Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ကျောက်ကြီးတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၄၀ ကျော်သေဆုံး၊ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ
====================

ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် KNLA/PDF ပူးပေါင်းတပ်ဖွဲ့တို့ကြား လေးရက်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော် သေဆုံးသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့ စက်တင်ဘာလ ၂ ရက်နေ့က ထုတ်ပြန်သည်။

ဩဂုတ်လ ၂၉ ရက်မှစတင်ကာ စက်တင်ဘာ ၁ရက်နေ့အထိ လေးရက်တာ တိုက်ပွဲအတွင်း KNLA/PDF မဟာမိတ် ပူးပေါင်းစစ်ကြောင်းများက စစ်ကောင်စီ၏ သစ်ချဆိပ်စခန်းအား သိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

တိုက်ပွဲတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်သေဆုံး၍ ၃၀ ကျော် ဒဏ်ရာရရှိသည့်အပြင် ကွန်မန်ဒိုပြောင်း နှစ်လက်၊ စက်လတ် တလက်၊ လက်နက်ငယ် စုစုပေါင်း ၁၉ လက်၊ ခွင်းဗုံးသီးများ၊၄၀မမ ဗုံးသီးများ၊ MAကျည်များ၊စက်လက်ကျည်များနှင့် လက်ပစ်ဗုံးများ သိမ်းဆည်းရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဩဂုတ်လ ၂၉ ရက်နေ့တွင် နံနက် ၄ နာရီကျော်မှ ညနေ ၆ နာရီကျော်အထိ ၁၄ နာရီခန့်ကြာမြင့်အောင်ကျောက်ကြီးမြို့နယ်အတွင်းရှိ မုန်းဒေသ၊ အုတ်ဖြတ်ရွာ၊ ကရင်ကျ၊ သမန်းကျင်း၊ ကြက်တက်ညောင်ပင်ကျေးရွာတို့တဝိုက်တွင် KNLA/PDF ပူးပေါင်းစစ်ကြောင်း၊ ရိုးမစစ်ကြောင်း (၂)၊ အထူးကွန်မန်ဒိုစစ်ကြောင်းတို့နှင့်စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့သည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ သေဆုံးသူနှင့် ဒဏ်ရာရရှိသူ ၅၀ ဦးခန့်ရှိကြောင်း NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"ဒီအရေအတွက်တွေက သူတို့ကားတွေနဲ့ တင်နေတာကို မျက်မြင်တွေ့သူတွေက ပြောတာပါ” ဟု အမှတ် (၂) စစ်ဒေသခွဲ၏ ဒုတိယစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက မဇ္ဈိမကိုပြောသည်။
ဩဂုတ်လ၂၉ ရက်နေ့ဖြစ်စဉ်အတွင်း KNLA/PDF ပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း သုံးဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၃၀ ရက် နံနက်တွင် တိုက်ပွဲမှပြန်လည်ဆုတ်ခွာသွားသော စစ်ကောင်စီတပ်ဖွဲ့နှင့် ထိတွေ့မှုထပ်မံဖြစ်ပွားရာ တိုက်ပွဲတွင်း PDFကွန်မန်ဒိုတပ်ရင်းမှ ရဲဘော်တဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ထံမှ ခွင်းဗုံးသီးများ၊၄၀ မမဗုံး သီးများ၊ MAကျည် များ၊စက်လက်ကျည်များနှင့်လက်ပစ်ဗုံးများ သိမ်းဆည်းရရှိခဲ့သည်ဟု NUG-MOD ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် PDF ရဲဘော်မှာ CDM ဗိုလ်ကြီး ထက်နောင်နောင်မင်း (ခေါ်) ရဲဘော်ဆဲဗင်းဖြစ်ကြောင်း မဇ္ဈိမမှသတင်းရရှိသည်။

ဩဂုတ်လ ၃၁ ရက်တွင်မူ နံနက်အစောပိုင်း ၁၂ နာရီခန့်မှစတင်ကာ မုန်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ အခြေစိုက်စခန်းဖြစ်သော သစ်ချဆိပ်စခန်းအား KNLA၊PDF ပူးပေါင်းတပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့ပြီး စက်တင်ဘာ ၁ ရက် ညနေ ၅ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် စခန်းအား သိမ်းပိုက်ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သစ်ချဆိပ်စခန်းသည် စစ်ကောင်စီ၏ ခလရ (၄၃၉) ၊ ခလရ (၆၀)၊ ခမရ (၃၅၀) နှင့် ခမရ (၃၅၁) တို့ တပ်စွဲထားသည့် စခန်းဖြစ်ပြီး အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးကာ ကွန်မန်ဒိုပြောင်း နှစ်လက်၊ စက်လတ် တလက် နှင့် လက်နက်ငယ် စုစုပေါင်း ၁၉ လက်သိမ်းဆည်းရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့၏ Spring Warrior's Column မှ တပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

“လောလောဆယ်မှာတော့ ငြိမ်နေတယ်လို့ပြောလို့ရတာပေါ့။ ဒါပေမဲ့ အကွာအဝေးတွေက သိပ်ကွာလှတယ်မဟုတ်ဘူး။ အချိန်မရွေးပဲထပ်ပြီးတော့ ထိတွေ့မှုဖြစ်နိုင်ပါတယ်” ဟု ရိုးမစစ်ကြောင်း (၂) ၏ တာဝန်ရှိသူက ယမန်နေ့ညပိုင်းတွင် မဇ္ဈိမကိုပြောသည်။
အဆိုပါ တိုက်ပွဲဖြစ်စဉ်များအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်း ပစ်ခတ်မှုနှင့်အတူ သရက်ကျကျေးရွာနှင့် သမန်းကျင်းကျေးရွာရှိ ပြည်သူပိုင်နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း ပြည်သူပိုင် ကားနှင့် ဆိုင်ကယ်များအား သယ်ယူသွားခြင်းများ ပြုလုပ်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြင်းထန်နေသည့်တိုက်ပွဲများနှင့် တင်းမာနေသည့်စစ်ရေးအခြေအနေများကြောင့် မုန်းမြို့နယ်တွင် စစ်ဘေးရှောင် ၅၀၀၀ ကျော် ထပ်မံတိုးပွားလာကြောင်း KNU ဗဟို၏ စက်တင်ဘာ ၁ ရက်နေ့ထုတ်ပြန်ချက်အရ သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ပဲခူးတိုင်း
#ကျောက်ကြီးမြို့နယ်
#NUG
#တိုက်ပွဲဖြစ်ပွား

ပုံအညွှန်း - ၄ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှသိမ်းဆည်းရရှိသည့်လက်နက်ခဲယမ်းများ။(ဓာတ်ပုံ-NUG-MOD)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤19👍12😁1
​​တရုတ်ကို ယုံကြည်၍မရကြောင်း အဝေးရောက် တိဗက်ပါလီမန်အဖွဲ့ဝင် ရှုတ်ချ 
======================

အဝေးရောက်တီဗက်ပါလီမန်အဖွဲ့ဝင် ဒါဝါဆာရင်က တရုတ်၏မြေပုံသစ်တွင် အိန္ဒိယနှင့် နယ်စပ်ရှိ ပိုင်နက်အငြင်းပွား အာရူနာချားလ်ပြည်နယ်နှင့်အက်ဆိုင်ချင်းဒေသတို့ကို ထည့်သွင်းထားမှုအပေါ် ပြစ်တင်ရှုတ်ချလိုက်ပြီး တရုတ်သည် ဘယ်သောအခါမှ ယုံကြည်၍မရကြောင်း ပြောကြားလိုက်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13😁1
​​နေပြည်တော်တွင် ကျင်းပမည့် အာဆီယံ လေတပ်အကြီးအကဲများ ညီလာခံကို ဖျက်သိမ်းရန် JFM တောင်းဆို
===================

001
(မဇ္စျိမ)။ ။ နေပြည်တော်တွင် လာမည့် စက်တင်ဘာလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ စစ်ကောင်စီလေတပ် ကာကွယ်ရေးဦးစီးချုပ်က အိမ်ရှင်အဖြစ် ဦးဆောင် ပြုလုပ်မည့် အာဆီယံလေတပ်အကြီးအကဲများ ညီလာခံကို ဖျက်သိမ်းရန် Justice for Myanmar က စက်တင်ဘာလ ၂ ရက်နေ့တွင် ထုတ်ပြန်သည်။
စစ်ကောင်စီက ပြည်သူများအပေါ် အကြမ်းဖက် စစ်ဆင်ရေးတရပ်ဆင်နွှဲကာ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို အပြစ်ပေးအရေးယူခံရခြင်း အလျဉ်းမရှိ ကျူးလွန်နေချိန်တွင် မြန်မာစစ်အုပ်စု၏ ကြည်းတပ်၊ လေတပ်၊ ရေတပ်တို့အတွက် အာဆီယံက တိုက်ရိုက်ပံ့ပိုးကူညီမှုများ ဆက်လက်လုပ်ဆောင်နေမှုအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း JFM က ထုတ်ပြန်သည်။

“အာဆီယံနဲ့ အဖွဲ့ဝင်နိုင်ငံတွေဟာ ဒီလေတပ်အကြီးအကဲများညီလာခံကို ကျင်းပဖို့ လုပ်ဆောင်နေတာ၊ စစ်အုပ်စုနဲ့ စစ်ဘက် ၊ ရဲဘက် ထိတွေ့ဆက်ဆံနေတာတွေက မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်အပေါ် စာနာစိတ်ကင်းမဲ့တဲ့ လျစ်လျူရှုမှုကို ပြသနေတာဖြစ်ပါတယ်။ မြန်မာ့အကြပ်အတည်းကို ဘုံသဘောတူညီချက် ငါးရပ်နဲ့ ဖြေရှင်းမယ်ဆိုတဲ့ အာဆီယံရဲ့ ကိုယ်ပိုင်ကတိကဝတ်တွေကို သူတို့ကိုယ်တိုင် ဖောက်ဖျက်နေကြတာဖြစ်ပါတယ်”ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

လက်ရှိအာဆီယံလေတပ် အကြီးအကဲများ ညီလာခံကို ဦးဆောင်ကျင်းပမည့် လေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်သည် လေတပ်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ခန့်အပ်ခံရသည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလနောက်ပိုင်း မြန်မာနိုင်ငံတဝန်း အရပ်သားပြည်သူများအပေါ် အဆင်ခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုများကို အမိန့်ပေးကွပ်ကဲသူဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

လက်နက်ကိုင်ပဋိပက္ခများဆိုင်ရာ တည်နေရာနှင့် ဖြစ်ရပ်မှတ်တမ်း စီမံကိန်း(ACLED)၏ အချက်အလက်များအရ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၉၃၀ ကျော်ကို အမိန့်ပေးကွပ်ကဲခဲ့ပြီး လူဦး‌ေရပေါင်း ၁,၀၀၀ နီးပါးကို သေဆုံးစေခဲ့ကြောင်း သိရသည်။

၂၀၂၃ ဧပြီလတွင် စစ်ကိုင်းတိုင်းပဇီကြီးကျေးရွာတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးသူငယ် ၄၀ အပါအဝင် အနည်းဆုံးလူပေါင်း ၁၆၈ဦး သေဆုံးခဲ့မှု၊ ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ တေးဂီတဖျော်ဖြေပွဲ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံးလူပေါင်း ၈၀ သေဆုံးခဲ့ရမှု၊ ၂၀၂၂ ခုနှစ် စက်တင်ဘာတွင် စစ်ကိုင်းတိုင်း လက်ယက်ကုန်းရွာ စာသင်ကျောင်းအပေါ် လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ ၁၂ ဦးသေဆုံးခဲ့ရမှုတို့ကိုလည်း ဗိုလ်ချုပ်ကြီးထွန်းအောင်က အမိန့်ပေးကွပ်ကဲခဲ့ခြင်းဖြစ်ကြောင်း JFM ကရေးသားထားသည်။

၎င်းအား ၂၀၂၂ ခုနှစ် နိုဝင်ဘာတွင် အာဆီယံလေတပ်အကြီးအကဲများညီလာခံ၏ သဘာပတိအဖြစ်ခန့်အပ်ခဲ့ပြီး အစည်းအဝေးများကိုဦးဆောင်ကျင်းပခွင့်ပေးခဲ့သည့် အာဆီယံ၏ ဆုံးဖြတ်ချက်သည် စစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများကို ကောင်းစွာသိနေပါလျက် ပံ့ပိုးကူညီနေသည့် နောက်ထပ်အထောက်အထားပင်ဖြစ်ကြောင်း ပြောဆိုထားသည်။

"အာဆီယံအနေနဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကတဆင့် စစ်ရာဇဝတ်ကောင်တွေကို ပံ့ပိုးကူညီနေတယ်။ မြန်မာ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို အန္တရာယ်ဖြစ်စေပြီး မြန်မာ့အကျပ်အတည်းကိုလည်း ပိုမိုဆိုးရွားစေတယ်ဆိုတာ ငြင်းလို့မရပါဘူး"ဟု မရတနာမောင်က ပြောသည်။
ထို့ပြင် စစ်ကောင်စီက ပူးတွဲဥက္ကဌအဖြစ် တာဝန်ယူပြီး ရုရှားနိုင်ငံတွင် စက်တင်ဘာလ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ ပြုလုပ်သွားမည့် အာဆီယံ၏ စစ်ရေးလေ့ကျင့်မှုအစီအစဉ်ကိုလည်း Justice for Myanmar ကရှုတ်ချထားသည်။

ပုံအညွှန်း-မိတ္တီလာတပ်နယ်ရှိ လေကြောင်းအတပ်တင်လေတပ်စခန်းဌာနချုပ်
စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#Justiceformyanmar
#စစ်ကောင်စီလေတပ်
#အာဆီယံလေတပ်အကြီးအကဲများညီလာခံ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20❤3🤬1
မုံရွာမြို့နယ်က စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသည့်နေရာ တိုက်ခိုက်ခံရပြီး ၅ဦးသေဆုံးဟုဆို
👍14👏3🤣1
မုံရွာမြို့နယ်က စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသည့်နေရာ တိုက်ခိုက်ခံရပြီး ၅ဦးသေဆုံးဟုဆို
=========================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသည့် နေရာကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးသေ ဆုံးသွားကြောင်း မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း(၄) အထူးကွန်မန်ဒို Monywa the Boys က ထုတ်ပြန်သည်။

မုံရွာမြို့နယ် ၊ မုံရွာ - အမြင့်လမ်းပေါ်ရှိ ညောင်ပင်သာရွာတွင် အင်အား ၃၅ဦးခန့်ဖြင့် တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့အား မုံရွာခရိုင်တပ်ရင်း (၄) အထူးစုံစမ်းစစ်ဆင်ရေးတပ်ဖွဲ့၏ သတင်းအတည်ပြုချက်အရ စက်တင်ဘာလ၂ရက် နေ့လယ် ၃နာရီ ၃၀မိနစ်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ ပွိုင့်သုံးပွိုင့်နဲ့ အနီးကပ် ကပ်ပစ်ခဲ့တာ ။ ရဲဘော်တွေပစ်လိုက်လို့ လဲကျသေဆုံးတာကို မျက်မြင်တွေ့ရတာ ငါးကောင် ။ တခြားပွိုင့်တွေနဲ့ ပြည်သူတွေရဲ့ သတင်းပေးချက်အရ ရှစ်ကောင်လောက်သေတယ်ပြောတယ်” ဟု Chindwin Attack Force သတင်းပြန်ကြားရေးတာဝန်ခံက မဇ္စျိမကိုပြောသည်။

အဆိုပါတိုက်ခိုက်မှုအတွက် အချိန်ယူပြင်ဆင်ခဲ့ပြီး အနီးကပ် နေရာသုံးနေရာမှနေ၍ ပြောက်ကျားနည်းစနစ်ဖြင့် စခန်းရှေ့ရှိ စစ်ကောင်စီတပ်သားများကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
တိုက်ခိုက်ခဲ့သည့်နေရာတွင် အလောင်းများစုပုံထားကာ သွေးကွက်အများအပြား မြင်တွေ့ရပြီး ပျူစောထီးအဖွဲ့ဝင် အမျိုးသမီးနှစ်ဦး အပါအဝင် ရှစ်ဦးသေဆုံးသည်ဟု ပြည်သူများ၏ သတင်းပေးချက်အရ ပြန်လည်သိရကြောင်း သတင်းပြန်ကြားရေး တာဝန်ခံက ဆက်ပြောသည်။

ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆုတ်ခွါလာချိန်တွင် စစ်ကောင်စီတပ်သားများနောက်မှ လိုက်မလာနိုင်စေရန် မိုင်းဆွဲတိုက်ခိုက်ခြင်း ပြုလုပ်ခဲ့ကြောင်း။ ယင်းအချိန်၌ စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ပြည်သူတဦး မစိုးရိမ်ရသော ဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း(၄) အထူးကွန်မန်ဒို Monywa the Boys က ဦးဆောင်ပြီး Spring Dove ၊ 5/ UG Task Force ၊ Democratic Guerrilla Force (DGF) ၊ Monywa Commando Force နှင့် ဒဿပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း(၄) မှ တပ်ရင်း ၊တပ်ခွဲများသည် စစ်ကောင်စီတပ်ကို ထိုးစစ်ဆင် တိုက်ခိုက်နေသဖြင့် အရေးပေါ်လက်နက်ခဲယမ်းများ လိုအပ်လျက်ရှိနေကြောင်း အသိပေးထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#စစ်ကိုင်းတိုင်း
#မုံရွာမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု

ပုံအညွှန်း-တိုက်ခိုက်မှုပြုလုပ်သည့်ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။(ဓာတ်ပုံ-Monywa the Boys)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိ
👍17❤3🥰1🤣1
​​Ponniyin Selvan - Part 2
===============

Part 1 ရဲ့ အဆုံးမှာ ပန်ဒီယန် သူပုန်တွေနဲ့ တိုက်ခိုက်ရင်း ပင်လယ်ထဲကို နစ်မြုပ်သွားခဲ့တဲ့ "ပူနီအင်ဆယ်လ်ဗန်"ခေါ် မင်းသား အာရွန်မိုဟီ မင်းသားရဲ့ သတင်းကြောင့် ပူဆွေးသောက ရောက်နေကြတဲ့ ခမည်းတော် ဧကရာဇ် "ဆုန်ဒရာဆိုဟာ"နဲ့ အစ်မတော် ထိပ်ထားလေး "ခွန်ဒေဗီ" ညီတော်အတွက် ယူကျုံးမရ ဒေါသူပုန်ထပြီး နန္ဒီနီကို လက်စားချေဖို တန်ဂျာကို တပ်မကြီးနဲ့ ချီတက်လာခဲ့တဲ့ အိမ်ရှေ့စံမင်းသား "ကာရီကာလန်"

တစ်ချိန်က သူ သိပ်ချစ်ခဲ့ရတဲ့ "နန္ဒီနီ"ဆိုတဲ့ မိန်းမလှလေးက အခုတော့ သူ့လုပ်ရပ်ကြောင့်ပဲ အဆိပ်ပြင်းတဲ့ မြွေမတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပါပြီ ဆိုလာမင်းဆက် ပျက်သုဉ်းရေးအတွက် တိုင်းပြည်အတွင်း စိမ့်ဝင်နေတဲ့ ပန်ဒီယန်သူပုန်တွေ...

အိမ်ရှေ့စံကို ပုန်ကန်ပြီး တခြားမင်းသားကို နန်းတင်ချင်တဲ့ မျိုးနွယ်စု အကြီးအကဲတွေ... ပြီးတော့ ကာရီကာလန်ကို သူ(မ)ရဲ့လက်နဲ့ သေစေရမယ်ဆိုတဲ့ နန္ဒီနီရဲ့ အငြိုးအာဃာတ ၂၀၂၁ ခုနှစ်မှာ အပိုင်း ၁ ထွက်ရှိခဲ့ပြီး၊ လူကြိုက်များ ကျော်ကြားခဲ့တဲ့ တမီလ် ရာဇဝင်ဇာတ်ကား "ပူနီအင်ဆယ်လ်ဗန်"ဟာ သမိုင်းရာဇဝင်.. အချစ်.. အလွမ်း.. ရသအစုံ ပေးစွမ်းနိုင်တာကြောင့် ယခု အပိုင်း ၂ ထွက်ခဲ့ချိန်မှာလည်း စံချိန်တင် ဝင်ငွေတွေနဲ့ ကမ္ဘာတစ်ဝှမ်း အောင်မြင်မှုတွေ သိမ်းပိုက်နိုင်ခဲ့ပါတယ်

ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima + တွင် ပြသနေသည့် ဇာတ်ကားများကို Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်။

#New ပြသမည့်ရက် ။ ။ 3.9.2023
ပြသမည့်အချိန်။ ။ ည (၈:၀၀) နာရီ
Replay ပြသမည့်ရက် ။ ။ 4.9.2023
ပြသမည့်အချိန်။ ။ နေ့လည် (၂:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍7🔥2❤1
​​မန္တလေးတွင် စကစ ဒလန်ဆိုသူ ဆိုင်ကယ်ပွဲစား အသတ်ခံရ
===================

007
(မဇ္ဈိမ)။ ။ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် ယမန်နေ့ သြဂုတ်လ ၂ ရက် နံနက်ပိုင်းက စစ်ကောင်စီသတင်းပေးဒလန်ဆိုသူ ဆိုင်ကယ်ပွဲစားဦးမော်ကြီးသေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း သတင်းရရှိသည်။

ယမန်နေ့ နံနက် ၈ နာရီခန့်က ချမ်းမြသာစည်မြို့နယ် ကံသာယာရပ်ကွက် ၅၉ လမ်းနှင့် ၁၁၀(အေ) လမ်းထောင့်တွင် ဆိုင်ကယ်စီးအမျိုးသားနှစ်ဦးက သေနတ်ဖြင့်ပစ်သတ်သွားခြင်းဖြစ်ကြောင်းသိရသည်။

“ဆိုင်ကယ်ပွဲစားမော်ကြီးလို့ဆိုလိုက်ရင် ဆိုင်ကယ်လောကမှာမသိသူမရှိဘူး။ စကစတက်လာကတည်းက ဒလန်လုပ်လာတာလည်း အကုန်သိကြတယ်။ ဒလန်သတင်းပေးဆက်မလုပ်ဖို့ ဖုန်းနဲ့မကြာခဏသတိပေးခံရတယ်။ မနေ့ကတော့ မနက်ပိုင်းလက်ဖက်ရည်သောက်ပြီး ပြန်အလာမှာ ပစ်သတ်ခံလိုက်ရတာ” ဟု ၎င်းမိသားစုနှင့်နီးစပ်သည့် အမည်မဖော်လိုသူတဦးက ပြောသည်။

သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ဦးမော်ကြီး အသက် ၆၂ နှစ်)သည် ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၊ ၁၁၆(ဘီ)လမ်း၊ ၅၃ လမ်းနှင့် ၅၄ လမ်းကြားနေထိုင်သူဖြစ်ပြီး ဆိုင်ကယ်ဝယ်ရောင်းလုပ်ကိုင်ရင်း စစ်တပ်သတင်းပေးဒလန်အဖြစ်လုပ်ကိုင်နေသူဖြစ်ကြောင်း ဒေသခံများကဆိုသည်။

၎င်းသည် ၅၉ လမ်းနှင့် ၁၁၁ လမ်းထောင့်ရှိ စိန်မေတ္တာလက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်သောက်အပြီး ၅၉ လမ်းအတိုင်း ဆိုင်ကယ် ပွဲစားတန်းသို့ ထွက်လာစဉ် အနောက်မှလိုက်လာသော ဆိုင်ကယ်စီးအမျိုးသားနှစ်ဦးက ၅၉ လမ်းနှင့် ၁၁၀(အေ)လမ်းထောင့်တွင် သေနတ်အတိုဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ပစ်ခတ်မှုကြောင့် ဦးမော်ကြီးတွင် ဝဲဘက်ရင်အုံကျည်ဖောက်ဝင်ဒဏ်ရာနှစ်ချက်၊ ယာဘက်ပခုံး ကျည်ဖောက်ဝင်ဒဏ်ရာ တချက်၊ နဖူးကျည်ဖောက်ဝင်ဒဏ်ရာ တချက်၊ ကျောကုန်းကျည်ဖောက်ဝင်ဒဏ်ရာ နှစ်ချက်ဖြင့် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း နယ်မြေခံရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုက်အဝန်းထံက သိရသည်။

မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့ကြောင်း မသိရသေးသော်လည်း စစ်ကောင်စီ ဝါဒဖြန့် သတင်းများတွင် ဆိုင်ကယ်ပွဲစားတန်းဥက္ကဋ္ဌဦးမော် ကြီးအား ဆိုင်ကယ်ဖြင့်လူငယ်နှစ်ဦးက သေနတ်အတိုဖြင့်ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဖော်ပြကြသည်။

“ဘာဥက္ကဋ္ဌမှမဟုတ်ဘူး။ ဘယ်သူကမှခန့်ထားတာလည်း မဟုတ်ဘူး။ စကစကခိုင်းလို့ကောင်းအောင် ရာထူးတပ်ပေးထားတာ။ ဆန္ဒပြပွဲကာလတွေတုန်းက သူ့ကြောင့် ပုန်းဖော်ပုန်းဖက်ကျွန်တော့မိတ်ဆွေလေးယောက်ပါဖူးတယ်။ မြို့သစ်ကဆန္ဒပြအဖွဲ့တွေ ပျောက်ကွယ်ကုန်တာလည်း သူ့ကြောင့်ပဲ။ သူသတင်းပေးလို့ အိမ်ထဲအထိဝင်ဆွဲခံရတာတွေမနည်းဘူး” ဟု လုံခြုံရေးအရအမည်မဖော်ပြလို သူတဦးကပြောသည်။

ဦးမော်ကြီး ဒလန်ဟုတ်မဟုတ်နှင့်ပတ်သက်၍ မဇ္ဈိမက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။ လက်ရှိတွင် ၅၉ လမ်း ဆိုင်ကယ်ပွဲစားတန်းနှင့်အနီး ဝန်းကျင်ကို ယနေ့သြဂုတ်လ ၂ ရက် နံနက်ပိုင်းအထိ စစ်ကောင်စီကကင်းပုန်းများချပြီး ပိတ်ဆို့စစ်ဆေးမှုတို့ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံကသိရ သည်။

ပုံအညွှန်း- ပစ်သတ်ခံရသည့် ဆိုင်ကယ်ပွဲစားပုံ(ဓာတ်ပုံ- ပေးပို့)
စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima
#ချမ်းမြသာစည်မြို့နယ်
#ဆိုင်ကယ်ပွဲစားတန်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14👏2❤1
​​မန္တလေးတိုင်း ရသုံးမှန်းခြေငွေစာရင်းရုံး ဒုတိယအကြိမ် တိုက်ခိုက်ခံရ
===================

007
(မဇ္ဈိမ)။ ။မန္တလေးမြို့မှ စစ်ကောင်စီလက်အောက်ခံ မန္တလေးတိုင်း ရသုံးမှန်းခြေငွေစာရင်းရုံး ဒုတိယအကြိမ် တိုက်ခိုက်ခံခဲ့ရကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်း ရသုံးမှန်းခြေငွေစာရင်းရုံး စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၁၁ နာရီခန့်က ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ရုံးအတွင်းရပ်ထားသော ကားနှင့်ဆိုင်ကယ်အချို့ ထိခိုက် ပျက်စီးခဲ့ကြောင်း မျက်မြင်တွေရှိခဲ့သည့် ဒေသခံများကပြောသည်။

“ဒါနဲ့ပါဆို နှစ်ကြိမ်ရှိပြီ၊ လူထိခိုက်မှု ရှိ၊ မရှိတော့ မသိဘူး။ မနေ့က နေ့လယ်ပိုင်းမြင်ကွင်းအရတော့ ကား တစီးနဲ့ ဆိုင်ကယ်နှစ်စီး အပျက်အစီးတွေ့ခဲ့တယ်” ဟု ပေါက်ကွဲမှုအပြီး အခင်းဖြစ်နေရာအား ဖြတ်သန်းခဲ့ သည့် ဒေသခံတဦးကပြောသည်။

အဆိုပါတိုက်ခိုက်မှုအား ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့တခုဖြစ်သော No More Dictatorship People Defence Force-NMD အဖွဲ့ကလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားပြီး စစ်ကောင်စီ၏ဘဏ္ဍာရေးယန္တရားလည်ပတ်ရာတွင် အဓိက အလုပ် လုပ်ပေးသည့်နေရာ ဖြစ်သောကြောင့် ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းအဖွဲ့၏ တာဝန်ရှိသူတဦးက ပြောသည်။

“စကစရဲ့ ဘဏ္ဍာရေးယန္တရားလည်ပတ်နိုင်စေဖို့ အဓိက အလုပ်လုပ်ပေးနေတဲ့ရုံးဖြစ်လို့ ကျွန်တော်တို့ ထပ်မံတိုက်ခိုက်ခဲ့တာဖြစ်တယ်။ ပြည်သူတွေအနေနဲ့ စကစရဲ့ ဌာနဆိုင်ရာရုံးတွေ၊ စကစရဲ့ယာဉ်တန်း တွေနဲ့ ဝေးဝေးနေကြဖို့ သတိပေးလိုပါတယ်” ဟု ၎င်းကဆိုသည်။
မန္တလေးတိုင်း ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနသည်၊ ချမ်းမြသာစည်မြို့နယ် ၆၈ လမ်း၊ သိပ္ပံလမ်း(၁၀၁ လမ်း)နှင့် ၁၀၂ လမ်းကြားတွင်ရှိကာ ပြီးခဲ့သည့်သြဂုတ်လ ၂၁ ရက်နေ့ကလည်းတိုက်ခိုက်ခံထားရသည်။

ထိုစဉ်ကလည်း ရုံးအတွင်းရပ်ထားသော ကားနှင့်ဆိုင်ကယ်အချို့ ပျက်စီးမှုရှိခဲ့ပြီး လူထိခိုက်ဒဏ်ရာရမှုနှင့် ပတ်သက်၍ အတည်ပြုနိုင်ခဲ့ခြင်းမရှိပေ။

No More Dictatorship People Defence Force-NMD အဖွဲ့သည် သြဂုတ်လအတွင်း စစ်ကောင်စီ၏ ရပ်/ကျေး အုပ်ချုပ်ရေးမှူးရုံး သုံးရုံး၊ မြို့နယ်အဆင့် လဝကရုံးတစ်ရုံး၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ ဝန်ထမ်းလိုင်း ခန်း တခုနှင့် တိုင်းအဆင့် ဦးစီးဌာနရုံး တရုံးအပြင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ မန္တလေးနန်းတွင်းနှင့် အမရပူရမြို့နယ်အတွင်းရှိ ထောက်လှမ်းရေး(၁၆)ဝင်းတို့ကို လက်ပစ်ဗုံး/ လက်နက်ကြီး (၈၀ မမ) များ ဖြင့်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပုံစာ မန္တလေးတိုင်း ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန(Photo CJ)
စာတည်း။ ။စောဖေ

#မန္တလေးတိုင်း
#ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန
#ချမ်းမြသာစည်မြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14❤2👏1😁1
​​တမူးမြို့နယ်အတွင်း အများပြည်သူသုံးလမ်းမများပေါ်၌ ငွေကြေးမကောက်ခံရန် သတိပေး
===================

ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း အများပြည်သူသုံးလမ်းမများပေါ်၌ ငွေကြေးကောက်ခံခြင်း မပြုလုပ်ကြရန် တမူးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဩဂုတ်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထား သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့က ထုတ်ပြန်သော အမိန့်ကြေညာစာတွင် ဝန်ကြီးဌာနနှင့် စစ်ဒေသ၏ ညွှန်ကြားချက်မရှိဘဲ ဂိတ်စခန်းများ ဖွင့်လှစ်ခြင်း၊ ငွေကြေးကောက်ခံခြင်းများမပြုလုပ်ရန် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ တမူးမြို့နယ်အတွင်း ရှိ ကားလမ်းမအချို့တွင် တော်လှန်ရေးအင်အားစုအချို့က ကာကွယ်ရေးဝန်ကြီးဌာန၏ခွင့်ပြုချက်၊ မြို့ နယ်အုပ်ချုပ်ရေးအဖွဲ့၏ ခွင့်ပြုချက်မပါရှိဘဲ လမ်းမပေါ်တွင် ငွေကြေးကောက်ခံခြင်း၊ အလှူခံခြင်းများပြု လုပ်လာသည်ကို စိစစ်တွေရှိရကြောင်း တမူးပအဖ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်နက်ကိုင်တပ်ဖွဲ့အမည်အမျိုးမျိုးဖြင့် ဆက်ကြေးကောက်ခြင်း၊ ရွှေ၊ ငွေကြေးနှင့် တားမြစ်ကုန်မဟုတ် သော ပစ္စည်းများအားဖမ်းဆီးပြီး မတန်တဆငွေကြေးတောင်းယူခြင်းများသည် အမျိုးသားညီညွတ်ရေး အစိုးရ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပကဖ ၊ ပလဖ များ၏ လုပ်ရပ်မဟုတ်ကြောင်းနှင့် တော်လှန်ရေးအင်အားစုများအနေဖြင့် ယင်းသို့မပြုလုပ်ကြရန် သတိပေးထားသည်။

“ဟုတ်ကဲ့ အဖွဲ့အချို့က ငွေကြေးကောက်ခံနေတာတွေ ရှိပါတယ်။ တမူးမြို့နယ်ထဲမှာ တော်လှန်ရေးအဖွဲ့ အစည်းတွေကများပြီး တစုတဖွဲ့အောက်မှာ အားလုံးရှိနေတာ မဟုတ်ဘူး။ ရန်ပုံငွေကလည်း အားလုံးကို စီးဆင်းနေတာမဟုတ်တဲ့အခြေနေဆိုတော့ အခုလိုမျိုးတွေ ဖြစ်နေတာ”ဟု တမူးအခြေစိုက် ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက မဇ္စျိမကိုပြောသည်။

တမူးမြို့နယ်တွင် ကာကွယ်ရေးဝန်ကြီးလက်အောက်၌ ခရိုင်တပ်ရင်းအပါဝင် ပလဖ၊ ပကဖနှင့် တပ်ရင်း အချို့နေပြီး အခြားတော်လှန်ရေးအင်အားစုအဖွဲ့ ၁၀ ဖွဲ့ ခန့်ရှိကြောင်း ဆိုသည်။
၎င်းတပ်ဖွဲ့များသည့် NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ထောက်ပံ့မှုမရရှိသဖြင့် ရပ်တည်ရေးနှင့် တိုက်ပွဲ ဝင်နိုင်ရေးအတွက် အလှူခံခြင်းနှင့် တားမြစ်ကုန်ပစ္စည်းများ ဖမ်းဆီးဒဏ်တပ်ခြင်းများရှိနေကြောင်း သိရ သည်။

မည်သည့်တပ်ဖွဲ့ပင်ဖြစ်စေကာမူ ပြည်သူလူထုအား ဝန်ထုတ်ဝန်ပိုးမဖြစ်စေရန်၊ ဝန်ဆောင်မှုလုပ်ငန်းများ ဖြင့် အလုပ်ကျွေးပြုကြရန်နှင့် ပြည်သူ ငြိုငြင်မှုမရှိကြစေရန် ဆောင်ရွက်ကြရန်လိုကြောင်း ကာကွယ်ရေး တပ်ဖွဲ့ဝင်က ဆိုသည်။

ယခုကဲ့သို့အခြေအနေများမှ ရှောင်လွဲနိုင်ရန် အားလုံး အဖွဲ့အစည်းတခုအောက်မှ လုပ်ကိုင်နိုင်ခြင်းသာ လျှင်ဖြစ်ပြီး မြေပြင်အခြေအနေအရ ဖြစ်နိုင်ခြေလှမ်းကွာလျက်ရှိကြောင်း သိရသည်။
တမူးမြို့နယ်သည် အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး မူးယစ်ဆေးဝါး၊ ရွှေ၊ သစ်နှင့် တရားမဝင် ကုန်သွယ်မှုများ တဖက်နိုင်ငံနှင့်အရောင်းအဝယ်ပြုလုပ်သူများရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ် များ၏ပြောကြားချက်အရ သိရသည်။

စာတည်း။ ။စောဖေ

#စစ်ကိုင်းတိုင်း
#တမူးမြို့နယ်
#ငွေကြေးကောက်ခံခြင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13😁1
​​ကမ္ဘာ့အသိုင်းအဝိုင်း၏ ဘဏ္ဍာရေးအရ တိုးမြှင့်ဖိအားပေးခြင်းကို ရင်ဆိုင်လာရသည့် စစ်ကောင်စီ
=======================

စင်္ကာပူ၏ United Overseas Bank (UOB) ဘဏ်သည် စက်တင်ဘာ ၁ ရက်မှစပြီး မြန်မာနိုင်ငံရှိ ဘဏ်များနှင့် ဆက်ဆံပတ်သက်မှုတို့ကို ဖြတ်တောက်လိုက်ပြီ ဖြစ်ပြီး ယင်းသည် မြန်မာ၏ ဘဏ်လုပ်ငန်းအပေါ် ပစ်မှတ်ထားသော နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုများနှင့်အညီ ဖြစ်သည့် လုပ်ဆောင်ချက်တခု ဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏7😁1
​​အိန္ဒိယတွင် နှစ်ရာချီအတွင်း စံချိန်တင် အပူပြင်းဆုံး၊ အခြောက်သွေ့ဆုံးသော ဩဂုတ်လကို ကြုံတွေ့
=========================

အိန္ဒိယတွင် ရာစုနှစ်တစုကျော်အကြာက နိုင်ငံဆိုင်ရာ စံချိန်မှတ်တမ်းများ စတင်ကောက်ယူပြီးနောက်ပိုင်း ပြီးခဲ့သည့် ဩဂုတ်လသည် အပူပြင်းဆုံး၊ အခြောက်သွေ့ဆုံးသော ဩဂုတ်လအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👎3👍2😢2❤1🔥1
ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ ခလရ(၆၁)တပ်ရင်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်
👍7🔥1
ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ ခလရ(၆၁)တပ်ရင်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်
==================

ဂျူချန်း ၊ YT
(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် ခလရ(၆၁)တပ်ရင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG-MOD က ယနေ့ စက်တင်ဘာလ ၃ ရက်တွင် သတင်းထုတ်ပြန်သည်။
ခလရ(၆၁)တပ်ရင်းသို့ အင်အား ၁၀၀ ခန့် ဖြည့်တင်းထားကြောင်း သတင်းရရှိသဖြင့် သွားရောက်တိုက် ခိုက်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

“လက်နက်ကြီးနဲ့ပဲ ပစ်တာ။ ကျနော်တို့ဘက်ကတော့ သူတို့ထွက်ပစ်ရင် ပြန်ပစ်ဖို့ အင်အားတော့ အသင့်ပြင်ထားတယ်။ ဒါပေမယ့် သူတို့ထွက်မပစ်ဘူး” ဟု တိုက်ခိုက်မှုတွင်ပါဝင်သည့် MSRF အဖွဲ့တာဝန်ခံ နိုင်နဂါးက မဇ္ဈိမကိုပြောသည်။

စက်တင်ဘာလ ၂ ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၂၇)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) တပ်ရင်း(၁)၊ ပြည်သူ့ကာကွယ် ရေးတပ်မတော်(PDF) ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ်ဖွဲ့(YGF)နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF)တို့ ပူးပေါင်းကာ လက်နက်ကြီးဖြင့် သုံးကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း NUG-MOD ၏ ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးဖြင့်ပစ်ခတ်ပြီးနောက် ၁၀ မိနစ်ခန့်အကြာတွင် ခလရ(၆၁)မှ လက်နက် ကြီးဖြင့် သုံးကြိမ်ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပူးပေါင်းတပ်ဖွဲ့များဘက်သို့ ကျရောက်ပေါက်ကွဲခြင်း မရှိ သဖြင့် အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဆိုသည်။
“အထိအခိုက်ကတော့ စီစစ်ဆဲပဲ။ လူနာတင်ကားနဲ့ လာခေါ်ထုတ်သွားတာရှိတယ်လို့ မျက်မြင်တွေ့တဲ့ ဒေသခံဆီကတော့ သိထားရတယ်။ ဘယ်လောက်ထိခိုက်တယ်ဆိုတာတော့ အသေးစိတ်မသိရသေးဘူး” ဟု KNLA သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

ဩဂုတ်လ ၂၈ ရက်နေ့ကလည်း ရေးမြို့နယ်အခြေစိုက် စကခ(၁၉)နှင့် ခလရ(၆၁) တပ်စခန်းများကို ရေးမြို့နယ်နှင့် တနင်္သာရီအခြေစိုက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က SF-Z မောင်းသူမဲ့ လေယာဉ်ငယ်ဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#မွန်ပြည်နယ်
#ရေးမြို့နယ်
#တိုက်ခိုက်မှု

ပုံစာ-ခလရ(၆၁) အား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်စဉ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏10❤1🔥1
​​၂၀၂၄ ခုနှစ်တွင် ပြုလုပ်မည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ပြီးမှသာ ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုနိုင်မည်ဟု စစ်ခေါင်းဆောင်ပြော
=======================

မိုးသောက်
မဲဆောက်(မဇ္ဈိမ) ။ ။ လာမည့် ၂၀၂၄ ခုနှစ်တွင် ပြုလုပ်မည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုပြီးမှသာ ရွေးကောက်ပွဲအတွက် လိုအပ်သည့် မဲစာရင်းကို ပြုစုနိုင်မည်ဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်နေ့တွင် ပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေးတွင်ပြောခဲ့သည်။

သန်းခေါင်စာရင်းများ ကောက်ယူနိုင်ရန်အတွက် ယခု ၂၀၂၃ ခုနှစ် နှောင်းပိုင်းတွင် ပြင်ဆင်သွားမည်ဟု ၎င်းကပြောကြားခဲ့သော်လည်း ယခုနှစ်ကုန်ရန် သုံးလသာ ကျန်ရှိတော့သည်။ စစ်ကောင်စီက ရွေးကောက်ပွဲ မှန်မှန်ကန်ကန်ပြုလုပ်နိုင်ရန် မဲစာရင်းသည် အရေးကြီးကြောင်း၊ မဲစာရင်းပြုစုနိုင်ရန် သန်းခေါင်စာရင်းကောက်ရန် လိုအပ်ကြောင်း ပြောသည်။

ယခု၂၀၂၃ ခုနှစ် သြဂုတ်လတွင် ရွေးကောက်ပွဲလုပ်မည်ဟု ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သြဂုတ်လ အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုထားသည်။ စစ်ခေါင်းဆောင်က တရုတ်ပိုင် ဆင်ဟွာသတင်းဌာနသို့ ဥပဒေအရ ကာလများကို တွက်ကြည့်ပါက ၂၀၂၃ ခုနှစ် သြဂုတ်လအတွင်း ရွေးကောက်ပွဲ ပြီးစီးရမည်ဖြစ်ပြီး ရုရှားပိုင် RIA သို့ ထိုကာလတွင် ရွေးကောက်ပွဲပြုလုပ်နိုင်ရန် စီစဥ်ချိန် လုံလောက်ကြောင်း ပြောဆိုထားသည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ပြည်သူထုက စိတ်ဝင်စားမှုမရှိသကဲ့သို့ ၎င်းတို့၏သန်းခေါင်စာရင်းကောက်ခံမှုသည် တနိုင်ငံလုံးအတိုင်းအတာဖြင့် မဖြစ်နိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီပြောရေးဆိုခွင့်ရှိသူ ဦးစည်သူမောက်က မဇ္ဈိမကိုပြောသည်။

"သန်းခေါင်စာရင်းကောက်ဖို့က ကျနော်ထင်တယ်။ မြို့ကြီးတွေလောက်က လွဲလို့ အခုတိုက်ပွဲတွေဖြစ်တဲ့နေရာတွေမှာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ နောက်တခုကကျတော့ မြို့ကြီးတွေမှာပင်လျှင် မြို့ပြပြောက်ကျား တော်လှန်ရေးအဖွဲ့တွေရဲ့လှုပ်ရှားဆောင်ရွက်မှုတွေ ရှိနေတယ်။ နောက်တစ်ခုက မြို့ပြလူထုရဲ့ နိုင်ငံရေးအရနိုးကြားမှုကလည်း ရွေးကောက်ပွဲကို စိတ်ဝင်စားမှုမရှိဘူးလို့ယုံကြည်တယ်” ဟုပြောသည်။

သန်းခေါင်းစာရင်းကောက်ယူနိုင်မှသာလျှင် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများမှန်ကန်စွာထုတ်ပြန်နိုင်မည်ဟု စစ်ကောင်စီကဆိုသည်။

ထို့ကြောင့် ၂၀၂၃ခုနှစ်တွင်ရွေးကောက်ပွဲလုပ်ပေးမည်ဟု ပြောဆိုထားသည့် စစ်ကောင်စီသည် ၂၀၂၄ ခုနှစ် လူဦးရေသန်းခေါင်းစာရင်းထွက်လာပြီးတော့မှသာ ရွေးကောက်ပွဲလုပ်ငန်းစဉ်အတွက်အရေးကြီးသည့်မဲစာရင်းကို ပြုလုပ်မည်ဖြစ်သည်။

၂၀၂၀ ရွေးကောက်ခံ အရပ်သား နိုင်ငံ့ခေါင်းဆောင်များကို ဖမ်းဆီးပြီး အာဏာသိမ်းယူထားသည့် စစ်ကောင်စီက ပြုလုပ်ပေးမည့် ရွေးကောက်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအဖွဲ့များက ကန့်ကွက်ထားကြသည်။

စစ်ကောင်စီခေါင်းဆောင်က သန်းခေါင်းစာရင်းကောက်ယူမှုများနှင့် မဲစာရင်းများကောက်ယူမှုများအတွက် နယ်မြေတည်ငြိမ်အေးချမ်းရေးသည်အရေးကြီးကြောင်း ၎င်းတို့၏အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးသည်။ ၎င်းတို့ဆိုလိုသည့် နယ်မြေတည်အေးချမ်းမှုမရှိသည့် မြို့နယ်များမှာ တော်လှန်ရေးအဖွဲ့များအသာစီးရနေသည့်နေရာများပင်ဖြစ်သည်။

ပြီးခဲ့သည့် ကာလုံအစည်းအဝေးတွင် နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိ ဆိုသော အကြောင်းပြချက်ဖြင့် သက်တမ်းထပ်တိုးခဲ့သည့် စစ်ကောင်စီသည် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ချပြခဲ့သည့် စဥ်းစားချက် ၂ ချက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာအဖြင့် အကြားအလပ်မရှိ ရွေးကောက်ပြုလုပ်ရေးနှင့် မြို့နယ်အချို့ကို ချန်လှပ်ပြီးရွေးကောက်ပွဲပြုလုပ်ရေးတို့ပင်ဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ပြည်လုံးကျွတ်သန်းခေါင်စာရင်း
#ရွေးကောက်ပွဲ

ပုံအညွှန်း- ရွေး‌ကောက်ပွဲအတွင်း မဲလက်မှတ် ရေတွက်စဉ်(ဓာတ်ပုံ-AFP)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁17👍3❤2🤣2
​​ခင်ဦးမြို့နယ် ရှားတောကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်း ချုံခိုတိုက်ခိုက်ခံရသဖြင့် ၁၀ ဦးခန့် သေဆုံး
===================

လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အနောက်ခြမ်းရှိ ရှားတောကျေးရွာအနီးတွင် ခမရ(၃၆၁)မှ အင်အား ၁၅၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်း ဒေသတွင်းပူးပေါင်းတပ်ဖွဲ့၏ ချုံခိုတိုက်ခိုက်ခြင်းခံရသဖြင့် ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း စိန်ဗေဒါလှုပ်ရှားတပ်ဖွဲ့ထံမှ သိရသည်။

တိုက်ပွဲမှာ စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ခဲ့ပြီး နှစ်ဖက်ပစ်ခတ်မှု မိနစ် ၃၀ ခန့်ရှိခဲ့ကြောင်း စိန်ဗေဒါလှုပ်ရှားတပ်ဖွဲ့မှ ကိုဗေဒါကြီးကပြောသည်။
“ရန်သူ့စစ်ကြောင်းကို လက်နက်ငယ်တွေနဲ့ ချုံခိုတိုက်ခိုက်ခဲ့တာပါ။ မီတာ ၁၀၀ အတွင်းမှာ စောင့်ပြီး ပစ် ခတ်ခဲ့တာဖြစ်ပါတယ်။ နှစ်ဖက်ပစ်ခတ်မှု ၃၅ မိနစ်ခန့်အတွင်းမှာ သေဆုံးစစ်သား ၁၀ ဦးခန့်ရှိပြီး ထိခိုက် ဒဏ်ရာရသူ ၂၀ ကျော်လောက် ရှိမယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများသေဆုံးမှုနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည် ပြုနိုင်ခြင်း မရှိသေးပေ။

တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်နှစ်စင်းတတ်လာသည့်အတွက် တပ်ဖျောက်ကာ ပြန်လည်ဆုတ်ခွာခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်နှစ်ဦး ကျည်ထိမှန်ခဲ့ကြောင်း စိန်ဗေဒါ လှုပ်ရှား တပ်ဖွဲ့ထံမှ သိရသည်။

ယခုတိုက်ခိုက်မှုကို စိန်ဗေဒါလှုပ်ရှားတပ်ဖွဲ့ (KBU-UG)၊ ခင်ဦးမြို့နယ် တပ်ရင်း-၃ ၊ ကန့်ဘလူမြို့နယ် တပ်ရင်း-၄ နှင့် ဒေသတွင်းမဟာမိတ်များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ် စစ်ကြောင်းသည် တိုက်ခိုက်ခံရပြီးနောက် နောက်ကြောင်းပြန်လှည့်ကာ ရွာသစ်ကျေးရွာ ၌တပ်စွဲနေပြီး သေဆုံးသွားသည့်စစ်သားများနှင့်ဒဏ်ရာရသူများကို လူနာတင်ယာဉ်သုံးစီးဖြင့် လာရောက် သယ်ဆောင်သွားကြောင်း ကိုဗေဒါကြီးက ဆိုသည်။

စစ်ကောင်စီစစ်ကြောင်းများကြောင့် ခင်ဦးမြို့နယ်ရှိ ငါးယုံကြီး၊ ရှားတော၊ အောင်ချမ်းသာ၊ အိုင်ပေါင်း ချောင်၊ ယင်းတိုက်၊ ကျောက်တိုင်၊ သရက်ကုန်း၊ ကလုံကျေးရွာများမှ ဒေသခံ သောင်းနှင့်ချီပြီး စစ်ရှောင် နေရကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ခင်ဦးမြို့နယ်
#စစ်ကောင်စီစစ်ကြောင်း
#ချုံခိုတိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14❤2🤣2
Media is too big
VIEW IN TELEGRAM
(ရာသီသွေး)

https://youtu.be/WT-kXJxA6Ec

#ketamine #ဒေါက်တာဖြိုးသီဟ #reels #shorts
👍5🤮1
​​စစ်ကောင်စီတပ်သားများရှိသည့် ရွာသာရွာကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ ဗုံးသီးချတိုက်ခိုက်
=================


MTO
(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးဆိုသူများရှိသည့် ရွာသာရွာကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း ကျောက်ဆည်ခရိုင် တပ်ရင်း(၁) နဂါးနီတပ်ရင်းထံမှ သိရသည်။

“ဗုံးသီး ၄၂ လုံးအထိ အသုံးပြုတိုက်ခိုက်ခဲ့တယ်။ ပျူစောထီးခေါင်းဆောင်အပါအဝင် ၁၆ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်။ တချို့ကို မန္တလေး နန်းတွင်းထဲခေါ်သွားပြီး ဆေးကုပေးနေတာ တွေလည်းရှိတယ်”ဟု နဂါးနီတပ်ရင်းမှ ဒုတပ်ရင်းမှူးဆရာလေးက ပြောသည်။

ဩဂုတ်လ ၃၀ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့အထိ သုံးရက်ဆက်တိုက် မောင်းသူမဲ့လေယာဉ်ငယ် များ အသုံးပြု၍တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
တိုက်ခိုက်မှုတွင် ရွာသာရွာအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးဆိုသူများက လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပတ်ခတ်မှုများရှိခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှု မရှိကြောင်း ၎င်းကဆိုသည်။

ရွာသာရွာသည် ဧရာ၀တီမြစ်အတွင်းမှ ကျွန်းရွာတရွာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ ရေလမ်းခရီးများအတွက် အရေးပါသည့် နေရာဖြစ်သောကြောင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆရာလေးက ဆိုသည်။

“ရေလမ်းခရီးကလာရင် ရွာသာရွာမှာ သင်္ဘောတွေထားပြီးတော့ စစ်ကြောင်းထိုးတာတွေရှိတယ်။ မြစ် ကြောင်းနဲ့ပတ်သက်ရင် အဲဒီရွာကအဓိကကျနေတယ်။ ဒီရွာပြုတ်ရင် အဲဒီဘက်တကြောမှာ ရေကြောင်း က ကြောက်စရာမလိုတော့ဘူး” ဟု လည်းပြောသည်။

ယခုတိုက်ခိုက်မှုများကို ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့ကဦးဆောင်ပြီး ကျောက်ဆည်ခရိုင်တပ်ရင်း (၁) (နဂါးနီတပ်ရင်း)၊ ရွှေဘိုခရိုင်တပ်ရင်း (၁၅)(Eagle Guerilla Force ဗိုလ်ကောက်ရိုးအဖွဲ့)၊ မိတ္ထီလာပြည်သူ့ ကာကွယ်ရေးဒရုန်းတပ်ဖွဲ့၊ Lightning Drone Force ၊ Shar Htoo Waw နည်းပညာဖြင့် Drop For Justice ၊ Shar Htoo Waw နည်းပညာဖြင့် CDSOM အနောက်ခြမ်းတိုက်ခိုက်ရေးအဖွဲ့ 001 ၊ Demo Pauk Kwae (ဒီမိုပေါက်ကွဲ) ဆားတောင်မိုးကြိုးအဖွဲ့၊ ရဲဘော်သုံးကျိပ်၊ ရွှေဘိုခရိုင် တပ်ရင်း(၁၅) ၊တပ်ခွဲ (၂)၊Fight For Freedom အဖွဲ့နှင့် မုံရွာခရိုင် တပ်ရင်း (၂၁) တပ်ခွဲ (၂) NDRF အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#မန္တလေးတိုင်း
#စဉ့်ကူးမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု

ပုံအညွှန်း-ဒရုန်းဖြင့်ကျဲချသည့် ဗုံးသီးများကို တွေ့ရစဉ်။(ဓါတ်ပုံ-ကျောက်ဆည်ခရိုင်တပ်ရင်း ၁-နဂါးနီ)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12❤1👏1😁1
Media is too big
VIEW IN TELEGRAM
သွေးဆင်းများနေရင် ဘာလုပ်သင့်လဲ_

https___youtu.be_WT-kXJxA6Ec

#ketamine#ဒေါက်တာဖြိုးသီဟ#reels #shorts
👍3🤮1