Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
August - 31 [4 Pm] Mizzima News Hour

Mizzima Headline News

#4pmnews #mizzimanewshour #reels #shorts
👍6🍌1
​​Rustom
==========

" ဆရာ .. ကျွန်တော်တို့၀ယ်မယ့် သင်္ဘောက အဟောင်းကြီး ဖြစ်နေပေမယ့် စျေးနှုန်းက အသစ်အတိုင်း ဖြစ်နေတယ်။ ဒါကို စစ်ဆေးပေးရတဲ့ ကျွန်တော့်အတွက် တစ်သန်း လာဘ်ထိုးပါတယ် " ဆိုပြီး ရဲဝံ့စွာ ပြောလိုက်သူကသူ့ရဲ့အထက်အရာရှိကို တင်ပြလိုက်တယ်။
သင်္ဘော ရဲ့ လိုအပ်ချက်အပိုင်းတွေကို အကုန်လုံး တင်ပြပြီးသားဖြစ်ပါတယ်။

ဘာ.... " တစ်သန်း ဟုတ်လား "
" တော်တော် အသုံးမကျတဲ့ ညှိနှိုင်းမှုပဲ။ တကယ်ဆို နှစ်သန်းလောက် ပေးရမှာပေါ့ ။ ပြန်သွားပြီး စစ်ဆေးမှုအတည်ပြုကြောင်း လက်မှတ်ထိုးလိုက်ပါ။ကျန်တဲ့အပိုင်း ဗစ်ကရန်ကို ငါထပ်ပြီး ညှိနှိုင်းဖို့ပြောထားလိုက်မယ် "

ဒီစကားက သူ့ကို အံ့အားသင့်သွားစေခဲ့တယ်။ ဒီစကားကိုကြားပြီး သူဆုံးဖြတ်ချက် တစ်ခုချလိုက်ပါတော့တယ်။

#ဗစ်ကရန် ဆိုတာက ကာကွယ်ရေး၀န်ကြီးဌာနအတွင်းစည်းပိုင်းအထိ ပေါက်ပေါက်မြောက်မြောက်ရှိတဲ့ လက်နက်ကုန်သည်ပွဲစား တစ်ဦးဖြစ်ပါတယ်။

ရုစတန်အံ့အားသင့်မိတဲ့ အချက်က အိန္ဒိယရေတပ်ကြီးတစ်ခုလုံးရဲ့ ဗိုလ်ချုပ်ကြီးက အိန္ဒိယအမျိုးသားအကျိုးစီးပွားကို နင်းချေပြီး လေယာဉ်တင်သင်္ဘော အစုတ်ကြီးကို ဘာကြောင့်အတင်း၀ယ်ဖို့ကြိုးစားခဲ့တာလဲဆိုတာကိုပါပဲ။

ဒီနောက်မှာတော့ ဗိုလ်ချုပ်ကြီးကခေါ်ပြီး အရက်အတူသောက်ကြရင်း ဗိုလ်ချုပ်ကြီးက ထပ်ပြီးညှိနှိုင်းပါတယ်။ .ဒီငွေပမာဏဟာ မင်းတစ်သက် ပုံမှန်အတိုင်းရှာနေရင် ရမှာမဟုတ်ဘူး။
ဒါကြောင့် လက်ခံလိုက်ပါ။ ရာထူးတိုးဖို့နဲ့ ပြောင်းရွှေ့ဖို့ကိစ္စတွေဟာ ငါလက်ထဲမှာ။

" င့ါနိုင်ငံတော် နဲ့ ငါ၀တ်ထားတဲ့ ယူနီဖောင်းအပေါ် သစ္စာစောင့်သိတဲ့ ငါ့စိတ်ကို ခင်ဗျား ငွေတွေ ရာထူးတွေနဲ့လာပြီး ဝယ်လို့မရဘူး ဆိုတာမှတ်ထားပါ။

လအနည်းကြာတဲ့အခါမှာ ဗစ်ကရန် အသတ်ခံရပါတယ်။
အမှန်တော့ ရုစတန် သတ်လိုက်တာဖြစ်ပြီး တခြာသူတွေအမြင်မှာတော့ ဗစ်ကရန်က ရုစတန်ရဲ့မိန်းမနဲ့ဖောက်ပြန်မှုတွေ ရှိခဲ့တာကြောင့် ရုစတန်က သတ်လိုက်တာဆိုတဲ့ ရှုထောင့်ကိုပြပါတယ်။
အိန္ဒိယသတင်းစာတွေမှာ ဖော်ပြနေတာတော့ ရုစတန် အမှားမဟုတ်ဘူး တစ်ပါးသူ မိန်းမကို ပြစ်မှားကျုးလွန်တဲ့ ဗစ်ကရန်လို လူမျိုးကို သတ်ပစ်သင့်တယ်ဆိုတာမျိုးတွေ ဖြစ်လာပါတယ်
ရုစတန်ဟာ ဗစ်ကရန်သတ်တဲ့အချိန်ကနေစပြီး သွားပြီး အဖမ်းခံချိန် မှစပြီး အချုပ်ထောင်မှာ ရှိနေချိန်၊ တရားရင်ဆိုင်ချိန်တွေမှာ ရေတပ်၀တ်စုံကိုပဲ စွဲစွဲမြဲမြဲ ၀တ်ဆင်ထားတယ်။

တရားသူကြီးနဲ့ရှေ့နေက မေးခွန်းထုတ်ရတဲ့အထိ၊ တပ်မတော်ရေက အရာရှိကိုယ်တိုင်က ရုစတန်ကို ရေတပ်အချုပ်ခန်းဆီ လွှဲပေးဖို့ပြောချိန်အထိ ရုစတန်ရဲ့ ဖြေကြားမှုဟာ တစ်ခုတည်းပဲ။

၀တ်စုံ၀တ်ထားခြင်းက နိုင်ငံတော်ရဲ့တာ၀န်ကို ဘယ်အချိန်မှာမဆို သစ္စာရှိရှိထမ်းဆောင်မယ်ဆိုတဲ့ စိတ်ခံယူချက်ဖြစ်ပြီး ရေတပ်ဗိုလ်ချုပ်ဆီ မလိုက်တာကတော့ အခွင့်ထူးမခံဘဲ သာမန်ပြည်သူလိုပဲ အချုပ်ထဲမှာ နေနိုင်တယ်ဆိုတာကို ပြချင်လို့ပါပဲ။

အမှုကရော ဘယ်လိုဖြစ်လာမှာလဲ၊ နိုင်မှာလား ၊ ရှုံးမှာလား...........
ဒီဇာတ်ကားမှာ အိန္ဒိယရေတပ်မှာဖြစ်ပွားခဲ့တဲ့ အိန္ဒိယအအမျိုးသားအကျိုးစီးပွားကို ချနင်းခဲ့တဲ့ ဖြစ်စဉ်အမှန်တစ်ခုကို ရုပ်ရှင်ဇာတ်ကားအဖြစ် ပုံဖော်ရိုက်ကူးပြပြီး အိန္ဒိယပြည်သူတွေကို အသိတရားတွေ ပေးခဲ့တဲ့ ဇာတ်ကားကောင်း တစ်ကား ဖြစ်ကြောင်း ပြောပါရစေ။
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima + တွင် ပြသနေသည့် ဇာတ်ကားများကို Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်။

#New ပြသမည့်ရက် ။ ။ 31.8.2023
ပြသမည့်အချိန်။ ။ ည (၈:၀၀) နာရီ
Replay ပြသမည့်ရက် ။ ။ 1.9.2023
ပြသမည့်အချိန်။ ။ နေ့လည် (၂:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍16😁1
​​မြန်မာစစ်တပ်၏ အလိမ်အညာများကိုနားမယောင်ဘဲ အမှန်တရားကိုမြင်အောင်ကြည့်ရန် အိန္ဒိယအစိုးရ ကို အရပ်ဘက်အဖွဲ့အစည်းများ တိုက်တွန်း
========================

ရောင်နီ
(မဇ္စျိမ)။ ။အိန္ဒိယအစိုးရအနေဖြင့် မြန်မာစစ်တပ်၏ နှစ်ပေါင်းများစွာကိုင်စွဲလာသည့် အလိမ်အညာနှင့် နည်းလမ်းဟောင်းများကို နားမယောင်ဘဲ အမှန်တရားနှင့် အရှိတရားကို မြင်အောင်ကြည့်ရန် အရပ်ဘက် အဖွဲ့အစည်းများက တိုက်တွန်းလိုက်သည်။
ဗမာ့ရေးရာနှင့် ဋိပက္ခလေ့လာရေးအဖွဲ့ (BACS) နှင့် India For Myanmar(I4M)တို့ ပူးပေါင်းထုတ်ဝေသည့် “မြန်မာစစ်အာဏာသိမ်းမှုလပေါင်း(၃၀)၊ အိန္ဒိယ၏ မြန်မာ့ရေးရာမူဝါဒနှင့် ဆက်ဆံရေးအခြေအနေ သုံး သပ်အစီရင်ခံစာ” သတင်းစာရှင်းလင်းကို သြဂုတ်လ ၃၀ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါအစီရင်ခံစာတွင် “အိန္ဒိယကိုယ်တိုင်သည်လည်း မြန်မာစစ်တပ်၏ နှစ်ပေါင်းများစွာကိုင်စွဲလာသည့် အလိမ်အညာနှင့်နည်းလမ်းဟောင်းများဖြစ်သော ‘ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပ၍ အနိုင်ရသည့် အစိုးရကိုလွှဲပေးမည်’ ဆိုသည်ကိုနားမယောင်ဘဲ အမှန်တရားနှင့်အရှိတရားကို မြင်အောင်ကြည့်၍ မြန်မာ ပြည်သူများနှင့်လက်တွဲကာ သမိုင်းကောင်းကို ဖန်တီးရန်” အရပ်ဘက်အဖွဲ့အစည်းနှစ်ဖွဲ့က တိုက်တွန်း ထားခြင်းဖြစ်သည်။

အိန္ဒိယသည် နိုင်ငံတကာဆွေးနွေးပွဲများနှင့် ကုလသမဂ္ဂအစည်းအဝေးများတွင် မြန်မာပြည်ဒီမိုကရေစီ လမ်းကြောင်းပေါ်ပြန်ရောက်ရေးကို အားပေးထောက်ခံကြောင်း အကြိမ်ကြိမ်ပြောဆိုနေသော်လည်း တဖက်တွင်လည်း မြန်မာစစ်ကောင်စီ၏ ဒီမိုကရေစီစံနှုန်းနှင့် ဆန့်ကျင်နေသည့် ကိစ္စများတွင် ပါ၀င်ကူညီ နေကြောင်း အစီရင်ခံစာက ထောက်ပြသည်။

ထို့ပြင် အိန္ဒိယနိုင်ငံသည် မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းထောက်ပံ့မှုအများဆုံး ငါးနိုင်ငံစာရင်းတွင် ပါ၀င်နေပြီး အဆိုပါစစ်လက်နက်များဖြင့် စစ်ကောင်စီက စစ်ရာဇဝတ်မှုများကို ကျူးလွန်နေကာ နောင် တချိန် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုပြန်လည်ဖော်ဆောင်ရာတွင် ယခုလုပ်ရပ်များ၏ အကျိုး အပြစ်များကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။
ယင်းအပြင် တိုက်ပွဲများကြောင့်ရပ်တန့်ထားရသည့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမ စီမံကိန်းအပါအဝင် ၎င်းတို့၏ မဟာဗျူဟာအကျိုးစီးပွားအတွက် အိန္ဒိယအနေဖြင့် စစ်ကောင်စီအပြင် တော်လှန်ရေးအင်အားစုများနှင့် ဆွေးနွေးမှုများပြုလုပ်ရမည်ဖြစ်ကြောင်း အစီရင်ခံစာကဆိုသည်။

အခန်းခြောက်ခန်းပါ၀င်သည့် အိန္ဒိယမြန်မာနှင့် ဆက်ဆံရေးမူဝါဒကိုလေ့လာသည့် အစီရင်ခံစာတွင် မြန်မာစစ်အာဏာသိမ်းပြီးနောက် လပေါင်း ၃၀ အတွင်း အိန္ဒိယအစိုးရ၏ မြန်မာပြည်အရေး ချဉ်းကပ် ပုံသည် မြန်မာဒီမိုကရေစီလှုပ်ရှားမှုကို အားအင်ချိနဲ့စေပြီး ဒေသတွင်းလုံခြုံရေးအပေါ်အကျိုးသက်ရောက် မှုများကို ဖော်ပြထားသည်။

“ အဓိကတော့ အိန္ဒိယအစိုးရရဲ့ စကစနဲ့ ဆက်ဆံနေမှုက ဘယ်လောက်အထိ မြန်မာဒီမိုကရေစီလှုပ်ရှားမှု အပေါ် သက်ရောက်မှုရှိလဲဆိုတာကို ပေါ်လွင်စေနိုင်ဖို့ ရည်ရွယ်တာပါ။ ဒုတိယအချက်က အိန္ဒိယအစိုးရရဲ့ လက်ရှိ လုပ်ဆောင်ချက်တွေကို ရပ်တန့်ပြီးတော့မှ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းလာစေနိုင်ဖို့ ရည်ရွယ်ပါတယ်။ နောက်ဆုံးအချက်ကတော့ တော်လှန်ရေးအစိုးရ NUG အနေနဲ့ အိန္ဒိယကို ချဉ်းကပ်ရာ မှာဖြစ်ဖြစ် နောက်ပြီး သီးခြားတော်လှန်ရေးအင်အားစုတွေအနေနဲ့ အိန္ဒိယနဲ့ ပတ်သက်ပြီး အသံထွက်တဲ့ အချိန်မှာ စနစ်တကျနဲ့ အိန္ဒိယက ဘာလိုချင်တယ်။ အိန္ဒိယက ဘယ်လို ခြေလှမ်းလှမ်းနေတယ်ဆိုတာ သိရှိနိုင်ဖို့ ရှုထောင့်တွေအတွက် ဖြစ်ပါတယ်” ဟု အစီရင်ခံစာထုတ်ပြန်မှုအပေါ် India For Myanmar မှ ဆလိုင်းဒိုခါက မဇ္စျိမကို ပြောသည်။

လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံအတွင်း မြန်မာစစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်သည့် ဆန့်ကျင်လှုပ်ရှား ဆန္ဒပြမှုများကို အိန္ဒိယအစိုးရကပိတ်ပင်ထားသည့်အတွက် ယခုကဲ့သို့ အစီရင်ခံစာထုတ်ပြန်သည့် နည်း လမ်းကို အသုံးပြုရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါအစီရင်ခံစာကို အိန္ဒိယအနေဖြင့် မြန်မာ့အရေးကို ပိုမိုအလေးထားလာစေလိုသည့် ရည်ရွယ်ချက် ဖြင့် လာမည့် စက်တင်ဘာလဆန်းတွင် ကျင်းပမည့် "G20" ထိပ်သီးညီလာခံမကျင်းပမီ ကြိုတင်ထုတ်ဝေ ခဲ့ခြင်းဖြစ်ကြောင်း ၎ငပြောသည်။

BACS နှင့် I4M တို့ ပူးပေါင်းထုတ်ဝေသည့် “မြန်မာစစ်အာဏာသိမ်းမှုလပေါင်း(၃၀)၊ အိန္ဒိယ၏ မြန်မာ့ရေး ရာမူဝါဒနှင့် ဆက်ဆံရေးအခြေအနေသုံးသပ်အစီရင်ခံစာ”ကို ပြည်တွင်းရှိ တော်လှန်ရေးအင်အားစုများ အပါအ၀င် အိန္ဒိယအစိုးရ၀န်ကြီးဌာနများ၊ အိန္ဒိယနိုင်ငံရေးပါတီများအားလုံးကို ဖြန့်ဝေရန်စီစဥ်ထား ကြောင်းလည်း သိရသည်။
👍11❤2🥰1🍌1
သြဂုတ်လ ( ၃၁ ) ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
========================

01:06-သံလွင်အရှေ့ခြမ်းမှာ စစ်ကောင်စီတပ် အသက်လုပြေးနေရတဲ့ ရုပ်သံဖိုင်ပေါ်ထွက်လာတဲ့သတင်း

04:54-လာမယ့်နှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူမယ့် လာအိုနိုင်ငံအတွက် မြန်မာ့အရေး ဖြေရှင်းဖို့ ဖောင်ဒေးရှင်းချပေးနိုင်ခဲ့ကြောင်း အင်ဒိုနီးရှားပြောတဲ့သတင်း

08:26-အင်းလေးမှာ အမျိုးသမီး ၂ဦးပါမိသားစု စစ်ကောင်စီဖမ်းပြီး ပြင်ပနှင့်တွေ့ခွင့်ပိတ်တဲ့သတင်း

09:55-ဝဂ္ဂနာအကြီးအကဲရဲ့ ဈာပနကို စိန့်ပီတာစဘတ်မှာလျှို့ဝှက်ကျင်းပခဲ့တဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/vqzrVDs7oQc?si=DQxgM69TBLLZoKTq

#4pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🍌1
မုန်းမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၆ ဦးသေဆုံး ထိခိုက်မှုများ
👍5😁1
မုန်းမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၆ ဦးသေဆုံး ထိခိုက်မှုများ
===================

YT
(မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ ကျေးရွာများအတွင်း နှစ်ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ၌ စစ်ကောင်စီတပ်ဘက်တွင် ခြောက်ဦးသေဆုံး၍ ၂၀ ဦးနီးပါး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက်နေ့နှင့် ၂၈ ရက်နေ့ နှစ်ရက်ဆက်တိုက် မုန်းမြို့၊ သမန်းကျင်းကျေးရွာ၊ ကညင်ကျကျေးရွာနှင့် ကြက်တက်ညောင်ပင်သာကျေးရွာ တဝိုက်တွင် စစ်ကောင်စီတပ်သားများနှင့် KNU တပ်မဟာ (၃) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲ ပြင်းထန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်တွင် ခြောက်ဦးသေဆုံး၍ ၂၀ နီးပါးထိခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး တပ်မဟာ (၃) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဘက်တွင် တဦးကျဆုံး၍ နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

" ၂၉ ရက်နေ့ကဖြစ်တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ခြောက်ယောက်လောက်ကျတယ်၊ ၂၀ နီးပါး ထိခိုက်ဒဏ်ရာရတယ်၊ PDF နှစ်ယောက် ဒဏ်ရာ ရတယ်။ ၃၀ ရက်နေ့၊ မနက် နယ်မြေရှင်းလင်းရေး လုပ်ဖို့သွားတဲ့ PDF ထဲက အရာရှိတယောက် ကျသွားတယ်။ ကြားမိသလောက်က အလောင်းတွေနားမှာ စစ်တပ်ဘက်က ကင်းပုန်းဝပ်ပြီး ပစ်လိုက်တာလို့ သိရတယ်" ဟု မြေပြင်သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း အထိနာခဲ့သော စစ်ကောင်စီတပ်သားများသည် တိုက်ပွဲဖြစ်ပွားရာ သမန်းကျင်းကျေးရွာ၊ ကြက်တက်ညောင်ပင်သာကျေးရွာ၊ ကညင်ကျကျေးရွာအား ဩဂုတ်လ ၂၉ ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ပြီး ကျေးရွာများအတွင်းရှိ ဒေသခံနေအိမ်များကိုပါ မီးရှို့ဖျက်ဆီးမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

လေကြောင်းတိုက်ခိုက်ခံရမှုနှင့် မီးရှို့ခံရမှုကြောင့် ကြက်တက်ညောင်ပင်ကျေးရွာ၊ သမန်းကျင်းကျေးရွာနှင့် ကညင်ကျကျေးရွာတို့မှ ဒေသခံနေအိမ် ၂၀ လုံးထက်မနည်း ပျက်စီးဆုံးရှုံးရကြောင်း သိရသည်။

" သမန်းကျင်းနဲ့ ကညင်ကျကို မီးရှို့သွားတာ၊ အဲ့ဒီရွာနှစ်ရွာက ဆက်နေတာ၊ နဂိုကတည်းကလည်းလူသိပ်မနေကြတော့ ရွာပျက်လိုဖြစ်နေတာ။ ဒါပေမယ့် အဲ့ရွာတွေထဲမှာ ပူးပေါင်းအဖွဲ့တွေအမြဲရှိတယ်။ အဲ့ရွာတွေဘက်ကပဲ အုတ်ဖြတ်တံတားမှာစောင့်နေတဲ့ စစ်သားတွေ ရဲတွေကို အလစ်အငိုက် စနိုက်ပါနဲ့ဆော်နေတာ" ဟု ဒေသတွင်းသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

ယနေ့ ဩဂုတ်လ ၃၁ ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါကျေးရွာများ၌ တိုက်ပွဲများ ရပ်တန့်သွားပြီဖြစ်သော်လည်း ကျောက်ကြီးမြို့နယ်၊ သစ်ချဆိပ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က ဂျက်ဖိုက်တာနှစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး လက်ရှိအချိန်အထိလည်း စစ်ကောင်စီတပ်​၏ လေယာဉ်များ ဝဲလျက်ရှိနေကြောင်း သိရသည်။

" ဒီနေ့မနက်လည်း ကျွန်တော်တို့ မုန်းနဲ့ ကျောက်ကြီးသွားတဲ့လမ်းဘေးကရွာ သစ်ချဆိပ်ဆိုတဲ့ရွာမှာ တိုက်ပွဲ ဖြစ်နေတယ်။ ဂျက်ဖိုက်တာ နှစ်စီးလည်း လာပစ်တယ်။ ဟယ်လီကော်ပတာလည်း ငါးကြိမ်၊ ခြောက်ကြိမ်လောက်ရှိပြီ ပျံဝဲနေတာ" ဟု မြေပြင်သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

ယနေ့ သစ်ချဆိပ်တွင် ဖြစ်ပွားနေဆဲ တိုက်ပွဲအခြေအနေအား မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#သစ်ချဆိပ်
#မုန်းမြို့နယ်တိုက်ပွဲ
#ကျောက်ကြီးမြို့နယ်
#KNLA
#PDF

ဓါတ်ပုံ- စစ်တပ်​၏ လေကြောင်းတိုက်ခိုက်မှုနှင့် မီးရှို့ဖျက်ဆီိးခံရမှုကြောင့် ပျက်စီးသွားသော သမန်းကျင်းကျေးရွာနှင့် ကညင်ကျရွာမှ ဒေသခံနေအိမ်အချို့ (ဓါတ်ပုံ- CJ)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13😁3😢1
​​ဘုရားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် PDF တိုက်ခိုက်ခံရ၍ ၃ ဦး သေဆုံး
=====================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ရှိ၊ ရေဖြူတံတားအနီး ရပ်တော်မူဘုရားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးပြီး လေးဦးဒဏ်ရာရသွားကြောင်း ကာကွယ်ရေးတပ်ဖွဲ့မှ မဇ္ဈိမကို အတည်ပြုသည်။

ဩဂုတ်လ ၂၉ ရက်နေ့၊ နံနက် ၉ နာရီခန့်တွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ၄၀ မမ လက်နက်ကြီးနှင့် လက်နက်ငယ်များဖြင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထားဝယ်ပြည်သူ့လွတ်မြောက်ရေး တပ်ဖွဲ့ (TPLF) မှ တပ်ရေးအရာရှိ ကိုဝေက မဇ္ဈိမကို ပြောသည်။

“အဲဒီဂိတ်မှာ စစ်ကောင်စီတပ်သား ၁၀ ဦးကျော်ရှိပါတယ်။ တိုက်ခိုက်မှုအပြီးမှာ အင်အားစုတွေရဲ့ အတည် ပြုလို့ရတဲ့ သတင်းရင်းမြစ်ထံကနေ ရရှိတဲ့အချက်အလက်တွေအရ သုံးဦးသေ လေးဦးဒဏ်ရာရတယ်ဆို တာ အတည်ပြုလို့ရတယ်” ဟု ကိုဝေက ပြောသည်။

ယခုနှစ်ဆန်းပိုင်းမှစကာ စစ်ကောင်စီတပ်က အင်အား ၁၀ ဦးဝန်းကျင်ဖြင့် ဘုရားတွင်တပ်စွဲ အထိုင်ချလာ ခြင်းဖြစ်ပြီး ဘုရားရှေ့၌ ဂိတ်ဖွင့်ကာ ကားများကို စစ်ဆေးမှုများပြုလုပ်ကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

အဆိုပါစစ်ဆေးရေး ဂိတ်သည် ရေဖြူမြို့မှ နဘုလယ်ဒေသသို့သွားသည့် လမ်းပေါ်တွင် တည်ရှိသည်။

တိုက်ခိုက်မှုအပြီးတွင် ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်များကို အရေးပေါ်ကားများဖြင့် စစ်ဆေးရုံသို့သယ် ဆောင်သွားကြောင်းလည်း ဒေသခံများထံမှ သိရသည်။

ယခုတိုက်ခိုက်မှုကို ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(TPLF)၊ ထားဝယ်ပြောက်ကျားတော်လှန် ရေးတပ်ဖွဲ့ (DGRF) - တပ်ခွဲ (၄)၊ နဂါးနီပြောက်ကျားတပ်ဖွဲ့၊ ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်း (T-1)၊ ဝေဟင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ DDT-တပ်ခွဲ(၃)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သော ဩဂုတ်လ ၁၉ ရက်နေ့က အဆိုပါဂိတ်မှ စစ်ကောင်စီတပ်သားများက သေနတ်ဖြင့်ပစ်ခတ်မှု ကြောင့် ဒေသခံလေးဦး ထိမှန်ဒဏ်ရာရရှိခဲ့ကာ အမျိုးသမီးတဦး ဆေးကုသမှုခံယူနေစဉ် ဩဂုတ်လ ၂၆ ရက်နေ့တွင် သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#ရေဖြူ
#ဘုရားတွင်တပ်စွဲ
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁2
အုတ်ဖိုတွင် အရပ်ဝတ်ဖြင့်သွားလာနေသည့် ဗိုလ်ကြီးတင်မျိုးအောင် ပစ်ခတ်ခံရပြီးသေဆုံး
👍12😁2🥱1
အုတ်ဖိုတွင် အရပ်ဝတ်ဖြင့်သွားလာနေသည့် ဗိုလ်ကြီးတင်မျိုးအောင် ပစ်ခတ်ခံရပြီးသေဆုံး
======================

ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ခမရ(၆)မှ ဗိုလ်ကြီးတင်မျိုးအောင်အား မြေအောက်ပြောက်ကျားတပ်ဖွဲ့ကပစ်ခတ်ခဲ့ရာ နေရာတွင်ပင် သေဆုံးသွားကြောင်း သိရသည်။

ဩဂုတ်လ ၃၁ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့သစ်အတွင်း အရပ်ဝတ်ဖြင့်သွားလာနေသည့် ဗိုလ်ကြီးတင်မျိုးအောင်အား မြေအောက်ပြောက်ကျားတပ်ဖွဲ့ရဲဘော်များက စောင့်ကြိုပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ရေးတာဝန်ခံမှ ပြောသည်။

“အုတ်ဖိုနဲ့အေးမြသာယာဘက်က အဖမ်းခံရတဲ့ကိစ္စတိုင်းမှာသူပါတယ်။ ကျွန်တော်တို့မြို့မှာ သူက အဓိက ပဲ။ လောင်းကစားဝိုင်းတွေ၊ ပြည့်တန်ဆာခန်းတွေကနေ သူကိုယ်တိုင် ငွေလိုက်ကောက်နေတာ” ဟု တပ်ရေးတာဝန်ခံကဆိုသည်။

အုတ်ဖိုမြို့နယ်အတွင်း ပြည်သူများ၏လယ်ယာမြေများကို စစ်ကောင်စီမှ တပ်ပိုင်အဖြစ် သိမ်းဆည်းပြီးနောက် တာဝန်ခံဆောင်ရွက်နေသူဖြစ်သည်ဟုလည်း တပ်ရေးတာဝန်ခံက ဆိုသည်။
ဗိုလ်ကြီးတင်မျိုးအောင်သေဆုံးပြီးနောက် ၎င်းထံမှ MA 3 မောင်းပြန်သေနတ်တလက်၊ မိုလ်ဘိုင်းဖုန်း တလုံး၊ ပိုက်ဆံအိတ်တခု၊ မှတ်ပုံတင်နှင့် ပြန်တမ်းဝင်စိစစ်ရေးကတ်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း တပ်ရင်း (၃၈၀၂) တပ်ရေးတာဝန်ခံမှ ပြောသည်။

အဆိုပါ ပစ်ခတ်မှုကိုလုပ်ဆောင်ခဲ့သော မြေအောက်ပြောက်ကျားတပ်ဖွဲ့− အုတ်ဖို၏ တပ်ဖွဲ့ဝင်များသည် ၎င်းတို့၏စခန်းသို့ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်နေ့ကလည်း ခမရ(၆)မှတပ်ခွဲမှူး အောင်မျိုးသူ တပ်သားတဦး၏ပစ်ခတ်မှု ကြောင့် တပ်တွင်း လမ်းမပေါ်၌ သေဆုံးခဲ့သေးသည်။

စာတည်း။ ။စောဖေ

#ပဲခူတိုင်း
#အုတ်ဖိုမြို့နယ်
#ခမရ(၆)

ပုံအညွှန်း - ဗိုလ်ကြီးတင်မျိုးအောင်ထံမှသိမ်းဆည်းရရှိသည့်ပစ္စည်းများ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18😁1
သြဂုတ်လ ၃၁ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
======================

https://youtu.be/JqAHoRnRMWA?si=soMFisD-g9lXywD4
👍7🔥1
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ အထူးအယူခံအမှုများ ပယ်ချခံရ
🤬10👏3👍2
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ အထူးအယူခံအမှုများ ပယ်ချခံရ
========================

001
(မဇ္စျိမ)။ ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ အထူးအယူခံအမှုများကို စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဩဂုတ်လ ၂၉ ရက်တွင် ပယ်ချလိုက်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံက သိရသည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အမှုများ၊ ပို့ကုန်၊ သွင်းကုန်ဉပဒေပုဒ်မ ၈ ၊ ဆက်သွယ်ရေးပုဒ်မ ၆၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ)စသည့် အမှုများအား အထူးအယူခံ တက်ခွင့်မရဘဲ ပယ်ချခံလိုက်ရခြင်းဖြစ်သည်။

ယင်းအမှုများသည် အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အား ကနဦးစွဲဆိုခဲ့သည့် အမှုများဖြစ်ပြီး စစ်ကောင်စီက ယခုသြဂုတ်လ ၁ ရက်နေ့တွင် ပြစ်ဒဏ်လျှော့ပေါ့ပေးကြောင်း ကြေညာခဲ့သည့် အမှုများလည်းဖြစ်သည်။

စွပ်စွဲခံရသူများဘက်ကမူ ပြစ်မှုကျူးလွန်ခြင်း မရှိကြောင်း အထူးအယူခံဆက်တက်ထားခြင်းဖြစ်ကာ ယခု ပယ်ချခံလိုက်ရသည့်အတွက် ဥပဒေကြောင်းအရ လုပ်ဆောင်နိုင်သည်များကို ဆက်လက်လုပ်ဆောင်သွားရန်ရှိကြောင်း အမည်မဖော်လိုသည့် တရားရုံးနှင့် နီးစပ်သူတဦးက မဇ္စျိမကိုပြောသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က NLD အစိုးရလက်ထက် ထိပ်ပိုင်းအစိုးရအဖွဲ့ဝင်များ၏ အမှုများကို ဆက်တိုက်ပယ်ချနေခြင်းဖြစ်ပြီး ယမန်နေ့ ဩဂုတ်လ ၃၀ ရက်နေ့ကလည်း NLDအစိုးရလက်ထက် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်နှင့် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးတို့၏ အထူးအယူခံ အမှုငါးမှုကို ပယ်ချခဲ့သေးသည်။

စည်ပင်သာယာရေးကော်မတီက နေပြည်တော်တွင် အထူးမြေကွက်များဖော်ထုတ်ခြင်း ၊ မြေညှိခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် အဂတိလိုက်စားသည်ဟုစွပ်စွဲကာ ဒေါက်တာမျိုးအောင်နှင့် ဦးရဲမင်းတို့အပေါ် အမိန့်ချမှတ်ခဲ့သည့်အမှုများကို အထူးအယူခံဆက်တက်ခွင့်မပေးဘဲ ပယ်ချခဲ့ခြင်းဖြစ်သည်။

ယင်းအမှုများကိုလည်း ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူက ဆိုသည်။
စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အား လက်ရှိတွင် အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၂၇ နှစ် သတ်မှတ်ထားပြီး သမ္မတဦးဝင်းမြင့်အား အမှုပေါင်း ရှစ်မှုအတွက် ထောင်ဒဏ် ၁၀ နှစ် သတ်မှတ်ထားသည်။ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဉက္ကဌနှင့် ဒုဉက္ကဌများအဖြစ် တာဝန်ယူခဲ့သည့် ဒေါက်တာမျိုးအောင်နှင့် ဦးရဲမင်းဦးတို့မှာမူ တဦးလျှင် ထောင်ဒဏ် နှစ် ၂၀ ကျော် ချမှတ်ခံထားရသည်။

အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် မေလအထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် ၁,၂၀၀ ဦး ဖမ်းဆီးခံထားရပြီး သတ်ဖြတ်ခံရသူ ၉၃ ဦးရှိကြောင်း NLD ပါတီက ပြီးခဲ့သည့် ဇွန်လအတွင်းက ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ဒေါ်အောင်ဆန်းစုကြည်
#ဦးဝင်းမြင့်
#အထူးအယူခံအမှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬11👏4👍1
​​နှစ်ပေါင်း ၃ ထောင် သက်တမ်းရှိသည့် ဘုန်းတော်ကြီးအုတ်ဂူအား ပီရူးနိုင်ငံ၌တွေ့ရှိ
==================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12👎1🎉1🤮1
​​အမျိုးသမီးတစ်ဦး၏ ဦးနှောက်အတွင်း၌ ကပ်ပါးပိုးကောင်အား တွေ့ရှိ
====================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥5🤡1