ဘေလီတံတားကြောင့် မြဝတီ- ကော့ကရိတ်အာရှလမ်းမကြီးပေါ် ယာဉ်ပိတ်ဆို့မှုဖြစ်
=======================
YT
(မဇ္ဈိမ)။ ။ မိုးဆက်တိုက်ရွာသွန်း၍ လမ်းမြေကျွံမှု ဖြစ်ပွားနေသည့် မြဝတီ- ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် ဘေလီတံတားခင်းထားပြီးသော်လည်း တံတားကြံ့ခိုင်မှုအားနည်းခြင်း၊ တံတားကျဉ်းမြောင်းခြင်းကြောင့် နေ့စဉ်နှင့်အမျှ ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပွားနေကြောင်း ယာဉ်မောင်းများနှင့် ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။
" တခေါက်ကို နှစ်ရက်ကြာတယ်ဗျာ။ သွားလာရတာ အဆင်မပြေဘူး။ ခရီးမရောက်ဘူး။ လုပ်စားရတာတော့ တော်တော်ခက်တယ်" ဟု ယာဉ်မောင်းတဦးက မဇ္ဈိမကိုပြောသည်။
မြဝတီ- ကော့ကရိတ် အာရှလမ်းမကြီးပေါ်၊ တောနော်ရေတံခွန်အနီးရှိ လမ်းမြေကျွံသည့် နေရာအား ဘေလီတံတားဆောက်လုပ်ပြီးဖြစ်၍ ဩဂုတ်လ ၂၅ ရက်နေ့တွင် လမ်းပန်းဆက်သွယ်ရေးအတွက် ပြန်လည်အသုံးပြုခဲ့ကြခြင်းဖြစ်သော်လည်း စတင်အသုံးပြုသည့် ရက်မှစ၍ ဘေလီတံတား ကြံ့ခိုင်မှုအားနည်း၍ တံတားထိပ်ပိုင်းများတွင် မြေနိမ့်မှုများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဘေလီတံတားထိပ်ပိုင်းနေရာများတွင် မြေနိမ့်ကျမှု၊ ဘေလီတံတား၏ အကျယ်အဝန်း ကျဉ်းမြောင်းမှုကြောင့် ယာဉ်အကန့်အသတ်ဖြင့်သာ ဖြတ်သန်းသွားလာနေရသဖြင့် ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း ယာဉ်မောင်းတဦးထံက သိရသည်။
" အတက်အဆင်းကို တခါသွား အစီး ၂၀၊ အစီး ၃၀ လောက်စီပဲ ပေးဖြတ်သေးတော့ ယာဉ်တွေပိတ်ကုန်တာပေါ့။ တချို့ မစောင့်နိုင်တဲ့ကားတွေကတော့ ပြန်လှည့်ဆင်းပြီး လမ်းဟောင်းကနေ သွားကြတယ်၊ တက်လို့လည်း မရ ဆင်းလို့လည်းမရ လှည့်မရတဲ့ ကားတွေကတော့ လမ်းပိတ်ပေါ့" ဟု ဒေသတွင်းသတင်းရင်းမြစ်တဦးထံက သိရသည်။
မြဝတီ- ကော့ကရိတ် အာရှလမ်းသည် ထိုင်း- မြန်မာ ကုန်သွယ်ရေးအတွက် အဓိကထား အသုံးပြုသော လမ်းကြောင်းဖြစ်၍ အဆိုပါ လမ်းတွင် ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပေါ်နေသဖြင့် ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးအတွက် ယာဉ်မောင်းအချို့သည် မြဝတီ- ကော့ကရိတ် ဒေါနတောင်လမ်းဟောင်းအား ဆက်လက်အသုံးပြုနေကြရကြောင်း သိရသည်။
အာရှလမ်းမကြီးပေါ်၊ တောနော်ရေတံခွန်အနီးတွင် ပြီးခဲ့သည့် ဩဂုတ်လ ၇ ရက်နေ့က မိုးဆက်တိုက်ရွာသွန်း၍ တောင်ကျရေတိုက်စားကာ လမ်းတလျှောက်တွင် လမ်းမြေကျွံမှု၊ တောင်မြေပြိုမှုများ ဖြစ်ပွားရာမှ လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်ရေးအတွက်ဟုဆိုကာ ဘေလီတံတားအား ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#မြဝတီ
#ကော့ကရိတ်
#ဒေါနတောင်
ပုံအညွှန်း- အာရှလမ်းမကြီးပေါ် ယာဉ်ပိတ်ဆို့မှု မြင်ကွင်း (ဓါတ်ပုံ- CJ၊ လူမှုကွန်ယက်)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍11🔥1😢1
နယ်စပ်ဒေသတွေကိုဖြတ်ပြီး နိုင်ငံတကာအကူအညီတွေပေးနိုင်ဖို့လိုတယ်
===================
လင်းသူရိန်(မဇ္ဈိမ)။ ။ နိုင်ငံကာအနေနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုနယ်စပ်ဒေသတွေကိုဖြတ်ပြီးပေးနိုင်မှသာ ပြည်သူတွေဆီကိုရောက်ရှိနိုင်မှာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ဩဂုတ်လ ၂၉ ရက်မှာ ပြုလုပ်ခဲ့တဲ့ NUGနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။
နယ်စပ်ဖြတ်ကျော်အကူအညီတွေပေးနိုင်ဖို့အတွက် သက်ဆိုင်ရာနိုင်ငံတွေကအဖွဲ့အစည်းတွေအနေနဲ့လည်းတွန်းအားပေးဖို့လိုတယ်လို့ ဦးကျော်မိုးထွန်းက မဇ္ဈိမကိုပြောပါတယ်။
NUGအနေနနဲ့ မြန်မာစစ်ဘေးရှောင်တွေရှိတဲ့ နိုင်ငံတွေနဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ကြိုးစားနေဆဲဖြစ်ပြီး အဲဒီနိုင်ငံတွေမှာ ကိုယ်စားလှယ်တွေထားရှိပြီးတော့ စစ်ရှောင်တွေကို အကူအညီတွေပေးနိုင်ဖို့လုပ်ဆောင်ထားတယ်လို့ အဲဒီသတင်းစာရှင်းလင်းပွဲမှာထည့်သွင်းပြောကြားခဲ့ပါတယ်။
တည်းဖြတ်/တင်ဆက်-လင်းသူရိန်
https://youtu.be/my_IIScFX5M?si=XRSSMfBHjDJHu1en
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
နယ်စပ်ဒေသတွေကိုဖြတ်ပြီး နိုင်ငံတကာအကူအညီတွေပေးနိုင်ဖို့လိုတယ်
လင်းသူရိန်(မဇ္ဈိမ)။ ။ နိုင်ငံကာအနေနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုနယ်စပ်ဒေသတွေကိုဖြတ်ပြီးပေးနိုင်မှသာ ပြည်သူတွေဆီကိုရောက်ရှိနိုင်မှာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ဩဂုတ်လ ၂၉ ရက်မှာ ပြုလုပ်ခဲ့တဲ့ NUGနိုင်ငံခြားရေးဝန်ကြီးဌာနက…
👍7🤮2❤1
မူဆယ်တွင် တရုတ်နှင့် နယ်စပ်အနီး တိုက်ပွဲဆက်ဖြစ်နေ၊ စစ်ဘေးရှောင် ၁,၂၀၀ခန့်ရှိလာ
🔥6👍2😁1😢1
မူဆယ်တွင် တရုတ်နှင့် နယ်စပ်အနီး တိုက်ပွဲဆက်ဖြစ်နေ၊ စစ်ဘေးရှောင် ၁,၂၀၀ခန့်ရှိလာ
=======================
မောင်ခက်နွေ
(မဇ္ဈိမ) ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်း မြန်မာ- တရုတ်နယ်စပ်အနီးကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံ ၁,၂၀၀ခန့်သည် ဘေးလွတ်ရာ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း သိရသည်။
မူဆယ်-နမ့်ခမ်းလမ်းမပေါ်ရှိ စယ်လန့်ရွာအနီး တရုတ်နိုင်ငံနယ်စပ်နှင့် နီးသောကျေးရွာများတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေခြင်းဟု စစ်ဘေးရှောင်များအားကူညီနေသူများကပြောသည်။တိုက်ပွဲကြောင့်စယ်လန့်ရွာ၊ ဂေါင်ရာရွာသစ်၊ မန်ကန်ရွာ၊ မိုင်းဆတ်ရွာနှင့်နမ့်ကတ်ရွာစသည့် ကျေးရွာများမှ ဒေသခံများသည် မူဆယ်နှင့် နမ့်ခမ်းမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာကြခြင်းဟု သိရသည်။
“အခုဟာက အဝေးကနေပြီးတော့ လက်နက်ကြီးနဲ့ ရမ်းသန်းမှန်းသန်း ပစ်နေတာ။ လူတွေနေတဲ့ ရွာတွေပေါ်ကျတော့ ဒုက္ခရောက်တာပေါ့ဗျာ။ ဘယ်သူမှ မနေရဲဘူး ပြေးကြရတာ” ဟု စစ်ဘေးရှောင်အရေး ကူညီပေးသူတဦးကမဇ္ဈိမကို ပြောသည်။
စစ်ဘေးရှောင်အချို့သည် မူဆယ်မြို့ပေါ် ဟိုနား ရပ်ကွက်၊ စွမ်စော် ရပ်ကွက်၊ တင်းလုံရပ်ကွက်၊ပန်ခမ်းရွာနှင့် နမ့်ခမ်းမြို့နယ်၊တုန်ခွမ်ရွာတို့ရှိ ဆွေမျိုးများအိမ်တွင် နေကြပြီး အများစုမှာ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြရသည်ဟု သိရသည်။ ယနေ့ ဩဂုတ်လ ၃၁ရက်ညနေ စာရင်းအရ စစ်ဘေးရှောင်နေရသူ အရေအတွက်သည် ၁၂၀၀ခန့် ရှိနေပြီဟု သတင်းရရှိသည်။
" စယ်လန့် အပေါ်တောင်ကြောတခုလုံးကနေထွက်ပြေးလာကြတာ။တရုတ်နယ်စပ်နဲ့ နီးတယ်။ စယ်လန့်တောင်ပေါ်က ကြည့်ရင် တရုတ်နိုင်ငံကို လှမ်းမြင်နေရတယ်။ ဒီနေ့ ထပ်ရောက်တာနဲ့ဆို များမယ်။ အဲ့နားက ရွာတွေ အားလုံးက ရှောင်လာကြပြီ” ဟု နမ့်ခမ်းမြို့မှ ပရဟိတအရေး ဆောင်ရွက်နေသူတဦးကပြောသည်။
စစ်ကောင်စီတပ်နှင့်TNLA မြန်မာ-တရုတ်နယ်စပ်အနီး မြန်မာဘက်အခြမ်းမှ ကျေးရွာအချို့တွင် ပြီးခဲ့သည့် သြဂုတ် ၂၈ ရက်နေ့မှစပြီး တိုက်ပွဲများဖြစ်ပွားခဲ့သည်။တအာင်းတပ်မတော် တပ်မဟာ(၁) တပ်ရင်း(၅၇၁)နှင့် (၁၁၂)ကစစ်ကောင်စီ၏မန်မိုင်နှင့် လွယ်ကျလော့တပ်စခန်းအား တပြိုင်နက် တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုရှိခဲ့ပြီး အသေးစိတ်မသိရှိရသေးကြောင်း TNLA က ယနေ့ဩဂုတ်လ ၃၁ရက်တွင် သတင်းထုတ်ပြန်ထားသည်။
တိုက်ပွဲများ ပြင်းထန်လာပါက စစ်ဘေးရှောင်များအတွက် စားရေးသောက်ရေးနှင့် နေထိုင်ရေးအခက်အခဲများ ကြုံတွေ့လာနိုင်သည်ဟု ဒေသတွင်းလူမှုကူညီရေးအဖွဲ့များကပြောသည်။ လတ်တလော စစ်ဘေးရှောင်လာသူများတွင် အမျိုးသမီးများနှင့်ကလေးငယ်များ အများအပြားပါဝင်ကြောင်းသိရသည်။
ယနေ့တွင််လည်း စယ်လန့်ကျေးရွာအုပ်စုရှိ လွိုင်တေးမိန်းတောင်ပေါ်တွင် စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့် နှစ်ကြိမ်ထက်မနည်း ပျံဝဲကာ ကင်းထောက်သွားသောကြောင့် လေကြောင်းအသုံးပြုတိုက်ခိုက်လာမည်ကို မူဆယ်နှင့် နမ့်ခမ်းဒေသခံများကစိုးရိမ်နေသည်။ မြေပြင်တိုက်ပွဲလည်းဆက်လက်ဖြစ်ပွားနေသည်ဟု ၎င်းတို့ကပြောသည်။
ဒေသတွင်းအခြေအနေများနှင့် ပတ်သက်၍ အသေးစိတ်သိနိုင်ရန် TNLAထံ ယနေ့ညနေတွင် ဖုန်းအကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း မရရှိသေးပေ။
စာတည်း - အေးချမ်း
#mizzima
#မူဆယ်မြို့နယ်
#စစ်ကောင်စီတပ်
#TNLA
#တိုက်ပွဲ
#စစ်ဘေးရှောင်များ
ပုံစာ - တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသည့် ဒေသခံများ (Photo/HMS)

👍17❤2🔥2😁1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၃၁ ဩဂုတ် ၂၀၂၃)
======================
စစ်ကောင်စီက ပြည်တွင်းစားသုံးဆီဈေးမြင့်တက်နေသည်ကို ထိန်းချုပ်ရန် ဆီကုန်သည်များကိုအတင်းအကျပ် ဖိအားပေးမှုများ ပြုလုပ်နေသည်ကို တွေ့ရသည်။စစ်ကောင်စီက ဝန်ထမ်းငွေပေးချေမှု နှင့် အခြားကိစ္စရပ်များတွင် နှစ်သောင်းတန်ငွေစက္ကူကို အသုံးပြုမည်ဟု သိရသည့်အတွက် စစ်ကောင်စီသည် ငွေကြေးဖောင်းပွမှုမြင့်တက်အောင် ပြုလုပ်နေသည်ကို တွေ့ရသည်။

🤮6👍4
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် သြဂုတ်လ ၃၁ ရက်ထုတ်လွှင့်မှုများ
====================
https://youtu.be/xE7qBtpoSqs?si=wCoW1TCUyWiJuFRT
#PVTV
#MizzimaTV

မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို…

👍15🤮3
၂၀၂၃-၂၄ ချန်ပီယံလိဂ်အုပ်စုအဆင့် မဲခွဲရလဒ်
======================
Group A
ဘိုင်ယန်
မန်ယူနိုက်တက်
ကိုပင်ဟေဂင်
ဂါလာတာစာရေး
Group B
ဆီဗီးလာ
အာဆင်နယ်
ပီအက်စ်ဗွီ
လန်းစ်
Group C
နာပိုလီ
ရီးယဲမက်ဲရစ်
ဘရာဂါ
ယူနီယံဘာလင်
Group D
ဘင်ဖီကာ
အင်တာမီလန်
ဆဲလ်ဘတ်
ဆိုဆီဒက်
Group E
ဖိယင်နု
အက်သလက်တီကို
လာဇီယို
ဆဲလ်တစ်
Group F
ပီအက်စ်ဂျီ
ဒေါ့မွန်
အေစီမီလန်
နယူးကာဆယ်
Group G
မန်စီးတီး
လိုက်ပ်ဇစ်
ဇက်ဗ်ဒါ
ယန်းဘွိင်းစ်
Group H
ဘာစီလိုနာ
ပေါ်တို
ရှက်တာဒိုးနက်
အန်တွာ့ပ်
#ChampionLeague
======================
Group A
ဘိုင်ယန်
မန်ယူနိုက်တက်
ကိုပင်ဟေဂင်
ဂါလာတာစာရေး
Group B
ဆီဗီးလာ
အာဆင်နယ်
ပီအက်စ်ဗွီ
လန်းစ်
Group C
နာပိုလီ
ရီးယဲမက်ဲရစ်
ဘရာဂါ
ယူနီယံဘာလင်
Group D
ဘင်ဖီကာ
အင်တာမီလန်
ဆဲလ်ဘတ်
ဆိုဆီဒက်
Group E
ဖိယင်နု
အက်သလက်တီကို
လာဇီယို
ဆဲလ်တစ်
Group F
ပီအက်စ်ဂျီ
ဒေါ့မွန်
အေစီမီလန်
နယူးကာဆယ်
Group G
မန်စီးတီး
လိုက်ပ်ဇစ်
ဇက်ဗ်ဒါ
ယန်းဘွိင်းစ်
Group H
ဘာစီလိုနာ
ပေါ်တို
ရှက်တာဒိုးနက်
အန်တွာ့ပ်
#ChampionLeague
❤13👍9🔥1
UEFA ရဲ့ ၂၀၂၂-၂၃ ရာသီ တစ်နှစ်တာ အကောင်းဆုံးဆုရရှိသူများ
==================
အမျိုးသား အကောင်းဆုံးကစားသမား ဟာလန်း
အမျိုးသမီး အကောင်းဆုံးကစားသမား Aitan Bonmti
အမျိုးသား အကောင်းဆုံးနည်းပြ ဂွာဒီယိုလာ
အမျိုးသမီး အကောင်းဆုံးနည်းပြ Sarina Wiegman
Photos: UCL/EPA

👍17🔥2😁2
စက်တင်ဘာလ(၁)ရက်၊ သောကြာနေ့ မနက်ပိုင်း မဇ္ဈိမ ရေဒီယို အစီအစဉ်
====================
ဒီကနေ့ မနက်နားဆင်ရမယ့် အစီစဉ်တွေတွေကတော့
ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး ဒီနှစ်ကုန်ပိုင်းမှာ စတင်မယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးကပြောဆို လိုက်တဲ့ သတင်းနဲ့အတူ ချင်းပြည်နယ် ထန်တလန်မှာ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီအကြား ဩဂုတ်လ ၂၇ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ နှစ်ရက်တာတိုက်ပွဲမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၅ ဦးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးခဲ့တဲ့သတင်း အပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာ သတင်း တွေကို နားဆင်ကြရမှာပါ။
အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေနဲ့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို ကျန်းမာရေးအကြောင်းပြောပြထားတဲ့ ကျန်းမာသုတ လူမှုဘဝ အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။
https://youtu.be/H06t7uUUgSc?si=3uOtEm_Bc-m_w0UY
#Mizzimaradio
#Morningradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
====================
ဒီကနေ့ မနက်နားဆင်ရမယ့် အစီစဉ်တွေတွေကတော့
ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး ဒီနှစ်ကုန်ပိုင်းမှာ စတင်မယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးကပြောဆို လိုက်တဲ့ သတင်းနဲ့အတူ ချင်းပြည်နယ် ထန်တလန်မှာ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီအကြား ဩဂုတ်လ ၂၇ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ နှစ်ရက်တာတိုက်ပွဲမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၅ ဦးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးခဲ့တဲ့သတင်း အပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာ သတင်း တွေကို နားဆင်ကြရမှာပါ။
အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေနဲ့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို ကျန်းမာရေးအကြောင်းပြောပြထားတဲ့ ကျန်းမာသုတ လူမှုဘဝ အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။
https://youtu.be/H06t7uUUgSc?si=3uOtEm_Bc-m_w0UY
#Mizzimaradio
#Morningradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
စက်တင်ဘာလ(၁)ရက်၊ သောကြာနေ့ မနက်ပိုင်း မဇ္ဈိမ ရေဒီယို အစီအစဉ်
ဒီကနေ့ မနက်နားဆင်ရမယ့် အစီစဉ်တွေတွေကတော့ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး ဒီနှစ်ကုန်ပိုင်းမှာ စတင်မယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးကပြောဆို လိုက်တဲ့ သတင်းနဲ့အတူ ချင်းပြည်နယ် ထန်တလန်မှာ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီအကြား ဩဂုတ်လ ၂၇ ရက်နေ့ကနေ…
👍8😁2
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ( စက်တင်ဘာလ ၁ ရက်၊ ၂၀၂၃ ) | VOA On Mizzima
====================
ရုရှားကြေးစားတပ်ခေါင်းဆောင်သေဆုံးမှုအလွန် အာဖရိက၊ AI ဉာဏ်ရည်တုသုံးပြီး ကွယ်လွန်သူတွေနဲ့ပြန်ဆုံနိုင်၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/2-e5ozFMr3s?si=aDdJlJFW7stI1oeR
#VOA
#mizzimatv
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
====================
ရုရှားကြေးစားတပ်ခေါင်းဆောင်သေဆုံးမှုအလွန် အာဖရိက၊ AI ဉာဏ်ရည်တုသုံးပြီး ကွယ်လွန်သူတွေနဲ့ပြန်ဆုံနိုင်၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/2-e5ozFMr3s?si=aDdJlJFW7stI1oeR
#VOA
#mizzimatv
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ( စက်တင်ဘာလ ၁ ရက်၊ ၂၀၂၃ ) | VOA On Mizzima
ရုရှားကြေးစားတပ်ခေါင်းဆောင်သေဆုံးမှုအလွန် အာဖရိက၊ AI ဉာဏ်ရည်တုသုံးပြီး ကွယ်လွန်သူတွေနဲ့ပြန်ဆုံနိုင်၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြ…
👍6😁2
ရုရှားကြေးစားတပ်ခေါင်းဆောင်သေဆုံးမှုအလွန် အာဖရိက | VOA On Mizzima
======================
ရုရှားကြေးစားစစ်တပ် Wagner Group ခေါင်းဆောင် Yevgeny Prigozhin နဲ့အခြားခေါင်းဆောင်တချို့သေဆုံးခဲ့တဲ့ အတွက် ဒီတပ်ဖွဲ့တွေရဲ့အာဖရိကနိုင်ငံတွေမှာလုပ်ဆောင်နေတာတွေအပေါ် ဘယ်လို သက်ရောက်မှုရှိလာမလဲဆိုတာကို လေ့လာသုံးသပ်ဖို့ အချိန်စောနေနိုင်သေးပေမယ့်၊ တချို့သုတေသီတွေကတော့ ရေတိုအချိန်အတိုင်းအတာတခုအထိ အခက်အခဲရှိနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ အဓိကဆက်သွယ်လုပ်ဆောင်ခဲ့တဲ့ အဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင် Prigozhin နေရာကို ခေါင်းဆောင်သစ်အစားထိုးဖို့ဟာ အချိန်ယူဖို့လိုမယ်လို့ သုံးသပ်ထားပါတယ်။ နိုင်ရိုဘီမြို့တော်က VOA ဌာနခွဲအကြီးအကဲ Mariama Diallo သတင်းပေးပို့ထားတာကို ကိုဇော်မိုးကျော် တင်ဆက်ထားပါတယ်။
https://youtu.be/4jxxLEQuYac?si=jzmZmZw2f5BzdHO1
#VOA
#mizzimatv
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
======================
ရုရှားကြေးစားစစ်တပ် Wagner Group ခေါင်းဆောင် Yevgeny Prigozhin နဲ့အခြားခေါင်းဆောင်တချို့သေဆုံးခဲ့တဲ့ အတွက် ဒီတပ်ဖွဲ့တွေရဲ့အာဖရိကနိုင်ငံတွေမှာလုပ်ဆောင်နေတာတွေအပေါ် ဘယ်လို သက်ရောက်မှုရှိလာမလဲဆိုတာကို လေ့လာသုံးသပ်ဖို့ အချိန်စောနေနိုင်သေးပေမယ့်၊ တချို့သုတေသီတွေကတော့ ရေတိုအချိန်အတိုင်းအတာတခုအထိ အခက်အခဲရှိနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ အဓိကဆက်သွယ်လုပ်ဆောင်ခဲ့တဲ့ အဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင် Prigozhin နေရာကို ခေါင်းဆောင်သစ်အစားထိုးဖို့ဟာ အချိန်ယူဖို့လိုမယ်လို့ သုံးသပ်ထားပါတယ်။ နိုင်ရိုဘီမြို့တော်က VOA ဌာနခွဲအကြီးအကဲ Mariama Diallo သတင်းပေးပို့ထားတာကို ကိုဇော်မိုးကျော် တင်ဆက်ထားပါတယ်။
https://youtu.be/4jxxLEQuYac?si=jzmZmZw2f5BzdHO1
#VOA
#mizzimatv
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
ရုရှားကြေးစားတပ်ခေါင်းဆောင်သေဆုံးမှုအလွန် အာဖရိက | VOA On Mizzima
ရုရှားကြေးစားစစ်တပ် Wagner Group ခေါင်းဆောင် Yevgeny Prigozhin နဲ့အခြားခေါင်းဆောင်တချို့သေဆုံးခဲ့တဲ့ အတွက် ဒီတပ်ဖွဲ့တွေရဲ့အာဖရိကနိုင်ငံတွေမှာလုပ်ဆောင်နေတာတွေအပေါ် ဘယ်လို သက်ရောက်မှုရှိလာမလဲဆိုတာကို လေ့လာသုံးသပ်ဖို့ အချိန်စောနေနိုင်သေးပေမယ့်၊ တချို့သုတေသီတွေကတော့…
👍6🥰1😁1