Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​တနင်္သာရီတွင် စစ်ကောင်စီတပ်က ရမ်းသန်းပစ်သည့်လက်နက်ကြီး ရဲတပ်သားမိခင်ကို မှန်
=====================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ တနင်္သာရီမြို့တွင် ဩဂုတ်လ ၂၈ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် ရဲတပ်သားတဦး၏မိခင် ကျည်စထိမှန် ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

တနင်္သာရီမြို့ရှိ ဌာနဆိုင်ရာရုံးများတည်ရှိရာ (ဒေသအခေါ်) လေသာတောင်မှ ဩဂုတ်လ ၂၈ ရက်နေ့ ည ၇ နာရီခန့်တွင် စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်မှ လက်နက်ကြီးကျည်များသည် ဘန်လောကျေးရွာဖက်ကိုသို့ စတင်ကျရောက်ပေါက်ကွဲ ခဲ့ပြီး နေအိမ်အချို့ထိခိုက်ပျက်စီးခဲ့သည်။ ထပ်မံပစ်ခတ်ရာတွင် တနင်္သာရီမြို့၊ တပ်ဦးရပ်ကွက်မှ နေအိမ် တလုံးပေါ်သို့ကျရောက်ပေါက်ကွဲပြီး အသက် ၆၀ ဝန်းကျင် ဒေါ်ညွန့်၏နဖူး၌ ကျည်စထိမှန်ကာ ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

“ညက ပစ်ခတ်သံတွေတော့ ကြားတယ်။ အပြင်ကိုမထွက်ရတော့ သေချာမသိရဘူး။ ဒဏ်ရာရတဲ့ အမျိုး သမီးကြီးကိုတော့ စစ်ကောင်စီတပ်က ညတွင်းချင်း ဆေးရုံကိုပို့ပေးခဲ့တယ်။ ဒီမနက်တော့ ပြန်ဆင်းသွား ပြီးကြားတယ်”ဟု တနင်္သာရီမြို့ခံတဦးက ပြောသည်။
ဒဏ်ရာရရှိသူ၏သားမှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တဦးဖြစ်ပြီး မောတောင်ရဲစခန်းတွင် တာဝန်ထမ်း‌ဆောင်နေကြောင်း သိရသည်။

မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်နှစ်လုံးကိုလည်း အဆိုပါအမျိုးသမီး၏ နေအိမ်အနီးမှတွေ့ရှိ ခဲ့ပြီး ရဲတပ်သားများက ယနေ့နက်ပိုင်းတွင် လာရောက် ရှင်းလင်းသွားခဲ့သည်။
တနင်္သာရီမြို့နယ်တွင် လွန်ခဲ့သည့် ငါးရက်ခန့်က‌လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ကျေးရွာများသို့ စက်သေနတ်နှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်သည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသော မြို့နယ်လည်းဖြစ်သည်။

စာတည်း။ ။စောဖေ

#တနင်္သာရီတိုင်း
#လက်နက်ကြီး
#ရမ်းသန်းပစ်ခတ်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6👏2🔥1
သြဂုတ်လ (၂၉)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
========================

01:59 − မြန်မာစစ်ကောင်စီရေတပ်ကို ရေအောက် အသံစနစ်သုံး ကိရိယာတွေ ရောင်းချခဲ့ကြောင်း စင်္ကာပူနိုင်ငံသား ၂ ဦးဝန်ခံတဲ့သတင်း

03:41 − မြန်မာစစ်တပ်ကို ထောက်ပံ့နေတဲ့ အိန္ဒိယကုမ္ပဏီ ၇ ခုကို Burma Campaign UK က နာမည်ပျက်စာရင်းသွင်း

05:37 − UNOCHA အကြီးအကဲ မြန်မာနိုင်ငံကို လာရောက်ခဲ့ပေမယ့် အကူအညီပေးရေး အခြေအနေ တိုးတတ်ပြောင်းလဲလာခြင်းမရှိလို့ ရခိုင်ဒေသခံတွေပြောတဲ့သတင်းနဲ့

08:31− ဒုဗိုလ်မှူးကြီး ၁ဦး နဲ့ ဗိုလ်ကြီး၁ဦး တပ်တွင်းပုန်ကန်မှုနဲ့ အမြင့်ဆုံးထောင်ဒဏ်နဲ့ သေဒဏ် ချမှတ်ခံရတဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/3yWmM3x42sU?si=V1xj6-nMl2HbodcG

#4pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍2🔥1
ကိုယ်၀န်ဆောင်အမျိုးသမီးအပါအ၀င် အရပ်သား ၄ ဦး ညှဥ်းပန်းနှိပ်စက်သတ်ဖြတ်ခံရမှု ကုလထံ တိုင်ကြားထားဟု NUG ထုတ်ပြန်
👍9🤬2🤣1
ကိုယ်၀န်ဆောင်အမျိုးသမီးအပါအ၀င် အရပ်သား ၄ ဦး ညှဥ်းပန်းနှိပ်စက်သတ်ဖြတ်ခံရမှု ကုလထံ တိုင်ကြားထားဟု NUG ထုတ်ပြန်
====================

ရောင်နီ
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်တွင် စစ်ကောင်စီတပ်က ကိုယ်၀န်ဆောင်အမျိုးသမီးအပါအ၀င် အရပ်သား လေးဦးအား ညှဥ်းပန်းနှိပ်စက်သတ်ဖြတ်မှုကို ကုလသမဂ္ဂ၏ လွတ်လပ်သည့်စုံစမ်းစစ်ဆေးရေးယန္တရား(IIMM)ထံ ပေးပို့တိုင်ကြားထားကြောင်း NUG အစိုးရ၏ လူအခွင့်အရေး၀န်ကြီးဌာန (MOHR)က သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၆ ရက်နေ့က အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်၏ တပ်မ( ၃၃ )သည် စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်ရှိ ကျီးကန်းတောင်ရွာနှင့် မြောက်ရွာသို့ ၀င်ရောက်လာခဲ့သည်။
ထိုသို့ ၀င်ရောက်ပြီးနောက် ကျေးရွာအတွင်းရှိ ပြည်သူပိုင်ပစ္စည်းများအား ယူဆောင်သည့်အပြင် ကိုယ်၀န်ဆောင်အမျိုးသမီးတဦးကို အဓမ္မပြုကျင့်(မုဒိမ်းကျင့်)ကာ လည်ပင်းလှီးသတ်ဖြတ်ခြင်း၊ စစ်ရှောင်ပြည်သူသုံးဦးကို လည်ပင်းလှီးသတ်ဖြတ်ခြင်း ပြုလုပ်ခဲ့ကြောင်း NUG လူအခွင့်အရေး၀န်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ ဖြစ်စဥ်မှ ရရှိလာသည့် အချက်အလက်များကို Independent Investigative Mechanism for Myanmar(IIMM)သို့ ပေးပို့ထားပြီး အကြမ်းဖက်စစ်တပ်၏ ကျူးလွန်မှုများကို အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာ၀န်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း MOHR က ဆိုသည်။
IIMM သည် မြန်မာနိုင်ငံတွင် ၂၀၁၁ နောက်ပိုင်းဖြစ်ပွားခဲ့သည့် ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန်အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်ဖြင့် ၂၀၁၈ ခုနှစ်တွင် ဖွဲ့စည်းလိုက်သည့် လွတ်လပ်သည့်စုံစမ်းစစ်ဆေးရေးယန္တရား ဖြစ်သည်။

လက်ရှိအချိန်တွင် လွတ်လပ်သည့်စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အနေဖြင့် မြန်မာနိုင်ငံအတွင်း စစ်ကောင်စီတပ်ကျူးလွန်ခဲ့သည့် စစ်ရာဇ၀တ်မှု ၆၇ ခုကို အချက်အလက်စုစည်းကာ မှတ်တမ်းတင်ထားသည်။

စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#IIMM
#NUG
#MOHR
#၀က်လက်မြို့နယ်

ပုံအညွှန်း - ရန်ကုန်တွင် စစ်ဆေးမှုလုပ်ဆောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံ - အဟောင်း)

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🤣2🤬1
Media is too big
VIEW IN TELEGRAM
UNOCHA အကြီးအကဲ မြန်မာနိုင်ငံကို လာရောက်ခဲ့ပေမယ့် အကူအညီပေးရေး အခြေအနေ တိုးတတ်ပြောင်းလဲလာခြင်းမရှိ

Watch more detail - https://youtu.be/IDQ_d_zhasU

#reels
#shorts
#politicalnews
😁5
ပေါင်မြို့နယ်ထွေအုပ်ရုံးနှင့် ဝန်ထမ်းအိမ်ရာ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရ
👍6🔥1
ပေါင်မြို့နယ်ထွေအုပ်ရုံးနှင့် ဝန်ထမ်းအိမ်ရာ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရ
====================

YT
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ပေါင်မြို့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံးဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာအား ဩဂုတ်လ ၂၇ ရက် ညနေ ၅ နာရီတွင် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း တပင်ရွှေထီးစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

"ညနေ ၅ နာရီကျော်ကျော်လောက်မှာ လက်နက်ကြီးအသံ စကြားရတာ။ ရုံးထဲကနေရော ရဲစခန်းကနေရော ပြန်ပစ်သံကြားတယ်၊ နာရီဝက်လောက်ထိ ဆက်တိုက်ပစ်တာ။ ပြည်သူထိခိုက်တာတော့ မကြားမိဘူး" ဟု ထွေအုပ်ရုံးအနီး နေထိုင်သူတဦးက မဇ္ဈိမကိုပြောသည်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး အနောက်ဘက်ရှိ ဝန်ထမ်းအိမ်ရာအား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှုကို တပ်မဟာ (၁) KNLA တပ်ရင်း (၂)၊ PDF၊ ပ.က.ဖအဖွဲ့ နှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ပူးပေါင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးသီးခုနစ်လုံးချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ဗုံးသီးထိမှန်၍ ပေါင်မြို့နယ် အုပ်ချုပ်ရေးကောင်စီ ဗိုလ်မှူး ကျော်နိုင်ဦးအပါအဝင် ဗိုလ်ကြီးတဦး၊ တပ်ကြပ်နှစ်ဦးနှင့် တပ်သားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ ထိခိုက်သေဆုံးမှု အခြေအနေများအား မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
အဆိုပါတိုက်ခိုက်မှုအတွင်း ထွေအုပ်ရုံး ဝန်ထမ်းအိမ်ရာတွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ရုံးဘေးကပ်လျက်ရှိ ပေါင်မြို့နယ် ရဲစခန်းအတွင်းမှလည်း အနီးဝန်းကျင်သို့ ၄၀ မမ၊ သေနတ်များဖြင့် ပြန်လည်ပစ်ခတ်မှုများ ပြုလုပ်ကြကြောင်း သိရသည်။
ဒေသခံတဦး၏ ပြောကြားချက်အရ ပစ်ခတ်မှုဖြစ်ပွားပြီးနောက်တွင် ပေါင်မြို့နယ် ရဲစခန်းအတွင်းမှ ရဲမိသားစုဝင် အမျိုးသမီးများနှင့် ကလေးများ ကား၊ ဆိုင်ကယ်များ အသုံးပြု၍ ထွက်ပြေးတိမ်းရှောင်ခြင်းများ ရှိကြောင်း သိရသည်။

ပေါင်မြို့နယ်အတွင်းရှိ မြို့နယ်ထွေအုပ်ရုံး နှင့် ရဲစခန်း တို့အား တော်လှန်ရေး အင်အားစုများက မကြာခဏ ပစ်ခတ်ခြင်းများ ပြုလုပ်လေ့ရှိသည်ဟု ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့ကလည်း ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးနှင့် ပေါင်မြို့မရဲစခန်းတို့အား တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှု ပြုလုပ်ခဲ့သေးသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#မွန်ပြည်နယ်
#ပေါင်မြို့နယ်
#တိုက်ခိုက်မှု

ပုံအညွှန်း- ကျရောက်ပေါက်ကွဲခဲ့သည့် လက်နက်ကြီးကျည်များ (ဓါတ်ပုံ- စစ်ကောင်စီပြန်ကြားရေး တယ်လီဂရမ်ချန်နယ်)

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4❤1🔥1👏1
​​ဆေးမှူးကြီးအပါအဝင် ထားဝယ်ထောင်ဝန်ထမ်း ၂၀ ခန့် မူးယစ်ဆေးရောင်းဝယ်မှုဖြင့် ထောင်ချခံရ
=========================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်မှ ထောင်ဆေးမှူးကြီးအပါအဝင် ထောင်ဝန်ထမ်း ၂၀ ဝန်းကျင် မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် ထောင်ချခံထားရကြောင်း ထားဝယ်အကျဉ်းထောင်နှင့်နီးစပ်သူ ယုံကြည်ရသော သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

ထောင်ဆေးမှူးကြီး ဦးဝင်းဇော်၊ ထောင်မှူး ဦးအောင်နိုင်ဖေနှင့် ဒုထောင်မှူး ဦးသူရိန်ထွန်းတို့အပါအဝင် ထောင်ဝန်ထမ်း ၂၀ ခန့် အကျဉ်းချခံထားရခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီ၏ နယ်လုံဝန်ကြီး အဂတိမှုဖြင့် ရာထူးမှဖယ်ရှားမခံရမီ ဇူလိုင်လပထမအပတ်တွင် ၎င်းဦး ဆောင်ပြီး စရဖများပါဝင်သော စစ်ကောင်စီအဖွဲ့က ထားဝယ်ထောင်သို့ သွားရောက် စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးစဉ် ဝန်ထမ်းများ မှုးယစ်ဆေးဝါးများ ရောင်း/ဝယ် ပြုလုပ်နေသည်ဟုဆိုကာ ထောင်ဝန်ထမ်း ခြောက်ဦးကို စစ်ဆေးကာ ပထမဆုံး အမှုဖွင့်အရေးယူခဲ့ကြောင်း သတင်းရင်းမြစ်ကပြောသည်။

ယင်းနောက် နယ်လုံဝန်ကြီး ရာထူးမှဖယ်ရှားခံရပြီး ဩဂုတ် ၁၄ ရက်နေ့က ထောင်ဆေးမှူးကြီး၊ ဒုထောင် မှူးနှင့် ထောင်မှူးတို့အပါအဝင် ဝန်ထမ်းအများအပြားကို စစ်ကောင်စီအဖွဲ့က ထပ်မံ လာရောက်စစ်ဆေး ပြီး ဆေးမှူးကြီး အပါအဝင် ၁၄ ဦးကို ဖမ်းဆီးကာ ထောင်ဒဏ်များ ချမှတ်လိုက်ခြင်း ဖြစ်သည်။

“အခု ထောင်ဒဏ်ချမှတ်ခံရတဲ့ဝန်ထမ်းတွေမှာ ရဲဝန်ထမ်း တဦးမှမပါဘူး၊ အားလုံး ထောင်ဝန်ထမ်းတွေ။ အရင်မိတဲ့ခြောက်ယောက်က အကန့်အသတ်မရှိထောင်ဒဏ်လို့ သိရတယ်၊ နောက် ၁၄ ယောက်က နှစ် တွေ နည်းနည်းလောက်ပဲလို့ သိရတယ်”ဟု ထားဝယ်အကျဉ်းထောင်နှင့်နီးစပ်သူ သတင်းရင်းမြစ်က မဇ္ဈိမ ကို ပြောသည်။

ဆေးမှူးကြီး ဦးဝင်းဇော်ကို ထောင်ထဲတွင် မူးယစ်ဆေးရောင်းချသည့်ကိစ္စနှင့်ပက်သတ်ပြီး ဩဂုတ်လ ၂၁ ရက်နေ့က ပုဒ်မနှစ်ခုဖြင့် ထောင်ဒဏ် ၁၁ လ အမိန့်ချမှတ်ခဲ့ကြောင်း အထက်ပါ သတင်းရင်းမြစ်က ပြော သည်။

ဒုထောင်မှူး၊ ထောင်မှူးနှင့် အခြားအဆင့် ထောင်ဝန်ထမ်းများကို မည်သည့်ပုဒ်မများဖြင့် ထောင်ဒဏ် မည်မျှချမှတ်ထားသည်ကို တိတိကျကျ မသိရပေ။

ဒုထောင်မှူး ဦးသူရိန်ထွန်း၏ နေအိမ်ကို ဝင်ရောက်ရှာဖွေစဉ် နေအိမ်မျက်နှာကျက်ပေါ်မှ WY စိတ်ကြွ ဆေး၊ ICE နှင့် ဆေးခြောက်များ၊ ဖုန်းအလုံးရေ အများအပြားကို ဖမ်းမိခဲ့ကြောင်း သိရသည်။
ထောင်ဝန်ထမ်းအများအပြား မူးယစ်ဆေးအမှုဖြင့် ဖမ်းဆီးခံရသည့်ဖြစ်ရပ်၏ နောက်ကွယ်တွင် ရဲအရာရှိ များ၊ ထွေအုပ်အရာရှိများ၊ စရဖနှင့် ခရိုနီလုပ်ငန်းရှင်များပါဝင်ပတ်သက်နေ၍ ဝန်ထမ်းများကို အမှုဆင် ဖမ်းဆီးခြင်းဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#ထားဝယ်ထောင်
#စစ်ကောင်စီနယ်လုံဝန်ကြီး
#ထောင်ဝန်ထမ်း၂၀လောက်ထောင်ချခံရ
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7❤1👏1
​​တိုင်းနှင့်ပြည်နယ် ၅ ခုတွင် မိုးများနိုင်၍ ရေကြီးမှုဘေး သတိပြုရန် NUG အသိပေး
======================

ရောင်နီ
(မဇ္စျိမ)။ ။ တိုင်းနှင့်ပြည်နယ် ငါးခုတွင် မိုးများနိုင်ခြင်းကြောင့် ရေကြီးရေလျှံမှုဘေး သတိပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ( NUG )၏ လူသားချင်းစာနာထောက်ထားမှုနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး၀န်ကြီးဌာန(MOHADM)က သတင်းထုတ်ပြန်သည်။

သြဂုတ်လ ၂၈ ရက်နေ့မှ စက်တင်ဘာလ ၃ ရက်နေ့အထိ မိုးလေ၀သအခြေအနေကို ထုတ်ပြန်ရာတွင် လာမည့် ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံတဝန်းလုံးတွင် မုတ်သုံလေအားပြန်ကောင်းလာနိုင်ပြီး အောက်ပိုင်းဒေသတချို့တွင် ဒေသအလိုက် မိုးကြီးနိုင်ကြောင်း ဆိုသည်။

ယင်းအပြင် သြဂုတ်လ ၃၀ ရက်နေ့မှ စက်တင်ဘာလ ၄ ရက်နေ့အတွင်း မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် မိုးများနိုင်ကြောင်း MOHADM က ဖော်ပြသည်။

ထိုသို့ မိုးများခြင်းကြောင့် နောက်ဆက်တွဲဖြစ်သည့် မြစ်ရေကြီးခြင်း၊ ရေကြီးရေလျှံမှုနှင့် လမ်းတံတား ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပွားတတ်သည့်အတွက် သတိပြုသွားလာနေထိုင်ကြရန်လည်း အသိပေးထားသည်။

စစ်ကောင်စီ၏ မိုးဇလဌာနကလည်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအားကောင်းနေခြင်းကြောင့် နောက်နှစ်ရက်အတွင်း မြန်မာနိုင်ငံနေရာ အနှံ့အပြားတွင် မိုးကြီးနိုင်ကြောင်း ယနေ့ သြဂုတ်လ ၂၉ ရက် မွန်းလွဲ ၂ နာရီတွင် သတင်းထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#NUG
#MOHADM
#ကပ္ပလီပင်လယ်ပြင်

ပုံအညွှန်း - သြဂုတ်လ အစောပိုင်းက တနင်္သာရီမြို့နယ်အတွင်း ရေကြီးရေလျှံနေမှုဖြစ်ပွားနေသည့် မြင်ကွင်း။ (ပုံ - လူမှုကွန်ယက်)

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6❤1🔥1
​​နွေဦးအောင်လံဆုတောင်းပွဲ ဒုတိယအကြိမ် ကျင်းပမည်
==================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ စစ်ကောင်စီတပ်က ဖမ်းဆီးအကျဉ်းချခံထားရသော နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရန် ဆန္ဒပြုကာ နွေဦးအောင်လံဆုတောင်းပွဲကို ဒုတိယအကြိမ် ကျင်းပသွားမည်ဖြစ်ကြောင်း ဦးဆောင်သူများက မဇ္ဈိမကို ပြောသည်။

"ဖမ်းဆီးခံထားရသူများ လွတ်မြောက်ဖို့အတွက် ဆုတောင်းမှုကို နိုင်ငံတကာက ပိုမို အာရုံစိုက်မိလာစေဖို့နဲ့ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုအင်အားကိုလည်း ပြသချင်တာကြောင့် ဖြစ်တယ်၊ တကြိမ်ထက်တကြိမ် လူပိုသိပြီး ပိုမိုပါဝင်လာ နိုင်မှာဖြစ်လို့ တလတကြိမ်နှုန်းနဲ့ သုံးကြိမ် ကျင်းပဖို့ တိုင်ပင်ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။" ဟု ပစ်တိုင်းထောင်သပိတ်အင်အားစုမှ Casper က မဇ္ဈိမကို ပြောသည်။

ပထမအကြိမ် နွေဦးအောင်လံ ဆုတောင်းပွဲ ဇူလိုင်လ ၃၁ ရက်နေ့က ကျင်းပခဲ့ သည်။

ယခုကျင်းပမည့် ဒုတိယအကြိမ်‌မြောက် နွေဦးအောင်လံဆုတောင်းပွဲတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများ ၊ ဘာသာပေါင်းစုံမှ ဆရာတော်ကြီးများ ၊ တော်လှန်ရေးတပ်ဦးမှ ခေါင်းဆောင်များနှင့် ရန်ကုန်မြေပြင်သပိတ် အဖွဲ့အစည်းများ ပါဝင်မည်ဟု သိရသည်။

"ပြည်သူများအနေနဲ့ ယုံကြည်ချက်ကြောင့် မတရားအကျဉ်းချခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများ အားလုံးလွတ်မြောက်ဖို့အတွက် “နွေဦးအောင်လံ ဆုတောင်းပွဲ” ကို ပူးပေါင်းပေးပါ ၊ ဆုတောင်းပေးကြပါ၊ နိုင်ငံကို ကယ်တင်ဖို့အတွက် တော်လှန်ခြင်းမှတပါး အခြားမရှိတော့ပါ"ဟု ပွဲဖြစ်မြောက်ရေး ကော်မတီက ပြောသည်။
ဒုတိယအကြိမ် “နွေဦးအောင်လံဆုတောင်းပွဲ” အား ၂၀၂၃ ခု၊ ဩဂုတ် ၃၀ ရက် ဗုဒ္ဓဟူးနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီတွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ယခုဩဂုတ်လ ၂၈ ရက်နေ့အထိ လူပေါင်း ၁၉,၉၅၀ ခန့် စစ်ကောင်စီ၏ အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်း ခံထားရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#နွေဦးအောင်လံ
#နိုင်/ကျဉ်း
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🤮1
ရေးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွား စစ်ကောင်စီဘက်က ၇ ဦးသေဆုံး
❤8😁1
ရေးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွား စစ်ကောင်စီဘက်က ၇ ဦးသေဆုံး
=================

YT
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ကျေးရွာအတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများနှင့် နယ်မြေခံ KNLA ပူးပေါင်းစစ်ကြောင်းအကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်တွင် ခုနစ်ဦးသေဆုံး၍ ရှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း တောင်ပိုင်းတိုင်း J.O.C (Joint Operations Command) အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံးက ထုတ်ပြန်သည်။

" မနေ့က ကျားဖြူတပ်ခွဲ(၁) နဲ့ ကျားဖြူတပ်ခွဲ(၆) တို့ပူးပေါင်းပြီးတော့ သံကတိုက်ကျေးရွာမှာ တိုက်ပွဲစတင်ဖြစ်ပါတယ်၊ စစ်ကောင်စီဘက်က အင်အား ၁၅၀ နီးပါး ထိုးတက်လာတဲ့အပေါ် ကျွန်တော်တို့နဲ့ ထိတွေ့ပြီးတော့ ဖြစ်တာပေါ့" ဟု ကျားဖြူစစ်ကြောင်းမှ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။

ယမန်နေ့ ဩဂုတ်လ ၂၈ ရက်နေ့၊ ညနေ ၄ နာရီခန့်တွင် စစ်ကောင်စီတပ်က အင်အား ၁၅၀ ဝန်းကျင်ဖြင့် ရေးမြို့နယ်၊ ကနင်ကမော့ကျေးရွာနှင့် သံကတိုက်ကျေးရွာအနီးသို့ စစ်ကြောင်းထိုးလာမည်ကို သတင်းရထား၍ တပ်မဟာ (၆) KNLA တပ်ရင်း (၂၇)၊ တပ်ခွဲ (၄)၊ ကျားဖြူစစ်ကြောင်းတို့က ကြိုတင်စောင့်ကာ ပစ်ခတ်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် စစ်ကြောင်းထိုး စစ်ကောင်စီစစ်ကြောင်းနှင့် KNLA ပူးပေါင်းစစ်ကြောင်းအကြား ၄၅ မိနစ်ခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းနှင့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်တွင် ဗိုလ်ကြီး၊ တပ်ကြပ်ကြီးများအပါအဝင် ခုနစ်ဦးသေဆုံး၍ ရှစ်ဦးထိခိုက်ဒဏ်ရာရထားကာ နှစ်ဦးသည် ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

KNLA ပူးပေါင်းစစ်ကြောင်းဘက်တွင်လည်း ကျားဖြူတပ်ခွဲ (၆)မှ ရဲဘော်တဦး ဦးခေါင်းတွင် ၄၀ မမ အစထိအမှန်၍ ထိခိုက်ဒဏ်ရာရထားကြောင်း သိရသည်။

" ရန်သူဘက်က သူတို့ရဲ့ စစ်ကြောင်း(၂) စစ်ကြောင်းမှူး ဗိုလ်ကြီးဇော်လွင်ဦး ကျတယ်။ နောက်ပြီးရဲဘော် ခုနစ်ယောက်ကျတယ်၊ နောက်ပြီး တပ်ထိန်းတွေ တပ်ကြပ်ကြီးတွေလည်းပါတယ် ကျတဲ့ထဲမှာ။ ဒဏ်ရာရတဲ့ ရှစ်ယောက်ထဲမှာ နှစ်ယောက်ကတော့ ရှင်ဖို့အလားအလာ နည်းတယ်လို့ သိရတယ်" ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားစဉ်နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက်တွင် ရေးမြို့နယ်ရှိ စစ်ကောင်စီ အမြှောက်တပ်မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါနယ်မြေအတွင်း စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်ကြောင်း တောင်ပိုင်းတိုင်း J.O.C (Joint Commanding Office) အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံးမှ တာဝန်ရှိသူတဦးနှင့် ကျားဖြူစစ်ကြောင်း တာဝန်ရှိသူတဦးထံက သိရသည်။

" အခုလက်ရှိကတော့ စစ်ကောင်စီကတော့ ပြန်လည်ဆုတ်ခွာသွားပြီး အခြားတနေရာကို ရောက်ရှိသွားပြီ၊ အဲ့ဒီမှာ သူတို့အင်အားပြန်ဖြည့်ပြီး စစ်ကြောင်းပြန်ထိုးမယ်လို့ သတင်းရတယ်" ဟု ကျားဖြူစစ်ကြောင်း တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

ယမန်နေ့ ဩဂုတ်လ ၂၈ ရက်နေ့၊ နံနက် ၁၁ နာရီတွင် ရေးမြို့နယ်အခြေစိုက် အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့် ခလရ (၆၁) ကို မွန်နှင့် တနင်္သာရီမှတော်လှန်ရေးအင်အားစုများ ပူးပေါင်း၍ SF-Z အမျိုးအစား မောင်းသူမဲ့လေယာဉ်ဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး အထိအခိုက် အပျက်အစီးများအား စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#မောင်းသူမဲ့လေယာဉ်
#ရေးမြို့နယ်
#KNLA

ပုံအညွှန်း- KNLA ပူးပေါင်းစစ်ကြောင်း ရဲဘော်များ (ဓါတ်ပုံ- တောင်ပိုင်းတိုင်း J.O.C (Joint Commanding Office) အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံး)

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14❤2👏2😁1
“သပိတ်ကျင်း တမြို့နယ်လုံးမှာ စစ်ဆင်ရေး စနေပါပြီ” (ရုပ်/သံ)
====================

KMN(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်မှာ ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလကနေ သြဂုတ် လ ၂၈ ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တိုက်ပွဲပေါင်း အကြိမ်ရေ ၂ဝ ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ဘက်က ၃၄ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ခံက ပြောပါတယ်။

သပိတ်ကျင်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတာ ကြောင့် စစ်ဘေးတိမ်းရှောင်နေရသူ ၃,ဝဝဝ ကျော် ရှိနေပါတယ်။

သပိတ်ကျင်းမြို့နယ်မှာဆောင်ရွက်နေတဲ့ စစ်ဆင်ရေးအခြေအနေ၊ စစ်ဘေးရှောင်တွေရဲ့ မိုးရာသီကာလ အခက်အခဲတွေနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်မှာဖွဲ့စည်းထားတဲ့ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံကို မဇ္ဈိမကဆက်သွယ်မေးမြန်းထားပါတယ်။

တင်ဆက်၊ တည်းဖြတ် - KMN

https://youtu.be/diDshIrZsM0?si=5KPNDcizeQ2HwkZ5

#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10❤3🔥1🥰1