Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​OUT NOW! This week's issue of #MizzimaWeekly. Grab your copy of this downloadable PDF here - https://bit.ly/45A5Xcz

#Mizzima
#Weekly
#PDF
#MAGAZINE
👍10🔥1
​​ကလပ်အသင်းတွေ ကစားသမားအပြောင်းအရွှေ့တွေမှာ ပေါင် ၆.၅၁ ဘီလီယံ မြင့်မားလာတာကြောင့် နိုင်ငံတကာအသုံးစရိတ် စံချိန်ချိုးခဲ့
====================

အပြောင်းအရွှေ့ဈေးကွက်တစ်ခုတည်းမှာ ကစားသမားခေါ်ယူမှု အသုံးစရိတ်အတွက် ကမ္ဘာ့စံချိန်ကို ဒီနွေရာသီမှာ ချိုးဖျက်လိုက်ပြီဖြစ်ပါတယ်။

ကလပ်အသင်းတွေ စုပေါင်း ပေါင် ၆.၅၁ ဘီလီယံသုံးစွဲခဲ့တဲ့ အရင်က စံချိန်ဟာ ၂၀၁၉ ကလို့ သတ်မှတ်ထားပေမယ့်လည်း အခုနွေရာသီမှာကမ္ဘာတစ်ဝှမ်း ပေါင် ၆.၅၆ ဘီလီယံသုံးစွဲထားခဲ့တယ်လို့ Transfermarkt အရ သိရပါတယ်။

ပရီးမီးယားလိဂ် ကုန်ကျစရိတ်ဟာ ပေါင် ၂.၁ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ဒါက လက်ရှိအချိန်အထိ အသုံးစရိတ်အများဆုံးလိဂ်ဖြစ်စေပါတယ်။

အပြောင်းအရွှေ့ဈေးကွက် ဖွင့်ထားဆဲဖြစ်ပြီး ပရီးမီးယားလိဂ်အသင်းတွေဟာ စက်တင်ဘာလ ၁ ရက်နေ့ ဗြိတိန်စံတော်ချိန် ၂၃း၀၀ နာရီအထိ ခေါ်ယူမှုပြုလုပ်နိုင်ပါတယ်။
👍12🔥1
သြဂုတ်လ (၃၁) ရက်၊ ကြာသပတေးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=================

ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
အာဏသိမ်းစစ်ကောင်စီကို ငွေကြေးတိုက်ရိုက်မထောက်ပံ့ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံရုံးက ဩဂုတ်လ ၂၉ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ သတင်းနဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ် ခိုမုန်းရွာအနီးမှာ သြဂုတ်လ ၂၈ ရက်နေ့က စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြာက်ရေး တပ်မတော် TNLA တို့ တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေတဲ့သတင်း အပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာ သတင်း တွေကို နားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို မဇ္ဈိမနဲ့ The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းတို့ ပူးပေါင်းတင်ဆက်တဲ့ “နွေဦးခေါ်သံ” အနုပညာကဏ္ဏ ကို လည်း နားဆင်ရမှာ ဖြစ်ပါတယ်။

https://youtu.be/5w1oqOLwSkY?si=BSeQh2oqc6hvm39Z

#Mizzimaradio
#Morningradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15🤮1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (သြဂုတ်လ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်) | VOA On Mizzima
========================

Trump အမှု ကြားနာပွဲနဲ့ ၂၀၂၄ သမ္မတ ရွေးကောက်ပွဲ၊ နယူးယောက်မြို့ဆူညံသံကြောင့် ကျန်းမာရေး ထိခိုက်နိုင်၊ ဗြိတိန်မှာ နေရောင်ခြည်စွမ်းအင် ဆိုလာပြား တပ်ဆင်မှု တိုး၊ ဒီလို စိတ်ဝင်စားစရာ ဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေလဲနှုန်း၊ ရွှေဈေးနဲ့ စက်သုံးဆီဈေးတွေကိုလည်း ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/JJ-vTHvOWXY?si=gIrncVIxiXziID_q

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10😁1
Trump အမှု ကြားနာပွဲနဲ့ ၂၀၂၄ သမ္မတ ရွေးကောက်ပွဲ | VOA On Mizzima
==================

၂၀၂၀ သမ္မတ ရွေးကောက်ပွဲ ပြောင်းလဲအောင် ကြိုးပမ်းမှုနဲ့ အမေရိကန် သမ္မတဟောင်း Donald Trump ကို လာမယ့်နှစ် မတ်လမှာ စတင် ကြားနာစစ်ဆေးဖို့ ဖက်ဒရယ်တရားသူကြီး တဦးက ဆုံးဖြတ်လိုက်ပါတယ်။ ဒီ ရုံးချိန်းဟာ ၂၀၂၄ သမ္မတ ရွေးကောက်ပွဲအချိန်နဲ့လည်း တိုက်ဆိုင်နေတာဖြစ်ပါတယ်။ သမ္မတဟောင်း ထရမ့်ဟာ ရီပါဗလစ်ကန် ကိုယ်စားလှယ်လောင်းဖြစ်ဖို့ ထိပ်ဆုံးမှာ ရှိနေသူပါ။ VOA သတင်းထောက် Cindy Saine သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်း တင်ဆက်ထားပါတယ်။

https://youtu.be/R7pvl7kF2yE?si=F1mZt1s5v4DEl4lR

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍13😁2
နယူးယောက်မြို့ဆူညံသံကြောင့် ကျန်းမာရေး ထိခိုက်နိုင် | VOA On Mizzima
======================

အလွန်ဆူညံတဲ့အသံတွေကို ကာလရှည်ကြာ ခံရတဲ့သူတွေဟာ နှလုံးရောဂါဖြစ်နိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နိုင်ရဖွယ်ရှိတယ်လို့ သုတေသနစစ်တမ်းတခုက ဖော်ပြလိုက်ပါတယ်။ အမေရိကန်ရဲ့ လူဦးရေအများဆုံးလည်းဖြစ် ဆူညံမှုအများဆုံးလည်းဖြစ်တဲ့ နယူးယောက်မြို့မှာ ဆူညံတဲ့အသံတွေကို နေ့တိုင်းကြားနေရပြီး ဒါကို ရှောင်နိုင်ဖို့ဆိုတာကတော့ နေ့စဉ်ရုန်းကန်ရင်ဆိုင်ရတဲ့ အခက်အခဲတခုဖြစ်ပါတယ်။ ဗွီအိုအေ သတင်းထောက် Aron Ranen နယူးယောက်မြို့ကနေ သတင်းပေးပို့ထားတာကို ကိုရန်နိုင် တင်ဆက်ထားပါတယ်

https://youtu.be/ZZUA54ZUySI?si=MnIKPCyE9E38QNMX

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥4👍2
စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့ စစ်ကောင်စီကြောင့် ဆန်ကိုတောင် မှောင်ခိုဝယ်စားရတော့မှာလား
=====================

ပြည်တွင်းဆန်ဈေးနှုန်း ကြီးမြင့်မှုကို ထိန်းချုပ်ဖို့ဆိုပြီး စစ်ကောင်စီနဲ့ ဆန်စပါးအသင်းချုပ်တို့က အစည်းအဝေး ခေါ်ယူပြီး ဆန်ဈေးနှုန်းတွေကို သတ်မှတ်ဈေးထက် ပိုမရောင်းဖို့နဲ့ ဈေးလျှော့ရောင်းချဖို့ ဖိအားပေး လုပ်ဆောင် နေပါတယ်။

သြဂုတ် ၂၆ ရက်နေ့ ရက်စွဲနဲ့ စစ်ကောင်စီရဲ့ ညွှန်ကြားမှုအရ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဆန်ဈေးနှုန်းကို ထိန်းချုပ်ဖို့အတွက် ဆန်စက်လုပ်ငန်းရှင်တွေ၊ ဆန်လုပ်ငန်းရှင်တွေ၊ ဆန်စပါး ကုမ္ပဏီတွေကို တိုက်တွန်းနှိုးဆော်ချက် တစ်ရပ် ထုတ်ပြန်ပြီး ဖိအားပေးခဲ့တာ ဖြစ်ပါတယ်။

https://youtu.be/aWPLtn6T8KY?si=2ZnepN9U1nAwWBQ0

#politics
#Newsfeature
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🤮9👍4🤔1
​​31.8.2023 (Thursday) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
==================

Highlight

အမှန်တရားအတွက် ပြိုင်ဆိုင်မှုများ (ညနေ - ၆ နာရီ)
India Movie - Rustom (ည- ၈ နာရီ)
Korea Movie - Barefoot Dream (ည- ၁၀ နာရီခွဲ)

Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။

#mizzimatv
👍4🔥2❤1
ဗြိတိန်မှာ နေရောင်ခြည်စွမ်းအင် ဆိုလာပြား တပ်ဆင်မှု တိုး | VOA On Mizzima
====================

ဗြိတိန်နိုင်ငံက အိမ်တွေမှာ အပူချိန် ထိန်းညှိပေးတဲ့ စက်တွေနဲ့ နေရောင်ခြည်စွမ်းအင် ဆိုလာ ပြားတွေကို တပ်တာ ပိုများလာတဲ့အကြောင်း စစ်တမ်းတခုမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းမှာ တပ်ဆင်မှုက အရင်ကထက် ၆၂ ရာခိုင်နှုန်းတိုးခဲ့ပါတယ်။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။

https://youtu.be/eHVQQZd7NOA?si=Ol8eH_sdxREQZJUi

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥4❤1
​​အိန္ဒိယ ဆယ်ကျော်သက် စစ်တုရင်မှော်ဆရာ ပရက်ကို သူရဲကောင်းသဖွယ် ကြိုဆိုခံရ
======================

အိန္ဒိယနိုင်ငံရဲ့ ဆယ်ကျော်သက် စစ်တုရင်ဉာဏ်ကြီးရှင် ရာမရှ်ဘာဘူ ပရက်နာနန်ဒါဟာ ဂုဏ်ပြုခံဖို့ နေရပ်ကို ဗုဒ္ဓဟူးနေ့မှာ ရောက်ရှိလာခဲ့ပြီး ကမ္ဘာစစ်တုရင်ဗိုလ်လုပွဲမှာ နိုင်ငံတကာ နံပါတ် ၁ မဂ္ဂနက်စ် ကာလ်ဆန်နဲ့ ရင်ဆိုင်ခဲ့သူဖြစ်ပါတယ်။

"ပရက် (Pragg)"လို့ လူသိများတဲ့ အသက် ၁၈ နှစ်အရွယ် ဒီကစားသမားဟာ ပြီးခဲ့တဲ့ သီတင်းပတ်က အဇာဘိုင်ဂျနီမြို့တော် ဘာကူမှာ ကျင်းပခဲ့တဲ့ စစ်တုရင် ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို တက်လှမ်းနိုင်တဲ့ အသက်အငယ်ဆုံး ကစားသမားဖြစ်ပါတယ်။

ပရက်ဟာ နိုင်ငံတကာစစ်တုရင်အဖွဲ့ချုပ် (FIDE) ဗိုလ်လုပွဲမှာ ကာလ်ဆန်ကို nail-biting tiebreak မှာ ရှုံးနိမ့်ပြီးနောက် ငွေတံဆိပ်နဲ့ ပြီးဆုံးခဲ့ပါတယ်။
👍14😁1
This media is not supported in your browser
VIEW IN TELEGRAM
လူအခွင့်အရေးကို ပိုမိုလေးစားလိုက်နာဖို့ တရုတ်နိုင်ငံခရီးစဉ်အတွင်း ယူကေနိုင်ငံခြားရေးဝန်ကြီးပြောကြား

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍7🤮1
​​မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုတို့တွင် အွန်လိုင်းလိမ်လည်မှုများ၌ ကျွန်ပြုခံ အလုပ်သမား သိန်းပေါင်းများစွာ ရှိနေ
==================

အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများ၌ ခြိမ်းခြောက်အကျပ်ကိုင်ကာ စေခိုင်းခြင်းခံနေရသူများသည် မြန်မာ၌ ၁၂၀,၀၀၀ ခန့်နှင့် ကမ္ဘောဒီးယား၌ ၁၀၀,၀၀၀ နီးပါး ရှိနေနိုင်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ ထိုအရေးနှင့် ပတ်သက်ပြီး ပထမဆုံး ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများနှင့် ပတ်သက်ကာ AsiaNews ကလည်း သတင်းဖော်ပြဖူးသည်။

စည်းကမ်းမညီညွတ်သော ရွှေ့ပြောင်းသူ ထောင်ပေါင်းများစွာကို အလုပ်ရမည်ဟု ဖြားယောင်းပြီး ကွန်ပျူတာများ အပြည့်ရှိသည့် ရုံးခန်းများသို့ ပို့ဆောင်ကာ လူမှုမီဒီယာများမှတဆင့် အွန်လိုင်းလိမ်လည်မှုများကို စေခိုင်းနေခြင်း ဖြစ်ကြောင်း ကုလသမဂ္ဂအေဂျင်စီက မှတ်ချက်ပြုသည်။ ထိုသို့ ဖြားယောင်းခံရသူများသည် တခါတရံ လူကုန်ကူးခံရသူများလည်း ဖြစ်နေပြီး စိတ်ဆန္ဒမပါသော အလုပ်များကို လုပ်ကိုင်နေကြရကာ အပြင်သို့လည်း ထွက်နိုင်ခြင်း မရှိကြပေ။

အဆိုပါ အွန်လိုင်းလိမ်လည်မှုများ၌ အတင်းအကျပ် စေခိုင်းခံရမှုများသည် ကမ္ဘာတလွှား၌ COVID-19 ကပ်ဘေး ဖြစ်ပွားပေါ်ပေါက်ချိန်မှစကာ တွင်ကျယ်လာခဲ့ခြင်း ဖြစ်သည်။ ၂၀၂၁ ခုနှစ်၌ ထိုသို့သော ကမ္ဘာတဝန်း အွန်လိုင်းလိမ်လည်မှုများမှ ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၇ ဒသမ ၈ ဘီလီယံ ရှိသည်ဟု ခန့်မှန်းထားသည်။ ထိုနောက်ပိုင်းတွင် ပမာဏမှာ ပို၍ တိုးများလာနိုင်ဖွယ် ရှိနေသည်။
👍9❤1
Media is too big
VIEW IN TELEGRAM
ဘေးကင်းပြီးအရသာရှိတဲ့ ဖူကူရှီးမားငါးကို ဂျပန်ဝန်ကြီးချုပ် ကိုယ်တိုင်ကိုယ်ကျ စားသောက်ပြသ

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍7🤮1
​​ဘင်္ဂလားဒေ့ရှ်တွင် ‘အတင်းအကျပ် အစဖျောက်မှုများ’ အပေါ် လူထောင်ချီ ဆန္ဒပြ
=====================

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ အစိုးရ အာဏာရနေသည့် ၁၅ နှစ်နီးပါးကာလအတွင်း လုံခြုံရေးတပ်ဖွဲ့များ၏ အဓမ္မခေါ်ဆောင်ခြင်းကို ခံရပြီး ပျောက်ဆုံးသွားသည် ဆိုသော လူရာနှင့်ချီတို့နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို တောင်းဆိုရင်း ဩဂုတ် ၃၀ ရက်က ဆန္ဒပြသူ ထောင်နှင့်ချီတို့က ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အတင်းအကျပ် အစဖျောက်ဖျက်ခံရသူများဆိုင်ရာ နိုင်ငံတကာနေ့ဖြစ်သည့် ယမန်နေ့ ဩဂုတ် ၃၀ ရက်တွင် အတိုက်အခံ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) ထောက်ခံသူများနှင့် ၎င်းတို့၏ မဟာမိတ်များသည် နိုင်ငံတွင် ပျောက်ဆုံးနေသူများ၏ မိသားစုများနှင့်အတူ ပူးပေါင်းလျက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။ အများအပြားသည် ပါးစပ်များကို အနက်ရောင်အဝတ်စများဖြင့် စည်းထားကြသည်။

အတင်းအကျပ် အစဖျောက်မှုများ၊ တရားလက်လွတ် သတ်ဖြတ်မှုများနှင့် ပတ်သက်သော စွပ်စွဲချက်များကို ဘင်္ဂလားဒေ့ရှ်အစိုးရက ငြင်းဆန်ပယ်ချထားပြီး ပျောက်ဆုံးနေသည် ဆိုသူများအနက် တချို့သည် ဥရောပသို့ သွားရောက်ရန် ကြိုးပမ်းရင်း မြေထဲပင်လယ်၌ ရေနစ်သေဆုံးသွားသူများဖြစ်ကြောင်း ပြောသည်။
👍7🔥1
Media is too big
VIEW IN TELEGRAM
ရေလွှမ်းမိုးမှုတွေကြောင့် ပါကစ္စတန်ရဲ့ ဆင်းရဲနွမ်းပါးတဲ့ ကျေးရွာတွေမှာရေနစ်မြုပ်

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
😢5👍1🔥1