မြောက်ဒဂုံတွင် အသံချဲ့စက်ကို ဗုံးပုံစံပြင်ဆင်၍ အာဏာရှင်ဆန့်ကျင်ရေးသီချင်းများဖွင့်
👍9😁1

=======================
ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်တွင် အသံချဲ့စက်(ဘလူးတုစ်ဘောက်)ကို ဗုံးပုံစံပြင်ဆင်၍ အာဏာရှင်ဆန့်ကျင်ရေး သီချင်းများကို ဖွင့်လှစ်ခဲ့ကြောင်း ပစ်တိုင်းထောင် သပိတ်အင်အားစုထံက သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက် ညနေပိုင်းတွင် မြောက်ဒဂုံမြို့နယ် မန္တလေးလမ်းရှိ ညနေစျေးတွင် ပြုလုပ်ခဲ့ကြောင်း ပစ်တိုင်းထောင် သပိတ်အင်အားစုမှ Casperကပြောသည်။
"စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း၊ အလိုမရှိကြောင်း ပြသဖို့နဲ့ ပြည်သူတွေကိုလည်း စည်းရုံးလှုံ့ဆော်ချင်တာကြောင့်ပါ။ ဘလူးတုဘောက်စ် ပုံးပေါ်မှာ စာရေးထားတာက တမင်ရေးထားတာပါ။ ဘယ်သူမှ လာမကိုင်ရင် အချိန်ကြာကြာဖွင့်နိုင်အောင်ပါ။" ဟု ပစ်တိုင်းထောင် သပိတ်အင်အားစုမှ Casper က ပြောသည်။
သီချင်းဖွင့်သည့် အသံချဲ့စက်ပေါ်တွင် "ပြည်သူမကိုင်ရ အန္တရာယ်ရှိသည်" ဟု ရေးသားထားပြီး တိပ်အဝါဖြင့်ပတ်ကာ ထိပ်တွင်လည်း ဝါယာကြိုးများထားကာ ဗုံးပုံသဏ္ဌာန်ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် လူနာတင်ယာဉ်များ၊ စစ်ကောင်စီတပ်နှင့်လက်အောက်ခံအဖွဲ့များရောက်ရှိလာပြီး မန္တလေးလမ်း အဝင်အထွက်အား ပိတ်ဆို့စစ်ဆေးခြင်း၊ မြို့နယ် အဝင်အထွက်နှင့် မြို့နယ်တွင်းတွင် စစ်ကောင်စီတပ်က လှည့်ပတ်စစ်ဆေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။
ယခင်ကလည်း ထိုကဲ့သို့ လူသူရှုပ်ထွေးသော ဈေးနေရာများတွင် အသံချဲ့စက်ဖြင့် တော်လှန်ရေးသီချင်းများဖွင့်ကာ လူထုလှုံ့ဆော်မှုပြုလုပ်သည့် ဖြစ်ရပ်များရှိခဲ့သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#မြောက်ဒဂုံ
#တော်လှန်ရေးသီချင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍21😁1
စစ်ကောင်စီ၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ၅ ဦး ရာထူးမှ ဖယ်ရှားခံရ
===================
001
(မဇ္စျိမ) ။ ။ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မန္တလေးတိုင်းတို့ရှိ စစ်ကောင်စီလက်အောက်ခံ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ငါးဦးအား ရာထူးဖယ်ရှားပြီး အစားထိုးခန့်အပ်မှုများ ဆောင်ရွက်လိုက်ကြောင်း စစ်ကောင်စီဝါဒဖြန့် မြဝတီရုပ်သံက ယနေ့ စက်တင်ဘာလ ၁ ရက်နေ့တွင် ကြေညာသည်။
စစ်ကောင်စီ၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအသစ်အဖြစ် ကချင်ပြည်နယ်တွင် ဗိုလ်မှူးကြီး ကျော်သူရ၊ ကယားပြည်နယ်တွင် ဗိုလ်မှူးကြီး သန်းစိုးအောင်၊ ကရင်ပြည်နယ်တွင် ဗိုလ်မှူးကြီး မင်းသူကျော်၊ ချင်းပြည်နယ်တွင် ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ မန္တလေးတိုင်းတွင် ဗိုလ်မှူးကြီး နေလင်းစိုးတို့ကို ခန့်အပ်ခံရခြင်းဖြစ်သည်။
ဖယ်ရှားခံရသည့် ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းမှာ ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ဖမ်းဆီးစစ်ဆေးခံရကြောင်း သတင်းထွက်ပေါ်ခဲ့ဖူးပြီး ၎င်းအပါအဝင် ကျန်ဖယ်ရှားခံရသည့် နယ်လုံဝန်ကြီးများနှင့် ပတ်သက်၍ စစ်ဘက်မူလတာဝန်များ ပြန်ပေးထားခြင်း ရှိ၊ မရှိ စစ်ကောင်စီက ထုတ်ပြန်ခြင်းမရှိပေ။
စစ်ကောင်စီတပ်၏ တိုင်းမှူး၊ ဒုတိယတိုင်းမှူး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် စစ်ဆင်ရေးအထူးအဖွဲ့မှူးအချို့ ဖမ်းဆီးစစ်ဆေးခံရကြောင်း ပြီးခဲ့သည့် ဇူလိုင်လ နှင့် ဩဂုတ်လအတွင်းက သတင်းများ ထွက်ပေါ်ခဲ့ဖူးပြီး ထိုစဉ်ကလည်း အပြောင်းအလဲအချို့ ဖြစ်ပေါ်ခဲ့သေးသည်။
အရေးပေါ်ကာလသက်တမ်းတိုးပြီးနောက် ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့တွင်လည်း ပြည်ထဲရေးဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီးနေရာကို စစ်ကောင်စီက အပြောင်းအရွှေ့ပြုလုပ်ခဲ့သည်။
လက်ရှိ အပြောင်းအရွှေ့ပြုလုပ်သည့် ကချင်၊ ကယား(ကရင်နီ)၊ ကရင်၊ ချင်းပြည်နယ်တို့နှင့် မန္တလေးတိုင်းတိုင်းတွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးအဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။

👍16😁7
ကုန်ဈေးနှုန်းကြီးမြင့်လာမှုကြောင့် ကရင်နီစစ်ရှောင်စခန်းများကို ထောက်ပို့နေသည့် အဖွဲ့များ အခက်ကြုံ
👍8❤1🔥1

=================
ဂန္ဒမာ
(မဇ္ဈိမ)။ ။ စစ်ကောင်စီတပ် အာဏာသိမ်းပြီး နှစ် နှစ်ခွဲအကြာတွင် ကုန်ဈေးနှုန်း သုံးဆမှ လေးဆအထိ ကြီးမြင့်လာမှုကြောင့် ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများကို ထောက်ပို့နေသည့် အဖွဲ့များ အခက်ကြုံလာကြောင်း မြေပြင်ထောက်ပို့ရဲဘော်များကပြောသည်။
"အဓိကက ကုန်ဈေးနှုန်းတွေတတ်လာတဲ့အခါမှာ အရာရာဈေးကြီးလာတော့ စားဝတ်နေရေးအတွက် အရင်ဖြည့်နေရတဲ့အခါမှာ လာလှူနေတဲ့သူတွေကလည်း အရင်ကထပ်ပိုနည်းသွားတယ်ပေါ့နော်။ နောက်တစ်ခုကတော့ ဒီဘက်မှာ စစ်ရှောင်ပြည်သူတွေလိုအပ်တဲ့ ရိက္ခာတွေ၊ မိုးကာတွေ ပြီးရင်စာသင်ကျောင်းတွေမှာ လိုအပ်တဲ့စာအုပ်၊ ခဲတံ၊ ဘောပင် အဲ့တာတွေ ဝယ်ပေးတဲ့အခါမှာ ကုန်ဈေးနှုန်းတွေတက်လာတော့ အရင်ကဆိုရင် ၁၀၀,၀၀၀ ဖိုးကို ပစ္စည်းများများရတယ်ဆိုရင် နောက်ပိုင်းမှာ ၁၀၀,၀၀၀ ဖိုးဝယ်ရင် ပစ္စည်းကအရင်ကလောက်မရတော့ဘူးပေါ့ ။ အရမ်းနည်းသွားတယ်။ ဈေးတွေတက်လာတဲ့အတွက်ကြောင့် ပစ္စည်းဝယ်တဲ့အခါမှာ မလောက်တော့တာတွေ စစ်ရှောင်စခန်းတွေကို လောက်လောက်ငှငှ မပေးနိုင်တော့တာတွေ ဖြစ်လာတယ်ပေါ့နော်" ဟု မြေပြင်ရောက် ANTS - ပုရွက်ဆိတ်များအဖွဲ့ ဒုတိယအမှုဆောင် ဒါရိုက်တာ မနိုအာက မဇ္ဈိမ ကို ပြောသည်။
စစ်ကောင်စီက ကရင်နီပြည်တွင် စစ်ကြောင်းထိုးနေဆဲဖြစ်သည့်အတွက် စစ်ရှောင်လူဦးရေမှာ တိုးလာပြီး လက်ရှိတွင် စစ်ဘေးရှောင်များအတွက် မိုးကာ ၊ စားနပ်ရိက္ခာအပြင် အခြားလိုအပ်ချက်များစွာရှိကြောင်း သိရသည်။
"ကုန်ဈေးနှုန်းရိုက်ချက်ကတော့ အကုန်လုံးကိုထိတာပါပဲ။ ကျွန်တော်တို့ကိုမှ မဟုတ်ပါဘူး။ ဘယ်နေရာပဲ ဖြစ်ဖြစ် ကုန်ဈေးနှုန်းရဲ့ဒဏ်ကိုတော့ အကုန်လုံးခံကြရတာပါပဲ။ လွတ်မြောက်နယ်မြေကြတော့ နဂိုထဲက ဈေးကြီးတယ်ပေါ့နော်။ ကုန်ဈေးနှုန်းကကြတော့ ပိုခက်ခဲတာပေါ့ဗျာ စစ်ဘေးရှောင်တွေအတွက်ပဲဖြစ်ဖြစ် ရဲဘော်တွေအတွက်ပဲဖြစ်ဖြစ် ကုန်ဈေးနှုန်းကတက်လာတော့ စားစရိတ်နဲ့တင် တော်တော်လေးကို ဝန်ပိလာတာပေါ့ဗျာ။ အရင်ကဆို အာလူးအကြီးတစ်အိတ်ကို နှစ်သောင်းခွဲပဲ ရှိပါတယ် အခုတော့ အဲ့ဒီ နှစ်သောင်းခွဲက အသေးတစ်အိတ်ပဲရပါတယ်။ အကြီးအိတ်ဝယ်မယ်ဆို သုံးသောင်းခွဲလောက်ဖြစ်သွားတော့ တစ်သောင်းလောက်ကွာသွားပါတယ်။ စားဖို့အတွက်ကို ရှာရတာကိုပဲ ဝန်ကြီးတစ်ခုလိုဖြစ်သွားတာပေါ့ဗျာ" ဟု To Comrades - ရဲဘော်များသို့ အဖွဲ့ဒုတိယအမှုဆောင်ဒါရိုက်တာ ရဲဘော် အာလူးက ဆိုသည်။
ထောက်ပို့အဖွဲ့များအတွက် လတ်တလောကြုံရသည့် အခက်အခဲမှာ အလှူငွေရရှိမှု သိသိသာသာလျှော့နည်းလာခြင်းဖြစ်ကြောင်း သိရသည်။
စစ်ရှောင်နေကြသည့် နယ်မြေဒေသပေါ်မူတည်ပြီး ဆန်၊ ဆီ ၊ ဆား ၊ အာလူးမှစ အခြေခံစားသောက်ကုန်များအပြင် မိုးကာ ၊ ရေ ၊ ဆေးဝါးနှင့် စာသင်ကျောင်းများအတွက် ပညာရေးဆိုင်ရာ အထောက်အပံ့များစွာ လိုအပ်လျက်ရှိကြောင်း ကရင်နီပြည်ရှိမြေပြင်ထောက်ပို့ရဲဘော်များက ပြောသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#စစ်ဘေးရှောင်
#ကုန်စျေးနှုန်းမြင့်တက်
ပုံအညွှန်း- ကရင်နီပြည်တနေရာရှိ စစ်ရှောင်စခန်းပုံ(ဓာတ်ပုံ-ပေးပို့)

😢16👍5🔥1
ထောင်ဝင်စာပစ္စည်းများ ကန့်သတ်မှုကြောင့် အကျဥ်းသားများ ဒုက္ခရောက်
===================
ဘတ်ဝှိုက်ဇာ
(မဇ္ဈိမ) ။ ။ ပဲခူးတိုင်း၊ သာယာဝတီအကျဥ်းထောင်တွင် ထောင်ဝင်စာပစ္စည်းများပေးပို့ခြင်းကို ပြီးခဲ့သည့်သြဂုတ်လမှစ၍ အကြောင်းရင်းမရှိ ကန့်သတ်ခဲ့ရာ ယမန်နေ့အထိ ကန့်သတ်မှုအား ပိတ်လိုက်ဖွင့်လိုက်လုပ်နေသောကြောင့် အကျဥ်းသားအကျဥ်းသူအများစုမှာ ဒုက္ခအခက်အခဲကြုံနေရကြောင်း ကာယကံရှင်မိသားစုများထံမှ သိရသည်။
ထို့နောက် အနယ်နယ်အရပ်ရပ်မှထောင်ပြောင်းခံရသည့် အကျဥ်းသားမိသားစုဝင်များ ထောင်ဝင်စာပစ္စည်းများကို အဓိကပေးပို့သည့် အမြန်ချောပို့ဝန်ဆောင်မှုဖြင့် ပေးပို့ခြင်းအား ယမန်နေ့အထိ ပိတ်လိုက်ခြင်းကြောင့် အခက်အခဲဖြစ်နေကြောင်း ထောင်ဝင်စာပေးပို့သူ မိသားစုဝင်များကပြောသည်။
"ပါဆယ်ကလည်း တပတ်စာပဲပို့လို့ရတာဆိုတော့ နယ်ဝေးတွေအတွက် ခက်သွားတာပေါ့။ ခုက ရှစ်လပိုင်း ခုနစ်ရက်နေ့ကတည်းက လူကြီးလမ်းကြောင်းဆိုပြီး လက်ခံလိုက် လက်မခံလိုက်နဲ့ဆိုတော့၊ မနက် ၈ နာရီအထိ ကန့်သတ်ထားတာမရှိဘဲ အကုန်ပို့လို့ရတယ်။ ၉ နာရီကျော်ရင် မရပြန်ဘူး။ ပစ္စည်းအကုန်လက်ခံတာ ရလိုက်နဲ့ မရလိုက်နဲ့ ပို့ရတဲ့သူတွေလည်း ရက်ကိုချိန်နေရတာနဲ့ တခါတလေ လာပို့တဲ့အချိန်နဲ့ ပါဆယ်လက်ခံတဲ့အချိန်နဲ့တိုးရင် အဆင်ပြေပေမယ့်၊ လက်မခံတဲ့အချိန်နဲ့တိုးရင် အထဲက ၇၀ ရာခိုင်နှုန်းလောက်က ငတ်တဲ့အထိဖြစ်တာပေါ့။ ခုလည်းလက်မခံသေးဘူး၊ ဒါပေမယ့် ကြည့်ရတာ ရှစ်လပိုင်း ၂၇ရက်တုန်းကတော့ ပါဆယ်ကိုသွားပို့သေးတယ်၊ အဲတုန်းကတော့ အကုန်လက်ခံတယ်။ အဲ့ဒါကြောင့် မှန်းမရဘူး၊ ကြားထဲမှာလက်ခံလိုက်၊ ပြီးတော့မရလိုက်နဲ့ဆိုတော့ တိုင်ပတ်နေတာ" ဟု ထောင်ဝင်စာပေးပို့နေသည့် နိုင်ကျဥ်းမိသားစုဝင်က မဇ္စျိမကိုပြောသည်။
ယခင်ထောင်ဝင်စာပို့ရာတွင် နယ်ဝေးသမားများမှာ စားသောက်ကုန်နှင့် လူ့အသုံးဆောင်ပစ္စည်းများ အကန့်အသတ်မရှိ ပေးပို့ခွင့်ရသေည်လည်း ယခုကန့်သတ်လိုက်ပြီးနောက်ပိုင်း အသားဟင်းတမျိုး၊ ငံပြာရည်ကြော် တမျိုး၊မုန့်တမျိုးသာ ပို့ခွင့်ရှိ၍ အခြား ဆီ၊ ဆား၊ ကြက်သွန် စသည့်ကုန်ခြောက်များပေးပို့ခွင့်မရတော့ကြောင်း ၎င်းကပြောသည်။ ထို့အပြင် သြဂုတ်လ ၇ ရက် နေ့မှစ၍ အပြင်ဘက်မှ တရားဝင်စာလက်ခံခဲ့ပေမယ့် အကျဥ်းသားများထံမှ တရားဝင်စာထုတ်လို့မရခဲ့ကြောင်း သိရသည်။
" မနေ့ကဆို ကျွန်မက ထောင်ထဲကရဲဘော်တွေအတွက် သွားတိုက်ဆေးတပါကင်ကို တအိတ်ထဲထည့်ပေးလိုက်တာ လက်မခံဘူး၊ ပြန်ပေးတယ်၊ တဘူးပဲ ပေးလို့ရတယ်။ ကျွန်မထင်တယ် အထဲကနိုင်ကျဥ်းတွေကို ဝိုင်းပြီးကူညီပံ့ပိုးမှုတွေ လုပ်ပေးမှာစိုးလို့ ကန့်သတ်လိုက်တာလို့မြင်တယ်၊ တပတ်စာပဲ ပို့လို့ရတော့ တခါလာရင် ၇၀,၀၀၀ လောက်စီကုန်တာ၊ လိုင်းကားနဲ့ဆိုင်ရင်လည်း နှစ်ဆင့် သုံးဆင့်လောက်စီးပြီး တနေ့ကို ခရီးက ခြောက်နာရီနီးပါးလောက် အချိန်ပေးရတာ တပတ်တခါလာပို့နေရရင် ဒုက္ခတအားရောက်တယ်"ဟု ထောင်ဝင်စာများအား ထောက်ပံ့ကူညီပေးသည့် အမျိူးသမီးတဦးက မဇ္စျိမကိုပြောသည်။
ယခင်က အမြန်ချောပို့ဝန်ဆောင်မှုဖြင့် ပေးပို့လျှင် ပို့ခ ၃,၀၀၀ ကျပ်မှ ၅,၀၀၀ ကျပ်သာကုန်ကျခြင်းကြောင့် အဆင်ပြေသော်လည်း ယခုအဆိုပါဝန်ဆောင်မှုဖြင့် ပေးပို့ခြင်းကို အကျဥ်းထောင်အာဏာပိုင်များက ရပ်ဆိုင်းလိုက်ခြင်းကြောင့် ခရီးစရိတ်အဆမတန်ကုန်ကျခြင်း၊ နယ်ဝေးမှလာပို့ရန်အဆင်မပြေသောသူများ အခက်အခဲတွေ့နေသည်ဟု သိရသည်။
အဆိုပါအကျဥ်းထောင်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်(အာဇာနည်နေ့) အထိမ်းအမှတ်ဖြင့် ထောင်တွင်းဖဲကြိုးနက်ကမ်ပိန်း ပါဝင်ခဲ့သည့် နိုင်ငံရေးအကျဥ်းသားများကို တိုက်ပိတ်ပြစ်ဒဏ်ပေးခြင်းများပြုလုပ်ပြီးသည့်နောက် သြဂုတ်လမှစ၍ အကြောင်းရင်းမရှိ ထောင်ဝင်စာ(ပါဆယ်) ပေးပို့မှုပါ ကန့်သတ်လိုက်ခြင်းဖြစ်သည်။
ထို့အပြင် ကိုဗစ်ကာလအကြောင်းပြ၍ ယနေ့အချိန်ထိ အကျဥ်းသားများနှင့် ၎င်းတို့၏မိသားစုဝင်များ တွေ့ဆုံခွင့်ပိတ်ပင်ထားကြောင်း ကာယကံရှင်မိသားစုဝင်များ၏ ပြောကြားချက်အရ သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ကိုဗစ်ကာလ
#သာယာဝတီအကျဥ်းထောင်
#ထောင်ဝင်စာ

😁7👍1🤬1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁ ရက်ထုတ်လွှင့်မှုများ
===================
https://youtu.be/jUQHcG3OeAo?si=FIcD_REp0k54LDm2

YouTube
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁ ရက်ထုတ်လွှင့်မှုများ
#PVTV
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို…

👍7😁2
China warns US military aid harms 'security' of Taiwan
====================
https://youtu.be/lRvHd443vgc?si=t_Q23-G5KgB0jGK4

China warned Thursday that US military aid to Taiwan harmed the island's "security", after Washington approved direct military assistance to Taipei for the first time, under an assistance program aimed at foreign governments.
"Whether it is aiding Taiwan…
"Whether it is aiding Taiwan…
👍4