ဒုတပ်ကြပ်အဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့၀င် ကာကွယ်ရေးတပ်ဖွဲ့ထံ လက်နက်ချ
======================
ရောင်နီ
(မဇ္စျိမ)။ ။ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့၀င်တဦး လက်နက်ချ အညံ့ခံခဲ့ကြောင်း မြို့လှ K-PDF က ယနေ့ စက်တင်ဘာလ ၅ ရက်တွင် သတင်းထုတ်ပြန်သည်။
စက်တင်ဘာလ ၁ ရက်နေ့က ရွှေကူမြို့နယ်၊ ကျောက်ကြီးကျေးရွာတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့သည့် တိုက်ပွဲတွင် အဆိုပါ စစ်ကောင်စီတပ်သားက လက်နက်ချ အညံ့ခံခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။
ကာကွယ်ရေးတပ်ဖွဲ့ထံ လက်နက်ချ အညံ့ခံသူမှာ စစ်ကောင်စီ၏ တပ်မ (၈၈) လက်အောက်ခံတပ် ခလရ (၇၇)မှ ဒုတပ်ကြပ်အဆင့်ရှိသူ ကိုပေါညိမ်းဆိုသူ ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
၎င်းသည် ယခင်မကွေးတိုင်း ချောက်မြို့ရှိ ခလရ (၇၇)တပ်ရင်းတွင် တာ၀န်ကျစဥ်ကလည်း ထွက်ပြေးခဲ့ဖူးပြီး ပြန်လည်ဖမ်းဆီးခံရကာ ထောင်ဒဏ် သုံးလ ကျခံဖူးသူ ဖြစ်ကြောင်း မြို့လှ K-PDF က ဆိုသည်။
ထိုသို့ လက်နက်ချအညံ့ခံလာသည့် စစ်ကောင်စီတပ်ဖွဲ့၀င်ကို လွတ်လပ်စွာနေထိုင်ခွင့်ပေးကာ သွားလိုသည့်နေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြို့လှ K-PDF က ထုတ်ပြန်ထားသည်။
ကာကွယ်ရေးတပ်ဖွဲ့ထံ လက်နက်ချလာသူနှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။
ပြည်သူ့ဘက်သို့ ခိုလှုံ၀င်ရောက်ရန် စိတ်ဆန္ဒရှိပြီး ဓမ္မနှင့် အဓမ္မခွဲခြားသိမြင်သည့် စစ်ကောင်စီတပ်ဖွဲ့၀င်များကို နွေးထွေးစွာကြိုဆိုနေမည်ဖြစ်ကြောင်း မြို့လှ K-PDF က အသိပေးထားသည်။
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ၊ ကျောက်ကြီးကျေးရွာအတွင်း အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ရဲစခန်းကို မြို့လှ K-PDF က ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်နေ့တွင် သွားရောက်တိုက်ခိုက်ရာ သုံးနာရီကျော်ကြာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ငါးဦးသေဆုံးကာ ခြောက်ဦး ဒဏ်ရာရရှိခဲ့ပြီး MA 1 သေနတ်တလက်နှင့် လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း မြို့လှ K- PDF က ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်က အဆိုပါ တိုက်ပွဲဖြစ်ပွားရာနေရာနှင့် ကျောက်ကြီးကျေးရွာတဝိုက်ကို တိုက်လေယာဥ်ဖြင့် နှစ်ကြိမ်၊ တိုက်ခိုက်ရေး ရဟတ်ယာဥ်ဖြင့် သုံးကြိမ် ဗုံးကြဲတိုက်ခိုက်မှုများ ရှိခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့၀င်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ကချင်ပြည်နယ်
#ရွှေကူမြို့နယ်
#စစ်ကောင်စီတပ်
ပုံအညွှန်း - ကာကွယ်ရေးတပ်ဖွဲ့ထံ လက်နက်ချ အညံ့ခံလာသူ။ (ဓာတ်ပုံ-Myo Hla PDF)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍19❤4😁1
This media is not supported in your browser
VIEW IN TELEGRAM
ပါကစ္စတန်ရေတပ်ရဟတ်ယာဉ်ပျက်ကျမှုကြောင့် အမှုထမ်းသုံးဦးသေဆုံး
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

👍8😁1
စစ်ကောင်စီအတွက် နောက်ထပ်အိပ်မက်ဆိုးဖြစ်လာတဲ့ ရိုးမအရှေ့ခြမ်း
=========================
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်းက အာဏာသိမ်း စစ်ကောင်စီရဲ့ ရှေ့တန်းအခြေစိုက် စခန်း ငါးခုကို ကရင် အမျိုးသားအစည်းရုံး(KNU)လက်အောက်ခံ တပ်မဟာ (၃ )က တပြိုင်တည်းတိုက်ခိုက်သိမ်းပိုက်ပြီးနောက် ပဲခူး ရိုးမတစ်ကြော တိုက်ပွဲခေါ်သံတွေ ဆူညံလာတာ တွေ့ရပါတယ်။ အာဏာရှင်တော်လှန်ရေးအစပိုင်းမှာ KNU တပ်မဟာ (၃) နယ်မြေတွေမှာသာ ထိတွေ့တိုက်ပွဲတွေရှိခဲ့ရာကနေ အခုဆိုရင် စစ်တောင်းမြစ် အနောက်ဘက်ကမ်း အထိ ရောက်လာခဲ့ပြီဖြစ်ပါတယ်။ ကာ/လုံမှာ အာဏာသိမ်း စစ်ခေါင်းဆောင်ကိုယ်တိုင်ဝန်ခံထားတဲ့ သူတို့မထိန်း နိုင်တော့တဲ့နယ်မြေတွေထဲမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ခြမ်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်း ပြည်နယ်၊ တနင်္သာရီတိုင်းတို့နဲ့အတူ ပဲခူးတိုင်းအရှေ့ခြမ်းလည်း ပါဝင်နေခဲ့တာပါ။ ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက် မနက် ပိုင်းမှာတော့ ညောင်လေးပင်ခရိုင်၊ မုန်းမြို့ထဲမှာရှိတဲ့ စစ်ကောင်စီရဲ့ ရှေ့တန်းအခြေစိုက်စခန်း ငါးခုကို KNU တပ်မဟာ (၃)တပ်ဖွဲ့ဝင်တွေက တပြိုင်တည်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=========================
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်းက အာဏာသိမ်း စစ်ကောင်စီရဲ့ ရှေ့တန်းအခြေစိုက် စခန်း ငါးခုကို ကရင် အမျိုးသားအစည်းရုံး(KNU)လက်အောက်ခံ တပ်မဟာ (၃ )က တပြိုင်တည်းတိုက်ခိုက်သိမ်းပိုက်ပြီးနောက် ပဲခူး ရိုးမတစ်ကြော တိုက်ပွဲခေါ်သံတွေ ဆူညံလာတာ တွေ့ရပါတယ်။ အာဏာရှင်တော်လှန်ရေးအစပိုင်းမှာ KNU တပ်မဟာ (၃) နယ်မြေတွေမှာသာ ထိတွေ့တိုက်ပွဲတွေရှိခဲ့ရာကနေ အခုဆိုရင် စစ်တောင်းမြစ် အနောက်ဘက်ကမ်း အထိ ရောက်လာခဲ့ပြီဖြစ်ပါတယ်။ ကာ/လုံမှာ အာဏာသိမ်း စစ်ခေါင်းဆောင်ကိုယ်တိုင်ဝန်ခံထားတဲ့ သူတို့မထိန်း နိုင်တော့တဲ့နယ်မြေတွေထဲမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ခြမ်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်း ပြည်နယ်၊ တနင်္သာရီတိုင်းတို့နဲ့အတူ ပဲခူးတိုင်းအရှေ့ခြမ်းလည်း ပါဝင်နေခဲ့တာပါ။ ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက် မနက် ပိုင်းမှာတော့ ညောင်လေးပင်ခရိုင်၊ မုန်းမြို့ထဲမှာရှိတဲ့ စစ်ကောင်စီရဲ့ ရှေ့တန်းအခြေစိုက်စခန်း ငါးခုကို KNU တပ်မဟာ (၃)တပ်ဖွဲ့ဝင်တွေက တပြိုင်တည်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍31❤4🔥1
This media is not supported in your browser
VIEW IN TELEGRAM
ဟိုက်ကူအီမုန်တိုင်းဟာ ထိုင်ဝမ်ကုန်းတွင်းပိုင်းကို နှစ်ကြိမ်ဝင်ရောက်ပြီး တရုတ်နိုင်ငံကို ဦးတည်နေ
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍9🔥1
စက်တင်ဘာလ ၅ ရက်နေ့ ၊ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
==================
https://youtu.be/19baE0iDgd0?si=YREnArQctengjGdx
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==================
https://youtu.be/19baE0iDgd0?si=YREnArQctengjGdx
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
စက်တင်ဘာလ ၅ ရက်နေ့ ၊ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
စက်တင်ဘာလ ၅ ရက်နေ့ ၊ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို…

👍3🔥1
This media is not supported in your browser
VIEW IN TELEGRAM
ယူဂန်ဒါမှာ ဘုရားကျောင်းဗုံးခွဲတိုက်ခိုက်ဖို့ ကြိုးပမ်းမှုကို ရဲကတားဆီးနိုင်ခဲ့
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍6🔥1
စက်တင်ဘာလ (၅) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
======================
- မြန်မာ့အရေး အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ပြန်လည်သုံးသပ်မယ်လို့ဆိုတဲ့ သတင်း
- အာဆီယံရင်းနှီးမြှုပ်နှံမှုဖိုရမ်သို့ စစ်ကောင်စီရဲ့ DICA ညွှန်ကြားရေးမှုးချုပ် တက်ရောက် တဲ့ သတင်း
-ကရင်နီမှာ ဩဂုတ်လ တစ်လတာအတွင်း စစ်ကောင်စီဘက်မှ ဒု ဗိုလ်မှူးအပါအဝင် ၁၁၀ဦး သေဆုံးပြီး စစ်သုံ့ပန်း သုံးဦး ဖမ်းဆီးရမိခဲ့တဲ့ သတင်း
- အများပြည်သူသုံးလမ်းမပေါ် စစ်ကောင်စီတပ်က ထောင်ထားတဲ့မိုင်းတွေကို ကာကွယ်ရေးအဖွဲ့ ရှင်းလင်းတဲ့ သတင်း
- မြဝတီမြို့ပေါ်က ခရိုင်ရဲရုံး တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သတ်ပြီး ဆက်သွယ်မေးမြန်းချက်နဲ့
- ပါကစ္စတန်ရေတပ်ရဟတ်ယာဉ်ပျက်ကျမှုကြောင့် အမှုထမ်းသုံးဦးသေဆုံးတဲ့ သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
https://www.youtube.com/live/ZBzMJygavY0?si=mkL5xK-y7UHZVvO3
#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

-ကရင်နီမှာ ဩဂုတ်လ တစ်လတာအတွင်း စစ်ကောင်စီဘက်မှ ဒု ဗိုလ်မှူးအပါအဝင် ၁၁၀ဦး…

👍8🍌1
တယ်လီစကုပ်အသစ်ထဲသို့ ၄၅ မိုင်ရှည်သည့် ဝိုင်ယာများအား ပေါင်းစပ်ထည့်သွင်းနေသည့် နာဆာ
=====================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥1
စစ်ကောင်စီထံ လက်နက်နှင့် ဘဏ္ဍာငွေပေးနေသည့် သူဌေးကြီးများစာရင်း ထုတ်ပြန်
====================
002
(မဇ္ဈိမ)။ ။စစ်ကောင်စီထံ လက်နက်နှင့် ဘဏ္ဍာငွေပေးနေသည့် သူဌေးကြီးများစာရင်းကို Justic for Myanmar (JSM) က ထုတ်ပြန်သည်။
စတင်ထုတ်ပြန်သည့် သူဌေးအရေအတွက်မှာ ကိုးဦးဖြစ်ပြီး စင်ကာပူ၏ စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှုအပေါ် အခွင့်ကောင်းယူကာ စစ်အုပ်စုထံ ဘဏ္ဍာငွေကြေးများ၊ စစ်လက်နက်နှင့် ဆက်စပ်ပစ္စည်းများ ဆက်လက်တင်သွင်းနေကြသူများ ဖြစ်သည်ဟု JSM က ဆိုသည်။
“အသက် ၃၀ အထက် မသမာသူများ (Dirty Over 30)” ဟု ထုတ်ပြန်လိုက်သည့်စာရင်းတွင် ထိပ်ဆုံးမှပါဝင်သူမှာ ထူးကုမ္ပဏီများအုပ်စု တည်ထောင်သူ ဦးတေဇဖြစ်သည်။
အခြားပါဝင်သူများမှာ • International Gateways Group of Companies တည်ထောင်သူနှင့် မန်နေဂျင်းဒါရိုက်တာ နိုင်ထွဋ်အောင်၊ Myanmar Chemical & Machinery Group တည်ထောင်သူနှင့် မန်နေဂျင်းဒါရိုက်တာ အောင်လှိုင်ဦး၊ Dynasty Group of Companies တည်ထောင်သူနှင့် ဒါရိုက်တာ အောင်မိုးမြင့်၊ Star Sapphire Group of Companies တည်ထောင်သူနှင့် မန်နေဂျင်းဒါရိုက်တာ ထွန်းမင်းလတ်၊ KT Group အမှုဆောင်အရာရှိချုပ် ဂျိုနသန်မျိုးကျော်သောင်း၊ ရွှေဗျိုင်းဖြူကုမ္ပဏီများအုပ်စု တည်ထောင်သူနှင့် ဥက္ကဋ္ဌ သိန်းဝင်းဇော်၊ ရင်းနှီးမြှုပ်နှံသူ ကျော်ကျော်ထွန်း (ခ) George Yin Soon တို့ဖြစ်သည်။
စာရင်းတွင် ပါဝင်သူများအနက် Star Sapphire Group of Companies တည်ထောင်သူနှင့် မန်နေဂျင်းဒါရိုက်တာ ထွန်းမင်းလတ်မှာ ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံထားရသူဖြစ်သည်။
JSM က ထုတ်ပြန်သည့်စာရင်းတွင် အမျိုးသမီးတဦးလည်း ပါဝင်ခဲ့ပြီး ၎င်းမှာ Asia Sun Group of Companies တည်ထောင်သူနှင့် ဒါရိုက်တာ ခင်ဖြူဝင်းဖြစ်သည်။
ယခုထုတ်ပြန်လိုက်သည့် စာရင်းမှာ ကနဦးဖြစ်ပြီး နောက်ထပ် ထုတ်ပြန်မှုများတွင် မြန်မာနိုင်ငံ၏ အကျပ်အတည်းမှ အကျိုးအမြတ် ရှာဖွေရရှိနေသည့် အခြားဒေသများမှ သူဌေးကြီးများအကြောင်း ပါဝင်မည် ဖြစ်သည်ဟု JSM ကဆိုသည်။
စစ်ကောင်စီထံလက်နက်ရောင်းချမှု တတိယအများဆုံးဖြစ်သည့် စင်ကာပူနိုင်ငံမှာ မြန်မာနိုင်ငံသို့ စစ်လက်နက်များရောက်ရှိမှုကို ရပ်တန့်မည်ဖြစ်ကြောင်း လူသိရှင်ကြား ကတိကဝတ် ပြုထားပြီးဖြစ်သော်လည်း ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုသည် ယခုအချိန်အထိ လုံလောက်မှုမရှိဟု JSM က သုံးသပ်သည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူး ကိုယ်စားလှယ်၏ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် မြန်မာစစ်အုပ်စုနှင့် အမေရိကန် ဒေါ်လာ ၂၄၇ သန်းတန်ဖိုးရှိ စင်ကာပူအခြေစိုက် သိသာထင်ရှားသည့် ကုန်သွယ်ရေး ကုမ္ပဏီ ၁၃၈ ခုကို ဖော်ပြထားပြီး အဆိုပါ အစီရင်ခံစာတွင် စင်ကာပူ အစိုးရအနေဖြင့် ၎င်းတို့၏ အချုပ်အခြာနယ်မြေမှ မြန်မာစစ်အုပ်စုထံ လက်နက်ရောင်းဝယ်မှုအားလုံးကို အောင်မြင်စွာ ရပ်တန့်နိုင်မည်ဆိုပါက စစ်အုပ်စု၏ စစ်ရာဇဝတ်မှုများ ကျူးလွန်နိုင်စွမ်းကို သိသိသာသာ ဟန့်တားနှောက်ယှက် နိုင်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြထားသည်။
၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်အုပ်စုသည် ကလေးသူငယ်များအပါအဝင် အနည်းဆုံး လူပေါင်း ၄,၀၂၃ ဦးကို သတ်ဖြတ်ထားပြီး၊ အကြီးအကျယ်ညှဥ်းပန်း နှိပ်စက်မှုများ ကျူးလွန်ကာ လူပေါင်း ၂၄,၀၀၀ ကျော်အား တရားဥပဒေမဲ့ ဖမ်းဆီးအကျဉ်းချထားသည်ဟု JSM က ထုတ်ပြန်ထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#JSM
#DirtyOver30
#ခရိုနီကြီးများ

👍19😁1
ချန်ပီယံများထက် သာလွန်သည့် ဒရုန်းမောင်းနှင်အေအိုင်စနစ်အား တီထွင်
=====================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1
စစ်ကောင်စီက ၂၀၂၅ တွင် ရွေးကောက်ပွဲ ကျင်းပဖြစ်ဖွယ် ရှိ
=======================
မြန်မာအာဏာသိမ်း စစ်ကောင်စီက ၂၀၂၅ တွင် ရွေးကောက်ပွဲ ကျင်းပဖြစ်ဖွယ် ရှိကြောင်း စစ်တပ်နှင့်နီးစပ်သည့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများက အေအက်ဖ်ပီသို့ အင်္ဂါနေ့တွင် ပြောသည်။

😁13
ခေတ်အမီဆုံး သူလျှိုလေယာဉ်ကို စမ်းသပ်သွားမည့် အစ္စရေးနိုင်ငံ
====================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
====================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3🔥1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၅ စက်တင်ဘာ ၂၀၂၃)
========================
အာဏာလုယူထားသည့် စစ်ကောင်စီသည် အကျပ်အတည်းဆိုက်လာချိန်တွင် ရွေးကောက်ပွဲဖြင့် ထွက်ပေါက်ရှာရန် ကြိုးစားနေပြီး စစ်အုပ်စုမှ ဦးဆောင်ကျင်းပသည့် ရွေးကောက်ပွဲသည် ဟန်ပြ သာဖြစ်ပြီး လုပ်ဖြစ်လျှင်လည်း စစ်တပ်ကျောထောက်နောက်ခံ ကြံ့ဖွံ့ပါတီသာ အနိုင်ရ မည်ကို ပြည်သူများအားလုံး သိထားပြီးဖြစ်သည်။

👍5❤1🔥1
အသွင်ပြောင်းနိုင်သည့် အင်းဆက်သဏ္ဍာန်စက်ရုပ်
================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3🔥1
စစ်အာဏာရှင်နှင့် တရုတ်ကုမ္ပဏီများကို ဆန့်ကျင်ဆန္ဒပြကြသည့် ကျေးရွာပေါင်းစုံသပိတ်
👍8❤3🔥1
စစ်အာဏာရှင်နှင့် တရုတ်ကုမ္ပဏီများကို ဆန့်ကျင်ဆန္ဒပြကြသည့် ကျေးရွာပေါင်းစုံသပိတ်
=======================
ပါခွီး
မဇ္စျိမ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်နှင့် တရုတ်ကုမ္ပဏီများဆန့်ကျင်ရေး ချီတက်ပွဲကို ယနေ့ စက်တင်ဘာလ ၅ ရက်တွင် ပြုလုပ်ကြသည်ဟု သိရသည်။
လူထုသပိတ်စစ်ကြောင်းသည် “ကြေးနီသတ္ထုတွင်းအကြောင်းပြု လူသတ်ပွဲလုပ်နေတာ ချက်ခြင်းရပ်” စာတမ်းကိုင်ဆောင်ပြီး ချီတက်ခဲ့ကြခြင်းဖြစ်သည်။
စစ်အာဏာရှင်နှင့် တရုတ်ကုမ္ပဏီဖြစ်သော မြန်မာ-ဝမ်ပေါင်၊ မြန်မာ-ယန်စီကုမ္ပဏီများ ပူးပေါင်းပြီး ပြည်သူများကို ဖိနှိပ်သတ်ဖြတ်နေသောကြောင့် သပိတ်မှောက်ကြခြင်း ဖြစ်သည်။
ဝမ်ပေါင်-ယန်စီ ကုမ္ပဏီများ၏ လုပ်ငန်းခွင်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နေရာပေးထား သည်ဟု ဆိုသည်။ ယင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်မှုအပြင် နေအိမ်များပါ မီးရှို့ဖျက်ဆီးနေသည့်အတွက် သပိတ်မှောက်ဆန္ဒပြရခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်မှ စတင်ကာ စစ်အာဏာရှင် ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် ၈၉၆ ရက်မြောက် ချီတက်ခြင်းဖြစ်ကြောင်းသိရသည်။
စာတည်း ။ ။ ဖူးသိမ်ကျ
#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#ဆားလင်းကြီးမြို့နယ်
#ချီတက်ဆန္ဒပြ

👍12🔥1