လိုက်၊ ပြန်လာလိုက်နဲ့ဆိုတော့ လူဦးရေအတိအကျ ပြောဖို့ ခက်တယ်”ဟု မြို့နယ် ပ.က.ဖမှ တာဝန်ရှိသူတဦးကပြောသည်။

လက်ရှိတွင် လောင်းလုံးမြို့နယ်ထဲသို့ စစ်ကြောင်းထိုးဝင်ရောက်နေသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း။ ။စောဖေ

#တနင်္သာရီတိုင်း
#လောင်းလုံးမြို့နယ်
#စစ်ဘေးရှောင်
--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬12👍3❤1🔥1👏1