Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စနေနေ့ည စပိန်လာလီဂါပွဲစဉ် (၄) ရလဒ်များ
==============

Real Sociedad 5 - 3 Granda
Kubo 9', 44' , Zubimendi 59' , Barrenetxea 67' , Bosch 76' (OG)
Le Normand 35' (OG), Boye 84' , Zaragoza 90+9'

Real Madrid 2 - 1 Getafe
Mayoral 11'
Joselu 47' , Bellingham 90+5'

Deportivo Alaves 1  - 0  Valencia
Ozkacar 6' (OG)

Real Betis  1 - 0  Rayo Vallecano
Jose 53'


#Laliga
#Footballnews
Photo - Twitter
👍8❤1
ဥရောပထိပ်တန်းလိဂ်ရလဒ်များ
===============

စနေနေ့ည အီတလီစီးရီးအေ ပွဲစဉ် (၂) ရလဒ်များ
===================

Bologna 2 - 1 Cagliari
Zirkzee 59' , Fabbian 89'
Luvumbo 22'

Udinese 0 - 0 Frosinone

Atalanta  3 - 0  Monza
Ederson 35'
Scamacca 42' , 62'

Napoli 1 - 2  Lazio
Zielinski 32'
Alberto 30' , Kamada 52'


ပြင်သစ်လီဂူဝမ်း ပွဲစဉ် (၃) ရလဒ်များ
============

Brest 0 - 0 Rennes

Monaco  3 -  0 Lens
Singo 24' , Golovin 36' , Maripan 59'

#SerieA
#Ligue1
#Football
Photo - Twitter
👍15❤3
စက်တင်ဘာလ ၃ ရက်နေ့ ရုပ်သံသတင်းအစီအစဉ်
=================

7,489 views Sep 3, 2023 #ရန်ကုန်ခေတ်သစ် #thisweek #mizzimatv
By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၃ ရက်နေ့ မှာ ရန်ကုန်ခေတ်သစ်သတင်းဌာရဲ့ This Week ရုပ်သံအစီအစဉ်ကို ထုတ်လွှင့် သွားမှာဖြစ်ပါတယ်။ဒီအစီအစဉ်မှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲကမှ ထူးခြားတဲ့ သတင်းတွေကို ရွေးချယ်ကောက်နုတ်သုံးသပ် တင်ဆက်ပေး ထားတာလည်း ဖြစ်ပါတယ်။

https://www.youtube.com/watch?v=NJvuxYT4zUU

#ရန်ကုန်ခေတ်သစ်
#thisweek
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🔥1
စက်တင်ဘာလ (၃) ရက်၊ တနင်္ဂနွေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
==================

မုန်းမြို့နယ်မှာ စစ်ရေးပဋိပက္ခတွေကြောင့် စစ်ဘေးရှောင် ၅,၀၀၀ ကျော်ရှိလာတဲ့သတင်းနဲ့အတူ

မြန်မာဆီ လိင်ကုန်ကူးခံရတဲ့ ထိုင်းအမျိုးသမီးကို ကယ်တင်တဲ့သတင်းအပါအဝင်

နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊ တပတ်အတွင်း စီးပွားရေး၊ အားကစားနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဏအနေနဲ့ “သံစဉ့်အိမ်” အစီအစဉ်ကို လည်း ထုတ်လွှင့်သွားမှာပါ။

https://youtu.be/kkPGmE_Brwk?si=0LssCk_uV3L3gbKy

#Morningradio
#Mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🤮2
South Asia Today အစီအစဉ်
==============

ဒီတပတ် South Asia Today အစီအစဉ်မှာတင်ဆက်မဲ့အကြောင်းအရာတွေကတော့

-တောင်အာဖရိကနိုင်ငံမှာ ကျင်းပတဲ့၁၅ကြိမ်မြောက် BRICS ညီလာခံမှာ အဖွဲ့ဝင်နိုင်ငံများရဲ့ ဆက်ဆံရေးပိုမိုခိုင်မာစေရန် ပြုလုပ်

-ဂျပန်နိုင်ငံရှိ Yamaha motor မှသန့်ရှင်းပြီး အေးချမ်းတဲ့သဘာဝပတ်ဝန်းကျင်ဖန်တီးဖို့အထောက်အကူပြု

-အိန္ဒိယနှင့် နီပေါနိုင်ငံမှ ဟိန္ဒူဘာသာဝင်များနက်ဂ် ပန်ချာမီပွဲတော်ကို ကျင်းပ

-ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့မှာပီကာချူ ကပြဖျော်ဖြေပွဲကို ကျင်းပခဲ့
အာရှတစ်ခွင်က ထူးခြားတဲ့အကြောင်းအရာများကို သိရှိနိုင်မဲ့Asia Watch ကဏ္ဍတွေကို တင်ဆက်သွားမှာပါ။

https://youtu.be/s7EKJ-wgko4?si=33YUlwUK_7p3EvOU

#southasiatoday
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🍌2
​​3.9.2023 (Sunday) ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
=================

Highlight

ကျန်းမာသုတ လူမှုဘဝ (ညနေ - ၅ နာရီ)
Jimmy Fallen Show ( ည - ၆ နာရီ ၃၀ မိနစ််)
India Movie - Ponniyin Selvan :Part 2 (ည- ၈ နာရီ)

Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။

#mizzimatv
👍6🔥1
မြိုင်မြို့နယ် စစ်ကောင်စီ အထိုင်စခန်းများ တိုက်ခိုက်ခံရ
===================

KMN (မဇ္ဈိမ) ။ ။ မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့တွင် စစ်ကောင်စီ အထိုင်ချထားသည့် စခန်းလေးနေရာထက်မနည်းကို ယမန်နေ့ ၊ စက်တင်ဘာ ၂ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ သေဆုံးမှုများနိုင်ကြောင်း ပါဝင်ခဲ့သည့် Salingyi Special Task Force - SSTF တာဝန်ရှိသူက ပြောသည်။

မြိုင်မြို့အတွင်းရှိ စစ်ကောင်စီ အထိုင်ချထားသည့် မြိုင်-ဗဟင်းလမ်းအထွက် ကိုးဆောင်ကျောင်းဂိတ်၊ မြိုင်မြို့ဘူတာရုံစစ်ကောင်စီဂိတ် ၊ ထွေအုပ်ရုံး ၊ ရဲစခန်းတို့အား ကာကွယ်ရေးပူးပေါင်းတပ်များက စစ်မျက်နှာပြင် မျိုးစုံဖွင့်ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

"အမှတ်(၃)ရက်ကွက်အတွင်းက စစ်ကောင်စီခန့်အုပ်ချူပ်ရေးမှူး လက်နက်ကိုင် တင်မောင်သန်းအိမ်ကိုလည်းသွားရောက်ပစ်ခတ်ခဲ့ပါတယ်။ ထွက်ပြေးသွားတာကြောင့် နေအိမ်ကိုဝင်ရောက် ဖျက်ဆီးခဲ့တယ်" ဟု SSTF တာဝန်ရှိသူဆိုသည်။

မြိုင်မြို့နယ် စစ်ကောင်စီ အထိုင်စခန်းများကို ပစ်ခတ်ချိန် မိနစ် ၃ဝ ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဂိတ်များမှပြန်လည်ပစ်ခတ်နိင်ခြင်းမရှိဘဲ အသာစီးပစ်ခတ်နိုင်ခဲ့ကြောင်းလည်း ကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်သည်။

၎င်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အထိအခိုက်အကျဆုံးများ နိုင်ပြီး စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း Salingyi Special Task Force - SSTF တာဝန်ရှိသူကပြောကြားသည်။

မြိုင်မြို့နယ် စစ်ကောင်စီ အထိုင်စခန်းများတိုက်ခိုက်မှုအား Salingyi Special Task Force - SSTF နှင့်အတူ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ)ရင်း(၂)၊ ခွဲ(၁) နှင့် ခွဲ(၃) ၊ မြိုင်-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ)ရင်း(၁) ခွဲ(၃) နှင့် ခွဲ(၄)၊ Earthquake people`s defence force ၊ GOE ပြောက်ကျားတပ် တို့ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

https://youtu.be/rDzdsA5jOho?si=c05ZLgBaILDkf-_Q

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#စစ်ကောင်စီစခန်း တိုက်ခိုက်ခံရ
#မြိုင်မြို့နယ်
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍18👏5🔥1
​​TikTok တွင် ဝါဒဖြန့်ရန် တပ်တွင်း ဆုကြေးပေး လှုံ့ဆော်
==================

ဂျူချန်း
(မဇ္ဈိမ)။ ။ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတခုဖြစ်သည့် TikTok လူမှုကွန်ရက်တွင် ဓါတ်ပုံ သို့မဟုတ် သုံးမိနစ်စာ ရုပ်သံဖန်တီးကာ စစ်ကောင်စီကို အမွှန်းတင်ပြီး တော်လှန်ရေးအင်အားစုများကို ထိထိမိမိ တိုက်ခိုက်နိုင်မည့်သူကို ဆုငွေ ကျပ် ကျပ် ၁၀,၀၀၀ မှ ကျပ် ၁၀၀,၀၀၀ အထိ ချီးမြှင့်မည်ဟု ညွှန်ကြားထားကြောင်း တပ်တွင်းနီးစပ်သူထံက သိရသည်။

“Tiktok တွင် ပြုလုပ်မည့် သရုပ်ဖော်ပြိုင်ပွဲဝင်ရောက်နိုင်ရေး အကြောင်းကြားခြင်း” (လျှို့ဝှက်) ဟူသော အကြောင်းကြားစာတွင် စစ်တပ်အတွင်းရှိ အရာရှိများ၊ စစ်သားများနှင့် မိသားစုဝင်များ သည် စစ်ကောင်စီတပ်သားများ စိတ်ဓါတ်မြင့်မားလာစေရန် Tiktok ပေါ်တွင် သရုပ်ဖော်ပြိုင်ပွဲအစီအစဉ် ကျင်းပမည်ဖြစ်ကြောင်း ပါရှိသည်။

ထိုပြိုင်ပွဲအကြံပြုချက်အတွင်းတွင် စစ်ကောင်စီဆန့်ကျင်သူများ၏ သွေးကွဲမှုများအား သိသာအောင် ဖော်ထုတ်တင်ပြစေခြင်း၊ စစ်ကောင်စီဆန့်ကျင်သူများ၏ သတင်းတု၊ သတင်းမှားများကို ဟာသလုပ်ကာ လှောင်ပြောင်စေခြင်း အပါအဝင် စစ်ကောင်စီတပ်သားများ စိတ်ခွန်အားတက်ကြွစေရန် တင်ပြစေခြင်း၊ စစ်အာဏာသိမ်းစဉ်ကာလအတွင်း စစ်ကောင်စီ၏ လုပ်ဆောင်ချက်များကို ရှင်းလင်းတင်ပြခြင်း၊ စစ်ကောင်စီသည် အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်နေကြောင်း ပေါ်လွင်အောင် တင်ပြစေခြင်း စသည့် စစ်ကောင်စီ၏ ကောင်းကြောင်းကို အမွှန်းတင်ဖော်ပြရန် အကြံပြု တိုက်တွန်းထားသည်။

အဆိုပါ သရုပ်ဖော်ပြိုင်ပွဲကို စက်တင်ဘာလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ တဦးလျှင် ဓါတ်ပုံ သို့မဟုတ် ရုပ်သံ တခုထက်မက ယှဉ်ပြိုင်နိုင်ပြီး Like၊ comment နှင့် share များခြင်း၊ အကြောင်းအရာ ဆီလျော်ခြင်း၊ ထိမိစွာ ဖော်ပြနိုင်ခြင်း စသဖြင့် ရမှတ် ၅၀ မှတ် ဖြင့် သတ်မှတ်ထားသည်။

သတ်မှတ်အမှတ် အများဆုံးရရှိသူကို ပထမဆု ငွေကျပ် ၁၀၀,၀၀၀ အပါအဝင် ဒုတိယဆု၊ တတိယဆု၊ အထူးဆု(၁)၊ (၂) များကို ချီးမြှင့်မည်ဖြစ်ကြောင်း အကြောင်းကြားစာတွင် ပါရှိသည်။
ပြိုင်ပွဲဝင်များသည် အရာရှိ၊ စစ်သည်များ ဖြစ်ပါက မိမိကိုယ်ပိုင်အမှတ်၊ ရာထူးအဆင့်၊ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်သော်လည်းကောင်း၊ မိသားစုဝင်ဖြစ်ပါက အထက်ပါအချက်အလက်များအပြင် တော်စပ်ပုံ များကိုပါ Video link နှင့်အတူ သတ်မှတ်ထားသည့် Viber သို့မဟုတ် Telegram သို့ သတ်မှတ်ရက်အတွင်း ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

TikTok သည် လူတန်းစားအမျိုးမျိုး သုံးစွဲနေကြပြီး စစ်ကောင်စီတပ်သားများ သုံးစွဲခြင်းများရှိသကဲ့သို့ တော်လှန်ရေးလူငယ်များလည်း သုံးစွဲကြလေ့ရှိသဖြင့် စစ်ကောင်စီ၏ Tiktok ပေါ်တွင် ယခုကဲ့သို့ ဝါဒဖြန့်ခြင်းလုပ်ရပ်သည် အဓိပ္ပာယ်မဲ့သည်မှန်သော်လည်း လျှော့တွက်၍ မရကြောင်း တပ်တွင်းနီးစပ်သူက ပြောသည်။

“တစ်တော့မှာ စစ်တပ်မိသားစုက သိန်းဂဏန်းလောက်ရှိမယ်ထင်တယ်။ သူတို့က ဒါကို အစုလိုက်အပြုံလိုက် တင်မယ်ဆိုရင် တစ်တော့မှာ ဒါတွေက ပျံ့နေမှာ။ ဒါသည် သူတို့ရဲ့ Propaganda (ဝါဒဖြန့်ခြင်း)တမျိုးပဲ။ သူတို့ဒါကို ဟာသလုပ်တာမဟုတ်ဘူး။ တစ်တော့ကိုယုံတဲ့လူတွေရှိတယ်။ သူတို့ဘက်မှာမှ မဟုတ်ဘူး။ ကျနော်တို့ဘက်က ရဲဘော်လေးတွေလည်း တစ်တော့ ဆော့ကြတယ်။ သူတို့ကို အထင်သွားသေးလို့တော့ မရဘူး” ဟု တပ်တွင်းနီးစပ်သူက ပြောသည်။

မြန်မာနိုင်ငံတွင် Tiktok ကို ၂၀၁၈ ခုနှစ်၌ စတင်သုံးစွဲသူ များလာပြီး ၂၀၂၂ ခုနှစ်တွင် Tiktok ကို ဒေါင်းလုပ်ပြုလုပ်ထားမှု စုစုပေါင်း သန်း ၅၀၀ ခန့်ရှိပြီး Tiktok သည် စတုတ္ထမြောက် လူသုံးအများဆုံး ဆိုရှယ်မီဒီယာ ပလက်ဖောင်းတခုဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် နည်းပညာကုမ္ပဏီ - HAPPIO က ဖော်ပြထားသည်။

Tiktok သည် Community Guide Line များရှိသော်လည်း လုံခြုံမှုမရှိသဖြင့် သြစတြေးလျ၊ ဘယ်လ်ဂျီယမ်၊ ကနေဒါ၊ ဒိန်းမတ်၊ နယ်သာလန်၊ နယူး ဇီလန်၊ အိန္ဒိယ တို့တွင် Tiktok အသုံးပြုခြင်းကို အစိုးရမှ ပိတ်ပင်ထားသည်။ အာဖဂန်နစ္စတန်တွင်မူ အစ္စလာမ်တရားဥပဒေနှင့် မကိုက်ညီသဖြင့် Tiktok ကို ပိတ်ပင်ထားသည်။
သို့သော် လက်ရှိတွင် ကမ္ဘာတဝှမ်းရှိ နိုင်ငံပေါင်း ၁၆၀ တွင် Tiktok ကို သုံးစွဲနေသူ အနည်းဆုံး တဘီလီယံကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#စစ်ကောင်စီဝါဒဖြန့်
#Tiktok
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁11👍6🤣4❤1