Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
သွေးဆင်းများနေရင် ဘာလုပ်သင့်လဲ_

https___youtu.be_WT-kXJxA6Ec

#ketamine#ဒေါက်တာဖြိုးသီဟ#reels #shorts
👍3🤮1
​​ရှေ့ဘီးပေါက်၍ ရပ်ထားရသည့် Y8 စစ်ကောင်စီလေယာဥ်ကို အခြားစစ်လေယာဥ်က ဝင်တိုက်
====================

ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။ မြိတ်လေဆိပ်သို့ ဆင်းသက်သည့် Y8 အမျိုးအစား စစ်ကောင်စီ လေယာဥ် ရှေ့ဘီးကျိုးပြီး လေယာဥ်ပြေးလမ်းမှ လမ်းချော်ခဲ့ကြောင်း ယင်းလေဆိပ်နှင့် နီးစပ်သူများထံက သိရသည်။

လေယာဥ်လမ်းချော်မှုသည် စက်တင်ဘာလ ၁ ရက် နံနက် ၁၀ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နေ့လယ် ၂ နာရီခန့်တွင် အခြားစစ်လေယာဥ်တစ်စီးသည် လမ်းချော်၍ ရပ်ထားရသည့် Y8 လေယာဥ်ကို ဝင်တိုက်မိခဲ့ကြောင်း သိရသည်။

မြိတ်လေတပ်စခန်းနှင့် နီးစပ်သူ တစ်ဦးက“တိုက်မိတယ် ဆိုတဲ့ သတင်းတော့ အစအန ဖျောက်ထားလို့ပါ ။ ဖြစ်စဉ်ကတော့ သေချာပါတယ်။ အခုက မြိတ်လေဆိပ်ရဲ့ အရပ်ဘက် ခရီးသွားတွေ သွားနေတဲ့ နေရာကနေ စစ်ဖက်ဆိုင်ရာ လေယာဉ်တွေ ဆင်းတဲ့ နေရာကို ကြည့်ရင်တော့ မြင်ရမှာ မဟုတ်ပါဘူး။ ဟိုဘက်နဲ့ ဒီဘက်က ဖြစ်နေတော့ ဝေးတယ်။ လေတပ်ဘက်က ဆိုရင် MFD အိမ်ယာဝင်းတို့ ၊ဗလပ်စုံဘုန်းကြီးကျောင်းတို့နဲ့ ဆိုရင် ကြည့်ရင်တော့ အနီးစပ်ဆုံး မြင်နိုင်ပါတယ်။ ဒါပေမဲ့ ကြားမှာ သစ်တောတွေနဲ့ ကာရံထားတော့ မြင်ရဖို့ မလွယ်ဘူး”ဟု ပြောသည်။

လေဆိပ် တာဝါတိုင်ရှိ လေယာဥ်လမ်းကြောင်း စောင့်ကြည့်သူများက လမ်းကြောင်းရှင်းသည်ဟုဆိုကာ ဆင်းသက်ခိုင်းရာမှ ထိုသို့ စစ်ကောင်စီ လေယာဥ်ခြင်းတိုက််မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ တိုက်မိမှုကြောင့် Y8 လေယာဥ်မှာ ထက်ပိုင်းကျိုးသွားပြီး အခြားလေယာဥ်မှာ ထိပ်ဖူးကျိုးသွားကြောင်း သိရသော်လည်း မဇ္ဈိမက သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါ။

လက်ရှိတွင် မြိတ်လေတပ်စခန်း အနီးဝန်းကျင်၌ စစ်ကောင်စီဘက်က လုံခြုံရေး အများအပြား တိုးမြှင့် ချထား၍ မည်သူမျှ အနီးကပ် ကြည့်ရှု့၍ မရကြောင်း မြိတ်ဒေသခံများထံက သိရ သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#Y8 စစ်ကောင်စီလေယာဥ်
# မြိတ်လေဆိပ်

(ပုံစာ မြိတ်လေတပ်စခန်းအားတွေ့ရစဉ်)
ပုံအညွှန်း - ၂၀၁၉ ခုနှစ်က လေယာဥ်လမ်းချော်ခဲ့သည့် Y8 အမျိုးအစား စစ်ကောင်စီလေယာဥ် (ဓာတ်ပုံ-Myanmar Aviation Development Association Facebook)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🥰10👍7👏3😁2
​​နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန် ‘ရွှေဗီဇာ’ အစီအစဉ်ကို အင်ဒိုနီးရှား မိတ်ဆက်
=====================

အင်ဒိုနီးရှားသည် နိုင်ငံ၏ စီးပွားရေးကို အားပေးမြှင့်တင်ရန် ကြိုးပမ်းသည့်အနေဖြင့် နိုင်ငံရပ်ခြားမှ တဦးချင်းနှင့် အသင်းအဖွဲ့ဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ဖိတ်ခေါ်ရန် ရွှေဗီဇာအစီအစဉ်တရပ်ကို စတင်မိတ်ဆက်ကြောင်း ဥပဒေနှင့် လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနမှ စက်တင်ဘာ ၃ ရက်တွင် ဖြန့်ဝေသော ထုတ်ပြန်ချက်တရပ်အရ သိရသည်။

“ဒီ ရွှေဗီဇာ အစီအစဉ်က ငါးနှစ်ကနေ ၁၀ နှစ်အထိ နေထိုင်ခွင့်ပါမစ်တခု ခွင့်ပြုပေးမှာပါ” ဟု လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် ဆီလ်မိုင် ကာရင်မ်က ထုတ်ပြန်ချက်တွင် ပြောသည်။

ငါးနှစ် ဗီဇာတွင် တဦးချင်း ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အမေရိကန်ဒေါ်လာ ၂ သန်းခွဲ တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုနှင့်အတူ ကုမ္ပဏီတခု ထူထောင်ရန် လိုအပ်မည် ဖြစ်ပြီး ၁၀ နှစ် ဗီဇာအတွက် ဒေါ်လာ ၅ သန်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် လိုအပ်မည် ဖြစ်သည်။
👍4❤1🔥1
​​ဒေသခံ ၃ ဦး ဗုံးသီးထိမှန်ဒဏ်ရာရခြင်းသည် တော်လှန်ရေးအင်အားစုများကြောင့် မဟုတ်ကြောင်း သထုံခရိုင် PDF တာဝန်ခံ ငြင်းဆို
=====================

YT
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာအနီးတွင် တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့်ကြဲချ၍ ဗုံးသီးထိမှန်ကာ အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု စစ်ကောင်စီထောက်ခံသူ များ၏ တယ်လီဂရမ်ချန်နယ်များတွင်ဖော်ပြနေသော်လည်း အဆိုပါဖြစ်စဉ်မှာ မှန်ကန်မှုမရှိကြောင်း သထုံ ခရိုင် PDF တာဝန်ခံက ငြင်းဆိုသည်။

စက်တင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းက ဒရုန်းပေါ်မှကြဲချသည့် ဗုံးသီးတစ်လုံး ရန်ကုန်- မော်လမြိုင်လမ်း ပေါ်၌သွားလာနေသည့် ဘေးတွဲဆိုင်ကယ်တစီးအနီးတွင် ကျရောက်ပေါက်ကွဲပြီး အရပ်သားသုံးဦး ထိခိုက် ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဒရုန်းဖြင့် ဗုံးကြဲမှုအား စစ်ကောင်စီထောက်ခံသူများ၏တယ်လီဂရမ်ချန်နယ်များက KNU ၊ PDF တော်လှန်ရေးအင်အားစုများက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲပြောဆိုထားသော်လည်း သထုံခရိုင် PDF တာဝန်ခံကမူ ၎င်းတို့ ပြုလုပ်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

“အဲဒီဖြစ်စဉ်က မဟုတ်ပါဘူး။ သူတို့ဘက်က သက်သက်ဝါဒဖြန့်တာပါ။ အဲဒီ ၁ ရက်နေ့က Drop Bomb သုံးတာ ဘာတခုမှမရှိပါဘူး။ ပြီးတော့ ကျွန်တော်တို့သိရသလောက် သူတို့(စစ်ကောင်စီတပ်) ကိုယ်တိုင် လည်း ဒရုန်းတွေသုံးလာတယ်ဆိုတာ သိရပါတယ်။ တော်လှန်ရေးဘက်ကတော့ ပြုလုပ်ခဲ့တာမရှိပါဘူး ဗျ” ဟု သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက မဇ္ဈိမကိုပြောသည်။
ဗုံးစများထိမှန်၍ ဘေးတွဲဆိုင်ကယ်မောင်းနှင်လာသူ ဦးခိုင်ရွှေနှင့် စီးနင်းလိုက်ပါလာသည့် ဒေါ်မြင့်ဝင်းနှင့် ကိုမြင့်ဇော်တို့ ဒဏ်ရာကိုယ်စီရခဲ့ကြကြောင်း၊ ၎င်းတို့မှာ ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရပြီး ယခုအခါ သက်သာနေပြီဖြစ်ကြောင်း ဒေသခံတဦးထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်းကလည်း ရန်ကုန်-မော်လမြိုင်လမ်း ကျိုက်ထိုမြို့နယ်၊ ဝင်းပြန်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တပ်မဟာ (၁) KNLA ပူးပေါင်းတပ်ဖွဲ့အကြားတိုက်ပွဲဖြစ် ပွားနေစဉ် စစ်ကောင်စီတပ်၏ ရမ်းသန်ပစ်ခတ်မှုကြောင့် လူနာတင်ယာဉ်တစီး သေနတ်ထိမှန်ခဲ့သည်။

စစ်ကောင်စီတပ်၏ပစ်ခတ်မှုကြောင့် လူနာတင်ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ကျိုက်ထိုမြို့နယ်မှ ဒေါ်ရွှေစင်၏ ပေါင်နှင့် ခြေသလုံးတွင် ကျည်ဖောက်ဝင်ဒဏ်ရာရခဲ့ပြီး အဆိုပါဖြစ်စဉ်ကိုလည်း စစ်ကောင်စီ ထောက်ခံသူများ၏ တယ်လီဂရမ်ချန်နယ်များက KNU၊ PDF များကပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ထားပြီး သထုံခရိုင် PDF တာဝန်ခံက အဆိုပါဖြစ်စဉ်သည်လည်း ၎င်းတို့ပြုလုပ်ခဲ့ခြင်းမဟုတ်ကြောင်း တဆက် တည်း ငြင်းဆိုသည်။

အလားတူပင် ဩဂုတ်လ ၂၇ ရက်နေ့က ကျိုက်ထိုမြို့နယ်၊ ဒေါင်းတောင်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင် လမ်းပေါ်တွင် မော်တော်ယာဉ်ခြောက်စီးပါ စစ်ကောင်စီ၏ယာဉ်တန်း တော်လှန်ရေးအင်အားစုများ၏ ကြားဖြတ်တိုက်ခိုက်ခြင်းခံရပြီးနောက် အဆိုပါစစ်ယာဉ်တန်းက ကားလမ်းမတလျှောက် လက်နက်ကြီး များ၊ သေနတ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သည်။

ယင်းသို့ စစ်ကောင်စီတပ်၏ ရမ်းသန်းပစ်ခတ်မှုကြောင့် ရန်ကုန်-မော်လမြိုင်လမ်းပေါ်တွင် သွားလာနေ သည့် အင်္ဂဘိုကျေးရွာမှ အရပ်သား နှစ်ဦး၊ အခြားဒေသခံတဦး စုစုပေါင်းသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အဆို ပါပစ်ခတ်မှုသည်လည်း တော်လှန်ရေးအင်အားစုများက ပစ်ခတ်ခြင်းဖြစ်ကြောင်း စစ်ကောင်စီလော်ဘီ များ၏ တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြခဲ့ကြသည်။

စာတည်း။ ။စောဖေ

#မွန်ပြည်နယ်
#ဘီးလင်းမြို့နယ်
#ရန်ကုန်-မော်လမြိုင်လမ်း

ပုံအညွှန်း- စစ်ကောင်စီထောက်ခံသူ လော်ဘီများ၏ တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြထားသည့် ဒဏ်ရာရသူ ဒေါ်မြင့်ဝင်း​၏ ဓါတ်ပုံ (ဓါတ်ပုံ- Saw Ba Maung Telegram Channel)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥2
ကော့ကရိတ်တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးအပါ ၃ ဦး ကျဆုံး၊ မဟာမိတ်တပ်ပေါင်းစုဘက်မှ ၃ ဦးကျဆုံး
================

ဘတ်ဝှိုက်ဇာ
(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် တောင်ကြာအင်းနှင့် ကော့နွဲကျေးရွာတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ဗိုလ်မှူးအပါအဝင် ဒုဗိုလ်တစ်ဦး ၊တပ်ကြပ်တစ်ဦး သေဆုံးကာ ရှစ်ဦး ဒဏ်ရာရခဲ့ပြီး မဟာမိတ်တပ်ပေါင်းစုဘက်မှ သုံးဦးကျဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း Saw Dragon Drone Force – SDDF အဖွဲ့က ယနေ့ စက်တင်ဘာလ ၃ ရက်တွင်ထုတ်ပြန်သည်။

" သြဂုတ် ၁၉ ရက်နေ့က ဂဠုန်စစ်ကြောင်းရဲ့၆၀ မမ လက်နက်ကြီးကြောင့် စကစရဲ့ ဗိုလ်မှူးတယောက်သေတယ် ။ ကျွန်တော်တို့ SDDF အဖွဲ့က ဒရုန်းသုံးပြီး ဗုံးသီး ကိုးလုံးနဲ့ပစ်တာကြောင့် ဒုဗိုလ်တယောက်နဲ့ တပ်ကြပ်တယောက်သေတယ် ။ ရှစ်ယောက်ဒဏ်ရာရတယ်။ သြဂုတ်လ ၂၈ ရက်နေ့ကတော့ ကျွန်တော်တို့ မဟာမိတ်အဖွဲ့က သုံးယောက်ကျပြီး တယောက် ဒဏ်ရာထပ်ရလို့ တပ်ဆုတ်ထားတယ် "ဟု Saw Dragon Drone Force – SDDF ၏ ပြန်ကြားရေးတာဝန်ခံ ကိုရှဲဒိုးက မဇ္စျိမကိုပြောသည်။

တောင်ကြာအင်းကျေးရွာတွင် အင်အားဖြည့်တင်းနေသည့် စစ်ကောင်စီတပ်က သြဂုတ်လ ၁၉ ရက်နှင့် ၂၀ ရက်က အနီးကျေးရွာများသို့ ၁၂၀ မမ၊ ၆၀ မမ လက်နက်ကြီးများနှင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့၍ ဂဠုန်စစ်ကြောင်း (Fixed Wing) တပ်ဖွဲ့ ၊ KNDO တပ်ရင်း (၆) ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ Saw Dragon Drone Force - SDDF က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း မဟာမိတ်တပ်ပေါင်းစုက စစ်ကောင်စီဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး ဒရုန်းဖြင့် ကိုးကြိမ် တိုက်ခိုက်ခဲ့ကြောင်း SDDF ထံက သိရသည်။

ထို့ နောက် ဩဂုတ်လ ၂၃ရက်နေ့တွင် ကော့နွဲ‌ကျေးရွာ ရဲစခန်းအနီးရှိ စစ်ကောင်စီတပ် အခြေချတပ်စွဲထားသည့် စာသင်ကျောင်း ကို ဗုံးသီးကြီး နှစ်လုံး နှင့် ရွာသစ်ကုန်းကျေးရွာရှိ ခမရ ၃၄၃ တိုင်းတပ်များ ဗုံးသီးငယ် နှစ်လုံးအသုံးပြု တိုက်ခိုက်ခဲ့သည့်အနက် တစ်လုံးမှာ နည်းပညာချို့ယွင်းချက်ကြောင့် ပေါက်ကွဲမှု မရှိခဲ့ကြောင်း SDDF ပြန်ကြားရေး တာဝန်ခံကပြောသည်။

ဩဂုတ်လ ၂၈ရက် နေ့လယ်တွင် တောနော်ရေတံခွန်အနီးရှိ စစ်ကောင်စီတပ်စခန်းအား KNLA တပ်ရင်း ၁၈၊ ကျားဖြူစစ်ကြောင်း၊ ဂဠုန်စစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်းနှင့် Saw Dragon Drone Force – SDDF တပ်ပေါင်းစုတို့က လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းများဖြင့်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ပစ်ခတ်လိုက်သော ၆၀ မမ လက်နက်ကြီးကြောင့် မဟာမိတ်တပ်ပေါင်းစု တပ်ဖွဲ့ဝင် သုံးဦးမှာ ပေါင်ရင်း၊ ခြေထောက်နှင့် လက်တို့တွင် ထိမှန်ခဲ့သောကြောင့် ကျဆုံးခဲ့ပြီး တဦးဒဏ်ရာရရှိခဲ့သည့်အပြင် ကင်းထောက်ဒရုန်းတစင်းဆုံးရှုံးခဲ့ကြောင်း SDDF ပြန်ကြားရေးတာဝန်ခံကမဇ္စျိမကိုပြောသည်။

ယခုနောက်ဆုံးစစ်ဆင်ရေးတွင် ရန်သူဘက်မှ အထိအခိုက်အကျအဆုံးများနိုင်သော်လည်း စုံစမ်းနေဆဲဖြစ်သောကြောင့် အရေအတွက်အတိအကျမသိရသေးကြောင်း၎င်းကဆိုသည်။

https://youtu.be/9TkX5RYdgNo?si=BUwQ0PZLqe3ntHTa

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ကော့ကရိတ်တိုက်ပွဲ
#စစ်ကောင်စီဗိုလ်မှူးကျဆုံး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😁1
​​ကြာအင်းဆိပ်ကြီးမြို့နယ်ကို စစ်ကောင်စီက လေကြောင်းမှသာ ရိက္ခာထောက်ပို့နိုင်
===================

YT
(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်ကောင်စီသည် လေကြောင်းမှသာ ခလရ (၃၂)သို့ လက်နက်နှင့် စားနပ်ရိက္ခာထောက်ပို့ခြင်းများပြုလုပ်နေသည်ဟု ကာကွယ်ရေးတပ်ထံမှ သိရသည်။

“ဒီဘက်ခွင်က သူတို့ မြေပြင်ကနေ ထောက်ပို့လုပ်လို့ မရတော့ဘူး။ အရှေ့တောင်တိုင်းစစ်ဌာနချုပ် မော်လမြိုင်ကနေကြာအင်းဆိပ်ကြီးကို ထောက်ပို့လုပ်ရင် လမ်းပိုင်းတွေ မထိန်းချုပ်နိုင်တဲ့အတွက် ကား တွေနဲ့ မလာရဲတော့တာ” ဟု Cloud Wings တပ်ဖွဲ့ မှ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။

စက်တင်ဘာလ ၁ ရက်နေ့ မွန်းလွဲပိုင်းက ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် ခလရ(၃၂)သို့ ရိက္ခာလာပို့ သည့် စစ်ကောင်စီ၏ ရဟတ်ယာဉ်နှစ်စီးကိုလည်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ၎င်းက ပြောသည်။

ရိက္ခာများ လာရောက်ပို့ဆောင်သည့် စစ်ကောင်စီတပ်၏ Mi 35 ရဟတ်ယာဉ်တစီးနှင့် Mi 17 ရဟတ်ယာဉ် တစီးအား တပ်မဟာ (၆) KNLA ၊ Cloud Wings ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုရှိခဲ့သော်လည်း ကာကွယ် ရေးတပ်ဖွဲ့ဘက်တွင် ထိခိုက်မှုမရှိကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ စစ်ကောင်စီလက်အောက်ခံ တပ်ရင်း၊ တပ်စခန်းများ၊ အစိုးရရုံးများ မကြာခဏတိုက်ခိုက်ခံရလေ့ရှိပြီး တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့ဝင်များက ဂိတ်စခန်းများ ဖွင့်ကာ လုံခြုံရေးယူစစ်ဆေးလျက်ရှိကြောင်း သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ကရင်ပြည်နယ်
#ကြာအင်းဆိပ်ကြီးမြို့နယ်
#ထောက်ပို့

ပုံအညွှန်း- Cloud Wings တပ်ဖွဲ့​ ဒရုန်းစစ်ဆင်ရေးအတွက် ပြင်ဆင်နေပုံ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18😁2
ကြာအင်းဆိပ်ကြီးမြို့ရှိ ရဲစခန်းနှင့် ဇမိခန်းမကို ပူးပေါင်းတပ်ဖွဲ့ ဒရုန်းဖြင့်ဗုံးသီချ တိုက်ခိုက်
👍9🔥1
ကြာအင်းဆိပ်ကြီးမြို့ရှိ ရဲစခန်းနှင့် ဇမိခန်းမကို ပူးပေါင်းတပ်ဖွဲ့ ဒရုန်းဖြင့်ဗုံးသီချ တိုက်ခိုက်
======================

YT
(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မြို့နယ်ရဲစခန်းနှင့် စစ်ကောင်စီတပ်ဖွဲ့ အထိုင်ချထားသည့် ဇမိခန်းမတို့အား တပ်မဟာ (၆) KNLA၊ Cloud Wings ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း Cloud Wings တပ်ဖွဲ့ကယနေ့ စက်တင်ဘာလ ၃ရက်တွင် ထုတ်ပြန်သည်။

စက်တင်ဘာလ ၁ ရက် ညပိုင်းတွင် ကြာအင်းဆိပ်ကြီးမြို့နယ်ရဲစခန်းနှင့် စက်တင်ဘာလ ၂ ရက် နံနက် ၃ နာရီတွင် ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် ဇမိခန်းမတို့အား ဒရုန်းဖြင့် ၁၀၇ မမ ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်ခံရမှုကြောင့် ဇမိခန်းမနှင့်ရဲစခန်း အဆောက်အအုံအချို့ အမိုးအကာများ ထိမှန်ပျက်စီးကြောင်း Cloud Wings တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေအတွင်း တည်ရှိပြီး အဆိုပါနယ်မြေတွင် စစ်ကောင်စီတပ်၏ နယ်မြေစိုးမိုးနိုင်စွမ်း နည်းပါးလာကြောင်း ၎င်းကဆိုသည်။

“မြို့ပေါ်မှာ သူတို့စစ်တပ်နေရာ ရှိတယ်။သူတို့နေရာ ကွက်ကွက်လေးမှာပဲ နေတော့တယ် အပြင်ကို ထွက်မလာတော့ဘူး။ သူတို့တပ်ရှေ့မှာ တခါတလေ စစ်ဆေးရေးဂိတ်ဖွင့်တယ် ဒီလောက်ပဲ" ဟု ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ အခြေအနေအား Cloud Wings မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ဩဂုတ်လ၂၇ ရက် နှင့် ၂၈ ရက် တို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲအထိုင်ချရာ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အမှတ် (၅) ရပ်ကွက်ရှိ မြို့နယ်သမဝါယမ ဌာနရုံး၊ မြို့နယ်စည်ပင်သာယာရေးရုံး၊ မြို့နယ်စာရင်းစစ်ရုံးနှင့် မြို့နယ်စိုက်ပျိုးမွေးမြူရေးဘဏ်ရုံးတို့အား တပ်မဟာ (၆) KNLA ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ပြုလုပ်ခဲ့သေးသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ကရင်ပြည်နယ်
#ကြာအင်းဆိပ်ကြီးမြို့နယ်
#တိုက်ခိုက်မှု

ပုံအညွှန်း- Cloud Wings တပ်ဖွဲ့ ဒရုန်းစစ်ဆင်ရေးအတွက် ပြင်ဆင်နေပုံများ (ဓါတ်ပုံ- Cloud Wings)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥1
​​ရွှေ့ဆိုင်းခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ အထူးအယူခံအမှုများ တရားလွှတ်တော်ချုပ်တွင် ပြန်ကြားနာမည်
===============

001
(မဇ္စျိမ)။ ။ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ကြားနာရန် ရွှေ့ဆိုင်းခဲ့သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အထူးအယူခံ အမှု ခြောက်မှုကို လာမည့် စက်တင်ဘာလ ၅ ရက်နေ့တွင် ပြန်လည်ကြားနာသွားမည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံက သိရသည်။

အဆိုပါ အမှုများမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိစ္စနှင့် ပတ်သက်ပြီး အဂတိဖြင့် စွပ်စွဲထားသည့် အမှုလေးမှုနှင့် စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ထံမှ တံစိုးလက်ဆောင်ရယူသည်ဟုစွပ်စွဲထားသည့် အဂတိအမှုနှစ်မှုတို့ဖြစ်ကြောင်း သိရသည်။

ယင်းအမှုများကို အထူးအယူခံ ဝင်ခွင့်ပြုရန် သင့်၊ မသင့် ကြားနာရန် ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်နေ့တွင် ချိန်းဆိုခဲ့သော်လည်း တရားလွှတ်တော်ချုပ်က ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူတဦးကပြောသည်။

ထိုအထဲမှ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ကိစ္စနှင့် ပတ်သက်သည့် အမှုနှစ်မှုတွင် ဒေါက်တာမျိုးအောင်နှင့် ဦးရဲမင်းဦးတို့လည်း ပူးတွဲပါဝင်သည်။

ဒေါ်ခင်ကြည်ဖောင်းဒေးရှင်း၏ နေပြည်တော်လရောင်တော စိုက်ပျိုးသက်မွေးပညာသင်တန်းကျောင်းအတွက် မြေနေရာလျှောက်ထားရယူခြင်း၊ လရောင်တောတွင် ဖောင်ဒေးရှင်းဉက္ကဌ နေထိုင်ရန် တထပ်အဆောက်အအုံဆောက်လုပ်ခြင်း၊ ရန်ကုန် ၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း (ရုံးချုပ်) ဖွင့်လှစ်ရန် မြေနှင့် အဆောက်အဦငှားရမ်းခြင်းတို့တွင် အဂတိလိုက်စားသည်ဟုစွပ်စွဲကာ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အား အမှုလေးမှုဖြင့် ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

နိုင်င်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံခဲ့ရပြီး ထိုအထဲမှ ကနဦးစွဲဆိုထားသည့် အမှုများ၏ ထောင်ဒဏ် ခြောင် နှစ်ကို လျှော့ပေါ့ပေးကြောင်း စစ်ကောင်စီက ဩဂုတ်လ ၁ ရက်နေ့က ကြေညာထားသည်။

တရားလွှတ်တော်ချုပ်အထိ အယူခံ ၊ အထူးအယူခံ ဆက်တက်ထားသည့် အမှုများနှင့် ပတ်သက်ပြီး ဆွေးနွေးနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးရန် ရှေ့နေအဖွဲ့က ယခုနှစ် အစောပိုင်းကတည်းက တင်ပြထားခြင်းဖြစ်သော်လည်း စစ်ကောင်စီက ခွင့်မပြုသေးပေ။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ဒေါ်အောင်ဆန်းဆုကြည်
#အထူးအယူခံ အမှုများ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8❤1🤮1
ယင်းမာပင်မြို့နယ်အတွင်း တော်လှန်ရုပ်ရှင်ပြသပွဲနှင့် နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်
❤6🔥1
ယင်းမာပင်မြို့နယ်အတွင်း တော်လှန်ရုပ်ရှင်ပြသပွဲနှင့် နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်
===================

ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အနောက်ခြမ်းကျေးရွာများ၌ တော်လှန်ရုပ်ရှင်ပြသခြင်းနှင့် နိုင်ငံရေးဆွေးနွေးပွဲမျာကို ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံသပိတ်ကော်မတီဝင်များက ပြုလုပ် ခဲ့ ကြောင်းသိရသည်။

ဩဂုတ်လ ၂၈ ရက်မှ စက်တင်ဘာလ ၂ ရက်နေ့အထိ လူငယ်အားမာန်သပိတ်စစ်ကြောင်းနှင့်ပူးပေါင်းကာ ကျေးရွာခုနစ်ရွာနှင့် စာသင်ကျောင်းနှစ်ကျောင်းတွင် ရုပ်ရှင်ပြသခြင်းနှင့် နိုင်ငံရေးဟောပြောခြင်း၊ ဆွေး နွေးပွဲကျင်းပခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့လူထုက တော်လှန်ရေးသုံးနှစ်တာကာလကိုရောက်ရှိနေပြီဆိုတော့ ပင်ပန်းနေပြီး အနိဋ္ဌာရုံ တွေ၊ စိတ်ပျက်စရာ ဝမ်းနည်းစရာကြေကွဲစရာတွေကို တဒင်္ဂဖြေဖျောက်ဖို့ ရုပ်ရှင်နဲ့အစားထိုးဖို့ ရည်ရွယ် ချက်နဲ့ ပြသခဲ့ကြတာပါ” ဟု ကျေးရွာပေါင်းစုံသပိတ်ကော်မတီဝင် ကိုသက်ဦးက မဇ္စျိမကိုပြောသည်။

၎င်းအပြင် လူထုအကြားတွင် နိုင်ငံရေးအသိမြင်တိုးပွားလာစေရန်၊ တော်လှန်ရေး၏ ရည်ရွယ်ချက်ကို သိရှိ ပြီး အားလျော့အားပျော့နေရာမှ တော်လှန်ရေးလူထုတိုက်ပွဲများတွင် အင်တိုက်အားတိုက်ပါဝင်စေလို သည့် ရည်ရွယ်ချက်များဖြင့် နိုင်ငံရေးဆွေးနွေးပွဲများကို ပြုလုပ်ခဲ့ကြောင်းဆိုသည်။

တော်လှန်ရုပ်ရှင်များအဖြစ် “မိုးခါးရေ” ၊ “There was ရှိခဲ့သည့် ၊ မပြီးသေးဘူး ငါတို့အလှည့်ကျန်သေး တယ်”ရုပ်ရှင်များအားပြသခဲ့ပြီး ၈၈ ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ကလည်း ရုပ်သံဖိုင်ပေးပိုပြီး အားပေးစကားများ ပြောကြားခဲ့သည်။

ကျေးရွာပေါင်းစုံသပိတ်ကော်မတီဝင်များသည် နေ့စဥ် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြပွဲများ သာမက စစ်ဘေးရှောင်ပြည်သူများကို တတ်နိုင်သမျှ ကူညီပေးခြင်းများလည်း လုပ်ဆောင် နေကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#ကျေးရွာပေါင်းစုံသပိတ်ကော်မတီ
#တော်လှန်ရုပ်ရှင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1
အမျိုးသမီးများ ဓမ္မတာလာတာများခြင်း(ရာသီသွေး)​| ကျန်းမာသုတ လူမှုဘဝ Episode - 31
=========================

ဒီတပတ်ရဲ့ ''ကျန်းမာသုတ လူမှုဘ၀'' အစီအစဉ်မှာ
အရွယ်ရောက်အမျိုးသမီးတွေမှာ ကြုံရတတ်တဲ့ ဓမ္မတာလာခြင်းဆိုင်ရာ အကြောင်းအရာတွေကို တင်ဆက်ပေးချင်ပါတယ်။
ရာသီသွေးဆင်းများတာ လနဲ့ချီကြာလာရင် သွေးအားနည်းရောဂါ ဖြစ်နိုင်လား။

ဘယ်လိုအခြေအနေမျိုးဆို ရာသီသွေးအဆင်းများတယ်လို့ သတ်မှတ်လို့ရမလဲ၊ သက်သာအောင် ဘယ်လိုလုပ်လို့ရမလဲ။
ဓမ္မတာလာချိန်မဟုတ်ဘဲ သွေးဆင်းများနေရင် ဘာလုပ်သင့်လဲဆိုတာတွေကို ဒေါက်တာ ဖြိုးသီဟက ဆွေးနွေးပေးထားပါတယ်။

https://youtu.be/UAmzdKXrWbI?si=EKYyzd_EJufP7n85

#ဒေါက်တာဖြိုးသီဟ
#mizzima
#ကျန်းမာသုတလူမှုဘဝ
#Menstruation
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥2