Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မြေပြိုမှု ဖြစ်ပေါ်ရခြင်း ပုံပြရုပ်သံ | VOA On Mizzima
=================

မြေပြိုမှု ဖြစ်ပေါ်ရတဲ့အကြောင်း ပုံပြရုပ်သံကို မအေးသန္တာကျော်တင်ဆက်ထားပါတယ်။

https://youtu.be/6vVdxWWnbDE?si=HGoBQWrlPakDbKQG

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4🔥2
စစ်ကောင်စီကောင်းမှုနဲ့ ထမင်းနပ်မှန်အောင် ရုန်းကန်ရတော့မယ့် မြန်မာပြည်သူတွေ (ဆောင်းပါး)
==========================

စစ်ကောင်စီအပေါ် နိုင်ငံတကာရဲ့ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေ အချိန်တစ်ခုရောက်လာချိန်မှာအကျိုးသက် ရောက်မှုသိသိသာသာမြင့်မားလာခဲ့ပြီဖြစ်ပါတယ်။

အစပိုင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအစုလိုက်အပြုံလိုက် ထွက်ခွာသွားတာဟာ မသိသာခဲ့ပေမယ့် အချိန်ကြာလာတဲ့အခါနိုင်ငံရဲ့ထုတ်ကုန်တန်ဖိုးကျဆင်းလာခဲ့သလို နိုင်ငံ ခြားငွေရရှိမှုလည်း သိသိသာသာ ထိုးကျသွားခဲ့တာတွေ့ရပါတယ်။

ဒါကို အာဏာသိမ်းစစ်ကောင်စီဟာ နည်းလမ်း အမျိုးမျိုးနဲ့ သူတို့ရဲ့လက်တစ်ဆုပ်စာမဟာမိတ်တွေအကူအညီနဲ့ ဟန်မပျက်ဆက်လက်ရပ်တည်နိုင်ဖို့ ကြိုးစားနေ ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့တိုင်းပြည်တစ်ခုလုံးရဲ့ စီးပွားရေးအခြေအနေတွေ ချွတ်ခြုံကျလာချိန်မှာ စစ်ကောင်စီရဲ့ မနိုင်ဝန်တွေကိုတရုတ်၊ ရုရှားနဲ့ အိန္ဒိယတို့လည်း ဝင်မထမ်းပေးနိုင်တဲ့အခြေအနေမျိုးရောက်လာခဲ့ပြီဖြစ်ပါတယ်။

https://youtu.be/iQlqeb8dqfQ?si=yIr2l8Ln1kVTgVZB

#politics
#Newsfeature
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍12🔥2
Media is too big
VIEW IN TELEGRAM
ဘလူးဘယ်ရီးသီးရဲ့အကျိုးကျေးဇူးများ | Nature Article

Watch more detail - https://youtu.be/s00OSOukxh8

#naturearticle
#reels
#shorts
#blueberry
👍7🔥2
​​အိန္ဒိယနှင့် မူဝါဒနယ်ပယ်များညှိနှိုင်းဆောင်ရွက်ခြင်းကြောင့် ဆက်ဆံရေးအဆင့်သစ်သို့ရောက်ရှိလာကြောင်း အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ပြောကြား 
=======================

“အမေရိကန်ဟာ အိန္ဒိယနဲ့ ကုန်သွယ်မှုဆက်ဆံရေးမှာ အလားအလာရှိနိုင်တယ်ဆိုတာ မြင်တွေ့နေတာကြာပါပြီ။ ဘယ်လိုစကိုင်တွယ်ရမလဲဆိုတာ မသိခဲ့ရုံပါ။ ကျွန်မရှေ့မှာတာဝန်ယူသွားသူအတော်များများက ဒီဆက်ဆံရေးနဲ့ပတ်သက်ပြီး စိတ်ပျက်စရာအနည်းငယ် ကြုံတွေ့ခဲ့ကြပါတယ်။ ဆန္ဒမရှိလို့ ဒါမှမဟုတ် ကြိုးစားချင်စိတ်မရှိလို့ မဟုတ်ပါဘူး။ ဒီနေ့မှာတော့ ဒီဆက်ဆံရေးဟာ အဆင့်သစ်ကို ရောက်ရှိနေပါပြီ” ဟု ကက်သရင်းတိုင်က အိန္ဒိယနိုင်ငံ နယူးဒေလီတွင် ကျင်းပသော B20 စီးပွားရေးထိပ်သီးဆွေးနွေးပွဲ၏ သီးသန့်တွေ့ဆုံခန်းတွင် CNBC မှ ဂျာနစ်လစ်မာတင်ဆူးကို ပြောခဲ့သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5❤1😁1
ထိုင်းရောက်မြန်မာတွေ ဘဏ်စာရင်းဖွင့်ဖို့ ခက်ခဲ | VOA On Mizzima
==================

ပြီးခဲ့တဲ့ လပိုင်းတွေကစပြီး ထိုင်းနိုင်ငံကို လာကြတဲ့ မြန်မာပြည်သားတွေဟာ ထိုင်းဘဏ်တွေမှာ ဘဏ်အကောင့် တွေဖွင့်ဖို့ ခက်ခဲလာပြီး ဘဏ်အကောင့် ဖွင့်နိုင်ဖို့အတွက် ခိုင်မာတဲ့ အချက်အလက်တွေ တင်ပြနိုင်ဖို့လည်း လိုအပ်လာပါတယ်၊။ ထိုင်းနိုင်ငံဘန်ကောက်မြို့တော်ကနေ မညိုညိုလွင် တင်ဆက်ထားပါတယ်။

https://youtu.be/0zwBZyjROpU?si=kcQPL86yAKFTIyWa

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8❤2
ခင်ဦးတွင် စစ်အာဏာရှင်စနစ် ပြုတ်ကျရေး ထွန်တုံးတိုက်ပွဲ ကျင်းပ
👍16❤2🔥1
ခင်ဦးတွင် စစ်အာဏာရှင်စနစ် ပြုတ်ကျရေး ထွန်တုံးတိုက်ပွဲ ကျင်းပ
=====================

KMN
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ယနေ့ သြဂုတ်လ ၂၉ ရက်နေ့ နံနက်၌ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးထွန်တုံးတိုက်ပွဲ ကျင်းပခဲ့ကြောင်း ဒေသခံများမှသိရသည်။

ခင်ဦးမြို့နယ်မှ ကောက်စိုက် လယ်ထွန် တောင်သူများသည် ပြည်သူတင်တဲ့အစိုးရ ဒို့အစိုးရ၊ NUG အစိုးရ ဒို့အစိုးရ၊ စစ်အာဏာရှင်စနစ် အလိုမရှိ၊စစ်အာဏာရှင်တွေ ကျဆုံးပါစေ၊ အညာဖက်ဒရယ် အောင်ရမည် စသည့် ကြွေးကြေသံများဖြင့် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
ခင်ဦးမြို့နယ်တွင် စစ်အာဏာရှင်စနစ် ပြုတ်ကျရေး ထွန်တုံးတိုက်ပွဲများကို မကြာခဏကျင်းပနေပြီး သြဂုတ်လ ၂၇ ရက်နေ့ကလည်း မိုးရာသီ ကောက်စိုက်တောင်သူများမှ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး ဆန့်ကျင် ဆန္ဒပြခဲ့ကြသည်။

ခင်ဦးမြို့နယ်တွင် သြဂုတ်လ ၂၅ ရက်နေ့ကစပြီး စစ်ကောင်စီ စစ်ကြောင်းနှစ်ခု တပြိုင်တည်း ခြေလျင်စစ်ကြောင်းထိုးနေမှုကြောင့် ပင်တင်းရွာ၊ ကြာပင်အိုင်၊ သရက်ပင်ဝန်း၊ ညောင်ပင်ကြီးစု၊ သိမ်တော်စသည့် ကျေးရွာ ဒေသခံ ၈,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးမှ ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ခင်ဦးမြို့နယ်
#ထွန်တုံးတိုက်ပွဲ

ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး (သြဂုတ်လ ၂၉ ရက်နေ့ တွင်တွေ့ရသည့် ခင်ဦးမြို့နယ်ကောက်စိုက် လယ်ထွန် တောင်သူများ။)

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21❤2🔥1
​​ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အပါ တပ်စခန်း ၂ ခုကို မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်
=================

ဂျူချန်း
(မဇ္ဈိမ)။ ။ ရေးမြို့နယ်အခြေစိုက် အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့် ခလရ (၆၁)ကို မွန်နှင့် တနင်္သာရီမှတော်လှန်ရေးအင်အားစုများပူးပေါင်းပြီး မောင်းသူမဲ့လေယာဉ်ဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် SF-Z အမျိုးအစား မောင်းသူမဲ့လေယာဉ်ငယ်သုံးစင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်တွင် ထိခိုက်မှု ရှိနိုင်သော်လည်း အသေးစိတ်ကို စုံစမ်းနေဆဲဟု မွန်ပြည်တော်လှန်ရေးတပ်-MSRF တာဝန်ခံနိုင်နဂါးကမဇ္ဈိမကို ပြောသည်။

“တချိန်တည်းမှာ ဒရုန်း သုံးစင်းနဲ့ တိုက်တာပါ။ ပစ်မှတ်က နေ့ခင်းဖြစ်လို့ ခလရ (၆၁) ရဲ့ တပ်ရင်းရုံးနဲ့ စစ်ဆင်ရေးဌာနချုပ်ရုံး အဆောက်အဦပေါ်ကို ဖြုတ်ချခဲ့ပါတယ်။ Target ကို ထိမိခဲ့တယ်”ဟု နိုင်နဂါးကမဇ္ဈိမ ကိုပြောသည်။

တိုက်ခိုက်စဉ်အတွင်း ရာသီဥတုအခြေအနေကြောင့်လေယာဉ်ငယ်တစီး ပျက်စီးခဲ့သည်ဟု ဆိုသည်။ ယင်းလေယာဉ်ငယ်သည် မြန်မာငွေ သိန်း၃၀ခန့် တန်ကြေးရှိသည်ဟု သိရသည်။

စခန်းနှစ်ခုတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ၈၁ မမ၊ ၁၂၀ မမ လက်နက်ကြီးများဖြင့် ရှစ်ကြိမ်ထက်မနည်း ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထိုစစ်ဆင်ရေးကို လာမည့် ဝါခေါင်လပြည့်နေ့ ဩဂုတ်လ ၃၁ရက်တွင် ကျရောက်မည့် (၇၆) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ကို ကြိုဆိုသည့်အနေဖြင့် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းရှိ မွန်ပြည်တော်လှန်ရေးတပ်-MSRF၊ ရေးလေတပ် (YAF)၊ ရေးကာကွယ်ရေးတပ် (YDF)၊ ထားဝယ်ခရိုင်အမှတ် (၂) တပ်ရင်း (T-5)၊ ဒေါနစစ်ကြောင်း၊ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KBDF၊ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း-MSRO နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး-ABSDF ( တပ်ရင်း- ၁ )၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့တွင်လည်း စကခ(၁၉)၊ ခလရ(၆၁) နှင့် အမြောက်တပ်(၃၁၆)အား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှမောင်းသူမဲ့လေယာဉ်ဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စာတည်း - အေးချမ်း

#mizzima
#ရေးမြို့နယ်
#အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
#ခလရ(၆၁)
#မောင်းသူမဲ့လေယာဉ်

ပုံစာ-မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းမှ တော်လှန်ရေး ပူးပေါင်းအဖွဲ့

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16❤1🔥1👏1
Media is too big
VIEW IN TELEGRAM
ဖူကူရှီးမားကိစ္စနဲ့ပတ်သက်လို့ ရိုင်းစိုင်းတဲ့ ဖုန်းခေါ်ဆိုမှုများအတွက် တရုတ်သံအမတ်ကို ဂျပန်ဆင့်ခေါ်

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #China
👍8😁1
မကြာမီ နေပြည်တော်မှာ PDF အလံစိုက်ထူနိုင်တော့မှာဖြစ်ကြောင်း NUG ကာကွယ်ရေး တာဝန်ရှိသူပြော
====================

မြန်မာနိုင်ငံတစ်ဝန်း နေရာအနှံ့ တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်ကောင်စီက အရှုံးနဲ့ ရင်ဆိုင်နေရပြီး မကြာမီ နေပြည်တော်မှာ PDF အလံစိုက်ထူနိုင်တော့မှာဖြစ်ကြောင်း NUG ဒုအတွင်းဝန် ဦးမောင်မောင်ဆွေက ပြောကြားလိုက်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တွေနဲ့ တိုင်းရင်းသားမဟာမိတ် တော်လှန်ရေးတပ်များ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ဒေသအများအပြားမှာ တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီတပ် အထိနာလျက်ရှိနေပြီဖြစ်ကာ မဝေးတော့တဲ့ ကာလအတွင်း နေပြည်တော်မှာ PDFအလံ စိုက်ထူနိုင်တော့မှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ နှစ်ပတ်တစ်ကြိမ် ပြည်သူလူထုထံသို့ အပတ်စဉ် တင်ပြနေတဲ့ နွေဦးတော်လှန်ရေး ပြည်သူ့အောင်ပွဲများ အစီအစဉ်မှာ ၎င်းက အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

ကရင်၊ ကချင်၊ ကရင်နီ၊ ချင်း ဒေသတွေနဲ့ နေပြည်တော် အနီးတဝိုက်အပါအဝင် ဒေသအများအပြားမှာ စစ်ကောင်စီတပ်များ အထိနာအောင် PDFနဲ့ မဟာမိတ်တော်လှန်ရေးတပ်များက ဆောင်ရွက်နိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။

မကြာမီ ကာလအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများကိုလည်း ရှင်းလင်းပြောကြားခဲ့ရာမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIO) ဌာနချုပ် လိုင်ဇာအနီးရှိ နမ့်ဆန်ယန်ဒေသ တိုက်ပွဲအခြေအနေကိုလည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

နမ့်ဆန်ယန်ကို ဇူလိုင်လဆန်းကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး နှစ်လနီးပါး ကြာလာပေမယ့် စစ်ကောင်စီတပ်သာ အထိနာခဲ့တယ်လို့ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ စစ်ရေးမှာ ရှုံးနိမ့်တိုင်း ဖြုတ်ထုတ်သတ် လမ်းစဉ် ကို လုပ်ဆောင်နေကြောင်း၊ စစ်ရေးအရ ရှုံးနိမ်နေတဲ့အပြင် အမိန့် ပေးကွပ်ကွဲမှု စနစ်လည်း ပျက်ယွင်းနေကြောင်း၊ ဒါကြောင့် စစ်သားအများအပြား စစ်တပ်မှ စွန့်ခွာနေကြောင်း ပြောဆိုထားပါတယ်။

တိုက်ပွဲတွေမှာ ထိခိုက်သေဆုံးမှုများတဲ့အပြင် ဗျူဟာမြောက်လက်နက်များကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက သိမ်းဆည်းရရှိခဲ့တယ်လို့ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် အနေနဲ့က ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေရဲ့ စစ်ရေးစွမ်းရည်ကို မြှင့်တင်ဖို့ တစ်ဆင်ပြီးတစ်ဆင့် စနစ်တကျ တည်ဆောက် သင်ကြားပေးလျက်ရှိပါတယ်လို့လည်း ဦးမောင်မောင်ဆွေက ပြောပါတယ်။

နေပြည်တော်နဲ့ ၂၅ မိုင်ခန့်သာဝေးတဲ့ တောင်ပေါ်ဒေသ နေရာတွေမှာလည်း ယခုလအတွင်း တိုက်ပွဲများ ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် အထိနာအောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

အခုလို တိုက်ခိုက်ရာမှာလည်း မြေပြင်မှာအထိနာတဲ့ စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူများ အသုံးပြု တိုက်ခိုက်ခဲ့ရတယ်လို့ပြောပါတယ်။

ကရင်နီပြည်နယ်အတွင်းမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်များက အောင်ပွဲခံနေကြောင်း ၊ လက်နက်ခဲယမ်းအမြောက်အမြားကို တိုက်ပွဲတိုင်း သိမ်းပိုက်ရရှိနေကြောင်း ချင်းပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားရာမှာလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိပြီး လေယာဉ်ပစ် လက်နက်ကြီးများ သိမ်းဆည်းရရှိနေကြောင်း ၊ ဖလမ်းမြို့ တိုက်ပွဲမှာလည်း ခလရ ၂၆၈ ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဗျူဟာအဆင့် လက်နက်ကြီးများကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့လက အနာဂတ်ဖက်ဒရယ်တပ်မတော်မှာ တာဝန်ထမ်းဆောင်နိုင်ရန် ရည်ရွယ်ပြီး တပ်ခွဲမှူးပေါင်း ၃၀၀ကျော်ကို သင်တန်းဆင်းပြီး မွေးထုတ်နိုင်ခဲ့ ကြောင်း၊ တပ်ခွဲမှူးတွေဟာ စစ်မြေပြင်မှာ တပ်ရင်းတပ်ဖွဲ့များနဲ့အတူ တော်လှန်ရေးတာဝန်များကိုထမ်းဆောင်နေပြီဖြစ်ကြောင်း အသိပေးပြောကြားထားပါတယ်။

https://youtu.be/6qenB777hGU?si=lW6b7DCqza8IoHpt

#politicalnews
#mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍23😁4❤1
This media is not supported in your browser
VIEW IN TELEGRAM
ဖောက်စ်ကွန်းဘီလျံနာ ဂိုက ထိုင်ဝမ်သမ္မတရွေးကောက်ပွဲဝင်မယ့်အကြောင်း ကြေညာ

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #Taiwan #Election
🔥3
မြန်မာစစ်ကောင်စီရေတပ်ကို ရေအောက် အသံစနစ်သုံး ကရိယာတွေရောင်းချခဲ့ကြောင်း စင်္ကာပူနိုင်ငံသား ၂ ဦးဝန်ခံ
======================

စင်ကာပူနိုင်ငံသား နှစ်ဦးက အာဏာသိမ်းမြန်မာစစ်ကောင်စီရေတပ်ကို မြန်မာကုမ္ပဏီ တစ်ခုကတစ်ဆင့် စင်္ကာပူ ဒေါ်လာ ၂ သန်းဖိုးခန့် ရေအောက် အသံစနစ် Sonar System အသံလှိုင်းသုံးရှာဖွေရေးစနစ်တစ်ခု တရားမဝင် ရောင်းချခဲ့တယ်လို့ ဩဂုတ်လ ၂၅ ရက်နေ့က တရားရုံးမှာ ဝန်ခံလိုက်ပါတယ်။

စင်္ကာပူ Hydronav ကုမ္ပဏီက အရောင်းမန်နေဂျာနဲ့ ဒါရိုက်တာ တဦးဟာ မြန်မာနိုင်ငံအပေါ် တားမြစ်ထားတဲ့ လက်နက်အပါအဝင် မဟာဗျုဟာမြောက် စစ်သုံးပစ္စည်း ရောင်းချမှု ပိတ်ပင်ထားတဲ့ ဥပဒေကို ချိုးဖေါက်တယ်ဆိုပြီး စွဲချက် ၂ ခုနဲ့ တရားစွဲဆိုထားတာပါ။

သူတို့ဟာ လွန်ခဲ့တဲ့ ၅ နှစ်လောက်က မြန်မာရေတပ်အတွက် ပင်လယ်ကြမ်းပြင် ပဲတင့်သံသုံး Sonar System အတွက် ပစ္စည်းကရိယာတွေ ရောင်းချခဲ့တာဖြစ်ပါတယ်။

မြန်မာရေပိုင်နက်အတွင်း ရေကြောင်းနဲ့ ပတ်သက်တဲ့ သုတေသနလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် အဆိုပါ စနစ်ကို ဝယ်ယူခဲ့ခြင်းဖြစ်ပြီး စစ်ဘက်နဲ့ အရပ်ဘက်နှစ်မျိုးလုံးမှာ အသုံးပြုနိုင်ကြောင်း သိရပါတယ်။

တရားခံတွေက အဲဒီပစ္စည်းကို အင်ဒိုနီးရှားကုမ္ပဏီတစ်ခုကို ရောင်းချမှာဖြစ်တယ်လို့ မူရင်းပစ္စည်းရောင်းချတဲ့ နော်ဝေကုမ္ပဏီ (Kongsberg Maritime) ကို လိမ်ညာခဲ့တယ်လို့ ဆိုပါတယ်။

နော်ဝေမှ စင်ကာပူကို ၂၀၁၈ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့မှာ အဆိုပါစနစ် ရောက်ရှိလာခဲ့ပြီး ဇူလိုင် ၂၀ ရက်နေ့မှာ မြန်မာကို တရားမဝင် တင်ပို့ခဲ့ကြောင်း သိရပါတယ်။

ဒီအမှုအတွက် တရားခံတွေကို ဒဏ်ငွေချမှတ်ရာမှာ ရောင်းချတဲ့ စင်ကာပူ ကုမ္ပဏီကိုလည်း စင်ကာပူဒေါ်လာ တစ်သန်းချမှတ်ဖို့ အစိုးရရှေ့နေတွေက တရားရုံးကို တင်ပြတောင်းခံထားတယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံက Light of Universe ကုမ္ပဏီအတွက် အမေရိကန်ဒေါ်လာ တသန်းခွဲကျော်ဖိုး ၂၀၁၈ ခုနှစ် ဇူလိုင်လက ရောင်းချခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ မြန်မာရေတပ် Hydrographic Centre ပင်မ တိုင်းတာရေးတပ် အတွက် အသုံးပြုနေတာကို စင်္ကာပူအာဏာပိုင်တွေ စုံစမ်းသိရှိခဲ့ပါတယ်။

မြန်မာရေတပ်အတွက် Sonar System သုံး ကိရိယာတွေ ရောင်းချနေတယ်ဆိုတဲ့ တိုင်တန်းချက်တွေ စင်္ကာပူ အကောက်ခွန်ဌာနက လက်ခံရရှိခဲ့ပြီး ၂၀၂၀ ခုနှစ် အောက်တိုဘာလမှာ ကုမ္ပဏီကို စင်္ကာပူ တာဝန်ရှိသူတွေ ဝင်ရောက်စီးနင်းခဲ့သလို မှတ်တမ်းတွေနဲ့ ဒီဂျစ်တယ်ပစ္စည်းတွေကို သိမ်းဆည်းခဲ့ပါတယ်။

https://youtu.be/k1-8sVZTFBM?si=8IfiwokzJDNytEim

#politicalnews
#mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍12😁2🤬1