Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ကြာအင်းဆိပ်ကြီးတွင် စစ်ကောင်စီလက်အောက်ခံ ရုံးများ ၂ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကြဲခံရ
👍14🔥1
ကြာအင်းဆိပ်ကြီးတွင် စစ်ကောင်စီလက်အောက်ခံ ရုံးများ ၂ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကြဲခံရ
=====================

YT
(မဇ္ဈိမ) ။ ။ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ အမှတ်(၅)ရပ်ကွက်ရှိ စစ်ကောင်စီလက်အောက်ခံ ရုံး လေးခုအား တပ်မဟာ(၆) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပါဝင်သော တော်လှန် ရေးအင်အားစုများက နှစ် ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိသည်။

ဩဂုတ်လ ၂၇ ရက်နေ့ညက ကြာအင်းဆိပ်ကြီးမြို့ အမှတ်(၅)ရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရုံး၊ မြို့နယ်စာရင်းစစ်ရုံးနှင့် မြို့နယ်စိုက်ပျိုးမွေးမြူရေးဘဏ်၊ ၂၈ ရက်ညပိုင်းတွင် မြို့နယ်သမဝါယမရုံးတို့ အား တပ်မဟာ (၆) KNLA ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“မနေ့က ည ၁၀ နာရီနဲ့ ၁၁ နာရီဝန်းကျင်မှာ ကြာအင်းဆိပ်ကြီးထဲက သမဝါယမရုံးကို ဒရုန်းနဲ့ ဗုံးသီးနှစ် လုံးချတယ်။ တနေ့ကလည်း ည ၁၀ နာရီနဲ့ ၁၁ နာရီဝန်းကျင်မှာ မြို့နယ်စည်ပင်သာယာရုံးကို နှစ်လုံး၊ မြို့ နယ်စာရင်းစစ်ရုံးကို တလုံး၊ မြို့နယ်စိုက်ပျိုးမွေးမြူရေးဘဏ်ကိုတလုံးချတယ်လို့တော့ ကြားတယ်။ ကျွန် တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖူးတဲ့အဖွဲ့တွေ လုပ်တာပါ” ဟု Cloud Wings ဒရုန်းတပ်ဖွဲ့က မဇ္ဈိမကို အတည်ပြုပြောဆိုသည်။

ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အဆောက်အအုံများ ပျက်စီးမှုများရှိပြီး အဆိုပါရုံးများတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နီးစပ်ရာပတ်ဝန်းကျင်ကို ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဗုံးကြဲတိုက်ခိုက်ခံရ၍ လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်သားများ အထိအခိုက်ရှိကြောင်း သတင်းများ ထွက်ပေါ်နေပြီး ထိခိုက်မှုအတိအကျအား မဇ္ဈိမအနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။

ကြာအင်းဆိပ်ကြီးမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) အုပ်ချုပ်နယ်မြေ အတွင်းတည်ရှိပြီး မြို့အတွင်းရှိ စစ်ကောင်စီအထိုင်ချရာ တပ်စခန်းများ၊ အစိုးရရုံးများအား တော်လှန်ရေး အင်အားစုများက ဒရုန်း၊ လက်နက်ကြီးများဖြင့် မကြာခဏ သွားရောက်တိုက်ခိုက်လေ့ရှိသည်။

စာတည်း။ ။စောဖေ

#ကရင်ပြည်နယ်
#တပ်မဟာ(၆)
#ကြာအင်းဆိပ်ကြီးမြို့နယ်

ပုံအညွှန်း- ဩဂုတ်လ ၂၇ ရက်နေ့ည ဒရုန်းဖြင့် ဗုံးကြဲခံရ၍ အစိုးရရုံးများ၌ ပျက်စီးမှုများ (ဓါတ်ပုံ- PAN Telegram)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14🔥1👏1
​​ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူမသုံးရန်နှင့် စစ်ကောင်စီကိုဖြိုမည့် ဘဏ္ဍာရေးတိုက်ပွဲဝင်နွှဲရန် ပဲခူးတိုင်းတော်လှန်ရေးအင်အားစုများထုတ်ပြန်
====================

ရွှေနွယ်
(မဇ္ဈိမ) ။ ။ကျပ် ၂၀,၀၀၀တန်ငွေစက္ကူအား အသုံးမပြုကြရန်နှင့် စစ်ကောင်စီ၏ဘဏ္ဍာ‌ရေးစနစ်ကို ဖြိုချနေသည့် ဘဏ္ဍာရေးတိုက်ပွဲ၌ ပူးပေါင်းပါဝင်ပေးကြရန် ပဲခူးတိုင်းမှ တော်လှန်ရေးအင်အားစုများက ထုတ်ပြန်တောင်းဆိုသည်။

မိုးညို၊ သာယာဝတီ၊ အုတ်ဖို၊ မင်းလှ၊ နတ်တလင်း၊ ဇီးကုန်းနှင့် ကြို့ပင်ကောက်မြို့နယ်တို့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက ဩဂုတ်လ ၂၆ရက်မှ ဩဂုတ်လ ၂၈ရက်အတွင်း ထုတ်ပြန်ခြင်းဖြစ်သည်။

ပြည်သူလူထုအနေဖြင့် တရားမဝင် ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူကို လက်ဝယ်ထားရှိခြင်း၊ သုံးစွဲခြင်း၊ ငွေကြေးလွှဲပြောင်းခြင်းမပြုကြရန် မေတ္တာရပ်ခံထားသည်။အခြေခံလူတန်းစားများ၊ သာမာန်ပြည်သူများ၏ ရှောင်လွှဲ၍ မရသောအခြေအနေများကို နားလည်သော်လည်း အတတ်နိုင်ဆုံးရှောင်ရှားကြရန်၊ နိုင်ငံတွင်းငွေကြေးဖောင်းပွစေမှုကို အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပူးပေါင်းတားဆီးရန်နှင့် စစ်ကောင်စီ၏ ဘဏ္ဏာရေးစနစ်ကို ဖြိုချနေသည့်ဘဏ္ဍာရေးတိုက်ပွဲတွင် ပူးပေါင်းပါဝင်ပေးကြရန် ၎င်းတို့က တိုက်တွန်းထားသည်။

“NUG နဲ့အတူ ပြည်သူကပူးပေါင်းပေးဖို့ ပန်ကြားတာပါ။ လိမ္မာပါးနပ်စွာနဲ့ရှောင်ရှားကြဖို့ပါ။ စစ်ကောင်စီရဲ့ဘဏ္ဍာရေးအုတ်မြစ်ကိုဖြိုမယ့် တိုက်ပွဲမှာ ပြည်သူတွေအနေနဲ့ ဝင်နွှဲပေးကြပါ” ဟု သာယာဝတီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ဒုတိယတာဝန်ခံက မဇ္ဈိမကိုပြောသည်။

တရားမဝင် ၂၀,၀၀၀ ကျပ်တန် ငွေစက္ကူများကို ငွေကြေးလည်ပတ်မှုတွင် အသိအမှတ်ပြုလက်ခံသုံးစွဲသော ဘဏ်များနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအား အထောက်အထားနှင့်တကွ အမျိုးသားညီညွတ်ရေးအစိုးရ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သို့ အသိပေးတိုင်ကြားကြရန်လည်း တိုက်တွန်းထားသည်။
စစ်ကောင်စီက ကျပ် ၂၀,၀၀၀တန်ငွေစက္ကူအား ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့တွင် စတင်ထုတ်ဝေခဲ့သည်။ယင်းငွေစက္ကူသည် တရားမဝင်ကြောင်း၊ ထိုကြောင့် ပုဂ္ဂလိကဘဏ်များ၊ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများတွင် သုံးစွဲခြင်းမပြုလုပ်ကြရန်နှင့် မလိုက်နာပါက ဥပဒေအရအရေးယူမည်ဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ဩဂုတ်လ ၂၄ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည်။

ထို့နောက်ပိုင်းတွင် စစ်ကိုင်းနှင့် မကွေးတိုင်းမှ တော်လှန်ရေးအင်အားစုများက ပြည်သူများ ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူမသုံးစွဲကြရန်၊ ဆန့်ကျင်ကြရန် ထုတ်ပြန်တောင်းဆိုခဲ့ကြသည်။ ယခုအခါ ပဲခူးတိုင်းမှ တော်လှန်ရေးအင်အားစုများကထုတ်ပြန်ခြင်းဖြစ်သည်။
စစ်ကောင်စီကငွေစက္ကူအသစ်များ ရိုက်နှိပ်ထုတ်ဝေခြင်းသည် ဘဏ္ဍာရေးယိုင်နဲ့နေခြင်းကို ဖော်ပြနေပြီး နောက်ဆက်တွဲအနေဖြင့် အခြေခံလူတန်းစားများသည် ငွေကြေးဖောင်းပွမှုဒဏ်ကို အလူးအလဲ ခံရမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် ‌စီးပွားရေးဆိုင်ရာပညာရှင်အချို့က ‌ထောက်ပြသတိ‌‌ပေးထားသည်။

စာတည်း - အေးချမ်း

#mizzima
#ကျပ်၂၀,၀၀၀တန်ငွေစက္ကူ
#ဘဏ္ဍာရေးတိုက်ပွဲ
#ပဲခူးတိုင်းတော်လှန်ရေးအင်အားစုမျာ

ပုံအညွှန်း - စစ်ကောင်စီမှထုတ်ဝေသည့်ကျပ် ၂၀၀၀၀ တန်ငွေစက္ကူ
👍22❤3😁1
တရုတ်- မြန်မာ နယ်စပ်အနီး တိုက်ပွဲပြင်းထန်
🔥3👍2
တရုတ်- မြန်မာ နယ်စပ်အနီး တိုက်ပွဲပြင်းထန်
=================

ခိုင်မင်းမြတ်
(မဇ္ဈိမ) ။ ။ တရုတ်- မြန်မာနယ်စပ်အနီး စစ်ကြောင်း ငါးကြောင်းဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် တအာင်းတပ်မတော် (TNLA) တို့အကြား ဩဂုတ်လ ၂၈ ရက်နေ့နံနက် ၈ နာရီမှ ညနေ ၆ ဝန်းကျင်အထိ တနေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း TNLA ဘက်က ယနေ့တွင် ထုတ်ပြန်လာသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်၊ ခိုမုန်းကျေးရွာအနီးသို့ စစ်ကောင်းထိုးလာသည့် ပြည်သူ့စစ်၊ စစ်ကောင်စီတပ် ပူးပေါင်းတပ်နှင့် TNLA တပ်တို့အကြား တိုက်ပွဲများ ပြင်းထန်ခဲ့ခြင်း ဖြစ်သည်။
တရုတ်နယ်စပ်နှင့် ၁ ဒဿမ ၅၄ ကီလိုမီတာသာ ကွာဝေးသည့် ခိုမုန်းကျေးရွာ အနီးတွင် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ် စစ်ကြောင်းများမှာ တပ်မ(၉၉)လက် အောက်ခံ (၄၂၁)၊ (၄၂၃)နှင့် (၅၇၇) စစ်ကြောင်းတို့ ဖြစ်သည်။

ထိုစစ်ကောင်စီတပ်နှင့် ပူးပေါင်းစစ်ကြောင်းထိုးလာသည့် ပြည်သူ့စစ်တပ်ဖွဲ့ များမှာ ရှောက်ဟော်၊ လုံထန်၊ မြို့မ (၁.၂.၃) တို့ ဖြစ်ကြောင်း TNLA က ထုတ်ပြန်သည်။

တိုက်ပွဲအတွင်း နမ့်ဖက်ကာ (၁၂၃) တပ်ကလည်း တိုက်ပွဲဖြစ်ပွားရာ ခိုမုန်းကျေးရွာအနီးသို့ ၁၀၀ မမ လက်နက်ကြီးဖြင့် ရှစ်ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLA က ဆိုသည်။
ထို့ပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီး အချက် ၂၀ ထက်မနည်း ပစ်ခတ်မှု ကြောင့် မူဆယ်မြို့နယ်၊ စယ်လန်ကျေးရွာအနီး ဘုရားတောင်ရှိ ဘုန်းတော်ကြီးကျောင်း မီးလောင်သွားခဲ့ကြောင်း သိရသည်။

အလားတူ လားရှိုးမြို့နယ်တွင် စစ်ယာဉ်တန်းဖြင့် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် TNLA တပ်တို့ အကြား ယနေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲများအတွင်း နှစ်ဘက်ထိခိုက်ကျဆုံးမှု အခြေအနေ အသေးစိတ်ကို မသိရသေးပေ။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၌ ဩဂုတ်လ ၂၇ ရက် မွန်းလွဲပိုင်းကလည်း စစ်ကောင်စီတပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် TNLA တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ဘက်မှ တဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရသွားသည်ဟု TNLA ပြန်ကြားရေးအဖွဲ့ရုံးမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို အတည်ပြုထားသည်။

စာတည်း။ ။ နောင်နောင်

#TNLA
#စစ်ကောင်စီ
#မူဆယ်
#Mizzima

Photos- TNLA

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19🔥1
​​SkyKnight ဗုံးကြဲဒရုန်းအသစ်အား ထုတ်ဖော်ပြသခဲ့သည့် ယူကရိန်းစစ်တပ်
======================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤6👍2🔥1
​​အာကာသအေဂျင်စီပေါင်းစုံပါဝင်သည့် Crew-7 မစ်ရှင်အား SpaceX ကုမ္ပဏီလွှတ်တင်
=======================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥1
ယင်းမာပင်တွင် စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်ဖွဲ့ မောင်းသူမဲ့လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်
❤13👍3🔥1
ယင်းမာပင်တွင် စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်ဖွဲ့ မောင်းသူမဲ့လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်
====================

ပါခွီး
(မဇ္စျိမ) ။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများကို မောင်းသူမဲ့လေယာဉ်ငယ်ဖြင့် ဗုံးကြဲတိုက်ခိုက်လိုက်ကြောင်း Chindwin Brother တပ်ဖွဲ့က ဩဂုတ်လ ၂၈ ရက်တွင် ထုတ်ပြန်သည်။

ယင်းမာပင်မြို့နယ် စည်သူကျေးရွာ နှင့် ပန်းတိန်ပြင်ကျေးရွာတို့ရှိ သစ်ကွင်းများ၌ သစ်ထုတ်လုပ်နေသည့် စစ်ကောင်စီတပ်သားများ ကျောက်မှော်ကျေးရွာအနီးတွင် ကင်းပုန်းဝပ်နေစဉ် Shar Htoo Waw နည်း ပညာသုံး မောင်းသူမဲ့လေယာဉ်ငယ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ကင်းပုန်းဝပ်နေတဲ့နေရာကို အတိအကျတိုက်ခိုက်နိုင်ခဲ့တဲ့အတွက် အသေအပျောက်ရှိတယ်လို့ သိရပါ တယ်။ အရေအတွက်ကိုတော့ အတည်ပြုလို့မရသေးပါဘူး” ဟု Chindwin Brother တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

ယင်းတိုက်ခိုက်မှုသည် ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့ (DGF) တပ်ခွဲ တည်ထောင်သူ ဗိုလ်သူရ (ခေါ်) ကိုလှမင်း ချောင်းမရွာအနီးတိုက်ပွဲတွင်ကျဆုံးခဲ့သည့် တနှစ်မြောက်နှစ်ပတ်လည်နေ့အဖြစ် သွေးကြွေး ဆပ် လက်တုန့်ပြန်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို Dragon Brother Task Force (DBTF) ၊ B21 (ကနီ) နှင့် Chindwin Brother (DGF) တပ်ခွဲတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဩဂုတ်လ ၂၄ ရက်နေ့ကလည်း မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ ဘုတလင်မြို့သို့ ထွက်လာသည့်စစ်ကြောင်း စခန်းချနားသည့် နေရာများကို Chindwin Brother အဖွဲ့နှင့် မဟာမိတ်များ ပူးပေါင်း၍ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး တဦးပြင်းထန်ဒဏ်ရာ ရရှိ သွားကြောင်း သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#မောင်းသူမဲ့လေယာဉ်
#ဗုံးကြဲတိုက်ခိုက်

ပုံအညွှန်း-ကာကွယ်ရေးတပ်ဖွဲ့ လေယာဉ်ငယ်ဖြင့် ဗုံးကြဲတိုက်ခိုက်စဉ်။(ဓာတ်ပုံ-Chindwin Brother)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16🔥1👏1
​​ကန်ပက်လက်မှ Non CDM ကျန်းမာရေးဝန်ထမ်း ၆၀ အမည်ပျက်စာရင်းသွင်း
=======================

ကိုခင်မောင်
(မဇ္စျိမ)။ ။ကန်ပက်လက်မြို့နယ်ဆေးရုံ လက်ထောက်ဆရာဝန်အပါအဝင် ကျန်းမာရေးဌာနမှ Non CDM ဝန်ထမ်း ၆၀ဦးသည်စစ်ကောင်စီနှင့်ပူးပေါင်းနေ၍ အမည်ပျက်ဝန်ထမ်းများအဖြစ် ကြေညာကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သြဂုတ်လ ၂၈ရက်နေ့တွင် ထုတ်ပြန်သည်။

ကျန်းမာရေးဝန်ထမ်း အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၄၇ ဦးကို အမည်ပျက်ဝန်ထမ်းများအဖြစ် ကြေညာခြင်းဖြစ်သည်။ ရာထူးအကြီးဆုံးသည် လက်ထောက်ဆရာဝန်ဖြစ်ပြီး ဆေးခန်းစောင့်နှင့် နေစားဝန်ထမ်းအချို့လည်းပါဝင်သည်။

" ကျွန်တော်တို့မြိုနယ်မှာ Non-CDM ကလူနည်းစုပါ။ အခုလိုထုတ်ပြန်ကြေညာတာကလည်း CDM နဲ့ Non- CDM ဘယ်လိုမှ မကွဲပြားဘူး။

တခုခု တနေရာရာ သွားရင် ကျွန်တော်တို့ CDM ဝင်တယ်လို့ ပြောတယ်။ အဲဒီလူတွေက တကယ်တော့မဝင်ဘူး။ ဒီလိုမဝင်တဲ့ သူတွေကို blacklist ကြေညာတဲ့အတွက်ကြောင့် ကွဲကွဲပြားပြားသိသာသွားတာပေါ့။ ကွဲကွဲပြားပြားသိသာသွားချင်လို့ ကျွန်တော်တို့ ထုတ်ပြန်ရခြင်းဖြစ်နေတယ်” ဟု ကန်ပက်လက်မြို့နယ် ပအဖအဖွဲ့မှ တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။

အမည်ပျက်စာရင်းထုတ်ပြန်လိုက်သော Non CDMများသည် စစ်ကောင်စီ၏ ယန္တရားကို လည် ပတ်စေပြီး ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများအား တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း နှောင့်ယှက်နေသည်ဟုဆိုသည်။

စာရင်းပါ ဝန်ထမ်းများအနေဖြင့် ခိုင်လုံသော အထောက်အထားဖြင့် CDM/ Non- CDM စုံစမ်းစစ်ဆေးရေးကော်မတီထံသို့ အယူခံဝင်ခွင့်ရှိသည်ဟု ကန်ပက်လက်မြို့နယ်ပအဖက ထုတ်ပြန်ထားသည်။ နောက်ထပ် Non-CDM များ၏ အမည်ပျက်စာရင်းကိုလည်း ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
ပြီးခဲ့သည့် ဇူလိုင် ၄ ရက်ကလည်း ကန်ပက်လက်မြို့နယ်၊ ပညာရေးဌာနမှ Non CDM ဝန်ထမ်း ၃၂၂ ဦးအား အမည်ပျက်ဝန်ထမ်းအဖြစ် ကန်ပက်လက်မြို့နယ်ပအဖကြေညာခဲ့သည်။အမည်ပျက်စာရင်း ကြေညာခံရသူများကို CDF ဂိတ်ဖြတ်သန်းခွင့်တားမြစ်သွားမည်ဟုလည်း ထုတ်ပြန်ထားသ

ယခုအခါ ကန်ပက်လက်မြို့နယ်ရှိ ကျေးရွာပေါင်း ၁၀၀ ကျော်တွင်CDM ကျန်းမာရေးဝန်ထမ်း ၁၀၀ နီးပါးဖြင့် ဒေသခံများအား ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသည်ဟု သိရသည်။
စာတည်း - အေးချမ်း

#mizzima
#ကန်ပက်လက်မြို့နယ်
#ကျန်းမာရေးဌာန
#Non CDM
#အမည်ပျက်စာရင်း

ပုံအညွှန်း။ ။ကန်ပက်လက်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း ဆန္ဒပြ ပြည်သူများ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19👏2😁1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် သြဂုတ်လ ၂၉ ရက်ထုတ်လွှင့်မှုများ
===================

https://youtu.be/8S6Fvqs5o0w?si=xWVULpYp-XwQHjAP

#PVTV
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🤮1
​​တွေ့ဆုံဆွေးနွေးရေး ကြိုးပမ်းမှုသည် “ဖိနှိပ်မှုများကို ပိုဆိုးရွားစေသည်” ဟု NUG ပြော
=========================

001
(မဇ္ဈိမ) ။ ။ မြန်မာ့အရေးအပေါ် တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတို့ အကြား တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ အာဆီယံက ကြိုးပမ်းနေပြီး ထိုတွေ့ဆုံဆွေးနွေးရေး တခုတည်းကို ဇောင်းပေးပြီး တိုက်တွန်းနေခြင်းက စစ်ကောင်စီကို အချိန်ပေးခြင်းဖြစ်ပြီး စစ်ကောင်စီ၏ “ဖိနှိပ်မှုများကို ပိုမိုဆိုးရွားစေသည်” ဟု NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

အာဆီယံ၏ ကြိုးစားမှု နှစ်နှစ်တာ ကာလတွင် စစ်ကောင်စီ၏ တုံ့ပြန်မှုကို ကြည့်ပါက စစ်ကောင်စီအနေဖြင့် စေ့စပ်ဆွေးနွေးရေးကို စိတ်ဝင်စားမှု မရှိကြောင်း ပြသနေသည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ယနေ့ ဩဂုတ်လ ၂၉ ရက်နေ့ ညနေပိုင်းတွင် ကျင်းပသည့် NUG အစိုးရ၏ သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားရေးဌာန၊ ပြည်ထောာင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က သတင်းထောက်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

“သူတို့နည်းသူတို့ ဟန်နဲ့ပဲ ရွေးကောက်ပွဲအကြောင်းပြပြီး ရွေးကောက်ပွဲ ပြန်လုပ်မယ့်အရေးကို အာရုံစိုက်နေတာကိုတွေ့ရတယ်၊ ဒါတွေကို ကြည့်ခြင်း အားဖြင့် နိုင်ငံတကာက အခုမေးမြန်းနေတဲ့ စိတ်ဝင်စားနေတဲ့ စေ့စပ်ဆွေးနွေး ရေးကို စိတ်ဝင်စားမှုမရှိဘူး၊ လိုက်လျောဖို့မရှိဘူးဆိုတာ ပြနေတာဖြစ်တယ်၊ ဒါကြောင့်မလို့ ကျွန်မတို့ကို ဒီတွေ့ဆုံဆွေးနွေးရေးတခုတည်းကိုပဲ ဇောင်းပေးပြီးတော့ ပြောနေတာက တိုက်တွန်းနေတာက စစ်ကောင်စီကို အချိန်ပေးပြီးတော့ သူ့ရဲ့ဖိနှိပ်မှုတွေကို ပိုမိုဆိုးရွားစေတယ်ဆိုတာကိုပဲ ဖြစ်စေတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တစ်ခုတည်းသော နိုင်ငံရေးလမ်းပြ မြေပုံမှာ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညဉ်သာဖြစ်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးက ထပ်လောင်း ပြောသည်။
“စစ်ကောင်စီကသူ့ရဲ့ထွက်ပေါက်ဆီကိုသွားဖို့လို့ အချိန်ဆွဲတဲ့ Mechanism (ယန္တရား) ကိုသုံးနေတာဖြစ်တဲ့အတွက် ဒါကိုပဲ ဒိုင်ယာလော့ကို အယောင်ပြပြီး သူသက်ဆိုးရှည်ဖို့ လုပ်နေတဲ့ကိစ္စကို ကျွန်မတို့ supporting လုပ်သလိုပဲ ဖြစ်နေမယ့် အခြေအနေမျိုးရှိတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ဆက်ပြောသည်။

တွေ့ဆုံဆွေးနွေးရေးပြောမည်ဆိုပါက အချိန်အခါနှင့် ပတ်ဝန်းကျင် ဟုတ်၊ မဟုတ် အရင်ဆုံး သုံးသပ်ရန် လိုအပ်ပြီး စစ်ကောင်စီအနေဖြင့်လည်း တွေ့ဆုံဆွေးနွေးရေးကို အယောင်ပြကာ သက်ဆိုးရှည်ရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

တစ်ဖက်တွင်လည်း NUG၊ PDF တို့ဖြင့် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း “သွားစရာမရှိ” ဟု အာဏာသိမ်း စစ်ကောင်စီဘက်က ဩဂုတ်လ ၂၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် မြန်မာ့အရေးကို ဖြေရှင်းရန် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ် အခြေခံထားသည့် အာဆီယံ၏ ကြိုးပမ်းသည် လက်ရှိအချိန်ထိ တစုံတရာ တိုးတက်မှု မရှိကြောင်း မြန်မာ့အရေး လေ့လာသူများနှင့် စောင့်ကြည့်နေသူများက ဝေဖန်နေကြသည်။

လက်ရှိ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများမှာ ယခင်ကထက် ပြင်းထန်လာပြီး ယခုဧပြီလ ၁၁ ရက်နေ့ နံနက်ပိုင်းက ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့၍ လူပေါင်း ၁၅၀ ထက်မနည်း သေဆုံးခဲ့သည်။

စာတည်း။ ။ နောင်နောင်

#တွေ့ဆုံရေး
#NUG
#စစ်ကောင်စီ
#mizzimma
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍38🥰1🤣1
သြဂုတ်လ (၃၀)ရက်၊ ဗုဒ္ဓဟူးနေ့ မနက်ပိုင်း မဇ္ဈိမ ရေဒီယို အစီအစဉ်
=====================

ဒီကနေ့ မနက်နားဆင်ရမယ့် အစီစဉ်တွေတွေကတော့
စစ်ကောင်စီကို ငွေကြေးတိုက်ရိုက်ထောက်ပံ့မှုမလုပ်ဘူးလို့ သြစတြေးလျပြောလိုက်တဲ့အကြောင်းတွေနဲ့အတူ မုန်းမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ်မှကျောင်းများ ပိတ်ထားရတယ်ဆိုတဲ့ နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊စီးပွားရေးသတင်း၊နောက်ဆုံးရနိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအနေနဲ့ “မရွှေမိုးရဲ့လေးညှို့သံ” ဆောင်းပါးအစီအစဉ်ကို နားဆင်ရမှာပါ။

https://youtu.be/LQLyyHlK82I?si=vrZtGzaYnAUcpgfL

#ကလေးသူငယ်
#အမျိုးသမီး
#စစ်ဘေးဒုက္ခ
#Mizzimaradio
#Morningradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🤮1
အကြမ်းဖက် စစ်ကောင်စီနဲ့ ဆက်ဆံရေးပျက်ပြားရတာကို ဂုဏ်ယူနေတဲ့ အရှေ့တီမော
=====================

အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ ရှားရှားပါးပါး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တရားဝင် ဆက်ဆံရေး ထူထောင်ထားတဲ့ အရှေ့တီမောနိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ ယာယီသံတမန်ကို မြန်မာနိုင်ငံကနေ ထွက်ခွာသွားဖို့ စစ်ကောင်စီက ထုတ်ပြန်လိုက်ပါတယ်။
ဒီလို သံတမန်တစ်ယောက်ကို နှင်ထုတ်ပြီး သံခင်းတမန်ခင်း ဖြတ်တောက်တာဟာ စစ်ကောင်စီ အာဏာသိမ်းပြီး ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

https://youtu.be/Ggb-aMkg6LE?si=d-InT-T2vluD06yU

#politics
#newsfeature
#mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍20🥰1🤮1