MIZZIMA JOB ANNOUNCEMENT
"Breaking Boundaries with words: Join Mizzima as an Experienced Journalist"
Are you an accomplished journalist with a knack for crafting compelling narratives in English? Do you have a passion for telling stories that resonate with readers? If you're ready to take your journalistic expertise to new heights, we invite you to be part of our dynamic team!
How to Apply:
Send your application to hrdepartment@mizzima.com with the subject line: " Journalist Application - [Your Name]". We welcome applications until [15 September 2023].

👍5🤮1
5.9.2023 (Tuesday) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
====================
Highlight
အမှန်တရားအတွက် ပြိုင်ဆိုင်မှုများ (ညနေ - ၆ နာရီ)
India Movie -Talvar (ည- ၈ နာရီ)
Korea Movie - Alienoid (ည-၁၀ နာရီခွဲ)
Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။
#mizzimatv

👍2🔥2
ဟောင်ကောင် V-Power ကုမ္ပဏီက မြန်မာရှိ ဓာတ်အားပေးစီမံကိန်း ၄ ခုအား ရပ်နား
=========================
ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများကို နှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့သော V-Power ကုမ္ပဏီသည် မြန်မာနိုင်ငံ၌ ယခုနှစ် ပထမနှစ်ဝက်အတွင်း စီးပွားရေး အခြေအနေ တည်ငြိမ်ပုံ ရှိခဲ့သော်လည်း နိုင်ငံတွင်း၌ နိုင်ငံခြားငွေကြေးလဲလှယ်မှု တစစ လျော့ပါးခြင်းကြောင့် နိုင်ငံခြားကုမ္ပဏီများသည် ၎င်းတို့၏ လုပ်ငန်းများ လုပ်ကိုင်နိုင်ရေး၌ အခက်အခဲများ ရင်ဆိုင်နေရသည်။
-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍9😁1
မတူပီ-ပလက်ဝလမ်းမှ စစ်ကောင်စီဂိတ်ကို ချင်းကာကွယ်ရေးအဖွဲ့ တိုက်ခိုက်
====================
ပါခွီး
(မဇ္စျိမ)။ ။ချင်းပြည်နယ်၊ မတူပီမြို့အနီး မတူပီ-ပလက်ဝလမ်းရှိ စစ်ကောင်စီဂိတ်ကို သွားရောက်တိုက် ခိုက်ခဲ့ကြောင်း ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) CDF – Matupi က ထုတ်ပြန်ထားသည်။
မတူပီ-ပလက်ဝလမ်းပေါ်ရှိ ခလရ (၃၀၄)ဂိတ်ကို စက်တင်ဘာလ ၄ ရက် ယမန်နေ့ နံနက် ၈ နာရီ ၃၀ မိနစ် တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“အနည်းဆုံးသုံးယောက်ဒဏ်ရာရတဲ့ဆိုတာ အတည်ပြုလို့ရတယ်။ ကျနော်တို့ပစ်ပြီးတော့ သေလားစောင့် ကြည့်နေချိန်မှာ သူတို့အချင်းချင်း ကျောပိုးပြီးတော့ သယ်သွားတာကိုမြင်ရတယ်” ဟု CDF–Matupi ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ဂျွန်ကိမ်းက မဇ္စျိမကိုပြောသည်။
မိနစ် ၃၀ အကြာ အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သားသုံးဦး ဒဏ်ရာရရှိသွားပြီး ချင်း ကာကွယ်ရေးတပ်ဖွဲ့မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ကြောင်း ဆိုသည်။
ယင်းသို့တိုက်ခိုက်ခဲ့မှုအပြီးတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ခလရ (၃၀၄)တပ်ရင်းသည် အင်အား ၁၂၀ ခန့်ဖြင့် မတူပီမြို့အစွန်၌တပ်စွဲထားခြင်းဖြစ်ပြီး လှုပ်ရှားမှု သိပ်မရှိဘဲ ဂိတ်စောင့်ခြင်းနှင့် လိုအပ်ပါက လက်နက်ကြီးပစ်ကူပေးခြင်းများ လုပ်ဆောင်လေ့ရှိကြောင်း သိရသည်။
မတူပီမြို့ရှိစစ်ကောင်စီတပ်သားများသည် တပ်ဝန်းအနီးသာ လှုပ်ရှားသွားလာကြသော်လည်း ယခုကဲ့သို့ တိုက်ခိုက်ခံရသည့်အတွက် တခုခုပြန်လည်လုပ်ဆောင်နိုင်ပြီး ယင်းအခြေအနေအတွက် အသင့်ပြင်ဆင် ထားကြောင်း နိုင်ဂျွန်ကိမ်းက ဆိုသည်။
စစ်ကောင်စီဂိတ် ပစ်ခတ်ခံရပြီးနောက် လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်နေသဖြင့် ပြည်သူများ သတိ ထားရန်လိုကြောင်း သို့သော် အစိုးရိမ်လွန်ရန်မလိုအပ်ဘဲ စစ်ကောင်စီတပ်သားများနှင့် တပ်စခန်းများ အနီးတွင် သွားလာနေထိုင်ခြင်းမပြုလုပ်ကြရန် CDF – Matupi ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
ဇူလိုင်လ ၂၆ ရက် ညနေ ၃ နာရီ ၃၀ မိနစ်ခန့်က မတူပီ-ဟားခါးလမ်းမပေါ်ရှိ ဖနိုင်ကျေးရွာနှင့် မတူပီခရိုင် ရုံးအကြားတွင် CDF – Matupi က စစ်ဆင်ရေးပြုလုပ်ခဲ့ရာ မတူပီမြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ချမ်းမြေ့အောင် ကို ၎င်းကိုင်ဆောင်သော လက်နက်နှင့်တကွ ဖမ်းဆီးခဲ့သေးသည်။
စာတည်း။ ။စောဖေ
#ချင်ပြည်နယ်
#မတူပီ-ပလက်ဝလမ်း
#စစ်ကောင်စီဂိတ်
CDF - Matupi တပ်ဖွဲ့ဝင်များ (ဓါတ်ပုံ - CDF - Matupi)
------------------------

👍16❤1🔥1
စက်တင်ဘာလ (၅)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
========================
00:59 −မြန်မာ့အရေး အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ပြန်လည်သုံးသပ်မယ့်သတင်း
02:33 − မြန်မာနိုင်ငံအလယ်ပိုင်းဒေသမှာ ဒရုန်းစစ်ဆင်ရေးတိုးမြှင့်မယ့်သတင်း
06:02 − မိုးနှောင်းကာလ ရေဘေးသတိပြုဖို့ NUG အသိပေးတဲ့သတင်း နဲ့
07:38 − ပြည်တွင်းဆန်ဈေးနှုန်းတွေ မြင့်တက်နေချိန်မှာ ပြည်ပကို ဆန်အဆက်မပြတ် တင်ပို့မှုရှိနေတဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေ စိတ်ဝင်စားဖွယ်သတင်းတွေ နဲ့ ဒီကနေ့အတွက် ငွေလဲနှုန်းနဲ့ကုန်စျေးနှုန်း တွေကိုလည်း တင်ဆက်ပေးသွားမှာပါ။
https://youtu.be/MmjjJqme744?si=cG4z4c7qDpOF74g8
#12pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
စက်တင်ဘာလ (၅)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
00:59 −မြန်မာ့အရေး အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ပြန်လည်သုံးသပ်မယ့်သတင်း
02:33 − မြန်မာနိုင်ငံအလယ်ပိုင်းဒေသမှာ ဒရုန်းစစ်ဆင်ရေးတိုးမြှင့်မယ့်သတင်း
06:02 − မိုးနှောင်းကာလ ရေဘေးသတိပြုဖို့ NUG အသိပေးတဲ့သတင်း နဲ့
07:38 − ပြည်တွင်းဆန်ဈေးနှုန်းတွေ မြင့်တက်နေချိန်မှာ…

👍6🌭2
ဖူကူရှီးမား ရေဆိုးထုတ်လွှတ်ပြီးနောက်ပိုင်း ဂျပန်အစိုးက ပြည်တွင်းငါးဖမ်းကဏ္ဍကို ထောက်ပံ့မှုတိုးမြှင့်
==================
https://youtu.be/QFPMozZEN4c?si=OM3wvv5XD8w12p1I
#Internationalnews
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==================
https://youtu.be/QFPMozZEN4c?si=OM3wvv5XD8w12p1I
#Internationalnews
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
ဖူကူရှီးမားရေဆိုးထုတ်လွှတ်ပြီးနောက်ပိုင်း ဂျပန်အစိုးက ပြည်တွင်းငါးဖမ်းကဏ္ဍကိုထောက်ပံ့မှုတိုးမြှင့်
#Internationalnews
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
Subscribe…

👍5🔥1
ကရင်နီပြည်နယ်တွင် ဩဂုတ်လအတွင်း တိုက်ပွဲ ၅၀ ခန့်ဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ဒု-ဗိုလ်မှူး အပါ အဝင် ၁၁၀ ဦး သေဆုံးကာ စစ်သုံ့ပန်း ၃ ဦး ဖမ်းဆီးရမိ
👍14😁2
ကရင်နီပြည်နယ်တွင် ဩဂုတ်လအတွင်း တိုက်ပွဲ ၅၀ ခန့်ဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ဒု-ဗိုလ်မှူး အပါ အဝင် ၁၁၀ ဦး သေဆုံးကာ စစ်သုံ့ပန်း ၃ ဦး ဖမ်းဆီးရမိ
====================
002
(မဇ္ဈိမ)။ ။ကရင်နီပြည်နယ်တွင် ဩဂုတ်လအတွင်း တိုက်ပွဲ ၅၀ ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ဒု-ဗိုလ်မှူးအပါအဝင် ၁၁၀ ဦးသေဆုံးကာ စစ်သုံ့ပန်းသုံးဦးဖမ်းဆီးရမိခဲ့ကြောင်း ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ်(KNDF)က သတင်းထုတ်ပြန်သည်။
ဩဂုတ်လ ၂ ရက်နေ့မှစ၍ စစ်ကောင်စီတပ်သည် ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးကို ထိန်း ချုပ်နိုင်ရန် ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်အကြားရှိ လမ်းဘေး ဝဲ၊ ယာမှကျေးရွာများသို့ အပြင်းအထန်ထိုး စစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
သြဂုတ်လအတွင်း စစ်ကောင်စီ၏ တပ်မ(၅၅)လက်အောက်ခံတပ်ရင်းများက စစ်ကြောင်းသုံးကြောင်း ဖြင့် ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်အစ ငွေတောင်ရွာသစ်ကျေးရွာမှ ကဒါးလား၊ ထီးသော်ကူးနှင့် ဒေါညေးခူကျေးရွာများအထိ စစ်ကြောင်းထိုးတပ်စွဲထားသဖြင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များနှင့် နေ့စဉ် တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒီးမော့ဆိုနှင့် ဖရူဆိုစစ်မျက်နှာအတွင်း စစ်ကောင်စီတပ်မှ ဒု-ဗိုလ်မှူးအဆင့်ရှိသူအပါအဝင် ထိခိုက်ကျဆုံး မှုများပြားခဲ့ပြီး ၁၁၀ ဦး သေဆုံးကာ ၄၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့သည်ဟု KNDF က ဆိုသည်။
တလအတွင်း တိုက်ပွဲပေါင်း ၅၀ ကျော်ဖြစ်ပွားခဲ့ကာ တိုက်ပွဲများအတွင်း စစ်သုံ့ပန်းသုံးဦးကို ဖမ်းဆီးနိုင်ခဲ့ ပြီး လက်နက်ငယ် ၁၅ လက်နှင့် လက်နက်ကြီးတလက်အပါအဝင် ဆက်စပ်ခဲယမ်းများကိုလည်း သိမ်း ဆည်းနိုင်ခဲ့သည်ဟု သိရသည်။
ထိခိုက်သေဆုံးမှုများသဖြင့် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၄၅ ကြိမ်ပြုလုပ်ခဲ့ရာ အရပ်သား တဦးသေဆုံးခဲ့ရပြီး လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့်လည်း နှစ်ဦး သေဆုံးခဲ့ကြောင်း၊ စစ်ကောင်စီတပ် ကဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ကလေးငယ်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNDF က ဆိုသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုတို့ကြောင့် လူနေအိမ် ၂၀ လုံး၊ ခရစ်ယာန် ဘုရားကျောင်း တကျောင်းနှင့် စာသင်ကျောင်း နှစ်ကျောင်း ထိခိုက်ပျက်စီးခဲ့သလို မီးရှို့ ဖျက်ဆီးမှုကြောင့် လူနေအိမ် ၁၈ လုံး ပျက်စီးခဲ့ကြောင်း၊ တိုက်ပွဲများအတွင်း KNDF မှ ငါးဦးကျဆုံး ခဲ့ကြောင်း ဖော်ပြထားသည်။
လတ်တလောတွင်လည်း မယ်စဲ့မြို့နယ်ကို ပြန်လည်သိမ်းပိုက်ရန်အတွက် ဖားဆောင်းမြို့နယ်ဘက်မှ အပြင်းအထန် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို ကရင်နီပူးပေါင်းတပ်များက ပန်တိန်း ကျေးရွာနှင့်အနီးတဝိုက်တွင် တန်ပြန်တိုက်ခိုက်လျက်ရှိကြောင်း၊ ထို့ပြင် ဖယ်ခုံမြို့နယ်မှ လွိုင်ကော်မြို့ နယ်အထိ ဖြတ်သန်းသွားလာသော စစ်ကောင်စီ လှုပ်ရှားတပ်များနှင့် လုံခြုံရေးတပ်များကိုလည်းကောင်း၊ ဒီးမော့ဆိုမြို့နယ်ရှိ နန်းမယ်ခုံကျေးရွာမှ ဒေါငံခါးကျေးရွာအထိ တပ်စွဲထားသော စစ်ကောင်စီတပ်များကို လည်း ကရင်နီပူးပေါင်းတပ်များမှ အဆက်မပြတ် ချုံခိုတိုက်ခိုက်လျက်ရှိကြောင်း KNDF က သတင်းထုတ် ပြန်သည်။
စာတည်း။ ။စောဖေ
#ကရင်နီပြည်နယ်
#KNDF
#ဒီးမော့ဆို
#ဖရူဆို
“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

❤14👍4😁1
ငွေကြေးဖောင်းပွမှုနဲ့ပတ်သက်ပြီး ပါကစ္စတန်နိုင်ငံတစ်ဝှမ်းက ဆိုင်ပိုင်ရှင်တွေ ဆန္ဒပြခဲ့ကြ
=====================
https://youtu.be/QuovmVPNJIQ?si=CJBZ_rOHcVOryAkA
=====================
https://youtu.be/QuovmVPNJIQ?si=CJBZ_rOHcVOryAkA
YouTube
ငွေကြေးဖောင်းပွမှုနဲ့ပတ်သက်ပြီး ပါကစ္စတန်နိုင်ငံတစ်ဝှမ်းက ဆိုင်ပိုင်ရှင်တွေ ဆန္ဒပြခဲ့ကြ
#Internationalnews
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
Subscribe…
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
Subscribe…
👍2😁2
This media is not supported in your browser
VIEW IN TELEGRAM
Sep - 5 [12 Pm] Mizzima News Hour
Mizzima Headline News
#12pmnews #mizzimanewshour #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

🍌3
တရုတ်ဝန်ကြီးချုပ် လီချန်း ဂျီ-၂၀ အစည်းအဝေး တက်ရောက်မည်
=======================
https://youtu.be/qGlgguRLtU8?si=ZN21PAPAC1TicFfH
=======================
https://youtu.be/qGlgguRLtU8?si=ZN21PAPAC1TicFfH
YouTube
တရုတ်ဝန်ကြီးချုပ် လီချန်း ဂျီ-၂၀ အစည်းအဝေး တက်ရောက်မည်
#Internationalnews
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
Subscribe…
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
Subscribe…
😁3
မြန်မာ့အရေး အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ပြန်လည်သုံးသပ်မယ်လို့ဆို
======================
မြန်မာ့အရေးဆုံးဖြတ်ချက်များကို စစ်ကောင်စီက လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်နေမှုအပေါ် အာဆီယံထိပ်တန်းသံတမန်တွေက စိတ်ပျက်နေကြသလို ဘုံဆုံးဖြတ်ချက်ငါးရပ်ကို ပြန်လည်သုံးသပ်သွားမယ်လို့သိရပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ စက်တင်ဘာလ ၄ ရက်နေ့ကကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေ အကောင်အထည် မဖော်နိုင် ဖြစ်နေတဲ့ ပြဿနာကို ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။
၂ဝ၂၁ ခုနှစ်ကတည်းက သဘောတူချမှတ်ခဲ့တဲ့ အဲဒီ ဘုံသဘောတူညီချက် ငါးချက်နဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ်ခဲ့ကြတယ်လို့ အိမ်ရှင်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နို မာဆူဒီ က ပြောပါတယ်။
ဆက်လက်ပြီး “မြန်မာ့အရေးမှာ ငြိမ်းချမ်းပြီး ရေရှည်တည်တံ့တဲ့အဖြေတစ်ခုကို ကျွန်မတို့စွမ်းဆောင်ပေးနိုင်မှသာ အာဆီယံဟာ အင်အားအပြည့်နဲ့ ရှေ့ကို မောင်းနှင်နိုင်မှာပါ” လို့ ဝန်ကြီး Retno Marsudi က ပြောပါတယ်။
အာဆီယံဟာ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးနဲ့ ပါတီတွေအားလုံးအကြား တွေ့ဆုံဆွေးနွေးကြဖို့ တောင်းဆိုထားတဲ့ တူညီဆန္ဒငါးရပ်လို့ လူသိများတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို သဘောတူဆုံးဖြတ်ထားပါတယ်။
ဒါပေမဲ့ အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေက အဲဒီတူညီချက်ကို ပြောကောင်းရုံထက် လိုက်နာဆောင်ရွက်တာ အနည်းငယ်သာရှိခဲ့ပါတယ်။
အာဆီယံဟာ ဆယ်စုနှစ်ပေါင်းများစွာ (အဖွဲ့ဝင်)နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးနဲ့ ဘုံဆုံးဖြတ်ချက်နဲ့ သဘောတူညီမှုရယူဖို့ မူဝါဒတွေနဲ့အညီ လုပ်ဆောင်လည်ပတ်ခဲ့ပေမယ့် မြန်မာနိုင်ငံလို ပြဿနာတွေကို ဖြေရှင်းရာမှာ အကျပ်ရိုက်နေပါတယ်။
အာဏာသိမ်းစစ်ကောင်စီ ဥက္ကဋ္ဌ သဘောတူလက်မှတ်ထိုးခဲ့တဲ့ ဘုံသဘောတူညီချက် တွေကို လိုက်နာရန် ပျက်ကွက်မှုအတွက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနဲ့ ထိပ်သီး အစည်းအဝေးတွေမှာ စစ်ကောင်စီ ခေါင်းဆောင်တွေကို တက်ရောက်ခွင့် ပိတ်ပင် ထားပါတယ်။
အာဆီယံဟာအခုလို မြန်မာစစ်ဗိုလ်ချုပ်တွေကို ထိပ်တန်းအဆင့်အစည်းအဝေးတွေကနေ တားမြစ်ထားတာထက်ကျော်လွန်ပြီး ဖိအား မပေးနိုင်ဖြစ်နေပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများရဲ့ခေါင်းဆောင်များအစည်းအဝေးကို စက်တင်ဘာ ၅ ရက်ကနေ ၇ ရက်အထိ ကျင်းပ သွားမှာဖြစ်ကြောင်း သိရပါတယ်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲမှာ မြန်မာ့အရေးအပြင် တောင်တရုတ်ပင်လယ်ပြင်အရေး၊ ဒေသတွင်း စီးပွားရေး၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု၊ ဒေသတွင်းနဲ့ နိုင်ငံတကာရေးရာ ကိစ္စရပ် အတော်များများကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
အခုသီတင်းပတ်မှာ အာဆီယံခေါင်းဆောင်တွေဟာ အမေရိကန်၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျနဲ့ အခြားနိုင်ငံတွေကဲ့သို့သော မိတ်ဖက်နိုင်ငံများမှ ခေါင်းဆောင်တွေနဲ့အတူ ဂျာကာတာမှာ စုဝေးဆွေးနွေးကြဖို့ ရှိနေကြပါတယ်။
အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်မဖော်ဘဲ၊ ဆက်ပြီးတော့ မထီမဲ့မြင့်ပြုနေတဲ့ မြန်မာစစ်ကောင်စီကို ပိုပြီးတော့ ခိုင်မာတဲ့ အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံအမတ်များအဖွဲ့ (APHR) က တောင်းဆိုထားပါတယ်။
မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Zambry Abdul Kadir ကလည်း အာဆီယံကို တိုက်တွန်းထားပါတယ်။
အင်ဒိုနီးရှားဟာ မြန်မာနိုင်ငံရေးအခက်အခဲများကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီး စစ်ကောင်စီ၊ အမျိုးသားညီညွတ်ရေါ်အစိုးရ NUG အပါအဝင် မြန်မာနိုင်ငံရေးမှာ ပါဝင်နေတဲ့ အဖွဲ့စည်းများနဲ့ အကြိမ်ပေါင်း ၁၄၅ ကြိမ် ဆက်သွယ်ဆွေးနွေး ထားတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက မကြာသေးမီက ထုတ်ဖော်ပြောဆိုထားပါတယ်။
https://youtu.be/Ht1-qfPbpSw?si=WEWyShCM02feaYIA
#politicalnews
#mizzima

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ စက်တင်ဘာလ ၄ ရက်နေ့ကကျင်းပတဲ့ အာ…

👍10😁7
အသက်အန္တရာယ် အာမခံချက်မရှိတဲ့အတွက် စစ်ဘေးရှောင်များ နေရပ်မပြန်ကြဖို့ ချင်းလူမှုအဖွဲ့အစည်းများက တိုက်တွန်း
=====================
အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်ပြည်နယ်ရှိ စစ်ဘေးရှောင်များအနေဖြင့် ဆက်လက်ရပ်တည်နိုင်ရန်အတွက် ခက်ခဲခြင်းကြောင့် နေရပ်ပြန်ဖို့ စီစဉ်နေကြသော်လည်း ပြည်တွင်းမှာတိုက်ပွဲများကြောင့် လုံခြုံရေးအရ အသက်အန္တရာယ်အာမခံချက်မရှိသည့်အတွက် စစ်ဘေးရှောင်များအနေဖြင့် ပြန်လည်သုံးသပ်ကြရန် ချင်းလူမှုအဖွဲ့အစည်းများက တိုက်တွန်းပြောကြားသည်။
ချင်းပြည်နယ်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဆက်လက်ပြင်းထန် မှုများကြောင့် နေရပ်မပြန်ကြရန် တိုက်တွန်းထားခြင်းဖြစ်သည်။
စစ်ဘေးရှောင်စဉ်ကာလအတွင်း နေထိုင်စားသောက်ရန် ခက်ခဲလာခြင်း၊ မိမိနေရပ်ရှိ ပိုင်ဆိုင်မှုပစ္စည်းများကို စောင့်ရှောက်မည့်သူမရှိခြင်းနှင့် နေရပ်ဒေသကို လွမ်းဆွတ်ခြင်းတို့ကြောင့် ချင်းပြည်နယ်၊ မတူပီမြို့နယ်မှ စစ်ဘေးရှောင်တချို့သည် တိုက်ပွဲပြင်းထန်နေသည့်ကြားမှ နေရပ်ပြန်ရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်။
ချင်းပြည်နယ်တွင် စစ်ကောင်စီက ဖြတ်လေးဖြတ်ကို ကျင့်သုံး၍ ရိက္ခာများ၊ လူသုံးကုန်ပစ္စည်းများ၊ ဆက်သွယ်ရေးလမ်းကြောင်းများကို အကုန်ပိတ်ပင်ခဲ့ပြီး နေရပ်ပြန်မည့် စစ်ဘေးရှောင်များအနေဖြင့် စားဝတ်နေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပြည်တွင်း၊ ပြည်ပနှင့် အဆက်အသွယ်ပြုလုပ်ရန်နှင့် အခြားအခက်အခဲမျိုးစုံကိုလည်း ရင်ဆိုင်ကြုံတွေ့နိုင်သည်ဟု ချင်းလူမှုအဖွဲ့အစည်းများက ပြောသည်။
အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေကြသော မြန်မာစစ်ဘေးရှောင်ပြည်သူများကို အန္ဒိယအစိုးရက စစ်ဘေးရှောင် ပြည်သူအဖြစ် တရားဝင်အသိအမှတ်မပြုသည့်အတွက် အိန္ဒိယအစိုးရထံမှ မည်သည့်အကူအညီမှ မရရှိကြောင်းသိရပြီး စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပေးနေသော မီဇိုးရမ်အစိုးရနှင့်NGO/INGO အဖွဲ့စည်းများထံကလည်း ထောက်ပံ့မှုနည်းပါးလာကြောင်းသိရသည်။
အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်ပြည်နယ်၊ မဏိပူရ်ပြည်နယ်နှင့် နယူးဒေလီတို့တွင် ချင်းစစ်ဘေးရှောင်စုစုပေါင်း ခြောက်သောင်းကျော်ရှိကြောင်းချင်းလူ့အခွင့်အရေးအဖွဲ့အစည်း၏ စစ်တမ်းကောက်ချက်အရ သိရသည်။
မြန်မာနိုင်ငံသည် အိန္ဒိယအရှေ့မြောက်ပိုင်းဒေသ အရူးနားချဲပရာဒရှ်၊ နာဂ၊ မဏိပူနှင့် မီဇိုရမ်ပြည်နယ်တို့နှင့် နယ်မြေချင်း ထိစပ်နေပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် အိန္ဒိယဘက်တွင် မြန်မာအများအပြား ခိုလှုံနေခြင်းဖြစ်သည်။
ချင်းဒေသနှင့် နယ်မြေထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင်မူ ဒုက္ခသည် အများဆုံး ခိုလှုံခွင့် ရရှိထားသလို ပြည်နယ်အစိုးရက ထုတ်ပေးထားသည့် ဒုက္ခသည်ကတ်အရ ဆေးကုသခွင့်နှင့် လွတ်လပ်စွာ သွားလာခွင့် ရှိသည်။
မဏိပူရ်ပြည်နယ်တွင်မူ မြန်မာစစ်ဘေးရှောင် ထောင်ချီ တိမ်းရှောင်နေသော်လည်း ပြည်နယ်အစိုးရက အသိမှတ်မပြုသည့်အပြင် ရှောင်တစ်ခင်စစ်ဆေးကာ ဖမ်းဆီးမှုများပြုလုပ်နေသည်။
ပြီးခဲ့တဲ့ မေလအစောပိုင်းကစလို့ မဏိပူရ်ပြည်နယ်ထဲမှာနေထိုင်သည့် ကူကီးချင်းလူမျိုးစုတွေနှင့် ဒေသခံတွေအကြား လူမျိုးရေးပဋိပက္ခဖြစ်ပြီး နေအိမ်နဲ့ ဘုရားကျောင်းတွေ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရတဲ့အတွက် လူဦးရေ ၅၀၀ လောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။
လူမျိုးရေးပဋိပက္ခကြောင့် ဖြစ်ပေါ်လာတဲ့ စိုးရိမ်ဖွယ်ရာ လုံခြုံရေးအခြေအနေတွေကို ကိုင်တွယ်ဖို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တိုက်ခိုက်ရေးဆိုင်ရာ ရဲမှူးကြီးတစ်ဦးကို မဏိပူရ်ပြည်နယ်အစိုးရက ခန့်အပ်လိုက်တယ်လို့ လည်း အိန္ဒိယသတင်းတစ်ခုမှာ ဖော်ပြထားပါတယ်။
https://youtu.be/2d7csmQFQJs?si=6IbP9xIsJC_hMj75

အသက်အန္တရာယ်အာမခံချက်မရှိတဲ့အတွက်စစ်ဘေးရှောင်များနေရပ်မပြန်ကြဖို့ချင်းလူမှုအဖွဲ့အစည်းများကတိုက်တွန်း
အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်ပြည်နယ်ရှိ စစ်ဘေးရှောင်များအနေဖြင့် ဆက်လက်ရပ်တည်နိုင်ရန်အတွက် ခက်ခဲခြင်းကြောင့် နေရပ်ပြန်ဖို့ စီစဉ်နေကြသော်လည်း ပြည်တွင်းမှာတိုက်ပွဲများကြောင့် လုံခြုံရေးအရ အသက်အန္တရာယ်အာမခံချက်မရှိသည့်အတွက် စစ်ဘေးရှောင်များအနေဖြင့် ပြန်လည်သုံးသပ်ကြရန်…
👍8🔥1
မှန်ကန်တဲ့မဲစာရင်းကောက်ယူနိုင်မှ ရွေးကောက်ပွဲကိုလည်း ပြုလုပ်နိုင်မှာဖြစ်တယ်လို့ စစ်ခေါင်းဆောင်ပြော
==================
မဲစာရင်းတွေ အပြည့်အဝကောက်ယူနိုင်မှသာ မှန်ကန်တဲ့မဲစာရင်းတွေရရှိမှာဖြစ်ပြီး ရွေးကောက်ပွဲကိုလည်း မှန်မှန်ကန်ကန်နဲ့ ပြုလုပ်နိုင်မှာဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
၂၀၂၄ ခုနှစ်မှာ သန်းခေါင်စာရင်းကောက်ပြီးမှသာ မဲစာရင်းပြုစုနိုင်မှာဖြစ်ပြီး လာမယ့် ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးရာမှာလည်း လုံခြုံစိတ်ချရတဲ့ အီလက်ထရောနစ်မဲပေးစနစ်ဖြင့် စနစ်တကျမဲပေးနိုင်ထမယ်လို့ စက်တင်ဘာ ၁ ရက်နေ့မှာ စစ်ကောင်စီအစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်း ကောက်ယူခြင်းလုပ်ငန်းများနဲ့ မဲပေးပိုင်ခွင့်ရှိသူအားလုံး စနစ်တကျမှန်မှန် ကန်ကန် မဲပေးနိုင်ရေး ကြိုတင်စီမံဆောင်ရွက်လျက်ရှိပြီး ဆန္ဒမဲပေးရာမှာလည်း လုံခြုံစိတ်ချရတဲ့ အီလက်ထရောနစ်မဲပေးစနစ်ဖြင့် စနစ်တကျမဲပေးနိုင်ရေး ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံရေးပါတီများနဲ့ ပတ်သက်ပြီးစနစ်တကျရှိ စေရေးအတွက် လိုအပ်တဲ့ဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်ပေးသွားမယ်ဆိုပြီးတော့လည်း ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲဥပဒေမှာတော့ မဲပေးပိုင်ခွင့်ရှိသူထဲက ဘယ်လောက်ရာခိုင်နှုန်း မဲလာပေးမှ ဒါမှမဟုတ်ဘယ်နှစ်မြို့နယ်ကျင်းပမှ ရွေးကောက်ပွဲဖြစ်မယ်ဆိုတာ ပြဌာန်းမထားတဲ့အတွက် စစ်ကောင်စီအနေနဲ့ သူတို့ထိန်းချုပ်ထားနိုင်တဲ့ ဒေသတွေမှာ ရွေးကောက်ပွဲ ပြုလုပ်နိုင်ခြေရှိတယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေတာပါ။
အခုနှစ်ဆန်းပိုင်းတုန်းကလည်း လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြားက ကောက်ယူခဲ့တဲ့ မြေပြင်လူဦးရေစာရင်းမှာတော့ ပြည်သူတချို့ ပူးပေါင်းပါဝင်တာမရှိပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၈၇ ရာခိုင်နှုန်း ကောက်ယူနိုင်ခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြောထားပါတယ်။
စစ်ခေါင်းဆောင်ကတော့ သူတို့ရဲ့ အန္တိမရည်မှန်းချက်ဟာ လွတ်လပ်ပြီး တရားမျှတဲ့ ပါတီစုံဒီမိုကရေစီအ ထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးပင်ဖြစ်တာကြောင့် နိုင်ငံတဝန်း တည်ငြိမ်အေးချမ်းမှုရှိစေရေး ဆောင်ရွက်သွားရမယ်လို့ အက်ကြောင်းထပ်အောင် ကြွေးကြော်နေတာပါ။
နိုင်ငံဟာသာမန်အခြေအနေမဟုတ်လို့ အာဏာသိမ်းနှစ်နှစ်ပြည့်ချိန် ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့အတွက် အရေးပေါ်သက်တမ်း ၆ လ တိုးယူခဲ့ပြီးပေမယ့်လည်း တည်ငြိမ်မှုမရှိတဲ့အတွက် ပြီးခဲ့တဲ့ ကာလုံအစည်းအဝေးကနေ စစ်ကောင်စီက နောက်ထပ် ၆ လ ထပ်မံတိုးယူခဲ့တာပါ။
ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲမှာ အာဏာရ NLD ပါတီက မဲမသမာမှု ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲပြီး ၂၀၂၁ ခုနစ် ဖေဖော်ဝါလ ၁ ရက်နေ့မှာ အကြမ်းဖက် စစ်တပ်က အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။
https://youtu.be/P0HcQg5WF_Y?si=SWjmLMJGgs8deA55

မှန်ကန်တဲ့မဲစာရင်းကောက်ယူနိုင်မှ ရွေးကောက်ပွဲကိုလည်း မှန်မှန်ကန်ကန်နဲ့ ပြုလုပ်နိုင်မှာဖြစ်တယ်လို့ စစ်ခေါင်းဆောင်ပြော
မဲစာရင်းတွေ အပြည့်အဝကောက်ယူနိုင်မှသာ မှန်ကန်တဲ့မဲစာရင်းတွေရရှိမှာဖြစ်ပြီး ရွေးကောက်ပွဲကိုလည်း မှန်မှန်ကန်ကန်နဲ့ ပြုလုပ်နိုင်မှာဖြစ်တယ်လို့…

😁18👍2
This media is not supported in your browser
VIEW IN TELEGRAM
ဖူကူရှီးမား ရေဆိုးထုတ်လွှတ်ပြီးနောက်ပိုင်း ဂျပန်အစိုးက ပြည်တွင်းငါးဖမ်းကဏ္ဍကို ထောက်ပံ့မှုတိုးမြှင့်
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

👍5🔥1😁1
ညောင်ဦးတွင် ကင်းလှည့်လာသည့်စစ်ကား အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခံရ၊ ၁ ဦးသေ ၂ ဦးဒဏ်ရာရ
=========================
007
(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ ညောင်ဦးမြို့တွင် စက်တင်ဘာလ ၄ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်မှ ကင်းလှည့်လာသည့် Double Cab တစီး မိုင်းခွဲတိုက်ခိုက်ခံရသဖြင့် တပ်ကြပ်တဦးသေဆုံးကာ တပ်သား နှစ်ဦးဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။
“အားကစားကွင်းထဲ ဘောလုံးပွဲလုပ်နေချိန် ကွင်းအပြင်ဘက်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာပါ၊ လုံခြုံရေး လှည့် ကင်းကို အဝေးထိန်းမိုင်းနဲ့ခွဲလိုက်တာလို့ သိရတယ်။ ကားပေါ်ပါလာတဲ့ စစ်သားသုံးယောက်ထိပြီး တယောက်သေတယ်၊ ညောင်ဦးဆေးရုံမှသေတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတဦး က ပြောသည်။
စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က ညောင်ဦးမြို့နယ် အမှတ်(၅)ရပ်ကွက်၊ မြို့နယ်အားကစားကွင်းအပြင်ဘက် ပေ ၃၀၀ ခန့်အကွာတွင် မိုင်းခွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး ညောင်ဦး မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မြို့နယ်ထွေ/အုပ်ဖလားဘောလုံးပြိုင်ပွဲကျင်းပနေ၍ စစ်ကောင်စီတပ်ဖွဲ့ က လုံခြုံရေးအတွက် လှည့်ကင်းနေစဉ် တိုက်ခိုက်ခံရလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်ခံရမှုကြောင့် ကားပေါ်တွင်လိုက်ပါလာသော တပ်ကြပ်အောင်စိုးမိုး၊ တပ်သားသိန်းဇော်ဝင်းနှင့် တပ်သားဖြိုးဝေလင်းတို့ ဒဏ်ရာရရှိခဲ့ပြီး တပ်ကြပ်အောင်စိုးမိုးမှာ ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံတွင် သေဆုံးသွားကြောင်း၊ စစ်ကားအား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်သွားခြင်းဖြစ်ကြောင်း မန္တလေး တိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။
“တပ်ကြပ်တယောက် တပ်သားနှစ်ယောက် အားလုံးပေါင်းသုံးယောက်ထိတယ်။ တပ်ကြပ်အောင်စိုးမိုးက ညောင်ဦးဆေးရုံရောက်ပြီးမှ သေတာ၊ နောက်နှစ်ယောက်ကတော့ မစိုးရိမ်ရတဲ့ဒဏ်ရာတွေလို့သိရတယ်” ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတဦးကပြောသည်။
ပေါက်ကွဲမှုကြောင့် စစ်ကားနောက်ခြမ်းတခုလုံး ပျက်စီးခဲ့ပြီး၊ အရပ်သားတဦးလည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သွားကြောင်း မသိရသေးဘဲ ညောင်ဦးတမြို့ လုံးကို စစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေးနေကြောင်း သိရသည်။
ပုဂံညောင်ဦးဒေသတွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား အပြန်အလှန်တိုက်ခိုက်မှု ယမန်နှစ် အောက်တိုဘာလမှ နှစ်ကုန်ပိုင်းအထိရှိခဲ့သော်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရသည့်ဖြစ်စဥ်မှာ ပထမဆုံးဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ပုံစာ- စစ်ကောင်စီထောက်ခံသူ တယ်လီဂရမ်ချန်နယ်များတွင်ဖော်ပြသော မိုင်းခွဲခံရသည့်စစ်ကား
စာတည်း။ ။စောဖေ
#မန္တလေးတိုင်း
#ပုဂံညောင်ဦး
#အဝေးထိန်းမိုင်း

👍17❤2😁1

🔥3👍1