Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​တရုတ်မြေပုံသစ်ဆိုင်ရာ တင်းမာမှုများအကြား ဒေသတွင်းထိပ်သီးအစည်းအဝေးအတွက် အာဆီယံခေါင်းဆောင်များ ဂျကာတာတွင် တွေ့ဆုံကြမည်
=======================

တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားနယ်မြေများကို ပိုင်ဆိုင်ကြောင်း အခိုင်အမာဆိုထားသည့် တရုတ်၏ မြေပုံသစ်နှင့်ပတ်သက်ပြီး တင်းမာမှုများ ရှိနေစဉ် မြန်မာ့အကျပ်အတည်း အပါအဝင် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် အာဆီယံခေါင်းဆောင်များ ယခုသီတင်းပတ်ထဲ ဂျကာတာ၌ တွေ့ဆုံစည်းဝေးကြမည် ဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥3
စက်တင်ဘာလ (၄)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ် 
================

- ရွှေ့ဆိုင်းခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထူးအယူခံအမှုတွေ တရားလွှတ်တော်ချုပ်မှာ ပြန်ကြားနာမယ့် သတင်း

- မြဝတီမြို့ပေါ်ရှိ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ဒရုန်းနဲ့ ဗုံးကြဲခံရပြီး ယာယီတပ်ရင်းမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးအပါ ၅ ဦးသေဆုံးတဲ့ သတင်း

- ၂၀၂၄ ခုနှစ်မှာ ပြုလုပ်မယ့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ပြီးမှသာ ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုနိုင်မည်ဟု စစ်ခေါင်းဆောင်ပြောတဲ့ သတင်းနဲ့
 
- ပြည်ပအကူအညီပေးရေးအစီအစဉ်အောက်မှာ ထိုင်ဝမ်ကိုလက်နက်ထောက်ပံ့ပေးဖို့ အမေရိကန်ပထမဆုံးအတည်ပြု တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/fVhOpQ1c4ic?si=kNepaGYQ7JBmj-DZ

#12pmnews
#Mizzimanewshour
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13❤2🤮1
နျူကလီးယားတိုက်ခိုက်မှုပုံစံတူအဖြစ် မြောက်ကိုရီးယားက ဒုံးကျည်များစမ်းသပ်ပစ်ခတ်
================

https://youtu.be/A0kB07bb3ow?si=6ofSqnSU3g4k9eEq

#InternationalNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤5
​​ပေါင်မြို့တွင် နယ်ထိန်းရဲ ၁ ဦး သေနတ်ဖြင့် အနီးကပ် ပစ်သတ်ခံရ
==================

ဂျူချန်း

(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မိုးနိုင်းရပ်ကွက်နှင့် ပေါင်းရပ်ကွက်ကြား ကားလမ်းမကြီးပေါ်တွင် ပေါင်မြို့မ ရဲစခန်းမှ နယ်ထိန်းရဲတဦး သေနတ်ဖြင့် အနီးကပ် ပစ်ခတ်ခံရကာ နေရာတွင်ပင် သေဆုံးသွားကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

ပေါင်မြို့မရဲစခန်းမှ နယ်ထိန်းရဲ ကိုကိုလွင်သည် မိုးနိုင်းရပ်ကွက်နှင့် ပေါင်းရပ်ကွက်ကြား စမ်းညီနောင်တံတားအနီး၌ ယမန်နေ့ စက်တင်ဘာလ ၃ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ပစ်သတ်ခံခဲ့ရခြင်း ဖြစ်သည်။

၎င်းသည် ဆိုင်ကယ်စီး လူနှစ်ဦး၏ အနီးကပ် ပစ်ခတ်ခတ်မှုကြောင့် ဦးခေါင်းတွင် ကျည်ဖောက်ဒဏ်ရာဖြင့် နေရာတွင်ပင် သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံ တဦးက ပြောသည်။

“အပြန်လမ်းမှာ ပစ်ခံရတာ၊ သူ(ရဲ)လည်း ဆိုင်ကယ်၊ ဟိုဘက်က နှစ်ယောက်ကလည်း ဆိုင်ကယ်နဲ့ ပစ်သွားတာ၊ ခေါင်းနဲ့ ခြေထောက်တွေမှာ ထိသွားတယ်၊ ခေါင်းထိသွားတော့ ပွဲချင်းပြီးပဲပေါ့” ဟု ဒေသခံတဦးက မဇ္ဈိမ ကိုပြောသည်။

သေဆုံးသူ နယ်ထိန်းရဲ ကိုကိုလွင်သည် အသက် ၃၀ ကျော် အရွယ်ရှိပြီး မိုးနိုင်းရပ်ကွက်တွင် နေထိုင်သူတဦးထံသို့ တရားရုံးဆင့် သမ္မာန်ခေါ်စာလာပို့ပြီး အပြန်လမ်းတွင် ပစ်ခတ်ခံလိုက်ရခြင်း ဖြစ်သည်။

၎င်း၏ ရုပ်အလောင်းကို ပေါင်မြို့နယ်ဆေးရုံသို့ သယ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်းကလည်း ပေါင်မြို့နယ်၊ သဗြုချောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ငွေထွန်း (ခ) မောင်တူးသည် ရင်းငြိမ်မြောက်ကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဝမ်းဗိုက်တွင် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သေးကြောင်း တပင်ရွှေထီးစစ်ကြောင်းမှ ထုတ်ပြန်ထားသည်။

ဩဂုတ်လ ၂၇ ရက်နေ့ ညနေပိုင်းတွင်လည်း ပေါင်မြို့မရဲစခန်းနှင့် မြို့နယ်အထွေ ထွေ အုပ်ချုပ်ရေးရုံးထဲသို့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုကြောင့် ဗိုလ်ကြီးတဦး၊ တပ်ကြပ်နှစ်ဦးနှင့် တပ်သားတဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တပင်ရွှေထီးစစ်ကြောင်းမှ သတင်းထုတ်ပြန် ထားသည်။

စာတည်း။  ။ နောင်နောင်
ပုံစာ-နယ်ထိန်းရဲ ကိုကိုလွင် ပစ်ခတ်ခံရသည့်နေရာ (ဓါတ်ပုံ-ဝရဇိန်ပေါင်)

#ပေါင်
#ရဲအပစ်ခံရ
#Mizzima
❤11👍4👏1
Media is too big
VIEW IN TELEGRAM
အိန္ဒိယမှာ ဩဂုတ်လက စံချိန်တင်အပူဆုံးနဲ့ အခြောက်သွေ့ဆုံးဖြစ်ခဲ့

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍5🔥1
ယခု ရက်ပိုင်းအတွင်းကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေးကို အဓိကထားပြီး ဖြေရှင်း သွားမည်
==================

လာမယ့် ရက်ပိုင်းအတွင်းကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေးကို အဓိကထားပြီး ဖြေရှင်း သွားမယ်လို့ အာဆီယံ ဥက္ကဌ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုကပြောကြားလိုက်ပါတယ်။

အင်ဒိုနီးရှား နိုင်ငံ ဂျာကာတာမှာ လာမယ့် စက်တင်ဘာ ၅ ရက်မှ ၇ ရက်နေ့အထိ အာဆီယံထိပ်သီး အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး အဲဒီအစည်း အဝေးမှာ မြန်မာ့ နိုင်ငံရေး အငြင်းပွားမှု များအပြင် ဒေသအတွင်းတည်ငြိမ်ရေး ကိစ္စများကို အဓိကထား ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။

မြန်မာအရေးကို မကြာခင်မှာ ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပြီး ဒါဟာ တကယ်တော့ မလွယ်ကူဘဲ အရမ်းရှုပ် ထွေးတဲ့အတွက် အချိန်ယူရတာဖြစ်တယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ သက်ဆိုင်သူအားလုံးက ပြဿနာကိုဖြေရှင်းဖို့ ဆန္ဒရှိရင် တော့ ဖြစ်လာနိုင်ပြီး အဲဒီလိုမှ မဟုတ်ရင် တော်တော် ခက်လိမ့်မယ် လို့လည်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောကြားထားပါတယ်။

၄၃ ကြိမ်မြောက်ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးကိုတော့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ ပြုလုပ်မှာဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်အတွင်း မြန်မာနိုင်ငံရေးအခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် ဖောင်ဒေးရှင်းချနိုင်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ထုတ်ဖော်ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံရေးအခက်အခဲက တစ်နှစ်နီးပါးလောက်နဲ့ ဖြေရှင်းဖို့ မဖြစ်နိုင်တာကြောင့် အနည်းဆုံးတော့ ၂၀၂၃ ခုနှစ်ကာလအတွင်းမှာ မြန်မာနိုင်ငံရေးအငြင်းပွားမှုတွေ ဖြေရှင်းနိုင်အောင် ဖောင်ဒေးရှင်းတော့လုပ်ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ(၁)ရက်နေ့ကနေ (၃) ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံလူထုဖိုရမ်ရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာစစ်တပ်ဟာ လူမျိုးတုံးသတ်ဖြတ်မှု၊စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့အတွက် ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက် နေတဲ့ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လိုက်တယ်လို့ အာဆီယံလူထုဖိုရမ်က ကြေညာထားပါတယ်။

မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှု၊စစ်ရာဇဝတ်မှုတွေကျူးလွန်မှုတွေအတွက် အကြမ်းဖက် အဖွဲ့အဖြစ်သတ်မှတ်တာဖြစ်ပြီး လွတ်လပ်ရေးနဲ့ တရားမျှတမှုအတွက် တိုက်ပွဲတွေမှာ အနစ်နာခံ ပေးအပ်နေကြတဲ့ အာဇာနည်သူရဲကောင်းတွေကို အလေးအနက်ဂုဏ်ပြုလိုတယ်လို့လည်း ထုတ် ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ အာဏာသိမ်းဖို့ ကြိုးပမ်းမှုကို ကန့်ကွက်မှုတွေကြောင့် စက်တင်ဘာလ(၁) ရက်နေ့ အထိ အမျိုးသမီး (၆၀၂) ဦးအသတ်ခံခဲ့ရပြီး အရပ်သား တက်ကြွလှုပ်ရှားသူ (၄၀၂၉) ဦး အသတ်ခံထားရတဲ့အတွက် အမျက်ကြီးစွာ ဖြစ်ရတယ်လို့ ဆိုထားကာ ပြင်းထန်တဲ့အသံတွေနဲ့ တုံ့ပြန်ဖို့ လိုတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာပြည်သူတွေအနေနဲ့ လက်ရှိမှာ စည်းလုံးညီညွတ်မှု၊ ဒီမိုကရေစီအရေးတွေအပြင် စိန်ခေါ်မှု တွေများပြားတဲ့ အချိန်ကို ကြုံတွေ့နေရတဲ့အတွက် ဘရူနိုင်းဒါရုစလမ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီး ရှား၊လာအို၊မလေးရှား၊ဖိလစ်ပိုင်၊စင်္ကာပူ၊ထိုင်း၊တီမောလက်စတီနဲ့ဗီယက်နမ်နိုင်ငံတို့က ပြည်သူ အားလုံးဟာ မြန်မာပြည်သူတွေနဲ့ အတူရှိတယ်လို့ အသိပေးထားပါတယ်။

https://youtu.be/Nl3Vyim3Y6k?si=PpnzaWadDZ3k7qsu

#PoliticalNews
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15❤2😁1
​​4.9.2023 (Monday) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
=================

Highlight

အမှန်တရားအတွက် ပြိုင်ဆိုင်မှုများ (ညနေ - ၆ နာရီ)
India Movie - Madras Cafe (ည- ၈ နာရီ)
Korea Movie - Long live the king (ည-၁၀ နာရီခွဲ)

Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။

#mizzimatv
🤮3👍2
​​ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေယာဉ်အုပ်စု တိုက်ခိုက်ခံရ
====================

လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဆားခါးကျေးရွာအနီးတွင် ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်သို့ ဆန်တက်လာသည့် စစ်ကောင်စီတပ် ရေယာဉ်အုပ်စု တိုက်ခိုက်ခံရပြီး စစ်သားလေးဦးသေဆုံးခဲ့ကြောင်း Hero Fighter (Salingyi)တပ်ဖွဲ့ထံမှ သိရသည်။

ရေယာဉ် ၁၀စီးပါ စစ်သင်္ဘောအုပ်စုကို စက်တင်ဘာလ ၂ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် ကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီးများ ဖြင့် တိုက်ခိုက်ခဲ့ကြောင်း Hero Fighter(Salingyi) တပ်ဖွဲ့မှ ဗိုလ်သူရိန်က ပြောသည်။

" ပွိုင့် နှစ်ခုကနေ စောင့်ကြို တိုက်ခိုက်ခဲ့တာ"ဟု၎င်းက ဆိုသည်။
တိုက်ပွဲကြာချိန် မိနစ် ၃၀ ခန့်ရှိခဲ့ပြီး စစ်ကောင်စီတပ်သားလေးဦးသေဆုံးကာ ဒေသကာကွယ်ရေး တပ်ဖွဲ့များဘက်မှ ရဲဘော်နှစ်ဦး ကျည်ရှပ်ထိမှန်ဒဏ်ရာခဲ့ကြောင်း Hero Fighter (Salingyi)က ထုတ်ပြန်သည်။စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထိုတိုက်ခိုက်မှုကို Hero Fighter(Salingyi)၊ Chindwin Dynamite (Salingyi)၊ တောင်ပံနီပြောက်ကျားတပ်ဖွဲ့၊ Fighter 9Force၊ Monywa Underground Guerrilla Force နှင့် ဒေသတွင်းမဟာမိတ်များ ပူးပေါင်းလုပ်‌ဆောင်ခဲ့ခြင်းဟုသိရသည်။စစ်ကောင်စီတပ်ရေယာဉ်အုပ်စုတွင် ကုန်တင်ရေယာဉ်(ဒေသအခေါ်ဖလပ်ခွံ)ခုနစ်စီး နှင့် စစ်သင်္ဘော သုံးစီးပါဝင်ကြောင်း သိရသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ရေယာဉ်အုပ်စုက ဆားလင်းကြီးမြို့နယ်အတွင်းရှိ ခွန်သာ၊ သရက်ကိုင်းရွာအပါအဝင် ချင်းတွင်းမြစ်ကမ်းဘေးတလျှောက်ရွာများကို လက်နက်ကြီး၊လပ်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်သွားကြောင်း သတင်းရရှိသည်။ နေအိမ်အချို့ပျက်စီးခဲ့သော်လည်း လူထိခိုက်မှုမရှိခဲ့ကြောင်း ဆားလင်းကြီးမြို့နယ်မှ အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ရှိသူက ပြောသည်။

အဆိုပါ စစ်ရေယာဉ်အုပ်စုသည် ယမန်နေ့ စက်တင်ဘာ ၃ရက် ညနေတွင် မုံရွာမြို့သို့ ရောက်ရှိခဲ့ပြီး ယနေ့ စက်တင်ဘာ ၄ရက် နံနက်တွင် အထက်ဘက်သို့ ဆက်လက်ထွက်ခွာနေကြောင်း သတင်းရရှိသည်။

စာတည်း - အေးချမ်း

#mizzima
#ဆားလင်းကြီးမြို့နယ်
#စစ်ရေယာဉ်အုပ်စု
#တိုက်ခိုက်ခံရ

ဆားလင်းကြီးမြို့နယ်ကို ဖြတ်သွားသည့် စစ်ရေယာဉ်တစီး (Photo/ANPTT)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏6😁2
​​Madras Cafe
=============

ဒီဇာတ်လမ်းလေးက အန္ဒိယနိုင်ငံသမိုင်းကိုပြောင်းလဲစေတဲ့ အစိတ်အပိုင်းတစ်ခုကို ပြန်လည်ရိုက်ကူးထားတဲ့ကားလေးပါ..
သီရိလင်္ကာနိုင်ငံသို့ လျှို့ဝှက်မစ်ရှင်တစ်ခုဖြင့်ရောက်လာတဲ့ အန္ဒိယထောက်လှမ်းရေးအေးဂျင့်တစ်ဦး စစ်ဘေးသင့် ကမ်းရိုးတန်းကျွန်းတစ်ခုသို့ရောက်သွားပါတော့တယ်.. အဲ့အချိန်မှာ အရမ်းကို စိတ်အားထက်သန်ပြီးကြိုးစားတဲ့သတင်းထောက်ကောင်မလေးနဲ့တွေ့ဆုံရင်း မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေစတင်ဖြစ်ပေါ်လာပါတော့တယ်..

ဆိုးသွမ်းကြောက်ရွံ့ဖွယ်ကောင်းသော သူပုန်အဖွဲ့ကိုဖြိုခွင်းဖို့ကြိုးစားချိန်မှာပဲ အန္ဒိယဝန်ကြီးချုပ်ဟောင်းကိုသတ်ရန် ကြံစည်မှုတစ်ခုကိုလည်းတွေ့ရှိခဲ့တဲ့အချိန်မှာ သူတစ်ကယ်ပဲသူပုန်တွေကို တားနိုင်မလား ? အက်ရှင်မင်းသားကြီး John Abraham ရဲ့ အမိုက်စား သရုပ်ဆောင်မှုကြီးကို Mizzima + မှာစောင့်မျှော်ကြည့်ရှုလိုက်ကြစို့နော် ..

ဒီဇာတ်ကားလေးကို Mizzima + မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima + တွင် ပြသနေသည့် ဇာတ်ကားများကို Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်။

#New ပြသမည့်ရက်။ ။ 4.9.2023
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ 5.9.2023
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
🔥4
Media is too big
VIEW IN TELEGRAM
ယခု ရက်ပိုင်းအတွင်းကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေးကို အဓိကထားပြီး ဖြေရှင်း သွားမည်

Watch more detail - https://youtu.be/Nl3Vyim3Y6k

#PoliticalNews
#reels
#shorts
#MizzimaTV
👍10😁1
​​ငါန်းဇွန်မြို့နယ် သားကျင်ရွာခံ ၇၀ ကျော်ကို လူသားဒိုင်းအဖြစ် ဘုန်းကြီးကျောင်းတွင် ဖမ်းဆီးထား
=================

ဓါတု
(မဇ္ဈိမ) ။ ။ မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်၊ သားကျင်ရွာမှ ရွာခံ ၇၀ ကျော်ကို လူသားဒိုင်းအဖြစ် နန်းတွင်းဘုန်းကြီးကျောင်းတွင် စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

အိမ်ခြေ ၁,၀၀၀ ကျော်ရှိသော သားကျင်ရွာကို စစ်ကောင်စီတပ်က အင်အား ၁၀၀ ခန့်ဖြင့် ယနေ့ စက်တင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ရွာကိုပိတ်ဆို့ပြီးနောက် ၎င်းတို့တပ်စွဲထားသည့် နန်းတွင်းဘုန်းကြီးကျောင်းတွင် ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း ဆိုသည်။
"ခုလေးတင် အင်အားအလုံးအရင်းနဲ့ ရွာကိုခြေကျင်ပတ်နေတာ လူဖမ်းပွဲ လုပ်နေတော့ ရွာထဲကသူတွေ အပြင်လုံးဝမထွက်ရဲဘဲ အိမ်ထဲတံခါးပိတ် နေနေကြရတယ်၊ မနေ့က စဖမ်းတာ၊ အယောက် ၅၀ ၊ ဒီနေ့ မနက်ထိဆို ၇၀ ကျော်ပြီ” ဟု သားကျင်ရွာခံတဦးက မဇ္ဈိမကို ပြောသည်။

“အဲ့ဒီဖမ်းထားတဲ့ လူတွေကိုလည်း သူတို့တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းမှာ ထားထားပြီး ထမင်းလည်း မကျွေးဘူး ၊ ရေတောင်အတိုက်မခံဘူ၊း ဘုန်းကြီးက ရေတိုက်ပြီး ထမင်းကြွေးရင်တောင် အကျွေးမခံဘူး၊ သူတို့( စစ်ကောင်စီ) ကျ စားပြီးတော့ အခုထိလည်း မလွှတ်တဲ့အပြင် တွေ့သမျှ ယောကျ်ားဆို လိုက်ဖမ်းနေတာ"ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ ဖမ်းဆီးမှု မတိုင်မီ စက်တင်ဘာလ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် သားကျင်ရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်။
ယင်းနောက် စစ်ကောင်စီတပ်က သားကျင်ရွာ နန်းတွင်းဘုန်းကြီးကျောင်းတွင် အထိုင်ချ တပ်စွဲလိုက်ပြီး ရွာခံအမျိုးသားများကို ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ကာ ရွာကိုပိတ်ဆို့ထားခြင်း ဖြစ်သည်။

“အမျိုးသားတွေကြီးပဲ သီးသန့်ဖမ်းထားတာ” ဟု နောက်ထပ် ဒေသခံတဦးက ယနေ့နံနက်ပိုင်းတွင် မဇ္ဈိမကို ပြောသည်။
ဒေသခံအများအပြား လူသားဒိုင်းအဖြစ် ဖမ်းဆီးစစ်ဆေးခံနေရမှုအပေါ် မဇ္ဈိမက ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
စက်တင်ဘာလ ၁ ရက်နေ့က တိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ်မှ အရာရှိတဦးနှင့် တပ်ဖွဲ့ဝင် ခုနစ်ဦးထက်မနည်း သေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။

"သတင်းတွေမှာ စကစဘက်က နှစ်ယောက်ပဲ သေတယ်ဆိုတာ အမှန်တော့ အကြီးအကဲတယောက်အလောင်းကို တိုက်ပွဲဖြစ်ဖြစ်ချင်းနေ့မှာ အလောင်းလာကောက်သွားတယ်၊ နောက်နေ့မနက်(စက်တင်ဘာလ ၂ရက်)မှာ ခုနစ်ယောက်ထက်မနည်းဘူး၊ အလောင်းတွေလာကောက်တာတွေ့လိုက်တယ်၊ အလောင်းတွေမြင်ပြီး အဲ့ဒီနားက ဘုန်းကြီးတောင် သွေးတက်သွားတယ်"ဟု သားကျင်ရွာ ဒေသခံတဦးက ပြောသည်။

လက်ရှိမှာ စစ်ကောင်စီတပ်က ပြည်သူများအား လိုက်လံဖမ်းဆီးနေပြီး နန်းတွင်းဘုန်းကြီးကျောင်းတွင် တပ်စွဲအထိုင်ချထားသောကြောင့် တိုက်ခိုက်မှုကို ခေတ္တရပ်ဆိုင်းထားကြောင်းလည်း ငါန်းဇွန် ပကဖ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ငါန်းဇွန်မြို့နယ်တွင် ဩဂုတ်လဆန်းပိုင်းမှ စတင်၍ စစ်ကောင်စီတပ်က ခပ်စိပ်စိပ် စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ဩဂုတ်လ ၁၄ ရက်နေ့က စစ်ဘေးတိမ်းရှောင်လာသော ဒေသခံလေးဦးသည် စစ်ကောင်စီစစ်ကြောင်းနှင့် တည့်တည့်တိုးရာမှ ပစ်သတ်ခံရပြီး သေဆုံးသွားသည်။

စာတည်း။ ။ နောင်နောင်

#ငါန်းဇွန်
#သားကျင်ရွာ
#Mizzima

ဓာတ်ပုံ- စစ်ကောင်စီတပ်သားများကို ၂၀၂၁ ခုနှစ်က တွေ့ရစဉ် (Photo- AFP)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬10👍4🔥1
Media is too big
VIEW IN TELEGRAM
နေပြည်တော်မှာကျင်းပမယ့် အာဆီယံလေတပ်အကြီးအကဲများ ညီလာခံကို ဖျက်သိမ်းဖို့ JFM တောင်းဆို

Watch more detail - https://youtu.be/JxWsY5oyUwI

#PoliticalNews
#reels
#shorts
#MizzimaTV
👍6😁3
နေပြည်တော်မှာကျင်းပမယ့် အာဆီယံလေတပ်အကြီးအကဲများ ညီလာခံကို ဖျက်သိမ်းဖို့ JFM တောင်းဆို
====================

အာဏာသိမ်း စစ်ကောင်စီ ဦးဆောင်ပြီး နေပြည်တော်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အာဆီယံလေတပ်အကြီးအကဲများ ညီလာခံကို ဖျက်သိမ်းပေးဖို့ Justice For Myanmar အဖွဲ့က စက်တင်ဘာလ ၂ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

စစ်ကောင်စီ လေတပ်ကာကွယ်ရေး ဦးစီးချုပ်က ဦးဆောင်ပြီး  AACC ညီလာခံကို နေပြည်တော်မှာ စက်တင်ဘာလ ၁၂ ရက်ကနေ ၁၅ ရက်အထိ ကျင်းပဖို့ရှိနေတယ်လို့ သိရတယ်ဆိုပြီး JFM အဖွဲ့က ပြောပါတယ်။

လေတပ်ညီလာခံကို ဖျက်သိမ်းပေးဖို့နဲ့ မြန်မာစစ်တပ်ရဲ့ ကြည်းတပ်၊ လေတပ်၊ ရေတပ်အတွက် အာဆီယံက တိုက်ရိုက်ပံ့ပိုးကူညီနေတဲ့အပေါ် ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ JFM အဖွဲ့က ဆိုပါတယ်။
အာဆီယံနဲ့ အဖွဲ့ဝင်နိုင်ငံတွေဟာ ဒီလေတပ်အကြီးအကဲများညီလာခံကို ကျင်းပဖို့ လုပ်ဆောင်နေတာ၊ စစ်အုပ်စုနဲ့ စစ်ဘက် ရဲဘက် ထိတွေ့ဆက်ဆံနေတာတွေက မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်အပေါ် စာနာစိတ်ကင်းမဲ့တဲ့ လျစ်လျူရှုမှုကို ပြသနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ရဲ့ ကြည်းရေလေ တပ်တွေက လူထုအပေါ် အကြမ်းဖက်မှု လုပ်နေချိန်မှာ အာဆီယံရဲ့ တိုက်ရိုက်ထောက်ခံမှုကို ရှုတ်ချသလို အခုညီလာခံကိုလည်း ဖျက်သိမ်းဖို့ အဲဒီအဖွဲ့က တောင်းဆိုထားပါတယ်။

မြန်မာ့အကျပ်အတည်းကို ဘုံသဘောတူညီချက် ငါးရပ်နဲ့ ဖြေရှင်းမယ်ဆိုတဲ့ အာဆီယံရဲ့ ကိုယ်ပိုင်ကတိကဝတ်တွေကို သူတို့ကိုယ်တိုင် ဖောက်ဖျက်နေကြတာဖြစ်ပါတယ်လို့ လည်း ဖော်ပြထားပါတယ်။
အာဆီယံက စစ်ကောင်စီရဲ့ လေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်ကို ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ် နိုဝင်ဘာလမှာ လေတပ်အကြီးအကဲများ ညီလာခံ (AACC)ရဲ့ သဘာပတိအဖြစ် ခန့်အပ်ခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး ထွန်းအောင်ဟာ စစ်ကောင်စီက သူ့ကို လေတပ်ဦးစီးချုပ်ခန့်အပ်ပြီး ၂ဝ၂၂ ဇန်နဝါရီလနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၉၃ဝ ကျော်ကို အမိန့်ပေးကွပ်ကဲခဲ့သူဖြစ်ပြီး လူပေါင်း တစ်ထောင်နီးပါး သေဆုံးစေခဲ့တယ်လို့ လက်နက်ကိုင်ပဋိပက္ခများဆိုင်ရာ တည်နေရာနဲ့ ဖြစ်ရပ်မှတ်တမ်းစီမံကိန်း ACLED ရဲ့ အချက်အလက်အရ သိရပါတယ်။

လူပေါင်း ၈၀ကျော် သေဆုံးခဲ့တဲ့ အနန့်ပါ လေကြောင်းတိုက်ခိုက်မှု၊ လူပေါင်း ၁၆၈ ဦးသေဆုံးခဲ့ရတဲ့ ပဇီကြီးရွာလေကြောင်းတိုက်ခိုက်ခံရမှုတွေဟာ မြန်မာလေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်ရဲ့ ကွပ်ကဲမှုအောက်မှာ ပေါ်ပေါက်ခဲ့တာကိုလည်း JFM အဖွဲ့က ထောက်ပြပြောဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီဟာ အာဆီယံ ကြည်းရေလေ အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေးနဲ့ ရဲတပ်ဖွဲ့အပိုင်းမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို ဦးဆောင်နေပြီး နေပြည်တော်မှာ အကြမ်းဖက်မှုတန်ပြန်ရေးလေ့ကျင့်မှု အစည်းအဝေးပြုလုပ်ခဲ့သလို လာမယ့် စက်တင်ဘာ လကုန်မှာလည်း ရုရှားမှာ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ဖို့ရှိနေပါတယ်။

Justice for Myanmar အဖွဲ့ကတော့ AACC မှာ ဗိုလ်ချုပ်ကြီး ထွန်းအောင်ကို နေရာပေးတာဟာ မြန်မာစစ်တပ်က လူထုအပေါ် ပြုလုပ်နေတဲ့အကြောက်တရားစွက်ရေးလုပ်ဆောင်ချက်ကို အာဆီယံဘက်က သိသိကြီးနဲ့ ထောက်ခံတဲ့လုပ်ရပ်လို့ အစောပိုင်းကတည်းက ဝေဖန်ထားပါတယ်။

စစ်ကောင်စီ ပူးတွဲဥက္ကဋ္ဌတာဝန်ယူမယ့် စက်တင်ဘာ ၂၅ ရက်ကနေ ၃ဝ ရက်နေ့အထိ ရုရှားနိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရုရှား အာဆီယံ အကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ရေးဆိုင်ရာ လက်တွေ့မြေပြင်စစ်ရေး လေ့ကျင့်မှုကိုလည်း JFM က ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်ထားပါတယ်။

https://youtu.be/JxWsY5oyUwI?si=cinpsBfopxEM9hcD
 
#PoliticalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍19🍌1
စက်တင်ဘာလ (၄)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
======================

01:00 − ပဒေသာဗုံးလို့ခေါ်တဲ့ ဆင့်ကဲပေါက်ကွဲစေတဲ့ ဗုံးသုံးတာ ချက်ချင်းရပ်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆိုတဲ့သတင်း

03:34− ဒီရက်ပိုင်းအတွင်းကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေးကို အဓိကထားပြီး ဖြေရှင်းသွားမယ်လို့ အာဆီယံ ဥက္ကဌပြောတဲ့သတင်း

06:35 − ပေါင်မြို့မှာ နယ်ထိန်းရဲ ၁ ဦး သေနတ်နဲ့ အနီးကပ် ပစ်သတ်ခံရတဲ့သတင်းနဲ့

07:53 − မုန်းမြို့နယ်မှာ စစ်ကောင်စီတပ်ကြောင့် စစ်ဘေးရှောင်ကျေးရွာ ၂၆ ရွာအထိရှိလာ တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/Uat2tG6Q2z0?si=H5gzyhM7Wce_Vzmg

#2pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🍌1
ပဒေသာဗုံးလို့ခေါ်တဲ့ ဆင့်ကဲပေါက်ကွဲစေတဲ့ ဗုံးသုံးတာ ချက်ချင်းရပ်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆို
=================

မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်တွေဘက်က 'ပဒေသာဗုံး' လို့ခေါ်နိုင်တဲ့ အတွဲလိုက် ဆင့်ကဲပေါက်ကွဲစေတဲ့ ဖျက်အားပြင်းကလပ်စ်တာဗုံး (Cluster Bobms) တွေ ပြန်လည်အသုံးပြုနေတာကို လူ့အခွင့်အရေးအဖွဲ့တွေက ရှုတ်ချလိုက်ပြီး ဒီလိုအသုံးပြုမှုကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုလိုက်ပါတယ်။

မြန်မာစစ်တပ်ဟာ ဆင့်ကဲပေါက်ကွဲစေတဲ့ Cluster ဗုံးလက်နက်တွေကို ၂၀၂၁ ဖေဖော်ဝါရီမှာ အာဏာသိမ်းပြီးကတည်းက အကြိမ်ကြိမ် အသုံးပြုခဲ့ပြီး ပြီးခဲ့တဲ့ဇွန်လက နောက်ဆုံးအကြိမ် အသုံးပြုခဲ့တယ်လို့ Cluster Munition Coalition (CMC) အဖွဲ့က ပြောပါတယ်။

CMC ဟာ ကမ္ဘာတဝန်း နိုင်ငံပေါင်းတရာကျော်မှာ အခြေစိုက်တဲ့ လူ့အခွင့်အရေးအဖွဲ့တွေ စုပေါင်းထားတဲ့ ညွန့်ပေါင်းအဖွဲ့တခု ဖြစ်ပါတယ်။

လေ့လာချက်တွေအရ အာဏာသိမ်း စစ်တပ်ဟာ ဒီ ဗုံးတွေကိုထုတ်လုပ်သလို အကြိမ်ကြိမ်လည်းအသုံးပြုခဲ့ပြီး နောက်ဆုံး ဇွန်လထဲမှာ သုံးခဲ့တာ တွေ့ရတယ်လို့ စောင့်ကြည့်နေတဲ့ CMCအဖွဲ့ က ပြောပါတယ်။ ဒါဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီ Cluster ဗုံးကို မြန်မာစစ်တပ်က အသုံးပြုနေတဲ့အကြောင်း ဓါတ်ပုံသက်သေတွေအပြင် သတင်းအချက်အလက်တွေ CMC အဖွဲ့က ရထားတယ်လို့လည်း ဆိုပါတယ်။

ဒီဗုံးတွေကို အမြောက်၊ ဒုံးပျံနဲ့ လေယာဉ်တွေသုံးပြီး ပစ်ကြဲချနိုင်ကြောင်း၊ ဗုံးကိုကြဲချချိန် ဝေဟင် လမ်းခုလတ်မှာတင် ဒါဇင်နဲ့ချီ၊ ရာနဲ့ချီ အကြိမ်ကြိမ် ထပ်ဆင့်ကွဲထွက်စေလို့ ထိခိုက်မှု ကျယ်ပြန့်ပြင်းထန်သလို မြေပြင်ပေါ်ရောက်ချိန်မှာလည်း တချို့က ချက်ချင်း ထပ်ဆင့်မကွဲဘဲကျန်ရှိနေပြီး မြေမြှုပ်ဗုံးလို နောင်မှ ထပ်မံကွဲနိုင်လို့ အရပ်သားတွေကို ထိခိုက်စေတာဖြစ်တယ်လို့လည်းဆိုထားပါတယ်။

မြန်မာစစ်တပ်ဟာ Cluster ဗုံးတွေကို ထုတ်လုပ်နေပြီး အရပ်သားပြည်သူတွေကို သေကျေဒဏ်ရာရအောင် လုပ်ဖို့ အသုံးပြုနေတာဟာ အလွန်မှ စိုးရိမ်ပူပန်စရာ ကောင်းတယ်လို့လည်း CMC အဖွဲ့ရဲ့ သုတေသီ ဒေါက်တာ ရေရှဟွာ မိုဆာ ပန်ဆူဝမ်က ပြောပါတယ်။
ဒီလို နိုင်ငံတကာမှာ ပိတ်ပင်ထားတဲ့ လက်နက်ကို သုံးလာတဲ့အတွက် ကမ္ဘာ့နိုင်ငံအားလုံးက ကန့်ကွက်ရှုတ်ချသင့်ပါတယ်လို့ လည်း တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံဟာ ဒီဗုံးအသုံးပြုမှုကိုတားမြစ်တဲ့ ၂၀၀၈ ခုနှစ် သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတော့မဟုတ်ပါဘူး။

မြန်မာနိုင်ငံအနေနဲ့ နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေး သဘောတူညီချက်မရရှိမချင်း ကလပ်စ်တာဗုံး တားမြစ်တဲ့ သဘောတူညီချက်မှာ လက်မှတ်ထိုး ပါဝင်နိုင်မှာမဟုတ်ဘူးလို့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတုန်းက ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောကြားထားပါတယ်။

https://youtu.be/x2ZQB0KmMyc?si=5RnFI9jEuhNvYVH5

#PoliticalNews
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16🤣1
​​မီဒီယာကို စောင့်ကြည့်အရေးယူရန် စစ်ခေါင်းဆောင် ညွှန်ကြား
======================

001
(မဇ္စျိမ)။ ။မီဒီယာများအား စောင့်ကြည့်အရေးယူမှုများတိုးမြှင့်သွားမည့် ညွှန်ကြားချက်တခုကို စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်နေ့က နေပြည်တော်၌ ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ပြောကြားသွားခဲ့သည်။

“နိုင်ငံနှင့်လူမျိုး၏ အမျိုးသားရေးစရိုက်လက္ခဏာများနှင့် အမျိုးသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေမည့် လုပ်ဆောင်မှုများ မရှိစေရေးအတွက် စာပေ၊ ဂီတ၊ ရုပ်ရှင်နှင့် လူမှုကွန်ရက် စသည့်နယ်ပယ်များအလိုက် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် စနစ်တကျ ကြပ်မတ်သွားရန်” ဟု စစ်ခေါင်းဆောင်က ပြောသွား ခဲ့သည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက သတင်းမီဒီယာ ၁၀ ခုကျော်ကို လိုင်စင်ပိတ်သိမ်းခြင်းနှင့် သတင်း ထောက်များကို ဖမ်းဆီးခြင်း၊ စာပေတိုက်အချို့ကို ပုံနှိပ်ထုတ်ဝေခွင့် ပိတ်သိမ်းခြင်းများပြုလုပ်ခဲ့သည့် အပြင် ပုံနှိပ်ထုတ်ဝေရေးဉပဒေကိုလည်း ပြင်ဆင်ခဲ့သည်။
စစ်ကောင်စီက ၎င်းတို့အား ဝေဖန်ပြောဆိုသူများကို ဖိနှိပ်မှုများလုပ်ဆောင်နေပြီး လျှပ်စစ်မီးပျက်၍ စစ်ခေါင်းဆောင်နှင့် စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဌာနကိုဝေဖန်ခဲ့သည့် တေးသံရှင် ဗျူဟာကို ထောင်ဒဏ် နှစ်၂၀ ချမှတ်ခဲ့သည်။

စစ်ကောင်စီကြောင့် သတင်းမီဒီယာလွတ်လပ်ခွင့် လုံးဝဆုံးရှုံးနေပြီး နယ်စည်းမခြားသတင်းထောက်များ အဖွဲ့(RSF)၏ ၂၀၂၃ ခုနှစ် မေလကထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ သတင်းမီဒီယာလွတ်လပ်ခွင့် အညွှန်းကိန်းမှာ နိုင်ငံပေါင်း ၁၈၀ တွင် အောက်ဆုံး ၁၀ နိုင်ငံထဲတွင် ပါဝင်နေသည်။

ထို့ပြင် ဂီတ၊ ရုပ်ရှင်ကဏ္ဍတွင်လည်း အနုပညာသမားများ ဖမ်းဆီးခံရခြင်းများ ဆက်လက်ရှိနေပြီး ရုပ်ရှင် ဇာတ်ကား၊ ဇာတ်လမ်းတွဲများကို ခွင့်ပြုချက်ရယူပြီးမှပြသရန် ညွှန်ကြားခြင်းများလည်း စစ်ကောင်စီက ပြုလုပ်ခဲ့သည်။

အာဏာသိမ်းပြီးနောက် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ထိန်းချုပ်ခံနေရပြီး အွန်လိုင်းမှ ပြောဆိုရေး သားမှုများလည်း စောင့်ကြည့်ခံနေရကာ စစ်ကောင်စီအပေါ် ဝေဖန်ရေးသားသူများ၊ အမျိုးသားညီညွတ် ရေးအစိုးရ(NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့အား ထောက်ခံရေးသားသူများ ဖမ်းဆီးခံနေရ သည်။

စာတည်း။ ။စောဖေ

#လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်
#မီဒီယာ
#စစ်ကောင်စီ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8😁4💩3❤1🖕1