Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
တနင်္ဂနွေနေ့ည ဘွန်ဒက်လီဂါ ပွဲစဉ်(၃) ရလဒ်များ
==============

Frankfurt 1 - 1 Koln
Nkounkou 87'
Kainz 43'(Pen)

Union Berlin 0 - 3 RB Leipzing
Simons 51'
Sesko 85' , 87'

#Bundesliga
#Footballnews
Photo - Twitter
👍6🔥1
တနင်္ဂနွေနေ့ည ပရီးမီယားလိဂ် ပွဲစဉ်(၄) ရလဒ်များ
==============

Liverpool 3 - 0 Villa (FT)
Szoboszlai 3'
Cash 22'(Own Goal)
Salah 55'

Crystal Palace 3 - 2 Wolves (FT)
Edouard 56' , 84' , Eze 78'
Hwang 65' , Cunha 90+6'

Arsenal 3 - 1 Man United (FT)
Odegaard 28' ' Rice 90+6' , Jesus 90+11'
Rashford 27'

#PremierLeague
#Football
Photo - Twitter
👍7❤2🔥2
​​မြဝတီမြို့ပေါ်ရှိ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ဒရုန်းဖြင့် ဗုံးကြဲခံရ၊ ယာယီတပ်ရင်းမှူးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးအပါ ၅ ဦးသေဆုံး ၊ ခရိုင်ရဲမှူးအပါ ၁၁ ဦး ဒဏ်ရာရ
======================

YT
(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ဖြစ်ပွားခဲ့သည့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ဒရုန်းဖြင့် ဗုံးကြဲခံရမှုများတွင် ယာယီတပ်ရင်းမှူး ဗိုလ်မှူးအောင်ကျော်မင်းနှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင်အပါအဝင် ငါးဦးသေဆုံးသွားပြီး မြဝတီခရိုင်ရဲမှူးအပါ ၁၁ ဦးဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာလ ၃ ရက်နေ့၊ ည ၇ နာရီအချိန်တွင် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးအား တပ်မဟာ (၆) KNLA ပါဝင်သော ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးနှစ်လုံး ဦးစွာ ပစ်ချတိုက်ခိုက်ခဲ့သည်။ ထိုဖြစ်ရပ်အား လာရောက်စစ်ဆေးသည့် ခရိုင်ရဲမှူး ဦးစီးသည့် အဖွဲ့ရောက်ရှိလာစဥ် ၇ နာရီ ၃၀ မိနစ်တွင် ဒုတိယအကြိမ်အဖြစ် ဗုံးသီးနှစ်လုံး ထပ်မံပစ်ချ တိုက်ခိုက်ခြင်းဖြစ်သည်။

ထိုဗုံးကြဲခံရမှုများအတွင်း ကျန်သေဆုံးသူ သုံးဦးမှာ ရဲအုပ်နေလင်းစိုး၊ ထွေအုပ် ဦီးစီးအရာရှိ ထွန်းထွန်းညိမ်းနှင့် ထွေအုပ်အကြီးတန်းစာရေး ဦးပြည့်ဖြိုးအောင်တို့ ဖြစ်ပြီး စိုးရိမ်ရ ဒဏ်ရာပြင်းထန်သူငါးဦးနှင့် မစိုးရိမ်ရ ဒဏ်ရာ ရသူ ခြောက်ဦး စုစုပေါင်း ၁၁ ဦးရှိကြောင်း သိရသည်။

စိုးရိမ်ရ ပြင်းထန်ဒဏ်ရာ ရသူ ငါးဦးတွင် မြဝတီခရိုင်ရဲမှူး ဒုရဲမှူးကြီး အောင်ထက်ဝင်း၊ ဒုရဲမှူး မျိုးဝင်း ၊ ရဲဒုတက မျိုးမင်းသော်၊ ဒုရဲမှူး ထွန်းထွန်းနိုင်နှင့် ဒုရဲအုပ် သက်ခိုင်တို့ ပါဝင်ကြောင်း သိရသည်။ ရှိပြီး မစိုးရိမ်ရ ဒဏ်ရာရသူ ခြောက်ဦးမှာ ဒုရဲအုပ် လွင်မိုးဦး၊ ဒုရဲအုပ် ဝင်းကျော်စိုး၊ ရဲတပ်သား ဝင်းကျော်စိုး၊ ရဲတပ်သား ထွန်းလင်းဦးနှင့် ဒုရဲတပ်ကြပ် ဝေယံဦးနှင့် ဒုရဲတပ်ကြပ် ပြေသိန်းတို့ ဖြစ်ကြောင်း သိရသည်။

" ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီတပ်သားနဲ့ ရဲ ၁၆ ကောင်ထိသွားတယ်။ စိုးတင့်တော့ မသာဖြစ်သွားပြီ၊ သူ့ရဲ့ PSO ရော၊ ယာဉ်မောင်း ရဲမှူးရောပါတယ်၊ လက်ရှိသေတာ ငါးယောက်ရှိပြီ" ဟု မြေပြင်မှ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကမဇ္ဈိမကိုပြောသည်။
ထိုသို့ ဗုံးကျပေါက်ကွဲပြီးနောက် ရဲစခန်း အပါအဝင်အနီးအနားပတ်ဝန်းကျင်၌ မီးပျက်သွားကြောင်း ဒေသခံက ပြောသည်။ထို့နောက် ရဲစခန်းပတ်ဝန်းကျင်၌ လူခြေရှင်းလင်းသွားကြောင်းနှင့် စခန်းအတွင်းမှ ပစ်ခတ်သံတစ်စုံတစ်ရာထွက်ပေါ်လာခြင်းမရှိကြောင်း ၎င်းကဆိုသည်။

" အသံတိတ်ပြီး လူနာတင်ကားသုံးစီးတောင် ဝင်သွားတယ်။ ပြီးတော့ BGF ကားတွေရော စစ်ကားတွေရော လက်နက်တွေနဲ့ မြို့ထဲမှာ ခြေရှုပ်နေကြတယ် ပထမက မီးတွေဖြတ်လိုက်ပေမယ့် အခုတော့ ပြန်လာနေပြီ။ မြို့တစ်ခုလုံး ​ကားသံတွေကလွဲရင် တိတ်ဆိတ်နေရောပဲ" ဟု မြဝတီမြို့ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။
လက်ရှိတွင် မြဝတီမြို့ပေါ် ဘုရင့်နောင်လမ်းမကြီး၊ ဗိုလ်ချုပ်လမ်းနှင့် ဦးအောင်ဇေယျလမ်းတစ်လျှောက်၌ စစ်ကား၊ BGF ကားများ ဝင်ထွက်သွားလာနေကြပြီး ဗုံးကြဲခံရသည်ံ့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးအတွင်း လူနာတင်ယာဉ်များ အရေးပေါ် အသံပိတ်၍ ဝင်သွားကြောင်း ဒေသခံတစ်ဦးထံက သိရသည်။

ပုံအညွှန်း- မြဝတီမြို့နယ်ဆေးရုံ လက်ရှိအခြေအနေ ( ဓါတ်ပုံ- Crd)
စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ယာယီတပ်ရင်းမှူးသေဆုံး
#မြဝတီ
#ဒရုန်းဖြင့် ဗုံးကြဲခံရ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤22👍12👏8😁1
တနင်္ဂနွေနေ့ည ပြင်သစ်လီဂူဝမ်း ပွဲစဉ် (၄) ရလဒ်များ
============

Toulouse 2 - 2 Clermont Foot
Aboukhlal 8' , Magri 14'
Kyei 34'(Pen) , Ogier 90+6' 

Le havre 3 - 0 Lorient
Kuzyaev 53'
Alioui 70'
Mbemba 90+6'

Lille 1 - 0 Montpellier
Yazici 2'

Metz 2 - 2 Reims
Sabaly 7' , Jallow 63'
O. Diakite 17' , Teuma 52'

Nice 2 - 0 Strasbourg
Atal 45+2'
Moffi 75'

Lyon 1 - 4 PSG
Tolisso 74'(Pen)
Mbappe 4'(Pen) , 45+2'
Hakimi 20'
Asensio 38'

#Ligue1
#Football
Photo - Twitter
❤12🔥1