Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
မြန်မာ့အရေး အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ပြန်လည်သုံးသပ်မယ်လို့ဆို

Watch more detail - https://youtu.be/Ht1-qfPbpSw

#politicalnews #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
🤣7👍1
​​တိုက်ပွဲများဖြစ်ပွားနေသည့် မုန်းမြို့နယ်အတွင်းသို့ စက်သုံးဆီသယ်ယူခွင့် စစ်ကောင်စီ ပိတ်ပင်
=========================

YT
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ မုန်းမြို့နယ်အတွင်းသို့ စက်သုံးဆီသယ်ယူခွင့်အား စစ်ကောင်စီတပ်က ပိတ်ပင် ထားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။

စက်တင်ဘာလ ၂ ရက်နေ့မှစတင်ကာ မုန်းမြို့နယ် အဝင်အထွက်ရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များ က ဖြတ်သန်းသွားလာသည့် ဆိုင်ကယ်၊ ကားများပေါ်၌ စက်သုံးဆီ သယ်ယူလာမှု ရှိ၊ မရှိ စစ်ဆေးနေပြီး တွေ့ရှိပါကသိမ်းယူနေကြောင်း သိရသည်။

“မုန်းမြို့ပေါ်က ဆီဆိုင်တွေကို ကားနဲ့လာပို့ပေးတာရှိတယ်။ အခု အဲဒီကားတွေကို စစ်ကောင်စီတပ်က အဝင်မခံဘူး။ စက်သုံး ဆီပါလားဆိုပြီး ဝင်ထွက်သွားလာတဲ့ တယောက်ချင်းကို စစ်တယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။

မုန်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များထံ ဆီလာရောက်ပို့ဆောင်သော ကားများကိုလည်း ဝင် ခွင့်မပေးသဖြင့် မြို့ပေါ်သာမက ကျေးရွာများတွင်ပါ စက်သုံးဆီပြတ်လပ်နေကြောင်း သိရသည်။

“မုန်းပြင်ပက ကြိုက်တဲ့နေရာမှာ ကား၊ ဆိုင်ကယ်တွေ ဆီထည့်ခဲ့ရင် ရတယ်။ ဂါလံလိုက် ပုံးတွေနဲ့သယ်လို့ မရတာ။ စက်သုံးဆီ ပိတ်ထားတာပေါ့။ ပန့်ဆိုင် လေးဆိုင်၊ ငါးဆိုင် ရှိတယ်။ စက်သုံးဆီလာပို့တဲ့ကားတွေ ကို အဝင်မခံမှတော့ ဘယ်ဆိုင်မှ ရောင်းဖို့ဆီမရှိတော့ဘူး။ အဲဒီတော့ တလီတာဗူးနဲ့ ပြန်ရောင်းသမားတွေ လည်း ဆီမရတော့ မရောင်းရတော့ဘူးပေါ့”ဟု မုန်းမြို့နယ်အတွင်းမှ သတင်းရင်းမြစ်တဦးကလည်း မဇ္ဈိမ ကိုပြောသည်။

လက်ရှိတွင် ဒေသခံများအနေဖြင့် စက်သုံးဆီအား မုန်းမြို့နယ်အပြင်ဘက် ဖြူးမြို့နယ်၊ အုတ်ဖြတ်ကျေး ရွာအနီးအထိ သွားရောက်ဝယ်ယူရကြောင်း သိရသည်။

ထိုသို့ ဝယ်ယူရာတွင်လည်း ပုံးများ၊ ဘူးများဖြင့် သယ်ယူခွင့်မပြု၍ ဆိုင်ကယ်၊ ကား ဆီတိုင်ကီများတွင်သာ ဆီဖြည့်ပြီး နေရပ်ပြန်ရောက်မှ လိုအပ်သောနေရာတွင်အသုံးပြုရန် ပိုက်ဖြင့်ပြန်လည်စုပ်ယူကာ အသုံးပြု နေရကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်နေ့မှစ၍ စက်တင်ဘာလ ၁ ရက်နေ့အထိ မုန်းမြို့နယ်ရှိ ကျေးရွာများတွင် တပ်မဟာ(၃) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ပူးပေါင်းတပ်ဖွဲများနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွားနေကြောင်း KNU ဗဟို၏ စက်တင်ဘာလ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

တိုက်ပွဲဖြစ်ပွားရာ မုန်းမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်က အရပ်သားပစ်မှတ်များအား လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများ ကျေးရွာ ၂၆ ရွာမှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း။ ။စောဖေ

#ပဲခူးတိုင်း
#မုန်းမြို့နယ်
#တိုက်ပွဲ
#စက်သုံးဆီ

ပုံအညွှန်း- မုန်းမြို့အဝင်ဆိုင်းဘုတ် (ဓါတ်ပုံ- လူမှုကွန်ယက်)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬10😁2❤1👍1
Media is too big
VIEW IN TELEGRAM
အသက်အန္တရာယ်အာမခံချက် မရှိတဲ့အတွက် စစ်ဘေးရှောင်များ နေရပ်မပြန်ကြဖို့ ချင်းလူမှုအဖွဲ့အစည်းများက တိုက်တွန်း

Watch more detail - https://youtu.be/2d7csmQFQJs

#politicalnews #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍6🔥1
​​မင်းတပ်မြို့တွင် သောက်သုံးရေနှင့် လျှပ်စစ်မီးပြတ်တောက်နေ၍ ဒေသခံများ အခက်ကြုံ
==========================

ကိုခင်မောင်
(မဇ္စျိမ)။ ။ ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့တွင် သောက်သုံးရေနှင့် လျှပ်စစ်မီးပြတ်တောက်နေသည် မှာ လနှင့်ချီကြာမြင့်နေပြီဖြစ်ပြီး ဒေသခံများအခက်အခဲနှင့် ရင်ဆိုင်နေရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

“တာဝါတိုင်ကို လက်နက်ကြီးကျည်ထိပြီး ပျက်စီးသွားလို့ မဟာဓာတ်အားလိုင်းက မီးမရတာ သုံးလ လောက်ရှိတော့မယ်။ မီးစက်ရှိတဲ့သူတွေက စက်နှိုးပြီး ဖုန်းတလုံးကို ၅၀၀ ကျပ်နဲ့ အားသွင်းပေးကြပါ တယ်” ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ကပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်မှုကြောင့် မင်းတပ်-ကျောက်ထုကြားရှိ မဟာဓာတ်အားလိုင်း တာဝါတိုင်ပျက်စီးသွားပြီး မင်းတပ်မြို့ပေါ်တွင် မီးပြတ်တောက်သွားခြင်းဖြစ်သည် ဟု ၎င်းက‌ပြောသည်။

လက်ရှိတွင် မင်းတပ်မြို့ပေါ်၌ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာနှင့် ဘက်ထရီများ ဝယ်ယူသုံးစွဲသူ အများ အပြားရှိလာနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက သယ်ယူခွင့်ကန့်သတ်ခြင်းများ ရှိနေသည်ဟုလည်း ဒေသခံထံမှ သိရသည်။

“ဆိုလာတွေ၊ ဘက်ထရီအိုးတွေ ရောင်းကောင်းနေပါတယ်။ လွတ်လွတ်လပ်လပ် သယ်ယူခွင့်မပေးတော့ မှောင်ခိုစျေးမှာ စျေးကြီးပေးဝယ်နေရတာတော့ ရှိပါတယ်”ဟု ဒေသခံတဦးက ရှင်းပြသည်။

ထို့ပြင် မင်းတပ်မြို့အတွက် သောက်သုံးရေကို မြို့အနောက်ဘက် ကိုးမိုင်အကွာရှိ ရေစမ်းဦးမှရေကို သွယ်ယူကာ ရေစုကန်များထားရှိ၍ မြို့ပေါ်ရပ်ကွက်လူနေအိမ်များသို့ ရေဖြန့်ဝေနေသည်ဖြစ်ရာ ယခုနှစ် မိုးရာသီ၌ ရေပိုက်လိုင်းများပျက်စီးနေသည့်အတွက် ရေအခက်အခဲ ကြုံတွေ့နေရသည်ဟု ဒေသခံထံမှ သိရသည်။
“ရေပိုက်လိုင်းတွေ တလနီးပါးရှိပြီ ပျက်တာ၊ မင်းတပ်မြို့ပတ်ပတ်လည်မှာ ရေစမ်းတွေရှိတော့ အဲဒီကနေ ခပ်သုံးနေကြပါတယ်”ဟု မင်းတပ်မြို့ခံတဦးက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၇ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မင်းတပ်မြို့၊ ဘဝသစ်ရပ် ကွက်၌ ကင်းပုန်းများနေရာယူပြီး ဘဝသစ်ရေကန်ထဲမှ ရေများကို မီးသတ်ကားဖြင့် သယ်ယူသွားသည်ဟု ဒေသခံတဦးက ဆိုသည်။

မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းအချို့နှင့် မြို့နေဒေသခံ စုစုပေါင်း လူဦးရေ ၃,၀၀၀ ဝန်းကျင်ရှိမည်ဟု ဒေသခံထံမှ သိရသည်။

လက်ရှိတွင် မင်းတပ်မြို့၌ တိုက်ပွဲများမကြာခဏဖြစ်ပွားနေ၍ မြို့အတွင်းအသွားအလာ ဆင်ခြင်နေထိုင် ကြရန် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက အသိပေးထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ချင်းပြည်နယ်
#မင်းတပ်မြို့
#လျှပ်စစ်မီး
#သောက်သုံးရေ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9❤3😢3🤬1
​​အာဆီယံ အစည်းအဝေးသို့ ထိုင်းဝန်ကြီးချုပ်သစ် မတက်ရောက် 
=====================

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံထိပ်သီးအစည်းအဝေးအား ဂျကာတာတွင် စက်တင်ဘာ ၅ ရက်မှ ၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်ဖြစ်သည့် သမ္မတ ဂျိုကို ဝီဒိုဒို ဦးဆောင်သော အာရှခေါင်းဆောင်များသည် ယခု အစည်းအဝေး၌ မြန်မာ့အရေး၊ တောင်တရုတ်ပင်လယ်အရေး၊ ဒေသစီးပွားရေး၊ နယ်ဖြတ်ကျော် ရာဇဝတ်မှုများအရေးနှင့် အခြားသော အရေးကိစ္စများကို ဆွေးနွေးကြမည် ဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4😁2
Media is too big
VIEW IN TELEGRAM
ကောက်နှံတင်ပို့ခွင့်နဲ့ပတ်သက်လို့ အရေးကြီးတဲ့ကြေညာချက်ထုတ်ပြန်မယ့်အကြောင်း အာဒိုဂန်ပြော

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
😁3👍1
​​တရုတ် အမျက်ထွက်နိုင်သည့်ကြားမှ ဗီယက်နမ်နှင့် ဆက်ဆံရေး မြှင့်တင်ရန် အမေရိကန် မျှော်လင့် 
========================

အိမ်နီးချင်း နိုင်ငံကြီး တရုတ်ဆီမှ ဖြစ်လာနိုင်သော တန်ပြန်မှုများကို စိုးရိမ်ပူပန်ရင်း ဗီယက်နမ်သည် အမေရိကန်နှင့် ဆက်ဆံရေး မြှင့်တင်မှုအကြောင်း အစပိုင်း၌ သတိထား ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ယင်းအတွက် ဗီယက်နမ်နိုင်ငံအား စည်းရုံးနိုင်ရေး ဘိုင်ဒင် အစိုးရက ကြိုးပမ်းမှုများ ရှိလာခဲ့ကာ မကြာသေးသော လများအတွင်း အမေရိကန် အစိုးရ အဆင့်မြင့်အရာရှိများ ဗီယက်နမ်သို့ သွားရောက်ခြင်းများ ရှိလာခဲ့သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁2
ကျွန်းစုမြို့နယ်မှ ပျူစောထီးများလုပ်ကိုင်နေသည့် ခဲမိုင်းလုပ်ကွက်ကို ကာကွယ်ရေးအဖွဲ့ ဖျက်သိမ်း
=====================

ကိုရွှေမြိတ် (မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်တွင် ပျူစောထီးဆိုသူများလုပ်ကိုင်နေသည့် ခဲမိုင်းလုပ်ကွက်ကို စက်တင်ဘာလ ၃ ရက် မွန်းလွဲ ၁ နာရီခန့်က ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သွားရောက် ဖျက်ဆီးကာ ပစ္စည်းများကိုသိမ်းဆည်းခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ သတိပေးတာမျိုးမလုပ်ဘဲ တခါတည်း သွားရောက်ဖျက်သိမ်းခဲ့တာဖြစ်တယ်။ ဘာကြောင့် လည်းဆိုတော့ ပြည်သူတွေဆီက မတရားသိမ်းဆည်းထားတဲ့ လုပ်ကွက်လည်းဖြစ်၊ ပျူစောထီးအဖွဲ့ဝင် တွေရဲ့ မိုင်းလုပ်ကွက်လည်းဖြစ်တော့ ဖျက်သိမ်းရတာမျိုးပါ”ဟု ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုငါးမန်းကပြောသည်။

ကျွန်းစုမြို့နယ်၊ ကျွဲခရံကျေးရွာအုပ်စုရှိ ယမုံကျေးရွာနှင့် ပဲ့တိုင်ကျေးရွာတို့မှ ခဲမိုင်းလုပ်ကွက်များသည် ယခင်က ဒေသခံများ၏လုပ်ကွက်များဖြစ်ပြီး အာဏာသိမ်းပြီးနောက် သိမ်းဆည်းခံခဲ့ရကာ ပျူစောထီး ခေါင်းဆောင်ဆိုသူ ဦးကြည်လှနှင့် ပျူစောထီးအဖွဲ့ဝင်ဟု နာမည်ထွက်နေသူ ဦးစိုးမင်းတို့က ပူးတွဲလုပ် ကိုင်နေကြခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

ကျွန်းစုမြို့နယ်အတွင်းရှိ စစ်ကောင်စီနှင့် ဆက်နွှယ်နေသော ထောက်တိုင်များကို ထိရောက်စွာအရေးယူ သွားမည်ဖြစ်ကြောင်း ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

https://youtu.be/hUDSe1KC-SE?si=j5newvVHYgyNz0mC

#တနင်္သာရီတိုင်း
#ကျွန်းစုမြို့နယ်
#ခဲမိုင်းလုပ်ကွက်
#သိမ်းဆည်းမှု

ရုပ်သံအညွှန်း-ကာကွယ်ရေးအဖွဲ့ ခဲမိုင်းလုပ်ကွက်ကိုဖျက်သိမ်းနေစဉ်။

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9😁1
အများပြည်သူသုံးလမ်းမပေါ် စစ်ကောင်စီတပ်က ထောင်ထားသည့်မိုင်းများအား ကာကွယ်ရေးအဖွဲ့ ရှင်းလင်း
👍9😁2
အများပြည်သူသုံးလမ်းမပေါ် စစ်ကောင်စီတပ်က ထောင်ထားသည့်မိုင်းများအား ကာကွယ်ရေးအဖွဲ့ ရှင်းလင်း
===================

ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း အများပြည်သူအသုံးပြုနေသည့် လမ်းပေါ်တွင် စစ်ကောင်စီတပ်မှထောင်ထားသည့် မိုင်းများကို ရှင်းလင်းခဲ့ရကြောင်း မုံရွာခရိုင် အမှတ်(၁၂) တပ်ရင်း၊ တပ်ခွဲ(၃) လျှပ်စီးတပ်ခွဲတာဝန်ရှိသူက ပြောသည်။
အဆိုပါလမ်းပိုင်းတွင် စက်တင်ဘာလ ၁ ရက်နေ့က ဆိုင်ကယ်မောင်းလာသူတဦး၊ နွားလှည်းမောင်းလာသူ တဦးနှင့် ကားမောင်းလာသူတဦး စုစုပေါင်းသုံးဦး မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရှိသွားသည်ဟု ၎င်းကပြော သည်။

“ဒါက စကစ(စစ်ကောင်စီ)က တော်လှန်ရေးကို လုံးဝမနိုင်တော့ဘူးလို့ ပြောချင်တယ်။ ပြည်သူကို ရန်သူ လို သဘောထားလာနေပြီး လူစိတ်လုံးဝပျောက်နေပြီ” ဟု မုံရွာခရိုင် အမှတ်(၁၂)တပ်ရင်းမှ ဒုတပ်ရင်းမှူး ကိုအောင်ဇေက မဇ္စျိမကိုပြောသည်။

လမ်းသွားလမ်းလာများ နင်းမိုင်းထိမှန်ကြောင်းသိရပြီးနောက် လျှပ်စီးတပ်ခွဲနှင့်အတူ နယ်မြေခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များက နင်းမိုင်းရှာဖွေရှင်းလင်းခြင်းများပြုလုပ်ခဲ့ရာ စက်တင်ဘာလ ၁ ရက်နေ့ တွင် နင်းမိုင်းလေးလုံး၊ ၂ ရက်နေ့တွင် နင်းမိုင်းသုံးလုံး အသီးသီး ရှာဖွေရှင်းလင်းနိုင်ခဲ့သည်ဟု ဆိုသည်။

ယခင်က စစ်ကောင်စီတပ်ဖွဲ့သည် ၎င်းတို့တပ်စွဲသည့်နေရာဝန်းကျင်များတွင်သာ မိုင်းထောင်လေ့ရှိပြီး ယခု နယ်မြေစိုးမိုးမှုမရှိတော့သဖြင့် လမ်းမများအပေါ်အထိ မိုင်းထောင်ခြင်းများ ပြုလုပ်လာခြင်းဖြစ်သည် ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်က မှတ်ချက်ပြုသည်။
လက်ရှိတွင် ချောင်းဦးမြို့နယ်အတွင်းမှ မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရရှိသူ သုံးဦးကို ကျေးလက်ဆေးခန်း များတွင် ကုသနေကြောင်း ကိုအောင်ဇေက ဆက်ပြောသည်။

အဆိုပါနင်းမိုင်းများမှာ တရုတ်နိုင်ငံထုတ် M14 မိုင်းအမျိုးအစားဖြစ်ပြီး နှစ်ပေါင်ကျော် အလေးချိန်ရှိကာ ဖိမိသည်နှင့် ပေါက်ကွဲနိုင်ပြီး ငါးမီတာပတ်လည်ရှိ လူကို ထိခိုက်သေစေနိုင်ကြောင်း ၎င်းကပြောသည်။

ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိပြီး ပြည်သူ များအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းစေရန် သတိထားသွားလာကြရန် သတိပေးထားသည်။

တော်လှန်ရေးအမြန်အဆုံးသတ်ဖို့ အားလုံးညီညွတ်ကြရန်နှင့် တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းကြား ပူး ပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း၊ ယင်းအပြင် လက်နက်ခဲယမ်းများ ဈေးမြင့်တက်နေချိန်တွင် ပြည် တွင်းပြည်ပထောက်ပို့များအနေဖြင့် မြေပြင်တွင် အမှန်တကယ်တိုက်ပွဲဝင်နေသည့် စစ်ကိုင်း၊ မကွေးမှ နာမည်မကြီးသောတပ်ဖွဲ့များကို ကြည့်ပေးရန်လိုအပ်ကြောင်း မုံရွာခရိုင် အမှတ်(၁၂)တပ်ရင်းမှ ဒုတပ်ရင်း မှူး ကိုအောင်ဇေက ပြောသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ချောင်းဦးမြို့နယ်
#နင်းမိုင်း
#မိုင်းရှင်းလင်းရေး

ပုံအညွှန် - စစ်ကောင်စီထောင်ထားသည့် မိုင်းများရှင်းလင်းနေစဥ်။ (ဓါတ်ပုံ - မုံရွာခရိုင် အမှတ်(၁၂) တပ်ရင်း ၊ တပ်ခွဲ(၃) လျှပ်စီးတပ်ခွဲ)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13❤3😁1
စက်တင်ဘာလ (၅)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
========================

00:56 − တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မုန်းမြို့နယ်အတွင်းကို စက်သုံးဆီသယ်ယူခွင့် စစ်ကောင်စီ ပိတ်ပင်ထား တဲ့သတင်း

02:55 − ရွာငံ တိုက်ပွဲအတွင်း ဒုရဲမှူးအပါအဝင် စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးတဲ့သတင်း

07:21 − မှန်ကန်တဲ့မဲစာရင်းကောက်ယူနိုင်မှ ရွေးကောက်ပွဲကိုလည်း မှန်မှန်ကန်ကန်နဲ့ ပြုလုပ်နိုင်မှာဖြစ်တယ်လို့ စစ်ခေါင်းဆောင်ပြောတဲ့ သတင်းနဲ့

10:34 − တရုတ်ဝန်ကြီးချုပ် လီချန်း ဂျီ-၂၀ အစည်းအဝေး တက်ရောက်မယ့် သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/vZKubrs4Grs?si=CNp3S2p-IpqklhEP

#4pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🥰1🍌1
​​မန္တလေးတွင် မြန်မာ့စီးပွားရေးဘဏ်နှင့် ရပ်ကွက်ရုံး ဗုံးပစ်တိုက်ခိုက်ခံရ
==================

007
(မဇ္စျိမ)။ ။မန္တလေးမြို့တွင် ယမန်နေ့က မြန်မာ့စီးပွားရေးဘဏ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဗုံးပစ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီ ပြင်းထန်ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်နှစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၁၁ နာရီခန့်က ပုသိမ်ကြီးမြို့နယ်၊အောင်မင်္ဂလာ(၁)ရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်နှင့် မဟာအောင်မြေမြို့နယ် ၈၁ လမ်းနှင့် လမ်း ၄၀ ထောင့်ရှိ မဟာအောင်မြေအရှေ့ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသည် နာရီ၀က်ခန့်ခြားပြီးဗုံးပစ်တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

"ကျွန်တော်တို့ရပ်ကွက်ရုံး ဗုံးထုခံရတာပါ။ရုံးထဲမှာရှိနေတဲ့ စကစဘက်ကတယောက်ထိတယ်။အရပ်၀တ်နဲ့ဆိုတော့ ရာအိမ်မှူးလား၊ပျူလား တခုခုပဲ။ ဆေးရုံကားနဲ့တင်သွားတာတွေ့တယ်" ဟု မဟာအောင်မြေအရှေ့ရပ်ကွက်မှ ဒေသခံတဦးက ပြောသည်။

နံနက် ၁၀ နာရီခွဲခန့်ကလည်း ပုသိမ်ကြီးမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်ကို ဆိုင်ကယ်စီးအမျိုးသားနှစ်ဦးက လက်ပစ်ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်သွားခဲ့ကြောင်းသိရသည်။

"ဘဏ်၀င်းထဲ ဗုံးကျပေါက်တယ်။ လူထိခိုက်တာတော့မရှိဘူး။ အဆောက်အအုံပဲနည်းနည်းပါးပါးထိတယ်" ဟု ယင်းတိုက်ခိုက်မှုဖြစ်စဉ်က်ို သိသူတဦးကပြောသည်။

အဆိုပါတိုက်ခိုက်မှုများနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းကလုပ်ဆောင်သွားသည်ကို မသိရသေးပေ။

မန္တလေးမြို့တွင် စက်တင်ဘာလ ၂ ရက်နေ့ကလည်း၊ ချမ်းမြသာစည်မြို့နယ် ၆၈ လမ်း၊ ၁၀၁ လမ်းနှင့် ၁၀၂ လမ်းကြားမှ မန္တလေးတိုင်းရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနရုံး ဗုံးပစ်တိုက်ခိုက်ခံခဲ့ရသေးသည်။
ဩဂုတ်လ၃၁ရက် နေ့လယ်ကလည်း ချမ်းအေးသာစံမြို့နယ်မှ တိုင်းကျန်းမာရေးဦးစီးဌာနရုံး ဗုံးသုံးလုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခံရပြီး လက်ထောက်ညွန်ကြား‌ရေးမှူးအပါအ၀င် ၀န်ထမ်းငါးဦး ဒဏ်ရာရသွားခဲ့သည်။ လက်ထောက်ညွန်ကြား‌ရေးမှူးသည် ‌ဆေးကုသနေစဉ် သေဆုံးသွားကြောင်း သတင်းရရှိသော်လည်း အသေးစိတ် အတည်မပြုနိုင်သေးပေ။

စာတည်း -အေးချမ်း

#mizzima
#မန္တလေး
#မြန်မာ့စီးပွားရေးဘဏ်
#ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး
#ဗုံးပစ်တိုက်ခိုက်ခံရ

Photo - ဗုံးပစ်တိုက်ခိုက်ခံရသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13❤1🔥1
​​အကြမ်းဖက် စစ်ကောင်စီကို တရားဝင်မှုနဲ့ အခွင့်အရေးတွေ ပေးနေသေးတဲ့ အာဆီယံ | သတင်းသုံးသပ်ချက်
=================

အကြမ်းဖက် စစ်ကောင်စီက ဦးဆောင်ပြီး နေပြည်တော်မှာ စက်တင်ဘာ ၁၂ ရက်ကနေ ၁၅ ရက်နေ့အထိ ကျင်းပမယ့် အာဆီယံ လေတပ် အကြီးအကဲများ ညီလာခံကို ဖျက်သိမ်းပေးဖို့ Justice For Myanmar အဖွဲ့က စက်တင်ဘာ ၂ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

လေတပ်ညီလာခံကို ဖျက်သိမ်းပေးဖို့နဲ့ မြန်မာစစ်တပ်ရဲ့ ကြည်းတပ်၊ လေတပ်၊ ရေတပ်တွေကို အာဆီယံက တိုက်ရိုက် ပံ့ပိုးပေးတဲ့ အကူအညီတွေအပေါ် ပြင်းပြင်းထန်ထန် ရှုပ်ချတယ်လို့လည်း Justice For Myanmar အဖွဲ့က ဆိုပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ ဒီ လေတပ်အကြီးအကဲ ညီလာခံ ကျင်းပဖို့ လုပ်ဆောင်နေတာအပြင် စစ်အုပ်စုရဲ့ စစ်ဘက်၊ ရဲဘက် ထိတွေ့ဆက်ဆံမှုတွေ လုပ်နေတာဟာ မြန်မာတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေအပေါ် စာနာစိတ်ကင်းမဲ့တဲ့ လျစ်လျှူရှုမှုကို ပြသနေတာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

မြန်မာစစ်တပ်ရဲ့ ကြည်းတပ်၊ လေတပ်၊ ရေတပ်တွေဟာ လူထုအပေါ် အကြမ်းဖက်မှုတွေ လုပ်ဆောင်နေပြီး မြန်မာ့အကျပ်အတည်း ဖြေရှင်းမယ့် အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကိုလည်း မလိုက်နာတဲ့ မြန်မာ စစ်ကောင်စီကဦးစီးပြီး အာဆီယံ လေတပ်အကြီးအကဲများ ညီလာခံကို ကျင်းပမှာ ဖြစ်တဲ့အတွက် Justice For Myanmar က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်တာ ဖြစ်ပါတယ်။

အာဆီယံက စစ်ကောင်စီရဲ့ လေတပ်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ လေတပ်အကြီးအကဲများ ညီလာခံရဲ့ သဘာပတိအဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးထွန်းအောင်ဆိုတာ စစ်ကောင်စီက သူ့ကို လေတပ်ဦးစီးချုပ်ခန့်အပ်ပြီး ၂၀၂၂ ဇန်နဝါရီလ နောက်ပိုင်း ပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၉၃၀ ကျော်ကို အမိန့်ပေး ကွပ်ကဲခဲ့သူ ဖြစ်ပါတယ်။

သူ့ရဲ့ အမိန့်ပေးကွပ်ကဲမှုနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း ၁ ထောင်နီးပါး သေဆုံးခဲ့ရတယ်လို့ လက်နက်ကိုင် ပဋိပက္ခများဆိုင်ရာ တည်နေရာနဲ့ ဖြစ်ရပ်မှတ်တမ်းစီမံကိန်းရဲ့ အချက်အလက်တွေက ဆိုထားပါတယ်။

လူပေါင်း ၈၀ ကျော် သေဆုံးခဲ့ရတဲ့ အနမ့်ပါ လေကြောင်းတိုက်ခိုက်မှု၊ လူပေါင်း ၁၆၈ ဦး သေဆုံးခဲ့ရတဲ့ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုတွေဟာ မြန်မာစစ်ကောင်စီရဲ့ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်ရဲ့ ကွပ်ကဲမှုအောက်မှာ ပေါ်ပေါက်ခဲ့ရတာလို့ Justice For Myanmar က ထောက်ပြထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီဟာ အာဆီယံ ကြည်း၊ ရေ၊ လေ အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေးနဲ့ ရဲတပ်ဖွဲ့အပိုင်းမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို ဦးဆောင်နေပြီး နေပြည်တော်မှာ အကြမ်းဖက်မှု တန်ပြန်လေ့ကျင့်မှု အစည်းအဝေးကို ပြုလုပ်ခဲ့သလို၊ စက်တင်ဘာလထဲမှာလည်း ရုရှားမှာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ဖို့ ရှိနေပါတယ်။

Justice For Myanmar အဖွဲ့ကတော့ အာဆီယံ လေတပ်အကြီးအကဲများ ညီလာခံမှာ ဗိုလ်ချုပ်ကြီး ထွန်းအောင်ကို နေရာပေးတာဟာ မြန်မာပြည်သူတွေ အပေါ် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနဲ့ အကြမ်းဖက်နေတာကို သိသိကြီးနဲ့ ထောက်ခံနေတာလို့ အစောပိုင်း ကတည်းက ဝေဖန်ပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီဟာ လက်ရှိအချိန်မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အတွက် အရပ်သား သေဆုံးမှုတွေ ရှိနေတဲ့ အပြင် ခရစ်ယာန် ဘုရားကျောင်းတွေ၊ ဘုန်းတော်ကြီးကျောင်းတွေ၊ စေတီပါ ပျက်စီးမှုတွေ ရှိနေပါတယ်။

အာဆီယံအနေနဲ့ မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးအတွက် ခေါင်းကိုက်နေရတဲ့ အခြေအနေမှာ ဘာကြောင့် အာဆီယံဘုံသဘောတူညီချက်ကို လေးစားလိုက်နာမှုမရှိတဲ့ စစ်ကောင်စီအတွက် စစ်ရေးအထောက်အပံ့ ရစေမှုကို ပံ့ပိုးနေလဲဆိုတာ မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံက အာဆီယံ ဥက္ကဋ္ဌသက်တမ်း ကုန်ခါနီးအချိန်မှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ အချိန် တစ်နှစ်နဲ့ ဖြေရှင်းလို့ မရနိုင်ပေမယ့် လာမယ့် အာဆီယံဥက္ကဋ္ဌ လာအိုအတွက် အခြေခံအုတ်မြစ် ချပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာ့အကျပ်အတည်း ဖြေရှင်းဖို့အတွက် အင်ဒိုနီးရှားနိုင်ငံဟာ သက်ဆိုင်သူအားလုံးနဲ့ အကြိမ်ပေါင်း ၁၄၀ ကျော်လောက် တိတ်တဆိတ် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် အဲဒီတွေ့ဆုံ ဆွေးနွေးမှုတွေရဲ့ ရလဒ်တွေကိုတော့ လူသိရှင်ကြား ချမပြခဲ့ပါဘူး။

ခန့်မှန်းမိသလောက်တော့ တွေ့ဆုံဆွေးနွေးတဲ့ ရလဒ်အဖြေတွေဟာ အာဆီယံအတွက် မြန်မာ့အကျပ်အတည်း ပြေလည်ဖို့ အဖြေမရတဲ့အပြင် ခေါင်းခြောက်စရာတွေချည်း ဖြစ်နေလိမ့်မယ်လို့ ယူဆပါတယ်။
သိသာထင်ရှားနေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ပြည်သူအပေါ် အကြမ်းဖက်မှုတွေ ဆိုးဆိုးရွားရွား ကျူးလွန်နေတဲ့ စစ်ကောင်စီကို တရားဝင်မှုနဲ့ အခွင့်အရေးတွေ ပေးနေသမျှ ကာလပတ်လုံး အာဆီယံအနေနဲ့ မြန်မာ့အရေးကို ပြေလည်အောင် ဖြေရှင်းပေးဖို့ မဖြစ်နိုင်ကြောင်း ဖော်ပြလိုက်ပါတယ်။
👍16😁3🤬1
​​မိုးညှင်းတွင် စစ်ကောင်စီသတင်းပေး မှုခင်းသတင်းထောက်အဖွဲ့ခေါင်းဆောင် ပစ်သတ်ခံရ
=======================

ကချင်လေး
(မဇ္ဈိမ)။ ။ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် စစ်ကောင်စီသတင်းပေး မှုခင်းသတင်းထောက်အဖွဲ့ခေါင်း ဆောင် အနီးကပ် ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။

“မင်းရာဇာ”အမည်ဖြင့် နာမည်ကြီးနေသော စစ်ကောင်စီသတင်ပေး မိုးညင်းမြို့ မှုခင်းသတင်းထောက် အဖွဲ့ခေါင်းဆောင် စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၅ နာရီခန့်က သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံခဲ့ရ ခြင်းဖြစ်ကြောင်း သိရသည်။

မိုးညှင်းမြို့၊ အရှေ့စုရပ်ကွက်တွင်နေထိုင်သည့် မင်းရာဇာတိုက်ပုံတိုက်ပိုင်ရှင် ဦးသန်းထွန်းအောင်မှာ ဇနီး ဖြစ်သူနှင့်အတူ ဆိုင်ကယ်စီးလာစဉ် လူရည်ချွန်ဘော်ဒါရှေ့အရောက်၌ ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်ဟု မြို့ခံတဦးက ပြောသည်။

“သူက ဒီမှာ နာမည်ကြီး။ သတင်းထောက်လည်း လုပ်တယ်။ မြို့အထွက်နားမှာ သတင်းမီဒီယာကျောင်း တောင် ဖွင့်ထားသေးတယ်။ တပ်နဲ့လည်း အရင်ကတည်းက ဆက်ဆံရေးကောင်းတဲ့အပြင် စကစသတင်း ပေးဆိုတော့ ဒီမြို့ကလူတွေ သူ့အကြောင်းမပြောရဲကြဘူး။ သွားလေရာမှာ ဓါးအတိုနဲ့ သေနတ်အတို အမြဲ တမ်းကိုင်တယ်။ သူ့ကို ဘယ်ကတည်းကချောင်းနေလဲမသိဘူး၊ မိန်းမနဲ့အပြင်သွားတုန်း အနီးကပ်လာ ပစ်သွားတာ။ မိန်းမကတော့ ဘာမှမဖြစ်ဘူး” ဟု ဆိုသည်။

ဦးသန်းထွန်းအောင်သည် ဦးခေါင်းနှင့် ခြေထောက်တို့၌ ကျည်ထိမှန်ဒဏ်ရာ ခြောက်ချက်ခန့်ရရှိခဲ့ပြီး အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက် မိုးညှင်းမြို့မှ စစ်အာဏာရှင်စနစ်ဆန့် ကျင်ရေးလူထုဆန္ဒပြပွဲများတွင် ပါဝင်သူများနှင့် မကျေမလည်မှုများရှိခဲ့သည့်အပြင် တော်လှန်ရေးတပ်ဖွဲ့ ဝင်များ၏ သတိပေးခြင်းခံထားရသူလည်းဖြစ်ကြောင်း သိရသည်။

ဆန္ဒပြပွဲများကို စစ်တပ်ကအကြမ်းဖက်ဖြိုခွဲစဥ် ပုန်းရှောင်နေသော ကျောင်းသားခေါင်းဆောင်များကို လိုက်လံပြသခဲ့သည့်အတွက် လူငယ်သပိတ်ခေါင်းဆောင်အချို့ ပစ်သတ်ခံခဲ့ရသည့်အပြင် တော်လှန်ရေး ဘက်ဝောာ်သားများကို အမျိုးမျိုးဒုက္ခပေးနေသူဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။

“အရင်ကတော့ သူက ဗီဒီယိုရိုက်ကူးရေးတွေလည်း လုပ်တယ်။ ဆန္ဒပြတဲ့အချိန်တုန်းကလည်း ဆန္ဒပြတဲ့ သူတွေနဲ့ ပဋိပက္ခဖြစ်ဖူးတယ်။ အဲဒီကတည်းက သတိပေးတာတွေ လုပ်ခဲ့တယ်။ သူ့အိမ်မှာ ဗုံးခွဲသတိပေး ဖူးတယ်” ဟု ဆိုသည်။

မိုးညှင်း K-PDF တပ်ရင်းက ဦးသန်းထွန်းအောင်သည် ပြည်သူ့တော်လှန်ရေးဘက်တော်သားများကို အမျိုး မျိုးအဖုံဖု ဒုက္ခပေးနေသော စစ်ကောင်စီသတင်းပေး ဒလန်တဦးဖြစ်သောကြောင့် သုတ်သင်ရှင်းလင်းခဲ့ ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ

#ကချင်ပြည်နယ်
#မိုးညှင်းမြို့
#စစ်ကောင်စီသတင်းပေး
#မှုခင်းသတင်းထောက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19😁3🥰2👏1
TikTok ပေါ်မှ သတိထားသင့်သည့် စစ်ကောင်စီဝါဒဖြန့်ချိရေးများ
===================

မဇ္ဈိမ။ ။ ဆိုရှယ်မီဒီယာကုမ္ပဏီတခုဖြစ်သည့် TikTok သည် တရုတ်နိုင်ငံ၊ ပေကျင်းမြို့တွင် အခြေစိုက်ပြီး ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင်စတင် ဖြန့်ဝေခဲ့သည်။ ယခုအခါ နိုင်ငံပေါင်း ၁၆၀ တွင် အသုံးပြုသူ တဘီလီယံ ကျော်ရှိနေပြီ ဖြစ်သည်။

ဒစ်ဂျစ်တယ်ကုမ္ပဏီတခုဖြစ်သည့် ADCORE ၏ဖော်ပြချက်အရ ၂၀၁၃ ခုနှစ်အတွင်း ပေါ်ပြူလာ အဖြစ် ဆုံး ဆိုရှယ်မီဒီယာ ၁၇ ခု စာရင်းတွင် TikTok သည် နံပါတ် ခြောက်တွင် ရှိနေသည်။
တစ်တော့သည် ၂၀၁၈ ခုနှစ်မှစ၍ မြန်မာနိုင်ငံ၌ အသုံးပြုသူများပြားလာခဲ့သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာ သိမ်းပြီးနောက်တွင် တရုတ်နိုင်ငံထုတ်ကုန်ပစ္စည်းများအသုံးမပြုရေး Boycott ပြုလုပ်ရမည့် စာရင်းတွင် TikTok လည်းပါဝင်ခဲ့သည်။ သို့သော်လည်း ယနေ့ချိန်အထိ မြန်မာနိုင်ငံတွင် TikTok အသုံးပြုသူ များပြား လျက်ပင် ရှိနေသည်။

Website Link - http://www.mizzimaburmese.com/article/133016

#Misinformation_Buster
#Fake_News
#TikTok
#Doxing
👍12😁2