Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
ငွေကြေးဖောင်းပွမှုနဲ့ပတ်သက်ပြီး ပါကစ္စတန်နိုင်ငံတစ်ဝှမ်းက ဆိုင်ပိုင်ရှင်တွေ ဆန္ဒပြခဲ့ကြ

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
🔥3👍1
​​ရွာငံ တိုက်ပွဲ ဒုရဲမှူးအပါအဝင် စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးဟုဆို
=====================

ဂျူချန်း
(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ရွာငံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရွာငံ PDF)တို့ကြား တိုက်ပွဲဖြစ်ပွားပြီး ရွာငံ ဒုရဲမှူးတဦးအပါအဝင် စစ်ကောင်စီတပ်သား လေးဦး သေဆုံးကာ ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရွာငံ PDF အဖွဲ့တာဝန်ခံက ပြောသည်။

“ရွာငံမြို့နယ်ထဲက သုံးပွင့်ဗိုလ်ကြီး ဒုရဲမှူး အပါအဝင် စ - (စစ်ကောင်စီတပ်သား) လေးယောက်ကတော့ ကျနော်တို့မျက်စိရှေ့မှာပဲ ပွဲချင်းပြီးသွားတယ်ပေါ့်နော့်။ ဒဏ်ရာတွေကလည်း ခုနစ်ဦးထက်မနည်း အပြင်းအထန်ရသွားတယ်ဗျ” ဟု ရွာငံ PDF တာဝန်ခံက မဇ္ဈိမ ကိုပြောသည်။

ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာသို့ ထိုးလာသည့် စစ်ကြောင်းလေးကြောင်းအနက် နွားဘန်းကြီးကျေးရွာအနောက်ဘက် ပန်းပင်တောင်ဘက်လမ်းမှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ စက်တင်ဘာလ ၂ ရက်နေ့ ညနေ ၅နာရီခန့်တွင် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အပြန်အလှန်ပစ်ခတ်မှု ကြာချိန် ၁၅ မိနစ်ခန့်အတွင်း အသက် ၄၀ အရွယ် ဒုရဲမှူး ဦးမြတ်မိုး အပါအဝင် လေးဦးသေဆုံးပြီး စစ်ကောင်စီတပ်သား ခုနစ်ဦး ပြင်းထန်ဒဏ်ရာရရှိသည့် စစ်သားများအနက် သုံးဦး ထပ်မံသေဆုံးကြောင်း ဒေသခံများ သတင်းပို့သော်လည်း အတည်မပြုနိုင်ကြောင်း ရွာငံ PDF တာဝန်ခံက ပြောသည်။
ယနေ့ စက်တင်ဘာလ ၅ ရက်နေ့တွင် သေဆုံးသွားသည့် ရွာငံမြို့မရဲစခန်းမှ ဒုရဲမှူး၏ နာရေး ကျင်းပနေသည်ဟု ဒေသခံများထံမှ သတင်းရရှိကြောင်း ဆိုသည်။

“တိုက်ပွဲဖြစ်ပြီး ဒီနေ့အထိတော့ ဆက်မဖြစ်သေးဘူး။ ဘာလို့လဲဆို သေသွားတဲ့ သုံးပွင့်နဲ့ ဒုရဲမှူးရဲ့ အသုဘချဖို့ ပြင်ဆင်နေကြတယ်။ ဒီနေ့ ဒုရဲမှူးရဲ့ နာရေးကို ရွာငံမြို့ရဲစခန်းမှာလုပ်နေတယ်ဗျ” ဟု ရွာငံ PDF တာဝန်ခံက ပြောသည်။

နွားဘန်းကြီးကျေးရွာတွင် နေအိမ် ခုနစ်လုံးထက်မနည်း ချိပ်ပိတ်ခံထားရကာ ကလောအခြေစိုက် တပ်မ(၅၅) လက်အောက်ခံတပ်သားများနှင့် ပျူစောထီးအင်အား ၁၅၀ ခန့်သည် ရွာငံမြို့ နွားဘန်းကြီးကျေးရွာအတွင်း ချိပ်ပိတ်ခံထားရသည့် နေအိမ်များတွင် ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့မှ လက်ရှိအချိန်အထိ တပ်စွဲထားကြောင်း ရွာငံ PDF တာဝန်ခံက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်နေ့တွင်လည်း ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာတွင် ချိပ်ပိတ်ခံထားရသည့် ဒေါ်တင်မိနေအိမ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများအား မှော်ဘုရင်စစ်ကြောင်းမှ အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားနှစ်ဦးသေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နွားဘန်းကြီးကျေးရွာအတွင်း စစ်ကောင်စီတပ်သားများ တပ်စွဲကာ ဒေသခံများအား ခြိမ်းခြောက်ခြင်းများ ရှိသဖြင့် ဒေသခံအများစုသည် တိမ်းရှောင်နေရပြီး ရွာခံ ၃၀ ဦးခန့်သည့် နွားဘန်းကြီးကျေးရွာအနီး တောထဲ၌ ပုန်းရှောင်နေကြရကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#နွားဘန်းကြီးကျေးရွာ
#PDF
#ရွာငံမြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍22❤1👎1😁1
This media is not supported in your browser
VIEW IN TELEGRAM
တရုတ်ဝန်ကြီးချုပ် လီချန်း ဂျီ-၂၀ အစည်းအဝေး တက်ရောက်မည်

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
😁6👍2
​​တရုတ်တွင် ကိုဗစ်-၁၉ ကန့်သတ်ချက်များဖြေလျှော့ပြီးနောက် လူ ၁.၈၇ သန်း ထပ်မံသေဆုံးဟု အစီရင်ခံစာတစ်ရပ်၌ ဖော်ပြ 
============================

တရုတ်အစိုးရသည် ယမန်နှစ် ဒီဇင်ဘာလက တင်းကျပ်သော ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒ ကန့်သတ်ချက်များကို ရုတ်ခြည်းရပ်ဆိုင်းလိုက်ပြီး ကနဦးနှစ်လအတွင်းတွင် ထပ်မံသေဆုံးသည့်လူ ခန့်မှန်း ၁ ဒသမ ၈၇ သန်းခန့် ရှိကြောင်း ဆီယက်တယ်ရှိ Fred Hutchinson Cancer Center မှ ပြုလုပ်သည့် အမေရိကန်လေ့လာမှုတစ်ရပ်တွင် ဖော်ပြထားသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁4
​​မြန်မာစစ်အုပ်စုအပေါ် ပြင်းထန်သည့် အရေးယူမှုများ ပြုလုပ်ရန် အာဆီယံကို မလေးရှား တိုက်တွန်း
========================

မြန်မာအာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများအပေါ် ‘ပြင်းထန်သည့်’ အရေးယူဆောင်ရွက်ချက်များ ချမှတ်ရန် မလေးရှားက စက်တင်ဘာ ၄ ရက်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်းပြောဆိုသည်။ မြန်မာစစ်ဗိုလ်ချုပ်များကြောင့် ဖြစ်ပေါ်စေသည့် ‘အဟန့်အတားများ’ က ပဋိပက္ခဒဏ်ခံ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေး အစီအစဉ်တရပ်ကို ဟန့်တားပိတ်ဆို့စေခဲ့သည်ဟု မလေးရှားက ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10👏4🤣2
စက်တင်ဘာလ (၅)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
====================

01:02 - မြန်မာ့အရေး အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ပြန်လည်သုံးသပ်မယ်လို့ဆိုတဲ့သတင်း

04:23 - ကရင်နီမှာ ဩဂုတ်လ တစ်လတာအတွင်း စစ်ကောင်စီဘက်မှ ဒု ဗိုလ်မှူးအပါအဝင် ၁၁၀ သေဆုံးပြီး စစ်သုံ့ပန်း သုံးဦး ဖမ်းဆီးရမိခဲ့တဲ့ သတင်း

06:13 - လုံခြုံရေးအရ အသက်အန္တရာယ်အာမခံချက်မရှိတဲ့အတွက် စစ်ဘေးရှောင်တွေ နေရပ်မပြန်ကြဖို့ ချင်းလူမှုအဖွဲ့အစည်းတွေက တိုက်တွန်းတဲ့ သတင်း နဲ့

12:55 - ဖူကူရှီးမားရေဆိုးထုတ်လွှတ်ပြီးနောက်ပိုင်း ဂျပန်အစိုးက ပြည်တွင်းငါးဖမ်းကဏ္ဍကိုထောက်ပံ့မှုတိုးမြှင့်တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/mOpUjXiiD5g?si=gaBkKX-CItNMY7Lp

#2pmnews
#Mizzimanewshour
#mizzimatv
---------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🤮1
ယင်းမာပင်၊ကျောက်ကုန်းရွာရောက် စစ်ကောင်စီ စစ်‌ကြောင်းကိုကာကွယ်‌ရေးပူးပေါင်းအဖွဲ့တိုက်ခိုက်
================

လွှမ်းမိုး (မဇ္ဈိမ)။ ။ယင်းမာပင်မြို့နယ်မြောက်ခြမ်းရှိ ကျောက်ကုန်းကျေးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း ပြည်ထောင်စုလွတ်မြောက်ရေးတပ်ပေါင်းစု (ULF)ထံမှ သိရသည်။

ကျောက်ကုန်းဘုန်းကြီးကျောင်းဝန်း၌ အင်အား ၅၀ ခန့်ဖြင့် ယာယီတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို
DY(850) တိုက်ခိုက်ရေးဒရုန်းဖြင့် ယမန်နေ့စက်တင်ဘာ ၄ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ဗုံးနှစ်လုံးချ တိုက်ခိုက်ခဲ့ခြင်းဟု ULF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ ကိုဂျော်ဒန်က ပြောသည်။ စစ်ကောင်စီတပ်ဘက်တွင် ထိခိုက် သေဆုံးမှုများနိုင်သည်ဟု ၎င်းက ဆိုသည်။

“ ရန်သူ့တပ်တွေရှိတဲ့ နေရာကို ထိထိရောက်ရောက် ပစ်ချဖောက်ခွဲနိုင်ခဲ့တယ်"ဟု ကိုဂျော်ဒန်က ပြောသည်။

ထိုတိုက်ခိုက်မှုကို ပြည်ထောင်စုလွတ်မြောက်ရေးတပ်ပေါင်းစု(ULF) မှ ဗိုလ်မုတ်ဆိတ်၊ ဗျတ္တညီနောင် ၊ နဂါးညီနောင်၊PDA၊ ယင်းမာပင်ခရိုင် Drone Army ၊ MTOF ၊ အမိမြေတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းသိရသည်။ တိုက်ခိုက်ခံရသည့် စစ်ကောင်စစ်ကြောင်းသည် ယနေ့ စက်တင်ဘာလ ၅ရက်နံနက်တွင် ကျောက်ကုန်းရွာ၌ တပ်စွဲထားဆဲဟု သတင်းရရှိသည်။

ယခုတိုက်ခိုက်မှုသည် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း စစ်ကောင်စီပစ်မှတ်နေရာများကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် နှစ်ရက်ဆက်တိုက်ခိုက်မှုဖြစ်သည်။စက်တင်ဘာ ၃ ရက်နေ့ကလည်း ယင်းမာပင်မြို့နယ်၊ဘန့်ဘွေးပျူရွာကို DY(850) ဒရုန်းဖြင့် အီနာဂါ ဗုံးသီးသုံးလုံးချပြီး တိုက်ခိုက်ခဲ့ကြောင်း ULF တပ်ပေါင်းစုကထုတ်ပြန်သည်။

ယင်းမာပင်နှင့် ကနီမြို့နယ်စပ်မှ စည်သူ၊ ကျောက်ကုန်း၊ ကျောက်မှော်၊ အင်းပတ်၊ နွားခြံကုန်း၊ ကျွန်းကလေးစသည့် ကျေးရွာများကို ပြီးခဲ့သည့် ဇူလိုင်လဆန်းမှစတင်ကာ စစ်ကောင်စီက စစ်ကြောင်းထိုးနေ၍ ဒေသခံကာကွယ်ရေးတပ်ဖွဲ့မျာက တိုက်ခိုက်ခဲ့ကြသည်။ ထို့အပြင် စစ်ရေးတင်းမာနေ၍ ဒေသခံ လူဦးရေ ၁၀,၀၀၀ကျော်သည် စစ်ရှောင်နေကြရကြောင်း သိရပါသည်။

စာတည်း - အေးချမ်း

https://youtu.be/2AmmD9aZMaU?si=xnssi7XFSclBEb4C

#mizzima
#ယင်းမာပင်
#ကျောက်ကုန်းကျေးရွာ
#တိုက်ခိုက်
#ULF
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8👏2🔥1
မြဝတီလို ဒရုန်းစစ်ဆင်ရေးတွေ ထပ်လာမယ်လို့ Federal Wings ပြော
=================

မဇ္ဈိမ - အာဏာသိမ်း စစ်ကောင်စီတပ် ခလရ (၂၇၅) တပ်ရင်းရဲ့ ယာယီတပ်ရင်းမှူးနဲ့ ခရိုင်အုပ်ချုပ်ရေးမှူး အပါအဝင် စစ်ကောင်စီ အရာရှိတွေ သေဆုံးသွားတဲ့ မြဝတီခရိုင်ရဲရုံးကို တိုက်ခိုက်တဲ့ ဒရုန်းစစ်ဆင်ရေးလိုမျိုး ထပ်လာဖို့ ရှိတယ်လို့ ကော်ဘရာ စစ်ကြောင်းရဲ့ Federal Wings ဒရုန်းတပ်ဖွဲ့ တာဝန်ခံ ကိုနေမင်းထွန်းက မဇ္ဈိမကို ပြောပါတယ်။

ဒရုန်းတွေဟာ စစ်ကောင်စီအတွက် "လုံးဝ အိမ်မက်ဆိုး" ဖြစ်ပြီး Federal Wings ဒရုန်းတပ်ဖွဲ့ဝင်တွေဟာလည်း အချိန်မရွေး တိုက်ပွဲဝင်နိုင်အောင် အမြဲတမ်းအသင့်အနေအထား ပြင်ဆင်ထားတယ်လို့လည်း သူက ပြောပါတယ်။

မြဝတီမြို့ပေါ်က ခရိုင်ရဲရုံး တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ် အပါအဝင် ရှေ့ဆက်ဒရုန်းစစ်ဆင်ရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ကော်ဘရာ စစ်ကြောင်းရဲ့ Federal Wings ဒရုန်းတပ်ဖွဲ့ တာဝန်ခံ ကိုနေမင်းထွန်းကို နောင်နောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

https://youtu.be/zWWuxoux0fM?si=7_qmNZ4qomyqY_yF

#ဒရုန်း
#မြဝတီ
#federalwings
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍14💩1
This media is not supported in your browser
VIEW IN TELEGRAM
၂၀၂၃ ခုနှစ်ဟာ ဟောင်ကောင်အတွက် အပူဆုံးနွေရာသီအဖြစ် စံချိန်တင်

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
😁3
မှန်ကန်တဲ့မဲစာရင်းကောက်ယူနိုင်မှ ရွေးကောက်ပွဲကိုလည်း မှန်မှန်ကန်ကန်နဲ့ ပြုလုပ်နိုင်မှာဖြစ်တယ်လို့ စစ်ခေါင်းဆောင်ပြော
===================

မဲစာရင်းတွေ အပြည့်အဝကောက်ယူနိုင်မှသာ မှန်ကန်တဲ့မဲစာရင်းတွေရရှိမှာဖြစ်ပြီး ရွေးကောက်ပွဲကိုလည်း မှန်မှန်ကန်ကန်နဲ့ ပြုလုပ်နိုင်မှာဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။

၂၀၂၄ ခုနှစ်မှာ သန်းခေါင်စာရင်းကောက်ပြီးမှသာ မဲစာရင်းပြုစုနိုင်မှာဖြစ်ပြီး လာမယ့် ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးရာမှာလည်း လုံခြုံစိတ်ချရတဲ့ အီလက်ထရောနစ်မဲပေးစနစ်ဖြင့် စနစ်တကျမဲပေးနိုင်ထမယ်လို့ စက်တင်ဘာ ၁ ရက်နေ့မှာ စစ်ကောင်စီအစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်း ကောက်ယူခြင်းလုပ်ငန်းများနဲ့ မဲပေးပိုင်ခွင့်ရှိသူအားလုံး စနစ်တကျမှန်မှန် ကန်ကန် မဲပေးနိုင်ရေး ကြိုတင်စီမံဆောင်ရွက်လျက်ရှိပြီး ဆန္ဒမဲပေးရာမှာလည်း လုံခြုံစိတ်ချရတဲ့ အီလက်ထရောနစ်မဲပေးစနစ်ဖြင့် စနစ်တကျမဲပေးနိုင်ရေး ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံရေးပါတီများနဲ့ ပတ်သက်ပြီးစနစ်တကျရှိ စေရေးအတွက် လိုအပ်တဲ့ဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်ပေးသွားမယ်ဆိုပြီးတော့လည်း ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲဥပဒေမှာတော့ မဲပေးပိုင်ခွင့်ရှိသူထဲက ဘယ်လောက်ရာခိုင်နှုန်း မဲလာပေးမှ ဒါမှမဟုတ်ဘယ်နှစ်မြို့နယ်ကျင်းပမှ ရွေးကောက်ပွဲဖြစ်မယ်ဆိုတာ ပြဌာန်းမထားတဲ့အတွက် စစ်ကောင်စီအနေနဲ့ သူတို့ထိန်းချုပ်ထားနိုင်တဲ့ ဒေသတွေမှာ ရွေးကောက်ပွဲ ပြုလုပ်နိုင်ခြေရှိတယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေတာပါ။

အခုနှစ်ဆန်းပိုင်းတုန်းကလည်း လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြားက ကောက်ယူခဲ့တဲ့ မြေပြင်လူဦးရေစာရင်းမှာတော့ ပြည်သူတချို့ ပူးပေါင်းပါဝင်တာမရှိပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၈၇ ရာခိုင်နှုန်း ကောက်ယူနိုင်ခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြောထားပါတယ်။

စစ်ခေါင်းဆောင်ကတော့ သူတို့ရဲ့ အန္တိမရည်မှန်းချက်ဟာ လွတ်လပ်ပြီး တရားမျှတဲ့ ပါတီစုံဒီမိုကရေစီအ ထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးပင်ဖြစ်တာကြောင့် နိုင်ငံတဝန်း တည်ငြိမ်အေးချမ်းမှုရှိစေရေး ဆောင်ရွက်သွားရမယ်လို့ အက်ကြောင်းထပ်အောင် ကြွေးကြော်နေတာပါ။

နိုင်ငံဟာသာမန်အခြေအနေမဟုတ်လို့ အာဏာသိမ်းနှစ်နှစ်ပြည့်ချိန် ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့အတွက် အရေးပေါ်သက်တမ်း ၆ လ တိုးယူခဲ့ပြီးပေမယ့်လည်း တည်ငြိမ်မှုမရှိတဲ့အတွက် ပြီးခဲ့တဲ့ ကာလုံအစည်းအဝေးကနေ စစ်ကောင်စီက နောက်ထပ် ၆ လ ထပ်မံတိုးယူခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲမှာ အာဏာရ NLD ပါတီက မဲမသမာမှု ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲပြီး ၂၀၂၁ ခုနစ် ဖေဖော်ဝါလ ၁ ရက်နေ့မှာ အကြမ်းဖက် စစ်တပ်က အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။

https://youtu.be/P0HcQg5WF_Y?si=ZUNR6mkqIdmRxco4

#politicalnews
#mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁15👍5❤1
Media is too big
VIEW IN TELEGRAM
မြန်မာ့အရေး အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ပြန်လည်သုံးသပ်မယ်လို့ဆို

Watch more detail - https://youtu.be/Ht1-qfPbpSw

#politicalnews #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
🤣7👍1
​​တိုက်ပွဲများဖြစ်ပွားနေသည့် မုန်းမြို့နယ်အတွင်းသို့ စက်သုံးဆီသယ်ယူခွင့် စစ်ကောင်စီ ပိတ်ပင်
=========================

YT
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ မုန်းမြို့နယ်အတွင်းသို့ စက်သုံးဆီသယ်ယူခွင့်အား စစ်ကောင်စီတပ်က ပိတ်ပင် ထားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။

စက်တင်ဘာလ ၂ ရက်နေ့မှစတင်ကာ မုန်းမြို့နယ် အဝင်အထွက်ရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များ က ဖြတ်သန်းသွားလာသည့် ဆိုင်ကယ်၊ ကားများပေါ်၌ စက်သုံးဆီ သယ်ယူလာမှု ရှိ၊ မရှိ စစ်ဆေးနေပြီး တွေ့ရှိပါကသိမ်းယူနေကြောင်း သိရသည်။

“မုန်းမြို့ပေါ်က ဆီဆိုင်တွေကို ကားနဲ့လာပို့ပေးတာရှိတယ်။ အခု အဲဒီကားတွေကို စစ်ကောင်စီတပ်က အဝင်မခံဘူး။ စက်သုံး ဆီပါလားဆိုပြီး ဝင်ထွက်သွားလာတဲ့ တယောက်ချင်းကို စစ်တယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။

မုန်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များထံ ဆီလာရောက်ပို့ဆောင်သော ကားများကိုလည်း ဝင် ခွင့်မပေးသဖြင့် မြို့ပေါ်သာမက ကျေးရွာများတွင်ပါ စက်သုံးဆီပြတ်လပ်နေကြောင်း သိရသည်။

“မုန်းပြင်ပက ကြိုက်တဲ့နေရာမှာ ကား၊ ဆိုင်ကယ်တွေ ဆီထည့်ခဲ့ရင် ရတယ်။ ဂါလံလိုက် ပုံးတွေနဲ့သယ်လို့ မရတာ။ စက်သုံးဆီ ပိတ်ထားတာပေါ့။ ပန့်ဆိုင် လေးဆိုင်၊ ငါးဆိုင် ရှိတယ်။ စက်သုံးဆီလာပို့တဲ့ကားတွေ ကို အဝင်မခံမှတော့ ဘယ်ဆိုင်မှ ရောင်းဖို့ဆီမရှိတော့ဘူး။ အဲဒီတော့ တလီတာဗူးနဲ့ ပြန်ရောင်းသမားတွေ လည်း ဆီမရတော့ မရောင်းရတော့ဘူးပေါ့”ဟု မုန်းမြို့နယ်အတွင်းမှ သတင်းရင်းမြစ်တဦးကလည်း မဇ္ဈိမ ကိုပြောသည်။

လက်ရှိတွင် ဒေသခံများအနေဖြင့် စက်သုံးဆီအား မုန်းမြို့နယ်အပြင်ဘက် ဖြူးမြို့နယ်၊ အုတ်ဖြတ်ကျေး ရွာအနီးအထိ သွားရောက်ဝယ်ယူရကြောင်း သိရသည်။

ထိုသို့ ဝယ်ယူရာတွင်လည်း ပုံးများ၊ ဘူးများဖြင့် သယ်ယူခွင့်မပြု၍ ဆိုင်ကယ်၊ ကား ဆီတိုင်ကီများတွင်သာ ဆီဖြည့်ပြီး နေရပ်ပြန်ရောက်မှ လိုအပ်သောနေရာတွင်အသုံးပြုရန် ပိုက်ဖြင့်ပြန်လည်စုပ်ယူကာ အသုံးပြု နေရကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်နေ့မှစ၍ စက်တင်ဘာလ ၁ ရက်နေ့အထိ မုန်းမြို့နယ်ရှိ ကျေးရွာများတွင် တပ်မဟာ(၃) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ပူးပေါင်းတပ်ဖွဲများနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွားနေကြောင်း KNU ဗဟို၏ စက်တင်ဘာလ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

တိုက်ပွဲဖြစ်ပွားရာ မုန်းမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်က အရပ်သားပစ်မှတ်များအား လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများ ကျေးရွာ ၂၆ ရွာမှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း။ ။စောဖေ

#ပဲခူးတိုင်း
#မုန်းမြို့နယ်
#တိုက်ပွဲ
#စက်သုံးဆီ

ပုံအညွှန်း- မုန်းမြို့အဝင်ဆိုင်းဘုတ် (ဓါတ်ပုံ- လူမှုကွန်ယက်)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬10😁2❤1👍1
Media is too big
VIEW IN TELEGRAM
အသက်အန္တရာယ်အာမခံချက် မရှိတဲ့အတွက် စစ်ဘေးရှောင်များ နေရပ်မပြန်ကြဖို့ ချင်းလူမှုအဖွဲ့အစည်းများက တိုက်တွန်း

Watch more detail - https://youtu.be/2d7csmQFQJs

#politicalnews #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍6🔥1
​​မင်းတပ်မြို့တွင် သောက်သုံးရေနှင့် လျှပ်စစ်မီးပြတ်တောက်နေ၍ ဒေသခံများ အခက်ကြုံ
==========================

ကိုခင်မောင်
(မဇ္စျိမ)။ ။ ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့တွင် သောက်သုံးရေနှင့် လျှပ်စစ်မီးပြတ်တောက်နေသည် မှာ လနှင့်ချီကြာမြင့်နေပြီဖြစ်ပြီး ဒေသခံများအခက်အခဲနှင့် ရင်ဆိုင်နေရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

“တာဝါတိုင်ကို လက်နက်ကြီးကျည်ထိပြီး ပျက်စီးသွားလို့ မဟာဓာတ်အားလိုင်းက မီးမရတာ သုံးလ လောက်ရှိတော့မယ်။ မီးစက်ရှိတဲ့သူတွေက စက်နှိုးပြီး ဖုန်းတလုံးကို ၅၀၀ ကျပ်နဲ့ အားသွင်းပေးကြပါ တယ်” ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ကပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်မှုကြောင့် မင်းတပ်-ကျောက်ထုကြားရှိ မဟာဓာတ်အားလိုင်း တာဝါတိုင်ပျက်စီးသွားပြီး မင်းတပ်မြို့ပေါ်တွင် မီးပြတ်တောက်သွားခြင်းဖြစ်သည် ဟု ၎င်းက‌ပြောသည်။

လက်ရှိတွင် မင်းတပ်မြို့ပေါ်၌ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာနှင့် ဘက်ထရီများ ဝယ်ယူသုံးစွဲသူ အများ အပြားရှိလာနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက သယ်ယူခွင့်ကန့်သတ်ခြင်းများ ရှိနေသည်ဟုလည်း ဒေသခံထံမှ သိရသည်။

“ဆိုလာတွေ၊ ဘက်ထရီအိုးတွေ ရောင်းကောင်းနေပါတယ်။ လွတ်လွတ်လပ်လပ် သယ်ယူခွင့်မပေးတော့ မှောင်ခိုစျေးမှာ စျေးကြီးပေးဝယ်နေရတာတော့ ရှိပါတယ်”ဟု ဒေသခံတဦးက ရှင်းပြသည်။

ထို့ပြင် မင်းတပ်မြို့အတွက် သောက်သုံးရေကို မြို့အနောက်ဘက် ကိုးမိုင်အကွာရှိ ရေစမ်းဦးမှရေကို သွယ်ယူကာ ရေစုကန်များထားရှိ၍ မြို့ပေါ်ရပ်ကွက်လူနေအိမ်များသို့ ရေဖြန့်ဝေနေသည်ဖြစ်ရာ ယခုနှစ် မိုးရာသီ၌ ရေပိုက်လိုင်းများပျက်စီးနေသည့်အတွက် ရေအခက်အခဲ ကြုံတွေ့နေရသည်ဟု ဒေသခံထံမှ သိရသည်။
“ရေပိုက်လိုင်းတွေ တလနီးပါးရှိပြီ ပျက်တာ၊ မင်းတပ်မြို့ပတ်ပတ်လည်မှာ ရေစမ်းတွေရှိတော့ အဲဒီကနေ ခပ်သုံးနေကြပါတယ်”ဟု မင်းတပ်မြို့ခံတဦးက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၇ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မင်းတပ်မြို့၊ ဘဝသစ်ရပ် ကွက်၌ ကင်းပုန်းများနေရာယူပြီး ဘဝသစ်ရေကန်ထဲမှ ရေများကို မီးသတ်ကားဖြင့် သယ်ယူသွားသည်ဟု ဒေသခံတဦးက ဆိုသည်။

မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းအချို့နှင့် မြို့နေဒေသခံ စုစုပေါင်း လူဦးရေ ၃,၀၀၀ ဝန်းကျင်ရှိမည်ဟု ဒေသခံထံမှ သိရသည်။

လက်ရှိတွင် မင်းတပ်မြို့၌ တိုက်ပွဲများမကြာခဏဖြစ်ပွားနေ၍ မြို့အတွင်းအသွားအလာ ဆင်ခြင်နေထိုင် ကြရန် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက အသိပေးထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ချင်းပြည်နယ်
#မင်းတပ်မြို့
#လျှပ်စစ်မီး
#သောက်သုံးရေ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9❤3😢3🤬1
​​အာဆီယံ အစည်းအဝေးသို့ ထိုင်းဝန်ကြီးချုပ်သစ် မတက်ရောက် 
=====================

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံထိပ်သီးအစည်းအဝေးအား ဂျကာတာတွင် စက်တင်ဘာ ၅ ရက်မှ ၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်ဖြစ်သည့် သမ္မတ ဂျိုကို ဝီဒိုဒို ဦးဆောင်သော အာရှခေါင်းဆောင်များသည် ယခု အစည်းအဝေး၌ မြန်မာ့အရေး၊ တောင်တရုတ်ပင်လယ်အရေး၊ ဒေသစီးပွားရေး၊ နယ်ဖြတ်ကျော် ရာဇဝတ်မှုများအရေးနှင့် အခြားသော အရေးကိစ္စများကို ဆွေးနွေးကြမည် ဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4😁2
Media is too big
VIEW IN TELEGRAM
ကောက်နှံတင်ပို့ခွင့်နဲ့ပတ်သက်လို့ အရေးကြီးတဲ့ကြေညာချက်ထုတ်ပြန်မယ့်အကြောင်း အာဒိုဂန်ပြော

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
😁3👍1
​​တရုတ် အမျက်ထွက်နိုင်သည့်ကြားမှ ဗီယက်နမ်နှင့် ဆက်ဆံရေး မြှင့်တင်ရန် အမေရိကန် မျှော်လင့် 
========================

အိမ်နီးချင်း နိုင်ငံကြီး တရုတ်ဆီမှ ဖြစ်လာနိုင်သော တန်ပြန်မှုများကို စိုးရိမ်ပူပန်ရင်း ဗီယက်နမ်သည် အမေရိကန်နှင့် ဆက်ဆံရေး မြှင့်တင်မှုအကြောင်း အစပိုင်း၌ သတိထား ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ယင်းအတွက် ဗီယက်နမ်နိုင်ငံအား စည်းရုံးနိုင်ရေး ဘိုင်ဒင် အစိုးရက ကြိုးပမ်းမှုများ ရှိလာခဲ့ကာ မကြာသေးသော လများအတွင်း အမေရိကန် အစိုးရ အဆင့်မြင့်အရာရှိများ ဗီယက်နမ်သို့ သွားရောက်ခြင်းများ ရှိလာခဲ့သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁2
ကျွန်းစုမြို့နယ်မှ ပျူစောထီးများလုပ်ကိုင်နေသည့် ခဲမိုင်းလုပ်ကွက်ကို ကာကွယ်ရေးအဖွဲ့ ဖျက်သိမ်း
=====================

ကိုရွှေမြိတ် (မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်တွင် ပျူစောထီးဆိုသူများလုပ်ကိုင်နေသည့် ခဲမိုင်းလုပ်ကွက်ကို စက်တင်ဘာလ ၃ ရက် မွန်းလွဲ ၁ နာရီခန့်က ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သွားရောက် ဖျက်ဆီးကာ ပစ္စည်းများကိုသိမ်းဆည်းခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ သတိပေးတာမျိုးမလုပ်ဘဲ တခါတည်း သွားရောက်ဖျက်သိမ်းခဲ့တာဖြစ်တယ်။ ဘာကြောင့် လည်းဆိုတော့ ပြည်သူတွေဆီက မတရားသိမ်းဆည်းထားတဲ့ လုပ်ကွက်လည်းဖြစ်၊ ပျူစောထီးအဖွဲ့ဝင် တွေရဲ့ မိုင်းလုပ်ကွက်လည်းဖြစ်တော့ ဖျက်သိမ်းရတာမျိုးပါ”ဟု ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုငါးမန်းကပြောသည်။

ကျွန်းစုမြို့နယ်၊ ကျွဲခရံကျေးရွာအုပ်စုရှိ ယမုံကျေးရွာနှင့် ပဲ့တိုင်ကျေးရွာတို့မှ ခဲမိုင်းလုပ်ကွက်များသည် ယခင်က ဒေသခံများ၏လုပ်ကွက်များဖြစ်ပြီး အာဏာသိမ်းပြီးနောက် သိမ်းဆည်းခံခဲ့ရကာ ပျူစောထီး ခေါင်းဆောင်ဆိုသူ ဦးကြည်လှနှင့် ပျူစောထီးအဖွဲ့ဝင်ဟု နာမည်ထွက်နေသူ ဦးစိုးမင်းတို့က ပူးတွဲလုပ် ကိုင်နေကြခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

ကျွန်းစုမြို့နယ်အတွင်းရှိ စစ်ကောင်စီနှင့် ဆက်နွှယ်နေသော ထောက်တိုင်များကို ထိရောက်စွာအရေးယူ သွားမည်ဖြစ်ကြောင်း ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

https://youtu.be/hUDSe1KC-SE?si=j5newvVHYgyNz0mC

#တနင်္သာရီတိုင်း
#ကျွန်းစုမြို့နယ်
#ခဲမိုင်းလုပ်ကွက်
#သိမ်းဆည်းမှု

ရုပ်သံအညွှန်း-ကာကွယ်ရေးအဖွဲ့ ခဲမိုင်းလုပ်ကွက်ကိုဖျက်သိမ်းနေစဉ်။

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9😁1