Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အစားအသောက်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေတဲ့ ကနီမြို့နယ်က စစ်ဘေးရှောင်များ
=======================

မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံတွေ စစ်ရှောင်နေကြရပြီး ရက်ကြာလာတဲ့အတွက် အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ စစ်ဘေးရှောင်တွေ က ပြောပါတယ်။

ကနီမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်အစပ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီး ကျောက်ကုန်းကျေးရွာမှာတပ်စွဲနေတဲ့အတွက် ဒေသခံ သောင်းနဲ့ချီ စစ်ရှောင်နေရတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ စစ်ရှောင်ရက်ရှည်လာချိန်မှာ နေရေးထိုင်ရေး၊ အစားအသောက်နဲ့ ကျန်းမာရေးစောင့် ရှောက်မှုအတွက် အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။

သတင်း-လွှမ်းမိုး
ရုပ်သံတည်းဖြတ်-ဂျူချန်း

https://youtu.be/NEI2rt3zC1c?si=7t7WD3WQ6_6sCv0p

#ကနီမြို့နယ်
#စစ်ဘေးရှောင်
#ကျန်းမာရေး
#ပညာရေး
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥7😢5👍4
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၈ ဩဂုတ် ၂၀၂၃) 
===========================

ရှမ်းမြောက် နှင့် ချင်းဒေသတို့တွင် စစ်ကောင်စီတပ် နှင့် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်နေသည့်အတွက် စစ်ကောင်စီတပ် အထိနာဖွယ် ရှိသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥6❤3👍1👏1
ဩဂုတ်လ (၂၈) ရက်၊ တနင်္လာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
===================

ဒီကနေ့ည နားဆင်ရမှာတွေကတော့ ...

ထိပ်တန်းသံတမန် နှင်ထုတ်တဲ့ မြန်မာစစ်ကောင်စီကို အရှေ့တီမောရှုတ်ချ လိုက်တဲ့ သတင်းနဲ့အတူ ဝက်လက်မြို့နယ်နဲ့ ဆားလင်းကြီးတို့ဘက်မှာ လေကြောင်းရန် ကာကွယ်ရေး လုပ်နေကြတဲ့အခြေအနေတွေ အပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊စီးပွားရေး၊ အားကစားနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဏအနေနဲ့ Mizzima Editorial Talk အစီအစဉ်ကို ထုတ်လွှင့်ပေးသွားဖို့ရှီပါတယ်။

နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

https://youtu.be/qTm9kcst8Uc?si=4qFZVV0MCgurenLp

#Mizzimaradio
#Eveningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.https://bit.ly/2VhJ12U
👍13🤮1
စစ်ကောင်စီတပ် ဗိုလ်မှူးချုပ်၏ လက်နက်ခဲယမ်းအချို့နှင့်ပစ္စည်းများ PDF ဖမ်းမိ
👍16👏1
စစ်ကောင်စီတပ် ဗိုလ်မှူးချုပ်၏ လက်နက်ခဲယမ်းအချို့နှင့်ပစ္စည်းများ PDF ဖမ်းမိ
=====================

မောင်ခက်နွေ
(မဇ္ဈိမ)။ ။လွိုင်ကော်မှတနိုင်းသို့ ပြောင်းရွေ့မည့် စစ်ကောင်စီ၏ ဒေသကွပ်ကဲမှူစစ်ဌာနချုပ်မှူး(ဒကစမှူး) ဗိုလ်မှူးချုပ် မြတ်မင်းမိုး၏ တပ်ပြောင်းပစ္စည်းများကို ဖမ်းမိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)က ယနေ့ ဩဂုတ်လ ၂၈ရက်တွင် ထုတ်ပြန်သည်။

သေနတ်ကျည်ဆန်များအပါအဝင် ဗိုလ်မှူးချုပ်မြတ်မင်းမိုး၏ တပ်ပြောင်းပစ္စည်းအများအပြားကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် (၁) စစ်ဒေသ၊ ကသာခရိုင်ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ထီးချိုင့်-ပကဖ)က ထီးချိုင့်မြို့နယ်တွင် ကုန်ကားများကို စစ်ဆေးစဉ် သြဂုတ်လ (၉) ရက်နေ့က ဖမ်းဆီးရမိခဲ့ခြင်းဟု သိရသည်။

လူကိုယ်တိုင်လိုက်ပါလာခြင်းမရှိဘဲ ပစ္စည်းများကိုသာ ကုန်ကားဖြင့် တင်ပို့ခြင်းဟု မဇ္ဈိမမှ စုံစမ်းသိရှိရသည်။

" ပစ္စည်း‌တွေပဲ မိတာ။ လူမရလိုက်ဘူး" ဟု ထီးချိုင့်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

ဗိုလ်မှူးချုပ်မြတ်မင်းမိုးသည် ကရင်နီဒေသ၊ လွိုင်ကော်ဒကစမှူးအဖြစ်မှ ကချင်ပြည်နယ်၊တနိုင်းမြို့တွင် ဒကစမှူးအဖြစ်ပြောင်းရွှေ့မည့်သူဟု MOD ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သိမ်းဆည်းနိုင်ခဲ့သည့် ပစ္စည်းများတွင် စစ်ယူနီဖောင်းအစုံ ၇၀၊ သေနတ် ကျည် (၄၆၅) တောင့်၊ လက်ပစ်ဗုံးငါး လုံး၊ သယ်ဆောင်ခဲ့သည့် ၁၂ ဘီးကားနှင့် ဆက်သွယ်ရေးပစ္စည်းများ၊စစ်ရေးအသုံးအဆောင်ပစ္စည်းအချို့ပါဝင်သည်ဟု သိရသည်။

ပုံစာ - ဗိုလ်မှူးချုပ်မြတ်မင်းမိုး၏ လက်နက်ခဲယမ်းအချို့နှင့်အသုံးအဆောင်ပစ္စည်းများ (ပုံ - NUG MOD)
စာတည်း - အေးချမ်း

#mizzima
#ဗိုလ်မှူးချုပ်မြတ်မင်းမိုး
#ဒကစမှူး
#MOD
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍23👏3❤2😁2🥰1
“နေရာတချို့မှာ ဆန်ပြုတ်ပဲ သောက်နေရသူတွေက ပိုများလာတယ်” (Editorial Talk)
========================

မဇ္ဈိမ။ ။ ဒီတပတ်မှာတော့ အဆမတန် ကြီးမြင့်နေတဲ့ကုန်ဈေးနှုန်းကို စစ်ကောင်စီကမထိန်းနိုင်တာကို ဝန်ခံလိုက်ပြီး ကျပ်ငွေတန်ဖိုးကျဆင်းလာတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက် ဘာတွေဖြစ်နိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မဇ္ဈိမ သတင်းခန်းစီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းနဲ့ သတင်းထောက် ဂျူချန်း တို့က ဆွေးနွေးထားပါတယ်။

https://youtu.be/DAY92zfb9m0?si=i_Mu5I1xB7oKmtuk

#Editorialtalk
#ကုန်ဈေးနှုန်း
#Dollar
#စစ်ကောင်စီ
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍16😢7🤣3👏1
​​ဗီယက်နမ် ကျောက်မီးသွေးမိုင်းတွင်း ပြိုကျမှု ၄ ဦး သေဆုံး
=======================

ဗီယက်နမ်နိုင်ငံ၏ သတ္တုတူးဖော်ရာ အချက်အချာဖြစ်သည့် ကွမ်နင်ပြည်နယ်တွင် ကျောက်မီးသွေးမိုင်းတွင်း တတွင်း၌ ပြိုကျမှုကြောင့် လူလေးဦး သေဆုံးကြောင်း နိုင်ငံပိုင် Thanh Nien သတင်းစာက ဩဂုတ် ၂၇ ရက်တွင် ဖော်ပြသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15🔥3😢1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် သြဂုတ်လ ၂၈ ရက်ထုတ်လွှင့်မှုများ
===================

https://youtu.be/iJc1OgSijww?si=ytsc_GUvAXVe4O7D

#PVTV
#MizzimaTV .
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🤮1
အာဏာသိမ်းမှု အကျိုးဆက် ရင်ဆိုင်နေရတဲ့ ကုန်ဈေးနှုန်းပြဿနာ
=====================

လင်းသူရိန် (မဇ္ဈိမ)။ ။စစ်အာဏာသိမ်းကာလ နှစ်နှစ်ကျော်ကြာလာတဲ့အချိန်မှာ မြန်မာနိုင်ငံက ပြည်သူတွေဟာ ကုန်ဈေးနှုန်းကြီးမြင့်မှု ပြဿနာကို အလူးအလဲ ရင်ဆိုင်ဖြေရှင်းနေကြရပါတယ်။

အရင်က ဈေးသက်တောင့်သက်သာနဲ့ ဝယ်ယူလို့ရတဲ့ ဆန်၊ ဆီ၊ ဆားအစရှိတဲ့ အခြေခံအစားအသောက်တွေဟာလည်း လက်ရှိအချိန်မှာ အဆမတန်ဈေးတွေ မြင့်တက်နေတာဖြစ်ပါတယ်။

ဈေးနှုန်းတွေဟာ အာဏာမသိမ်းခင်ကထက် သုံးဆလောက် တက်သွားတယ်လို့ ထမင်းဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။

တည်းဖြတ်/တင်ဆက်- လင်းသူရိန်

https://youtu.be/gOSrN2Pkxio?si=GXincm1IPQu4Q3NM

#ကုန်ဈေးနှုန်း
#အာဏာသိမ်း
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍21🔥2🤣1
သြဂုတ်လ (၂၉) ရက်၊ အင်္ဂါနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
========================

ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

မြန်မာ့နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံက ထွက်ပေါ်လာတဲ့ မျိုးဆက်အသီးသီးရဲ့ ဆွေးနွေး အကြံပြုချက် တွေကို အလေးထား ဆောင်ရွက်သွားမယ်လို့ NUG သတင်းအချက်အလက် နည်းပညာဝန်ကြီးက ပြောဆို လိုက်တဲ့ သတင်းနဲ့အတူ မကွေးတိုင်း၊ ဆောမြို့နယ်မှာ ဩဂုတ်လ ၂၇ ရက် မနက်ပိုင်းက ဂန့်ဂေါခရိုင်၊ အမှတ် (၁၃)တပ်ရင်း၊ The Youth Force-Saw & Kyaukhtu က ရဲဘော်တွေနဲ့ တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့တဲ့သတင်း အပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာ သတင်း တွေကို နားဆင်ကြရမှာပါ။

သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ ရှိပါတယ်။ အဲ့ဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဏအနေနဲ့ Mizzima Editorial Talk အစီအစဉ်ကို ထုတ်လွှင့်ပေးသွားဖို့ရှိပါတယ်။

https://youtu.be/xgq3ILRbwRA?si=r9WBS6SqIcBEyuAM

#morningradio
#mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍13❤1🤮1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ သြဂုတ်လ ၂၉ ရက်၊ ၂၀၂၃ | VOA On Mizzima
====================

ရာသီဥတုပြောင်းလဲမှုကြောင့် အိုးအိမ်စွန့်ခွာရသူ တိုးလာနေတဲ့အကြောင်းနဲ့ ထိုင်းရောက်မြန်မာတွေ ဘဏ်စာရင်းဖွင့်ဖို့ ခက်ခဲလာတဲ့အကြောင်း၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/F-nMvfKfIDg?si=pFYga0hqjPObWUxo

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍12🍌1
ရာသီဥတုပြောင်းလဲမှုကြောင့် အိုးအိမ်စွန့်ခွာရသူ တိုးလာ | VOA On Mizzima
======================

စက်မှုခေတ်ဦးကာလက ကမ္ဘာ့အပူချိန်ထက် ၁.၅ နဲ့ ၂.၅ ဒီဂရီထိ မြင့်တက်လာရင် ကမ္ဘာ့ဒေသအတော်များများ လူတွေနေလို့မရတော့တဲ့ ဒေသတွေဖြစ်လာနိုင်ပြီး အများစုက ဆင်းရဲနွမ်းပါးတဲ့ တိုင်းပြည်တွေ ဖြစ်လိမ့်မယ်လို့ ပညာရှင်တွေကပြောပါတယ်။ ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချရေးကြိုးပမ်းနေတဲ့ တိုင်းပြည်တွေကလည်း ဒီလို အခြေအနေအတွက်တော့ ကြိုတင်စီစဉ်ထားတာ မရှိဘူးလို့လည်း ထောက်ပြကြပါတယ်။ နန်းလောင်ဝ် တင်ပြထားပါတယ်။

https://youtu.be/YuyP77whROM?si=n4YwGw-Zg69jUyyf

👍6🍌3❤1