Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဥရောပထိပ်တန်းလိဂ် ပွဲစဉ် ရလဒ်များ
============

ပရီးမီယားလိဂ် ပွဲစဉ်(၄)

Luton 1 - 2 West Ham (FT)
Bowen 37' , Zouma 85'
Andersen 90+2'

ဘွန်ဒက်လီဂါပွဲစဉ်(၃)

Dortmund 2 - 2 Heidenheim (FT)
Brandt 7' Can 15'(Pen)
Dinkci 61' , Kleindienst 82'(Pen)

စီးရီးအေပွဲစဉ်(၃)

Roma 1 - 2 AC Milan (FT)
Giroud 9'(Pen) Leao 48'
Spinazzola 90+2'

စပိန်လာလီဂါပွဲစဉ် (၄) ရလဒ်များ

Cadiz 3 - 1 Villarreal (FT)
Ramos 18'
Machis 30'(Pen), 50'
Sorloth 10'

Almeria 2 - 3 Celta Vigo (FT)
Nunez 24' , Larsen 33' , Swedberg 87’
Akieme 54’ , Arribas 68’

ပြင်သစ်လီဂူဝမ်း ပွဲစဉ် (4)

Nantes 1 - 1 Marseille (FT)
Mohamed 39' Sarr 4'

#Footballnews
#Laliga
#PremierLeague
#Ligue1
#SerieA
#Gundesliga

Photo - Twitter
👍18❤3🔥1
စက်တင်ဘာလ (၂) ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=====================

ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ထဲက သစ်ချဆိပ်ရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေလို့ ရွာရှစ်ရွာက ဒေသခံ ငါးထောင်ကျော် ထွက်ပြေး နေရ တဲ့ သတင်းနဲ့အတူ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ပြည်သူတွေဟာ ဒေသတွင်း ကြေးနီ ထုတ်လုပ်နေတဲ့ တရုတ်ကုမ္ပဏီတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်တဲ့ဆန္ဒပြပွဲကို စက်တင်ဘာ ၁ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့သတင်း အပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာ သတင်း တွေကို နားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။ သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ ရှိပါတယ်။အဲ့ဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ Insight Myanmar အစီအစဉ်ကိုနားဆင်ရမှာပါ။

https://youtu.be/VET5GKDaarg?si=8lC_r2GVrFUPsIK4

#Mizzimaradio 
#Morningradio 
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🤬1🤮1
​​2.9.2023 (Saturday) ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
======================

Highlight

Cele City (ညနေ - ၄ နာရီခွဲ)
India Movie -Stree (ည-၈နာရီ)
Korea Movie -Confession ( ည- ၁၀ နာရီခွဲ)

Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။

#mizzimatv
👍6🔥1
​​ချင်းပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်းအောင် နေရာ ဗိုလ်မှူးကြီးသိန်းထွန်းအောင် အစားထိုး
=================

(မဇ္ဈိမ)။ ။ နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသည့် ချင်းပြည်နယ်တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး(နယ်လုံဝန်ကြီး) ဗိုလ်မှူးကြီးဟန်ဝင်းအောင်နေရာ၌ ဗိုလ်မှူးကြီး သိန်းထွန်းအောင်ကို အစားထိုးခန့်အပ်ခဲ့ကြောင်း အစိုးရအဖွဲ့နှင့် နီးစပ်သူက ပြောသည်။

တိုက်ပွဲများ ဖြစ်ပွားနေသည့် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှ နယ်လုံဝန်ကြီးများကို ယမန်နေ့ စက်တင်ဘာလ ၁ ရက် ရက်စွဲဖြင့် အပြောင်းအလဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

နယ်လုံဝန်ကြီးအသစ်ဖြစ်လာမည့် ဗိုလ်မှူးကြီး သိန်းထွန်းအောင်သည် ချင်းပြည်နယ်တွင် ဗျူဟာမှူးအဖြစ် တာဝန်ထမ်းဆောင်ဖူး၍ ထို့သို့ ခန့်အပ်ခံရခြင်းဖြစ်နိုင်ကြောင်း မဇ္ဈိမ၏ သတင်းရင်းမြစ်က သုံးသပ်သည်။

‘’နယ်လုံတွေ ပြောင်းတယ်ဆိုတာကတော့ အကြောင်းအမျိုးမျိုးတော့ ရှိတာပေါ့။ နေရာတစ်နေရာတည်းမှာ အနေကြာလို့ပြောင်းတာလား။ အဂတိလိုက်စားမှု ရှိလို့လား ။ တခြားဘာအကြောင်းရှိလို့ပြောင်းတာလည်း မသိပေမယ့် အခုနယ်/လုံကတော့ ချင်းပြည်နယ်မှာ လူထုနဲ့လိုက်လျောညီထွေအောင် နေသွားနိုင်တာ တွေ့ရတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင်ဗျာ အရင်အစိုးရ လက်ထက်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ အစိုးရအဖွဲ့တွေ တခြားတိုင်းနဲ့ပြည်နယ်တွေမှာ ဖမ်းဆီးတာတွေခံရတယ်။ အိမ်ချိပ်ပိတ်တာတွေ ရှိတယ်။

ချင်းပြည်နယ်အစိုးရဖွဲ့ကသူတွေကို ဖမ်းတာဆီးတာတွေ မရှိခဲ့ဘူး။ အိမ်တွေချိပ်ပိတ်ခဲ့တာတွေလည်း မရှိခဲ့ဘူး။ အကြောင်းအမျိုးမျိုးကြောင့် တိမ်းရှောင်တာတွေတော့ ရှိတာပေါ့’’ဟု ပြောင်းရွေ့သွားရတော့မည့်နယ်လုံဝန်ကြီးနဲ့ပတ်သက်၍ အစိုးရအဖွဲ့နှင့်နီးစပ်သူတဦးကပြောသည်။

ချင်းပြည်နယ် နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီး ဟန်ဝင်းအောင်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ အစိုးရသစ် စတင်ဖွဲ့စည်းချိန်တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးအဖြစ် ခန့်အပ်ခံရသည့် ဗိုလ်မှူးကြီးကျော်ကျော် နေရာတွင် အစားထိုး တာဝန်ယူထားရသူဖြစ်သည်။

‘’အခုလာမယ့် နယ်လုံကတော့ ဘယ်လိုလာမလဲတော့ မသိဘူး။ အရင်နယ်လုံကတော့ ညှိနှိုင်းလို့ အဆင်ပြေတယ်။ ညှိနှိုင်းလို့ရတယ်ဆိုတာကလည်း တော်ရုံတန်ရုံကိစ္စတွေဆိုရင် ဘာသာရေးအသင်းအဖွဲ့က ဆရာတော်တွေက သွားတွေ့ပြီး ညှိနှိုင်းလို့ရှိရင် အများကြီး လုပ်ပေးတာတွေ ရှိတယ်။ အခုလာမယ့်နယ်လုံကတော့ ဘယ်လိုလာမလဲတော့မသိဘူး။ တကယ်တော့နယ်လုံဝန်ကြီးတွေလို့သာ ပြောတာပါ။ ချင်းပြည်နယ်မှာက အစိုးရအဖွဲ့မှာ လုံးဝပါဝါမရှိပါဘူး။ ဝန်ကြီးချုပ်တောင် ဩဇာအာဏာမရှိဘဲ ဒုတိုင်းမှူးကပဲ အစိုးရအဖွဲ့ရုံးမှာထိုင်ပြီး တိုက်ရိုက်ညွှန်ကြားနေတာ “ ဟုလည်း ၎င်းက ဆိုသည်။

လက်ရှိတွင် နယ်လုံဝန်ကြီးအဖြစ် မန္တလေးတိုင်းတွင် ဗိုလ်မှူးကြီးကျော်ကျော်မင်း အစား ဗိုလ်မှူးကြီးနေလင်းစိုး၊ ကချင်ပြည်နယ်တွင် ဗိုလ်မှူးကြီးအောင်ကြည်လင်း အစား ဗိုလ်မှူးကြီးကျော်သူရ၊ ကယားပြည်နယ်တွင် ဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေ အစား ဗိုလ်မှူးကြီးသန်းစိုးအောင်၊ ကရင်ပြည်နယ်တွင် ၊ ဗိုလ်မှူးကြီးမျိုးမင်းနောင် အစား ဗိုလ်မှူးကြီးမင်းသူကျော် တို့ကို ပြောင်းလဲခန့်အပ်ခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#နယ်လုံဝန်ကြီး
#ကချင်ပြည်နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍13🤮3❤1
အမြန်လမ်းတွင် ယာဉ်တိုက်မှုဖြစ်၍ သေဆုံးသူရှိ
😢5🔥1
အမြန်လမ်းတွင် ယာဉ်တိုက်မှုဖြစ်၍ သေဆုံးသူရှိ
===================

ရွှေနွယ်
(မဇ္ဈိမ)။ ။ရန်ကုန်−မန္တလေး အမြန်လမ်းတွင် ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၈ နာရီ ၃၀ မိနစ်အချိန်ခန့်က အိမ်စီးကားတစီးသည် လမ်းလယ်ကျွန်းရှိ ခရေပင်နှင့်ထန်းပင်တို့အား တိုက်မိသောကြောင့် ယာဉ်မောင်း အမျိုးသားတဦး သေဆုံးကြောင်း သတင်းရရှိသည်။

TOYOTA CROWN အမျိုးအစား အိမ်စီးကားသည် ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာစဉ် မိုင်တိုအမှတ်(၁၁၃/၄)နှင့်(၁၁၃/၅)ကြားအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းသို့လမ်းချော်ကာ သစ်ပင်များအား တိုက်မိခြင်းဖြစ်ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့က မဇ္ဈိမသို့ပြောသည်။
"အရှိန်မထိန်းနိုင်တာပါ။ ဒဏ်ရာရသူ နှစ်ဦးတော့လက်ရှိ ဖြူးဆေးရုံမှာပါ" ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်က ပြောသည်။

ယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအဝင် အမျိုးသား သုံးဦးလိုက်ပါလာခြင်းဖြစ်ပြီး ယာဉ်မောင်းအမျိုးသားမှာ နေရာမှာပင်သေဆုံးကာ ကျန်နှစ်ဦးမှာ မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
၎င်းတို့အား ၁၁၅ မိုင် ကြက်ခြေနီအသင်းမှ ဖြူးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၁ ရက်ကလည်း ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၇၇/၅)နှင့်(၇၇/၆)ကြားတွင် Express အဖြူရောင်ယာဉ်သည် မရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြောင်းထဲထိုးကျသောကြောင့် ယာဉ်ပေါ်လိုက်ပါလာသူ ၁၆ ဦးအနက် အမျိုးသား တဦးသေဆုံးကာ အမျိုးသမီး တဦးပြင်းထန်ဒဏ်ရာရ၍ ကျန် ၁၄ ဦး မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ကြသေးသည်။

စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#အမြန်လမ်း
#ယာဉ်တိုက်မှု

ပုံအညွှန်း- အမြန်လမ်းတွင်ဖြစ်ပွားခဲ့သည့် ယာဥ်တိုက်မှု(ဓာတ်ပုံ-ပေးပို့)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍8🔥2😢2😁1
​​ကျောက်ကြီးတွင် စစ်ကောင်စီတပ်အထိုင်စခန်းကို KNLA/PDF သိမ်းပိုက်
=====================

YT၊ ရွှေနွယ်
ပဲခူးတိုင်း ၊ ကျောက်ကြီးမြို့နယ် ၊ ဝဲကြီးကျေးရွာအုပ်စု သစ်ချဆိပ်ကျေးရွာရှိ စစ်ကောင်စီတပ်၏ အထိုင်စခန်းတခုကို KNLA/PDF ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ စက်တင်ဘာလ ၁ ရက် ညနေပိုင်းတွင် သိမ်းပိုက်ရရှိခဲ့သည်ဟု အမှတ် (၂) စစ်ဒေသခွဲသတင်းရင်းမြစ်များထံက သိရသည်။

သစ်ချဆိပ်ရွာတွင် ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက်နေ့မှ စတင်ကာ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ယမန်နေ့တွင်မူ တိုက်ပွဲပိုမိုပြင်းထန်လာခြင်းဖြစ်ကြောင်း နှင့် စစ်ကောင်စီဘက်မှ အကျအဆုံးများကြောင်း KNLA သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
"စစ်ကောင်စီဘက်က အတုန်းအရုန်းပဲ။ ထိခိုက်တာတွေ အများကြီးပဲ" ဟု KNLA သတင်းရင်းမြစ်က ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၂၂ ဦးသေဆုံး၍ ခုနစ်ဦးအရှင်ဖမ်းဆီးရမိကြောင်းနှင့် လက်နက်ခဲယမ်းသိမ်းဆည်းရမိမှုများရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ မဇ္ဈိမက ကနဦးသိရှိရသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
အလားတူ KNLA/PDF ပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိသူ သုံးဦးခန့်ရှိကြောင်း သိရသည်။

အမှတ် (၂) စစ်ဒေသခွဲ၏ ပြန်ကြားရေးတာဝန်ရှိသူ ရဲဘော်စောဒိုရှင်းကမူ စခန်းသိမ်းပိုက်ရရှိမှုကို အတည်ပြုပြီး စစ်ကောင်စီတပ်သေဆုံးအရေအတွက်နှင့် ဖမ်းဆီးရမိ သိမ်းဆည်းရရှိအရေအတွက်များအား ထုတ်ပြန်ပေးသွားမည်ဟု မဇ္ဈိမကိုပြောသည်။
တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်ဘက်မှ လေကြောင်း ထောက်လှမ်းဝဲပျံမှု အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း လေကြောင်းတိုက်ခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

ကျောက်ကြီး၊ မုန်း၊ ဖြူး၊ ကျောက်တံခါးနှင့် ထန်းတပင်မြို့နယ်တို့သည့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည့် မြို့နယ်များဖြစ်ပြီး လက်ရှိတွင် အဆိုပါဒေသအတွင်း စစ်ကောင်စီတပ်နှင့် KNLA/PDF ပူးပေါင်းတပ်ဖွဲ့များကြား စစ်ရေးအရှိန်မြင့်တက်လျက်ရှိကြောင်း ဒေသတွင်း တော်လှန်ရေးသတင်းရင်းမြစ်များထံက သိရသည်။
ဩဂုတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းကလည်း ထန်းတပင်မြို့နယ် မြို့ဆိုးရွာရှိ စစ်တောင်းမြစ်ကူးတံတား စစ်ကောင်စီကင်းဂိတ်ကို ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ရှစ် ဦးသေဆုံးကြောင်း အထူးကွန်မန်ဒိုတပ်ရင်း − တောင်ပိုင်းတိုင်းက ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ကျောက်ကြီးမြို့နယ်
#စစ်ကောင်စီစခန်း

ပုံအညွှန်း - အမှတ် (၂) စစ်ဒေသခွဲမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍18👏8😁3❤2
​​စင်္ကာပူသို့ ဆန်တင်ပို့ခွင့်ပြုမည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား
======================

အိန္ဒိယသည် စင်္ကာပူနိုင်ငံနှင့် အထူးဆက်ဆံရေးကို ထောက်ရှုလျက် စားနပ်ရိက္ခာဖူလုံမှု လိုအပ်ချက်များ ပြည့်မီစေရေးအတွက် ဆန်တင်ပို့မှုကို ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန (MEA) က ထုတ်ပြန်သည်။

“အိန္ဒိယနဲ့ စင်ကာပူနိုင်ငံတို့ဟာ အကျိုးစီးပွားမျှဝေခံစားမှု၊ ရင်းနှီးတဲ့စီးပွားရေးဆက်ဆံမှုနဲ့ ပြည်သူအချင်းချင်း ခိုင်မာတဲ့ ချိတ်ဆက်မှုတွေနဲ့ အလွန်နီးကပ်တဲ့ မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးကို နှစ်သက်ကြပါတယ်။ အဲဒီ အထူးဆက်ဆံရေးကြောင့် အိန္ဒိယဟာ စင်ကာပူနိုင်ငံအတွက် စားနပ်ရိက္ခာဖူလုံမှုလိုအပ်ချက်တွေ ပြည့်မီအောင် ဆန်တင်ပို့တာကို ခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တရားဝင်အမှာစာတွေကို မကြာခင် ထုတ်ပြန်မှာပါ” ဟု အန္ဒိယနိုင်ငငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ အရိန်ဒမ်ဘက်ချီက ဩဂုတ် ၂၉ ရက်က စင်္ကာပူသို့ ဆန်တင်ပို့မှုနှင့်ပတ်သက်ပြီး မီဒီယာများကို ဖြေကြားခဲ့သည်။ 

အိန္ဒိယသည် လက်ရှိတားမြစ်ထားသော ဘာစမာတီမဟုတ်သည့်ဆန်ဖြူတင်ပို့မှုကို တားဆီးရန် ဘာစမာတီဆန်တင်ပို့မှုဆိုင်ရာ နောက်ထပ်စည်းကမ်းချက်များကို သြဂုတ် ၂၇ ရက်က ထုတ်ပြန်ခဲ့သည်။
👍8
"အညာဒေသမှာ စစ်တိုက်စွမ်းရည်တိုးတက်လာပေမယ့် အတွေးအခေါ်လက်နက် တပ်ဆင်ဖို့ လိုအပ်တယ်" လင်းနွေ (အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် ADRPA)
==================

မောင်ခက်နွေ(မဇ္ဈိမ)။ ။ အညာဒေသမှာ တိုက်ခိုက်ရေးစွမ်းရည်တွေဟာ အရင်ကထက် တိုးတက်မှုရှိလာပေမယ့် အမိန့်နာခံဖို့နဲ့ အတွေးအခေါ် လက်နက် တပ်ဆင်ထားဖို့လည်း လိုအပ်တယ်လို့ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် (ADRPA)ရဲ့ ဥက္ကဌ ကိုလင်းနွေက ဆိုပါတယ်။

အခုတပတ် မဇ္ဈိမရဲ့ Weekly Interview အစီအစဉ်မှာတော့ အညာဒေသ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည် ဘယ်လောက် တိုးတက်လာပါသလဲ၊ LPDF တွေနဲ့ ‘ပကဖ’ တွေ မြို့နယ်အလိုက်၊ နယ်မြေအလိုက် ပူးပေါင်း တိုက်ပွဲ၀င်နေတာ ဘယ်လို အခြေအနေရှိနေပြီလဲ ဆိုတာ ကိုလင်းနွေကို ဆက်သွယ်မေးမြန်းထားပါတယ်။

တင်ဆက်၊တည်းဖြတ် - မောင်ခက်နွေ

https://youtu.be/tY7dj0q1K-E?si=r2SUZAdVfGlHefkk

#weeklyinterviews
#mizzimatv
#ADRPA
#အညာဒေသ
#Weeklyinterview
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20😁2🥰1