Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ အထူးအယူခံအမှုများ ပယ်ချခံရ
🤬10👏3👍2
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ အထူးအယူခံအမှုများ ပယ်ချခံရ
========================

001
(မဇ္စျိမ)။ ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ အထူးအယူခံအမှုများကို စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဩဂုတ်လ ၂၉ ရက်တွင် ပယ်ချလိုက်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံက သိရသည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အမှုများ၊ ပို့ကုန်၊ သွင်းကုန်ဉပဒေပုဒ်မ ၈ ၊ ဆက်သွယ်ရေးပုဒ်မ ၆၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ)စသည့် အမှုများအား အထူးအယူခံ တက်ခွင့်မရဘဲ ပယ်ချခံလိုက်ရခြင်းဖြစ်သည်။

ယင်းအမှုများသည် အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အား ကနဦးစွဲဆိုခဲ့သည့် အမှုများဖြစ်ပြီး စစ်ကောင်စီက ယခုသြဂုတ်လ ၁ ရက်နေ့တွင် ပြစ်ဒဏ်လျှော့ပေါ့ပေးကြောင်း ကြေညာခဲ့သည့် အမှုများလည်းဖြစ်သည်။

စွပ်စွဲခံရသူများဘက်ကမူ ပြစ်မှုကျူးလွန်ခြင်း မရှိကြောင်း အထူးအယူခံဆက်တက်ထားခြင်းဖြစ်ကာ ယခု ပယ်ချခံလိုက်ရသည့်အတွက် ဥပဒေကြောင်းအရ လုပ်ဆောင်နိုင်သည်များကို ဆက်လက်လုပ်ဆောင်သွားရန်ရှိကြောင်း အမည်မဖော်လိုသည့် တရားရုံးနှင့် နီးစပ်သူတဦးက မဇ္စျိမကိုပြောသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က NLD အစိုးရလက်ထက် ထိပ်ပိုင်းအစိုးရအဖွဲ့ဝင်များ၏ အမှုများကို ဆက်တိုက်ပယ်ချနေခြင်းဖြစ်ပြီး ယမန်နေ့ ဩဂုတ်လ ၃၀ ရက်နေ့ကလည်း NLDအစိုးရလက်ထက် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်နှင့် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးတို့၏ အထူးအယူခံ အမှုငါးမှုကို ပယ်ချခဲ့သေးသည်။

စည်ပင်သာယာရေးကော်မတီက နေပြည်တော်တွင် အထူးမြေကွက်များဖော်ထုတ်ခြင်း ၊ မြေညှိခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် အဂတိလိုက်စားသည်ဟုစွပ်စွဲကာ ဒေါက်တာမျိုးအောင်နှင့် ဦးရဲမင်းတို့အပေါ် အမိန့်ချမှတ်ခဲ့သည့်အမှုများကို အထူးအယူခံဆက်တက်ခွင့်မပေးဘဲ ပယ်ချခဲ့ခြင်းဖြစ်သည်။

ယင်းအမှုများကိုလည်း ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူက ဆိုသည်။
စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အား လက်ရှိတွင် အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၂၇ နှစ် သတ်မှတ်ထားပြီး သမ္မတဦးဝင်းမြင့်အား အမှုပေါင်း ရှစ်မှုအတွက် ထောင်ဒဏ် ၁၀ နှစ် သတ်မှတ်ထားသည်။ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဉက္ကဌနှင့် ဒုဉက္ကဌများအဖြစ် တာဝန်ယူခဲ့သည့် ဒေါက်တာမျိုးအောင်နှင့် ဦးရဲမင်းဦးတို့မှာမူ တဦးလျှင် ထောင်ဒဏ် နှစ် ၂၀ ကျော် ချမှတ်ခံထားရသည်။

အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် မေလအထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် ၁,၂၀၀ ဦး ဖမ်းဆီးခံထားရပြီး သတ်ဖြတ်ခံရသူ ၉၃ ဦးရှိကြောင်း NLD ပါတီက ပြီးခဲ့သည့် ဇွန်လအတွင်းက ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ဒေါ်အောင်ဆန်းစုကြည်
#ဦးဝင်းမြင့်
#အထူးအယူခံအမှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬11👏4👍1
​​နှစ်ပေါင်း ၃ ထောင် သက်တမ်းရှိသည့် ဘုန်းတော်ကြီးအုတ်ဂူအား ပီရူးနိုင်ငံ၌တွေ့ရှိ
==================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12👎1🎉1🤮1
​​အမျိုးသမီးတစ်ဦး၏ ဦးနှောက်အတွင်း၌ ကပ်ပါးပိုးကောင်အား တွေ့ရှိ
====================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥5🤡1
​​ဘယ်လ်ဂျီယံတိုက်စစ်မှူး ရိုမီလူ လူကာကူဟာ ချယ်လ်ဆီးအသင်းကနေ တစ်ရာသီအငှားစာချုပ်ဖြင့် အီတလီကလပ် ရိုးမားဆီ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။

အသက် ၃၀ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက အင်တာမီလန်အသင်းထံ အငှားသွားရောက်ကစားခဲ့ပြီး ချန်ပီယံလိဂ်ဖိုင်နယ်အထိ ရောက်ရှိအောင် ကူညီပေးခဲ့ကာ စီးရီးအေကို တကျော့ပြန်လာခဲ့တာဖြစ်ပါတယ်။

လုပ်ခလစာအများအပြားရမယ့် ဆော်ဒီပရိုလိဂ်ဆီ ပြောင်းရွှေ့မှုကို ပယ်ချခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

Photo: AS Roma

#Lukaku
#ASRoma
#SerieA
👍10🔥1
​​ဒဏ္ဍာရီလာ လော့ခ်နက်စ်သတ္တဝါကြီးအား ရှာဖွေနေသည့် သုတေသီများ
==================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁3🤮1
​​ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်အတွက် တင်သွင်း
======================

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝတ်ထရာသည် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်အတွက် တောင်းဆိုချက် တင်သွင်းထားကြောင်း ရာထူးမှ ထွက်ခွာတော့မည့် တရားရေးဝန်ကြီး ဝီဆန်နုကို ကိုးကားပြီး ဌာနေမီဒီယာများက ကြာသပတေးနေ့တွင် ဖော်ပြသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤6😁3👍2
ပလာယာကိုင်ပြီး မိုင်းရှင်းသည့် မြန်မာ မြေမြှုပ်မိုင်းရှင်းလင်းရေးသမားများ
====================

မြန်မာနိုင်ငံအရှေ့ပိုင်း တနေရာ၌ အမျိုးသား ခြောက်ယောက်သည် ထူထပ်သော ပင်ခြေပိတ်ပေါင်းတို့ကို ပေါက်ပြား၊ ထွန်ခြစ်တို့ဖြင့် ထိုးဆွနေကြသည်။ ထိုသူတို့သည် တောင်သူများတော့ မဟုတ်ကြပါ။

စင်စစ်အားဖြင့် ထိုသူတို့သည် အာဏာသိမ်းစစ်တပ်နှင့် ဒီမိုကရေစီ လိုလားသော တော်လှန်ရေးသမားများအကြား တိုက်ပွဲများမှ လူ့အသက်သေစေသော မြေမြှုပ်မိုင်းများကို ရှင်းလင်းပေးနေသည့် တော်လှန်ရေးတပ်ဖွဲ့တခု၏ အဖွဲ့ဝင်များ ဖြစ်ကြသည်။
ပလာယာကိုင်ပြီး မိုင်းရှင်းသည့် မြန်မာ မြေမြှုပ်မိုင်းရှင်းလင်းရေးသမားများ

Website Link - http://www.mizzimaburmese.com/article/132828

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17❤4😁2🫡1
သြဂုတ်လ (၃၁)ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမ ရေဒီယို အစီအစဉ်
====================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ... ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်က ဒေသခံတွေနဲ့ ခရီးသွားတွေကို ဖမ်းဆီးကာ စစ်ယူနီဖောင်းတွေ ဝတ်ဆင်ခိုင်းပြီး လူသားဒိုင်းအဖြစ် အသုံးပြုခဲ့တဲ့ သတင်းနဲ့အတူ ကျောင်းသားလက်ရုံးတပ်တော်ရဲ့ အထူး တိုက်ခိုက်ရေးသင်တန်းဆင်းပွဲကို ဩဂုတ်လ ၂၈ ရက်နေ့ မှာ ဗဟိုဌာနချုပ်တည်ရှိတဲ့နေရာမှာ ပြုလုပ်ခဲ့ပြီး သင်တန်းဆင်းရဲဘော်တွေနဲ့ ဗျူဟာမြောက်ထိုးစစ်ဆင်မှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ကျောင်းသားလက်ရုံး တပ်တော်ကပြောဆိုလိုက်တဲ့သတင်း အပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်းတွေကို နားဆင်ကြရပါမယ်။

အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေနဲ့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို ကျန်းမာရေးအကြောင်းပြောပြထားတဲ့ ကျန်းမာသုတ လူမှုဘဝ အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။
....................................................
မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်ကို မတ်လ ၂၆ ရက်နေ့ကစပြီး Frequency ပြောင်းလဲထုတ်လွှင့်နေတာဖြစ်တဲ့အတွက် ယခင်ဖမ်းယူနေကျ လှိုင်းတိုမီတာ ၁၆ မီတာ ၊ ၁၇.၇၃ မီဂါဟဇ်ကနေ လှိုင်းတိုမီတာ ၁၃ မီတာ၊ ၂၁.၇၁ မီဂါဟဇ်ကို ပြောင်းလဲဖမ်းယူနားဆင်ကြဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်။

ဖမ်းယူနားဆင်နိုင်မယ့်အချိန်ကတော့ ထုတ်လွှင့်နေကျဖြစ်တဲ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲကနေ ၇ နာရီခွဲအတွင်း ဖမ်းယူနားဆင်နိုင်မှာပဲဖြစ်ပါတယ်။

https://youtu.be/oyigxr6o2xE?si=j1pXXf0TKNYIQMkz

#Mizzimaradio
#Eveningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍11🔥1🤮1
ဩဂုတ်လ (၃၁) ရက်၊ ည (၇) နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
========================

-စစ်ကောင်စီရဲ့ စားသုံးဆီအသင်းဥက္ကဋ္ဌအပါအဝင် ဒေါ်လာရောင်းဝယ်သူ (၄၀)ခန့်ကို စစ်တပ်က ဖမ်းဆီးလိုက်တဲ့သတင်း

-ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်အပါအဝင် NLD ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့အထူးအယူခံအမှုတွေ ဆက်တိုက်ပယ်ချခံနေရတဲ့အကြောင်း

-ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးထားသူတွေကို စစ်ယူနီဖောင်း ဝတ်ဆင်ခိုင်းတဲ့သတင်း

-မြန်မာစစ်တပ်၏ အလိမ်အညာများကိုနားမယောင်ဘဲ အမှန်တရားကိုမြင်အောင်ကြည့်ရန် အိန္ဒိယအစိုးရ ကို အရပ်ဘက်အဖွဲ့အစည်းများ တိုက်တွန်း လိုက်တဲ့အကြောင်း

-ဝဂ္ဂနာအကြီးအကဲရဲ့ ဈာပနကို စိန့်ပီတာစဘတ်မှာလျှို့ဝှက်ကျင်းပခဲ့တဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို စုစည်းတင်ဆက်ပေးသွားမှာပါ။

https://www.youtube.com/live/tip60PTGVg0?si=lcEQYPhOxLsojIzA

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6❤1
ဒီးမော့ဆိုရှိ နေရာ ၂ ခု လေကြောင်းတိုက်ခိုက်ခံရပြီး အရပ်သား ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ
🤬3🔥2😢1
ဒီးမော့ဆိုရှိ နေရာ ၂ ခု လေကြောင်းတိုက်ခိုက်ခံရပြီး အရပ်သား ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ
========================

001
(မဇ္စျိမ)။ ။ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ အရပ်သား စစ်ရှောင်များ နေထိုင်ရာ နေရာနှစ်ခု ယနေ့ နံနက်အစောပိုင်းက စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုခံခဲ့ရပြီး တစ်ဦးသေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ယနေ့ ဩဂုတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်သည်။

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတခုကို စစ်ကောင်စီတပ်က ယနေ့ နံနက် ၆ နာရီခွဲအကျော်တွင် တိုက်လေယာဉ် နှစ်စီးဖြင့် ဗုံးကိုးလုံးခန့် ကြဲချတိုက်ခိုက်ခဲ့မှုကြောင့် စခန်းရှိစာသင်ကျောင်းအနီးတွင် ရှိနေသည့် အရပ်သားအချို့ ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်ပြီး စာသင်ကျောင်းနှင့် နေအိမ်တဲအချို့လည်း ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့မတိုင်ခင် နံနက် ၄ နာရီအကျော်တွင်မူ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ အရပ်သားများနေထိုင်သည့် ကျေးရွာတခုတွင် ဗုံးကြဲတိုက်ခိုက်ခံရခြင်းဖြစ်ပြီး လူထိခိုက်မှုမရှိဘဲ နေအိမ်အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒီးမော့ဆို အနောက်ဘက်ခြမ်းအခြေအနေနှင့် ပတ်သက်ပြီး DMO - Local PDF က “ဗုံးက ငါးလုံးလောက်ကြဲသွားတယ်။ ပေါင် ၅၀၀ လောက်ရှိမယ်။မနက်ပိုင်း လေးနာရီမခွဲခင်နောက်ပိုင်းမှာ တလုံးပြီးတလုံး လာကြဲတယ်။ ထိခိုက်တဲ့လူတော့မရှိဘူး။ စစ်ရှောင်အိမ်နှစ်လုံးတော့ ပျက်သွားတယ်”ဟု ဆိုသည်။

စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် နေရာများမှာ အရပ်သား ပြည်သူများ ပုံမှန်နေထိုင်သည့် ကျေးရွာနှင့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့် အရပ်သားများသာ နေထိုင်သော နေရာများသာဖြစ်ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ထုတ်ပြန်သည်။

ယင်းနေရာများအား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ အရပ်သားပြည်သူများအား ရန်သူသဖွယ်ပစ်မှတ်ထားတိုက်ခိုက်ကာ စစ်ရာဇဝတ်မှုများအား ပေါ်ပေါ်ထင်ထင် ကျူးလွန်နေခြင်းဖြစ်ကြောင်း KNDF ကဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၅ ရက်နေ့ညပိုင်းကလည်း ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းရှိ နေရာလေးနေရာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းတို့ ပြုလုပ်ခဲ့မှုကြောင့် လူနေအိမ်နှစ်လုံးနှင့် ကျောင်းဆောင်တဆောင်ပျက်စီးခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG က ထုတ်ပြန်ထားသည်။

စာတည်း‌။ ။အောင်ကျော်ဖြိုး
#ဒီမောဆို
#လေယာဉ်ဖြင့် ဗုံးကြဲ
#စစ်ဘေးရှောင်

ပုံအညွှန်း- ဒီးမော့ဆိုမြို့နယ်တွင် ယနေ့နံနက်ပိုင်းက လေကြောင်းတိုက်ခိုက်ခံရမှု မြင်ကွင်း (ဓာတ်ပုံ- KNDF)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁3🤬1