Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ယင်းမာပင်တွင် စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်ဖွဲ့ မောင်းသူမဲ့လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်
====================

ပါခွီး
(မဇ္စျိမ) ။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများကို မောင်းသူမဲ့လေယာဉ်ငယ်ဖြင့် ဗုံးကြဲတိုက်ခိုက်လိုက်ကြောင်း Chindwin Brother တပ်ဖွဲ့က ဩဂုတ်လ ၂၈ ရက်တွင် ထုတ်ပြန်သည်။

ယင်းမာပင်မြို့နယ် စည်သူကျေးရွာ နှင့် ပန်းတိန်ပြင်ကျေးရွာတို့ရှိ သစ်ကွင်းများ၌ သစ်ထုတ်လုပ်နေသည့် စစ်ကောင်စီတပ်သားများ ကျောက်မှော်ကျေးရွာအနီးတွင် ကင်းပုန်းဝပ်နေစဉ် Shar Htoo Waw နည်း ပညာသုံး မောင်းသူမဲ့လေယာဉ်ငယ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ကင်းပုန်းဝပ်နေတဲ့နေရာကို အတိအကျတိုက်ခိုက်နိုင်ခဲ့တဲ့အတွက် အသေအပျောက်ရှိတယ်လို့ သိရပါ တယ်။ အရေအတွက်ကိုတော့ အတည်ပြုလို့မရသေးပါဘူး” ဟု Chindwin Brother တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

ယင်းတိုက်ခိုက်မှုသည် ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့ (DGF) တပ်ခွဲ တည်ထောင်သူ ဗိုလ်သူရ (ခေါ်) ကိုလှမင်း ချောင်းမရွာအနီးတိုက်ပွဲတွင်ကျဆုံးခဲ့သည့် တနှစ်မြောက်နှစ်ပတ်လည်နေ့အဖြစ် သွေးကြွေး ဆပ် လက်တုန့်ပြန်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို Dragon Brother Task Force (DBTF) ၊ B21 (ကနီ) နှင့် Chindwin Brother (DGF) တပ်ခွဲတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဩဂုတ်လ ၂၄ ရက်နေ့ကလည်း မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ ဘုတလင်မြို့သို့ ထွက်လာသည့်စစ်ကြောင်း စခန်းချနားသည့် နေရာများကို Chindwin Brother အဖွဲ့နှင့် မဟာမိတ်များ ပူးပေါင်း၍ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး တဦးပြင်းထန်ဒဏ်ရာ ရရှိ သွားကြောင်း သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#မောင်းသူမဲ့လေယာဉ်
#ဗုံးကြဲတိုက်ခိုက်

ပုံအညွှန်း-ကာကွယ်ရေးတပ်ဖွဲ့ လေယာဉ်ငယ်ဖြင့် ဗုံးကြဲတိုက်ခိုက်စဉ်။(ဓာတ်ပုံ-Chindwin Brother)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16🔥1👏1
​​ကန်ပက်လက်မှ Non CDM ကျန်းမာရေးဝန်ထမ်း ၆၀ အမည်ပျက်စာရင်းသွင်း
=======================

ကိုခင်မောင်
(မဇ္စျိမ)။ ။ကန်ပက်လက်မြို့နယ်ဆေးရုံ လက်ထောက်ဆရာဝန်အပါအဝင် ကျန်းမာရေးဌာနမှ Non CDM ဝန်ထမ်း ၆၀ဦးသည်စစ်ကောင်စီနှင့်ပူးပေါင်းနေ၍ အမည်ပျက်ဝန်ထမ်းများအဖြစ် ကြေညာကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သြဂုတ်လ ၂၈ရက်နေ့တွင် ထုတ်ပြန်သည်။

ကျန်းမာရေးဝန်ထမ်း အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၄၇ ဦးကို အမည်ပျက်ဝန်ထမ်းများအဖြစ် ကြေညာခြင်းဖြစ်သည်။ ရာထူးအကြီးဆုံးသည် လက်ထောက်ဆရာဝန်ဖြစ်ပြီး ဆေးခန်းစောင့်နှင့် နေစားဝန်ထမ်းအချို့လည်းပါဝင်သည်။

" ကျွန်တော်တို့မြိုနယ်မှာ Non-CDM ကလူနည်းစုပါ။ အခုလိုထုတ်ပြန်ကြေညာတာကလည်း CDM နဲ့ Non- CDM ဘယ်လိုမှ မကွဲပြားဘူး။

တခုခု တနေရာရာ သွားရင် ကျွန်တော်တို့ CDM ဝင်တယ်လို့ ပြောတယ်။ အဲဒီလူတွေက တကယ်တော့မဝင်ဘူး။ ဒီလိုမဝင်တဲ့ သူတွေကို blacklist ကြေညာတဲ့အတွက်ကြောင့် ကွဲကွဲပြားပြားသိသာသွားတာပေါ့။ ကွဲကွဲပြားပြားသိသာသွားချင်လို့ ကျွန်တော်တို့ ထုတ်ပြန်ရခြင်းဖြစ်နေတယ်” ဟု ကန်ပက်လက်မြို့နယ် ပအဖအဖွဲ့မှ တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။

အမည်ပျက်စာရင်းထုတ်ပြန်လိုက်သော Non CDMများသည် စစ်ကောင်စီ၏ ယန္တရားကို လည် ပတ်စေပြီး ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများအား တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း နှောင့်ယှက်နေသည်ဟုဆိုသည်။

စာရင်းပါ ဝန်ထမ်းများအနေဖြင့် ခိုင်လုံသော အထောက်အထားဖြင့် CDM/ Non- CDM စုံစမ်းစစ်ဆေးရေးကော်မတီထံသို့ အယူခံဝင်ခွင့်ရှိသည်ဟု ကန်ပက်လက်မြို့နယ်ပအဖက ထုတ်ပြန်ထားသည်။ နောက်ထပ် Non-CDM များ၏ အမည်ပျက်စာရင်းကိုလည်း ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
ပြီးခဲ့သည့် ဇူလိုင် ၄ ရက်ကလည်း ကန်ပက်လက်မြို့နယ်၊ ပညာရေးဌာနမှ Non CDM ဝန်ထမ်း ၃၂၂ ဦးအား အမည်ပျက်ဝန်ထမ်းအဖြစ် ကန်ပက်လက်မြို့နယ်ပအဖကြေညာခဲ့သည်။အမည်ပျက်စာရင်း ကြေညာခံရသူများကို CDF ဂိတ်ဖြတ်သန်းခွင့်တားမြစ်သွားမည်ဟုလည်း ထုတ်ပြန်ထားသ

ယခုအခါ ကန်ပက်လက်မြို့နယ်ရှိ ကျေးရွာပေါင်း ၁၀၀ ကျော်တွင်CDM ကျန်းမာရေးဝန်ထမ်း ၁၀၀ နီးပါးဖြင့် ဒေသခံများအား ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသည်ဟု သိရသည်။
စာတည်း - အေးချမ်း

#mizzima
#ကန်ပက်လက်မြို့နယ်
#ကျန်းမာရေးဌာန
#Non CDM
#အမည်ပျက်စာရင်း

ပုံအညွှန်း။ ။ကန်ပက်လက်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း ဆန္ဒပြ ပြည်သူများ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19👏2😁1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် သြဂုတ်လ ၂၉ ရက်ထုတ်လွှင့်မှုများ
===================

https://youtu.be/8S6Fvqs5o0w?si=xWVULpYp-XwQHjAP

#PVTV
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🤮1
​​တွေ့ဆုံဆွေးနွေးရေး ကြိုးပမ်းမှုသည် “ဖိနှိပ်မှုများကို ပိုဆိုးရွားစေသည်” ဟု NUG ပြော
=========================

001
(မဇ္ဈိမ) ။ ။ မြန်မာ့အရေးအပေါ် တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတို့ အကြား တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ အာဆီယံက ကြိုးပမ်းနေပြီး ထိုတွေ့ဆုံဆွေးနွေးရေး တခုတည်းကို ဇောင်းပေးပြီး တိုက်တွန်းနေခြင်းက စစ်ကောင်စီကို အချိန်ပေးခြင်းဖြစ်ပြီး စစ်ကောင်စီ၏ “ဖိနှိပ်မှုများကို ပိုမိုဆိုးရွားစေသည်” ဟု NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

အာဆီယံ၏ ကြိုးစားမှု နှစ်နှစ်တာ ကာလတွင် စစ်ကောင်စီ၏ တုံ့ပြန်မှုကို ကြည့်ပါက စစ်ကောင်စီအနေဖြင့် စေ့စပ်ဆွေးနွေးရေးကို စိတ်ဝင်စားမှု မရှိကြောင်း ပြသနေသည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ယနေ့ ဩဂုတ်လ ၂၉ ရက်နေ့ ညနေပိုင်းတွင် ကျင်းပသည့် NUG အစိုးရ၏ သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားရေးဌာန၊ ပြည်ထောာင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က သတင်းထောက်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

“သူတို့နည်းသူတို့ ဟန်နဲ့ပဲ ရွေးကောက်ပွဲအကြောင်းပြပြီး ရွေးကောက်ပွဲ ပြန်လုပ်မယ့်အရေးကို အာရုံစိုက်နေတာကိုတွေ့ရတယ်၊ ဒါတွေကို ကြည့်ခြင်း အားဖြင့် နိုင်ငံတကာက အခုမေးမြန်းနေတဲ့ စိတ်ဝင်စားနေတဲ့ စေ့စပ်ဆွေးနွေး ရေးကို စိတ်ဝင်စားမှုမရှိဘူး၊ လိုက်လျောဖို့မရှိဘူးဆိုတာ ပြနေတာဖြစ်တယ်၊ ဒါကြောင့်မလို့ ကျွန်မတို့ကို ဒီတွေ့ဆုံဆွေးနွေးရေးတခုတည်းကိုပဲ ဇောင်းပေးပြီးတော့ ပြောနေတာက တိုက်တွန်းနေတာက စစ်ကောင်စီကို အချိန်ပေးပြီးတော့ သူ့ရဲ့ဖိနှိပ်မှုတွေကို ပိုမိုဆိုးရွားစေတယ်ဆိုတာကိုပဲ ဖြစ်စေတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တစ်ခုတည်းသော နိုင်ငံရေးလမ်းပြ မြေပုံမှာ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညဉ်သာဖြစ်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးက ထပ်လောင်း ပြောသည်။
“စစ်ကောင်စီကသူ့ရဲ့ထွက်ပေါက်ဆီကိုသွားဖို့လို့ အချိန်ဆွဲတဲ့ Mechanism (ယန္တရား) ကိုသုံးနေတာဖြစ်တဲ့အတွက် ဒါကိုပဲ ဒိုင်ယာလော့ကို အယောင်ပြပြီး သူသက်ဆိုးရှည်ဖို့ လုပ်နေတဲ့ကိစ္စကို ကျွန်မတို့ supporting လုပ်သလိုပဲ ဖြစ်နေမယ့် အခြေအနေမျိုးရှိတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ဆက်ပြောသည်။

တွေ့ဆုံဆွေးနွေးရေးပြောမည်ဆိုပါက အချိန်အခါနှင့် ပတ်ဝန်းကျင် ဟုတ်၊ မဟုတ် အရင်ဆုံး သုံးသပ်ရန် လိုအပ်ပြီး စစ်ကောင်စီအနေဖြင့်လည်း တွေ့ဆုံဆွေးနွေးရေးကို အယောင်ပြကာ သက်ဆိုးရှည်ရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

တစ်ဖက်တွင်လည်း NUG၊ PDF တို့ဖြင့် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း “သွားစရာမရှိ” ဟု အာဏာသိမ်း စစ်ကောင်စီဘက်က ဩဂုတ်လ ၂၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် မြန်မာ့အရေးကို ဖြေရှင်းရန် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ် အခြေခံထားသည့် အာဆီယံ၏ ကြိုးပမ်းသည် လက်ရှိအချိန်ထိ တစုံတရာ တိုးတက်မှု မရှိကြောင်း မြန်မာ့အရေး လေ့လာသူများနှင့် စောင့်ကြည့်နေသူများက ဝေဖန်နေကြသည်။

လက်ရှိ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများမှာ ယခင်ကထက် ပြင်းထန်လာပြီး ယခုဧပြီလ ၁၁ ရက်နေ့ နံနက်ပိုင်းက ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့၍ လူပေါင်း ၁၅၀ ထက်မနည်း သေဆုံးခဲ့သည်။

စာတည်း။ ။ နောင်နောင်

#တွေ့ဆုံရေး
#NUG
#စစ်ကောင်စီ
#mizzimma
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍38🥰1🤣1
သြဂုတ်လ (၃၀)ရက်၊ ဗုဒ္ဓဟူးနေ့ မနက်ပိုင်း မဇ္ဈိမ ရေဒီယို အစီအစဉ်
=====================

ဒီကနေ့ မနက်နားဆင်ရမယ့် အစီစဉ်တွေတွေကတော့
စစ်ကောင်စီကို ငွေကြေးတိုက်ရိုက်ထောက်ပံ့မှုမလုပ်ဘူးလို့ သြစတြေးလျပြောလိုက်တဲ့အကြောင်းတွေနဲ့အတူ မုန်းမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ်မှကျောင်းများ ပိတ်ထားရတယ်ဆိုတဲ့ နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊စီးပွားရေးသတင်း၊နောက်ဆုံးရနိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအနေနဲ့ “မရွှေမိုးရဲ့လေးညှို့သံ” ဆောင်းပါးအစီအစဉ်ကို နားဆင်ရမှာပါ။

https://youtu.be/LQLyyHlK82I?si=vrZtGzaYnAUcpgfL

#ကလေးသူငယ်
#အမျိုးသမီး
#စစ်ဘေးဒုက္ခ
#Mizzimaradio
#Morningradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🤮1
အကြမ်းဖက် စစ်ကောင်စီနဲ့ ဆက်ဆံရေးပျက်ပြားရတာကို ဂုဏ်ယူနေတဲ့ အရှေ့တီမော
=====================

အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ ရှားရှားပါးပါး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တရားဝင် ဆက်ဆံရေး ထူထောင်ထားတဲ့ အရှေ့တီမောနိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ ယာယီသံတမန်ကို မြန်မာနိုင်ငံကနေ ထွက်ခွာသွားဖို့ စစ်ကောင်စီက ထုတ်ပြန်လိုက်ပါတယ်။
ဒီလို သံတမန်တစ်ယောက်ကို နှင်ထုတ်ပြီး သံခင်းတမန်ခင်း ဖြတ်တောက်တာဟာ စစ်ကောင်စီ အာဏာသိမ်းပြီး ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

https://youtu.be/Ggb-aMkg6LE?si=d-InT-T2vluD06yU

#politics
#newsfeature
#mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍20🥰1🤮1
ရော်နယ်လ်ဒိုနဲ့ မာနေးတို့ရဲ့ သွင်းဂိုးများဖြင့် နိုင်ပွဲဆက်ခဲ့တဲ့ အယ်လ်နာဆာ
===================

Al Nassr 4-0 Al Shabab (FT)

Ronaldo 13'(Pen),38'(Pen)
Mane 40'
Ghareeb 63’(Missed Pen)
Banega 79'
Graham 80'

#Footballnews
PHOTO - Twitter
👍7🔥1
PFA Award 2022/23
==============

- ဟာလန်း ( MAN PLAYER OF THE YEAR)
- ဆာကာ( YOUNG PLAYER OF THE YEAR)
- လော်ရမ်ဂျိမ်း( YOUNG PLAYER OF THE YEAR)
- အိုဒီဂတ် ( TEAM OF THE YEAR)
- ဆလီဘာ ( TEAM OF THE YEAR)
- ရမ်စဒေး ( TEAM OF THE YEAR)
- ရူဗင်ဒီယက် ( TEAM OF THE YEAR)
- ဂျွန်စတုန်း ( TEAM OF THE YEAR)
- ရိုဒရီ ( TEAM OF THE YEAR)

အာဆင်နယ်ကစားသမားများ နှင့် မန်စီးတီး ကစားသမားများကတော့ ဆုတွေအပြိုင်အဆိုင်သိမ်းယူခဲ့ပါတယ်။
👍7❤1🔥1