Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
UEFA ရဲ့ ၂၀၂၂-၂၃ ရာသီ တစ်နှစ်တာ အကောင်းဆုံးဆုရရှိသူများ
==================

အမျိုးသား အကောင်းဆုံးကစားသမား ဟာလန်း

အမျိုးသမီး အကောင်းဆုံးကစားသမား Aitan Bonmti

အမျိုးသား အကောင်းဆုံးနည်းပြ ဂွာဒီယိုလာ

အမျိုးသမီး အကောင်းဆုံးနည်းပြ Sarina Wiegman

Photos: UCL/EPA
👍17🔥2😁2
စက်တင်ဘာလ(၁)ရက်၊ သောကြာနေ့ မနက်ပိုင်း မဇ္ဈိမ ရေဒီယို အစီအစဉ်
====================

ဒီကနေ့ မနက်နားဆင်ရမယ့် အစီစဉ်တွေတွေကတော့
ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး ဒီနှစ်ကုန်ပိုင်းမှာ စတင်မယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးကပြောဆို လိုက်တဲ့ သတင်းနဲ့အတူ ချင်းပြည်နယ် ထန်တလန်မှာ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီအကြား ဩဂုတ်လ ၂၇ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ နှစ်ရက်တာတိုက်ပွဲမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၅ ဦးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးခဲ့တဲ့သတင်း အပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာ သတင်း တွေကို နားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေနဲ့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို ကျန်းမာရေးအကြောင်းပြောပြထားတဲ့ ကျန်းမာသုတ လူမှုဘဝ အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။

https://youtu.be/H06t7uUUgSc?si=3uOtEm_Bc-m_w0UY

#Mizzimaradio
#Morningradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8😁2
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ( စက်တင်ဘာလ ၁ ရက်၊ ၂၀၂၃ ) | VOA On Mizzima
====================

ရုရှားကြေးစားတပ်ခေါင်းဆောင်သေဆုံးမှုအလွန် အာဖရိက၊ AI ဉာဏ်ရည်တုသုံးပြီး ကွယ်လွန်သူတွေနဲ့ပြန်ဆုံနိုင်၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/2-e5ozFMr3s?si=aDdJlJFW7stI1oeR

#VOA
#mizzimatv
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6😁2
ရုရှားကြေးစားတပ်ခေါင်းဆောင်သေဆုံးမှုအလွန် အာဖရိက | VOA On Mizzima
======================

ရုရှားကြေးစားစစ်တပ် Wagner Group ခေါင်းဆောင် Yevgeny Prigozhin နဲ့အခြားခေါင်းဆောင်တချို့သေဆုံးခဲ့တဲ့ အတွက် ဒီတပ်ဖွဲ့တွေရဲ့အာဖရိကနိုင်ငံတွေမှာလုပ်ဆောင်နေတာတွေအပေါ် ဘယ်လို သက်ရောက်မှုရှိလာမလဲဆိုတာကို လေ့လာသုံးသပ်ဖို့ အချိန်စောနေနိုင်သေးပေမယ့်၊ တချို့သုတေသီတွေကတော့ ရေတိုအချိန်အတိုင်းအတာတခုအထိ အခက်အခဲရှိနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ အဓိကဆက်သွယ်လုပ်ဆောင်ခဲ့တဲ့ အဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင် Prigozhin နေရာကို ခေါင်းဆောင်သစ်အစားထိုးဖို့ဟာ အချိန်ယူဖို့လိုမယ်လို့ သုံးသပ်ထားပါတယ်။ နိုင်ရိုဘီမြို့တော်က VOA ဌာနခွဲအကြီးအကဲ Mariama Diallo သတင်းပေးပို့ထားတာကို ကိုဇော်မိုးကျော် တင်ဆက်ထားပါတယ်။

https://youtu.be/4jxxLEQuYac?si=jzmZmZw2f5BzdHO1

#VOA
#mizzimatv
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🥰1😁1
၂၀၀၀၀ တန်ဂယက်ကြောင့်
=============

စစ်ကောင်စီက သြဂုတ်လ ၃၁ ရက်နေ့မှာ ထုတ်ပေးမယ့် နိုင်ငံတဝှမ်းက Non-CDM ဌာနဆိုင်ရာ ဝန်ထမ်းတွေရဲ့ လစာငွေတွေထဲမှာ ကျပ် ၂ သောင်းတန် ငွေစက္ကူအသစ်တွေ ပါဝင်လာပါတော့မယ်။
စစ်ကောင်စီက နိုင်ငံတဝန်းကို ၂ သောင်းတန် ငွေစက္ကူအသစ်တွေ အလုံးအရင်းနဲ့ ပေးပို့နေပြီလို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နဲ့ ခန္တီးက Non-CDM ဝန်ထမ်းတွေကို လစာပေးဖို့အတွက် စစ်တပ်က ရိက္ခာတင် သင်္ဘောတွေနဲ့ ၂ သောင်းတန် ငွေစက္ကူထုပ်တွေ သယ်ဆောင်လာပြီး အစိုးရဘဏ်ဝန်ထမ်းတွေပါ လိုက်ပါ လာကြောင်းနဲ့ လေကြောင်း၊ ရေကြောင်းတွေကနေ ၂ သောင်းတန် ငွေစက္ကူတွေကို အလုံးအရင်းနဲ့ သယ်ဆောင်နေပြီလို့ ရန်ကုန်ခေတ်သစ် သတင်းဌာနမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

https://youtu.be/iNtS6yOqQec?si=hOZG3BPjqZiPECmY

#politics
#Newsfeature
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🤮4❤2👎1😁1
သဘာဝပတ်ဝန်းကျင်မထိခိုက်အောင် ဘယ်လို ခရီးသွားမလဲ | VOA On Mizzima
======================

အပန်းဖြေ ခရီး သွားမယ့်နေရာမှာ တောမီးလောင်တာ၊ ရေကြီးတာ၊ ဒါမှ မဟုတ် အပူလှိုင်း အန္တရာယ်တွေ ကျရောက်နေမယ်ဆိုရင် ကမ္ဘာကြီးပူနွေးလာပြီး ရာသီဥတုဖောက်ပြန်မှုကို စဉ်းစားစရာလည်း ဖြစ်လာပါတယ်။ AP သတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာ တင်ဆက်ထားပါတယ်။

https://youtu.be/QkgEP74d9VE?si=hM0g85f1EjLyD8DE

#VOA
#mizzimatv
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥1
အမေရိကန်ရဲ့စစ်ရေးအကူအညီပေးနေမှုက ထိုင်ဝမ်ရဲ့လုံခြုံရေးကိုထိခိုက်စေကြောင်း တရုတ်သတိပေး
==========================

https://youtu.be/5ZbVwzcx7Os?si=ugWbvqbSX4jx3LB2

#InternationalNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4😁2👏1
​​1.9.2023 (Friday) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
======================

Highlight

Korea Movie - My girlfriend is an agent (မနက်- ၁၀ နာရီ)
အမှန်တရားအတွက် ပြိုင်ဆိုင်မှုများ (ညနေ - ၆ နာရီ)
India Movie - Stree (ည- ၈ နာရီ)
Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။

#mizzimatv
👍7🤮1
This media is not supported in your browser
VIEW IN TELEGRAM
အမေရိကန်ရဲ့ စစ်ရေးအကူအညီ ပေးနေမှုက ထိုင်ဝမ်ရဲ့လုံခြုံရေးကို ထိခိုက်စေကြောင်း တရုတ် သတိပေး

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #American #China #Taiwan
👏6😁3
​​ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ဘိုင်ယန်က မန်ယူနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး နယူးကာဆယ်က ပီအက်စ်ဂျီနဲ့ တစ်အုပ်စုတည်း ကျရောက်
===================

မန်ချက်စတာယူနိုက်တက်ဟာ ကြာသပတေးနေ့က အုပ်စုအဆင့် မဲခွဲမှုစဉ်အတွင်း ဒီရာသီ ချန်ပီယံလိဂ်မှာ ဟယ်ရီကိန်းရဲ့ ဘိုင်ယန်မြူးနစ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး ပဲရစ်စိန့်ဂျာမိန်းနဲ့ နယူးကာဆယ်ယူနိုက်တက်တို့ကတော့ တစ်အုပ်စုတည်းအတူ ကျရောက်ခဲ့ပါတယ်။

ဘိုင်ယန်နဲ့ ယူနိုက်တက်တို့ဟာ FC ကိုပင်ဟေဂင်နဲ့ တူရကီချန်ပီယံ ဂါလာတာဆာရေးတို့ ပါဝင်တဲ့ အုပ်စု A ကနေ တက်ရောက်ဖို့ ရေပန်းစားနေမှာဖြစ်ပါတယ်။

ဘွန်ဒက်လီဂါချန်ပီယံများနဲ့ အိုးထရက်ဖို့ဒ်အသင်းတို့ကြား ထိပ်တိုက်တွေ့မှုဟာ နှစ်သင်းကြား အကျော်ကြားဆုံး တွေ့ဆုံမှုကို အမှတ်ရစေမှာဖြစ်ပြီး ၁၉၉၉ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အမှတ်ရစရာ come back နိုင်ပြီးနောက် ယူနိုက်တက်တို့ ၂-၁ ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။
👍10🔥1
AI ဉာဏ်ရည်တုသုံးပြီး ကွယ်လွန်သူတွေနဲ့ပြန်ဆုံနိုင် | VOA On Mizzima
==================

အွန်လိုင်းပေါ်မှာ AI ဉာဏ်ရည်တု အသုံးပြုပြီး avatars ဒစ်ဂျစ်တယ် ပုံရိပ်တူတွေဖန်တီးကြနေကြတဲ့ အခုခေတ်မှာ ကွယ်လွန်သွားပြီဖြစ်တဲ့ သူတွေရဲ့ ပုံတူတွေကိုပါ အမှတ်တရ ပြုလုပ်ဖန်တီးလာကြပါတယ်။ VOA သတင်းထောက် Maxim Moskalkov သတင်းပေးပို့ထားတာကို မမြသဇင်အောင် တင်ဆက်ထားပါတယ်။

https://youtu.be/RW-kI2l-7Hg?si=FQS7EldDx5uXbsb8

#VOA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7😁1
စက်တင်ဘာလ (၁)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
========================

01:00 - INGO နဲ့ NGO တွေကို ပြည်ပနိုင်ငံတွေက အသုံးချနေတာကြောင့် ကြပ်မတ်ထိန်းသိမ်းရမယ်လို့ စစ်ခေါင်းဆောင်ပြောတဲ့သတင်း

03:20 - KIA ဌာနချုပ်လိုင်ဇာအနီး စစ်ကောင်စီတပ်နဲ့တိုက်ပွဲများ ပြင်းထန်နေတဲ့သတင်း

05:57 - အမေရိကန်ရဲ့စစ်ရေးအကူအညီပေးနေမှုက ထိုင်ဝမ်ရဲ့လုံခြုံရေးကိုထိခိုက်စေကြောင်း တရုတ်သတိပေးတဲ့သတင်း

11:34 - ဒီကနေ့ မနက် ၁၁ နာရီအထိ ရရှိထားတဲ့ ငွေလဲနှုန်း၊ ရွှေစျေး၊ စက်သုံးဆီစျေး နဲ့ စားအုန်းဆီစျေးတွေအပါအဝင် တခြား စိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/I2PfQLgN5WA?si=C3S9ILZOV1aQ92U3

#12pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🔥1🌭1
Media is too big
VIEW IN TELEGRAM
ဂျီ-၂၀ ထိပ်သီးအစည်းအဝေးမှ ာမျောက်တွေရဲ့ နှောက်ယှက်မှုမခံရဖို့ မျောက်ယောင်ဆောင်ထားတဲ့လူတွေကို ဖြန့်ကြက်ထား

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍5🔥1😁1
မောင်းသူမဲ့လေယာဥ်ငယ်ဖြင့် ဗုံးသီးချတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ဦး သေဆုံးဟုဆို
=======================

ပါခွီး(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ဘုတလင်မြို့တွင် တပ်စွဲထားသည့်နေရာများကို ဗုံးသီးချတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့ကြောင်း Chindwin Brothers က စက်တင်ဘာလ ၁ ရက် ယနေ့တွင်ထုတ်ပြန်သည်။

ဘုတင်လင်မြို့ စစ်ကောင်စီတပ် တပ်စွဲထားသော မီးသတ်ရုံးနှင့် ကြောင်ပန်းလမ်းခွဲရှိ ထနောင်းပင်ရိပ်တွင် လမ်းအသွားအလာများအား စစ်ဆေးငွေတောင်းနေသော စစ်ကောင်စီတပ်သားများကို shar Htoo Waw နည်းပညာဖြစ်သော လေယာဥ်ငယ်လေးများတွင် ဗုံးသီးတပ်ဆင်၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“စစ်ဆေးရေးဂိတ်တွေဖွင့်ပြီး ကားတွေ ဆိုင်ကယ်တွေကို စစ်ဆေးပြီးငွေတောင်းကြတာ ၊ ပြည်သူတွေအတွက် အနှောက်အယှက်ဖြစ်လို့ သွားပြီးဗုံးချခဲ့တာပါ” ဟု Chindwin Brothers တာဝန်ရှိသူတဦးက မဇ္စျိမ ကိုပြောသည်။

ဩဂုတ်လ ၂၉ရက်နေ့ ညနေ ၃နာရီ ၃၀မိနစ် နှင့် ညနေ ၄နာရီ ၃၀မိနစ်တို့ တွင် နှစ်ကြိမ် ဗုံးသီးချ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

ယင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးကြောင်းကို ပြည်သူများ၏ သတင်းပေးပို့ချက်အရ ပြန်လည်သိရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုကို Chindwin Brothers (DGF တပ်ခွဲ) နှင့် အတူ B21 ၊ မုံရွာခရိုင်တပ်ရင်း (၁၆) ၊ နင်ဂျာတပ်ဖွဲ့ ၊ ဗိုလ်ပွကြီး ၊ အုပ်ကြီးနှင့်သူ၏တပ်ဖွဲ့ဝင်များနှင့် ပျံလွှား(တကိုယ်တော်) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားများသည် ရုံးဝန်းထဲတွင် ညမအိပ်ရဲတော့ဘဲ အနီးနားရှိ ဘုန်းကြီးကျောင်းများအတွင်း စခန်းချခဲ့ကြကြောင်း ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ဆက်ပြောသည်။

ဘုတင်လင်မြို့အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးရုံး ၊ စုပေါင်းရုံးနှင့် မီးသတ်အပါအဝင် ရုံးများတွင် စစ်ကောင်စီတပ်မှ တပ်စွဲထားပြီး ဂိတ်များဖွင့်လှစ်ကာ ပြည်သူလူထုအား အနှောက်အယှက်ဖြစ်စေရန် စစ်ဆေးခြင်း ၊ ငွေတောင်းခံခြင်းများ ပြုလုပ်လျက်ရှိနေကြောင်းသိရသည်။

ယင်းသို့ ပြည်သူလူထုအား အနှောက်ပေး အဓမ္မငွေတောင်းနေသည့် စစ်ကောင်စီတပ်ဖွဲ့များကို အချိန်နေရာမရွေး တိုက်ခိုက်သွားမည်ဖြစ်ကြောင်း Chindwin Brothers တာဝန်ရှိသူကပြောဆိုသည်။

ဩဂုတ်လ ၂၈ရက်နေ့ကလည်း ယင်းမာပင်မြို့နယ် စည်သူကျေးရွာနှင့် ပန်းတိန်ပြင် ကျေးရွာတို့ရှိ သစ်ကွင်းများတွင် သစ်ထုတ်နေသည့် စစ်ကောင်စီတပ်သားများ ကျောက်မှော်ကျေးရွာအနီးတွင် ကင်းပုန်းဝပ်နေစဥ် Chindwin Brothers နှင့် မဟာမိတ်များက မောင်းသူမဲ့ လေယာဥ်ငယ်ဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုသည် ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့ (DGF)တပ်ခွဲ တည်ထောင်သူ ဗိုလ်သူရ(ခေါ်) ကိုလှမင်း ချောင်းမရွာအနီး တိုက်ပွဲတွင် ကျဆုံးခဲ့သည့် တနှစ် မြောက်နှစ်ပတ်လည်နေ့အဖြစ် သွေးကြွေးဆပ် လက်တုန့် ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

https://youtu.be/u6oDXXvM3L8?si=FTxNx4x20k8A6FgJ

#mizzima
#DGF
#ဘုတလင်မြို့
#မောင်းသူမဲ့လေယာဥ်ငယ်
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍16❤4😁2👏1
​​စားသောက်ဆိုင်စင်တင်ဖျော်ဖြေမှုများ လိုင်စင်လျောက်၊အခွန်ကောက်တော့မည်
=====================

မဇ္ဈိမ။ ။ရန်ကုန်တိုင်းအတွင်း တေးဂီတစင်တင်ဖျော်ဖြေမှုများရှိသည့် စားသောက်ဆိုင်များ စစ်ကောင်စီထံ လိုင်စင်လျောက်ထားရမည်ဖြစ်ပြီး အခွန်နှုန်းထားများလည်း ပေးဆောင်သွားရမည်ဟု သိရကြောင်း စားသောက်ဆိုင်လုပ်ငန်းလုပ်ကိုင်နေသူများကပြောသည်။

စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဌာနက စားသောက်ဆိုင်များကို အကြောင်းကြားစာများပေးပို့ထားပြီး ယနေ့ စက်တင်ဘာ ၁ရက်နေ့တွင် မြို့နယ်အလိုက်ထွေအုပ်ရုံးများ၌ အစည်းဝေးခေါ်ထားသည်ဟု ရန်ကုန်မြို့မှ စားသောက်ဆိုင်လုပ်ငန်းရှင်တဦးကပြောသည်။

‘’အသေးစိတ်ကိုတော့ အစည်းဝေးကပြန်မှပဲ သိရမယ်။အရင်ပြီးခဲ့တဲ့လကတော့ ကျွန်တော်တို့ စားသောက်ဆိုင်ပိုင်ရှင်တွေ၊KTVလုပ်ငန်းရှင်တွေအားလုံးကို ခရိုင်ရုံးမှာဆင့်ခေါ်ပြီးတော့ ပြောထားတာတော့ရှိတယ်။ စားသောက်ဆိုင်တွေမှာတီးဝိုင်းတွေ၊သီချင်းဆိုတာတွေကို လိုင်စင်လုပ်ရမယ်။ ပြီးတော့အခွန်လည်းဆောင်ရမယ်ဆိုပြီးပြောတယ်။ ဘယ်လောက်ထိဆောင်ရမလဲဆိုတာတော့မပြောသေးဘူး။ အခုတော့ သူတို့ဆုံးဖြတ်ချက်ကျလာလို့ ကျွန်တော်တို့ကိုအခွန်ဆောင်ရမယ့်နှုန်းထားတွေ၊လိုင်စင်ကိစ္စတွေခေါ်ပြောမယ်လို့တော့ထင်တာပဲ’’ဟု အဆိုပါ လုပ်ငန်းရှင်ကဆိုသည်။

အထွေထွေအုပ်ချုပ်ရေးဌာန၏ အကြောင်းကြားစာ တွင် စင်တင်တေးဂီဖျော်ဖြေပွဲဟုသာခေါင်းစဉ်တပ်ထားပြီး ကိုယ်ပိုင်‌တီးဝိုင်းငယ်၊ Unplugged၊DJ၊ကာရာအိုကေ ဟူ၍ အမျိုးအစားများ ခွဲခြားထားခြင်းမရှိကြောင်းသိရသည်။ လောလောဆယ်တွင်စားသောက်ဆိုင်များအနေဖြင့်ယစ်မျိုးခွန်ဟုဆိုကာ တနှစ်လျှင် ၃၄သိန်းကျပ်အခွန်ဆောင်နေရသည်ဟု သိရသည်။

ဘဏ္ဍာရေးအကျပ်အတည်းရင်ဆိုင်‌နေရသည့်စစ်ကောင်စီသည် ပြည်သူများထံမှအခွန်များကိုနည်းမျိုးစုံကောက်ခံလျှက်ရှိနေသည်။ ပုဂ္ဂလိကဆေးရုံများ၌ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ဆရာဝန်များအနေဖြင့် ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းကို ယနေ့မှစတင်ပြီး ပေးဆောင်ရမည်ဟု သြဂုတ်လ ၂၅ ရက်နေ့က စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက အသိပေး ကြေညာထားသည်။

စာတည်း-အေးချမ်း

#mizzima
#ရန်ကုန်တိုင်း
#စားသောက်ဆိုင်များ
#လိုင်စင်
#အခွန်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8❤1🔥1👏1😁1
This media is not supported in your browser
VIEW IN TELEGRAM
အင်ဒိုနီးရှားနဲ့ အမေရိကန်အပါအဝင် ၅ နိုင်ငံ မဟာမိတ်တပ်တွေရဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှု စတင်

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #Indonesia #American
👍7🔥2
​​ဟာလန်းနဲ့ ဘွန်မာတီတို့ UEFA တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုတွေကို ရရှိ
======================

မန်ချက်စတာစီးတီးရဲ့ အာလင်း ဟာလန်းနဲ့ စပိန်ရဲ့ ကမ္ဘာ့ဖလားရ ကြယ်ပွင့် အီတာနာ ဘွန်မာတီတို့ဟာ ကြာသပတေးနေ့မှာ မိုနာကိုမှာ ကျင်းပတဲ့ အခမ်းအနားတစ်ခုမှာ UEFA အမျိုးသားနဲ့ အမျိုးသမီး တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုတွေကို အသီးသီးရရှိခဲ့ကြပါတယ်။

နော်ဝေးတိုက်စစ်မှူး ဟာလန်းဟာ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်နဲ့ FA ဖလား ၃ လုံး ဆွတ်ခူးနိုင်အောင် စီးတီးကို ကူညီဖို့ ၅၃ ပွဲမှာ ၅၂ ဂိုး သွင်းယူခဲ့ပြီး ဘွန်မာတီဟာ အခုလအစောပိုင်းမှာ စပိန်ကို ကမ္ဘာ့ဖလား အောင်နိုင်ဖို့ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒေါ့မွန်အသင်းကနေ ရောက်ရှိလာပြီးနောက် စီးတီးမှာ ဟာလန်းရဲ့ ပထမဆုံးရာသီမှာ အောင်မြင်မှုတွေရရှိခဲ့ပြီး အခုလို အမျိုးသား အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တာပါ။ သူ့ရဲ့ အသင်းဖော် ကီဗင်ဒီဘရိုင်းနဲ့ လီယွန်နယ် မက်ဆီတို့လည်း ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီအသင်းမှာ ရှိခဲ့ပေမယ့် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီကို ပြောင်းရွှေ့သွားခဲ့သူဖြစ်ပါတယ်။

"ကျနော်က အိပ်မက်တစ်ခုလို အသက်ရှင်နေသူတစ်ယောက်ပါ။ ဒါက ငယ်ငယ်က ကျနော့်အိပ်မက်ပါ၊ ဒါကြောင့် ကျနော့်ရဲ့အသင်းဖော်တွေနဲ့ အတူတူတွဲလုပ်နိုင်တာက ထူးခြားတဲ့အရာတစ်ခုပါ"လို့ အသက် ၂၃ နှစ်အရွယ် ဟာလန်းက သူ့ရဲ့ဆုကို လက်ခံရယူပြီးနောက် ပြောပါတယ်။

အသက် ၂၅ နှစ်အရွယ် ဘွန်မာတီဟာ ပြီးခဲ့တဲ့ရာသီက အမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘာစီလိုနာအသင်း ချန်ပီယံဖြစ်ခဲ့ရာမှာ တောက်ပခဲ့ပြီး အဲဒီနောက် သြစတြေးလျနဲ့ နယူးဇီလန်တို့မှာ စပိန်အသင်း ကမ္ဘာ့ဖလားအောင်မြင်မှုမှာ သူ့မှာ အခန်းကဏ္ဍအတွက် ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
သူမဟာ အင်္ဂလန်အသင်းနဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အနိုင်ဂိုးတွေသွင်းယူခဲ့တဲ့ သူမရဲ့ စပိန်အသင်းဖော် ကာမိုနာနဲ့ ချယ်လ်ဆီးနဲ့ သြစတြေးလျတိုက်စစ်မှူး ဆမ်ကာတို့ကို ကျော်ပြီး UEFA ဆုကို ရရှိခဲ့တာပါ။

"ဒါဟာ ကျမ ဘယ်တော့မှ မမေ့နိုင်တဲ့ရာသီတစ်ခုဖြစ်ခဲ့ပါတယ်။"လို့ ဘွန်မာတီက ပြောပါတယ်။ စပိန်နည်းပြ ဂျော့ဗီလ်ဒါဟာ တစ်နှစ်တာ အကောင်းဆုံး အမျိုးသမီးနည်းပြဆုကို လွဲချော်ခဲ့ပြီး အင်္ဂလန်နည်းပြ ဆာရီနာဝီဂမန်းက ရရှိခဲ့ပါတယ်။

ပက်ဂွာဒီယိုလာဟာ စီးတီးကို ဖလားသုံးလုံး ဆွတ်ခူးအောင် ဦးဆောင်နိုင်ခဲ့ပြီးနောက် တစ်နှစ်တာ အကောင်းဆုံး အမျိုးသားနည်းပြဆုကို ရရှိခဲ့ပါတယ်။
👍6🔥2🥰1