Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ကြာအင်းဆိပ်ကြီးမြို့ရှိ ရဲစခန်းနှင့် ဇမိခန်းမကို ပူးပေါင်းတပ်ဖွဲ့ ဒရုန်းဖြင့်ဗုံးသီချ တိုက်ခိုက်
👍9🔥1
ကြာအင်းဆိပ်ကြီးမြို့ရှိ ရဲစခန်းနှင့် ဇမိခန်းမကို ပူးပေါင်းတပ်ဖွဲ့ ဒရုန်းဖြင့်ဗုံးသီချ တိုက်ခိုက်
======================

YT
(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မြို့နယ်ရဲစခန်းနှင့် စစ်ကောင်စီတပ်ဖွဲ့ အထိုင်ချထားသည့် ဇမိခန်းမတို့အား တပ်မဟာ (၆) KNLA၊ Cloud Wings ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း Cloud Wings တပ်ဖွဲ့ကယနေ့ စက်တင်ဘာလ ၃ရက်တွင် ထုတ်ပြန်သည်။

စက်တင်ဘာလ ၁ ရက် ညပိုင်းတွင် ကြာအင်းဆိပ်ကြီးမြို့နယ်ရဲစခန်းနှင့် စက်တင်ဘာလ ၂ ရက် နံနက် ၃ နာရီတွင် ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် ဇမိခန်းမတို့အား ဒရုန်းဖြင့် ၁၀၇ မမ ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်ခံရမှုကြောင့် ဇမိခန်းမနှင့်ရဲစခန်း အဆောက်အအုံအချို့ အမိုးအကာများ ထိမှန်ပျက်စီးကြောင်း Cloud Wings တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေအတွင်း တည်ရှိပြီး အဆိုပါနယ်မြေတွင် စစ်ကောင်စီတပ်၏ နယ်မြေစိုးမိုးနိုင်စွမ်း နည်းပါးလာကြောင်း ၎င်းကဆိုသည်။

“မြို့ပေါ်မှာ သူတို့စစ်တပ်နေရာ ရှိတယ်။သူတို့နေရာ ကွက်ကွက်လေးမှာပဲ နေတော့တယ် အပြင်ကို ထွက်မလာတော့ဘူး။ သူတို့တပ်ရှေ့မှာ တခါတလေ စစ်ဆေးရေးဂိတ်ဖွင့်တယ် ဒီလောက်ပဲ" ဟု ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ အခြေအနေအား Cloud Wings မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ဩဂုတ်လ၂၇ ရက် နှင့် ၂၈ ရက် တို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲအထိုင်ချရာ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အမှတ် (၅) ရပ်ကွက်ရှိ မြို့နယ်သမဝါယမ ဌာနရုံး၊ မြို့နယ်စည်ပင်သာယာရေးရုံး၊ မြို့နယ်စာရင်းစစ်ရုံးနှင့် မြို့နယ်စိုက်ပျိုးမွေးမြူရေးဘဏ်ရုံးတို့အား တပ်မဟာ (၆) KNLA ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ပြုလုပ်ခဲ့သေးသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ကရင်ပြည်နယ်
#ကြာအင်းဆိပ်ကြီးမြို့နယ်
#တိုက်ခိုက်မှု

ပုံအညွှန်း- Cloud Wings တပ်ဖွဲ့ ဒရုန်းစစ်ဆင်ရေးအတွက် ပြင်ဆင်နေပုံများ (ဓါတ်ပုံ- Cloud Wings)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥1
​​ရွှေ့ဆိုင်းခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ အထူးအယူခံအမှုများ တရားလွှတ်တော်ချုပ်တွင် ပြန်ကြားနာမည်
===============

001
(မဇ္စျိမ)။ ။ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ကြားနာရန် ရွှေ့ဆိုင်းခဲ့သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အထူးအယူခံ အမှု ခြောက်မှုကို လာမည့် စက်တင်ဘာလ ၅ ရက်နေ့တွင် ပြန်လည်ကြားနာသွားမည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံက သိရသည်။

အဆိုပါ အမှုများမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိစ္စနှင့် ပတ်သက်ပြီး အဂတိဖြင့် စွပ်စွဲထားသည့် အမှုလေးမှုနှင့် စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ထံမှ တံစိုးလက်ဆောင်ရယူသည်ဟုစွပ်စွဲထားသည့် အဂတိအမှုနှစ်မှုတို့ဖြစ်ကြောင်း သိရသည်။

ယင်းအမှုများကို အထူးအယူခံ ဝင်ခွင့်ပြုရန် သင့်၊ မသင့် ကြားနာရန် ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်နေ့တွင် ချိန်းဆိုခဲ့သော်လည်း တရားလွှတ်တော်ချုပ်က ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူတဦးကပြောသည်။

ထိုအထဲမှ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ကိစ္စနှင့် ပတ်သက်သည့် အမှုနှစ်မှုတွင် ဒေါက်တာမျိုးအောင်နှင့် ဦးရဲမင်းဦးတို့လည်း ပူးတွဲပါဝင်သည်။

ဒေါ်ခင်ကြည်ဖောင်းဒေးရှင်း၏ နေပြည်တော်လရောင်တော စိုက်ပျိုးသက်မွေးပညာသင်တန်းကျောင်းအတွက် မြေနေရာလျှောက်ထားရယူခြင်း၊ လရောင်တောတွင် ဖောင်ဒေးရှင်းဉက္ကဌ နေထိုင်ရန် တထပ်အဆောက်အအုံဆောက်လုပ်ခြင်း၊ ရန်ကုန် ၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း (ရုံးချုပ်) ဖွင့်လှစ်ရန် မြေနှင့် အဆောက်အဦငှားရမ်းခြင်းတို့တွင် အဂတိလိုက်စားသည်ဟုစွပ်စွဲကာ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အား အမှုလေးမှုဖြင့် ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

နိုင်င်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံခဲ့ရပြီး ထိုအထဲမှ ကနဦးစွဲဆိုထားသည့် အမှုများ၏ ထောင်ဒဏ် ခြောင် နှစ်ကို လျှော့ပေါ့ပေးကြောင်း စစ်ကောင်စီက ဩဂုတ်လ ၁ ရက်နေ့က ကြေညာထားသည်။

တရားလွှတ်တော်ချုပ်အထိ အယူခံ ၊ အထူးအယူခံ ဆက်တက်ထားသည့် အမှုများနှင့် ပတ်သက်ပြီး ဆွေးနွေးနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးရန် ရှေ့နေအဖွဲ့က ယခုနှစ် အစောပိုင်းကတည်းက တင်ပြထားခြင်းဖြစ်သော်လည်း စစ်ကောင်စီက ခွင့်မပြုသေးပေ။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ဒေါ်အောင်ဆန်းဆုကြည်
#အထူးအယူခံ အမှုများ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8❤1🤮1
ယင်းမာပင်မြို့နယ်အတွင်း တော်လှန်ရုပ်ရှင်ပြသပွဲနှင့် နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်
❤6🔥1
ယင်းမာပင်မြို့နယ်အတွင်း တော်လှန်ရုပ်ရှင်ပြသပွဲနှင့် နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်
===================

ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အနောက်ခြမ်းကျေးရွာများ၌ တော်လှန်ရုပ်ရှင်ပြသခြင်းနှင့် နိုင်ငံရေးဆွေးနွေးပွဲမျာကို ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံသပိတ်ကော်မတီဝင်များက ပြုလုပ် ခဲ့ ကြောင်းသိရသည်။

ဩဂုတ်လ ၂၈ ရက်မှ စက်တင်ဘာလ ၂ ရက်နေ့အထိ လူငယ်အားမာန်သပိတ်စစ်ကြောင်းနှင့်ပူးပေါင်းကာ ကျေးရွာခုနစ်ရွာနှင့် စာသင်ကျောင်းနှစ်ကျောင်းတွင် ရုပ်ရှင်ပြသခြင်းနှင့် နိုင်ငံရေးဟောပြောခြင်း၊ ဆွေး နွေးပွဲကျင်းပခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့လူထုက တော်လှန်ရေးသုံးနှစ်တာကာလကိုရောက်ရှိနေပြီဆိုတော့ ပင်ပန်းနေပြီး အနိဋ္ဌာရုံ တွေ၊ စိတ်ပျက်စရာ ဝမ်းနည်းစရာကြေကွဲစရာတွေကို တဒင်္ဂဖြေဖျောက်ဖို့ ရုပ်ရှင်နဲ့အစားထိုးဖို့ ရည်ရွယ် ချက်နဲ့ ပြသခဲ့ကြတာပါ” ဟု ကျေးရွာပေါင်းစုံသပိတ်ကော်မတီဝင် ကိုသက်ဦးက မဇ္စျိမကိုပြောသည်။

၎င်းအပြင် လူထုအကြားတွင် နိုင်ငံရေးအသိမြင်တိုးပွားလာစေရန်၊ တော်လှန်ရေး၏ ရည်ရွယ်ချက်ကို သိရှိ ပြီး အားလျော့အားပျော့နေရာမှ တော်လှန်ရေးလူထုတိုက်ပွဲများတွင် အင်တိုက်အားတိုက်ပါဝင်စေလို သည့် ရည်ရွယ်ချက်များဖြင့် နိုင်ငံရေးဆွေးနွေးပွဲများကို ပြုလုပ်ခဲ့ကြောင်းဆိုသည်။

တော်လှန်ရုပ်ရှင်များအဖြစ် “မိုးခါးရေ” ၊ “There was ရှိခဲ့သည့် ၊ မပြီးသေးဘူး ငါတို့အလှည့်ကျန်သေး တယ်”ရုပ်ရှင်များအားပြသခဲ့ပြီး ၈၈ ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ကလည်း ရုပ်သံဖိုင်ပေးပိုပြီး အားပေးစကားများ ပြောကြားခဲ့သည်။

ကျေးရွာပေါင်းစုံသပိတ်ကော်မတီဝင်များသည် နေ့စဥ် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြပွဲများ သာမက စစ်ဘေးရှောင်ပြည်သူများကို တတ်နိုင်သမျှ ကူညီပေးခြင်းများလည်း လုပ်ဆောင် နေကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#ကျေးရွာပေါင်းစုံသပိတ်ကော်မတီ
#တော်လှန်ရုပ်ရှင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1
အမျိုးသမီးများ ဓမ္မတာလာတာများခြင်း(ရာသီသွေး)​| ကျန်းမာသုတ လူမှုဘဝ Episode - 31
=========================

ဒီတပတ်ရဲ့ ''ကျန်းမာသုတ လူမှုဘ၀'' အစီအစဉ်မှာ
အရွယ်ရောက်အမျိုးသမီးတွေမှာ ကြုံရတတ်တဲ့ ဓမ္မတာလာခြင်းဆိုင်ရာ အကြောင်းအရာတွေကို တင်ဆက်ပေးချင်ပါတယ်။
ရာသီသွေးဆင်းများတာ လနဲ့ချီကြာလာရင် သွေးအားနည်းရောဂါ ဖြစ်နိုင်လား။

ဘယ်လိုအခြေအနေမျိုးဆို ရာသီသွေးအဆင်းများတယ်လို့ သတ်မှတ်လို့ရမလဲ၊ သက်သာအောင် ဘယ်လိုလုပ်လို့ရမလဲ။
ဓမ္မတာလာချိန်မဟုတ်ဘဲ သွေးဆင်းများနေရင် ဘာလုပ်သင့်လဲဆိုတာတွေကို ဒေါက်တာ ဖြိုးသီဟက ဆွေးနွေးပေးထားပါတယ်။

https://youtu.be/UAmzdKXrWbI?si=EKYyzd_EJufP7n85

#ဒေါက်တာဖြိုးသီဟ
#mizzima
#ကျန်းမာသုတလူမှုဘဝ
#Menstruation
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥2
ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီရေယာဥ်များ တိုက်ခိုက်ခံရ
======================

ပါခွီး (မဇ္စျိမ) ။ ။ ဧရာဝတီမြစ်အတွင်းမှ ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် ဆန်တက်လာသည့် စစ်ကောင်စီရေယာဥ်များကို လက်နက်ကြီးငယ်များဖြင့် ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း Chindwin Fighter Group (CFG) ထံကသိရသည်။

လက်နက်ခဲယမ်းများနှင့် ရိက္ခာများတင်ဆောင်လာသော စစ်ကောင်စီတပ် ရေယာဥ် ၁၁ စီးကို မုံရွာမြို့နှင့် အမြင့်လမ်းပိုင်း ချင်းတွင်းမြစ်ကြောင်းတစ်နေရာတွင် စက်တင်ဘာလ ၂ရက် နေ့လယ် ၃နာရီအချိန်တွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“မော်တော်တွေနဲ့ ကမ်းနဲ့က မီတာ ၂၀၀လောက်ပဲရှိမယ် ။ ကျနော်တို့ လက်နက်ကြီး ၊ ငယ်တွေ မက စနိုက်ပါနဲ့ ပစ်ခတ်ခဲ့တာပါ” ဟု CFG အဖွဲ့ တာဝန်ရှိသူက မဇ္စျိမ ကိုပြောသည်။

အဆိုပါ ရေယာဥ်များ၏ နောက်ဆုံး နှစ်စီးအား ရှေ့ထွက်မိုင်းများ ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ရေယာဥ်တစ်စီး မီးလောင်ပြီး စစ်ကောင်စီတပ်သား လေးဦး သေဆုံးကြောင်း သတင်းရရှိသော်လည်း အတည်ပြုနိုင်ရန် ဆက်လက် စုံစမ်းလျက်ရှိကြောင်း ၎င်းကဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို Chindwin Fighter Group (CFG) နှင့် ဗန္ဓုလနှင့် အဖွဲ့သား များ LPDF တို့ ပူးပေါင်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ရေယာဥ်ပေါ်ရှိ စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်သဖြင့် ကာကွယ်ရေးရဲဘော် တဦး ကျည်ရှပ်ထိပြီး မစိုးရိမ်ရဒဏ်ရ ရသည်မှအပ ကျန်ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၁၂ရက်နေ့ကလည်း ဆားလင်းကြီးမှ ပေါင်းဝကျေးရွာသို့ထွက်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို မုံရွာ အုန်းပင်ဆိပ်မှ လာရောက်ခေါ်ဆောင်သော စစ်ကောင်စီ ရေယာဥ်တစီးကို နှစ်နေရာ ခွဲ၍ Chindwin Fighter Group နှင့် မဟာမိတ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

https://youtu.be/fpo5sEo9-gA?si=IK15FClrvyegEeos

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#စစ်ကောင်စီရေယာဥ်
#ချင်းတွင်းမြစ်ကြောင်း
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍14👏1😁1
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အာနန္ဒာဘုရားနှင့်ရွှေစည်းခုံဘုရား ရင်ပြင်တော်ပေါ်ရေများ ဝင်ရောက်
👍3😁1
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အာနန္ဒာဘုရားနှင့်ရွှေစည်းခုံဘုရား ရင်ပြင်တော်ပေါ်ရေများ ဝင်ရောက်
=================

KMN
(မဇ္ဈိမ) ။ ။ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ယနေ့ စက်တင်ဘာ ၃ ရက်နေ့ နံနက်အစောပိုင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပုဂံရှေးဟောင်းယာဉ်ကျေးမှုနယ်မြေရှိ အာနန္ဒာဘုရားနှင့်ရွှေစည်းခုံဘုရား ရင်ပြင်တော်ပေါ်သို့ ရေများဝင်ရောက်ခဲ့ကြောင်း ပုဂံဒေသခံများထံက သိရသည်။

"မနက် ၃ နာရီလောက်ထဲကနေ မနက် ၁၁ လောက်အထိ သည်းကြီးမည်းကြီးရွာတာပါ။ မိုးက ရွာခဲတယ်လေ ခုလိုရွာတော့ အမှိုက်တွေက ရေဆိုးမြောင်းတွေမှာ ပိတ်ပြီးရေမထွက်နိုင်တာပါ။

ရွှေစည်းခုံနဲ့ အာနန္ဒာစေတီတွေ မနက်က ရေဝင်ခဲ့ပါတယ်။ဒီညနေတော့ ရေပြန်ကျသွားပါပြီ။ ရေစုပ်စက်တွေနဲ့စုပ်ထုတ်လိုက်လို့ပါ" ဟု ပုဂံဒေသခံတဦးက မဇ္ဈိမကိုပြောကြားသည်။

အာနန္ဒာဘုရားနှင့်ရွှေစည်းခုံဘုရား ရင်ပြင်တော်ပေါ် ရေများဝင်ရောက်၍ ရေစုပ်စက်များဖြင့် ရေစုပ်ထုတ် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကလည်း ထုတ်ပြန်သည်။
ရှေးဟောင်သုတေသန ကျွမ်းကျင်သူ ဦးဇေမျိုးလင်းက လည်း "ဒီနေ့ မနက် ၄ နာရီလောက်ကတည်းက မိုးရွာတာ မနက် ၈ နာရီမှာ ရေကြီး ရေလျှံဖြစ်ပြီ။ rain water flood လို့ခေါ်တယ်။ မြစ်ရေကြီးလို့ ပုဂံမြို့ထဲ ရေတိုးတာမျိုးမဟုတ်ဘူး။ မိုးရေကြောင့်၊ မိုးရွာလို့ဖြစ်တာ။ ပုဂံမှာ ရေကြီးရေလျှံဖြစ်ဖို့ဆို လေးနာရီပဲကြာတယ်ဆိုတဲ့သဘော။ ရေမစီးလို့ ရေကြီးတာ။ စီးသင့်တဲ့နေရာမှာ စီးနေဖို့လိုတယ်"ဟု ယနေ့နံနက် ပုဂံရေကြီးမှုနှင့်ပတ်သက်ပြီး သူ၏လူမူကွန်ရက်တွင် ရေးသားခဲ့သည်။

ညောင်ဦးမြို့နယ်တွင် ယနေ့ စက်တင်ဘာ ၃ ရက်နေ့ နံနက်အစောပိုင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အာနန္ဒာဘုရားနှင့် ရွှေစည်းခုံဘုရားရင်ပြင်တော်ပေါ် ရေဝင်ရောက်ခဲ့ပြီး ညောင်ဦးမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ဝက်ကြီးအင်းရပ်၊ ကျန်စစ်သားဥမင် စာသင်တိုက်အနီးတွင် သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားကြောင်း ဒေသခံများကပြောကြားသည်။

ပုဂံရှေးဟောင်းယာဉ်ကျေးမှုနယ်မြေတွင် ပြီးခဲ့သည့် သြဂုတ်လနောက်ဆုံးပတ်မှ စတင်ကာ ရှေးဟောင်းသုတေသန(ပုဂံဌာနခွဲ)က ရေမဝပ်စေရန်ဟုသော အကြောင်းပြချက်ဖြင့် မြေတူးစက်များအသုံးပြုကာ ရေမြောင်းများတူးဖော်ခဲ့သည်။
သို့သော်လည်း ယနေ့ကဲ့သို့ မိုးသည်းထန်စွာရွာသွန်းချိန်တွင် စေတီများအတွင်း ရေများ ဆက်လက် ဝင်ရောက်နေကြောင်း ဒေသခံများကဆိုသည်။

စစ်ကောင်စီ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ စက်တင်ဘာ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ထုတ်ပြန်ချက်အရ မန္တလေးတိုင်းဒေသကြီးနှင့် ကရင် ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခဲ့ပြီး ညောင်ဦးမြို့တွင်မိုးရေချိန် (၂.၈၈)လက်မ ရွာသွန်းခဲ့သည်။

ဖိလစ်ပိုင်ပင်လယ်ပြင် တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “ဟိုက်ကွေး”(Haikui) ၏အရှိန်ကြောင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် မနက်ဖြန်နံနက်အထိ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ပုဂံ
#ရေကြီးရေလျှံ
#အာနန္ဒာဘုရား
#ရွှေစည်းခုံဘုရား

ပုံအညွန်း - အာနန္ဒာဘုရားနှင့်ရွှေစည်းခုံဘုရား ရင်ပြင်တော်ပေါ်မှ
ရေများအား စက်တင်ဘာ ၃ ရက်နေ့တွင် စုပ်ထုတ်နေစဉ်။ (Photo - MFSD)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤6👍1😁1
စက်တင်ဘာလ (၃) ရက်၊ တနင်္ဂနွေနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=============================

ဒီကနေ့ည နားဆင်ရမှာတွေကတော့ ...

နေပြည်တော်မှာ ကျင်းပမယ့် အာဆီယံ လေတပ်အကြီးအကဲများ ညီလာခံကို ဖျက်သိမ်းဖို့ Justice for Myanmar က တောင်းဆိုတဲ့သတင်းနဲ့အတူ

TikTok မှာ ဝါဒဖြန့်ဖို့အတွက် တပ်တွင်းမှာ ဆုကြေးပေး လှုံ့ဆော်နေတဲ့အကြောင်းအပါအဝင်

နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊ တပတ်အတွင်း စီးပွားရေး၊ အားကစားနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
အဲဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဏတွေအနေနဲ့ ကမ္ဘာတလွှားက အနုပညာရှင်တွေရဲ့အကြောင်းတွေ အနုပညာဖန်တီးမှုတွေကို တင်ဆက်ထားတဲ့ Cele City အစီအစဉ်နဲ့အတူ

“နိုင်ငံရေးတွေမပြောချင်ဘူးကိုတုတ်ကြီးရယ်” အစီအစဉ်ကို လည်း ထုတ်လွှင့်သွားမှာပါ။

နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

https://youtu.be/Jug_4WPugwU?si=CETq_fekzF7M7JeC

#Mizzimaradio
#EveningRadio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7❤2👏1😁1
“စုံလင်ကွဲပြား နွေဦးအားမာန်များ” ဘာသာပေါင်းစုံညီလာခံ ကျင်းပ
❤7🤮1
“စုံလင်ကွဲပြား နွေဦးအားမာန်များ” ဘာသာပေါင်းစုံညီလာခံ ကျင်းပ
=====================

မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံညီလာခံကို ထိုင်း-မြန်မာနယ်စပ်တနေရာတွင် စက်တင်ဘာလ ၂ ရက် နှင့် ၃ ရက်နေ့တို့တွင် နှစ်ရက်တာကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

“စုံလင်ကွဲပြား နွေဦးအားမာန်များ” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးအင်အားစု ၅၈ ဖွဲ့မှ ကိုယ်စားလှယ် ၁၀၀ ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။

ဘာသာပေါင်းစုံညီလာခံသို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက အွန်လိုင်းမှအဖွင့် အမှာစကားပြောကြားခဲ့ပြီး တော်လှန်ရေးအဖွဲ့များက သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။
အဆိုပါ ဘာသာပေါင်းစုံညီလာခံသို့တက်ရောက်ခဲ့ခဲ့သည့် အစ္စလာမ်ဘာသာဝင် ဦးထွန်းကြည်က “စုံလင် ကွဲပြား နွေဦးအားမာန်များ” ဆောင်ပုဒ်နဲ့အညီ မြန်မာ့နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံညီလာခံကို ရည်ရွယ်ချက် သုံးချက်နဲ့အညီ ကျင်းပခဲ့တာဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ ရည်ရွယ်ချက်သုံးရပ်မှာ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ အမြစ်ဖြတ်ချုပ် ငြိမ်းရေး၊ ဘာသာပေါင်းစုံ အတူလက်တွဲ၍ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းတို့ကို အခြေ ခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနှင့် စုံလင်ကွဲပြားသော လူမျိုးဘာသာများ အကြား ခွဲခြားဆက်ဆံမှုများပပျောက်၍ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်နှင့် လက်တွေ့ကျင့်သုံးခွင့်တို့ ကို အပြည့်အဝင်အာမခံရေးတို့ဖြစ်ကြောင်း ၎င်းကဆိုသည်။

ညီလာခံကို နှစ်ရက်တာကျင်းပခဲ့ပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေး အတိုင် ပင်ခံကောင်စီနှင့် တော်လှန်ရေးအဖွဲ့များသို့ အချက်ငါးချက်ပါသည့် အကြံပြုချက်ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ယင်းတို့မှာ ဘာသာရေးလွတ်လပ်ခွင့်နှင့် လူနည်းစုအခွင့်ရေးကိုအာမခံသည့် ဥပဒေများရေးဆွဲရန်၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေများအပါအဝင် ပြည်သူလူထုကို ခွဲခြားဖိနှိပ်သည့်ဥပဒေများကို အပြီးတိုင်ဖျက် သိမ်းရန်၊ လူမှုသဟဇာတ ဖော်ဆောင်ရေးလုပ်ငန်းများကို တော်လှန်ရေးမျက်နှာစာအသီးသီးတွင် အမြန် ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရန်၊ လာမည့်ပညာရေးစနစ်တွင် မတူကွဲပြားမှုများ၊ လိင်စိတ်ခံယူမှု ကွဲပြားမှုများနှင့် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ စုံလင်ကွဲပြားမှုများကို လက်ခံအသိအမှတ်ပြုသည့် ပြဋ္ဌာန်း ချက်များ ထည့်သွင်းရေးဆွဲရန်နှင့် စစ်ကောင်စီ၏ ရာဇဝတ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုများအတွက် ထိရောက်၍ လက်တွေ့ကျသော အပြစ်ပေးအရေးယူမှုများနှင့် ကျူးလွန်ခံရသူများအတွက် လုံလောက် သည့်ကုစားမှုများ အမြန်ဆုံးဆောင်ရွက်ရန်တို့ ဖြစ်သည်။

စာတည်း။ ။စောဖေ

#ဘာသာပေါင်းစုံညီလာခံ
#နွေဦးတော်လှန်ရေး
#ဘာသာရေးလွတ်လပ်ခွင့်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🤮1