စစ်မျက်နှာအားလုံးမဟာဗျူဟာကျကျစွမ်းဆောင်မှဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖန်တီးနိုင်မယ် NUGယာယီသမ္မတပြော
===================
စစ်မျက်နှာအားလုံးမှာ မဟာဗျူဟာကျကျနဲ့ စွမ်းဆောင်နိုင်မှသာ ပြည်သူလူထုအတွက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးစံနှုန်းအပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဖန်တီးပေးနိုင်မယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက သတိပေးပြောဆိုလိုက်ပါတယ်။
သြဂုတ် ၂၉ ရက်နေ့က ကျင်းပတဲ့ အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ ၂၉ ကြိမ်မြောက် အစိုးရအဖွဲ့အ စည်းအဝေးမှာ NUG ယာယီသမ္မတ ဒူဝါလရှီးလက အခုလိုသတိပေးပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ယာယီသမ္မတဒူဝါလရှီးလက မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့စစ်ကောင်စီဟာ လေကြောင်းအင် အားကိုအသုံးချပြီး အရပ်သားပစ်မှတ်၊ စစ်ရေးပစ်မှတ်ခွဲခြားမှုမရှိဘဲ တိုက်ခိုက်မှုတွေနဲ့အတူ ကျေးရွာတွေ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ ဆိုပါတယ်။
ဒီလိုအခြေအနေမှာ ရန်သူကိုပိုပြီးအထိနာဖို့ဆိုရင် စစ်ရေးတစ်ခုတည်းမဟုတ်ဘဲ စစ်မျက်နှာမျိုးစုံဖွင့်ပြီး တိုက်ပွဲဝင်ရမှာဖြစ်သလို ဘဏ္ဍာရေးနဲ့ နိုင်ငံတကာဆက်ဆံရေး အခန်းကဏ္ဍတွေဟာ တော်လှန် ရေးရဲ့အရေးပါတဲ့ စစ်မျက်နှာတွေဖြစ်တယ်လို့ သတိပေးခဲ့တာပါ။
ဒါ့အပြင် အမေရိကန်အစိုးရရဲ့ စစ်ကောင်စီအပေါ် ဘဏ္ဍာရေး၊ လောင်စာဆီကဏ္ဍတွေနဲ့ ပတ်သတ်ပြီး ဒဏ်ခတ်အရေးယူပိတ်ဆို့ ကန့်သတ်မှုတွေဟာ ရန်သူစစ်ကောင်စီအတွက် အထိနာအကျပ်အတည်းဆိုက်တဲ့ အခြေအနေကို သိသာထင်ရှားစွာ ရောက်ရှိနေပြီလို့ ယာယီသမ္မတဒူဝါလရှီးလက ပြောပါတယ်။
အဲဒီအစည်းအဝေးအတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ပြည်သူကို ကာကွယ်ပေးရမယ့် တော်လှန်ရေးအဖွဲ့တွေမှာလမ်းကြောင်းလွဲလာကြမယ်ဆိုရင် တော်လှန်ရေးအတွက် ထိခိုက်မှု ရှိလာမယ်လို့ သတိပေးပြောကြားခဲ့ပါတယ်။
တော်လှန်ရေးအင်အားစုများဘက်က လက်နက်ကိုင် တပ်ဖွဲ့တွေအတွင်းမှာလည်း လက်ရှိ ဆင်နွှဲနေရတဲ့ တော်လှန်ရေးရဲ့ အရင်းအမြစ်ပြဿနာက ဘာလဲဆိုတာကို မေ့လျော့ပြီး လက်နက်ရှိလာတာနဲ့ ပြည်သူအပေါ် အာဏာပြချင်တဲ့ လူပုဂ္ဂိုလ်မျိုးတွေ၊ အနိုင်အထက်ပြုကျင့်လိုသူတွေရှိလာတယ်လို့ ဝန်ကြီးချုပ် က ထောက်ပြပါတယ်။
ပြည်သူတွေဘက်က ငြိုငြင်စရာဖြစ်ရပ်တွေ များပြားလာရင် ပြည်သူလူထုရဲ့ အားပေး ထောက်ခံမှုလည်း တစ်စထက်တစ်စ ပျယ်လွင့်သွားနိုင်တာကို ကြီးစွာသတိထားရမှာ ဖြစ်တယ်လို့ဆိုပါတယ်။
အထူးသဖြင့် လက်နက် ကိုင်ထားကြတဲ့ အစုအဖွဲ့တွေကြားက ပြဿနာတွေဆိုရင် အစိုးရအနေနဲ့ ခိုင်ခိုင်မာမာ မူဝါဒတွေ ချမှတ်ဖြေရှင်းကြရမှာ ဖြစ်တာကြောင့် သတိထားဖြေရှင်းရမယ့် ကိစ္စတွေကိုပြဿနာတွေ မကြီးထွားခင် မြန်မြန်ဆန်ဆန်ဖြေရှင်းဆောင်ရွက်ကြမှ အခက်အခဲနည်းမယ်လို့ လည်းပြောကြားခဲ့ပါတယ်။
https://youtu.be/1OkHClY6T-Q?si=AKgCGJtdl56kZbYO
#Political News
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
စစ်မျက်နှာအားလုံးမဟာဗျူဟာကျကျစွမ်းဆောင်မှဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖန်တီးနိုင်မယ် NUGယာယီသမ္မတပြော
စစ်မျက်နှာအားလုံးမှာ မဟာဗျူဟာကျကျနဲ့ စွမ်းဆောင်နိုင်မှသာ ပြည်သူလူထုအတွက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးစံနှုန်းအပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဖန်တီးပေးနိုင်မယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက သတိပေးပြောဆိုလိုက်ပါတယ်။
သြဂုတ် ၂၉ ရက်နေ့က ကျင်းပတဲ့…
သြဂုတ် ၂၉ ရက်နေ့က ကျင်းပတဲ့…
👍17❤3🤮2
Media is too big
VIEW IN TELEGRAM
ဂါဘွန်းမှာ စစ်တပ်ကအာဏာသိမ်းပြီး သမ္မတကို နေအိမ်အကျယ်ချုပ် ချထား
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

❤3👍3👎1
အင်းလေးတွင် အမျိုးသမီး ၂ဦးပါမိသားစု စစ်ကောင်စီဖမ်းပြီး ပြင်ပနှင့်တွေ့ခွင့်ပိတ်
=================
ဂျူချန်း
(မဇ္ဈိမ)။ ။ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှ အမျိုးသမီးနှစ်ဦးအပါအဝင် မိသားစုတစုကို စစ်ကောင်စီက ဖမ်းဆီးထားပြီး ပြင်ပနှင့်တွေ့ဆုံခွင့်ပိတ်ပင်ထားကြောင်း ဒေသတွင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသည့် Justice Movement for Community - Innlay အဖွဲ့ ဒါရိုက်တာ ဒေါ်ယုလှိုင်သင်းကပြောသည်။
အင်းလေးဒေသ၊ သပြေပင်သစ်၊အမှတ်(၃) ကျေးရွာမှ ကိုအောင်မျိုးဝင်း၊ မမြအေး၊၎င်းတို့၏ အသက် ၁၈ နှစ်နှင့် ၁၅ နှစ်အရွယ်သားနှင့်သမီးတို့ကို ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက်နေ့ ည ၈နာရီဝန်းကျင်ခန့်တွင် လက်နက်ကိုင်ထားသည့် ပျုစောထီး၁၀ ဦးခန့်က နေအိမ်သို့ လာရောက်ဖမ်းဆီးသွားခြင်းဟု သိရသည်။
ကိုအောင်မျိုးဝင်းနှင့် မမြအေးကို ညောင်ရွှေမြို့မ ရဲစခန်းအချုပ်ခန်းတွင် ချုပ်နှောင်ထားပြီး သားနှင့် သမီးဖြစ်သူကို ရဲစခန်း၏ ရုံးခန်းတွင် ထားရှိကြောင်း ၎င်းတို့နှင့်ဆွေမျိုးနီးစပ်သူများကပြောသည်။ လေးဦးစလုံးအား မည်သူနှင့်မျှတွေ့ခွင့်မပေးဟု ဆိုသည်။
“၂၉ ရက်နေ့က ကလေးတွေရဲ့ ဘကြီးက သွားတွေ့တာ။ ကလေးတွေနဲ့ ခဏတွေ့ရတယ်။ ကလေးတွေက ဘကြီးကိုမြင်မြင်ချင်း ပြေးဖက်ပြီး ငိုကြတယ်။ ခဏကြာတော့ စခန်းမှူးက လာထွက်ဆဲလို့ ပြန်ပြေးလာရတယ်။ မိဘနှစ်ယောက်ကကျတော့ ဘာမှ မသိရ မကြားရဘဲ ပြန်လာရတယ်။ စကားပြောခွင့်ကိုမပေးတာ။ တွေ့ခွင့်လည်းမပေးဘူး" ဟု ဒေါ်ယုလှိုင်သင်းက ပြောသည်။
ကိုအောင်မျိုးဝင်းတို့ မိသားစုသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဆက်စပ်သည်ဟူသော သံသယဖြင့် ဖမ်းဆီးခံရခြင်းဖြစ်သော်လည်း စစ်ကောင်စီက တရားဝင်ထုတ်ဖော်ပြောကြားခြင်းမရှိသေးဟု ဒေသခံအချို့ကဆိုသည်။
" ဆွေမျိုးတွေ စိတ်ပူလွန်းလို့ တငိုငို၊တရယ်ရယ်ဖြစ်နေကြတယ်”ဟု ဒေါ်ယုလှိုင်သင်းက ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်နေ့ကလည်း ရွာငံမြို့နယ်၊ပဲရင်းတောင်ကျေးရွာနှင့် လွှစင်ကျေးရွာမှ ဒေသခံသုံးဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး နေအိမ်လေးလုံးကို မီးရှို့သွားကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
စစ်တပ်အာဏာသိမ်းပြီးချိန်မှ ယခု၂၀၂၃ ခုနှစ်ဩဂုတ်လ ၃၀ ရက်နေ့အထိ နိုင်ငံတဝှမ်းတွင် မတရားဖမ်းဆီးခံရသူ စုစုပေါင်း ၂၄,၅၃၂ ဦးရှိပြီဖြစ်ပြီး ၁၉,၉၇၀ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ၇,၂၀၈ဦးသည် ထောင်ဒဏ်ချမှတ်ခြင်းခံထားကြောင်းနိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPPက ထုတ်ပြန်ထားသည်။
စာတည်း-အေးချမ်း
#mizzima
#အင်းလေးဒေသ
#အမျိုးသမီးနှစ်ဦးအပါမိသားစု
#စစ်ကောင်စီဖမ်းဆီး
ဖမ်းဆီးခံထားရသည့် မိသားစု(ပုံဟောင်း)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍10🤬4❤1
This media is not supported in your browser
VIEW IN TELEGRAM
August - 31 [2 Pm] Mizzima News Hour
Mizzima Headline News
#2pmnews #mizzimanewshour #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

👍5🍌1
ဓနုပြည်သူ့ လွတ်မြောက်ရေး တပ်ဦးသို့ Non CDM ဝန်ထမ်းများ၏ဖိနှိပ်မှုများအပေါ် တိုင်တန်းမှုများရှိနေ။
===============
၃၁-ဩဂုတ်-၂၀၂၃
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံနဲ့ ပင်းတယမြို့များရှိ ဒေသနေ ပြည်သူများဟာ စစ်ကောင်စီ လက်အောက်ခံ Non CDM ဝန်ထမ်းများရဲ့ အနိုင်ကျင့် ဖိနှိပ်မှုများအပေါ် ဓနုပြည်သူ့ လွတ်မြောက်ရေး တပ်ဦး DPLF ထံ တိုင်ကြားမှုများရှိနေတယ်လို့ DPLF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ထိပ်တန်းအရာရှိတစ်ဦးက Mizzima ကိုပြောပါတယ်။
“တိုင်ကြားစာတွေက တောက်လျှောက် ရရှိနေပါတယ်။ ပြည်သူ့အစိုးရ လက်ထက်ကလို မဟုတ်တော့ပဲ အရင် စစ်ကောင်စီလက်ထက်က အချိုးမျိုးတွေ ပြန်ကျင့်သုံးလာကြတယ်၊ မလိုအပ်ပဲ အခွန်တွေ အတင်းအကြပ် စည်းကြပ်တာ ကောက်ခံတာ တွေလုပ်တယ်။ ပြည်သူတွေ အပေါ်ကို ရိုင်းရိုင်းစိုင်းစိုင်းတွေ ဖိနှိပ်နေတာ တွေ့ရတယ်။ အာဏာသိမ်းပြီးမှ စကစလက်အောက်ခံ Non CDM တစ်ချို့က ပိုဆိုးနေတာ တွေ့ရတယ်။ “
ပြည်သူတွေက အားကိုးတကြီး တိုင်ကြားမှုတွေ အပေါ် အလေးအနက်ထားတဲ့အကြောင်းလည်း DPLF တာဝန်ရှိသူက ပြောပါတယ်။
ပြည်သူတွေဆီက တိုင်ကြားစာတွေ အရ လျှပ်စစ် ဌာန၊
စည်ပင်သာယာရေး ဌာန၊ ပြည်တွင်း အကောက်ခွန်ဦးစီး ဌာန၊
ရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ နဲ့ လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာန တို့ကို တိုင်ကြားမှု အများဆုံးရှိနေတယ်လို့ ဆိုပါတယ်။
“ရွာငံ မှာရော ပင်းတယမှာပါ အတိုင်ခံရဆုံးဌာနတွေ ရှိပါတယ်။ ဒေသတည်ငြိမ်ရေး ပြည်သူလူထု အထိပ်တလန့် မဖြစ်စေရေးကို အလေးထားနေလို့ သူတို့ကို အရေးယူမှုအပိုင်း မစတင်သေးတာဖြစ်တယ်။ လုံခြုံရေး ကောင်းပါတယ်ဆိုတဲ့ မန္တလေး ရန်ကုန်မှာတောင် ဌာနဆိုင်ရာတွေကို ရအောင် သတိပေးနိုင်သေးတယ်လေ။ နယ်မြေကျယ်ပြန့်ပြီး အချိန်မရွေး ဝင်ထွက်လို့ ရနေတဲ့ ရွာငံ ပင်းတယက ဌာနဆိုင်ရာတွေကို အရေးယူဖို့ဆိုတာ အခက်အခဲ မရှိပါဘူး။ မလုပ်သေးပဲ စောင့်ကြည့်နေပါတယ်၊ ပြည်သူကို သိပ်ထိပါးလာရင်တော့ ထိထိရောက်ရောက် အရေးယူသွားမှာဖြစ်တယ်” လို့ DPLF ရဲ့တာဝန်ရှိသူက ဆိုပါတယ်။
ရွာငံနဲ့ပင်းတယ ဓနုနဲ့ အခြားဒေသခံများနဲ့ဖွဲ့ စည်းထားတဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး DPLF ကို ၂၀၂၂ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၃ခုနှစ် ဂျူလိုင်လ ၂၉ ရက်နေ့မှာ ဖွဲ့စည်းထားကြောင်း ပြည်သူထံ အသိပေးထုတ်ပြန်ခဲါပါတယ်။ DPLF ဟာ အခြားမဟာမိတ်တပ်များနဲ့ အတူ စကစနဲ့ ထိတွေ့ တိုက်ပွဲများမှာ တိုက်ပွဲအတွေ့အကြုံတွေ ရယူထားပါတယ်။
DPLF ဖွဲ့စည်းကြောင်း တရားဝင် ကြေငြာပြီး နောက်ပိုင်း အလှူငွေများလည်း ဆက်တိုက် လက်ခံရရှိနေတယ် လို့ ဆိုပါတယ်။
“အလှူငွေကတော့ တောက်လျှောက် ရနေပါတယ်။ မိုးကုတ်၊ နောင်ချို၊ ရွာငံ၊ ပင်းတယ နဲ့ နိုင်ငံခြားရောက် ဓနုဒေသနေ ပြည်သူတွေက လှူကြပါတယ်။ DPLF ဖွဲ့စည်းကြောင်း ကြေငြာပြီးနောက်ပိုင်း အရင်ကထက် အလှူငွေတွေ ပိုရရှိလာပါတယ်။ အလှူရှင်တွေ အနေနဲ့ စကစ လက်အောက်ခံ Kpay ၊ Wavepay တွေမသုံးပဲ လုံခြုံရေး စိတ်ချရတဲ့ နည်းတွေနဲ့ လှူလို့ရအောင် ဆောင်ရွက်ပေးထားပါတယ်။” လို့ DPLF တာဝန်ရှိသူက ဆိုပါတယ်။
ပြည်သူတွေရဲ့ တိုင်ကြားစာတွေကို မှတ်တမ်းထားရှိပြီး အလျင်းသင့်သလို ဆောင်ရွက် ပေးသွားမယ်လို့ သိရှိရပါတယ်။ တိုင်ကြားစာ ၊ အကြံပြုစာများကို DPLF ရဲ့ Telegram -@dplf78 နဲ့ E-mail အနေနဲ့ dplf78@gmail. com များကို လိပ်မှုပေးပို့နိုင်ကြောင်း သိရှိရပါတယ်။
ခွန်ရာဇာ (MMIT)

❤8🥰2👍1🔥1
ဒီးမော့ဆိုတွင် စစ်ဘေးရှောင်များရှိရာကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲ
===================
မောင်ခက်နွေ
(မဇ္ဈိမ) ။ ။ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ နေထိုင်သည့် နေရာကို စစ်ကောင်စီတပ်က ယနေ့ သြဂုတ်လ ၃၁ ရက် မနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း ကမ်းလက် - ကယား IDPs Assistance Network ထံက သိရသည်။
စစ်ဘေးရှောင်များရှိသည့် နေရာနှင့် ပေ ၃၀ ခန့်အကွာသို့ ယနေ့ နံနက် ၄ နာရီခန့်က တိုက်လေယာဥ်ဖြင့် သုံးကြိမ်ခန့်လာရောက်ဗုံးကြဲခဲ့ကြောင်း ၎င်းအဖွဲ့က ထုတ်ပြန်ထားသည်။
“ဒီနေရာက စစ်မြေပြင်မဟုတ်ဘူးပေါ့။ စစ်ဖြစ်တာမျိုးမရှိဘဲ လာကြဲတာ” ဟု ကမ်းလက် - ကယား IDPs Assistance Network ၏ ပြန်ကြာရေး တာဝန်ခံက မဇ္ဈိမကို ပြောသည်။
အဆိုပါ နေရာတွင် စစ်ရှောင်ဦးရေ ၁၀၀ ကျော်ရှိပြီး လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်လာမည်ကို စစ်ရှောင်များက စိုးရိမ်နေကြသော်လည်း ပြောင်းရွေ့ရန် အဆင်ပြေသည့် နေရာမရှိကြောင်း သိရသည်။
“စစ်ရှောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကျတော့ ဘုရားပဲ အားကိုးကျတယ်။ ဖြစ်လာတဲ့ အခြေအနေပေါ် အားလုံး ကြေကွဲ ဝမ်းနည်းမှုတွေ ရှိပေမယ့် ဒါတွေအားလုံး ဘုရားလက်ထဲပဲ အပ်တာများတာပေါ့ ။ အထိအခိုက်တော့ မရှိဘူးဗျာ။ တင်ထားနဲ့ပုံ ထဲက ဗုံးသာကွဲခဲ့ရင် အသေအကြေ အတော်များသွားမယ် ထင်တယ်” ဟု ၎င်းက ဆိုသည်။
စစ်ဘေးရှောင်များတွင် စားနပ်ရိက္ခာ အခက်အခဲရှိနေပြီး ကုန်စျေးနှုန်းကြီးမြင့်လာသည့်ကြားတွင် ဝင်ငွေမရှိ၍ အကူအညီလိုအပ်နေကြကြောင်း သိရသည်။
လက်ရှိတွင် ကရင်နီပြည်ကို အာဏာသိမ်း စစ်တပ်က အင်အားအလုံးအရင်းနှင့် တိုက်ခိုက်မှု ပြုလုပ်လျက်ရှိသည်။ ကရင်နီပြည်တွင် စစ်ဘေးရှောင် ပြည်သူ စုစုပေါင်း ၃ သိန်းနီးပါး ရှိနေပြီး စစ်ရှောင်ကာလ ၂ နှစ်ကျော်နေပြီ ဖြစ်သည့် အတွက် ကျန်းမာရေး၊ စားနပ်ရိက္ခာနှင့် နေထိုင်ရေး စသည့် လိုအပ်ချက်များ ရှိနေကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူများက ဆိုသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ဒီမော့ဆို
#လေယာဥ်ဖြင့် ဗုံးကြဲ
ပုံအညွှန်း - အာဏာသိမ်း စစ်တပ် ကြဲသွားသည့် မပေါက်ကွဲသေးသည့် ဗုံးအားတွေ့မြင်ရစဉ် (ဓာတ်ပုံ- ကမ်းလက် - ကယား IDPs Assistance Network)

👍6🔥2😢1
သြဂုတ်လ ( ၃၁ ) ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=====================
01:06-စစ်မျက်နှာအားလုံး မဟာဗျူဟာကျကျ စွမ်းဆောင်နိုင်မှသာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖန်တီးနိုင်မယ့်လို့ NUG ယာယီသမ္မတ ပြောတဲ့သတင်း
03:52-ပလမြို့မှာ စစ်ကောင်စီတပ်အရာရှိက ပြည်သူ့စစ်တပ်ဖွဲ့ဝင်ကို စကားများရန်ဖြစ်ရာမှ ဓားနဲ့ထိုးတဲ့သတင်း
04:48-ထိုင်းဘက် ထွက်ပြေးလာတဲ့ မြန်မာဒုက္ခသည်တွေ လုံခြုံမှုမရှိဘဲ နေရပ်ပြန်မပို့ဖို့ NHRC တောင်းဆိုတဲ့သတင်း
06:45-လူအခွင့်အရေးကို ပိုမိုလေးစားလိုက်နာဖို့ တရုတ်နိုင်ငံခရီးစဉ်အတွင်း ယူကေနိုင်ငံခြားရေးဝန်ကြီးပြောကြားတဲ့သတင်း အပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/vN8pWciU3L4?si=-xrLm9g4riJQhHkN
#2pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=====================
01:06-စစ်မျက်နှာအားလုံး မဟာဗျူဟာကျကျ စွမ်းဆောင်နိုင်မှသာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖန်တီးနိုင်မယ့်လို့ NUG ယာယီသမ္မတ ပြောတဲ့သတင်း
03:52-ပလမြို့မှာ စစ်ကောင်စီတပ်အရာရှိက ပြည်သူ့စစ်တပ်ဖွဲ့ဝင်ကို စကားများရန်ဖြစ်ရာမှ ဓားနဲ့ထိုးတဲ့သတင်း
04:48-ထိုင်းဘက် ထွက်ပြေးလာတဲ့ မြန်မာဒုက္ခသည်တွေ လုံခြုံမှုမရှိဘဲ နေရပ်ပြန်မပို့ဖို့ NHRC တောင်းဆိုတဲ့သတင်း
06:45-လူအခွင့်အရေးကို ပိုမိုလေးစားလိုက်နာဖို့ တရုတ်နိုင်ငံခရီးစဉ်အတွင်း ယူကေနိုင်ငံခြားရေးဝန်ကြီးပြောကြားတဲ့သတင်း အပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/vN8pWciU3L4?si=-xrLm9g4riJQhHkN
#2pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
သြဂုတ်လ ( ၃၁ ) ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:06-စစ်မျက်နှာအားလုံး မဟာဗျူဟာကျကျ စွမ်းဆောင်နိုင်မှသာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖန်တီးနိုင်မယ့်လို့ NUG ယာယီသမ္မတ ပြောတဲ့သတင်း
03:52-ပလမြို့မှာ စစ်ကောင်စီတပ်အရာရှိက ပြည်သူ့စစ်တပ်ဖွဲ့ဝင်ကို စကားများရန်ဖြစ်ရာမှ ဓားနဲ့ထိုးတဲ့သတင်း
04:48-ထိုင်းဘက်…

👍7🍌1
This media is not supported in your browser
VIEW IN TELEGRAM
တရုတ်နဲ့စီးပွားရေး ဆက်ဆံလုပ်ကိုင်နေရမှုဟာ စိတ်မချရဘူးလို့ မိမိတို့ကုမ္ပဏီတွေက ယူဆနေကြောင်းအမေရိကန် ပြော
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #China #American

😁5👍1
ကလေးမြို့တွင် Non-CDM ကျောင်းဆရာ၂ဦးကို ဖမ်းဆီး၊ တရားစွဲနိုင်ရေး စီစဥ်
=====================
ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့တွင် စစ်ကောင်စီ လက်အောက်ခံကျောင်း ဖွင့်လှစ်နေသော Non-CDM ကျောင်းဆရာနှစ်ဦးကို ဖမ်းဆီးထားပြီး တရားစွဲနိုင်ရေးစီစဥ်ဆောင်ရွက်နေကြောင်း ကလေးမြို့နယ် ပြည်သူရဲတပ်ဖွဲ့ (KPP) က ယနေ့ ဩဂုတ်လ ၃၁ရက်တွင် ထုတ်ပြန်သည်။
ကလေးခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် မြို့ပြစစ်ဆင်ရေး ဒုတာဝန်ခံ နှင့် တပ်ဖွဲ့ဝင်ငါးဦးသည် တာဝန်ထမ်းဆောင်နေစဥ် သတင်းအရ ကလေးမြို့ အခြေခံပညာအထက်တန်း ကျောင်း (အထက) အမှတ်(၉) ကျောင်းရှေ့တွင် ကျောင်းဆရာ နှစ်ဦးအား ဩဂုတ်လ ၇ရက် မနက် ၁၁နာရီ ၃၀မိနစ်အချိန်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်းဆိုသည်။
ကျောင်းအုပ် ဆန်းထွန်းမောင်နှင့် (လ/ထ မူပြ) ဂွမ်ဆွမ်းခမ် တို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လုံခြုံရေး ၊ စစ်ရေးအနေအထားအရ ဩဂုတ်လ ၂၆ရက်နေ့ တွင် ဥပဒေနှင့် အညီဆက်လက်ဆောင်ရွက်နိုင်ရန် ကလေးမြို့ပြည်သူ့ရဲတပ်ဖွဲ့ထံ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။
“နစက(စစ်ကောင်စီ) ကို အကြမ်းဖက်အုပ်စုအဖြစ် CRPH က ကြေညာထားပါတယ် ။ အဓိက က စကစအောက်မှာ အလုပ်လုပ်နေတယ်ဆိုရင် အကြမ်းဖက်အားပေးသူတွေ ၊ အကြမ်းဖက်တွေလို့ သတ်မှတ်ပြီးဖြစ်ပါတယ်” ဟု ကလေးမြို့နယ်(တောင်ပိုင်း) ပြည်သူရဲ တပ်ဖွဲ့ တာဝန်ခံ ရဲမှူး အောင်ကြီး က မဇ္စျိမ ကိုပြောသည်။
အဆိုပါဖမ်းဆီးထားသူများကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ရှိ ကလေး မြို့နယ် တရားသူကြီးအဖွဲ့ သို့ တရားစွဲတင်ပို့နိုင်ရေး စီစဥ်ဆောင်ရွက်နေကြောင်း သိရသည်။ ၎င်းတို့နှစ်ဦးအား အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေပုဒ်မ ၅၂(က) ဖြင့် တရားစွဲ ဆိုသွားမည်ဖြစ်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ်သုံးနှစ်ချမှတ်ခံရနိုင်ကြောင်း ဆိုသည်။
ထိုကျောင်းဆရာများနေဖြင့် ရှေ့နေငှားရမ်းလိုက ငှားခွင့်ရှိပြီး နိုင်ငံတကာ စံချိန်စံညွှန်းများအတိုင်း အခွင့်အရေးပေးထားကြောင်း သိရသည်။ ဖမ်းဆီးခံရသူ ဂွမ်ဆွမ်းခမ် ၏ မိခင်ဖြစ်သူ ငင်ခန့်ကျိမ်သည်လည်း စစ်ကောင်စီ လက်အောက်ခံ အထက(၆) တွင် အထက်တန်းပြ၊ ညီမဖြစ်သူ ဒိန်ရှမ်းဟုန်သည် စစ်ကောင်စီလက်အောက်ခံ ကိုးမိုင်ကျောင်းတွင် အလယ်တန်းပြအဖြစ် တာဝန် ထမ်းဆောင်နေကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ဒီဇင်ဘာလ ၁၀ရက်နေ့က ကလေးမြို့ BMB – KTV နှင့် မာဆပ်သို့ စစ်ကောင်စီဒေါက်တိုက်များ ရောက်ရှိနေကြောင်း ပြည်သူများ၏ သတင်းပေးပို့ချက် အရ Kalay PDF ကသွားရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ မြန်မာ့စီးပွားရေးဘဏ် ခရိုင်မန်နေဂျာ ဦးထွန်းထွန်းနိုင်နှင့် အငယ်တန်းစာရေး ငြိမ်းခန့်ဇော် ၊ တပ်ကြပ် မင်းဇော်ဦး တို့ ဖမ်းဆီးခဲ့ရကြောင်းသိရသည်။
ဖမ်းဆီးရမိသူများ ပြည်သူ့ကာကွယ်ရေးတပ်၏ ထိန်းချုပ်နယ်မြေအတွင်း ခေါ်ယူချိန် တွင် တပ်ကြပ်မင်းဇော်ဦးက ခုခံပြီးထွက်ပြေးသဖြင့် အသေပစ်ခတ်ဖမ်းဆီးခဲ့ ရကြောင်း သိရသည်။
အဆိုပါ ဘဏ်ဝန်ထမ်းနှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားကြောင်း ရဲမှူးအောင်ကြီးက ပြောသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ကလေးမြို့
#Non -CDM
ပုံအညွှန်း - ဖမ်းဆီးခံရသူ Non-CDM ကျောင်းဆရာနှစ်ဦး
(ဓါတ်ပုံ - ကလေးမြို့ပြည်သူ့ရဲတပ်ဖွဲ့)

👍16❤1😁1
Media is too big
VIEW IN TELEGRAM
ထိုင်းဘက် ထွက်ပြေးလာတဲ့ မြန်မာဒုက္ခသည်တွေ လုံခြုံမှုမရှိဘဲ နေရပ်ပြန်မပို့ဖို့ NHRC တောင်းဆို
Watch more detail - https://youtu.be/PDg_Aua_4xo
#NUG #ယာယီသမ္မတ #စစ်မျက်နှာ #VideoNews #shorts #reels

👍13🔥1
တောင်တရုတ်ပင်လယ်ကို ပိုင်နက်ပြုထားသော တရုတ်မြေပုံသစ်အား မလေးရှား ပယ်ချ
============••
တောင်တရုတ်ပင်လယ်ရှိ မလေးရှား၏ ကမ်းရိုးတန်းအလွန်က ရေပြင်ကို ပိုင်နက်ပြုထားသော တရုတ်၏ မြေပုံသစ်ကို မလေးရှားနိုင်ငံက ဗုဒ္ဓဟူးနေ့တွင် ပယ်ချလိုက်ကာ ရေပိုင်နှင့် ပတ်သက်ပြီး တရုတ်၏ ငါတကော ကောမှုအပေါ် အာရှမဟာမိတ်များကြား နောက်ဆုံး စကားလုံးစစ်ပွဲ ဖြစ်ခဲ့သည်။
တရုတ်သည် နှစ်စဉ်ကုန်သွယ်လမ်းကြောင်း ဖြတ်သန်းမှု အမေရိကန်ဒေါ်လာ ထရီလီယံချီ ရှိနေသော တောင်တရုတ်ပင်လယ် တခုလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း အတည်ပြုဆိုထားသည်။ တရုတ်၏ ပိုင်နက်အတည်ပြုမှုသည် ဥပဒေ အခြေအမြစ်မရှိကြောင်း နိုင်ငံတကာတရားရုံးတရုံးက စီရင်ချက် ချထားသည့်ကြားမှပဲ ဖြစ်သည်။
အဆိုပါ ပင်လယ်ပြင်၏ ဧရိယာများကို မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ဘရူးနိုင်းတို့ကလည်း ပိုင်ဆိုင်ကြောင်း အတည်ပြုထားကြကာ အမေရိကန်ကလည်း နိုင်ငံတကာ ရေပိုင်နက်၌ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့် ရှိသည်ဆိုလျက် ရေတပ်သင်္ဘောများ စေလွှတ်သည်။

👍11🔥1
အင်ဒိုနီးရှားနှင့် အမေရိကန်တို့ သီတင်း ၂ ပတ်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စတင်
================
အင်ဒိုနီးရှားနှင့် အမေရိကန်၏ စစ်သည်တပ်ဖွဲ့ဝင် ထောင်နှင့်ချီတို့သည် သီတင်းပတ် နှစ်ပတ်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတရပ်ကို ဩဂုတ် ၃၁ ရက်တွင် စတင်ခဲ့ကြပြီး အာရှ-ပစိဖိတ်ဒေသ တည်ငြိမ်ရေးကို ရည်ရွယ်သည့် ထိုစစ်ရေးလေ့ကျင့်မှုတွင် အခြားသော နိုင်ငံ ငါးနိုင်ငံမှ မဟာမိတ်တပ်ဖွဲ့ဝင်များလည်း ပူးပေါင်းပါဝင်ကြသည်။
ပစိဖိတ်ဒေသတွင် တရုတ်၏ ကိုယ့်ကိုယ်ကို ယုံကြည်လွန်းကြောင်း ပိုမို ပြသလာမှုအပေါ် စိုးရိမ်ပူပန်ကြောင်း အမေရိကန်နှင့် ယင်း၏ အာရှ မဟာမိတ်များက ထုတ်ဖော်ထားသော်လည်း ယခု စစ်ရေးလေ့ကျင့်မှုက မည်သည့်နိုင်ငံကိုမှ ရည်ရွယ်ခြင်း မရှိဟု ဝါရှင်တန်က ပြောသည်။
Super Garuda Shield ဟု သိကြသည့် တနှစ်တကြိမ် ပြုလုပ်သည့် ထိုစစ်ရေးလေ့ကျင့်မှုများကို အရှေ့ဂျာဗားပြည်နယ် ဘယ်လူရန်တွင် စတင်ခဲ့ပြီး အမေရိကန်တပ်ဖွဲ့ဝင် ၂,၀၀၀ ကျော် ပါဝင်လုပ်ဆောင်သည်။

👍9🔥1
KNU တပ်မဟာ(၃) နယ်မြေအတွင်း စစ်တပ်၏ပစ်ခတ်မှုများကြောင့် ဒေသခံ ၂ ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရ
🔥4🤬2😢1
KNU တပ်မဟာ(၃) နယ်မြေအတွင်း စစ်တပ်၏ပစ်ခတ်မှုများကြောင့် ဒေသခံ ၂ ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရ
===================
YT
(မဇ္ဈိမ)။ ။ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၃) ထိန်းချုပ်နယ်မြေဖြစ်သည့် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ရွှေကျင်မြို့နယ်နှင့် မုန်းမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူ နှစ်ဦးသေဆုံး၍ ရှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU ဗဟို၏ ယနေ့ ဩဂုတ်လ ၃၀ ရက်နေ့နှင့် ဩဂုတ်လ ၂၉ ရက်နေ့ ထုတ်ပြန်ချက်များအရ သိရသည်။
" အခုက တိုက်ပွဲပြင်းထန်နေတာတော့ နေရာအနှံ့ပဲပေါ့။ ဒါပေမယ့် တိုက်ပွဲမဖြစ်လည်း စစ်ကောင်စီက ပစ်တာက ပစ်တာပဲလေ။ ရွာထဲလည်း ပစ်ချတာပဲ။ ရွာထဲပစ်ချမှတော့ ပြည်သူထိတာပေါ့" ဟု KNLA သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။
ယမန်နေ့ ဩဂုတ်လ ၂၉ ရက်နေ့၊ နေ့လယ်ပိုင်းတွင် ပိန်းဇလုပ်မြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၆၄)က ၁၂၀ မမ လက်နက်ကြီးများဖြင့် ရွှေကျင်မြို့နယ်ရှိ ကျေးရွာများအတွင်း ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည်ထိမှန်၍ ပျဉ်ရေကြီးကျေးရွာမှ အသက် ခုနစ်နှစ်အရွယ်ရှိ သွန်းရတီဖူးနှင့် ၎င်း၏ မိခင်ဖြစ်သူ အသက် ၄၄ နှစ်အရွယ်ရှိ ဒေါ်စန်းမျိုးဦးတို့ သေဆုံးခဲ့ရပြီး ကိုကျော်မိုးနိုင်၊ မမိုးမိုးဌေး၊ ကိုထူးဝေဖြိုးတို့သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
"စစ်တပ်က နေ့တိုင်းပစ်နေကျပဲလေ။ လက်နက်ကြီးထိတာက မိသားစုတစုလုံး ထိတာ၊ ကလေးမလေးကတော့ ခေါင်းကိုထိပြီး ပွဲချင်းပြီးပဲ၊ သူ့အမေကတော့ ခါးကိုထိတာတဲ့ ဆေးရုံရောက်မှ ဆုံးတာ။ ကျန်တဲ့ ကလေးမလေးအဖေရော မိသားစုဝင်တွေပါ ဒဏ်ရာရကြတယ်" ဟု ဒေသတွင်းသတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။
ထို့အပြင် ဩဂုတ်လ ၂၉ ရက်နေ့၊ ညပိုင်းတွင် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၄၃၉) ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မုန်းမြို့နယ်၊ လက်တက်ကြီးကျေးရွာမှ အသက် ၂၇ နှစ်အရွယ် စောဂျောကလက်မူး လက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့ကြောင်း KNU က ဆိုသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၇ ရက်နေ့ကလည်း ပိန်းဇလုပ်မြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၆၄)က ၁၂၀ မမ လက်နက်ကြီးများပစ်ခတ်ခဲ့ရာ KNU နယ်မြေ၊ ကျောက်ကြီးမြို့နယ်၊ ကညင်ကျိုးကျေးရွာမှ အသက် သုံးနှစ်အရွယ် ကလေးငယ်တဦးအပါအဝင် အမျိုးသမီးလေးဦး လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံများ သေဆုံး၊ ထိခိုက်မှုများအပြင် ဒေသခံနေအိမ် ထိမှန်ပျက်စီးမှုများလည်း ရှိကြောင်း KNU ထံက သိရသည်။
လက်ရှိတွင် KNU တပ်မဟာ (၃) နယ်မြေအတွင်းရှိ နေရာအနှံ့အပြားတွင် စစ်ကောင်စီတပ်သားများနှင့် တပ်မဟာ (၃) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားရာနေရာများသို့ လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများအပြင် စစ်ကောင်စီတပ်သည် ကျေးရွာများအတွင်းရှိ ဒေသခံများ၏ နေအိမ်များကိုပါ မီးရှို့ဖျက်ဆီးခြင်းတို့ ပြုလုပ်နေကြောင်း သိရသည်။
လက်ရှိတွင် KNU နယ်မြေများ၌ စစ်ရေးပဋိပက္ခများ၊ စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်ခြင်းများ၊ စစ်ကောင်စီတပ်၏ ပြည်သူများအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခြင်းများကြောင့် KNU နယ်မြေများတွင် စစ်ဘေးရှောင်ပြည်သူ ၆၀၀,၀၀၀ ကျော်ရှိနေပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#KNU
#KNLA
#PDF
ပုံအညွှန်း- စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်ပျက်စီးမှုအချို့ (ဓါတ်ပုံ- KNU)

❤6🔥2🤬1😢1
This media is not supported in your browser
VIEW IN TELEGRAM
ကုလရဲ့ လက်ဘနွန်ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေ ထားရှိမှုကို ကန့်သတ်သွားဖို့ ဟစ်ဇ်ဘိုလာတပ်ဖွဲ့ သတိပေး
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
🔥3❤1
သံလွင်အရှေ့ခြမ်းမှာ စစ်ကောင်စီတပ် အသက်လုပြေးနေရတဲ့ ရုပ်သံဖိုင်ပေါ်ထွက်လာ (ရုပ်သံ)
=======================
ဂျူချန်း
(မဇ္ဈိမ)။ ။ကရင်နီပြည်၊ သံလွင်မြစ်အရှေ့ဖက်ခြမ်းမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့ ပြီးခဲ့တဲ့ ဇွန်လလယ်ကစခဲ့တဲ့ မယ်စဲ့တိုက်ပွဲကနေ လက်ရှိအချိန်အထိ နေ့စဉ်ဆိုသလို တိုက်ပွဲတွေဖြစ်ပွား နေပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက်နေ့မှာတော့ Karenni Army Drone Force ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ရုပ်သံဖိုင်တခု တင်လာပါတယ်။ ရုပ်သံဖိုင်ထဲမှာတော့ စစ်ကောင်စီတပ်စခန်းတခု လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခံရလို့ အသက်လုပြီးပြေးနေကြတဲ့ မြင်ကွင်းကိုဖော်ပြထားတာ တွေ့ရပါတယ်။
ရုပ်သံဖိုင်ရဲ့ အညွှန်းစာမှာတော့ “ငါးကြင်းဆီနဲ့ ငါးကြင်းကြော်စားရတာ အရသာရှိလိုက်တာကွာ” လို့ ရေး သားထားပါတယ်။
ဩဂုတ်လ ၁၃ ရက်နေ့က သံလွင်အရှေ့ဖက်ခြမ်း ထိုင်း-ကရင်နီနယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ လက်နက် နဲ့ ရိက္ခာသိုလှောင်တဲ့ ဂိုဒေါင်တခုကို ကရင်နီတပ်မတော်(KA)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်း နိုင် ခဲ့ပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ KA တပ်ရင်း(၂) ဩဂုတ်လ ၁၄ ရက်နေ့မှာ ထုတ်ပြန် ထားပါတယ်။
အဲဒီနောက် စစ်ကောင်စီထံကသိမ်းဆည်းရမိတဲ့ လက်နက်တွေနဲ့ သူတို့ကို ပြန်တိုက်ခိုက်နေပြီး အကျ အဆုံးအလည်းများနေတယ်လို့ KA ဒရုန်းအဖွဲ့က ဒီရုပ်သံဖိုင်နဲ့အတူ ထုတ်ပြန်လာတာပါ။
လက်ရှိမှာတော့ ကရင်နီပြည် နေရာအနှံ့ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်း ထိုးနေပြီး တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်ရေး တပ် (KNDF)၊ လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေက အပြင်းအထန် ခုခံတိုက်ခိုက်နေပြီး စစ်အသုံးစားရိတ်တွေလိုအပ်နေတာကြောင့် ပြည်သူ တွေအနေနဲ့ ဝိုင်းကူပေးကြဖို့ ကရင်နီတော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားကြပါတယ်။
https://youtu.be/ALF1MFOqXd4?si=BL78iNW0JcC9g-V_
#ကရင်နီပြည်
#သံလွင်အရှေ့ခြမ်း
# ကရင်နီတပ်မတော်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=======================
ဂျူချန်း
(မဇ္ဈိမ)။ ။ကရင်နီပြည်၊ သံလွင်မြစ်အရှေ့ဖက်ခြမ်းမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့ ပြီးခဲ့တဲ့ ဇွန်လလယ်ကစခဲ့တဲ့ မယ်စဲ့တိုက်ပွဲကနေ လက်ရှိအချိန်အထိ နေ့စဉ်ဆိုသလို တိုက်ပွဲတွေဖြစ်ပွား နေပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက်နေ့မှာတော့ Karenni Army Drone Force ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ရုပ်သံဖိုင်တခု တင်လာပါတယ်။ ရုပ်သံဖိုင်ထဲမှာတော့ စစ်ကောင်စီတပ်စခန်းတခု လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခံရလို့ အသက်လုပြီးပြေးနေကြတဲ့ မြင်ကွင်းကိုဖော်ပြထားတာ တွေ့ရပါတယ်။
ရုပ်သံဖိုင်ရဲ့ အညွှန်းစာမှာတော့ “ငါးကြင်းဆီနဲ့ ငါးကြင်းကြော်စားရတာ အရသာရှိလိုက်တာကွာ” လို့ ရေး သားထားပါတယ်။
ဩဂုတ်လ ၁၃ ရက်နေ့က သံလွင်အရှေ့ဖက်ခြမ်း ထိုင်း-ကရင်နီနယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ လက်နက် နဲ့ ရိက္ခာသိုလှောင်တဲ့ ဂိုဒေါင်တခုကို ကရင်နီတပ်မတော်(KA)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်း နိုင် ခဲ့ပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ KA တပ်ရင်း(၂) ဩဂုတ်လ ၁၄ ရက်နေ့မှာ ထုတ်ပြန် ထားပါတယ်။
အဲဒီနောက် စစ်ကောင်စီထံကသိမ်းဆည်းရမိတဲ့ လက်နက်တွေနဲ့ သူတို့ကို ပြန်တိုက်ခိုက်နေပြီး အကျ အဆုံးအလည်းများနေတယ်လို့ KA ဒရုန်းအဖွဲ့က ဒီရုပ်သံဖိုင်နဲ့အတူ ထုတ်ပြန်လာတာပါ။
လက်ရှိမှာတော့ ကရင်နီပြည် နေရာအနှံ့ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်း ထိုးနေပြီး တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်ရေး တပ် (KNDF)၊ လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေက အပြင်းအထန် ခုခံတိုက်ခိုက်နေပြီး စစ်အသုံးစားရိတ်တွေလိုအပ်နေတာကြောင့် ပြည်သူ တွေအနေနဲ့ ဝိုင်းကူပေးကြဖို့ ကရင်နီတော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားကြပါတယ်။
https://youtu.be/ALF1MFOqXd4?si=BL78iNW0JcC9g-V_
#ကရင်နီပြည်
#သံလွင်အရှေ့ခြမ်း
# ကရင်နီတပ်မတော်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
သံလွင်အရှေ့ခြမ်းမှာ စစ်ကောင်စီတပ် အသက်လုပြေးနေရတဲ့ ရုပ်သံဖိုင်ပေါ်ထွက်လာ
ဂျူချန်း(မဇ္ဈိမ)။ ။ကရင်နီပြည်၊ သံလွင်မြစ်အရှေ့ဖက်ခြမ်းမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့ ပြီးခဲ့တဲ့ ဇွန်လလယ်ကစခဲ့တဲ့ မယ်စဲ့တိုက်ပွဲကနေ လက်ရှိအချိန်အထိ နေ့စဉ်ဆိုသလို တိုက်ပွဲတွေဖြစ်ပွား နေပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက်နေ့မှာတော့ Karenni…

❤10👍5👏4😁1
Media is too big
VIEW IN TELEGRAM
ဝဂ္ဂနာအကြီးအကဲရဲ့ ဈာပနကို စိန့်ပီတာစဘတ်မှာလျှို့ဝှက်ကျင်းပခဲ့
#internationalnews #reels #shorts #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate