Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
ဂျီ-၂၀ ထိပ်သီးအစည်းအဝေးမှ ာမျောက်တွေရဲ့ နှောက်ယှက်မှုမခံရဖို့ မျောက်ယောင်ဆောင်ထားတဲ့လူတွေကို ဖြန့်ကြက်ထား

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍5🔥1😁1
မောင်းသူမဲ့လေယာဥ်ငယ်ဖြင့် ဗုံးသီးချတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ဦး သေဆုံးဟုဆို
=======================

ပါခွီး(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ဘုတလင်မြို့တွင် တပ်စွဲထားသည့်နေရာများကို ဗုံးသီးချတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့ကြောင်း Chindwin Brothers က စက်တင်ဘာလ ၁ ရက် ယနေ့တွင်ထုတ်ပြန်သည်။

ဘုတင်လင်မြို့ စစ်ကောင်စီတပ် တပ်စွဲထားသော မီးသတ်ရုံးနှင့် ကြောင်ပန်းလမ်းခွဲရှိ ထနောင်းပင်ရိပ်တွင် လမ်းအသွားအလာများအား စစ်ဆေးငွေတောင်းနေသော စစ်ကောင်စီတပ်သားများကို shar Htoo Waw နည်းပညာဖြစ်သော လေယာဥ်ငယ်လေးများတွင် ဗုံးသီးတပ်ဆင်၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“စစ်ဆေးရေးဂိတ်တွေဖွင့်ပြီး ကားတွေ ဆိုင်ကယ်တွေကို စစ်ဆေးပြီးငွေတောင်းကြတာ ၊ ပြည်သူတွေအတွက် အနှောက်အယှက်ဖြစ်လို့ သွားပြီးဗုံးချခဲ့တာပါ” ဟု Chindwin Brothers တာဝန်ရှိသူတဦးက မဇ္စျိမ ကိုပြောသည်။

ဩဂုတ်လ ၂၉ရက်နေ့ ညနေ ၃နာရီ ၃၀မိနစ် နှင့် ညနေ ၄နာရီ ၃၀မိနစ်တို့ တွင် နှစ်ကြိမ် ဗုံးသီးချ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

ယင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးကြောင်းကို ပြည်သူများ၏ သတင်းပေးပို့ချက်အရ ပြန်လည်သိရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုကို Chindwin Brothers (DGF တပ်ခွဲ) နှင့် အတူ B21 ၊ မုံရွာခရိုင်တပ်ရင်း (၁၆) ၊ နင်ဂျာတပ်ဖွဲ့ ၊ ဗိုလ်ပွကြီး ၊ အုပ်ကြီးနှင့်သူ၏တပ်ဖွဲ့ဝင်များနှင့် ပျံလွှား(တကိုယ်တော်) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားများသည် ရုံးဝန်းထဲတွင် ညမအိပ်ရဲတော့ဘဲ အနီးနားရှိ ဘုန်းကြီးကျောင်းများအတွင်း စခန်းချခဲ့ကြကြောင်း ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ဆက်ပြောသည်။

ဘုတင်လင်မြို့အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးရုံး ၊ စုပေါင်းရုံးနှင့် မီးသတ်အပါအဝင် ရုံးများတွင် စစ်ကောင်စီတပ်မှ တပ်စွဲထားပြီး ဂိတ်များဖွင့်လှစ်ကာ ပြည်သူလူထုအား အနှောက်အယှက်ဖြစ်စေရန် စစ်ဆေးခြင်း ၊ ငွေတောင်းခံခြင်းများ ပြုလုပ်လျက်ရှိနေကြောင်းသိရသည်။

ယင်းသို့ ပြည်သူလူထုအား အနှောက်ပေး အဓမ္မငွေတောင်းနေသည့် စစ်ကောင်စီတပ်ဖွဲ့များကို အချိန်နေရာမရွေး တိုက်ခိုက်သွားမည်ဖြစ်ကြောင်း Chindwin Brothers တာဝန်ရှိသူကပြောဆိုသည်။

ဩဂုတ်လ ၂၈ရက်နေ့ကလည်း ယင်းမာပင်မြို့နယ် စည်သူကျေးရွာနှင့် ပန်းတိန်ပြင် ကျေးရွာတို့ရှိ သစ်ကွင်းများတွင် သစ်ထုတ်နေသည့် စစ်ကောင်စီတပ်သားများ ကျောက်မှော်ကျေးရွာအနီးတွင် ကင်းပုန်းဝပ်နေစဥ် Chindwin Brothers နှင့် မဟာမိတ်များက မောင်းသူမဲ့ လေယာဥ်ငယ်ဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုသည် ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့ (DGF)တပ်ခွဲ တည်ထောင်သူ ဗိုလ်သူရ(ခေါ်) ကိုလှမင်း ချောင်းမရွာအနီး တိုက်ပွဲတွင် ကျဆုံးခဲ့သည့် တနှစ် မြောက်နှစ်ပတ်လည်နေ့အဖြစ် သွေးကြွေးဆပ် လက်တုန့် ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

https://youtu.be/u6oDXXvM3L8?si=FTxNx4x20k8A6FgJ

#mizzima
#DGF
#ဘုတလင်မြို့
#မောင်းသူမဲ့လေယာဥ်ငယ်
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍16❤4😁2👏1
​​စားသောက်ဆိုင်စင်တင်ဖျော်ဖြေမှုများ လိုင်စင်လျောက်၊အခွန်ကောက်တော့မည်
=====================

မဇ္ဈိမ။ ။ရန်ကုန်တိုင်းအတွင်း တေးဂီတစင်တင်ဖျော်ဖြေမှုများရှိသည့် စားသောက်ဆိုင်များ စစ်ကောင်စီထံ လိုင်စင်လျောက်ထားရမည်ဖြစ်ပြီး အခွန်နှုန်းထားများလည်း ပေးဆောင်သွားရမည်ဟု သိရကြောင်း စားသောက်ဆိုင်လုပ်ငန်းလုပ်ကိုင်နေသူများကပြောသည်။

စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဌာနက စားသောက်ဆိုင်များကို အကြောင်းကြားစာများပေးပို့ထားပြီး ယနေ့ စက်တင်ဘာ ၁ရက်နေ့တွင် မြို့နယ်အလိုက်ထွေအုပ်ရုံးများ၌ အစည်းဝေးခေါ်ထားသည်ဟု ရန်ကုန်မြို့မှ စားသောက်ဆိုင်လုပ်ငန်းရှင်တဦးကပြောသည်။

‘’အသေးစိတ်ကိုတော့ အစည်းဝေးကပြန်မှပဲ သိရမယ်။အရင်ပြီးခဲ့တဲ့လကတော့ ကျွန်တော်တို့ စားသောက်ဆိုင်ပိုင်ရှင်တွေ၊KTVလုပ်ငန်းရှင်တွေအားလုံးကို ခရိုင်ရုံးမှာဆင့်ခေါ်ပြီးတော့ ပြောထားတာတော့ရှိတယ်။ စားသောက်ဆိုင်တွေမှာတီးဝိုင်းတွေ၊သီချင်းဆိုတာတွေကို လိုင်စင်လုပ်ရမယ်။ ပြီးတော့အခွန်လည်းဆောင်ရမယ်ဆိုပြီးပြောတယ်။ ဘယ်လောက်ထိဆောင်ရမလဲဆိုတာတော့မပြောသေးဘူး။ အခုတော့ သူတို့ဆုံးဖြတ်ချက်ကျလာလို့ ကျွန်တော်တို့ကိုအခွန်ဆောင်ရမယ့်နှုန်းထားတွေ၊လိုင်စင်ကိစ္စတွေခေါ်ပြောမယ်လို့တော့ထင်တာပဲ’’ဟု အဆိုပါ လုပ်ငန်းရှင်ကဆိုသည်။

အထွေထွေအုပ်ချုပ်ရေးဌာန၏ အကြောင်းကြားစာ တွင် စင်တင်တေးဂီဖျော်ဖြေပွဲဟုသာခေါင်းစဉ်တပ်ထားပြီး ကိုယ်ပိုင်‌တီးဝိုင်းငယ်၊ Unplugged၊DJ၊ကာရာအိုကေ ဟူ၍ အမျိုးအစားများ ခွဲခြားထားခြင်းမရှိကြောင်းသိရသည်။ လောလောဆယ်တွင်စားသောက်ဆိုင်များအနေဖြင့်ယစ်မျိုးခွန်ဟုဆိုကာ တနှစ်လျှင် ၃၄သိန်းကျပ်အခွန်ဆောင်နေရသည်ဟု သိရသည်။

ဘဏ္ဍာရေးအကျပ်အတည်းရင်ဆိုင်‌နေရသည့်စစ်ကောင်စီသည် ပြည်သူများထံမှအခွန်များကိုနည်းမျိုးစုံကောက်ခံလျှက်ရှိနေသည်။ ပုဂ္ဂလိကဆေးရုံများ၌ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ဆရာဝန်များအနေဖြင့် ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းကို ယနေ့မှစတင်ပြီး ပေးဆောင်ရမည်ဟု သြဂုတ်လ ၂၅ ရက်နေ့က စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက အသိပေး ကြေညာထားသည်။

စာတည်း-အေးချမ်း

#mizzima
#ရန်ကုန်တိုင်း
#စားသောက်ဆိုင်များ
#လိုင်စင်
#အခွန်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8❤1🔥1👏1😁1
This media is not supported in your browser
VIEW IN TELEGRAM
အင်ဒိုနီးရှားနဲ့ အမေရိကန်အပါအဝင် ၅ နိုင်ငံ မဟာမိတ်တပ်တွေရဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှု စတင်

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #Indonesia #American
👍7🔥2
​​ဟာလန်းနဲ့ ဘွန်မာတီတို့ UEFA တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုတွေကို ရရှိ
======================

မန်ချက်စတာစီးတီးရဲ့ အာလင်း ဟာလန်းနဲ့ စပိန်ရဲ့ ကမ္ဘာ့ဖလားရ ကြယ်ပွင့် အီတာနာ ဘွန်မာတီတို့ဟာ ကြာသပတေးနေ့မှာ မိုနာကိုမှာ ကျင်းပတဲ့ အခမ်းအနားတစ်ခုမှာ UEFA အမျိုးသားနဲ့ အမျိုးသမီး တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုတွေကို အသီးသီးရရှိခဲ့ကြပါတယ်။

နော်ဝေးတိုက်စစ်မှူး ဟာလန်းဟာ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်နဲ့ FA ဖလား ၃ လုံး ဆွတ်ခူးနိုင်အောင် စီးတီးကို ကူညီဖို့ ၅၃ ပွဲမှာ ၅၂ ဂိုး သွင်းယူခဲ့ပြီး ဘွန်မာတီဟာ အခုလအစောပိုင်းမှာ စပိန်ကို ကမ္ဘာ့ဖလား အောင်နိုင်ဖို့ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒေါ့မွန်အသင်းကနေ ရောက်ရှိလာပြီးနောက် စီးတီးမှာ ဟာလန်းရဲ့ ပထမဆုံးရာသီမှာ အောင်မြင်မှုတွေရရှိခဲ့ပြီး အခုလို အမျိုးသား အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တာပါ။ သူ့ရဲ့ အသင်းဖော် ကီဗင်ဒီဘရိုင်းနဲ့ လီယွန်နယ် မက်ဆီတို့လည်း ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီအသင်းမှာ ရှိခဲ့ပေမယ့် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီကို ပြောင်းရွှေ့သွားခဲ့သူဖြစ်ပါတယ်။

"ကျနော်က အိပ်မက်တစ်ခုလို အသက်ရှင်နေသူတစ်ယောက်ပါ။ ဒါက ငယ်ငယ်က ကျနော့်အိပ်မက်ပါ၊ ဒါကြောင့် ကျနော့်ရဲ့အသင်းဖော်တွေနဲ့ အတူတူတွဲလုပ်နိုင်တာက ထူးခြားတဲ့အရာတစ်ခုပါ"လို့ အသက် ၂၃ နှစ်အရွယ် ဟာလန်းက သူ့ရဲ့ဆုကို လက်ခံရယူပြီးနောက် ပြောပါတယ်။

အသက် ၂၅ နှစ်အရွယ် ဘွန်မာတီဟာ ပြီးခဲ့တဲ့ရာသီက အမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘာစီလိုနာအသင်း ချန်ပီယံဖြစ်ခဲ့ရာမှာ တောက်ပခဲ့ပြီး အဲဒီနောက် သြစတြေးလျနဲ့ နယူးဇီလန်တို့မှာ စပိန်အသင်း ကမ္ဘာ့ဖလားအောင်မြင်မှုမှာ သူ့မှာ အခန်းကဏ္ဍအတွက် ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
သူမဟာ အင်္ဂလန်အသင်းနဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အနိုင်ဂိုးတွေသွင်းယူခဲ့တဲ့ သူမရဲ့ စပိန်အသင်းဖော် ကာမိုနာနဲ့ ချယ်လ်ဆီးနဲ့ သြစတြေးလျတိုက်စစ်မှူး ဆမ်ကာတို့ကို ကျော်ပြီး UEFA ဆုကို ရရှိခဲ့တာပါ။

"ဒါဟာ ကျမ ဘယ်တော့မှ မမေ့နိုင်တဲ့ရာသီတစ်ခုဖြစ်ခဲ့ပါတယ်။"လို့ ဘွန်မာတီက ပြောပါတယ်။ စပိန်နည်းပြ ဂျော့ဗီလ်ဒါဟာ တစ်နှစ်တာ အကောင်းဆုံး အမျိုးသမီးနည်းပြဆုကို လွဲချော်ခဲ့ပြီး အင်္ဂလန်နည်းပြ ဆာရီနာဝီဂမန်းက ရရှိခဲ့ပါတယ်။

ပက်ဂွာဒီယိုလာဟာ စီးတီးကို ဖလားသုံးလုံး ဆွတ်ခူးအောင် ဦးဆောင်နိုင်ခဲ့ပြီးနောက် တစ်နှစ်တာ အကောင်းဆုံး အမျိုးသားနည်းပြဆုကို ရရှိခဲ့ပါတယ်။
👍6🔥2🥰1
ခင်ဦးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွား
==================

လွှမ်းမိုး
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့ အနောက်ခြမ်းရှိ ကံသာယာ ကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့တို့ ဩဂုတ်လ ၃၀ ရက် ညနေ ၅ နာရီအချိန်၌ ထိတွေ့တိုက်ပွဲဖြစ်ပွားသည်ဟု Myanmar's Royal Dragon Army(MRDA) ၏ စေတန်တပ်ခွဲမှ တာဝန်ရှိသူထံက သိရသည်။

“ချုံခိုပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်၊ နှစ်ဖက်ပစ်ခတ်မှု မိနစ် ၄၀ ခန့် ဖြစ်ပွားပြီး မျက်မြင်စစ်သား လေးဦးသေဆုံးကာ ကိိုးဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ပါတယ်” ဟု စေတန်တပ်ခွဲမှူးက ဆိုသည်။
အင်အား ၁၇၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို စေတန်တပ်ခွဲ (MRDA)မှ RDGF တပ်စု နှင့် ခင်ဦးမြို့နယ် ပလဖ(ပြည်သူ့လုံခြုံရေးတပ်ဖွဲ့)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေသကာကွယ်ရေး အဖွဲ့များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ပွဲအတွင်း ဒဏ်ရာရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခင်ဦးမြို့ပေါ် ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း အတွင်းသတင်းပေးများ၏ ပြောပြချက်အရ သိရသည်ဟု စေတန်တပ်ခွဲမှူးက ပြောသည်။

ခင်ဦးမြို့နယ် အနောက်ခြမ်းတွင် စစ်ကောင်စီတပ်ဖွဲ့၏ စစ်ကြောင်းများကြောင့် လောက်ရှည် ၊ လက်ပံလှ ၊ ရွာသန်း ၊ ကျီးကန်း ၊ သံဗိုလ် စသည့်ကျေးရွာများမှ ဒေသခံ ၁၀,၀၀၀ ကျော် စစ်ရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

https://youtube.com/shorts/ROYPeAtyto4?si=3eAn_VZJp9c5IaEh

#စစ်ကိုင်းတိုင်း
#ခင်ဦးမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု

ရုပ်သံအညွှန်း-ကာကွယ်ရေးတပ်ဖွဲ့ဝင်များပစ်ခတ်တိုက်ခိုက်မှုပြုလုပ်နေစဉ်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18👏1😁1
အာဏာသိမ်း မြန်မာစစ်တပ် ပူးတွဲဥက္ကဋ္ဌ တာဝန်ယူမယ့် အာဆီယံရဲ့ စစ်ရေးလေ့ကျင့်မှု JFM ကန့်ကွက်
==========================

ရုရှားနဲ့ အာဆီယံ နိုင်ငံတွေအကြား ပူးတွဲစစ်ရေးလေ့ကျင့်မယ့် အစီအစဉ်တစ်ရပ်ကို လာမယ့် စက်တင်ဘာ ၂၅ ရက်ကနေ ၃၀ ရက်နေ့အထိ ရုရှားနိုင်ငံ အရှေ့ဖျားဒေသက အူဆူရီစ်မြို့နဲ့ ဗလာဒီဗော့စတော့မြို့တွေမှာ ပြုလုပ်ဖို့ စစ်ကောင်စီက ဦးဆောင်စီစဉ်နေပါတယ်။

မြန်မာစစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အားပေးကူညီရာရောက်မယ့် ဒီစစ်‌ရေးလေ့ကျင့်မှု အစီအစဉ်တစ်ခုကို  Justice For Myanmar (JFM) အဖွဲ့က ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်ကာ ပြောဆိုလိုက်ပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုတွေဟာ မြန်မာပြည်သူတွေအပေါ် တိုက်ခိုက်၊ သတ်ဖြတ်၊ အကြမ်းဖက် စစ်ဆင်ရေးတွေ လုပ်နေတဲ့ စစ်အုပ်စုကို ပိုမိုကောင်းမွန်တဲ့ စစ်ရေးစွမ်းရည်တွေ ပေးအပ်မှာဖြစ်တဲ့အတွက် ကန့်ကွက်ရှုတ်ချတာဖြစ်ကြောင်း မြန်မာစစ်တပ်နဲ့ စစ်တပ်ရဲ့ အကျိုးစီးပွားတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Justice for Myanmar က ပြောပါတယ်။

ရုရှားမှာ ပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှုတွေအတွက် အကြိုပြင်ဆင်ရေး အစည်းအဝေးကို ပြီးခဲ့တဲ့ သြဂုတ်လ ၂ ရက်ကနေ ၄ ရက်နေ့အထိ နေပြည်တော်မှာ ကျင်းပခဲ့ရာမှာ စင်ကာပူမပါဘဲ အာဆီယံနိုင်ငံတွေနဲ့ တရုတ်၊ ရုရှား၊ အိန္ဒိယနိုင်ငံတွေ တက်ရောက်ခဲ့ကြပြီး အာဆီယံရဲ့ ဆွေးနွေးဖက်၊ အမေရိကန်၊ ဂျပန်၊ သြစတြေးလျ၊ တောင်ကိုရီးယားနဲ့ နယူးဇီလန်တို့ကတော့ တက်ရောက်ခဲ့ခြင်းမရှိပါဘူး။

အဲဒီလေ့ကျင့်မှုအပြီးထုတ်ပြန်ချက်မှာတော့ NUG/PDF အကြမ်းဖက်မှုတွေကို ကြုံနေရတဲ့မြန်မာအတွက် ဒီလေ့ကျင့်မှုဟာ အကြမ်းဖက်မှုတန်ပြန်ရေးမှာ နိုင်ငံတကာနဲ့ နီးနီးကပ်ကပ်လက်တွဲလုပ်ဆောင်နိုင်တဲ့ အတွေ့အကြုံကောင်းတွေရရှိခဲ့တယ်လို့ စစ်ကောင်စီဘက်က ပြောထားပါတယ်။

Justice For Myanmar ရဲ့  ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “စစ်အုပ်စု စစ်သည်တွေကို အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး နည်းဗျူဟာတွေ လေ့ကျင့်သင်ကြားပေးတဲ့ အာဆီယံရဲ့ ဆုံးဖြတ်ချက်ဟာ အတော် ယုတ္တိမဲ့တဲ့ စက်ဆုပ်ရွံ့ရှာစရာ ဖြစ်ပါတယ်" လို့ ပြောပါတယ်။

ဒါ့အပြင် ဒီစစ်ရေးလေ့ကျင့်မှုတွေကြောင့် စစ်အုပ်စုဟာ ပိုပြီးလက်ရဲဇက်ရဲရှိလာပြီး၊ နိုင်ငံတကာ ရာဇဝတ်မှုတွေ ကျူးလွန်ဖို့အတွက် အားပေးကူညီရာရောက်မယ်ဆိုတာကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ သူ့ရဲ့ဆွေးနွေးဖက် နိုင်ငံတွေက ကောင်းကောင်း သိပါတယ်လို့လည်း ပြောကြားထားပါတယ်။

လက်ရှိမှာ ရုရှားနဲ့ မြန်မာဟာ အာဆီယံကာကွယ်ရေးဝန်ကြီးအစည်းအဝေးရဲ့ အကြမ်းဖက်မှုတန်ပြန်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များလုပ်ငန်းအဖွဲ့ကို ဦးဆောင်နေတာဖြစ်ပါတယ်။
Justice For Myanmar အပါအဝင် မြန်မာနဲ့ နိုင်ငံတကာအရပ်ဘက်အဖွဲ့အစည်းတွေက မြန်မာစစ်တပ်ကို အာဆီယံရဲ့ ကာကွယ်ရေးဝန်ကြီးများ ညီလာခံ ADMM ကနေ ဖယ်ရှားဖို့နဲ့ မြန်မာစစ်တပ်ပါဝင်တဲ့ လှုပ်ရှားမှုအားလုံးကို မပါဝင်ကြဖို့ အာဆီယံကို အကြိမ်ကြိမ် တောင်းဆိုထားခဲ့ပေမယ့်၊ စစ်ကောင်စီနဲ့ ရုရှားအစိုးရတို့ ဦးဆောင်ပြီး ပြုလုပ်မယ့် ဒီစစ်ရေးလေ့ကျင့်မှုကိုတော့ အာဆီယံကာကွယ်ရေးဝန်ကြီးများ ညီလာခံ ADMM ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုအနေနဲ့ ကျင်းပမှာဖြစ်ပါတယ်။

ဒီပူးတွဲ စစ်ရေးလေ့ကျင့်မှုလုပ်မယ့် ရုရှား နိုင်ငံအရှေ့ဖျားက ဗလာဒီဗော့စတော့မြို့နဲ့ အူဆူရီစ်မြို့တွေဟာ ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်တဲ့ စစ်ပွဲမှာ ပါဝင်ခဲ့တဲ့ ရုရှားအရှေ့တိုင်း စစ်ဌာနချုပ်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတယ်လို့ Justice for Myanmar က ပြောထားပါတယ်။

အာဆီယံအဖွဲ့ဝင်တွေနဲ့ ဆွေးနွေးဖက်နိုင်ငံတွေအနေနဲ့ စစ်ကောင်စီနဲ့ ရုရှားတို့ ဦးဆောင်ပြုလုပ်မယ့် ဒီစစ်ရေးလေ့ကျင့်မှုကို သပိတ်မှောက်ဖို့နဲ့ စစ်ကောင်စီကို ADMM အခမ်းအနားအားလုံးကို တက်ရောက်ဖို့ခွင့်မပြုဖို့ Justice for Myanmar က တောင်းဆိုထားပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် အစိုးရတွေအနေနဲ့ စစ်အုပ်စုက ဘဏ္ဍာငွေ၊ လက်နက် ပစ္စည်းကိရိယာတွေနဲ့ လေယာဉ်ဆီတွေ ရရှိနေတာကို ပိတ်ပင်ဖို့နဲ့  မြန်မာအရေးကို နိုင်ငံတကာရာဇဝတ်ခုံရုံး လွှဲပြောင်းပေးဖို့ ခိုင်မာအားကောင်းတဲ့ အရေးယူဆောင်ရွက်ချက်တွေကို အရေးတကြီး တိုးမြှင့်လုပ်ဆောင်ဖို့ လိုအပ်နေပါတယ် လို့လည်း JFM က ထောက်ပြပြောဆိုထားပါတယ်။

https://youtu.be/6_tbEiW8aFI?si=H2hjbthcM7M-lEMx

#PoliticalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍16😁3❤1
This media is not supported in your browser
VIEW IN TELEGRAM
လူပေါင်းရာနဲ့ချီ လူမသိသူမသိ ပျောက်ဆုံးမှုတွေအတွက် ဘင်္ဂလားဒေ့ရှ်မှာ ထောင်နဲ့ချီ ဆန္ဒပြ

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍7😁1😱1
စက်တင်ဘာလ (၁)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=================

- အာဏာသိမ်း မြန်မာစစ်တပ် ပူးတွဲဥက္ကဋ္ဌ တာဝန်ယူမယ့် အာဆီယံရဲ့ စစ်ရေးလေ့ကျင့်မှု JFM ကန့်ကွက်တဲ့သတင်း 
 
- ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ အထူးအယူခံအမှုများ ပယ်ချခံရတဲ့သတင်း

- လူပေါင်းရာနဲ့ချီလူမသိသူမသိပျောက်ဆုံးမှုတွေအတွက်ဘင်္ဂလားဒေ့ရှ်မှာထောင်နဲ့ချီ
ဆန္ဒပြတဲ့သတင်း 

- KIA ဌာနချုပ်လိုင်ဇာအနီး စစ်ကောင်စီတပ်နဲ့တိုက်ပွဲများ ပြင်းထန်နေတဲ့သတင်းတွေ အပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေကိုလည်း တင်ဆက်ပေးသွားမှာပါ။

https://youtu.be/1lQKKuwfSsk?si=1_k4pzffVLd-arph

#2pmnews
#Mizzimanewshour
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15🍌1
ရွှေကူမြို့နယ်က စစ်ကောင်စီတပ်စခန်းကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်
👏8👍3😁3
ရွှေကူမြို့နယ်က စစ်ကောင်စီတပ်စခန်းကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်
=============

မဇ္ဈိမ။   ။ ကချင်ပြည်နယ်၊ ရွေကူမြို့နယ်၊ ကျောက်ကြီး ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ ထိုင်ချထားသည့် တပ်စခန်းတခုကို KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့က ယနေ့ စက်တင်ဘာလ ၁ ရက်တွင် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း KIAနှင့်နီးစပ်သည့် သတင်းအရင်းအမြစ်ထံက သိရသည်။

ထိုစခန်းကို KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့က ယနေ့ မနက် ၃ နာရီတွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မဇ္ဈိမက နောက်ဆုံးဆက်သွယ်ရရှိသည့် နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ထိုစခန်းကို မီးရှို့ဖျက်ဆီးပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။ 

“ စခန်းက သိမ်းပြီးသွားလို့ မီးရှို့ပြီး ရှင်းလိုက်ပြီ။ တိုက်ခိုက်ပစ်ခတ်တာတွေကတော့ရှိနေတုန်းပဲ။အခု လေယာဥ်တွေနဲ့ လာပစ်နေတယ် ”ဟု သတင်းရင်းမြစ်က မဇ္ဈိမကို ယနေ့ နေ့လယ် ၁၂ နာရီ ဝန်းကျင်တွင် ဖြေကြားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ထက်မနည်း ပြုလုပ်ပြီးဖြစ်ကြောင်း သိရသည်။ 

လက်နက်ရိက္ခာတင်လာသည့် သင်္ဘောကိုးစီးကို နယ်မြေလုံခြုံရေး ရယူပေးရန် ဧရာဝတီမြစ်တဖက်ကမ်းရှိ ကျောက်ကြီးကျေးရွာတွင် ထိုတပ်ဖွဲ့က စခန်းချတပ်စွဲထားခြင်းဖြစ်သည်။ ထိုစခန်းတွင် စစ်ကောင်စီ၏ တပ်မ (၈၈) လက်အောက်ခံ ခမရ(၃၆၃)၊ ခလရ(၁၀) နှင့် ခမရ (၄၁၅) တို့က စစ်ကြောင်းများခွဲကာ တပ်စွဲနေထိုင်နေကြခြင်းဖြစ်သည်ဟု KIAနှင့်နီးစပ်သည့် သတင်းအရင်းအမြစ်ထံက သိရသည်။

လက်ရှိတွင် ဖြစ်ပွားဆဲဖြစ်သည့် ထိုတိုက်ပွဲအခြေအနေကို ဆက်လက်တင်ပြရန်နှင့် ထိခိုက်သေဆုံးမှု အချက်အလက်များကို မဇ္ဈိမက ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ 

ဧရာဝတီမြစ်အတွင်း၌ စစ်ကောင်စီ၏ လက်နက်ရိက္ခာတင်လာသည့် သင်္ဘောများ မကြာခဏ ပစ်ခတ်တိုက်ခံရခြင်းများရှိသည်။

စာတည်း ။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ကချင်ပြည်နယ်
#ရွှေကူမြို့နယ်
#တိုက်ပွဲဖြစ်ပွား

ပုံအညွှန်း-ကျောက်ကြီးကျေးရွာတွင် တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ဝင်များ။(ဓာတ်ပုံ-CJ)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍22❤1😁1
INGO နဲ့ NGO တွေကို ပြည်ပနိုင်ငံတွေက အသုံးချနေတာကြောင့် ကြပ်မတ်ထိန်းသိမ်းရမယ်လို့ စစ်ခေါင်းဆောင်ပြော
=============

အချို့သော ပြည်ပအကူအညီတွေဟာ INGO နဲ့ NGO အဖွဲ့တွေကတဆင့် မျှဝေဆောင်ရွက်နေတာဖြစ်သလို အကူအညီပေးနေတဲ့ အဖွဲ့အစည်း။ နိုင်ငံတွေက အသုံးချမှုတွေရှိတာကြောင့် INGO နဲ့ NGO အဖွဲ့တွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက စနစ်တကျကြပ်မတ်ထိန်းသိမ်း ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။

သြဂုတ်လ ၃၀ ရက်က နေပြည်တော်ရှိ စစ်ကောင်စီ ဥက္ကဋ္ဌရုံးမှာ ပြုလုပ်တဲ့ အစည်းအဝေးအတွင်း အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီ အနေနဲ့ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေကို အသစ်ပြင်ဆင်ပြဋ္ဌာန်းထားပြီး INGO ၊ NGO အပါအဝင် အသင်းအဖွဲ့မှတ်ပုံတင်ထားတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို ဥပဒေအရ မှတ်ပုံတင်ကြဖို့ အသိပေးခဲ့ပါတယ်။

မှတ်ပုံတင်မရှိဘဲ အသင်းအဖွဲ့လုပ်ငန်းတွေ ဆောင်ရွက်ပါက ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်ပြီး သက်တမ်းမတိုးဘဲ လုပ်ငန်းဆောက်ရွက်မယ်ဆိုရင် ငွေဒဏ် ၅ သိန်းကျပ် ကျခံရမှာပါ။
မတရားအသင်းအဖြစ် ကြေညာထားတဲ့ အဖွဲ့အစည်းတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ သွယ်ဝိုက်ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ ဆက်နွယ်ပတ်သက်ခြင်းတွေ မပြုလုပ်ဖို့လည်း တားမြစ်ထားပြီး ဖောက်ဖျက်ကျူးလွန်ပါက ထောင်ဒဏ် ၅ နှစ်နဲ့ ဒဏ်ငွေသိန်း ၅၀ ကျခံရမယ်လို့ ထည့်သွင်းပြဌာန်းထားပါတယ်။

နိုင်ငံနဲ့ လူမျိုးရဲ့ အမျိုးသားရေးစရိုက်လက္ခဏာတွေ၊ အမျိုးသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေမယ့် လုပ်ဆောင်မှုတွေ၊ ရေးသားထုတ်ဝေမှုတွေ၊ ထုတ်လွှင့်မှုတွေ မရှိစေဖို့ စာပေ၊ ဂီတ၊ ရုပ်ရှင်နဲ့ လူမှုကွန်ရက်စတဲ့ နယ်ပယ်တွေအလိုက် သက်ဆိုင်ရာဝန်ကြီးဌာနတွေက စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားဖို့လိုတယ် လို့လည်း သူက ပြောပါတယ်။

အကြမ်းဖက် စစ်ကောင်စီက ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေနဲ့ အသင်းအဖွဲ့တွေကို ထိန်းချုပ်ဖို့အတွက် ၂၀၁၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော အသင်းအဖွဲ့မှတ်ပုံတင်ဥပဒေကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့ ထပ်မံ ပြင်ဆင် တင်းကျပ်ကာ ပြည်တွင်းပြည်ပ INGO ၊ NGO များကို ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။
အခုတခါ အကြမ်းဖက်မင်းအောင်လှိုင်က INGO များနဲ့ NGO များရဲ့ လှုပ်ရှားဆောင်ရွက်မှုများကို ထပ်မံ ထိန်းချုပ် တင်းကျပ်ဖို့ လုပ်ဆောင်လာခြင်းဖြစ်တယ်လို့ ပြည်တွင်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူတချို့က သုံးသပ်ပြောဆိုထားပါတယ်။

https://youtu.be/TmcER2RpoU8?si=ZjDgHVRJ0omtkqzr

#PoliticalNews 
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6❤4🤬4🖕1
တရုတ်ကုမ္ပဏီနှင့်စစ်အာဏာရှင်ကို ဆန့်ကျင်သည့် ရွာပေါင်းစုံသပိတ်
👍6👏2😁2
တရုတ်ကုမ္ပဏီနှင့်စစ်အာဏာရှင်ကို ဆန့်ကျင်သည့် ရွာပေါင်းစုံသပိတ်
=================

ပါခွီး

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူများက ဒေသတွင်း ကြေးနီထုတ်လုပ်နေသည့် တရုတ်ကုမ္ပဏီများနှင့် စစ်အာဏာရှင်အား ဆန့်ကျင်ဆန္ဒပြပွဲကို ယနေ့ စက်တင်ဘာ ၁ရက်တွင်ပြုလုပ်ခဲ့ကြသည်။ 

လူထုသပိတ်စစ်ကြောင်းသည် “ကြေးနီသတ္ထုတွင်းအကြောင်းပြု လူသတ်ပွဲလုပ် နေတာချက်ခြင်းရပ်” “ " မြန်မာ - ဝမ်ပေါင် အလိုမရှိ" မြန်မာ - ယန်စီ အလိုမရှိ” ဟူသော စာတန်းများကိုင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများဟစ်ကြွေး ချီတက်ခဲ့ကြခြင်းဖြစ်ကြောင်သိရသည်။

ဝမ်ပေါင်နှင့် ယန်စီကုမ္ပဏီသည် စစ်တပ်ကုမ္ပဏီ ဦးပိုင်နှင့်ပူးပေါင်းကာ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တွင် ကြေးနီသတ္တု ထုတ်လုပ်နေခြင်းဖြစ်သည်။

သပိတ်အင်အားစုသည် ခေတ်အဆက်ဆက် ကျဆုံးခဲ့ရသော အာဇာနည်သူရဲကောင်းများကို ဦးညွှတ်အလေးပြုခဲ့ပြီး သွေးသစ္စာသီချင်းကို သံပြိုင်သီဆိုခဲ့ကြသည်။

ယင်းမာပင်နှင့် ဆာလင်းကြီးကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် (၈၉၃) ရက်မြောက်ချီတက်ခြင်းဖြစ်ကြောင်းသိရသည်။

စာတည်း - အေးချမ်း
#mizzima
#ယင်းမာပင်နှင့်ဆားလင်းကြီး
#စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲ
#ဝမ်ပေါင်နှင့်ယန်စီ

ပုံအညွှန်း - ယနေ့ထွက်လာသည့် လူထုသပိတ်စစ်ကြောင်း

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😁3