Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
NUG နဲ့ ဆက်ဆံတာကြောင့်ဆိုပြီး အရှေ့တီမော သံတမန်ကို စစ်ကောင်စီနှင်ထုတ် | Weekend News Roundup
====================

ဒီအစီအစဥ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Mizzima က ထုတ်လွှင့်ခဲ့တဲ့ သတင်းတွေထဲက စိတ်၀င်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို ရွေးချယ်ပြီး ပြန်လည် ထုတ်လွှင့်ပေးသွားမှာပါ။

-NUG နဲ့ ဆက်ဆံတာကြောင့်ဆိုပြီး အရှေ့တီမော သံတမန်ကို စစ်ကောင်စီနှင်ထုတ်တဲ့သတင်း

-လာမယ့်နှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူမယ့် လာအိုနိုင်ငံအတွက် မြန်မာ့အရေး ဖြေရှင်းဖို့ ဖောင်ဒေးရှင်းချပေးနိုင်ခဲ့ကြောင်း အင်ဒိုနီးရှားပြောတဲ့သတင်း

-အမေရိကန်ရဲ့စစ်ရေးအကူအညီပေးနေမှုက ထိုင်ဝမ်ရဲ့လုံခြုံရေးကိုထိခိုက်စေကြောင်း တရုတ်သတိပေး တဲ့သတင်း

-ဂျီ-၂၀ ထိပ်သီးအစည်းအဝေးမှာ မျောက်ဝံတွေရဲ့နှောက်ယှက်မှုမခံရဖို့ မျောက်ဝံယောင်ဆောင်ထားတဲ့လူတွေကို ဖြန့်ကြက်ချထား တဲ့သတင်း

-မြန်မာနိုင်ငံမှ လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေးတွေကို ဥရောပသမဂ္ဂ(EU)က အကဲဖြတ်နေ တဲ့ သတင်း

-ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းတွေကို စစ်ကောင်စီက ကြိုတင်ဝင်ငွေခွန်ကောက်ခံတဲ့သတင်း

https://youtu.be/PIzsms7PbK8?si=R9FqStQBSlhR9fpA


#weekendnewsroundup
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👏6👍5🤬2🥰1
Media is too big
VIEW IN TELEGRAM
“စစ်ကောင်စီစစ်ကြောင်းတွေ ဘယ်လောက်ရက်စက်နေလဲ" | ချစ်သောအညာမြေ EP- 23

Watch more detail - https://youtu.be/PlNdthMubAE

#ချစ်သောအညာမြေ #စကားဝိုင်း #shorts #reels
❤8👍4
မြိုင်မြိုင်ဆိုင် သုံးခရိုင် စီမံချက်နဲ့ မန္တလေးတိုင်းမှာ စစ်ဆင်ရေး တိုးမြှင့်သွား မယ်လို့ဆို
====================

KMN (မဇ္ဈိမ)။ ။မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်းဒေသဖြစ်တဲ့ မြင်းခြံ၊ မိတ္ထီလာ၊ ညောင်ဦးခရိုင်တွေမှာ စစ်ဆင်ရေး တိုးမြှင့်သွားမယ်လို့ ခရိုင် ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

မြင်းခြံ၊ မိတ္ထီလာ၊ ညောင်ဦးခရိုင်တွေပါဝင်တဲ့ လက်နက်ခဲယမ်း ရန်ပုံငွေရှာဖွေမှုကို စက်တင်ဘာလ ၂၇ ရက်နေ့အထိ ဆောင်ရွက်နေတာဖြစ်ပြီး လက်နက်ခဲယမ်း ဝယ်ယူဖို့အတွက် ကျပ်သိန်း ၅,၀၀၀ လျာထားတယ်လို့လည်း ပါဝင်တဲ့ တပ်ဖွဲ့တွေက ပြောပါတယ်။

တော်လှန်ရေးအရှိန် မြှင့်တင်ဖို့ အတွက် သက်ဆိုင်ရာ တပ်ဖွဲ့ နဲ့ မြိုင်မြိုင်ဆိုင် သုံးခရိုင် စီမံချက်ကို ဆောင်ရွက်ပေးနေတဲ့ ပြည်ပရောက်ထောက်ဖို့အဖွဲ့တွေက တဆင့်လှူဒါန်းနိုင် တယ်လို့လည်း ခရိုင်ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။

တင်ဆက်၊တည်းဖြတ် - KMN

https://youtu.be/Ih1tPH8KVOE?si=-FsTja9zFyXkAdpD

#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👏11👍7❤3👎1😁1
မီတာမဆောင်လျင် မီတာပုံးများသိမ်းမည်ဟု ငွေတောင်းခံလွှာတွင် ရိုက်နှိပ်အသိပေး
❤6🤮3👍2
မီတာမဆောင်လျင် မီတာပုံးများသိမ်းမည်ဟု ငွေတောင်းခံလွှာတွင် ရိုက်နှိပ်အသိပေး
====================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရန်ကုန်တွင် မီတာမဆောင်ပါက မီတာပုံးများ အပြီးပိုင်သိမ်းမည်ဟု ဓာတ်အားငွေတောင်းခံလွှာတွင် ရိုက်နှိပ် အသိပေးမှုများ ပြုလုပ်လာသည်ဟု ဒေသခံထံမှ သိရသည်။

ခြောက်လ မီတာသုံးစွဲပြီး ကြွေးကျန် လေးလနှင့်အထက်ရှိ မီတာခပေးဆောင်ခြင်းမရှိပါက မီတာပုံးများကို အပြီးပိုင်သိမ်းမည်ဟု ဓာတ်အားတောင်းခံလွှာတွင် လျှပ်စစ်မီတာရုံးမှ တပါတည်းရိုက်နှိပ်အသိပေးခြင်းပြုလုပ်လာသည်ဟု ရန်ကုန်မြို့နေ ဒေသခံများမှတဆင့် သိရသည်။

အဆိုပါ အသိပေးမှုကို ဩဂုတ်လမီတာခ တောင်းခံသည့်စာရွက်တွင် ထည့်သွင်းထားခြင်းဖြစ်ပြီး စက်တင်ဘာလ ၁ ရက်မှစတင်ကာ ညွှန်ကြားချက်အရ လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ဆိုထားသည်။
"တချို့ရပ်ကွက် တချို့အိမ်တွေက မီတာမဆောင်ဘဲ တခြားနည်းနဲ့ နေကြပေမယ့် မီတာလာဖြုတ်တာမရှိဘူး။ တချို့ကျတော့လည်း မီးမသုံးတာ လူမနေတာ ရှိတယ်၊ ထိန်းသိမ်းခ ပေးနေတယ်ပေါ့။ အဲ့ဒီအိမ်တွေကိုပါ မီတာဖြုတ်မယ့် သဘောမျိုး" ဟု မြောက်ဥက္ကလာပမြို့နယ်ရှိ ဒေသခံအမျိုးသမီးတဦးက မဇ္ဈိမကို ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ရုံး ဝန်ထမ်းများမှ မီတာခပေးဆောင်ခြင်းမရှိသည့် နေအိမ်တိုက်ခန်းများအား ဖြူးစ်ဖြုတ်ခြင်း၊ မီးကြိုးဖြတ်ခြင်း၊ လျှပ်စစ်မီးဖြတ်တောက်မှုများ ပြုလုပ်မှုများရှိနေသည်ဟု ဒေသခံထံမှ သိရသည်။
ယင်းသို့ပြုလုပ်သည့်အပြင် မီတာခွန်ဆောင်ပြီးပါကလည်း ရက်သတ္တပတ် တပတ်လောက်အကြာမှ ပြန်လည်၍ တပ်ဆင်ခြင်းပြုလုပ်ပေးသည်ဟုလည်းဆိုသည်။

လျှပ်စစ်မီး အမြန်ပြန်လည်ရလိုပါက မီတာရုံးဝန်ထမ်းများ၏ တောင်းခံသည့် ငွေပမာဏကို ပေးရသည်ဟု ယခင်ကပြုလုပ်ခဲ့သည့်ဖြစ်စဉ်များအပေါ် ဒေသခံတဦးက ပြောသည်။
ယခုတစ်ကြိမ်တွင် လျှပ်စစ်မီတာခ ကြွေးကျန်ရှိပါက မီးဖြတ်ခြင်းကိုပြုလုပ်တော့မည်မဟုတ်ဘဲ မီတာပုံးဖြုတ်သိမ်းသွားမည်ဟု ခြိမ်းခြောက်သည့် သတိပေးခြင်းမျိုး ပြုလုပ်လာသည်ဟု သိရသည်။

စက်တင်ဘာလ ၁ ရက်နေ့မှစတင်ကာ အဆိုပါလုပ်ဆောင်မှုကို ပြုလုပ်မည်ဖြစ်သဖြင့် ရန်ကုန်၌ ထိုကဲ့သို့ ကြုံတွေ့ရသည့် နေအိမ်၊ တိုက်ခန်းများ ရှိမရှိကို မဇ္ဈိမ အနေဖြင့် စုံစမ်းအတည်ပြုနေဆဲဖြစ်သည်။

လျှပ်စစ်မီတာခွန်နှင့်ပတ်သက်၍ ယခုလိုအသိပေးမှုထွက်ပေါ်လာခြင်းမှာ အာဏာသိမ်းပြီးနောက် စီးပွားရေးကျပ်တည်းမှုဒဏ်၊ ကုန်ဈေးနှုန်းမြင့်မားမှုဒဏ် စသဖြင့် အခက်အခဲမျိုးစုံရင်ဆိုင်နေရသည့် ပြည်သူအပေါ် ဖိနှိပ်ချုပ်ချယ်ခြင်းဖြစ်ကြောင်း ရန်ကုန်ဒေသခံတဦးက မှတ်ချက်ပြုသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ရန်ကုန်
#မီတာရုံး
#လျှပ်စစ်မီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15🤮3🤣2❤1🔥1
​​ဩဂုတ်လအတွင်း မန္တလေး၌ နေရာ ၉ ခုတိုက်ခိုက်ခံရပြီး လက်ထောက်ညွှန်မှူးအပါအ၀င် Non CDM ၀န်ထမ်း ၅ ဦး ဒဏ်ရာရ
====================

007
(မဇ္စျိမ) ။ ။ မန္တလေးမြို့တွင် ဩဂုတ်လအတွင်း စစ်ကောင်စီလက်အောက်ခံနေရာကိုးခု ဗုံးပစ်တိုက်ခိုက်ခံရပြီး တိုင်းကျန်းမာရေးဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး အပါအဝင် Non CDM ၀န်ထမ်း ငါးဦး ဒဏ်ရာရရှိမှုရှိသည်ဟု စစ်ဆင်ရေးများကိုစောင့်ကြည့်လေ့လာသူများထံက သိရသည်။

“၁ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ၊ စကစ(စစ်ကောင်စီလက်အောက်ခံ) နေရာကိုးခု တိုက်ခိုက်ခံရတယ်၊ ၃၁ ရက်နေ့ကကိစ္စက ကျွန်တော်တို့လုပ်တာမဟုတ်ဘူး၊ တခြား ဘယ်သူ့လက်ချက်ဆိုတာ အခုထိ တစုံတရာထုတ်ပြန်လာတာလည်း မတွေ့ရသေးဘူး”ဟု လုံခြုံရေးအရ အမည်မ‌ဖော်လိုသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၀င်တဦးက ပြောသည်။

မန္တလေးနန်းတွင်းအပါအ၀င် စစ်ကောင်စီလက်အောက်ခံ နေရာကိုးခု ဗုံးပစ်တိုက်ခိုက်ခံရသည့်ဖြစ်စဉ်များကို စစ်ဆင်ရေးလုပ်ဆောင်ခဲ့သည့်အဖွဲ့အစည်းနှင့် ဒေသခံစစ်ရေးစောင့်ကြည့်လေ့လာသူများထံက သိရသည်။

“တိုင်းကျန်းမာရေး လက်ထောက်ညွှန်မှူးက အခုထိ ဆေးရုံမှာ အသက်လုနေရတယ်လို့ သိရတယ်၊ မန္တလေးကို သူတို့(စစ်ကောင်စီ)ထိန်းချုပ်နိုင်ပြီလို့ မကြာမကြာ ထုတ်ပြောတတ်တယ်၊ PDF ကင်းစင်နယ်မြေဆိုပြီး ဝါဒဖြန့်တာတွေရှိတယ်၊ တကယ်တော့ မန္တလေးကို သူတို့မထိန်းချုပ်နိုင်သေးဘူး” ဟု ဒေသတွင်းစစ်ရေးအခြေအနေ စောင့်ကြည့်လေ့လာသူတဦးက ဆိုသည်။

သြဂုတ်လ ၃၁ ရက်နေ့က ချမ်းအေးသာစံမြို့နယ်၊ လမ်း ၇၀ နှင့် ၂၇ လမ်းထောင့်ရှိ တိုင်းကျန်းမာရေးဦးစီးဌာနရုံး တိုက်ခိုက်ခံရမှုတွင် တိုင်းကျန်းမာရေးဦးစီးဌာနရုံး လက်ထောက်ညွှန်ကြားရေးမှူးတဦး အပါအ၀င် Non CDM ကျန်းမာရေး၀န်ထမ်းငါးဦး ထိခိုက်ဒဏ်ရာရရှိကာ ထိခိုက်မှုအများဆုံးဖြစ်စဉ်ဟုလည်း ၎င်းကပြောသည်။
အဆိုပါတိုက်ခိုက်မှုများအတွင်း အဆောက်အအုံနှင့် မော်တော်ယာဉ် လေးစီး ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်းသိရပြီး၊ စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းများတွင်လည်း ထိခိုက်ဒဏ်ရာရရှိမှုနှင့်ပတ်သက်၍ ယနေ့အထိ ထုတ်ပြန်လာခြင်း မရှိသေးပေ။

လက်ရှိတွင် လက်ထောက်ညွှန်ကြားရေးမှူးသည် အသက်အန္တရာယ် စိုးရိမ်ရသည့်အခြေအနေဖြင့်မန္တလေးဆေးရုံကြီးတွင် ကုသမှုခံယူ‌နေရဆဲဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့နှင့်နီးစပ်သည့် အသိုက်အ၀န်းထံက စုံစမ်းသိရသည်။

မန္တလေးမြို့တွင် သြဂုတ်လ ၁ ရက်နေ့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ မန္တလေးနန်းတွင်းနှင့် အမရပူရမြို့နယ်ရှိ ထောက်လှမ်းရေး(၁၆) စစ်တပ်၀င်း၊ သြဂုတ်လ ၉ ရက်နေ့က အောင်မြေသာစံမြို့နယ်၊ ၈၂ လမ်း၊ ၁၈ လမ်းနှင့် ၁၉ လမ်းကြားရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့ ၀န်ထမ်းလိုင်းခန်းနှင့် သြဂုတ်လ ၁၀ ရက်နေ့က မဟာအောင်မြေမြို့နယ် ၃၆ လမ်း၊ လမ်း ၇၀ နှင့် ၇၁ လမ်းကြားရှိ မဟာနွယ်စဉ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့ကို ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သော No More Dictatorship People Defence Force အဖွဲ့က ဗုံးခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

ထို့အတူ No More Dictatorship People Defence Force အဖွဲ့သည် ချမ်းမြသာစည်မြို့နယ်အတွင်း၌ သြဂုတ်လ ၁၅ ရက်နေ့တွင် မနော်ဟရီလမ်း၊ ၄၅ လမ်းနှင့် ၄၆ လမ်းကြားရှိ အောင်သာယာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ သြဂုတ်လ ၁၈ ရက်နေ့တွင် မြို့နယ်လ၀ကရုံးနှင့် ချမ်းမြသာစည်တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ၊ သြဂုတ်လ ၂၁ ရက်နေ့တွင် ၆၈ လမ်း၊ ၁၀၁ လမ်းနှင့် ၁၀၂ လမ်းကြားရှိ ရသုံးမှန်းခြေငွေစာရင်းရုံးတို့ကို ဗုံးခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#မန္တလေးတိုင်း
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု

ပုံအညွှန်း-မန္တလေးတွင် ဗုံးပစ်တိုက်ခိုက်ခံရသည့်နေရာ။(ဓာတ်ပုံ- CJ)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17👏4❤1😁1
စနေနေ့ည ဘွန်ဒက်လီဂါ ပွဲစဉ်(၃) ရလဒ်များ
==============

Augsburg 2 - 2 AfL Bochum
Beljo 35' ,
Demirovic 62'
Asano 45+3' , 64'

Leverkusen 5 - 1 SV Darmstadt
Boniface 21',61,
Palacios 49'
Hofmann 67' ,
Hlozek 83'
Vilhelmsson 25'

Hoffenheim 3 - 1 Wolfsburg
Brooks 45+2'
Beier 60'
Skov 74'
Tomas 36'

VfB Stuttgart 5 - 0 Freiburg
Fuhrich 8' , 62'
Guirassy 17' , 19'
Millot 75'

Werder Bremen 4 - 0 MainZ
Ducksch 3'(Pen)
Stage 53'
Bittencourt 82'
Njinmah 83'

M'gladbach 1  -  2 Bayern Munchen
Itakura 30'
Sane 58' , Tel 87'

#Bundesliga
#Footballnews
Photo - Twitter
👍9❤2