Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဝက်လက်မြို့နယ်က စစ်ဘေးရှောင်များ ဆေးဝါးအကူအညီ လိုအပ်(ရုပ်၊သံ)
====================

KMN (မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်က စစ်ဘေးရှောင် ၅၀၀ ကျော်ဟာ ကျန်းမာရေး ချို့တဲ့ပြီး ဆေးဝါးအကူအညီတွေလိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီစစ်ဘေးရှောင်တွေဟာ စစ်ကောင်စီစစ်ကြောင်းတွေကြောင့် စစ်ရှောင်နေကြရတာ တလကျော်ကြာမြင့် နေပြီး စက်တင်ဘာ ၂ ရက်နဲ့ ၃ ရက်နေ့က စစ်ဘေးရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ တယ်လို့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်က ပြောပါတယ်။

https://youtu.be/Zjl34GWJYdM?si=WHhNrMoeJEeTSVbN

#စစ်ကိုင်းတိုင်း
#‌ဝက်လက်မြို့နယ်
#စစ်ဘေးရှောင်

တင်ဆက်၊တည်းဖြတ် - KMN

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤5👍3😢2🔥1
သစ်ချဆိပ်စခန်းသိမ်းပိုက်ခံရပြီးနောက် အရပ်သားပစ်မှတ်များကို စစ်ကောင်စီ ဦးတည်တိုက်ခိုက်နေဟုဆို
🤬12❤1👍1🔥1
သစ်ချဆိပ်စခန်းသိမ်းပိုက်ခံရပြီးနောက် အရပ်သားပစ်မှတ်များကို စစ်ကောင်စီ ဦးတည်တိုက်ခိုက်နေဟုဆို
===================

YT
(မဇ္ဈိမ) ။ ။ ကျောက်ကြီးမြို့နယ်၊ သစ်ချဆိပ်ကျေးရွာရှိ သစ်ချဆိပ်စခန်း တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အရပ်သားပစ်မှတ်များကို ဦးတည်ကာ စစ်ကြောင်းထိုးတိုက်ခိုက်နေကြောင်း KNLAနှင့် ဒေသတွင်း သတင်းရင်းမြစ်များထံမှသတင်းရရှိသည်။

သစ်ချဆိပ်စခန်းကို ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO)နှင့် ပူးပေါင်းတပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့ပြီး စက်တင်ဘာလ ၁ ရက်နေ့နံနက်တွင်သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဟု ကရင်အမျိုးသားအစည်းအရုံး KNU ကထုတ်ပြန်ထားသည်။

စခန်းအား စွန့်လွှတ်လိုက်ရပြီးနောက် သစ်ချဆိပ်ကျေးရွာပတ်ဝန်းကျင်ရှိ ကရင်မျက်ရဲရွာ၊ ဗမာမျက်ရဲရွာ၊ လယ်ပတ်ကျေးရွာတို့ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေကြောင်း KNLA နှင့် ဒေသတွင်းသတင်းရင်းမြစ်များက‌ ပြောသည်။

“ ရွာတွေထဲ စစ်ကြောင်းထိုးနေတယ်။ ပြီးတော့ ဗုံးကြဲတာတွေလည်း လုပ်နေတယ်" ဟု KNLA သတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့က စစ်ကောင်စီတပ်သည် သစ်ချဆိပ်ကျေးရွာအနီးရှိ ငထွေစုပ်ကျေးရွာအတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှတိုက်ခိုက်ခဲ့ကြောင်း သိရသည်။အဆိုပါ တိုက်ခိုက်မှုကြောင့် အသက် ၆၀ ကျော် အမျိုးသမီးတဦး၊ ၁၂ နှစ်အရွယ် ကလေးငယ်တဦး ဗုံးစထိမှန်သေဆုံးခဲ့ပြီး ငါးဦးဒဏ်ရာရကာနေအိမ်ငါးလုံးထက်မနည်းပျက်စီးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တဦးကပြောသည်။

လက်ရှိတွင် ပဲခူးတိုင်းအတွင် ကျောက်ကြီးနှင့် မုန်းမြို့နယ်၌ ဒေသတွင်းစစ်ရေးပဋိပက္ခများ၊ စစ်ကောင်စီတပ်​၏ အရပ်သားပစ်မှတ်များအား တိုက်ခိုက်မှုများကြောင့် ကျေးရွာပေါင်း ၂၆ ရွာမှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ဗဟို​က စက်တင်ဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
သစ်ချဆိပ်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းနိုင်ခဲ့ကာ ပူးပေါင်းအဖွဲ့ဘက်မှ နှစ်ဦးကျဆုံးခဲ့ကြောင်းတော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်ထားသည်။

စာတည်း - အေးချမ်း

#mizzima
#ကျောက်ကြီးမြို့နယ်
#သစ်ချဆိပ်စခန်း
#အရပ်သားပစ်မှတ်များ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🤬6❤1
​​Alienoid
=======

ကိုရီးယားကားထဲမှာ ထူးခြားတဲ့ Sci-Fi အမျိုးအစား ဇာတ်ကားလေးပါ။

ဇာတ်လမ်းအကျဥ်းကတော့ တခြားကမ္ဘာက ဂြိုဟ်သားတွေဟာ ဟိုးရှေးနှစ်ပေါင်း များစွာကတည်းက လူသားတွေထက် နည်းပညာမှာ သာလွန်ခဲ့တဲ့အတွက် သူတို့ဆီက အကျဥ်းသားတွေကို ဖမ်းဆီးချုပ်နှောင်ထားဖို့ ကမ္ဘာပေါ်က လူသားတွေကို အသုံးပြုခဲ့ကြပါတယ်။
ပါရိုလို့ခေါ်တဲ့ ဂြိုဟ်သားတွေဟာ လူသားတွေရဲ့ ခန္ဓာကိုယ်ထဲ ရောက်ရှိသွားပြီးရင် ကမ္ဘာမြေရဲ့ လေထုကြောင့် သူတို့ဟာ လူသားခန္ဓာကိုယ်ထဲက မထွက်နိုင်တော့ပဲ ပိတ်မိသွားပါတယ်။

ဒီလိုနည်းနဲ့ အသုံးပြုနေရာက အမှားအယွင်း ရှိခဲ့ရင် ထိန်းချုပ်ဖို့ အစောင့်နဲ့ မိုးကြိုးစက်ရုပ်တို့ကို ကမ္ဘာပေါ်မှာ ရှိနေစေပါတယ်။
တနေ့မှာ သူတို့ဟာ လွတ်မြောက်ထွက်ပြေးသူ အကျဥ်းသားကို သတ်ဖြတ်ဖို့လုပ်ရင်းနဲ့ အဲ့ဒီနေရာမှာ ကျန်ခဲ့တဲ့ ကလေးလေးတစ်ယောက်ကို ကောက်ယူမွေးစားခဲ့ပါတော့တယ်...

ရှေးခေတ်နဲ့ လက်ရှိခေတ် အချိန်နှစ်ခုကို ယှဥ်တွဲရိုက်ကူးပြထားပြီး အဲ့ဒီအချိန်နှစ်ခုကြား ပတ်သက်ဆက်နွယ်မှုတွေကို ချိတ်ဆက်ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေး တစ်ခုဖြစ်ပါတယ်။"
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima + တွင် ပြသနေသည့် ဇာတ်ကားများကို Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်။

#New ပြသမည့်ရက် ။ ။ 5.9.2023
ပြသမည့်အချိန်။ ။ မနက် (၁၀:၀၀) နာရီ
ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍13🤮1
ယင်းမာပင်မြို့နယ်မှ ၇၇၉ ရက်မြောက် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း (ပုံသတင်း)
====================

ကိုခင်မောင်
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် ယနေ့ စက်တင်ဘာလ ၅ ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ချီတက်ဆန္ဒပြခဲ့ကြသည်။
သပိတ်စစ်ကြောင်းသည် ဒေသတွင်းနယ်မြေမငြိမ်သက်မှုကြားမှ “သွေးမအေးတဲ့ ရွှေနွယ်သွေး” စာတန်း ကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ၇၇၉ ရက်မြောက်အဖြစ် ချီတက်ဆန္ဒပြခြင်း ဖြစ်သည်။

#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#ရွှေနွယ်သွေးသပိတ်စစ်ကြောင်း

Website Link - http://www.mizzimaburmese.com/article/133033

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16❤3🔥1🥴1
​​တန်းတူကိုယ်စားပြုမှု ငြင်းပယ်ခံရသဖြင့် အာဆီယံ အစည်းအဝေးကိုမတက်ခြင်းဟု စစ်ကောင်စီဆိုပြန်
=======================


(မဇ္ဈိမ)။ ။တန်းတူကိုယ်စားပြုမှု ငြင်းပယ်ခံရသဖြင့် အာဆီယံ အစည်းအဝေးကိုမတက်ခြင်းဟု စစ်ကောင်စီ နိုင်ငံခြားရေးက ထုတ်ပြန်သည်။

အာဆီယံပဋိညာဉ်စာတမ်းအပိုဒ်(၅)ပါ "အခွင့်အရေးနှင့် တာဝန်ဝတ္တရား" မူနှင့် သွေဖယ်လျက် မြန်မာ နိုင်ငံ၏ အခွင့်အရေးဖြစ်သည့် တန်းတူရည်တူကိုယ်စားပြုမှုအား ငြင်းပယ်ခဲ့သဖြင့် (၄၃)ကြိမ် မြောက် အာဆီယံထိပ်သီးအစည်းအ ဝေးကို မတက်ခြင်းဟု စစ် ကောင်စီက ဆိုသည်။

ထို့ပြင် (၄၃)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးတွင် တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ခြင်းဆိုင်ရာ အာဆီယံ‌ ခေါင်းဆောင်များ၏ ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက် ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ရာတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံမှ ဖော်ပြပါထုတ်ပြန်ချက် (မူကြမ်း) အား ဆွေးနွေးညှိနှိုင်းခဲ့သော်လည်း အမြင်နှင့် ရပ်တည်ချက်တို့ကို ထည့်သွင်း မဖော်ပြဘဲ လျစ်လျူရှူခဲ့သည်ဟု စစ်ကောင်စီက စွပ်စွဲသည်။

ယင်း ကြောင့် ထုတ်ပြန်ချက်ကို ကန့်ကွက်ကြောင်း၊ အပြုသဘော မဆောင်သည့် သုံးသပ်ချက်များနှင့် တစ်ဖက်သတ်ဆန်ပြီး မျှတမှုမရှိသည့် ဆုံးဖြတ်ချက်များ ပါရှိ ကြောင်း စစ်ကောင်စီနိုင်ငံခြား ရေးက ဆိုသည်။

ကျင်းပနေသည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် ဘုံရပ်တည်ချက် ငါးရပ်ကို လက်ကိုင်ထားပြီး အကောင်အထည် ဖော်နိုင်မှုအခြေအနေများကို သုံးသပ်မည်ဟု အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီက ပြောကြားထားသည်။

အာဆီယံ ထိပ်သီးအစည်းအဝေးကို စစ်ကောင်စီဘက်မှ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်တက်ရောက်ခဲ့စဉ်က ဘုံသဘောတူညီချက်ငါးရပ်ကို ဆောင်ရွက်မည်ဟု သဘောတူ ခဲ့သော်လည်း အကောင်အထည်မဖော်သဖြင့် စစ်ကောင်စီကို အစည်းအဝေးတက်ရောက်ခွင့် ပိတ်ပင်ထားခြင်းသာဖြစ်သည်။
အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်က ပြုလုပ်ခဲ့သည့် ၃၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှစတင်ကာ စစ်ကောင်စီမှာ အစည်းအဝေး တက်ရောက်ခွင့်မရခြင်းဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁23🤣8👍5❤1👏1
စက်တင်ဘာလ (၆) ရက်၊ ဗုဒ္ဓဟူးနေ့ မနက်ပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
=====================

မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ဟာအာဆီယံရဲ့ အဓိကလမ်းညွှန်ချက်အနေနဲ့ ရှိနေဆဲပဲလို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌအင်ဒိုနီးရှား သမ္မတဂျိုကိုဝီဒိုဒိုပြောလိုက်တဲ့အကြောင်းနဲ့အတူ အမှု ၆ မှုအတွက် အပြစ်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် အထူးအယူခံတင်ဖို့ရှိတယ်ဆိုတဲ့အကြောင်းတွေပါဝင်တဲ့ နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊စီးပွားရေး

နဲ့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအနေနဲ့ “ဆက်သွယ်မေးမြန်းချက်” အစီအစဉ်ကို နားဆင်ရမှာပါ။

https://youtu.be/M4am1FsV8oo?si=D5dcbkLSUwkfRHMC

#Morningradio
#Mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.https://bit.ly/2VhJ12U
👍10😁1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ( စက်တင်ဘာလ ၆ ရက်၊ ၂၀၂၃ ) | VOA On Mizzima
=======================

အပူချိန်တက်မှုကြောင့် ကလေးငယ်တွေရဲ့ကျန်းမာရေး ထိခိုက်၊  ဂျပန်အနုမြူဓာတ်သင့်ရေ တောင်ကိုရီးယားရေငုပ်သူတွေ စိုးရိမ်၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/RFUIMjHOR7s?si=PE4rA2qXl9XRwlnL

#VOA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10💩1
​​6.9.2023 (Wednesday) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
====================

Highlight

အမှန်တရားအတွက် ပြိုင်ဆိုင်မှုများ (ညနေ - ၆ နာရီ)
India Movie -Don 2 (ည- ၈ နာရီ)
Korea Movie - Crazy Romance (ည-၁၀ နာရီခွဲ)

Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။

#mizzimatv
👍9🤮1
​​Crazy Romance(2019)
==============

ပရိသတ်ကြီးရေ ဒီတစ်ခေါက်ကတော့ပေါ့ပေါ့ပါးပါး Romance ကားလေး တင်ဆက်ပေးမှာပါ

အီဂျယ်ဟွန်းဆိုသူဟာ မင်္ဂလာခန်းမထဲရောက်မှ လက်ထပ်ပွဲဖျက်ခံထိထားတဲ့ ပူပူနွေးနွေးအသည်းကွဲနေသူပါ

နေ့နေ့ညည အရက်ပဲသောက်နေတဲ့သူပေါ့တစ်ရက်မှာတော့ သူတို့ရုံးကိုဝန်ထမ်းသစ်ချောချောလေး ရောက်လာပါတယ်

ဝန်ထမ်းအသစ်လေးနဲ့သူဟာ မထင်မှတ်ဘဲတစ်ယောက်အကြောင်းတစ်ယောက် သိခဲ့ကြပြီးအတော်လေးနီးစပ်လာပါတယ်..

သို့ပေမဲ့ မူးနေတဲ့အချိန်ပဲ ရင်းနှီးပြီးတော့သာမန်အချိန်မှာ နှစ်ယောက်စလုံးကမသိသလိုပဲ ဟန်ဆောင်ကြတာပါ

ဒီလိုကနေ ရုံးတွင်းအချစ်ဇာတ်လမ်းလေးဘယ်လိုဆက်ဖြစ်သွားမှာလဲ

အချစ်ဟာသဇာတ်လမ်းလေးဖြစ်တာကြောင့်ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ပျော်မယ့်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ် ကြည့်ရှုပေးကြပါဦးနော်

ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

Mizzima TV App အခမဲ့ဒေါင်းလုတ်ပြုလုပ်ရန် -
https://bit.ly/44WaGEU

#New ပြသမည့်ရက်။ ။၆.၉.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍11🤮1
အပူချိန်တက်မှုကြောင့် ကလေးငယ်တွေရဲ့ကျန်းမာရေး ထိခိုက် | VOA On Mizzima
=======================

တောင်အာရှနိုင်ငံက ကလေးငယ်တွေဟာ အခြားဒေသက ကလေးတွေထက် ပြင်းထန်လှတဲ့ အပူချိန်နဲ့ ပိုမိုရင်ဆိုင်နေကြရပါတယ်။ ကမ္ဘာကြီးပိုမိုပူပြင်းလာနေတဲ့အချိန်မှာ ဓဒသတွင်းသန်းနဲ့ချီတဲ့ကလေးငယ်တွေရဲ့အသက်ဘေးသာမကပဲ ရှေ့အနာဂတ်အတွက်လည်း ခြိမ်းချောက်မှုတွေ ဖြစ်လာပါတယ်။ နန်းလောင်ဝ် တင်ပြထားပါတယ်။

https://youtu.be/oQqnvnysuyE?si=_kx-aT_SR06bf6cT

#VOA
#mizzimatv
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥3👍2