KNU တပ်မဟာ(၃) နယ်မြေအတွင်း စစ်တပ်၏ပစ်ခတ်မှုများကြောင့် ဒေသခံ ၂ ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရ
🔥4🤬2😢1

===================
YT
(မဇ္ဈိမ)။ ။ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၃) ထိန်းချုပ်နယ်မြေဖြစ်သည့် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ရွှေကျင်မြို့နယ်နှင့် မုန်းမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူ နှစ်ဦးသေဆုံး၍ ရှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU ဗဟို၏ ယနေ့ ဩဂုတ်လ ၃၀ ရက်နေ့နှင့် ဩဂုတ်လ ၂၉ ရက်နေ့ ထုတ်ပြန်ချက်များအရ သိရသည်။
" အခုက တိုက်ပွဲပြင်းထန်နေတာတော့ နေရာအနှံ့ပဲပေါ့။ ဒါပေမယ့် တိုက်ပွဲမဖြစ်လည်း စစ်ကောင်စီက ပစ်တာက ပစ်တာပဲလေ။ ရွာထဲလည်း ပစ်ချတာပဲ။ ရွာထဲပစ်ချမှတော့ ပြည်သူထိတာပေါ့" ဟု KNLA သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။
ယမန်နေ့ ဩဂုတ်လ ၂၉ ရက်နေ့၊ နေ့လယ်ပိုင်းတွင် ပိန်းဇလုပ်မြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၆၄)က ၁၂၀ မမ လက်နက်ကြီးများဖြင့် ရွှေကျင်မြို့နယ်ရှိ ကျေးရွာများအတွင်း ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည်ထိမှန်၍ ပျဉ်ရေကြီးကျေးရွာမှ အသက် ခုနစ်နှစ်အရွယ်ရှိ သွန်းရတီဖူးနှင့် ၎င်း၏ မိခင်ဖြစ်သူ အသက် ၄၄ နှစ်အရွယ်ရှိ ဒေါ်စန်းမျိုးဦးတို့ သေဆုံးခဲ့ရပြီး ကိုကျော်မိုးနိုင်၊ မမိုးမိုးဌေး၊ ကိုထူးဝေဖြိုးတို့သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
"စစ်တပ်က နေ့တိုင်းပစ်နေကျပဲလေ။ လက်နက်ကြီးထိတာက မိသားစုတစုလုံး ထိတာ၊ ကလေးမလေးကတော့ ခေါင်းကိုထိပြီး ပွဲချင်းပြီးပဲ၊ သူ့အမေကတော့ ခါးကိုထိတာတဲ့ ဆေးရုံရောက်မှ ဆုံးတာ။ ကျန်တဲ့ ကလေးမလေးအဖေရော မိသားစုဝင်တွေပါ ဒဏ်ရာရကြတယ်" ဟု ဒေသတွင်းသတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။
ထို့အပြင် ဩဂုတ်လ ၂၉ ရက်နေ့၊ ညပိုင်းတွင် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၄၃၉) ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မုန်းမြို့နယ်၊ လက်တက်ကြီးကျေးရွာမှ အသက် ၂၇ နှစ်အရွယ် စောဂျောကလက်မူး လက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့ကြောင်း KNU က ဆိုသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၇ ရက်နေ့ကလည်း ပိန်းဇလုပ်မြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၆၄)က ၁၂၀ မမ လက်နက်ကြီးများပစ်ခတ်ခဲ့ရာ KNU နယ်မြေ၊ ကျောက်ကြီးမြို့နယ်၊ ကညင်ကျိုးကျေးရွာမှ အသက် သုံးနှစ်အရွယ် ကလေးငယ်တဦးအပါအဝင် အမျိုးသမီးလေးဦး လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံများ သေဆုံး၊ ထိခိုက်မှုများအပြင် ဒေသခံနေအိမ် ထိမှန်ပျက်စီးမှုများလည်း ရှိကြောင်း KNU ထံက သိရသည်။
လက်ရှိတွင် KNU တပ်မဟာ (၃) နယ်မြေအတွင်းရှိ နေရာအနှံ့အပြားတွင် စစ်ကောင်စီတပ်သားများနှင့် တပ်မဟာ (၃) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားရာနေရာများသို့ လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများအပြင် စစ်ကောင်စီတပ်သည် ကျေးရွာများအတွင်းရှိ ဒေသခံများ၏ နေအိမ်များကိုပါ မီးရှို့ဖျက်ဆီးခြင်းတို့ ပြုလုပ်နေကြောင်း သိရသည်။
လက်ရှိတွင် KNU နယ်မြေများ၌ စစ်ရေးပဋိပက္ခများ၊ စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်ခြင်းများ၊ စစ်ကောင်စီတပ်၏ ပြည်သူများအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခြင်းများကြောင့် KNU နယ်မြေများတွင် စစ်ဘေးရှောင်ပြည်သူ ၆၀၀,၀၀၀ ကျော်ရှိနေပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#KNU
#KNLA
#PDF
ပုံအညွှန်း- စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်ပျက်စီးမှုအချို့ (ဓါတ်ပုံ- KNU)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

❤6🔥2🤬1😢1
This media is not supported in your browser
VIEW IN TELEGRAM
ကုလရဲ့ လက်ဘနွန်ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေ ထားရှိမှုကို ကန့်သတ်သွားဖို့ ဟစ်ဇ်ဘိုလာတပ်ဖွဲ့ သတိပေး
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

🔥3❤1
သံလွင်အရှေ့ခြမ်းမှာ စစ်ကောင်စီတပ် အသက်လုပြေးနေရတဲ့ ရုပ်သံဖိုင်ပေါ်ထွက်လာ (ရုပ်သံ)
=======================
ဂျူချန်း
(မဇ္ဈိမ)။ ။ကရင်နီပြည်၊ သံလွင်မြစ်အရှေ့ဖက်ခြမ်းမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့ ပြီးခဲ့တဲ့ ဇွန်လလယ်ကစခဲ့တဲ့ မယ်စဲ့တိုက်ပွဲကနေ လက်ရှိအချိန်အထိ နေ့စဉ်ဆိုသလို တိုက်ပွဲတွေဖြစ်ပွား နေပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက်နေ့မှာတော့ Karenni Army Drone Force ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ရုပ်သံဖိုင်တခု တင်လာပါတယ်။ ရုပ်သံဖိုင်ထဲမှာတော့ စစ်ကောင်စီတပ်စခန်းတခု လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခံရလို့ အသက်လုပြီးပြေးနေကြတဲ့ မြင်ကွင်းကိုဖော်ပြထားတာ တွေ့ရပါတယ်။
ရုပ်သံဖိုင်ရဲ့ အညွှန်းစာမှာတော့ “ငါးကြင်းဆီနဲ့ ငါးကြင်းကြော်စားရတာ အရသာရှိလိုက်တာကွာ” လို့ ရေး သားထားပါတယ်။
ဩဂုတ်လ ၁၃ ရက်နေ့က သံလွင်အရှေ့ဖက်ခြမ်း ထိုင်း-ကရင်နီနယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ လက်နက် နဲ့ ရိက္ခာသိုလှောင်တဲ့ ဂိုဒေါင်တခုကို ကရင်နီတပ်မတော်(KA)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်း နိုင် ခဲ့ပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ KA တပ်ရင်း(၂) ဩဂုတ်လ ၁၄ ရက်နေ့မှာ ထုတ်ပြန် ထားပါတယ်။
အဲဒီနောက် စစ်ကောင်စီထံကသိမ်းဆည်းရမိတဲ့ လက်နက်တွေနဲ့ သူတို့ကို ပြန်တိုက်ခိုက်နေပြီး အကျ အဆုံးအလည်းများနေတယ်လို့ KA ဒရုန်းအဖွဲ့က ဒီရုပ်သံဖိုင်နဲ့အတူ ထုတ်ပြန်လာတာပါ။
လက်ရှိမှာတော့ ကရင်နီပြည် နေရာအနှံ့ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်း ထိုးနေပြီး တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်ရေး တပ် (KNDF)၊ လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေက အပြင်းအထန် ခုခံတိုက်ခိုက်နေပြီး စစ်အသုံးစားရိတ်တွေလိုအပ်နေတာကြောင့် ပြည်သူ တွေအနေနဲ့ ဝိုင်းကူပေးကြဖို့ ကရင်နီတော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားကြပါတယ်။
https://youtu.be/ALF1MFOqXd4?si=BL78iNW0JcC9g-V_
#ကရင်နီပြည်
#သံလွင်အရှေ့ခြမ်း
# ကရင်နီတပ်မတော်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=======================
ဂျူချန်း
(မဇ္ဈိမ)။ ။ကရင်နီပြည်၊ သံလွင်မြစ်အရှေ့ဖက်ခြမ်းမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့ ပြီးခဲ့တဲ့ ဇွန်လလယ်ကစခဲ့တဲ့ မယ်စဲ့တိုက်ပွဲကနေ လက်ရှိအချိန်အထိ နေ့စဉ်ဆိုသလို တိုက်ပွဲတွေဖြစ်ပွား နေပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက်နေ့မှာတော့ Karenni Army Drone Force ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ရုပ်သံဖိုင်တခု တင်လာပါတယ်။ ရုပ်သံဖိုင်ထဲမှာတော့ စစ်ကောင်စီတပ်စခန်းတခု လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခံရလို့ အသက်လုပြီးပြေးနေကြတဲ့ မြင်ကွင်းကိုဖော်ပြထားတာ တွေ့ရပါတယ်။
ရုပ်သံဖိုင်ရဲ့ အညွှန်းစာမှာတော့ “ငါးကြင်းဆီနဲ့ ငါးကြင်းကြော်စားရတာ အရသာရှိလိုက်တာကွာ” လို့ ရေး သားထားပါတယ်။
ဩဂုတ်လ ၁၃ ရက်နေ့က သံလွင်အရှေ့ဖက်ခြမ်း ထိုင်း-ကရင်နီနယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ လက်နက် နဲ့ ရိက္ခာသိုလှောင်တဲ့ ဂိုဒေါင်တခုကို ကရင်နီတပ်မတော်(KA)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်း နိုင် ခဲ့ပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ KA တပ်ရင်း(၂) ဩဂုတ်လ ၁၄ ရက်နေ့မှာ ထုတ်ပြန် ထားပါတယ်။
အဲဒီနောက် စစ်ကောင်စီထံကသိမ်းဆည်းရမိတဲ့ လက်နက်တွေနဲ့ သူတို့ကို ပြန်တိုက်ခိုက်နေပြီး အကျ အဆုံးအလည်းများနေတယ်လို့ KA ဒရုန်းအဖွဲ့က ဒီရုပ်သံဖိုင်နဲ့အတူ ထုတ်ပြန်လာတာပါ။
လက်ရှိမှာတော့ ကရင်နီပြည် နေရာအနှံ့ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်း ထိုးနေပြီး တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်ရေး တပ် (KNDF)၊ လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေက အပြင်းအထန် ခုခံတိုက်ခိုက်နေပြီး စစ်အသုံးစားရိတ်တွေလိုအပ်နေတာကြောင့် ပြည်သူ တွေအနေနဲ့ ဝိုင်းကူပေးကြဖို့ ကရင်နီတော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားကြပါတယ်။
https://youtu.be/ALF1MFOqXd4?si=BL78iNW0JcC9g-V_
#ကရင်နီပြည်
#သံလွင်အရှေ့ခြမ်း
# ကရင်နီတပ်မတော်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
သံလွင်အရှေ့ခြမ်းမှာ စစ်ကောင်စီတပ် အသက်လုပြေးနေရတဲ့ ရုပ်သံဖိုင်ပေါ်ထွက်လာ
ဂျူချန်း(မဇ္ဈိမ)။ ။ကရင်နီပြည်၊ သံလွင်မြစ်အရှေ့ဖက်ခြမ်းမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့ ပြီးခဲ့တဲ့ ဇွန်လလယ်ကစခဲ့တဲ့ မယ်စဲ့တိုက်ပွဲကနေ လက်ရှိအချိန်အထိ နေ့စဉ်ဆိုသလို တိုက်ပွဲတွေဖြစ်ပွား နေပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက်နေ့မှာတော့ Karenni…

❤10👍5👏4😁1
Media is too big
VIEW IN TELEGRAM
ဝဂ္ဂနာအကြီးအကဲရဲ့ ဈာပနကို စိန့်ပီတာစဘတ်မှာလျှို့ဝှက်ကျင်းပခဲ့
#internationalnews #reels #shorts #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate

😁5👍1
အထူးတိုက်ခိုက်ရေးသင်တန်းဆင်းများနှင့် ဗျူဟာမြောက်ထိုးစစ်တွေ ပြုလုပ်သွားမည်
👍5🔥2😁1

======================
MTO
(မဇ္ဈိမ)။ ။ ကျောင်းသားလက်ရုံးတပ်တော်၏ အထူးတိုက်ခိုက်ရေးသင်တန်းဆင်းပွဲကို ဩဂုတ်လ ၂၈ ရက်နေ့ တွင် ဗဟိုဌာနချုပ်တည်ရှိသည့်နေရာတွင် ပြုလုပ်ခဲ့ပြီး သင်တန်းဆင်းရဲဘော်များနှင့် ဗျူဟာမြောက်ထိုးစစ်ဆင်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကိုရဲရင့်က ပြောသည်။
၎င်းက “ ကျနော် တို့တပ်အင်အား(လူ၊ လက်နက်၊ ရိက္ခာ)နဲ့ အခြားသော အုပ်ချုပ်၊ ထောက်ပံ့မှု အကောင်းဆုံးလုပ်နိုင်တဲ့ စစ်လှုပ်ရှားခွင်တွေမှာ ဗျူဟာမြောက်ထိုးစစ်အဖြစ် အသုံးပြုသွားဖို့ အဓိကထားပါတယ်” ဟုပြောသည်။
အဆိုပါအထူးတိုက်ခိုက်ရေးသင်တန်းကို ရက္ခိုင့်တပ်တော်မှ လေ့ကျင့်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းသား ၆၀ ဦးအနက် ၅၀ ဦး သာ သင်တန်းဆင်းနိုင်ခဲ့ကြောင်း ကျောင်းသားလက်ရုံးတပ်တော်က ထုတ်ပြန်ထားသည်။
စစ်အာဏာရှင်ကို ပိုမိုထိရောက်အောင် တော်လှန်နိုင်ဖို့အတွက် အထူးတိုက်ခိုက်ရေးသင်တန်းများကို ဆောင်ရွက်ခဲ့ဖြင်းဖြစ်ပြီး ပြည်သူ့ကို ယခုထက် ပိုမိုပြီးကာကွယ်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း ကိုရဲရင့် က ပြောသည်။
၎င်းက “ ကျောင်းသားလက်ရုံးတပ်တော်အနေနဲ့ လူထုရှေ့က ခြေတလှမ်းတိုးကာကွယ်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟုပြောသည်း
ကျောင်းသားလက်ရုံးတပ်တော်အနေဖြင့် အထူးတိုက်ခိုက်ရေးသင်တန်း ၊ စစ်ဖက်ဆိုင်ရာသင်တန်းများ ဖော်ဆောင်ရာတွင် (COC) နှစ်ခုဖြစ်သည့် စစ်သည်တော်ကျင့်ဝတ် (COC) နှင့် Chain of Command (COC) တို့ ကို ရဲဘော်တယောက်ချင်းစီက နားလည်သိရှိပြီး ပြည်သူကို မျက်နှာမူသည့် တော်လှန်ရေးစစ်သားများအဖြစ် ရောက်ရှိဖို့ ရည်ရွယ်ကြောင်း ကိုရဲရင့်က ဆိုသည်။
အဆိုပါ အထူးတိုက်ခိုက်ရေးသင်တန်းဆင်းပွဲတွင် ကျောင်းသားလက်ရုံးတပ်တော်နှင့် ရက္ခိုင့်တပ်တော် တို့ မှ တာဝန်ရှိသူများက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားသို့ မဟာမိတ်တပ်အသီးသီးမှ အရာရှိ အရာခံများ ကျောင်းသားလက်ရုံးတပ်တော်မှ ဗဟိုကော်မတီဝင်များ အကြပ် စစ်သည် နှင့် ရဲဘော်များ တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#အထူးတိုက်ခိုက်ရေး
#သင်တန်းဆင်း
#ဗျူဟာမြောက်
#ထိုးစစ်
ပုံညွန်း ကျောင်းသားလက်ရုံးတပ်တော်မှ ရဲဘော်များကို တွေ့ရစဥ်
Credit -- ကျောင်သားလက်ရုံတပ်တော်

❤8👍3🔥1😁1
ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးထားသူများကို စစ်ယူနီဖောင်း ဝတ်ဆင်ခိုင်း
==================
အဂမ်
(မဇ္ဈိမ)။ ။ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်က ဒေသခံများနှင့် ခရီးသွားများကို ဖမ်းဆီးကာ စစ်ယူနီဖောင်းများ ဝတ်ဆင်ခိုင်းပြီး လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ကြောင်း ပြန်လည်လွှတ်မြောက်လာသူ ဒေသခံများက ပြောသည်။
နန့်ယားကျေးရွာ ဒေသခံများ၊ စစ်ရှောင်စခန်းမှ ပြည်သူများနှင့် ခရီးသွားများ စုစုပေါင်း ဦးရေ ၁၀၀ ကျော်ကို သြဂုတ်လ ၂၄ ရက်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် နန့်ယားကျေးရွာနှင့် ကပ်မှော်ကျေးရွာမှ ဖမ်းဆီးခံရသူများထဲမှ ၁၄ ဦးကျော် ပြန်လည်လွှတ်မြောက်လာကြောင်း သိရသည်။
လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရသည့် လမ်းတစ်လျှောက်တွင် စစ်ယူနီဖောင်းအင်္ကျီများကို ဝတ်ဆင်ထားရပြီး စစ်လက်နက်ပစ္စည်းများကို သယ်ယူထမ်းပိုးပေးခဲ့ရကြောင်း ပြန်လည်လွှတ်မြောက်လာသူ နန်းယားကျေးရွာ ဒေသခံများက ပြောသည်။ ဖမ်းဆီးခံရသူများတွင် နန့်ယားကျေးရွာ ဒေသခံ ဦးရေ ၃၀ ကျော်ပါဝင်သည်ဆိုသော ဒေသခံများ၏ ပြောဆိုချက်ကို အတည်ပြုနိုင်ရန် နှင့် အခြားဖမ်းဆီးခံရသူများ လွှတ်မြောက်လာမှု ရှိ၊ မရှိကို မဇ္ဈိမက စုံစမ်းနေဆဲဖြစ်သည်။
“နန့်ယားကဖမ်းခေါ်လာတဲ့သူတွေကို နန့်တိန်းရောက်တာနဲ့ ပြန်လွှတ်ပေးပြီ။ အခုသူတို့အားလုံး ဒီကို (နန့်ယားရွာ)ပြန်ရောက်လာပါပြီ “ဟု သတင်းရင်းမြစ်က ပြောသည်။
မရစ်ဘရန်အောင်၊ ဒေါ်ဇာဇာမျိုး၊ ရမ်ထွန်း၊ ဦးစိုးသိန်း၊ ဆွတ်ဒန့်မျိုး၊ ဆိုင်းထွယ်အောင်၊ ကိုကျော်လှိုင်၊ ကိုစိုးမြင့်အောင်၊ ခန်းဒါတူးအောင်၊ ဆရာပြည့် ဖြိုးနိုင်ဝင်း၊ ဆရာဂျန်မော်အောင်ဆိုင်း၊ မိုင်ဆိုင်း၊ ဒီးရမ်နှင့် ကိုဂတုံး တို့ ပြန်လည်လွှတ်မြောက်လာခြင်းဖြစ်သည်။
၎င်းတို့အထဲမှ ကပ်မှော်ကျေးရွာ ဒေသခံနှစ်ဦးဖြစ်သည့် ဆိုင်းထွယ်အောင်နဲ့ ဆွတ်ဒန့်မျိုးသည် အသက်မပြည့်သေးသည့် ရှစ်တန်းနှင့် ကိုးတန်းကျောင်းသားများ ဖြစ်ကြောင်း သိရသည်။ ထို့ပြင်ပြန်လည်လွှတ်မြောက်လာသူများတွင် ဘာသာရေးတရားဟောဆရာနှင့် အင်ဂျင်နီယာ နှစ်ဦး ပါဝင်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။
စစ်ကောင်စီတပ်သည် ဩဂုတ်လ ၂၈ ရက်နေ့ နေ့လယ် ၂ နာရီခန့် ဖားကန့်မြို့နှင့် ရှစ်မိုင်ခန့်အကွာရှိ နန့်တိန်းကျေးရွာသို့ အရောက်တွင် လူသားဒိုင်းအဖြစ် ဖမ်းဆီးထားသူများကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း နန်ယားကျေးရွာဒေသခံက ဆိုသည်။
ဖားကန့်ဘက်သို့ အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ စစ်ကြောင်းကို သြဂုတ်လ ၂၂ ရက်တွင် ကေအိုင်အေတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း သြဂုတ်လ ၂၄ ရက်တွင် ထိုကဲ့သို့ ဒေသခံများကို လူသားဒိုင်းအဖြစ် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ထိုစစ်ကောင်စီတပ် စစ်ကြောင်းအား သြဂုတ်လ ၂၉ ရက်နှင့် ၃၀ ရက်တွင် ကေအိုင်အေ တပ်ရင်း (၆)က ငါးကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်သေးသည်။ လက်ရှိတွင် နှစ်ဖက် စစ်ရေးအခြေအနေ တင်းမာလျက်ရှိကြောင်း ဒေသခံများထံက သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#လူသားဒိုင်း
#နန့်ယားဒေသ
ပုံအညွှန်း- စစ်ကောင်စီ တပ်သား (ဓာတ်ပုံ- ပုံဟောင်း)

🤬6👍5❤2😢1
မင်းတပ်တွင် ကင်းလှည့်စစ်တပ်ကို ချင်းကွန်မန်ဒိုတပ်ဖွဲ့ တိုက်ခိုက်
===================
ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ မင်းတပ်မြို့တွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကို CDF မင်းတပ်၏ ကွန်မန်ဒိုတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုများရှိကြောင်း CDF မင်းတပ် နှင့် နီးစပ်သော သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။
မင်းတပ်မြို့ ဘဝသစ်ရပ်ကွက်တွင် ကင်းလှည့်နေသော စစ်ကောင်စီတပ်၏ ရှေ့ပြေးပွိုင့်နှင့် မင်းတပ် ကွန်မန်ဒိုတပ်ဖွဲ့တို့အကြား ဩဂုတ်လ ၂၉ရက်၊ နံနက် ၉နာရီ ၃၀မိနစ်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲ၌ မင်းတပ် CDF မှ ဝံပုလွေစစ်ကြောင်းအမည်ဖြင့် အုပ်စုသုံးခုခွဲပြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မိနစ် ၃၀ ခန့်ကြာ အပြန်အလှန် ထိတွေ့ပစ်ခတ်မှုအတွင်း စစ်ကောင်တပ်သား နှစ်ဦး ဒဏ်ရာ အပြင်းအထန်ရရှိသွားပြီး CDF မင်းတပ် တပ်ဖွဲ့ဝင်များမှ အထိအခိုက် မရှိခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။
အလားတူ ဩဂုတ်လ ၂၉ ရက်နေ့၊ ညနေ ၄ နာရီခွဲကချိန်ကလည်း မင်းတပ်မြို့ လယ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းကို CDF မင်းတပ်က စနိုက်ပါဖြင့် သွားရောက် ပစ်ခတ်ခဲ့ကြောင်း အုပ်ချုပ်ရေးတာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။
“ရဲစခန်းကို သွားပစ်တာဟုတ်ပါတယ် ။ ရဲစခန်းဂိတ်က တဦး စနိုက်ပါထိလို့ လဲကျ သွားတယ်လို့သိရတယ် ။ ကျန်တဲ့အခြေအနေတွေကိုတော့ မသိရသေးဘူး” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံ ဆလိုင်းယောမာန်က မဇ္စျိမ ကိုပြောသည်။
စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ပြီးနောက် အပြန်အလှန်ပစ်ခတ်မှု ၁၀မိနစ်ခန့်ဖြစ်ပွားခဲ့ရာ အခြား ရဲအချို့ ထိခိုက်မှုရှိကြောင်းနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှ အထိ အခိုက်မရှိကြောင်း ဆိုသည်။
မင်းတပ်မြို့အတွင်း ဩဂုတ်လ ၂၃ရက်နှင့် ၂၆ရက်များနေ့တွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ၂၆ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကာ ခုနစ်ဦးဒဏ်ရာ ရရှိထားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) က ထုတ်ပြန်ထားသည်။
ယင်းသို့ တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားလာပြီးနောက် စစ်ကောင်စီတပ်က ကာကွယ်ရေးတပ်ဖွဲ့နှင့် ပတ်သက်ကြောင်း စွပ်စွဲပြီး ဒေသခံ ခြောက်ဦးကို ဖမ်းဆီးခဲ့ကာ နှစ်ဦးကိုပြန်လွှတ်ပေးလိုက်ပြီဟု သိရသည်။
လက်ရှိမင်းတပ်မြို့တွင် တိုက်ပွဲများ ခပ်စိတ်စိတ် ဖြစ်ပွားနေကာ အချိန်မရွေး ပြင်းထန်လာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် မြို့အတွင်းအသွားလာ ဆင်ခြင်နေထိုင်ကြရန် မင်းတပ်မြို့ နယ်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ ဆလိုင်း ယောမာန်က အသိပေးထားသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#မင်းတပ်
#ကွန်မက်ဒို
#Mizzima
ပုံအညွှန်း- CDF မင်းတပ် တပ်ဖွဲ့ဝင်များ(ဓာတ်ပုံ- CDF )

❤9👍5🔥1
နမ့်ဖက်ကာတွင် စစ်တပ်လက်နက်ကြီးကြောင့် အသက်မပြည့်သေးသည့် မိန်းကလေးသေဆုံး၊၃ဦး ဒဏ်ရာရဟုဆို
===================
မောင်ခက်နွေ
(မဇ္ဈိမ)။ ။ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊နမ့်ဖက်ကာတိုက်နယ်တွင် ယမန်နေ့ သြဂုတ်လ ၃၀ ရက် နံနက်က စစ်ကောင်စီပစ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၅နှစ်အရွယ်အမျိုးသမီးငယ်တဦး သေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့သည်ဟု ဒေသခံများကပြောသည်။
နမ့်ဖက်ကာအခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၁၂၃) က ယမန်နေ့ နံနက် ၉နာရီခန့်မှစတင်ကာ လက်နက်ကြီးဖြင့် အကြိမ် ၂၀ ကျော် ပစ်ခတ်ခဲ့ရာ နမ့်ဖက်ကာတိုက်နယ်၊ အမှတ်(၁)နှင့် အမှတ် (၂) ရပ်ကွက်၊ ဟိုပုံစုစည်းရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံတဦးကပြောသည်
“ နှစ်ဖက်တိုက်ပွဲမဖြစ်သေးဘဲ လက်နက်ကြီးပဲထုနေတာ” ဟု ဒေသခံ တဦးက ပြောသည်။ ထိုပစ်ခတ်မှုကြောင့် ဟိုပုံစုစည်းရွာမှ အသက် ၁၅ နှစ်အရွယ် မိန်းကလေးတဦးသေဆုံးပြီး ၁၃ နှစ်အရွယ် အမျိုးသမီးတဦးနှင့် အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဒဏ်ရာရသူများသည် ကွတ်ခိုင်မြို့နယ်ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေကြောင်း သတင်းရရှိသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်နှင့် မူဆယ်မြို့နယ်၊ နမ့်ဖက်ကာတိုက်နယ်တို့တွင် ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်မှစပြီး စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေခြင်းဖြစ်သည်။
တအာင်းတပ်မတော်နှင့် စစ်ကောင်တပ်အကြား ယခု ဩဂုတ်လအတွင်းတိုက်ပွဲစုစုပေါင်း (၂၁)ကြိမ်ဖြစ်ပွားခဲ့သည်ဟု TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
စာတည်း - အေးချမ်း
#mizzima
#နမ့်ဖက်ကာတိုက်နယ်
#စစ်ကောင်စီလက်နက်ကြီး
#သေဆုံးဒဏ်ရာရ
ပုံအညွှန်း-စစ်ကောင်စီလက်နက်ကြီးကြောင့် ဒဏ်ရာရသွားသူတဦး

👍6❤5🤬2😢1
စားသုံးဆီအသင်းဥက္ကဋ္ဌအပါအဝင်ဒေါ်လာရောင်းဝယ်သူ(၄၀)ခန့်စစ်ကောင်စီ ဖမ်းဆီး|Business Round Up(31.8.2023)
==================
- စားသုံးဆီအသင်းဥက္ကဋ္ဌအပါအဝင် ဒေါ်လာရောင်းဝယ်သူ (၄၀)ခန့်ကို စစ်ကောင်စီ ဖမ်းဆီး
- ဆန် စပါး တင်ပို့နေတဲ့နိုင်ငံတွေ ပုံမှန်အတိုင်း ထုတ်လုပ်နိုင်ဖို့ရုန်းကန်နေရ
- မြန်မာ-တရုတ် နှစ်နိုင်ငံကြားစီမံကိန်းများ အမြန်ဆုံးအကောင်အထည်ဖော်ရန်ဆွေးနွေး
- အာရှလမ်း ပြန်လည်ဖွင့်လှစ်သော်လည်း လမ်းပိတ်ဆို့မှုများကြောင့် ကုန်စည်စီးဆင်းမှု ပုံမှန်မဖြစ်သေး
https://youtu.be/qb6fgrNHNzY?si=5Igm0BDU8fjHJ2x0
#BusinessRoundUp
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

- အာရှလမ်း ပြန…

👍10❤2
Rustom
==========
" ဆရာ .. ကျွန်တော်တို့၀ယ်မယ့် သင်္ဘောက အဟောင်းကြီး ဖြစ်နေပေမယ့် စျေးနှုန်းက အသစ်အတိုင်း ဖြစ်နေတယ်။ ဒါကို စစ်ဆေးပေးရတဲ့ ကျွန်တော့်အတွက် တစ်သန်း လာဘ်ထိုးပါတယ် " ဆိုပြီး ရဲဝံ့စွာ ပြောလိုက်သူကသူ့ရဲ့အထက်အရာရှိကို တင်ပြလိုက်တယ်။
သင်္ဘော ရဲ့ လိုအပ်ချက်အပိုင်းတွေကို အကုန်လုံး တင်ပြပြီးသားဖြစ်ပါတယ်။
ဘာ.... " တစ်သန်း ဟုတ်လား "
" တော်တော် အသုံးမကျတဲ့ ညှိနှိုင်းမှုပဲ။ တကယ်ဆို နှစ်သန်းလောက် ပေးရမှာပေါ့ ။ ပြန်သွားပြီး စစ်ဆေးမှုအတည်ပြုကြောင်း လက်မှတ်ထိုးလိုက်ပါ။ကျန်တဲ့အပိုင်း ဗစ်ကရန်ကို ငါထပ်ပြီး ညှိနှိုင်းဖို့ပြောထားလိုက်မယ် "
ဒီစကားက သူ့ကို အံ့အားသင့်သွားစေခဲ့တယ်။ ဒီစကားကိုကြားပြီး သူဆုံးဖြတ်ချက် တစ်ခုချလိုက်ပါတော့တယ်။
#ဗစ်ကရန် ဆိုတာက ကာကွယ်ရေး၀န်ကြီးဌာနအတွင်းစည်းပိုင်းအထိ ပေါက်ပေါက်မြောက်မြောက်ရှိတဲ့ လက်နက်ကုန်သည်ပွဲစား တစ်ဦးဖြစ်ပါတယ်။
ရုစတန်အံ့အားသင့်မိတဲ့ အချက်က အိန္ဒိယရေတပ်ကြီးတစ်ခုလုံးရဲ့ ဗိုလ်ချုပ်ကြီးက အိန္ဒိယအမျိုးသားအကျိုးစီးပွားကို နင်းချေပြီး လေယာဉ်တင်သင်္ဘော အစုတ်ကြီးကို ဘာကြောင့်အတင်း၀ယ်ဖို့ကြိုးစားခဲ့တာလဲဆိုတာကိုပါပဲ။
ဒီနောက်မှာတော့ ဗိုလ်ချုပ်ကြီးကခေါ်ပြီး အရက်အတူသောက်ကြရင်း ဗိုလ်ချုပ်ကြီးက ထပ်ပြီးညှိနှိုင်းပါတယ်။ .ဒီငွေပမာဏဟာ မင်းတစ်သက် ပုံမှန်အတိုင်းရှာနေရင် ရမှာမဟုတ်ဘူး။
ဒါကြောင့် လက်ခံလိုက်ပါ။ ရာထူးတိုးဖို့နဲ့ ပြောင်းရွှေ့ဖို့ကိစ္စတွေဟာ ငါလက်ထဲမှာ။
" င့ါနိုင်ငံတော် နဲ့ ငါ၀တ်ထားတဲ့ ယူနီဖောင်းအပေါ် သစ္စာစောင့်သိတဲ့ ငါ့စိတ်ကို ခင်ဗျား ငွေတွေ ရာထူးတွေနဲ့လာပြီး ဝယ်လို့မရဘူး ဆိုတာမှတ်ထားပါ။
လအနည်းကြာတဲ့အခါမှာ ဗစ်ကရန် အသတ်ခံရပါတယ်။
အမှန်တော့ ရုစတန် သတ်လိုက်တာဖြစ်ပြီး တခြာသူတွေအမြင်မှာတော့ ဗစ်ကရန်က ရုစတန်ရဲ့မိန်းမနဲ့ဖောက်ပြန်မှုတွေ ရှိခဲ့တာကြောင့် ရုစတန်က သတ်လိုက်တာဆိုတဲ့ ရှုထောင့်ကိုပြပါတယ်။
အိန္ဒိယသတင်းစာတွေမှာ ဖော်ပြနေတာတော့ ရုစတန် အမှားမဟုတ်ဘူး တစ်ပါးသူ မိန်းမကို ပြစ်မှားကျုးလွန်တဲ့ ဗစ်ကရန်လို လူမျိုးကို သတ်ပစ်သင့်တယ်ဆိုတာမျိုးတွေ ဖြစ်လာပါတယ်
ရုစတန်ဟာ ဗစ်ကရန်သတ်တဲ့အချိန်ကနေစပြီး သွားပြီး အဖမ်းခံချိန် မှစပြီး အချုပ်ထောင်မှာ ရှိနေချိန်၊ တရားရင်ဆိုင်ချိန်တွေမှာ ရေတပ်၀တ်စုံကိုပဲ စွဲစွဲမြဲမြဲ ၀တ်ဆင်ထားတယ်။
တရားသူကြီးနဲ့ရှေ့နေက မေးခွန်းထုတ်ရတဲ့အထိ၊ တပ်မတော်ရေက အရာရှိကိုယ်တိုင်က ရုစတန်ကို ရေတပ်အချုပ်ခန်းဆီ လွှဲပေးဖို့ပြောချိန်အထိ ရုစတန်ရဲ့ ဖြေကြားမှုဟာ တစ်ခုတည်းပဲ။
၀တ်စုံ၀တ်ထားခြင်းက နိုင်ငံတော်ရဲ့တာ၀န်ကို ဘယ်အချိန်မှာမဆို သစ္စာရှိရှိထမ်းဆောင်မယ်ဆိုတဲ့ စိတ်ခံယူချက်ဖြစ်ပြီး ရေတပ်ဗိုလ်ချုပ်ဆီ မလိုက်တာကတော့ အခွင့်ထူးမခံဘဲ သာမန်ပြည်သူလိုပဲ အချုပ်ထဲမှာ နေနိုင်တယ်ဆိုတာကို ပြချင်လို့ပါပဲ။
အမှုကရော ဘယ်လိုဖြစ်လာမှာလဲ၊ နိုင်မှာလား ၊ ရှုံးမှာလား...........
ဒီဇာတ်ကားမှာ အိန္ဒိယရေတပ်မှာဖြစ်ပွားခဲ့တဲ့ အိန္ဒိယအအမျိုးသားအကျိုးစီးပွားကို ချနင်းခဲ့တဲ့ ဖြစ်စဉ်အမှန်တစ်ခုကို ရုပ်ရှင်ဇာတ်ကားအဖြစ် ပုံဖော်ရိုက်ကူးပြပြီး အိန္ဒိယပြည်သူတွေကို အသိတရားတွေ ပေးခဲ့တဲ့ ဇာတ်ကားကောင်း တစ်ကား ဖြစ်ကြောင်း ပြောပါရစေ။
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima + တွင် ပြသနေသည့် ဇာတ်ကားများကို Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်။
#New ပြသမည့်ရက် ။ ။ 31.8.2023
ပြသမည့်အချိန်။ ။ ည (၈:၀၀) နာရီ
Replay ပြသမည့်ရက် ။ ။ 1.9.2023
ပြသမည့်အချိန်။ ။ နေ့လည် (၂:၀၀) နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"

👍16😁1
Japan PM eats 'safe and delicious' Fukushima fish amid nuclear plant water row
======================
https://youtu.be/mARNf-jImfY?si=V747tMqdGL95CUNz

Japanese Prime Minister Fumio Kishida dines on Fukushima fish in a renewed public relations effort to support Japanese seafood, after wastewater was released from the area's crippled nuclear plant into the Pacific. The clip is part of a bid to promote products…
🤮4
မြန်မာစစ်တပ်၏ အလိမ်အညာများကိုနားမယောင်ဘဲ အမှန်တရားကိုမြင်အောင်ကြည့်ရန် အိန္ဒိယအစိုးရ ကို အရပ်ဘက်အဖွဲ့အစည်းများ တိုက်တွန်း
========================
ရောင်နီ
(မဇ္စျိမ)။ ။အိန္ဒိယအစိုးရအနေဖြင့် မြန်မာစစ်တပ်၏ နှစ်ပေါင်းများစွာကိုင်စွဲလာသည့် အလိမ်အညာနှင့် နည်းလမ်းဟောင်းများကို နားမယောင်ဘဲ အမှန်တရားနှင့် အရှိတရားကို မြင်အောင်ကြည့်ရန် အရပ်ဘက် အဖွဲ့အစည်းများက တိုက်တွန်းလိုက်သည်။
ဗမာ့ရေးရာနှင့် ဋိပက္ခလေ့လာရေးအဖွဲ့ (BACS) နှင့် India For Myanmar(I4M)တို့ ပူးပေါင်းထုတ်ဝေသည့် “မြန်မာစစ်အာဏာသိမ်းမှုလပေါင်း(၃၀)၊ အိန္ဒိယ၏ မြန်မာ့ရေးရာမူဝါဒနှင့် ဆက်ဆံရေးအခြေအနေ သုံး သပ်အစီရင်ခံစာ” သတင်းစာရှင်းလင်းကို သြဂုတ်လ ၃၀ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါအစီရင်ခံစာတွင် “အိန္ဒိယကိုယ်တိုင်သည်လည်း မြန်မာစစ်တပ်၏ နှစ်ပေါင်းများစွာကိုင်စွဲလာသည့် အလိမ်အညာနှင့်နည်းလမ်းဟောင်းများဖြစ်သော ‘ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပ၍ အနိုင်ရသည့် အစိုးရကိုလွှဲပေးမည်’ ဆိုသည်ကိုနားမယောင်ဘဲ အမှန်တရားနှင့်အရှိတရားကို မြင်အောင်ကြည့်၍ မြန်မာ ပြည်သူများနှင့်လက်တွဲကာ သမိုင်းကောင်းကို ဖန်တီးရန်” အရပ်ဘက်အဖွဲ့အစည်းနှစ်ဖွဲ့က တိုက်တွန်း ထားခြင်းဖြစ်သည်။
အိန္ဒိယသည် နိုင်ငံတကာဆွေးနွေးပွဲများနှင့် ကုလသမဂ္ဂအစည်းအဝေးများတွင် မြန်မာပြည်ဒီမိုကရေစီ လမ်းကြောင်းပေါ်ပြန်ရောက်ရေးကို အားပေးထောက်ခံကြောင်း အကြိမ်ကြိမ်ပြောဆိုနေသော်လည်း တဖက်တွင်လည်း မြန်မာစစ်ကောင်စီ၏ ဒီမိုကရေစီစံနှုန်းနှင့် ဆန့်ကျင်နေသည့် ကိစ္စများတွင် ပါ၀င်ကူညီ နေကြောင်း အစီရင်ခံစာက ထောက်ပြသည်။
ထို့ပြင် အိန္ဒိယနိုင်ငံသည် မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းထောက်ပံ့မှုအများဆုံး ငါးနိုင်ငံစာရင်းတွင် ပါ၀င်နေပြီး အဆိုပါစစ်လက်နက်များဖြင့် စစ်ကောင်စီက စစ်ရာဇဝတ်မှုများကို ကျူးလွန်နေကာ နောင် တချိန် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုပြန်လည်ဖော်ဆောင်ရာတွင် ယခုလုပ်ရပ်များ၏ အကျိုး အပြစ်များကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။
ယင်းအပြင် တိုက်ပွဲများကြောင့်ရပ်တန့်ထားရသည့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမ စီမံကိန်းအပါအဝင် ၎င်းတို့၏ မဟာဗျူဟာအကျိုးစီးပွားအတွက် အိန္ဒိယအနေဖြင့် စစ်ကောင်စီအပြင် တော်လှန်ရေးအင်အားစုများနှင့် ဆွေးနွေးမှုများပြုလုပ်ရမည်ဖြစ်ကြောင်း အစီရင်ခံစာကဆိုသည်။
အခန်းခြောက်ခန်းပါ၀င်သည့် အိန္ဒိယမြန်မာနှင့် ဆက်ဆံရေးမူဝါဒကိုလေ့လာသည့် အစီရင်ခံစာတွင် မြန်မာစစ်အာဏာသိမ်းပြီးနောက် လပေါင်း ၃၀ အတွင်း အိန္ဒိယအစိုးရ၏ မြန်မာပြည်အရေး ချဉ်းကပ် ပုံသည် မြန်မာဒီမိုကရေစီလှုပ်ရှားမှုကို အားအင်ချိနဲ့စေပြီး ဒေသတွင်းလုံခြုံရေးအပေါ်အကျိုးသက်ရောက် မှုများကို ဖော်ပြထားသည်။
“ အဓိကတော့ အိန္ဒိယအစိုးရရဲ့ စကစနဲ့ ဆက်ဆံနေမှုက ဘယ်လောက်အထိ မြန်မာဒီမိုကရေစီလှုပ်ရှားမှု အပေါ် သက်ရောက်မှုရှိလဲဆိုတာကို ပေါ်လွင်စေနိုင်ဖို့ ရည်ရွယ်တာပါ။ ဒုတိယအချက်က အိန္ဒိယအစိုးရရဲ့ လက်ရှိ လုပ်ဆောင်ချက်တွေကို ရပ်တန့်ပြီးတော့မှ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းလာစေနိုင်ဖို့ ရည်ရွယ်ပါတယ်။ နောက်ဆုံးအချက်ကတော့ တော်လှန်ရေးအစိုးရ NUG အနေနဲ့ အိန္ဒိယကို ချဉ်းကပ်ရာ မှာဖြစ်ဖြစ် နောက်ပြီး သီးခြားတော်လှန်ရေးအင်အားစုတွေအနေနဲ့ အိန္ဒိယနဲ့ ပတ်သက်ပြီး အသံထွက်တဲ့ အချိန်မှာ စနစ်တကျနဲ့ အိန္ဒိယက ဘာလိုချင်တယ်။ အိန္ဒိယက ဘယ်လို ခြေလှမ်းလှမ်းနေတယ်ဆိုတာ သိရှိနိုင်ဖို့ ရှုထောင့်တွေအတွက် ဖြစ်ပါတယ်” ဟု အစီရင်ခံစာထုတ်ပြန်မှုအပေါ် India For Myanmar မှ ဆလိုင်းဒိုခါက မဇ္စျိမကို ပြောသည်။
လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံအတွင်း မြန်မာစစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်သည့် ဆန့်ကျင်လှုပ်ရှား ဆန္ဒပြမှုများကို အိန္ဒိယအစိုးရကပိတ်ပင်ထားသည့်အတွက် ယခုကဲ့သို့ အစီရင်ခံစာထုတ်ပြန်သည့် နည်း လမ်းကို အသုံးပြုရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါအစီရင်ခံစာကို အိန္ဒိယအနေဖြင့် မြန်မာ့အရေးကို ပိုမိုအလေးထားလာစေလိုသည့် ရည်ရွယ်ချက် ဖြင့် လာမည့် စက်တင်ဘာလဆန်းတွင် ကျင်းပမည့် "G20" ထိပ်သီးညီလာခံမကျင်းပမီ ကြိုတင်ထုတ်ဝေ ခဲ့ခြင်းဖြစ်ကြောင်း ၎ငပြောသည်။
BACS နှင့် I4M တို့ ပူးပေါင်းထုတ်ဝေသည့် “မြန်မာစစ်အာဏာသိမ်းမှုလပေါင်း(၃၀)၊ အိန္ဒိယ၏ မြန်မာ့ရေး ရာမူဝါဒနှင့် ဆက်ဆံရေးအခြေအနေသုံးသပ်အစီရင်ခံစာ”ကို ပြည်တွင်းရှိ တော်လှန်ရေးအင်အားစုများ အပါအ၀င် အိန္ဒိယအစိုးရ၀န်ကြီးဌာနများ၊ အိန္ဒိယနိုင်ငံရေးပါတီများအားလုံးကို ဖြန့်ဝေရန်စီစဥ်ထား ကြောင်းလည်း သိရသည်။

👍11❤2🥰1🍌1
သြဂုတ်လ ( ၃၁ ) ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
========================
01:06-သံလွင်အရှေ့ခြမ်းမှာ စစ်ကောင်စီတပ် အသက်လုပြေးနေရတဲ့ ရုပ်သံဖိုင်ပေါ်ထွက်လာတဲ့သတင်း
04:54-လာမယ့်နှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူမယ့် လာအိုနိုင်ငံအတွက် မြန်မာ့အရေး ဖြေရှင်းဖို့ ဖောင်ဒေးရှင်းချပေးနိုင်ခဲ့ကြောင်း အင်ဒိုနီးရှားပြောတဲ့သတင်း
08:26-အင်းလေးမှာ အမျိုးသမီး ၂ဦးပါမိသားစု စစ်ကောင်စီဖမ်းပြီး ပြင်ပနှင့်တွေ့ခွင့်ပိတ်တဲ့သတင်း
09:55-ဝဂ္ဂနာအကြီးအကဲရဲ့ ဈာပနကို စိန့်ပီတာစဘတ်မှာလျှို့ဝှက်ကျင်းပခဲ့တဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/vqzrVDs7oQc?si=DQxgM69TBLLZoKTq
#4pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
========================
01:06-သံလွင်အရှေ့ခြမ်းမှာ စစ်ကောင်စီတပ် အသက်လုပြေးနေရတဲ့ ရုပ်သံဖိုင်ပေါ်ထွက်လာတဲ့သတင်း
04:54-လာမယ့်နှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူမယ့် လာအိုနိုင်ငံအတွက် မြန်မာ့အရေး ဖြေရှင်းဖို့ ဖောင်ဒေးရှင်းချပေးနိုင်ခဲ့ကြောင်း အင်ဒိုနီးရှားပြောတဲ့သတင်း
08:26-အင်းလေးမှာ အမျိုးသမီး ၂ဦးပါမိသားစု စစ်ကောင်စီဖမ်းပြီး ပြင်ပနှင့်တွေ့ခွင့်ပိတ်တဲ့သတင်း
09:55-ဝဂ္ဂနာအကြီးအကဲရဲ့ ဈာပနကို စိန့်ပီတာစဘတ်မှာလျှို့ဝှက်ကျင်းပခဲ့တဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/vqzrVDs7oQc?si=DQxgM69TBLLZoKTq
#4pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
သြဂုတ်လ ( ၃၁ ) ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:06-သံလွင်အရှေ့ခြမ်းမှာ စစ်ကောင်စီတပ် အသက်လုပြေးနေရတဲ့ ရုပ်သံဖိုင်ပေါ်ထွက်လာတဲ့သတင်း
04:54-လာမယ့်နှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူမယ့် လာအိုနိုင်ငံအတွက် မြန်မာ့အရေး ဖြေရှင်းဖို့ ဖောင်ဒေးရှင်းချပေးနိုင်ခဲ့ကြောင်း အင်ဒိုနီးရှားပြောတဲ့သတင်း
08:26-အင်းလေးမှာ…

👍6🍌1
မုန်းမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၆ ဦးသေဆုံး ထိခိုက်မှုများ
===================
YT
(မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ ကျေးရွာများအတွင်း နှစ်ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ၌ စစ်ကောင်စီတပ်ဘက်တွင် ခြောက်ဦးသေဆုံး၍ ၂၀ ဦးနီးပါး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက်နေ့နှင့် ၂၈ ရက်နေ့ နှစ်ရက်ဆက်တိုက် မုန်းမြို့၊ သမန်းကျင်းကျေးရွာ၊ ကညင်ကျကျေးရွာနှင့် ကြက်တက်ညောင်ပင်သာကျေးရွာ တဝိုက်တွင် စစ်ကောင်စီတပ်သားများနှင့် KNU တပ်မဟာ (၃) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲ ပြင်းထန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်တွင် ခြောက်ဦးသေဆုံး၍ ၂၀ နီးပါးထိခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး တပ်မဟာ (၃) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဘက်တွင် တဦးကျဆုံး၍ နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
" ၂၉ ရက်နေ့ကဖြစ်တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ခြောက်ယောက်လောက်ကျတယ်၊ ၂၀ နီးပါး ထိခိုက်ဒဏ်ရာရတယ်၊ PDF နှစ်ယောက် ဒဏ်ရာ ရတယ်။ ၃၀ ရက်နေ့၊ မနက် နယ်မြေရှင်းလင်းရေး လုပ်ဖို့သွားတဲ့ PDF ထဲက အရာရှိတယောက် ကျသွားတယ်။ ကြားမိသလောက်က အလောင်းတွေနားမှာ စစ်တပ်ဘက်က ကင်းပုန်းဝပ်ပြီး ပစ်လိုက်တာလို့ သိရတယ်" ဟု မြေပြင်သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။
အဆိုပါ တိုက်ပွဲအတွင်း အထိနာခဲ့သော စစ်ကောင်စီတပ်သားများသည် တိုက်ပွဲဖြစ်ပွားရာ သမန်းကျင်းကျေးရွာ၊ ကြက်တက်ညောင်ပင်သာကျေးရွာ၊ ကညင်ကျကျေးရွာအား ဩဂုတ်လ ၂၉ ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ပြီး ကျေးရွာများအတွင်းရှိ ဒေသခံနေအိမ်များကိုပါ မီးရှို့ဖျက်ဆီးမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
လေကြောင်းတိုက်ခိုက်ခံရမှုနှင့် မီးရှို့ခံရမှုကြောင့် ကြက်တက်ညောင်ပင်ကျေးရွာ၊ သမန်းကျင်းကျေးရွာနှင့် ကညင်ကျကျေးရွာတို့မှ ဒေသခံနေအိမ် ၂၀ လုံးထက်မနည်း ပျက်စီးဆုံးရှုံးရကြောင်း သိရသည်။
" သမန်းကျင်းနဲ့ ကညင်ကျကို မီးရှို့သွားတာ၊ အဲ့ဒီရွာနှစ်ရွာက ဆက်နေတာ၊ နဂိုကတည်းကလည်းလူသိပ်မနေကြတော့ ရွာပျက်လိုဖြစ်နေတာ။ ဒါပေမယ့် အဲ့ရွာတွေထဲမှာ ပူးပေါင်းအဖွဲ့တွေအမြဲရှိတယ်။ အဲ့ရွာတွေဘက်ကပဲ အုတ်ဖြတ်တံတားမှာစောင့်နေတဲ့ စစ်သားတွေ ရဲတွေကို အလစ်အငိုက် စနိုက်ပါနဲ့ဆော်နေတာ" ဟု ဒေသတွင်းသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။
ယနေ့ ဩဂုတ်လ ၃၁ ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါကျေးရွာများ၌ တိုက်ပွဲများ ရပ်တန့်သွားပြီဖြစ်သော်လည်း ကျောက်ကြီးမြို့နယ်၊ သစ်ချဆိပ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က ဂျက်ဖိုက်တာနှစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး လက်ရှိအချိန်အထိလည်း စစ်ကောင်စီတပ်၏ လေယာဉ်များ ဝဲလျက်ရှိနေကြောင်း သိရသည်။
" ဒီနေ့မနက်လည်း ကျွန်တော်တို့ မုန်းနဲ့ ကျောက်ကြီးသွားတဲ့လမ်းဘေးကရွာ သစ်ချဆိပ်ဆိုတဲ့ရွာမှာ တိုက်ပွဲ ဖြစ်နေတယ်။ ဂျက်ဖိုက်တာ နှစ်စီးလည်း လာပစ်တယ်။ ဟယ်လီကော်ပတာလည်း ငါးကြိမ်၊ ခြောက်ကြိမ်လောက်ရှိပြီ ပျံဝဲနေတာ" ဟု မြေပြင်သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။
ယနေ့ သစ်ချဆိပ်တွင် ဖြစ်ပွားနေဆဲ တိုက်ပွဲအခြေအနေအား မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#သစ်ချဆိပ်
#မုန်းမြို့နယ်တိုက်ပွဲ
#ကျောက်ကြီးမြို့နယ်
#KNLA
#PDF
ဓါတ်ပုံ- စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် မီးရှို့ဖျက်ဆီိးခံရမှုကြောင့် ပျက်စီးသွားသော သမန်းကျင်းကျေးရွာနှင့် ကညင်ကျရွာမှ ဒေသခံနေအိမ်အချို့ (ဓါတ်ပုံ- CJ)

👍13😁3😢1