အပြောင်းအရွှေ့သတင်းအချို့
==============
- မန်ချက်စတာယူနိုက်တက်ဟာ အသင်းရဲ့ ခံစစ်မှူးဟောင်းဖြစ်တဲ့ ဂျွန်နီ အီဗန်ကို တစ်နှစ်စာချုပ်ချုပ်ဆိုလိုက်ပါတယ်။
- မန်ချက်စတာယူနိုက်တက်ဟာ တော့တင်ဟမ်နောက်ခံလူ ဆာဂျီယို ရီဂူလွန်ကို တစ်ရာသီအငှားနဲ့ ခေါ်ယူခဲ့ပြီး မော်ရိုကိုကွင်းလယ်လူ ဆိုဖီယန်အမ်ဘာဘတ်အတွက် အငှားစာချုပ်နဲ့ ခေါ်ယူဖို့ရာ ဖီအိုရင်တီးနားနဲ့လည်း သဘောတူညီမှုရရှိခဲ့ပါတယ်။
- မန်ချက်စတာယူနိုက်တက်ဟာ ဖီနာဘာချီအသင်းကနေ တူရကီဂိုးသမား Altay Bayindir ကို ပေါင် ၄.၃ သန်းနဲ့ ခေါ်ယူလိုက်ပါတယ်။
- တော့တင်ဟမ်ဟော့စပါးဟာ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ နော်တင်ဟမ်ဖောရက်စ်မှ ဘရန်နန်ဂျွန်ဆင်ကို ခေါ်ယူဖို့အတွက် ပေါင် ၄၅ သန်းကျော် ပေးချေဖို့ သဘောတူညီခဲ့ပါတယ်။
- မန်ချက်စတာစီးတီးဟာ ဝုဗ်အသင်းမှ ကွင်းလယ်ကစားသမား မက်တဲယက်စ် နူးနက်ကို ပေါင် ၅၃ သန်းဖြင့် အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ သူဟာ စီးတီးနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့တာပါ။
- ချယ်လ်ဆီးအသင်းဟာ မန်ချက်စတာစီးတီးမှ အင်္ဂလန်ယူ-၂၁ တိုက်စစ်ကစားသမား ကိုးလ်ပါလ်မာကို ကနဦးပေါင်သန်း ၄၀ နဲ့ ခေါ်ယူလိုက်ပါတယ်။
- လီဗာပူးလ်အသင်းဟာ ဆော်ဒီပရိုလိဂ်ကလပ် အလ်-အီတီဟဒ်မှ မိုဟာမက် ဆာလာအတွက် ပေါင်သန်း ၁၅၀ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။
- စပိန်တိုက်စစ်မှူး အန်ဆုဖာတီဟာ ဘာစီလိုနာကနေ ပရီးမီးယားလိဂ်ကလပ် ဘရိုက်တန်ဆီ တစ်ရာသီအငှားဖြင့် ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။
#Mizzima

👍9🔥1
ဥရောပထိပ်တန်းလိဂ် ပွဲစဉ် ရလဒ်များ
============
ပရီးမီယားလိဂ် ပွဲစဉ်(၄)
Luton 1 - 2 West Ham (FT)
Bowen 37' , Zouma 85'
Andersen 90+2'
ဘွန်ဒက်လီဂါပွဲစဉ်(၃)
Dortmund 2 - 2 Heidenheim (FT)
Brandt 7' Can 15'(Pen)
Dinkci 61' , Kleindienst 82'(Pen)
စီးရီးအေပွဲစဉ်(၃)
Roma 1 - 2 AC Milan (FT)
Giroud 9'(Pen) Leao 48'
Spinazzola 90+2'
စပိန်လာလီဂါပွဲစဉ် (၄) ရလဒ်များ
Cadiz 3 - 1 Villarreal (FT)
Ramos 18'
Machis 30'(Pen), 50'
Sorloth 10'
Almeria 2 - 3 Celta Vigo (FT)
Nunez 24' , Larsen 33' , Swedberg 87’
Akieme 54’ , Arribas 68’
ပြင်သစ်လီဂူဝမ်း ပွဲစဉ် (4)
Nantes 1 - 1 Marseille (FT)
Mohamed 39' Sarr 4'
#Footballnews
#Laliga
#PremierLeague
#Ligue1
#SerieA
#Gundesliga
Photo - Twitter
============
ပရီးမီယားလိဂ် ပွဲစဉ်(၄)
Luton 1 - 2 West Ham (FT)
Bowen 37' , Zouma 85'
Andersen 90+2'
ဘွန်ဒက်လီဂါပွဲစဉ်(၃)
Dortmund 2 - 2 Heidenheim (FT)
Brandt 7' Can 15'(Pen)
Dinkci 61' , Kleindienst 82'(Pen)
စီးရီးအေပွဲစဉ်(၃)
Roma 1 - 2 AC Milan (FT)
Giroud 9'(Pen) Leao 48'
Spinazzola 90+2'
စပိန်လာလီဂါပွဲစဉ် (၄) ရလဒ်များ
Cadiz 3 - 1 Villarreal (FT)
Ramos 18'
Machis 30'(Pen), 50'
Sorloth 10'
Almeria 2 - 3 Celta Vigo (FT)
Nunez 24' , Larsen 33' , Swedberg 87’
Akieme 54’ , Arribas 68’
ပြင်သစ်လီဂူဝမ်း ပွဲစဉ် (4)
Nantes 1 - 1 Marseille (FT)
Mohamed 39' Sarr 4'
#Footballnews
#Laliga
#PremierLeague
#Ligue1
#SerieA
#Gundesliga
Photo - Twitter
👍18❤3🔥1
စက်တင်ဘာလ (၂) ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=====================
ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ထဲက သစ်ချဆိပ်ရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေလို့ ရွာရှစ်ရွာက ဒေသခံ ငါးထောင်ကျော် ထွက်ပြေး နေရ တဲ့ သတင်းနဲ့အတူ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ပြည်သူတွေဟာ ဒေသတွင်း ကြေးနီ ထုတ်လုပ်နေတဲ့ တရုတ်ကုမ္ပဏီတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်တဲ့ဆန္ဒပြပွဲကို စက်တင်ဘာ ၁ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့သတင်း အပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာ သတင်း တွေကို နားဆင်ကြရမှာပါ။
အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။ သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ ရှိပါတယ်။အဲ့ဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ Insight Myanmar အစီအစဉ်ကိုနားဆင်ရမှာပါ။
https://youtu.be/VET5GKDaarg?si=8lC_r2GVrFUPsIK4
#Mizzimaradio
#Morningradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

YouTube
စက်တင်ဘာလ (၂) ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ထဲက သစ်ချဆိပ်ရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေလို့ ရွာရှစ်ရွာက ဒေသခံ ငါးထောင်ကျော် ထွက်ပြေး နေရ တဲ့ သတင်းနဲ့အတူ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့…

👍10🤬1🤮1
2.9.2023 (Saturday) ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
======================
Highlight
Cele City (ညနေ - ၄ နာရီခွဲ)
India Movie -Stree (ည-၈နာရီ)
Korea Movie -Confession ( ည- ၁၀ နာရီခွဲ)
Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။
#mizzimatv

👍6🔥1
ချင်းပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်းအောင် နေရာ ဗိုလ်မှူးကြီးသိန်းထွန်းအောင် အစားထိုး
=================
(မဇ္ဈိမ)။ ။ နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသည့် ချင်းပြည်နယ်တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး(နယ်လုံဝန်ကြီး) ဗိုလ်မှူးကြီးဟန်ဝင်းအောင်နေရာ၌ ဗိုလ်မှူးကြီး သိန်းထွန်းအောင်ကို အစားထိုးခန့်အပ်ခဲ့ကြောင်း အစိုးရအဖွဲ့နှင့် နီးစပ်သူက ပြောသည်။
တိုက်ပွဲများ ဖြစ်ပွားနေသည့် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှ နယ်လုံဝန်ကြီးများကို ယမန်နေ့ စက်တင်ဘာလ ၁ ရက် ရက်စွဲဖြင့် အပြောင်းအလဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။
နယ်လုံဝန်ကြီးအသစ်ဖြစ်လာမည့် ဗိုလ်မှူးကြီး သိန်းထွန်းအောင်သည် ချင်းပြည်နယ်တွင် ဗျူဟာမှူးအဖြစ် တာဝန်ထမ်းဆောင်ဖူး၍ ထို့သို့ ခန့်အပ်ခံရခြင်းဖြစ်နိုင်ကြောင်း မဇ္ဈိမ၏ သတင်းရင်းမြစ်က သုံးသပ်သည်။
‘’နယ်လုံတွေ ပြောင်းတယ်ဆိုတာကတော့ အကြောင်းအမျိုးမျိုးတော့ ရှိတာပေါ့။ နေရာတစ်နေရာတည်းမှာ အနေကြာလို့ပြောင်းတာလား။ အဂတိလိုက်စားမှု ရှိလို့လား ။ တခြားဘာအကြောင်းရှိလို့ပြောင်းတာလည်း မသိပေမယ့် အခုနယ်/လုံကတော့ ချင်းပြည်နယ်မှာ လူထုနဲ့လိုက်လျောညီထွေအောင် နေသွားနိုင်တာ တွေ့ရတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင်ဗျာ အရင်အစိုးရ လက်ထက်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ အစိုးရအဖွဲ့တွေ တခြားတိုင်းနဲ့ပြည်နယ်တွေမှာ ဖမ်းဆီးတာတွေခံရတယ်။ အိမ်ချိပ်ပိတ်တာတွေ ရှိတယ်။
ချင်းပြည်နယ်အစိုးရဖွဲ့ကသူတွေကို ဖမ်းတာဆီးတာတွေ မရှိခဲ့ဘူး။ အိမ်တွေချိပ်ပိတ်ခဲ့တာတွေလည်း မရှိခဲ့ဘူး။ အကြောင်းအမျိုးမျိုးကြောင့် တိမ်းရှောင်တာတွေတော့ ရှိတာပေါ့’’ဟု ပြောင်းရွေ့သွားရတော့မည့်နယ်လုံဝန်ကြီးနဲ့ပတ်သက်၍ အစိုးရအဖွဲ့နှင့်နီးစပ်သူတဦးကပြောသည်။
ချင်းပြည်နယ် နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီး ဟန်ဝင်းအောင်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ အစိုးရသစ် စတင်ဖွဲ့စည်းချိန်တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးအဖြစ် ခန့်အပ်ခံရသည့် ဗိုလ်မှူးကြီးကျော်ကျော် နေရာတွင် အစားထိုး တာဝန်ယူထားရသူဖြစ်သည်။
‘’အခုလာမယ့် နယ်လုံကတော့ ဘယ်လိုလာမလဲတော့ မသိဘူး။ အရင်နယ်လုံကတော့ ညှိနှိုင်းလို့ အဆင်ပြေတယ်။ ညှိနှိုင်းလို့ရတယ်ဆိုတာကလည်း တော်ရုံတန်ရုံကိစ္စတွေဆိုရင် ဘာသာရေးအသင်းအဖွဲ့က ဆရာတော်တွေက သွားတွေ့ပြီး ညှိနှိုင်းလို့ရှိရင် အများကြီး လုပ်ပေးတာတွေ ရှိတယ်။ အခုလာမယ့်နယ်လုံကတော့ ဘယ်လိုလာမလဲတော့မသိဘူး။ တကယ်တော့နယ်လုံဝန်ကြီးတွေလို့သာ ပြောတာပါ။ ချင်းပြည်နယ်မှာက အစိုးရအဖွဲ့မှာ လုံးဝပါဝါမရှိပါဘူး။ ဝန်ကြီးချုပ်တောင် ဩဇာအာဏာမရှိဘဲ ဒုတိုင်းမှူးကပဲ အစိုးရအဖွဲ့ရုံးမှာထိုင်ပြီး တိုက်ရိုက်ညွှန်ကြားနေတာ “ ဟုလည်း ၎င်းက ဆိုသည်။
လက်ရှိတွင် နယ်လုံဝန်ကြီးအဖြစ် မန္တလေးတိုင်းတွင် ဗိုလ်မှူးကြီးကျော်ကျော်မင်း အစား ဗိုလ်မှူးကြီးနေလင်းစိုး၊ ကချင်ပြည်နယ်တွင် ဗိုလ်မှူးကြီးအောင်ကြည်လင်း အစား ဗိုလ်မှူးကြီးကျော်သူရ၊ ကယားပြည်နယ်တွင် ဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေ အစား ဗိုလ်မှူးကြီးသန်းစိုးအောင်၊ ကရင်ပြည်နယ်တွင် ၊ ဗိုလ်မှူးကြီးမျိုးမင်းနောင် အစား ဗိုလ်မှူးကြီးမင်းသူကျော် တို့ကို ပြောင်းလဲခန့်အပ်ခဲ့သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#နယ်လုံဝန်ကြီး
#ကချင်ပြည်နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"

👍13🤮3❤1