ခင်ဦးတွင် စစ်ကောင်စီတပ်က ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီး
====================
MTO
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ငါးရုံကြီးရွာနှင့် ရှားတောကျေးရွာတို့ကို စက်တင်ဘာလ ၂ ရက် နေ့တွင် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၅၆ လုံး မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများ ထံမှ သိရသည်။
“ရှားတောရွာနားမှာ နယ်မြေခံကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီတပ်က အသေ အပျောက်များခဲ့တာကြောင့် ငါးရုံကြီးနဲ့ ရှားတောရွာကို မီးရှို့သွားတာပါ ” ဟု ရေဦးအခြေပြု People’s defense Comrades အဖွဲ့မှ ကိုထူးခန့်ဇော်က ပြောသည်။
စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ ဝင်များက ကျေးရွာများကိုမီးရှို့သွားခြင်းဖြစ်ပြီး ငါးရုံကြီးရွာမှ နေအိမ် ၂၀ လုံး နှင့် ရှားတောကျေးရွာမှ နေအိမ် ၃၆ လုံး မီးလောင်ပြာကျခဲ့သည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် စက်တင်ဘာလ ၂ ရက် ညပိုင်းတွင် မဒေါင်းလှပျူရွာတွင် ညအိပ်ခဲ့ပြီး ၃ ရက်နေ့ နံနက်ပိုင်းက စောကြီးကျေးရွာကို ဝင်ရောက်စီးနင်းခဲ့သည်ဟု ကိုထူးခန့်ဇော်က ပြောသည်။
“မဒေါင်းလှကနေ စောကြီးရွာကို ဝင်စီးတယ်ဗျ။ ဖမ်းဆီးခံရတဲ့ပြည်သူတွေရှိပေမယ့် အတည်မပြုနိုင်သေး ပါဘူး။ စောကြီးရွာက ကာကွယ်ရေးစခန်းတခုလည်း မီးရှို့ဖျက်ဆီးသွားတယ်။ နေအိမ်အပျက်အစီး အတည်မပြုနိုင်သေးပါဘူး” ဟု ကိုထူးခန့်ဇော်က ဆက်ပြောသည်။
ယနေ့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ခင်ဦးမြို့နယ်အတွင်း သို့ ပြန်လည်ဝင်ရောက်သွားပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ခင်ဦးမြို့နယ်
#စစ်ကောင်စီတပ်
#မီးရှို့ဖျက်ဆီး
ပုံအညွှန်း-ငါးရုံးတောကျေးရွာနှင့် ရှားတောကျေးရွာတို့ မီးရှို့ခံနေရသည်ကိုအဝေးမှမြင်ရစဉ်။
(ဓါတ်ပုံ- People”s Defense Comrade)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

🤬12❤2
မြန်မာ့အရေး ဖြေရှင်းရန် အာဆီယံအဖွဲ့တွင်း စည်းလုံးညီညွတ်မှု ရှိရေး အင်ဒိုနီးရှား တိုက်တွန်း
=======================
မြန်မာ့အရေး ဖြေရှင်းရာတွင် အာဆီယံအုပ်စုတွင်း စည်းလုံးညီညွတ်မှု ရှိစေရေးအတွက် အင်ဒိုနီးရှားအနေဖြင့် ယခုနှစ် အာဆီယံဥက္ကဋ္ဌ တာဝန်ယူစဉ်အတွင်း ကြိုးပမ်းလုပ်ဆောင်လျက် ရှိကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆုဒီက အလေးပေး ပြောဆိုသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=======================
မြန်မာ့အရေး ဖြေရှင်းရာတွင် အာဆီယံအုပ်စုတွင်း စည်းလုံးညီညွတ်မှု ရှိစေရေးအတွက် အင်ဒိုနီးရှားအနေဖြင့် ယခုနှစ် အာဆီယံဥက္ကဋ္ဌ တာဝန်ယူစဉ်အတွင်း ကြိုးပမ်းလုပ်ဆောင်လျက် ရှိကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆုဒီက အလေးပေး ပြောဆိုသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🤣6
ဒီးမော့ဆိုတွင် စစ်ကောင်စီစခန်း ၂ ခု သိမ်းဆည်းခံရ၊ အရာရှိအပါအဝင် ၃၀ ကျော်သေဆုံးကာ ဒုတပ်ရင်းမှူး ထွက်ပြေး
👍17🥰3❤1👏1😁1
ဒီးမော့ဆိုတွင် စစ်ကောင်စီစခန်း ၂ ခု သိမ်းဆည်းခံရ၊ အရာရှိအပါအဝင် ၃၀ ကျော်သေဆုံးကာ ဒုတပ်ရင်းမှူး ထွက်ပြေး
====================
ဂျူချန်း
(မဇ္ဈိမ)။ ။ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်ရှိ သေးဆူလဲနှင့် ပူဖားတပ်စခန်းများကို တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့မှ သိမ်းဆည်းနိုင်ခဲ့ပြီး အရာရှိများအပါအဝင် စစ်ကောင်စီတပ်သား ၃၀ ဦးကျော် သေဆုံးကာ စကခ(၂)လက်အောက်ခံ၊ ခလရ (၉)မှ ဒုတပ်ရင်းမှူး ရဲလင်းနိုင် ကိုယ်လွတ်ရုန်းထွက်ပြေးသွားကြောင်း ကရင်နီပြည် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ယနေ့ စက်တင်ဘာလ ၄ ရက်တွင် သတင်းထုတ်ပြန်သည်။
“မနေ့က မနက် ၄ နာရီခွဲ ၅ နာရီလောက်မှာ စသိမ်းတယ်။ ပထမ သေးဆူလဲကို အရင်ရတယ်။ ၁၀ နာရီ ၁၁ နာရီလောက်မှ ပူဖားကိုရတယ်။ မနေ့(စက်တင်ဘာလ ၂ ရက်)က လေယာဉ်နဲ့ တောက်လျှောက် ဗုံးကြဲ တယ်။ အခုလည်း ပစ်နေတုန်းပဲ” ဟု ကာကွယ်ရေးရဲဘော်တဦးက ပြောသည်။
စခန်းစီးနင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၃၀ ဦးကျော် သေဆုံးသည့်အပြင် ဒုတပ်ရင်းမှူး ရဲလင်းနိုင်အပါအဝင် ဦးတည်ရာမဲ့ထွက်ပြေးသူများလည်းရှိကြောင်း ပူးပေါင်းတပ်ဖွဲ့မှ သတင်းထုတ်ပြန် သည်။
စီးနင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့များထံမှ လက်နက်ငယ်မျိုးစုံ ၁၅ လက်၊ ၆၀ မမ နှစ်လက်၊ RPG-7 တလက်၊ ငါးကြင်းမြီး တလက်၊ ခဲယမ်းမီးကျောက်များ၊ ကျည်ဆန်များ၊ ဆက်သွယ်ရေးစက်များနှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနှစ်စီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။ စက်တင်ဘာလ ၃ ရက်နေ့ကလည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ညနေ ၅ နာရီဝန်းကျင်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးသုံးကြိမ်ကြဲချတိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
“လေယာဉ်နှစ်စီးက သိမ်းနေတဲ့အချိန်မှာ တောက်လျှောက်လာတယ်။ ဗုံးလည်းကြဲတယ်၊ စက်သေနတ် တွေနဲ့လည်းပစ်တယ်။ အခုလည်း လက်နက်ကြီးတွေရော၊ အသေးတွေရော ပစ်နေသေးတယ်။ ရှေ့မှာ တိုက်ပွဲရှိသေးတယ်ဗျ” ဟု သတင်းရင်းမြစ်က ပြောသည်။
တိုက်ပွဲပြင်းထန်ခဲ့သည့် သေးဆူလဲနှင့် ပူဖားအနီးတွင် ယနေ့အထိ ကရင်နီတပ်မတော်(KA)၊ ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)၊ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် (DMO Local PDF)၊ အလယ်ပိုင်းတိုင်း-ကရင်နီ(ကယား) စစ်ဒေသခွဲတပ်ရင်းများပူးပေါင်းစစ်ကြောင်း နှင့် ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်(KNDF)နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲ ဖြစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်နေ့ကလည်း လွိုင်ကော်မှ ဒီးမော့ဆိုသို့ ဆင်းလာသည့် စစ်ကား ၅၀ စီး ပါ စစ်ကောင်စီယာဉ်တန်းကို ကာကွယ်ရေးပူးပေါင်းတပ်မှ မိုင်းဆွဲတိုက်ခိုက်ခဲ့သေးကြောင်း ဆိုသည်။
ကရင်နီပြည် နေရာအနှံ့တွင် တိုက်ပွဲဖြစ်ပွားနေပြီး ဒီးမော့ဆိုသို့ စစ်ကောင်စီတပ်က အင်အားဖြည့်တင်း ခြင်းများ လုပ်ဆောင်နေသဖြင့် လတ်တလောတွင် ဒီးမော့ဆို-ဖရူဆိုလမ်းပိုင်း၌ တိုက်ပွဲပြင်းထန်နေ ကြောင်း သတင်းရင်းမြစ်က ပြောသည်။
ဒီးမော့ဆို-ဖရူဆိုလမ်းပိုင်းတွင် ဩဂုတ်လ ၂ ရက်နေ့မှစတင်ပြီး တိုက်ပွဲပြင်းထန်နေကာ ဩဂုတ်လ ၁၄ ရက်နေ့အထိ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်သား ၇၀ ခန့် သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ကရင်နီတော်လှန်ရေးပူးပေါင်းတပ်မှ ဩဂုတ်လ ၁၉ ရက် နေ့တွင် ပူးတွဲထုတ်ပြန်ထားသည်။
ဓါတ်ပုံ- KNDF
ပုံစာ- စက်တင်ဘာ၂ရက်နေ့တွင်ဖြစ်ပွားသည့် တိုက်ပွဲအတွင်း သိမ်းဆည်းရမိသည့် လက်နက်များ
စာတည်း။ ။စောဖေ
#ကရင်နီပြည်
#ဒီးမော့ဆို
#တိုက်ပွဲပြင်းထန်

👍17❤5👏1😁1
သိမ်းပိုက်ခံ လက်ခတ်တောင်ကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်
====================
သွင်ထူးဈာန်
ကော်သူးလေ(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ ကော်ဘရာစစ်ကြောင်း စိုးမိုးထားသည့် လက်ခတ်တောင်ကို ယနေ့ စက်တင်ဘာ ၄ ရက်၊ မွန်းလွဲ ၁ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က လေ ကြောင်းအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းနှင့် မြေပြင်ရောက် မဇ္ဈိမသတင်း ထောက်က အတည်ပြုသည်။
တိုက်လေယာဥ် နှစ်စီးဖြင့် သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြေပြင်တွင်ရောက်နေသည့် မဇ္ဈိမ ၏ စစ်မြေပြင်သတင်းထောက်က ပြောသည်။
“တိုက်လေယာဥ်နှစ်စီးနဲ့ လက်ခတ်တောင်၊ တောင်ခြေနားက နဂါးရုံဘုရားနားကို လာကြဲတာပါ၊ သုံးကြိမ် လာကြဲတယ်၊ တခါကြဲရင် ဗုံးနှစ်လုံးကြဲတယ်၊ အားလုံး ခြောက်လုံးကြဲတယ်”ဟု မဇ္ဈိမသတင်းထောက်က ပြောသည်။
လက်ခတ်တောင်ခြေသို့ တိုက်လေယာဉ်တစီးဖြင့် ဗုံးနှစ်လုံးတွဲတကြိမ် လာရောက်တိုက်ခိုက်ပြီးနောက် ၂၅ မိနစ် ဝန်းကျင်အကြာတွင် နောက်ထပ်တိုက် တိုက်လေယာဉ်တစီးက ဗုံးနှစ်လုံးတွဲ နှစ်ကြိမ်ကြဲချပြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှု တစုံတရာမရှိခဲ့ကြောင်း စုံစမ်း သိရှိရသည်။
စစ်ကောင်စီတပ်က အခိုင်အမာနေရာယူထားသော လက်ခတ်တောင်စခန်းကုန်းကို ကော်ဘရာစစ် ကြောင်းနှင့် ကျားသစ်နက်စစ်ကြောင်းတို့မှ ဇူလိုင်လ၂၁ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
ယင်းနောက် စစ်ကောင်စီတပ်က စခန်းကုန်းအား ပြန်လည်သိမ်းယူရန် တလကျော်ကြာ ထိုးစစ်ဆင် တိုက် ခိုက်နေသော်လည်း အကျအဆုံးများစွာဖြင့် တပ်ပြန်ဆုတ်ခဲ့ရသည်။
မြဝတီဒေသတွင် စစ်ရေးတင်းမာလျက်ရှိကာ ပြီးခဲ့သော စက်တင်ဘာလ ၃ ရက်နေ့ ည ၇ နာရီခွဲက မြဝတီ မြို့ ခရိုင်ရဲရုံးကို Federal Wings ဒရုန်းအဖွဲ့က ၆၀ မမ ဗုံးသီးခြောက်လုံးဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့သည်။
ယင်းတိုက်ခိုက်မှုကြောင့် ခလရ(၂၇၅)မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူးအောင်ကျော်မင်းနှင့် ခရိုင်အုပ်ချုပ် ရေးမှူး ဦးစိုးတင် အပါအဝင် ငါးဦးသေဆုံးပြီး မြဝတီခရိုင်ရဲမှူး အပါအဝင် ၁၁ ဦးဒဏ်ရာရှိခဲ့သည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
#လက်ခတ်တောင်
#လေကြောင်းတိုက်
#မြဝတီခရိုင်ရဲ
ဓာတ်ပုံ- လက်ခတ်တောင်ပေါ်မှ မြင်တွေ့ရသည့် လက်ခတ်တောင် တောင်ခြေမြင်ကွင်း

❤11👍4🤬2
ကုလသမဂ္ဂအဖွဲ့တွင် ပါဝင်နိုင်ရေး နိုင်ငံတကာထောက်ခံမှုရရှိရန် ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ကြိုးပမ်း
==================
တရုတ်၏ကြားဝင်မှုကြောင့် ကုလသမဂ္ဂမှ ဖယ်ကြဉ်ခံထားရသည့် ထိုင်ဝမ်အပေါ် တရုတ်၏ရန်လိုမှုများက ဆက်လက်ခြိမ်းခြောက်နေကြောင်းနှင့် ထိုင်ဝမ်ကို အဓိပ္ပာယ်ပြည့်ဝစွာ ပါဝင်ခွင့်ပြုရန် ကုလသမဂ္ဂအား ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူက တိုက်တွန်းလိုက်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==================
တရုတ်၏ကြားဝင်မှုကြောင့် ကုလသမဂ္ဂမှ ဖယ်ကြဉ်ခံထားရသည့် ထိုင်ဝမ်အပေါ် တရုတ်၏ရန်လိုမှုများက ဆက်လက်ခြိမ်းခြောက်နေကြောင်းနှင့် ထိုင်ဝမ်ကို အဓိပ္ပာယ်ပြည့်ဝစွာ ပါဝင်ခွင့်ပြုရန် ကုလသမဂ္ဂအား ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူက တိုက်တွန်းလိုက်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥6👍5❤1
Media is too big
VIEW IN TELEGRAM
အီရတ်နိုင်ငံကာကက်မြို့က လူမျိုးရေး ဆန္ဒပြပွဲတွေမှာ လူ ၃ ဦးသေဆုံး
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

🔥5👍3😢1
မြိုင်မြို့ အဝင် စစ်ဆေးရေးဂိတ်ကို PDF တိုက်ခိုက်
=================
MTO (မဇ္ဈိမ)။ ။မကွေးတိုင်းမြိုင်မြို့ အဝင်စစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ဆေးရေလုပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ၀င် တဦးသေဆုံးသွားတယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မဇ္ဈိမကို ပြောပါတယ်။
အဲဒီစစ်ဆေးရေးဂိတ်ဟာ ဒီကနေ့ စက်တင်ဘာလ ၄ ရက်နေ့ မနက် ၉ နာရီဝန်းကျင်မှာ တိုက်ခိုက်ခံခဲ့ရတာပါ။
မနက် ၄ နာရီလောက်ကတည်းက အနီးကပ်စောင့်ကြည့်ပြီးမှ ပစ်ခတ်တိုက်ခိုက်ခဲ့ တာဖြစ်တယ်လို့ မြိုင် ပကဖ မှ တပ်ရင်းမှူး ဗိုလ် Cross က မဇ္ဈိမကို ပြောပါတယ်။
တည်းဖြတ်၊တင်ဆက် = MTO
https://youtu.be/zxZTi02kQeQ?si=-HEhJubsERBO3GQv
#မြိုင်
#မြို့အဝင်ဂိတ်
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
မြိုင်မြို့ အဝင် စစ်ဆေးရေးဂိတ်ကို PDF တိုက်ခိုက်
MTO (မဇ္ဈိမ)။ ။မကွေးတိုင်းမြိုင်မြို့ အဝင်စစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ဆေးရေလုပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ၀င် တဦးသေဆုံးသွားတယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မဇ္ဈိမကို ပြောပါတယ်။
အဲဒီစစ်ဆေးရေးဂိတ်ဟာ…
အဲဒီစစ်ဆေးရေးဂိတ်ဟာ…
👍14🔥2👏1
စက်တင်ဘာလ ၄ ရက်နေ့ ၊ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
==================
https://youtu.be/Hh43qRWnG7k?si=avGsXsZEvPHg2tvL
==================
https://youtu.be/Hh43qRWnG7k?si=avGsXsZEvPHg2tvL
YouTube
စက်တင်ဘာလ ၄ ရက်နေ့ ၊ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
စက်တင်ဘာလ ၄ ရက်နေ့ ၊ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို…

🔥4👍1
စစ်အာဏာရှင်ဆန့်ကျင်ရေး ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ
=============
ပါခွီး
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးချီတက်ပွဲကို ယနေ့ စက်တင်ဘာလ ၄ ရက်တွင် ဆန္ဒပြခဲ့ကြသည်။
လူထုသပိတ်စစ်ကြောင်းသည် “ကြေးနီသတ္ထုတွင်းအကြောင်းပြု လူသတ်ပွဲလုပ်နေတာ ချက်ခြင်းရပ်” စာတမ်းကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများ ဟစ်ကြွေး ချီတက်ခဲ့ကြသည်။
စစ်အာဏာရှင်နှင့် တရုတ်ကုမ္ပဏီတို့ပူးပေါင်းပြီး ပြည်သူများကို ဖိနှိပ်သတ်ဖြတ်နေသောကြောင့် ယခုကဲ့ သို့ ဆန့်ကျင်ဆန္ဒပြခြင်းဖြစ်ကြောင်း သိရသည်။
သပိတ်အင်အားစုသည် ခေတ်အဆက်ဆက်တွင် ကျဆုံးခဲ့ရသော အာဇာနည်သူရဲကောင်းအပေါင်းကို ဦးညွှတ်အလေးပြုခဲ့ပြီး ကြွေးကြော်သံများဖြင့် ဆန္ဒပြခြင်းကို ရုပ်သိမ်းခဲ့ကြသည်။
ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့မှ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်မှစတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် ၈၉၅ ရက်မြောက် ချီတက်ခြင်းဖြစ်သည်။
စာတည်း။ ။စောဖေ
#စစ်ကိုင်းတိုင်း
#စစ်အာဏာရှင်ဆန့်ကျင်ရေး
#ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း

👍13❤3🔥1