Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
August - 6 [12 Pm] Mizzima News Hour

Mizzima Headline News

#12pmnews #mizzimanewshour #reels #shorts
👍6😁1🍌1
မြန်မာအစား ၂၀၂၆ ခုနှစ်မှာ အာဆီယံဥက္ကဌတာဝန်ကိုယူဖို့ အသင့်ရှိကြောင်း ဖိလစ်ပိုင်ပြော
=====================

https://youtu.be/kYlLF6HIU_g?si=4oY1onftyYH3K0Q_
👍14🔥2😁1
အောက်တိုဘာ ၁၅ ရက် နောက်ဆုံးထား မှတ်ပုံတင်ကြဖို့ ပြည်တွင်းပြည်ပ အလုပ်အကိုင်အေဂျင်စီတွေကို NUG တိုက်တွန်း
==================

လင်းသူရိန်
(မဇ္ဈိမ)။ ။ ပြည်တွင်းပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီတွေကို လာမယ့်အောက်တိုဘာလထဲမှာ နောက်ဆုံးထားပြီး မှတ်ပုံတင်ကြဖို့နဲ့ မြန်မာဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) က စက်တင်ဘာလ ၃ ရက်နေ့က ကြေညာပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး မှတ်ပုံတင်စာရင်းသွင်းကြကာ မြန်မာဒီမိုကရေစီအရေး လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းထားတာဖြစ်ပါတယ်။ အာဏာမသိမ်းခင် အရပ်သားအစိုးရ လက်ထက်ကတည်းက မှတ်ပုံတင်ထားကြတဲ့အေဂျင်စီတွေကို NUG ဆီမှာ လာရောက်မှတ်ပုံတင်ကြ ဖို့ ပြောတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီက မဇ္ဈိမကို ပြောပါတယ်။

မြန်မာနိုင်ငံကနေ ပြည်ပကို အလုပ်သမားတွေပို့ပေးနေတဲ့ အေဂျင်စီစုစုပေါင်း ရာဂဏန်းရှိပေမယ့် ဆယ် ဂဏန်းလောက်ပဲ မှတ်ပုံတင်ထားတာရှိတယ်လို့ NUG ထံက သိရပါတယ်။ ပြည်တွင်းပြည်ပအလုပ်အကိုင် အေဂျင်စီတွေနဲ့နီးစပ်သူတဦးကတော့ လုံခြုံရေးအခြေအနေတွေအရ NUG ဆီမှာ မှတ်ပုံတင်ကြဖို့ စဉ်းစား နေကြတာဖြစ်တယ်လို့ ပြောပါတယ်။

တည်းဖြတ်/တင်ဆက်-လင်းသူရိန်

https://youtu.be/H8nrwrzxOrs?si=44fK61XWwfrzZfr2

#အမျိုးသားညီညွတ်ရေးအစိုးရ
#အလုပ်အကိုင်အေဂျင်စီ
#မှတ်ပုံတင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17❤1😁1🤮1
နောက်ဆုံးလက်ကျန်အာဖရိကမဟာမိတ် အက်စ်ဝါတီနီနိုင်ငံသို့ ထိုင်ဝမ်သမ္မတသွားရောက်
=========================

https://youtu.be/axH9m4jbbSw?si=7Y1B1Cf__5mBItqU
👍10😁2
​​စစ်ကောင်စီတပ်ဖွဲ့ယာဉ်အား မိုင်းဆွဲတိုက်ခိုက် တပ်ကြပ်အပါအဝင် ၃ ဦးသေဆုံးဟုဆို
=====================

၀၀၈
မန္တလေး(မဇ္ဈိမ)။ ။ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် ဘောလုံးပြိုင်ပွဲကို လုံခြုံရေးယူ ကင်းပတ်ပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့၏ ယာဉ်တစီးအား မိုင်းဆွဲ တိုက်ခိုက်ရာ တပ်ကြပ် အောင်စိုးမိုး အပါအဝင် သုံးဦးသေဆုံးကြောင်း ပုဂံ-ညောင်ဦးမြို့နယ် အထူးတိုက်ခိုက်ရေးအဖွဲ့ ထံမှသိရသည်။

ညောင်ဦးမြို့၊အမှတ် (၅) ရပ်ကွက် ရွှေစည်ခုံဘုရားအနီးရှိ မြို့နယ်အားကစားကွင်းတွင် ပြုလုပ်နေသည့် စစ်ကောင်စီ မြို့နယ် ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကို လုံခြုံရေးယူ ကင်းပတ်ပေးနေသည့် ကားတစီး စက်တင်ဘာ ၄ရက်၊ ညနေ ၄နာရီခန့်က မိုင်းဆွဲ တိုက်ခိုက်ခံရခြင်းဖြစ်သည်။

“လေးရက်နေ့ ညနေပိုင်းဖြစ်သွားတာပါ။ ပြိုင်ပွဲကတော့ ရပ်လိုက်တယ်။သေတာပေါ့ တပ်ကြပ် ကိုအောင်စိုးမိုးသေတယ်။ တပ်သားတဦးနဲ့အရပ်ဝတ်နဲ့ သေနတ်ကိုင်တဦးလည်းသေတယ်၊ အားလုံး သုံးဦးပေါ့။ ကားပေါ်မှာပါတာက ငါးဦးလို့သိရတယ်။ နှစ်ယောက်ကလည်း ဒဏ်ရာရသွားတယ်။”ဟု မျက်မြင်တွေ့ရှိသည့် ဒေသခံတဦးကပြောသည်။

ဒဏ်ရာရရှိခဲ့သူ နှစ်ဦးမှာ ညောင်ဦးမြို့နယ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရာမှ ယနေ့ နံနက်အစောပိုင်းတွင် ပခုက္ကူဆေးရုံသို့ ပို့ဆောင်ရန် ခေါ်ဆောင်သွားကြောင်း ဆေးရုံနှင့် နီးစပ်သူ တဦးကဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို Bagan-Nyaung -U Special Task Force (ပုဂံ-ညောင်ဦးမြို့နယ် အထူးတိုက်ခိုက်ရေးအဖွဲ့)နှင့် Pakokku - Special Task Force (ပခုက္ကူမြို့နယ် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့မှ မြို့ဝင် မြို့ထွက်ကို တားဆီးစစ်ဆေးမှုများလုပ်ဆောင်နေသလို ပုဂံ ၊ညောင်ဦး အနောက်ခြမ်းကျေးရွာများအတွင်း စစ်ကြောင်းထိုးနေကြောင်းသိရသည်။
တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ပုဂံ၊ ညောင်ဦး မြို့အဝင်၊အထွက်နေရာများ၌ စစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ညောင်ဦးမြို့နယ်
#ဘောလုံးပြိုင်ပွဲ
#မိုင်းဆွဲတိုက်ခိုက်

ဓာတ်ပုံ-Bagan-Nyaung -U Special Task Force)
တိုက်ခိုက်ခံထားရသော ကားအားတွေ့ရစဉ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15😁1
This media is not supported in your browser
VIEW IN TELEGRAM
နောက်ဆုံးလက်ကျန် အာဖရိကမဟာမိတ် အက်စ်ဝါတီနီနိုင်ငံသို့ ထိုင်ဝမ်သမ္မတ သွားရောက်

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍12🍌1
တပ်ဖွဲ့သစ်တည်ထောင်ခြင်းသည် အကွဲအပြဲဇာတ်လမ်းမဟုတ်ကြောင်း မတ္တရာမျိုးမှန်တပ်ဖွဲ့ဆို
👍12😁1
တပ်ဖွဲ့သစ်တည်ထောင်ခြင်းသည် အကွဲအပြဲဇာတ်လမ်းမဟုတ်ကြောင်း မတ္တရာမျိုးမှန်တပ်ဖွဲ့ဆို
=========================

007
(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ ပြည်သူ့ကာ ကွယ်ရေးအဖွဲ့(ပကဖ)မှနှုတ်ထွက်ပြီး မတ္တရာမျိုးမှန်တပ်ဖွဲ့(Madaya The Authentic Genes Force-MDA AGF) ဖွဲ့စည်းခြင်းသည် အကွဲအပြဲဇာတ်လမ်းမဟုတ်ဘဲ တော်လှန်ရေးအတွက် ပိုမိုအားကောင်းလာစေ မည်ဖြစ်ကြောင်း အဆိုပါတပ်ဖွဲ့တာဝန်ရှိသူက ပြောကြားသည်။

ခေါင်းဆောင်သုံးဦး တာဝန်မှရပ်စဲခံရသဖြင့် တဖွဲ့လုံးနှုတ်ထွက်ကာ တပ်ဖွဲ့အသစ် တည်ထောင်လိုက်ခြင်း မှာ တော်လှန်ရေးကာလ အကွဲအပြဲဇာတ်လမ်းတပုဒ်မဟုတ်ကြောင်း မတ္တရာမျိုးမှန်တပ်ဖွဲ့တာဝန်ရှိသူက ဆိုသည်။

“အကွဲအပြဲဇာတ်လမ်းတစ်ခုမဟုတ်ပါဘူး၊ နားလည်မှုလွဲတာကနေဖြစ်လာတဲ့ ပွတ်တိုက်မှုတစ်ခုပါ၊ အချို့ ပွတ်တိုက်မှုတွေဟာ တော်လှန်ရေးကို ပိုမိုအားကောင်းလာစေပါတယ်” ဟု ၎င်းက ပြောသည်။

ဇွန်လ ၃၀ ရက်နေ့ ရက်စွဲဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီး လက်မှတ်ရေး ထိုးထားသည့်အမိန့်စာဖြင့် ပကဖခေါင်းဆောင်သုံးဦးကို တာဝန်မှရပ်ဆိုင်းလိုက်သဖြင့် တဖွဲ့လုံးနှုတ်ထွက် ကာ တပ်ဖွဲ့အသစ်တည်ထောင်လိုက်ခြင်းဖြစ်ကြောင်း မတ္တရာမျိုးမှန်တပ်ဖွဲ့က သတင်းထုတ်ပြန်ထား သည်။

ပကဖခေါင်းဆောင်သုံးဦးကို တာဝန်မှရပ်ဆိုင်းလိုက်ခြင်းနှင့်ပတ်သက်၍ မတ္တရာမြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့တာဝန်ရှိသူများအပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများကပါ ကန့်ကွက်တင်ပြတောင်း ဆိုခဲ့ကြကြောင်း၊ NUG ဘက်မှ တစုံတရာ အကြောင်းမပြန်ခဲ့သဖြင့် တဖွဲ့လုံးနှုတ်ထွက်ပြီး တပ်ဖွဲ့အသစ် တည်ထောင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီလောက် အလုပ်လုပ်ထားတဲ့အဖွဲ့ရဲ့တာဝန်ခံသုံးဦးကို ဘာကြောင့် ရပ်ဆိုင်း/အစားထိုးလဲဆိုတဲ့မေးခွန်း ကို MOD (NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန)နဲ့တိုင်းပကဖက ဖြေကြားပေးမှသာ ပိုသင့်တော်မယ်။ ကျွန် တော်တို့ မီဒီယာတွေနဲ့အင်တာဗျူးလုပ်ပြီး ပွဲဆူအောင်လုပ်ဖို့ မရည်ရွယ်ဘူး၊ ဇွန်လမှာထွက်လာတဲ့ အမိန့် စာနဲ့ပတ်သက်ပြီး စက်တင်ဘာလ ၁ ရက်နေ့ရောက်မှ တပ်ဖွဲ့သစ်ဖွဲ့စည်းခြင်းကြောင့်သာ ပြည်သူတွေ သိရတာပါ” ဟု ၎င်းကဆိုသည်။
တပ်ဖွဲ့အသစ်အား မတ္တရာမြို့နယ်လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တာဝန်ခံ ၁၀ ဦးပါ ဦးစီးအဖွဲ့၊ တိုက်ခိုက်ရေးတပ်ရင်းများဖြင့် စုစည်းကျစ်လျစ်အားကောင်းစွာ ဖွဲ့စည်းသွားမည်ဖြစ် ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ NUG ဘက်မှ တစုံတရာ ထုတ်ပြန်လာသည်ကိုမတွေ့ရသေးဘဲ မေးမြန်းနိုင် ရန်အတွက် ဆက်သွယ်နေဆဲဖြစ်သည်။

မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့မှ ၂၀၂၃ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့အထိ နှစ်နှစ်ကျော်ကာလအတွင်း စစ်ဆင်ရေးပေါင်း ၇၅ ကြိမ် ဖော်ဆောင်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၁၉ ဦးကို ရှင်းလင်းနိုင်ခဲ့ကြောင်း၊ လက်နက်လေးလက်နှင့် ကျည်ဆန်မျိုးစုံ ၁,၃၀၀ ကျော် သိမ်းဆည်းနိုင်ခဲ့ကြောင်း ၎င်းတို့၏ထုတ်ပြန်ချက်အရ သိရသည်။

ပုံစာ - မတ္တရာမျိုးမှန်တပ်ဖွဲ့မှထုတ်ပြန်ထားသော တပ်ဖွဲ့စတင်ဖွဲ့စည်းခြင်းအခမ်းအနားမှတ်တမ်း ဓာတ်ပုံများ
စာတည်း။ ။စောဖေ

#မန္တလေးတိုင်း
#မတ္တရာမျိုးမှန်တပ်ဖွဲ့
#ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13😁1
Media is too big
VIEW IN TELEGRAM
မြန်မာအစား ၂၀၂၆ ခုနှစ်မှာ အာဆီယံဥက္ကဌတာဝန်ကိုယူဖို့ အသင့်ရှိကြောင်း ဖိလစ်ပိုင်ပြော

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍8😁1
၂၀၂၅ မှာ စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပနိုင်ခြေရှိတယ်လို့ ပါတီအချို့ ခန့်မှန်း
=====================

မြန်မာစစ်ကောင်စီက ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်ကျမှ ကျင်းပဖြစ်လိမ့်မယ်လို့ စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး USDP ပါတီမှ တာဝန်ရှိသူတစ်ဦးရဲ့ပြောဆိုချက်ကို ကိုးကားပြီး စက်တင်ဘာ ၅ရက်နေ့ AFP သတင်းမှာ ရေးသားထားပါတယ်။

ဒီပြောဆိုချက်ကို တခြားနိုင်ငံရေးပါတီတစ်ခုကလည်း အတည်ပြုတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ၂၀၂၄ ခုနှစ်မှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူပြီးနောက် ရွေးကောက်ပွဲကျင်းပနိုင်မယ်လို့ စက်တင်ဘာ ၁ ရက်နေ့က စစ်ကောင်စီအဖွဲ့ဝင်တွေ အစည်းအဝေးမှာ ပြောထားပါတယ်။ ရွေးကောက်ပွဲကျင်းပမယ့် ရက်အတိအကျကိုတော့ မပြောထားပါဘူး။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းမှုတွေရှိခဲ့တယ်ဆိုပြီး အာဏာ သိမ်းလိုက်တဲ့ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ အီလက်ထရွန်နစ်စနစ်နဲ့ မဲပေးရေးအတွက် ကြိုးပမ်းနေပြီး မဲပေးစက်ကို နိုင်ငံရေး ပါတီတွေကို ချပြလာပါတယ်။

စစ်ကောင်စီက စက်တင်ဘာ ၅ရက်နေ့မှာ နိုင်ငံရေးပါတီ ၃၆ ပါတီနဲ့ တွေ့ဆုံပြီး အဲဒီမဲပေးစက်အကြောင်း ရှင်းလင်းပြသခဲ့တာပါ။
ပြီးခဲ့တဲ့ ၂ဝ၂ဝ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့ပြီး ဒီအီလက်ထရွန်နစ် မဲပေးတဲ့စနစ်က မဲမသမာမှုတွေ မရှိနိုင်ဘူးလို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ပြောထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရွေးကောက်ပွဲ ကျင်းပဖို့အတွက် စစ်ကောင်စီက ပြင်ဆင် ဆောင်ရွက်နေတဲ့ အထဲမှာ အခု အီလက်ထရောနစ် စနစ်နဲ့ မဲပေးနိုင်မယ့် အစီအစဉ်လည်း ပါဝင်ပါတယ်။

တိုင်းပြည်နေရာအနှံ့ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ နိုင်ငံရေး အကျပ်အတည်းတွေ ရှိနေချိန်မှာ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိမှာမဟုတ်တဲ့အတွက် အသိအမှတ်ပြုမှာ မဟုတ်ကြောင်းကို အတိုက်အခံ နိုင်ငံရေးအဖွဲ့တွေနဲ့ အမေရိကန် အပါအဝင် ဒီမိုကရေစီနိုင်ငံ တချို့က ပြောဆိုထားပါတယ်။

စစ်ကောင်စီက အသစ်ပြန်လည်ပြုပြင်လိုက်တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ဥပဒေအရ ဩဂုတ်လ ၃၁ ရက်နေ့အထိ နိုင်ငံရေးပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့် လျှောက်ထားပြီးတဲ့ပါတီ ၆၄ ခုရှိပြီလို့ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲဟာ အတုအယောင် ရွေးကောက်ပွဲသာဖြစ်မယ်လို့ အမေရိကန်ပြည်ထောင်စု အပါအဝင် တော်လှန်ရေး အင်အားစုတွေက ပြောဆိုထားပြီး နိုင်ငံရေးသုံးသပ်သူတွေကလည်း ရွေးကောက်ပွဲကျင်းပရင် အတိုက်အခံ အင်အားစုတွေရဲ့ တိုက်ခိုက်ခြင်း ခံရနိုင်တယ်လို့ သုံးသပ် ပြောဆိုထားကြပါတယ်။

https://youtu.be/XCcTlUO5a9w?si=mCoUUjngaRhTKwn-
 
#PoliticalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁13👍5🤮2
This media is not supported in your browser
VIEW IN TELEGRAM
ရှီကျင့်ဖျင်ရဲ့ ဂျီ-၂၀ ထိပ်သီးအစည်းအဝေးမတက်ရောက်နိုင်မှုက တရုတ်ရဲ့သံတမန်ရေးရာ အပြောင်းအလဲကို ပြသနေ

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
😁5
အမေရိကန်ပြည်ထောင်စုက မှတ်သားဖွယ်ရာ ဖက်ဒရယ်မူများ | Beyond Panglong Oath Ep-19
========================

မြန်မာနိုင်ငံမှာ ဒီကနေ့ ကြုံတွေ့နေရတဲ့ နိုင်ငံရေးပြဿနာရဲ့ ထွက်ပေါက်ဟာ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဒီမိုကရေစီစနစ် ဖေါ်ဆောင်ရေးဖြစ်တယ်လို့ အားလုံးက တညီတညွတ်တည်း ပြောနေကြပါတယ်။ နိုင်ငံရေးအင်အားစုတွေက ဖက်ဒရယ်ကိစ္စကို ကျယ်ကျယ်လောင်လောင် ပြောဆိုဆွေးနွေးနေကြတဲ့ အခုလိုအချိန်မှာ ဖက်ဒရယ်နဲ့ ပတ်သက်လို့ စဥ်းစားဖို့ လိုအပ်တဲ့ နိုင်ငံရေးသီအိုရီပိုင်းဆိုင်ရာတွေကို အစဖေါ်ထုတ်ပေးတဲ့အနေနဲ့ “ပင်လုံသစ္စာအလွန်၊ ဖက်ဒရယ်ရေးရာ ဆွေးနွေးစရာများ” အစီအစဥ်ကို Mizzima TV ကနေ ဗုဒ္ဓဟူးနေ့ ည ၇နာရီခွဲတိုင်း တင်ဆက်ပေးနေပါတယ်။ နိုင်ငံရေးသိပ္ပံ လေ့လာသူဒေါ်ခင်မမမျိုးနဲ့ ဖက်ဒရယ်နဲ့ အခြေခံဥပဒေရေးရာ လေ့လာသူ ဦးခင်မောင်၀င်းတို့က ဆွေးနွေးတင်ဆက်သွားမှာဖြစ်လို့ Mizzima News In Burmese Facebook Page နဲ့ Mizzima TV YouTube Channel တို့မှာလည်း အချိန်မရွေး ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/Zm1_HUzfTj0?si=MmxxoW80r0pSMvJO

#ပင်လုံသစ္စာ
#ဖက်ဒရယ်
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍7😁2🤮1
Media is too big
VIEW IN TELEGRAM
မြန်မာနိုင်ငံကို ၂ဝ၂၆ ခုနှစ်မှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူခွင့်မပြုဖို့ အာဆီယံခေါင်းဆောင်များဆုံးဖြတ်

Watch more detail - https://youtu.be/BoXhkqfcMic

#PoliticalNews
#reels
#shorts
#MizzimaTV
👍12😁1
ကချင်တွင် အင်အားဖြည့်တင်းရန် ဗန်းမော်မှ ထွက်လာသည့် စစ်ကောင်စီယာဥ်တန်း ၈ ရက်ကြာသည်အထိ မိုင် ၂၀ ခန့်သာ ခရီးရောက်သေး
👍16🔥1
ကချင်တွင် အင်အားဖြည့်တင်းရန် ဗန်းမော်မှ ထွက်လာသည့် စစ်ကောင်စီယာဥ်တန်း ၈ ရက်ကြာသည်အထိ မိုင် ၂၀ ခန့်သာ ခရီးရောက်သေး
=====================

အဂမ်
(မဇ္ဈိမ)။ ။ ကချင်ပြည်နယ် ဗန်းမော်မြို့မှ ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်က ထွက်လာသည့် စစ်ကောင်စီ ယာဥ်တန်းသည် ယမန်နေ့ စက်တင်ဘာလ ၅ ရက် ရှစ်ရက်အကြာတွင် ဗန်းမော်မြို့မှ မိုင် ၂၀ ဝန်းကျင်ကွာဝေးသည့် မြို့သစ်ကျေးရွာသို့သာ ရောက်ရှိသေးကြောင်း ဒေသခံများထံက သိရသည်။

ထိုအကွာအဝေးသည် ဒေသခံများ မနက်သွား ညပြန် စျေးရောင်းထွက်သည့် ခရီးသာဖြစ်ပြီး ဗန်းမော်မြို့မှ မြို့သစ်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် နှစ်နာရီခန့် ၊ ကားဖြင့် တနာရီခန့်သာ မောင်းရကြောင်း ဒေသခံများထံက သိရသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ်အနီးရှိ နမ်ဆန်ယန်ကျေးရွာသို့ စစ်အင်အားဖြည့်တင်းရန် ထွက်လာသည့် တပ်မ ၈၈ လက်အောက်ခံ ထိုယာဥ်တန်းသည် စက်တင်ဘာလ ၄ ရက် ည ၈ နာရီခန့်က ဒေါ့ဖုန်းယမ်မြို့နယ်ခွဲအကျော် မြို့သစ်ကျေးရွာသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ အထိ ထိုနေရာတွင်သာရှိသေးကြောင်း သိရသည်။ ထိုစစ်ကောင်စီယာဥ်တန်းကို KIA တပ်ဖွဲ့ဝင်များက လမ်းတစ်လျှောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ် တဦးကပြောသည်။

" တိုက်ပွဲကြီးကြီးမားမားကြီး ဖြစ်တာတော့မဟုတ်ဘူး။ ယောက်ဖ(ကေအိုင်အေတပ်ဖွဲ့)တွေက သူတို့ရဲ့ (စစ်ကောင်စီယာဥ်တန်း) လမ်းကြောင်း ရှေ့ဆက်သွားတဲ့အခါ နှောင့်နှေးနေစေဖို့ ဟန့်တားပစ်ခတ်ကြတာ ဟုတ်တယ်။ ဒါပေမဲ့ဒီဘက်လမ်း (ဗန်းမော်လမ်းပိုင်း)က အရင်လိုမဟုတ်တော့ဘူးလေ။ ယောက်ဖတွေဘက်က ခြေကုပ်အပိုင်ရယူထားတာမျိုး ရှိလာနေပြီမို့ စစ်ကြောင်းတက်လာတိုင်း သွားသွားတိုက်တာမျိုးလုပ်ရင် သူတို့ (စစ်တပ်) က ထိခိုက်မှုရှိနေရတာလေ" ဟု ၎င်းက ပြောသည်။

ပိတ်မိနေသည့် စစ်ကောင်စီတပ်သည် မြို့သစ်ကျေးရွာအနီးရှိ တာပိန်မြစ်ကူးတံတား(ဒေသအခေါ် ကိုးမိုင်ဂိတ်)ကို စက်တင်ဘာလ ၅ ရက် မနက်ပိုင်းက စတင်၍ ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်ပြီး အနီးဝန်းကျင်ရှိ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်လျက်ရှိသည်။ မိုးမောက်မြို့ရှိ စစ်ကောင်စီတပ်၏ နောက်ဆုံးစစ်ဆေးရေးဂိတ်သည် တာပိန်မြစ်ကူးတံတားတွင်တည်ရှိသည်။

“ကြိုးတံတားဂိတ်မှာ ပိတ်ထားတယ်။ မဖြတ်ခိုင်းဘူး။ ကြိုးတံတားဂိတ်မှာ ပိတ်ထားလို့ ပြန်ကွေ့ခဲ့ရတယ်။ တိုက်ပွဲဖြစ်တာတော့မဟုတ်ဘူး။ သူတို့ (စစ် တပ်)ရဲ့ လက်နက်ကြီးပစ်သံတွေတော့ ကြားနေရတယ်” ဟု ပြောသည်။

စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်နေ၍ ယင်းဒေသမှ နေအိမ်များအပြင် စစ်ရှောင်များရှိရာ ဘုန်းကြီးကျောင်းတွင်လည်း ထိမှန်ပျက်စီးမှုများရှိခဲ့ကြောင်း မဇ္ဈိမ၏ မြေပြင်သတင်းအဖွဲ့က စုံစမ်းရရှိသည်။ ထို့ပြင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် စီဟက်ကျေးရွာမှ ကလေးငယ်တဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ထိုစစ်ကောင်စီ ယာဥ်တန်းသည် နမ်ဆန်ယန်ရွာသို့ ရောက်ရှိရန် ကုန်လော၊နွမ်လန်း အစရှိသည့် ကျေးရွာအုပ်စုများကို ဖြတ်သန်းသွားရဦးမည်ဖြစ်သည်။ ထိုကျေးရွာအုပ်အုပ်စုများ အနီးတွင် KIA က စစ်ကောင်စီ လေယာဥ်များကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလ အတွင်းက ပစ်ချခဲ့ဖူးသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
# စစ်ကောင်စီယာဥ်တန်း
#ကချင်ပြည်နယ်

ဓာတ်ပုံ - စစ်တပ်က လက်နက်ရမ်းသန်းပစ်ခတ်တာကြောင့် နေအိမ်များထိခိုက်ခဲ့ပုံ။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21😁2
​​Don 2
=========

Don ကားရဲ့အဆက်လေးပေါ့
Don တစ်ယောက် ရဲတွေကိုတစ်ပတ်ရိုက်ပြီး လစ်ထွက်လာခဲ့တာ အားရစရာကြီးနော်

ရဲလက်ထဲကိုလည်း ဘာမှမပါတဲ့ Disc ပြားအတုကြီးထားပေးခဲ့ပြီး စုံစမ်းရေးအရာရှိ De Silva အဖြစ်ဟန်ဆောင်ထားတဲ့ ဗာဒ်ဒန်းကိုလည်း ရဲလက်ထက်အပ်ခဲ့တယ်

ကြားထဲက ဗီဂျေးကတော့ သေသွားရှာတာပေါ့
ဒီအဖြစ်အပျက်တွေဖြစ်ပြီးနောက်မှာတော့ Don ဟာ အာရှတိုက်ရဲ့ ဒုစရိုက်လောကမှာ ဘုရင်တစ်ဆူဖြစ်ခဲ့တယ်

(၅) နှစ်ကြာပြီနောက်မှာတော့ Don က အာရှတိုက်ရဲ့မူးယစ်ဈေးကွက်ကို လက်ဝါးကြီး အုပ်ထားတာလောက်နဲ့ မကျေနပ်တော့ဘူး

နောက်ထပ်ပစ်မှတ်အနေနဲ့ ဥရောပထိခြေဆန့်လာခဲ့တယ်
ဒါကြောင့်ဥရောပရဲ့မူးယစ်လောကခေါင်းဆောင်တွေစုပြီး Don ကို သတ်ဖို့အစီအစဉ်ဆွဲတယ်

Don ကိုသတ်ချင်နေသူတွေထဲမှာမှ အသတ်ချင်ဆုံးကတော့ ရိုးမားပေါ့

နှစ်လိမ့်တစ်ပတ်နဲ့ Don က ရိုးမားဆီက အချစ်ပါလိမ်ယူခဲ့သေးတာကိုဒီနေ့လည်း ဘယ်လိုလှည့်ကွက်တွေနဲ့ ရင်ခုန်စွာကြည့်ရဦးမလဲ
ဒီတစ်ခေါက်ရော Don တစ်ယောက်လွတ်အောင်ပြေးနိုင်ပါဦးမလား
ပရိသတ်ကြီးကို ဘယ်လိုတွေဖမ်းစားဦးမလဲဆိုတာ ကြည့်ရှု့ကြပါဦးနော်

Shah Rukh Khan, Priyanka Chopra, Lara Dutta, Om Puri, Boman Irani နဲ့ Kunal Kapoor တို့ ပါဝင်ထားကြပါတယ်
Mizzima + တွင် ပြသနေသည့် ဇာတ်ကားများကို Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်။

#New ပြသမည့်ရက်။ ။ 6.9.2023
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ 7.9.2023
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍9😁2