Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အမြန်ဆောက်လွယ်တဲ့ ယူကရိန်း အိမ်စီမံကိန်း | VOA On Mizzima
===================

ယူကရိန်းနိုင်ငံ က အိုးအိမ်တည်ဆောက်ရေး HOMErs ကုမ္ပဏီ အနေနဲ့ ရုရှားတွေရဲ့ တိုက်ခိုက်မှုကြောင့် နေအိမ်တွေ ပျက်စီးကုန်ရတဲ့ သူရဲ့ ဝန်ထမ်းတွေအတွက် လွယ်လွယ်ကူကူ အမြန် တည်ဆောက်လို့ရတဲ့ နေအိမ် ပုံစံ ဒီဇိုင်းတွေ ရေးဆွဲခဲ့ပါတယ်။ အခုတော့ အဲဒီလို အလွယ် အမြန်တပ်ဆင်တည်ဆောက်လို့ရတဲ့ အိမ်တွေကို အိုးအိမ်ရရှိရေး အခက်အခဲဖြစ်နေတဲ့ ဥရောပ တခြားနေရာတချို့ကိုပါ တိုးချဲ့လုပ်ကိုင် ပို့ဆောင်ဖို့ စီစဉ်နေပါတယ်။ AP သတင်းဆောင်းပါးတပုဒ်ကို ကိုခင်မောင်စိုးမင်း တင်ဆက်ထားပါတယ်။

https://youtu.be/zsBGHsGdRjg?si=j9ziWeP2ef30xWWf

#VOA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5😁4
​​ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ၁ သန်းကျော်က နေရပ်ပြန်နိုင်ရေး မျှော်လင့်ချက် နည်း
======================

လက်ရှိ၌ ဘင်္ဂလားဒေ့ရှ်တွင် ရှိနေကြသော ရိုဟင်ဂျာ တသန်းကျော်သည် ဘေးကင်းစွာဖြင့် နေရပ်ပြန်နိုင်ရေး အလားအလာမှာ အနည်းအကျဉ်းသာ ရှိနေသည်နှင့် ရင်ဆိုင်နေရကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က အတည်ပြုသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁5😢1
သြဂုတ်လ ၃၀ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
=================

https://youtu.be/POyGBXmT8Y4?si=dRX3OOpBllg3XY2W

===============
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1
လူမှုကွန်ယက်မှာ လူကြည့်များတဲ့ တမိနစ်သတင်းတိုများ | VOA On Mizzima
==================

ပါကစ္စတန်နိုင်ငံမှာ ကောင်းကင်ကြိုးဆွဲ ကေဘယ်ကားပြတ်ပြီး လေထဲတန်းလန်း ဖြစ်နေသူတွေကို ၁၅ နာရီကြာ ကယ်တင်ခဲ့ရပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ အာကာသယာဉ် လကမ္ဘာပေါ် ဆင်းသက်ရေး ဂမ္မီရအစီအရင်တွေနဲ့ လုပ်ဆောင်သူတွေပါ ရှိခဲ့ပါတယ်။ ဒီလို ဆိုရှယ်မီဒီယာပေါ်မှာ လူကြည့်များတဲ့ တမိနစ် သတင်းတိုလေးတွေကို မအေးသန္တာကျော် စုစည်းတင်ဆက်ထားပါတယ်။

https://youtu.be/GItmwWbAy6Q?si=1YRoFBwLwasG3Sbe

#VOA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍2😁1
ထိုင်းရောက်မြန်မာလုပ်သားတွေ အလုပ်လုပ်ခွင့်သက်တမ်း မြဝတီနဲ့ကော့သောင်းမှာတိုးနိုင်မယ်
=======================

မိုးသောက် မဲဆောက်(မဇ္ဈိမ)။ ။နိုင်ငံကူးလက်မှတ်သက်တမ်း နှစ်နှစ်အထက် ကျန်နေသေးပြီး MOU စနစ်နဲ့ အလုပ်လုပ်နေကြတဲ့ မြန်မာလုပ်သားတွေ အလုပ်လုပ်ခွင့်သက်တမ်းက်ို မြဝတီနဲ့ကော့သောင်းမြို့မှာ တိုးပေးမယ်လို့ ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာသံရုံးက ဩဂုတ်လ ၂၆ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် ပြည်တွင်းမှာ အလုပ်ကိုင်ရှားပါးမှုပြဿနာကို ရင်ဆိုင်ရနေကြရတာကြောင့် မြန်မာလူငယ်တွေဟာ ပြည်ပနိုင်ငံတွေကိုနည်းမျိုးစုံနဲ့ ထွက်ပြီး အလုပ်လုပ်ကိုင်နေကြရပါတယ်။အိမ်နီးချင်းထိုင်းနိုင်ငံဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေအများဆုံးသွားရောက်လုပ်ကိုင်ကြတဲ့ နိုင်ငံတခုဖြစ်ပါတယ်။

တည်းဖြတ်/တင်ဆက်- မိုးသောက်

https://youtu.be/8VJURBuFrB8?si=WlRVh9dSA8mMma4t

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍3🔥1🤬1
​​မြန်မာဒုက္ခသည်များအတွက် အကူအညီများ ပိုမိုပေးအပ်ရေး ထိုင်းလူ့အခွင့်အရေးကော်မရှင်က ထိုင်းအာဏာပိုင်တို့ကို တိုက်တွန်း
========================

မြန်မာနိုင်ငံဘက်ခြမ်းရှိ တိုက်ပွဲများကြောင့် ပြီးခဲ့သည့် ဇွန်လကတည်းက ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ပြည်နယ်ထဲ ဝင်ရောက် ခိုလှုံနေထိုင်ရလျက် ရှိသည့် မြန်မာဒုက္ခသည်များ၏ အရေးနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ရလျက် ရှိကြောင်း ထိုင်း အမျိုးသားလူ့အခွင့်အရေးကော်မရှင် (NHRC) က ပြောဆိုသည်။

မြန်မာနိုင်ငံတွင်း အာဏာသိမ်းစစ်တပ်နှင့် ကရင်နီတပ်မတော် (KA) အကြား ပြင်းထန်သည့် တိုက်ပွဲများကြောင့် မြန်မာအရပ်သားပြည်သူ ၉,၄၀၀ ကျော်သည် နယ်စပ်ကို ဖြတ်ကာ ထိုင်းဘက် ထွက်ပြေးရောက်ရှိခဲ့ကြကြောင်း ကော်မရှင်က ဩဂုတ် ၂၉ ရက်တွင် ပြောသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1
အင်ဒိုနီးရှားနိုင်ငံဘာလီကျွန်းမှာ ရစ်ချ်တာစကေး ၇.၁ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခဲ့
===================

https://youtu.be/rAtyFNlEUoY?si=9zaxlYbbfpe4QnnO

#InternationalNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥2❤1
Media is too big
VIEW IN TELEGRAM
အခုအချိန်ဟာ စစ်ကောင်စီ နဲ့ တွေ့ဆုံဆွေးနွေး ပြောဆိုရမယ့်အချိန်မဟုတ်ဘူးလို့ NUG နိုင်ငံခြားရေးဝန်ကြီး ပြော

Watch more detail - https://youtu.be/dp8jkAAtBto

#PoliticalNews
#reels
#shorts
#MizzimaTV
👍13😁2
သြဂုတ်လ ( ၃၀ ) ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=====================

01:00-အခုအချိန်ဟာ စစ်ကောင်စီ နဲ့ တွေ့ဆုံဆွေးနွေး ပြောဆိုရမယ့်အချိန်မဟုတ်ဘူးလို့ NUG နိုင်ငံခြားရေးဝန်ကြီး ပြောတဲ့သတင်း

03:23-ကံကျေးပျူ ရွာကို ကာကွယ်ရေးတပ်ပေါင်းစုက စီးနင်းရာ ပျူခေါင်းဆောင်အပါအဝင် ၈ ဦး သေဆုံးတဲ့သတင်း

04:40-စစ်ကောင်စီတပ် လုံခြုံရေးယူထားတဲ့ ဆေးရုံဝင်းအတွင်းက ကားကို CDF မင်းတပ် သိမ်းယူတဲ့သတင်း

05:39-တရုတ်- မြန်မာ နယ်စပ်အနီးမှာ တိုက်ပွဲပြင်းထန်တဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/y8d31dHviwg?si=s_EE_zcZqPjQfeZf

#12pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🍌1
အခုအချိန်ဟာစစ်ကောင်စီနဲ့တွေ့ဆုံဆွေးနွေးပြောဆိုရမယ့်အချိန်မဟုတ်ဘူးလို့ NUG နိုင်ငံခြားရေးဝန်ကြီးပြော
===============

စစ်ကောင်စီ နဲ့ တွေ့ဆုံဆွေးနွေးရေးပြောဖို့ အချိန်မဟုတ်ဘူး လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က သြဂုတ်လ ၂၉ ရက်နေ့က ပြုလုပ်တဲ့ နိုင်ငံခြားရေးမူဝါဒ သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောကြားပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ထဲပါဝင်တဲ့ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းတဲ့ အဖြေရှာဖို့ဆိုတာနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အခုလို ပြောကြားလိုက်တာပါ။

စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးသဘောအရ တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းပြောဆိုတာက စစ်ကောင်စီကို နိုင်ငံရေးအရ ထွက်ပေါက်ဆီသွားဖို့ အချိန်ပေးနေတာဖြစ်ပြီး လက်ရှိ စစ်တပ်ကျူးလွန်နေတဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေကို ပိုဆိုးဝါးစေတယ်လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။

 ဒိုင်ယာလော့ဂ် လို့ပြောရင် စစ်ကောင်စီ နဲ့ NUG နှစ်ဖွဲ့ ဆွေးနွေးရုံနဲ့ မပြီးဘူး လို့ ဆိုပါတယ်။

ဖက်ဒရယ် ပဋိညာဉ် မှာပါတဲ့ နွေဦးတော်လှန်ရေးရဲ့ အန္တိမပန်းတိုင်တွေအတိုင်း နိုင်ငံရေးအင်အားစုတွေ၊ သပိတ်အင်အားစုတွေ၊တိုင်းရင်းသားအင်အားစုတွေ နဲ့ တသဘောထဲ ရပ်တည်ပြီး နိုင်ငံရေးဆုံးဖြတ်ချက်တွေ၊ တိုင်းပြည်ရဲ့ အနာဂတ်နဲ့ပတ်သက်တာတွေ ကို ဆွေးနွေးညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်တယ် လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဒိုင်ယာလော့ဂ် လို့ပြောရင် အချိန်အခါနဲ့ ပတ်ဝန်းကျင်ဟုတ်မဟုတ်ဆိုတာကို အရင်ဆုံးသုံးသပ်ဖို့ လိုတယ် လို့ သူကပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီအနေနဲ့ ၂၀၂၄ ခုနှစ်မှာ ပြည်လုံးကျွတ်သန်းကောင်စာရင်း ကောက်ယူဖို့ ပြင်ဆင်နေတယ်လို့ ထုတ်ဖော်ပြောဆိုတာတွေ ရှိနေတဲ့အတွက် တွေ့ဆုံညှိနှိုင်းရေးကို အကြောင်းပြပြီး ရွေးကောက်ပွဲပြုလုပ်ဖို့ ရည်ရွယ်ဦးတည်နေတာလို့ နိုင်ငံခြားရေးဝန်ကြီးက ဆက်ပြောပါတယ်။
 
ဒီသတင်းစာရှင်းလင်းပွဲမှာ NUG ဝန်ကြီး ‌ဒေါ်ဇင်မာအောင်၊ ဒုဝန်ကြီး ဦးမိုးဇော်ဦး နဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း တို့ ပါဝင်ဖြေကြားခဲ့ကြပါတယ်။

ဦးမိုးဇော်ဦးက စစ်ကောင်စီအပေါ် ပိတ်ဆို့မှုတွေ ထပ်လုပ်ဖို့ နိုင်ငံတကာကို တိုက်တွန်းခဲ့ပါတယ်။

အလားတူ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကလည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ စစ်ကောင်စီအပေါ် အရေးယူမှုပါတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။
စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ NUG၊ CRPH နဲ့ PDF တွေအနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မလုပ်တော့ကြောင်း ဝန်ခံချက်ပေးပြီး ကမ္ဘာသိကြေညာချက် ထုတ်ပြန်ပေးမှသာ တွေ့ဆုံဆွေးနွေးနိုင်မယ်လို့ ဩဂုတ် ၂၂ ရက် ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

https://youtu.be/dp8jkAAtBto?si=8tbD8kFIH4I0tGt1

#PoliticalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍20🍌1
ဇနီးဟောင်းကို ဓားဖြင့်ထိုးသတ်သတ်ဖြတ်
😁7👍2
ဇနီးဟောင်းကို ဓားဖြင့်ထိုးသတ်သတ်ဖြတ်
================

ဖားကန့်မြို့တွင် ဇနီးဟောင်းဖြစ်သူကို နေအိမ်အတွင်း ဓားဖြင့်ဝင်ရောက်ထိုးသတ်ခဲ့သည်ဆိုမှု ဩဂုတ် ၂၉ ရက်နေ့ နံနက်က ဖြစ်ပွားခဲ့သည်။

ကချင်ပြည်နယ် ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက် ဆွတ်ငိုင်ယန်ကျေးရွာနေ ဒေါ်မိုးမိုးအောင် (ခ) အငယ်လေး (အသက် ၃၅ နှစ်) ကို ဦးထွန်းမင်းညီက ဓားဖြင့်ထိုးရာ အခင်းဖြစ်ပွားရာနေရာမှာပင် သေဆုံးသွားခဲ့သည်ဟုဆိုသည်။

အခင်းဖြစ်ပွားချိန်တွင် နံနက် ၈ နာရီခွဲခန့်က နေအိမ်တွင် ဒေါ်မိုးမိုးအောင်၏ ကလေးအငယ်ဆုံးနှင့် ဆိုင်တွင် လာရောက်ကူပေးနေသည့် မိန်းကလေးတစ်ယောက်လည်း ရှိနေခဲ့သည်။ အသက် ၄၀ နှစ်အရွယ် ဦးထွန်းမင်းညီက ဒေါ်မိုးမိုးအောင်ကို သတ်ဖြတ်ပြီးနောက် အဆိုပါ ဆိုင်အကူမိန်းကလေးကို ယင်းအကြောင်းကို ပြန်ပြောပါက သတ်ပစ်မည်ဟုပါ ခြိမ်းခြောက်သွားခဲ့သည်ဟု ဆိုသည်။

သေဆုံးသူ၏ ခန္ဓာကိုယ်ပေါ်တွင် ဓားချက်များနှင့် ဒဏ်ရာများတွေ့ခဲ့ရသည်ဟု ရုပ်အလောင်းကို မျက်မြင်တွေ့သူတဦးက ပြောသည်။

တရားခံဟုစွပ်စွဲခံထားရသော ဦးထွန်းမင်းညီနှင့် ကျောက်အရောင်းအဝယ်လုပ်သူ ဒေါ်မိုးမိုးအောင်တို့သည် ပြီးခဲ့သည့် ဩဂုတ်လ ၁၇ ရက်ကမှ တရားဝင်ကွာရှင်းပြတ်စဲထားသူများဖြစ်သည်။

ဓာတ်ပုံ- ဓါးဖြင့်ထိုးခံရသူ ဒေါ်မိုးမိုးအောင်နှင့် တရားခံဟု စွပ်စွဲခံထားရသူ ဦးထွန်းမင်းညီ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🤬2😁1
This media is not supported in your browser
VIEW IN TELEGRAM
August - 30 [12 Pm] Mizzima News Hour

Mizzima Headline News

#12pmnews #mizzimanewshour #reels #shorts
👍10🍌1
This media is not supported in your browser
VIEW IN TELEGRAM
တရုတ်-မြန်မာ နယ်စပ်အနီး စစ်တပ်နဲ့ TNLA တိုက်ပွဲပြင်းထန်

Watch more detail - https://youtu.be/AXdvvbRJwBc

#PoliticalNews
#reels
#shorts
#MizzimaTV
👍14🔥3
မြန်မာနဲ့ အရှေ့တောင်အာရှဒေသမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လူပေါင်း သိန်းနဲ့ချီ အဓမ္မခိုင်းစေခံနေရကြောင်း ကုလထုတ်ပြန်
===============

မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေက သိန်းနဲ့ချီတဲ့ ပြည်သူတွေဟာ ရာဇဝတ်ဂိုဏ်းတွေရဲ့ ခြိမ်းခြောက်နှိပ်စက် ညှဉ်းဆဲခံရပြီး အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေမှာ အဓမ္မစေခိုင်းတာခံနေရတယ်လို့ ကုလသမဂ္ဂက ဩဂုတ် ၂၉ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

အများစုဟာ ဆိုက်ဘာရာဇဝတ်မှုတွေကို ကျူးလွန်ဖို့အတွက် လူကုန်ကူးခံရပြီး၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုလို ပြင်းထန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို ရင်ဆိုင်နေရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စေခိုင်းခံရသူတွေဟာ ရာဇဝတ်သားတွေ မဟုတ်ပါဘူး။ သားကောင်တွေသာ ဖြစ်ကြပါတယ် လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က ပြောပါတယ်။

အွန်လိုင်းလိမ်လည်မှုတွေမှာ အတင်းအကြပ် ခိုင်းစေခံရတဲ့သူတွေဟာ ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ ကို အတင်းအကြပ် ဖိအားပေးခံရချိန်မှာ လူမဆန်တဲ့ ဆက်ဆံမှုတွေကိုပါ ခံစားကြရတယ် လို့Volker Turk က အစီရင်ခံစာမှာ ပြောပါတယ်။ 
မြန်မာနိုင်ငံက လူပေါင်းတစ်သိန်းနှစ်သောင်းကျော်နဲ့ ကမ္ဘောဒီးယားနိုင်ငံက လူတစ်သိန်းလောက်ဟာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်ဖို့ အတင်းအဓမ္မဖိအားပေး စေခိုင်းခံနေရတယ်လို့ ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ခန့်မှန်းထားပါတယ်။

လာအို၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတွေကတော့ ကြားခံလုပ်ဆောင်နေတဲ့ နိုင်ငံတွေဖြစ်နေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေဟာ နှစ်စဉ် ဒေါ်လာဘီလီယံနဲ့ချီကာ ဝင်ငွေရနေပြီး၊ လိမ်လည်ခံရသူအများစုဟာ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေ၊ တရုတ်ပြည်မကြီး၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ တောင်အာရှ၊ အာဖရိကနဲ့ လက်တင်အမေရိကတို့က အများစုဖြစ်တယ်လို့လည်း ပြောပါတယ်။ 

သားကောင်ဖြစ်ရသူတွေရဲ့ အရေအတွက်အတိအကျဟာ သက်ဆိုင်ရာနိုင်ငံတွေအလိုက် အာဏာပိုင်တွေရဲ့ တုံ့ပြန်မှုတွေပေါ်မှာ မူတည်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
အွန်လိုင်းလိမ်လည်မှုမှာ လူကုန်ကူးခံရသူအများစုဟာ အမျိုးသားတွေဖြစ်ပေမဲ့ အမျိုးသမီးတွေနဲ့ ဆယ်ကျော်သက်တွေလည်း ပါတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

ဒီငွေလိမ်ဂိုဏ်းတွေ ကြီးထွားလာတာဟာ ကိုဗစ်ရောဂါဖြစ်ပွားပြီးနောက် လုပ်ငန်းတွေလည်ပတ်မှု ရပ်တန့်သွားတာ၊ လောင်းကစားရုံတွေ ပိတ်သိမ်းရတဲ့နောက်ပိုင်း ပိုမိုများလာတာဖြစ်တယ်လို့ ပါရှိပါတယ်။

ငွေလိမ်ဂိုဏ်းတွေဟာ လောင်းကစားဝိုင်းတွေထက် နေရာအကျယ်အဝန်း သိပ်မလိုဘဲ နိုင်ငံရေးနဲ့ စစ်ရေးပဋိပက္ခတွေဖြစ်နေတဲ့နိုင်ငံ နယ်စပ်ဒေသတွေမှာ လှုပ်ရှားကြတယ်လို့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တရုတ်နဲ့ထိစပ်နေတဲ့ မြန်မာနယ်စပ်ဒေသတွေဟာ အွန်လိုင်းလိမ်လည်ဂိုဏ်းတွေ ကျင်လည်ရာဒေသဖြစ်နေပြီး ဒီ အခြေအနေဟာ တရုတ်နိုင်ငံသားတွေနဲ့ တရုတ်ပြည်သူ့အကျိုးစီးပွားအပေါ် ပြင်းပြင်းထန်ထန် သက်ရောက်မှုရှိ တဲ့အကြောင်း ထောက်ပြခဲ့သလို ဒီဂိုဏ်းတွေကို တိတိကျကျနှိမ်နင်းဖို့ မြန်မာ-တရုတ်နဲ့ ထိုင်းနိုင်ငံတို့ ထိထိရောက်ရောက်ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ပိတ်မိနေတဲ့တရုတ်နိုင်ငံသားတွေကို အချိန်နဲ့တပြေးညီ ကယ်ဆယ်ဖို့ လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်းဂန်းက မြန်မာပြည်ကိုလာရောက်စဉ် စစ်ကောင်စီဘက်ကို တိုက်တွန်းသွားပါတယ်။
အခုလို အရှေ့တောင်အာရှ နိုင်ငံတွေမှာ ဖြစ်နေတဲ့ ဆိုက်ဘာရာဇဝတ်မှုတွေကို သေချာကိုင်တွယ်ဖြေရှင်းရာမှာ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ တုံ့ပြန်မှု ကွာဟချက်ကြောင့် အခက်အခဲရှိတယ်လို့လည်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

https://youtu.be/e2s2IE_6_Fk?si=-W8gyAyl756iEA_2

#PoliticalNews 
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15❤3🤣1
​​တောင်သူများ၏ နှမ်းခင်းကို PDF များ ဓားပြတိုက်သည်ဆိုသော သတင်းအမှား 
=============

ZZ

(မဇ္ဈိမ)။ ။မကွေးတိုင်း၊ ယောနယ်တွင် တောင်သူများ၏နှမ်းခင်းများကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် များက ဓားပြတိုက်သည်ဆိုသော သတင်းပျံ့နှံ့လျက်ရှိနေသည်။ ယင်းမှာ မှားယွင်းနေသည်။ 

မှိုင်းဝေ တယ်လီဂရမ်ချန်နယ်က ဩဂုတ်လ ၂၄ ရက်နေ့တွင် “နှမ်းခင်းကို ဓါးပြတိုက် ခွေးကို သတ်စားတဲ့ PDF” (မူရင်းအရေးအသားအတိုင်း)ဟုဆိုကာ ယောနယ်တွင် တောင်သူများ၏နှမ်းခင်းများကို PDF များက ဓါးပြတိုက် ရိတ်သိမ်းပြီး နှမ်းခင်းပိုင်ရှင်နှင့်ပါလာသည့် အိမ်မွေးခွေးကိုသတ်စားသွားကြောင်း ဖြန့်ဝေထား သည်။ ထိုဖြန့်ဝေမှုတွင် ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားသူများက နှမ်းခင်းရိတ်သိမ်းနေသည့်ပုံ နှစ်ပုံ ပါဝင်သည်။ 

ထိုအကြောင်းသည် တယ်လီဂရမ်တွင် ချန်နယ်နှင့် ဂရု(ပ်) ၁၀ ခု၌ ပျံ့နှံ့နေပြီး ကြည့်ရှုသူ ၅၄,၀၀၀ ကျော် နေပြီဖြစ်သည်။ အလားတူပင် ဖေ့စ်ဘုတ်တွင်လည်း ပျံ့နှံ့လျက်ရှိနေသည်။ 
မဇ္ဈိမ၏ အချက်အလက်စစ်ဆေးသူများက ထိုအကြောင်းကို စစ်ဆေးခဲ့ရာတွင် သတင်းတုဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ 

နှမ်းခင်းရိတ်သိမ်းနေသည့် မူရင်းပုံမှာ “ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့”၏ ဖေ့စ်ဘုတ်စာမျက်နှာ ၌ ဩဂုတ်လ ၂၃ ရက်နေ့က ဖော်ပြထားသည်။ ယောဒေသတွင် နှမ်းခင်းရိတ်သိမ်းချိန်နှင့် စပါးစိုက်ပျိုးချိန် တွင် တောင်သူများ၏ လယ်ယာလုပ်သားရှားပါးမှုအခက်အခဲကို ကူညီသည့်အနေဖြင့် ယောဒေသပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်ကူညီလုပ်ကိုင်နေကြောင်း ဖော်ပြထားသည်။
လင့်- https://bit.ly/3KZAice

ထိုအကြောင်းကို မြေလတ်အသံမီဒီယာကလည်း “လယ်ယာလုပ်သားရှားပါးလို့ အလုပ်သမားငှားမရတဲ့ တောင်သူတွေကို PDF တွေ ကူညီပေး” ဟု ဩဂုတ်လ ၂၃ ရက်နေ့တွင် သတင်းဖော်ပြထားသည်။
လင့်- https://bit.ly/3sBSD8N

မဇ္ဈိမက ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သို့ နှမ်းခင်းများကူညီရိတ်သိမ်းပေးခဲ့သည့်ဖြစ်စဉ်အား မေးမြန်းရာတွင် “ကျွန်တော်တို့ အခုလို နှမ်းခင်းတွေကို စေတနာနဲ့ အခမဲ့ဝိုင်းကူညီတာ သုံးနှစ်ရှိပါပြီ။ ပုံထဲ မှာပါတဲ့ခွေးမလေးနာမည်က မီကိုဖြစ်ပါတယ်။ ချစ်လို့မွေးထားတဲ့ခွေးတော့ ဘယ်သတ်မလဲဗျ” ဟု ပြန် လည်ဖြေကြားသည်။ 

ထို့ကြောင့် ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နှမ်းခင်းကို ဓါးပြတိုက်ခြင်း၊ ခွေးကိုသတ်စားခြင်း မဟုတ်ဘဲ ကူညီလုပ်ကိုင်ပေးခြင်းသာ ဖြစ်သည်။ ထို့အတူ ပုံတွင်ပါဝင်သော ခွေးကိုလည်း သတ်ဖြတ်ခဲ့ ခြင်းမရှိပေ။ 

ယခုကဲ့သို့ပင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ လယ်ကူစိုက်ပေးနေသည်ကို မန္တလေး PDF က လယ်မြေအားဓားပြတိုက်သိမ်းယူဟု သတင်းမှားအဖြစ် ပုံဖျက်ရေးသားခြင်းကို ၂၀၂၃ ခုနှစ် ဇူလိုင်လ အတွင်းကလည်း တွေ့ရှိခဲ့သည်။ ထိုအကြောင်းကို မဇ္ဈိမမှအချက်အလက် စစ်ဆေးခဲ့ပြီး ဖြစ်သည်။
လင့် - https://bit.ly/3OWzHcn

ထို့ကြောင့် ယောနယ်တွင် PDF များ နှမ်းခင်းကိုဓါးပြတိုက်သည်ဆိုသောသတင်းမှာ ဖြစ်စဉ်အမှန်အပေါ် အခြေခံကာ အကြောင်းအရာအားပြုပြင်ပြီး ပြန်လည်ဖြန့်ဝေထားသည့် သတင်းအမှားသာ ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

#Misinformation_Buster
#Fake_News 
#ယောမြို့နယ်
------------------------ 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17❤1🔥1
တရုတ်-မြန်မာ နယ်စပ်အနီး စစ်တပ်နဲ့ TNLA တိုက်ပွဲပြင်းထန် 
=================

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ် ခိုမုန်းရွာအနီးမှာ သြဂုတ်လ ၂၈ ရက်နေ့က စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြာက်ရေး တပ်မတော် TNLA တို့ တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ခဲ့ပြီး း စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေတယ်လို့ သိရပါတယ်။

ခိုမုန်းရွာဘက်ကို နမ့်ဖက်ကာမှာရှိတဲ့ စစ်ကောင်စီရဲ့ ၁၂၃ တပ်ဘက်ကနေ လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်တိုက်ခိုက်ပေးခဲ့တယ်လို့ TNLA ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
ဒါဟာ တရုတ်နယ်စပ်နဲ့ တစ်ကီလိုမီတာကျော်သာကွာဝေးတဲ့ TNLA ရဲ့ တပ်မဟာ ၁ စစ်ဒေသထဲက ခိုမုန်းရွာဘက်ကို စစ်ကောင်စီက ပြည်သူ့စစ်တွေအပါအဝင် စစ်ကြောင်း ၅ ကြောင်းနဲ့ ထိုးစစ်ဆင်လာခဲ့တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့တာလို့ TNLA က ပြောပါတယ်။

ခိုမုန်းကျေးရွာဟာ တရုတ်နယ်စပ်နဲ့ ၁.၅၄ ကီလိုမီတာသာ ကွာဝေးပြီး အကြမ်းဖက် စစ်တပ်ရဲ့ တပ်မ ၉၉ လက်အောက်ခံ ၄၂၁၊ ၄၂၃၊ ၅၇၇ တပ်ရင်းများနဲ့ ပြည်သူ့စစ် တပ်ဖွဲ့များ ဖြစ်တဲ့ ရှောက်ဟော်၊ လုံထန်၊ မြို့မ ၁၊ ၂၊ ၃ အဖွဲ့များက စစ်ကြောင်း ၅ ကြောင်းဖြင့် ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။

ဒါအပြင် မူဆယ်မြို့နယ်၊ စယ်လန်ရွာအနီးက ဘုရားတောင်ဘက်ကိုလည်း စစ်ကောင်စီတပ်ရှိရာ လွယ်ကျယ်ကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် ဘုရားတောင်က ဘုန်းတော်ကြီးကျောင်းမီးလောင်ကျွမ်းခဲ့တယ်လို့ ဖော်ပြပါတယ်။

TNLA တပ်မဟာ ၄ စစ်ဒေသဖြစ်တဲ့ လားရှိုးမြို့နယ်မှာလည်း စစ်ကောင်စီတပ်တွေက စစ်ကားတွေနဲ့ ထိုးစစ်ဆင်လာတာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ကြပြီး ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အခုလအတွင်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာ ၁၅ ကြိမ်ရှိလာပြီလို့ TNLA ရဲ့ စာရင်းအရတွေ့ရပါတယ်။

အခုရက်ပိုင်းမှာ စစ်ကောင်စီတပ်က မူဆယ်မြို့နယ်အတွင်းကို စစ်အင်အားတွေ ထပ်ဖြည့်နေတဲ့အတွက် တိုက်ပွဲတွေ ဆက်ပြီးပြင်းထန်လာနိုင်တယ်လို့ မူဆယ်မြို့ခံတွေက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်၊ ကွတ်ခိုင်၊ လားရှိုးမြို့နယ်တွေမှာ ဩဂုတ်တစ်လအတွင်း စစ်ကောင်စီတပ်နဲ့ TNLA တပ်ဖွဲ့ကြား တိုက်ပွဲပေါင်း ၁၅ ကြိမ်အထိဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်၊ သေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ TNLA က ပြောထားပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ကို နိုင်ငံအနှံ့ ခုခံတော်လှန်မှု ပေါ်ပေါက်လာပြီး လက်နက်ကိုင်ခုခံလိုတဲ့ လူငယ်တွေကို ကူညီတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ TNLA လည်း ပါဝင်ပါတယ်။

https://youtu.be/AXdvvbRJwBc?si=v1i-pGx3cX4OSSX3

#PoliticalNews 
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14🔥1