လောင်းလုံးမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်
===================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရ သည်။
အဆိုပါ လှုပ်ရှားမှုကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC)မှ ဦးဆောင်ပြီး လောင်းလုံးမြို့နယ်အတွင်းရှိ လူငယ်များ အမျိုးသမီးများ အပါအဝင် ပြည်သူလူထုအများအပြား ပူးပေါင်းပါဝင်ခဲ့ကြသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#လောင်းလုံးမြို့နယ်
#DDMSC
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍11❤3🔥1
Crazy Romance
=============
ပရိသတ်ကြီးရေ ဒီတစ်ခေါက်ကတော့ပေါ့ပေါ့ပါးပါး Romance ကားလေး တင်ဆက်ပေးမှာပါ
အီဂျယ်ဟွန်းဆိုသူဟာ မင်္ဂလာခန်းမထဲရောက်မှ လက်ထပ်ပွဲဖျက်ခံထိထားတဲ့ ပူပူနွေးနွေးအသည်းကွဲနေသူပါ
နေ့နေ့ညည အရက်ပဲသောက်နေတဲ့သူပေါ့တစ်ရက်မှာတော့ သူတို့ရုံးကိုဝန်ထမ်းသစ်ချောချောလေး ရောက်လာပါတယ်
ဝန်ထမ်းအသစ်လေးနဲ့သူဟာ မထင်မှတ်ဘဲတစ်ယောက်အကြောင်းတစ်ယောက် သိခဲ့ကြပြီးအတော်လေးနီးစပ်လာပါတယ်..သို့ပေမဲ့ မူးနေတဲ့အချိန်ပဲ ရင်းနှီးပြီးတော့သာမန်အချိန်မှာ နှစ်ယောက်စလုံးကမသိသလိုပဲ ဟန်ဆောင်ကြတာပါ
ဒီလိုကနေ ရုံးတွင်းအချစ်ဇာတ်လမ်းလေးဘယ်လိုဆက်ဖြစ်သွားမှာလဲ..အချစ်ဟာသဇာတ်လမ်းလေးဖြစ်တာကြောင့်ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ပျော်မယ့်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်..
ကြည့်ရှုပေးကြပါဦးနော်
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
Mizzima TV App အခမဲ့ဒေါင်းလုတ်ပြုလုပ်ရန် -
https://bit.ly/44WaGEU
#New ပြသမည့်ရက်။ ။ 6.9.2023
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"

👍6
ရဲတပ်ဖွဲ့မှူးရုံး တိုက်ခိုက်ခံရမှု အချက်အလက်ပေါက်ကြားခြင်းအပေါ် ဝန်ထမ်းများ စစ်ဆေးခံနေရ
===========================
YT
(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြဝတီမြို့ပေါ် ရှိ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း ဖြစ်စဉ်ကြေးနန်းအပါအဝင် ဓာတ်ပုံ၊ အသံဖိုင်များ ပေါက်ကြားမှုအပေါ် ရဲနှင့် ထွေအုပ် ဝန်ထမ်းများ စစ်ဆေးခံနေရကြောင်း မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံက သိရသည်။
" စစ်ဆေးခံနေရတယ်ဆိုတာ ဟုတ်တယ်။ အသံဖိုင်တွေရော ဓာတ်ပုံတွေရော ပေါက်သွားတာကိုး။ အရင်ဆုံး အကုန်လုံးကို ခေါ်စစ်တာ၊ ပထမဆုံး ရိုးရိုးစစ်တယ်။ စစ်ပြီးမှ သူတို့ မသင်္ကာတဲ့သူကိုတော့ ထပ်စစ်တာပေါ့" ဟု မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။
မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးအား ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့၊ ည ၇ နာရီအချိန်က တပ်မဟာ (၆) KNLA၊ ကော်ဘရာစစ်ကြောင်း၊ Federal Wings ၊ PDF ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း ယာယီတပ်ရင်းမှူး ဗိုလ်မှူးအောင်ကျော်မင်း၊ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်တို့အပါအဝင် ငါးဦးသေဆုံး၍ ပြင်းထန်ဒဏ်ရာရ ငါးဦး၊ သာမန်ဒဏ်ရာရ ခြောက်ဦး စုစုပေါင်း ၁၁ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဗုံးကြဲတိုက်ခိုက်ခံရမှု၏ ဖြစ်စဉ်အသေးစိတ်နှင့် ထိခိုက်ဒဏ်ရာရသူစာရင်းပါဝင်သည့် ကြေးနန်း ဖိုင်နှစ်ရွက်၊ ဖြစ်စဉ်အား ဖုန်းဖြင့် အစီရင်ခံနေသည့် အသံဖိုင်၊ ဒဏ်ရာရသူများ၊ သေဆုံးသူများ၏ ဓာတ်ပုံများ၊ ဆေးရုံတွင် ပြေးလွှားနေကြပုံများ စသည်တို့သည် ဖြစ်စဉ်ဖြစ်ပွားပြီး နှစ်နာရီအတွင်း ဖေ့ဘုတ်၊ တယ်လီဂရမ် စသည့် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပျံ့နှံ့သွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ အချက်အလက်များ ပျံ့နှံ့မှုနှင့် ပတ်သက်၍ စက်တင်ဘာလ ၄ ရက်နေ့မှစတင်ကာ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့နယ်ရဲစခန်းမှ ရဲများအားလုံးနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများအား စစ်ကောင်စီတပ်က စစ်ဆေးနေခြင်းဖြစ်သည်။
ဦးစွာအားဖြင့် ဝန်ထမ်းများနှင့် ရဲများ၏ လက်ကိုင်ဖုန်းများအား စစ်ဆေးခြင်းဖြစ်ပြီး လက်နက်ပြ၍ ခြိမ်းခြောက်ခြင်း၊ ဆဲဆိုကြိမ်းမောင်းခြင်းများပါ ပြုလုပ်ကြောင်း၊ ထိုသို့ စစ်ဆေးမှုအတွင်း ၎င်းတို့ မသင်္ကာသူများအား စစ်ကြောရေးသို့ ပို့ဆောင်၍ ဆက်လက်စစ်ဆေးနေကြောင်း မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံက သိရသည်။
" စစ်ကြောရေးအထိ ရောက်တာပေါ့။ သူတို့ ဆဲဆိုပြီးတော့ စစ်တယ်။ ရိုက်တော့မရိုက်ဘူးပေါ့ ၊ ဆဲဆိုခြိမ်းခြောက်ပြီးတော့ သေနတ်တွေပါ ထုတ်ပြီးတော့ ခြိမ်းခြောက်ပြီး စစ်တယ်။ ဖုန်းတွေကို အဓိကစစ်တာပေါ့။ ဖုန်းထဲမှာ တွေ့ရှိတဲ့ပေါ်မူတည်ပြီးတော့ စစ်ကြောရေးပို့တယ်ပေါ့။ စစ်ပြီးရင်တော့ ရာထူးချမယ်၊ နယ်ပြောင်းတာတို့ ဘာတို့ပေါ့" ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
စစ်ဆေးမှုအရ တွေ့ရှိချက်ပေါ်မူတည်၍ ရာထူးချခြင်း၊ တာဝန်ကျရာနယ် ပြောင်းရွှေ့ခြင်းတို့ ပြုလုပ်လာနိုင်ကြောင်း သိရသည်။
မြဝတီခရိုင်ရုံးတိုက်ခိုက်ခံရမှုဖြစ်စဉ် အချက်အလက် ပေါက်ကြားမှုများအတွက် ရဲနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား စစ်ဆေးနေသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ မြဝတီမြို့နယ် ရဲတပ်ဖွဲ့မှူးအား မဇ္ဈိမမှ ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးချေ။
ရဲနှင့် ထွေအုပ်ဝန်ထမ်း မည်မျှ အစစ်အဆေးခံနေရသည်ကို မဇ္ဈိမမှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးချေ။
ယနေ့ စက်တင်ဘာလ ၆ ရက်နေ့ မေးမြန်းချက်အရ မြဝတီ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ဒရုန်းဖြင့် ဗုံးကြဲခံရမှုအတွင်း ပြင်းထန်ဒဏ်ရာဖြင့် မဲဆောက်မြိို့နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည့် ခရိုင်ရဲတပ်ဖွဲ့မှူးအပါအဝင် ငါးဦးအနက် လေးဦး ထပ်မံသေဆုံးသွားကြောင်း၊ ဖြစ်စဉ်တခုလုံးအတွင်း သေဆုံးသူ ကိုးဦးရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#မြဝတီမြို့နယ်
#ရဲစခန်းမှူး
#KNLA
#PDF

👍29😁5❤4
မြန်မာနောင်း ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်အား ထောင်ဒဏ်နှစ် ၂၀ ချမှတ်
🤬13😢3👍2🔥1
မြန်မာနောင်း ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်အား ထောင်ဒဏ်နှစ် ၂၀ ချမှတ်
=====================
ရွှေနွယ်
(မဇ္ဈိမ)။ ။မြန်မာနောင်း (Myanmar Now) သတင်းဌာန၏ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်အား စစ်ကောင်စီမှ ယနေ့ စက်တင်ဘာ ၆ ရက်နေ့တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ်နှစ် ၂၀ ချမှတ်လိုက်ကြောင်း Myanmar Now မှ ထုတ်ပြန်သည်။
ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင် ထောင်တွင်းတရားရုံးမှ ယခုကဲ့သို့အမိန့်ချမှတ်လိုက်ခြင်းဖြစ်ပြီး ပုဒ်မ လေးခုဖြင့်တရားစွဲဆိုထားသည်ဟု ကနဦးကြားသိရသော်လည်း မည်သည့်ပုဒ်မအတွက် အမိန့်ချမှတ်သည်ကိုမူ အတိအကျမသိရသေးကြောင်း Myanmar Now မှဖော်ပြသည်။
ကိုစိုင်းဇော်သိုက်အား စွဲဆိုထားသည့် ပုဒ်မ လေးခုမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ (၂၇)၊ ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ (၅၀၅ – က) ၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၄ တို့ဖြစ်ကြောင်း သိရသည်။
အသက် ၄၀ အရွယ်ရှိ ကိုစိုင်းဇော်သိုက်သည် မိုခါမုန်တိုင်းဒဏ်ခံစားခဲ့ရသည့် ရခိုင်ပြည်နယ်အခြေအနေများကို သွားရောက်မှတ်တမ်းရယူစဉ် ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့က စစ်တွေမြို့၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ထို့နောက် ကိုစိုင်းဇော်သိုက်အား စစ်တွေမြို့ စစ်ကြောရေးနှင့် ရန်ကုန်မြို့စစ်ကြောရေးတို့တွင် တပတ်ကျော်ကြာအောင်စစ်ဆေးခဲ့ပြီး တောင်ဒဂုံမြို့နယ် တရားရုံးတွင် ချုပ်ရက်ရမန်ယူကာ ဇွန်လအတွင်း၌ အင်းစိန်ထောင်သို့ပို့ဆောင်ခဲ့သည်။
"သူဟာ ကျွန်တော်တို့နဲ့အတူ ၂၀၁၇ ခုနှစ်ကတည်းက လက်တွဲပြီးအလုပ်လုပ်ခဲ့တဲ့သူပါ။ ကျွန်တော်တို့အဖွဲ့က ရေးသားခဲ့တဲ့ အရေးကြီးတဲ့သတင်းတွေမှန်သမျှမှာ ကိုစိုင်းဟာအသက်အန္တရာယ်ကို မငဲ့ဘဲ အမြဲပဲရှေ့တန်းက သတင်းယူခဲ့တဲ့သူပါ" ဟု Myanmar Now သတင်းဌာန၏ အယ်ဒီတာချုပ် ဦးဆွေဝင်းမှ ယနေ့တွင် ထုတ်ပြန်သည့် Myanmar Now ၏ ထုတ်ပြန်ချက်တွင် ပြောထားသည်။
ကိုစိုင်းဇော်သိုက်သည် စစ်ကောင်စီမှ ဖမ်းဆီးပြီးနောက်တွင် တောင်ဒဂုံတရားရုံး၌ ရမန်ရယူသည်မှအပ ယနေ့အချိန်အထိ မည်သည့်တရားခွင် စစ်ဆေးမှု၊ ခုခံချေပခွင့်၊ ရှေ့နေငှားရမ်းခွင့်မျှ မရရှိခဲ့ပေ။
"ကိုစိုင်းဇော်က သူ့ အလုပ်ကို သိပ်ချစ်ပြီး ဇွဲကြီးတဲ့ ဓာတ်ပုံသတင်းထောက်တယောက်။ သူအဖမ်းမခံရရင်ကတည်းက စစ်တပ်က သူ့ကို ပစ်မှတ်ထားတာတွေ ရှိခဲ့ပါတယ်။ အခုထောင်ဒဏ်က ဥပဒေမဲ့ အငြိုးတကြီး ချလိုက်တယ်လို့ ထင်ပါတယ်" ကိုစိုင်းဇော်သိုက်၏ မိတ်ဆွေ သတင်းထောက်တဦးက ပြောသည်။
အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ရန်ကုန်၊ ပန်းဘဲတန်းမြို့နယ် ကုန်စျေးတန်းလမ်းရှိ Myanmar Now သတင်းဌာန၏ ရုံးခန်းအား စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များမှ ဝင်ရောက်စီးနင်းခဲ့ကြောင်းနှင့် အယ်ဒီတာချုပ် ဦးဆွေဝင်းနှင့်အတူ အယ်ဒီတာအချို့အား တရားစွဲဆိုကာ နေအိမ်များကိုလည်းချိပ်ပိတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် Myanmar Now သတင်းထောက် မကေဇင်နွေးနှင့် အင်္ဂလိပ်ပိုင်း စာတည်းဟောင်း အမေရိကန်နိုင်ငံသား Danny Fenster တို့ကိုလည်း လအတန်ကြာဖမ်းချုပ်ပြီးမှ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် မြန်မာနိုင်ငံအတွင်း အာဏာသိမ်းပြီးနောက်ပိုင်းမှစတင်ကာ သတင်းလွတ်လပ်ခွင့်ကို နည်းမျိုးစုံဖြင့်ပိတ်ပင်နေပြီး သတင်းသမားများကိုလည်း ဖမ်းဆီးအရေးယူမှုများပြုလုပ်နေခြင်းဖြစ်သည်။
အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ကာ ၂၀၂၃ ခုနှစ် မေလ ၈ ရက်နေ့အထိ စစ်ကောင်စီမှ ဖမ်းဆီးခဲ့သည့် သတင်းသမားအရေအတွက် ၁၇၆ ဦးရှိပြီး ထို့အနက် လေးဦးသေဆုံးခဲ့ကြောင်း International Federation of Journalists(IFJ) မှ မေလအတွင်းက ထုတ်ပြန်ထားသည်။
နယ်စည်းမခြား သတင်းသမားများအဖွဲ့(RSF) မှ ပြုစုသည့် ၂၀၂၂ ခုနှစ် သတင်းလွတ်လပ်ခွင့်အညွှန်းကိန်းအစီရင်ခံစာအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာနိုင်ငံမှာ အဆင့် ၁၇၃ နေရာ၌ ရှိနေခဲ့သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#RSF
#IFJ
#MyanmarNow

🤬17👍8😢3❤1
ဖက်ဒရယ် မြန်မာပြည်သစ် ဆီသို့ - ပဋိပက္ခ၊ ခက်ခဲရှုပ်ထွေးမှုနှင့် ရာသီဥတု ပြောင်းလဲမှု
==========================
၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် မြန်မာတွင် တရားဝင်အစိုးရတရပ် မရှိခိုက်တွင် နိုင်ငံရေး အချုပ်အခြာအာဏာသည် ၁၉ ရာစုက ဗြိတိသျှ အိန္ဒိယ၏ ကိုလိုနီအဖြစ် အတူတကွ ပူးပေါင်းခဲ့ကြသည့် လူမျိုးအုပ်စုများသို့ ပြန်ရောက်သွားသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) ၊ ပြည်နယ်အဆင့်လယ်ဗယ် အစုအဖွဲ့သစ်များနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများ (CSOs) များသည် ရှေ့ပြေး အမျိုးသားနိုင်ငံများအပေါ် အခြေတည်သည့် ဗမာ (မြန်မာ) ပြည်သစ်ကို “အောက်ခြေမှ အပေါ်သို့” ထူထောင်တည်ဆောက်ရာတွင် အဓိကကျသည့် အခန်းကဏ္ဍများတွင် ရှိနေသည်။

👍11🤮1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၆ ရက်ထုတ်လွှင့်မှုများ
==================
https://youtu.be/NCBN5xoH8xo?si=5J0WURTV0vDhTZ29

YouTube
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၆ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၆ ရက်ထုတ်လွှင့်မှုများ
#PVTV
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို…

🤮4👍3❤1
တရုတ်ပြည်တွင်းနိုင်ငံရေးမတည်ငြိမ်မှုကြောင့် သမ္မတရှီကျင့်ဖျင် နိုင်ငံခြားခရီးစဉ်များ ဖျက်သိမ်း
========================
အိန္ဒိယနိုင်ငံ နယူးဒေလီတွင် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၈ ရက်မှ ၉ ရက်အထိ ကျင်းပမည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးသို့ တရုတ်သမ္မတ ရှီကျင့်ဖျင် တက် မတက် ထင်ကြေးပေးမှုများမှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ တရားဝင်ကြေညာချက်အပြီးတွင် အဆုံးသတ်သွားပြီဖြစ်သည်။ ရှီကျင့်ဖျင်သည် ဂျီ-၂၀ အစည်းအဝေးသာမက အာဆီယံနှင့် အရှေ့အာရှထိပ်သီးအစည်းအဝေးများကိုလည်း တက်ရောက်မည်မဟုတ်ပေ။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
========================
အိန္ဒိယနိုင်ငံ နယူးဒေလီတွင် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၈ ရက်မှ ၉ ရက်အထိ ကျင်းပမည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးသို့ တရုတ်သမ္မတ ရှီကျင့်ဖျင် တက် မတက် ထင်ကြေးပေးမှုများမှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ တရားဝင်ကြေညာချက်အပြီးတွင် အဆုံးသတ်သွားပြီဖြစ်သည်။ ရှီကျင့်ဖျင်သည် ဂျီ-၂၀ အစည်းအဝေးသာမက အာဆီယံနှင့် အရှေ့အာရှထိပ်သီးအစည်းအဝေးများကိုလည်း တက်ရောက်မည်မဟုတ်ပေ။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17😁6👏1🤬1
စစ်ကောင်စီက စစ်မှုထမ်းဟောင်းများ တာဝန်ပြန်လည်ထမ်းဆောင်ရန်ဖိတ်ခေါ်သည့် ထုတ်ပြန်ချက် အတု
===================
JC
မဇ္ဈိမ။ ။စစ်ကောင်စီ၏ ကာကွယ်ရေးဦးစီးချုပ်ရုံးတံဆိပ်ဖြင့် စစ်မှုထမ်းဟောင်းများအား တာဝန် ထမ်းဆောင်ရန် ပြန်လည်ဖိတ်ခေါ်သည့် ထုတ်ပြန်ချက်တစောင် ပျံ့နှံ့နေသည်။ ယင်းထုတ်ပြန်ချက်မှာ အတုဖြစ်သည်။
“တာဝန်ပြန်လည်ထမ်းဆောင်ရန် ဖိတ်ခေါ်ခြင်း” ဟူသည့်ခေါင်းစဉ်ဖြင့် စစ်ကောင်စီ၏ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှထုတ်ပြန်ထားသည်ဆိုသော ထုတ်ပြန်ချက်တစောင် လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ ယင်း ထုတ် ပြန်ချက်သည် ဩဂုတ်လ ၉ ရက်နေ့တွင် စတင်ပျံ့နှံ့ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလအထိ ပျံ့နှံ့နေဆဲဖြစ် သည်။ ဖေ့ဘုတ်ပိုစ့်များတွင်သာမကဘဲ ထိုထုတ်ပြန်ချက်ကို အချင်းချင်းစာတိုပေးပို့ကာ ပျံ့နှံ့လျက်လည်း ရှိနေသည်။
မဇ္ဈိမ၏အချက်အလက် စစ်ဆေးသူများမှ အချက်အလက်စစ်ဆေးခဲ့ရာ ယင်းထုတ်ပြန်ချက်မှာ အတုဖြစ် ကြောင်း တွေ့ရသည်။
ထုတ်ပြန်ချက်၏ ပထမပိုဒ်တွင် ပြည်သူများ၏ ပူပေါင်းဆောင်ရွက်မှုအားနည်းခြင်း၊ CDM စစ်သည်များ တိုးပွားလာခြင်း၊ အရည်အချင်းမပြည့်မီသည့် တပ်သားများပါဝင်ခြင်းစသည်ဖြင့် စစ်ကောင်စီတပ်၏ အား နည်းမှုများကိုဖော်ပြထားပြီး ယင်းတို့မှာ ထုတ်ပြန်နေကျ အသုံးအနှုန်းများ မဟုတ်ချေ။
ထုတ်ပြန်ချက်တွင်ပါရှိသည့် စကားလုံးများသည် စစ်ကောင်စီထုတ်ပြန်လေ့ရှိသည့် အသုံးအနှုန်းများ မဟုတ်ကြောင်းနှင့် ယခုကဲ့သို့ထုတ်ပြန်ချက်ပုံစံမျိုး မမြင်ဖူးကြောင်း CDM ဗိုလ်ကြီးတဦးကလည်း မဇ္ဈိမ ကိုပြောသည်။
“ခေါင်းစဉ်ပုံစံနဲ့ အောက်ကလက်မှတ်နဲ့ ထုတ်တဲ့စာ မမြင်ဖူးဘူးဗျ။ အခုစာထဲမှာပါတဲ့ အသုံးအနှုန်းမျိုးတွေ သုံးနှုန်းမှာ မဟုတ်ဘူးဗျ။ ဥပမာ - စည်းလုံးမှုမှာလည်း ပြိုကွဲလျှက်ရှိပါသည်ဆိုတဲ့ အသုံးအနှုန်းမျိုးပေါ့” ဟု CDM ဗိုလ်ကြီးတဦးက ပြောသည်။
လက်ရှိပျံ့နှံ့နေသော ထုတ်ပြန်ချက်သည် ယခင်ထုတ်ပြန်ချက်များနှင့်ခြားနားနေပြီး အတုသာဖြစ်ကြောင်း တပ်တွင်းနီးစပ်သူတဦးက ပြောသည်။
“ဒါကတော့ အတုသေချာတယ်။ စာတောင်သေချာညှိမထားဘူး” ဟု တပ်တွင်းနီးစပ်သူက ပြောသည်။
စစ်ကောင်စီ၏ထုတ်ပြန်ချက်များကို ထုတ်ပြန်ကြေညာလေ့ရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး-OFFICE OF THE COMMANDER-IN-CHIEF OF DEFENCE SERVICES နှင့် သတင်းမှန်ပြန်ကြားရေးအဖွဲ့ -Tatmadaw Information Team တို့၏ ဝက်ဘ်ဆိုက်များတွင်လည်း အဆိုပါထုတ်ပြန်ချက်ကို မတွေ့ရပေ။
စစ်ကောင်စီ၏ထုတ်ပြန်ချက်များတွင် အကြောင်းအမျိုးမျိုးကြောင့် နေရာအသီးသီး ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများကို ပြန်လည်ဖိတ်ခေါ်ခြင်း၊ CDM ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်၊ လူရွယ်များအား ကြိုဆိုရေးစခန်းများဖွင့်လှစ်လက်ခံသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန် ခြင်း စသည့်ထုတ်ပြန်ချက်များကို ထုတ်ပြန်ခဲ့သော်လည်း ယခုကဲ့သို့ စစ်မှုထမ်းဟောင်းများကို ဖိတ်ခေါ် သည့် ထုတ်ပြန်ချက်မျိုး မတွေ့ရချေ။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ကကျင်းပသည့် စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီ နှစ်ပတ် လည်အစည်းအဝေးတွင် တာဝန်ပေးအပ်လာပါက စစ်မှုထမ်းဟောင်းများအနေဖြင့် တဦးချင်းဖြစ်စေ၊ အဖွဲ့ အစည်းလိုက်ဖြစ်စေ တာဝန်ထမ်းဆောင်ရန်လိုကြောင်း စစ်မှုထမ်းဟောင်း ဗဟိုကောင်စီဥက္ကဌ ဒုဗိုလ်ချုပ် ကြီးဟောင်းစိန်ဝင်းက ပြောကြားခဲ့ကြောင်း Tachileik News Agency မှ သတင်းဖော်ပြခဲ့သည်။ ဖိတ်ခေါ်ခြင်းမဟုတ်ဘဲ လိုအပ်လျှင် ပြန်လည်စစ်မှုထမ်းရမည်ဖြစ်ကြောင်း ပြောကြားခြင်းပင်ဖြစ်သည်။
လင့် https://www.tachileik.net/mm/news/30529
သို့သော် စစ်ကောင်စီက စစ်မှုထမ်းဟောင်းများအပါအဝင် အရာရှိစစ်သည်များအား တာဝန်ပြန်လည် ထမ်းဆောင်ရန် တရားဝင်ဖိတ်ခေါ်သည့်စာ ထုတ်ပြန်ထားသည်ကိုမူ မတွေ့ရပေ။ အလားတူ စစ်ကောင်စီ သည် ၎င်းတို့ အင်အားချိနဲ့နေပြီး စည်းလုံးမှုပြိုကွဲနေသည်ကိုလည်း ဝန်ခံပြောဆိုထားခြင်း မရှိပေ။
ထို့ကြောင့် စစ်ကောင်စီက အရာရှိစစ်သည်များနှင့် စစ်မှုထမ်းဟောင်းများ တာဝန်ထမ်းဆောင်ရန် ဖိတ် ခေါ်သည်ဟူသော ထုတ်ပြန်ချက်မှာ အတုသာဖြစ်သည်။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။
စာတည်း။ ။စောဖေ
#Misinformation_Buster
#Fake_News
#SAC
#စစ်မှုထမ်းဟောင်း
-----------------------

👍13😁12
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၆ စက်တင်ဘာ ၂၀၂၃)
========================
အာဆီယံမှ အကြမ်းဖက်လူသတ် ရွာများမီးရှို့နေသည့် အကြမ်းဖက်စစ်ကောင်စီကို အစိုးရ တစ်ရပ် အဖြစ် အသိအမှတ်မပြုသည့်အတွက် အာဆီယံဥက္ကဋ္ဌ လုပ်ခွင့်မပြုဘဲ အလှည့် ကျော်သွားသည်ကို တွေ့ရသည်။

👍15❤3🔥1
အမေရိကန်ပြည်ထောင်စုက မှတ်သားဖွယ်ရာ ဖက်ဒရယ်မူများ | Beyond Panglong Oath Ep-19
==================
မြန်မာနိုင်ငံမှာ ဒီကနေ့ ကြုံတွေ့နေရတဲ့ နိုင်ငံရေးပြဿနာရဲ့ ထွက်ပေါက်ဟာ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဒီမိုကရေစီစနစ် ဖေါ်ဆောင်ရေးဖြစ်တယ်လို့ အားလုံးက တညီတညွတ်တည်း ပြောနေကြပါတယ်။ နိုင်ငံရေးအင်အားစုတွေက ဖက်ဒရယ်ကိစ္စကို ကျယ်ကျယ်လောင်လောင် ပြောဆိုဆွေးနွေးနေကြတဲ့ အခုလိုအချိန်မှာ ဖက်ဒရယ်နဲ့ ပတ်သက်လို့ စဥ်းစားဖို့ လိုအပ်တဲ့ နိုင်ငံရေးသီအိုရီပိုင်းဆိုင်ရာတွေကို အစဖေါ်ထုတ်ပေးတဲ့အနေနဲ့ “ပင်လုံသစ္စာအလွန်၊ ဖက်ဒရယ်ရေးရာ ဆွေးနွေးစရာများ” အစီအစဥ်ကို Mizzima TV ကနေ ဗုဒ္ဓဟူးနေ့ ည ၇နာရီခွဲတိုင်း တင်ဆက်ပေးနေပါတယ်။ နိုင်ငံရေးသိပ္ပံ လေ့လာသူဒေါ်ခင်မမမျိုးနဲ့ ဖက်ဒရယ်နဲ့ အခြေခံဥပဒေရေးရာ လေ့လာသူ ဦးခင်မောင်၀င်းတို့က ဆွေးနွေးတင်ဆက်သွားမှာဖြစ်လို့ Mizzima News In Burmese Facebook Page နဲ့ Mizzima TV YouTube Channel တို့မှာလည်း အချိန်မရွေး ပြန်လည်ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/Zm1_HUzfTj0?si=DUbKpuOsgzF_jKHH
#ပင်လုံသစ္စာ
#ဖက်ဒရယ်
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

မြန်မာနိုင်ငံမှာ ဒီကနေ့ ကြုံတွေ့နေရတဲ့ နိုင်ငံရေးပြဿနာရဲ့ ထွက်ပေါက်ဟာ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဒီမိုကရေစီစနစ် ဖေါ်ဆောင်ရေးဖြစ်တယ်လို့ အားလုံးက တညီတညွတ်တည်း ပြောနေကြပါတယ်။ နိုင်ငံရေးအင်အားစုတွေက ဖက်ဒရယ်ကိစ္စကို ကျယ်ကျယ်လောင်လောင် ပြောဆိုဆွေးနွေးနေကြတဲ့…
👍23🤮2😁1
စက်တင်ဘာလ (၇) ရက်၊ ကြာသပတေးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
======================
ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
မြန်မာစစ်ကောင်စီက ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်ကျမှ ကျင်းပဖြစ်လိမ့်မယ်လို့ စစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီကပြောဆိုတဲ့သတင်း နဲ့အတူ မကွေးတိုင်း၊ ရေနံချောင်းမြို့မှာ စစ်ကောင်စီတပ်က ဆိုင်ကယ်တွေကို အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးနေတဲ့သတင်း အပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာ သတင်း တွေကို နားဆင်ကြရမှာပါ။
အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။ သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဏအနေနဲ့ “ The Call” အွန်လိုင်းမဂ္ဂဇင်းနဲ့ မဇ္ဈိမရေဒီယိုတို့ ပူးပေါင်းတင်ဆက်တဲ့ တော်လှန်ရေးအနုပညာကဏ္ဍအစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်ခင်ဗျာ။
https://youtu.be/yC4ly3KyXkc?si=OhmIRM1D4PrmzenJ
#Mizzimaradio
#Morningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
======================
ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
မြန်မာစစ်ကောင်စီက ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်ကျမှ ကျင်းပဖြစ်လိမ့်မယ်လို့ စစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီကပြောဆိုတဲ့သတင်း နဲ့အတူ မကွေးတိုင်း၊ ရေနံချောင်းမြို့မှာ စစ်ကောင်စီတပ်က ဆိုင်ကယ်တွေကို အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးနေတဲ့သတင်း အပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာ သတင်း တွေကို နားဆင်ကြရမှာပါ။
အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။ သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဏအနေနဲ့ “ The Call” အွန်လိုင်းမဂ္ဂဇင်းနဲ့ မဇ္ဈိမရေဒီယိုတို့ ပူးပေါင်းတင်ဆက်တဲ့ တော်လှန်ရေးအနုပညာကဏ္ဍအစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်ခင်ဗျာ။
https://youtu.be/yC4ly3KyXkc?si=OhmIRM1D4PrmzenJ
#Mizzimaradio
#Morningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
စက်တင်ဘာလ (၇) ရက်၊ ကြာသပတေးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
မြန်မာစစ်ကောင်စီက ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်ကျမှ ကျင်းပဖြစ်လိမ့်မယ်လို့ စစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီကပြောဆိုတဲ့သတင်း နဲ့အတူ မကွေးတိုင်း၊ ရေနံချောင်းမြို့မှာ စစ်ကောင်စီတပ်က…

👍11😁2❤1🤮1
The Divine Fury(2019)
================
ပတ်ယုံးဟိုဆိုတဲ့ ကလေးဟာ ငယ်စဉ်ဘဝကတည်းက ဘာသာရေးကိုင်းရှိုင်းပြီး နေထိုင်လာခဲ့သူပါ
လူ့လောကထဲ စရောက်ကတည်းကအမေဖြစ်သူ ဆုံးပါးသွားခဲ့တဲ့အတွက်မိတဆိုးကလေးဖြစ်နေရရှာသူ ယုံးဟိုအတွက်ကံကြမ္မာက မျက်နှာသာမပေးခဲ့ပြန်ပါဘူး
လူလားမမြောက်သေးစဉ်အရွယ်မှာပဲ ဖခင်ဖြစ်သူပါ သေဆုံးသွားခဲ့ပြီး မိဘမဲ့ဖြစ်သွားရရှာပါတယ်..
အဲဒီကတည်းက ယုံးဟိုဟာဘုရားသခင်ကို မုန်းတီးသွားခဲ့တာပါ..
ဒီလိုနဲ့ တစ်နေ့မှာတော့ ယုံးဟိုရဲ့လက်မှာပဟေဠိဆန်တဲ့ ဒဏ်ရာတစ်ခုပေါ်လာပါတယ်..
ဒီဒဏ်ရာဟာ ဘာကြောင့်ဖြစ်ရတာလဲဆိုတာကို
စုံစမ်းရင်းက ဘာသာရေးနယ်ပယ်ထဲကို
ထပ်မံရောက်ရှိသွားတဲ့အခါ.....
ပရိသတ်များအကြိုက်တွေ့စေမယ့် Action/Horror ဇာတ်ကားဖြစ်တဲ့အပြင်Park Seo-joon,Choi Woo-shik အစရှိတဲ့နာမည်ကြီးသရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားတာဖြစ်လို့လက်မလွှတ်တမ်း ကြည့်ရှုသင့်ပါတယ်နော်
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
Mizzima TV App အခမဲ့ဒေါင်းလုတ်ပြုလုပ်ရန် -
https://bit.ly/44WaGEU
#New ပြသမည့်ရက်။ ။၇.၉.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
================
ပတ်ယုံးဟိုဆိုတဲ့ ကလေးဟာ ငယ်စဉ်ဘဝကတည်းက ဘာသာရေးကိုင်းရှိုင်းပြီး နေထိုင်လာခဲ့သူပါ
လူ့လောကထဲ စရောက်ကတည်းကအမေဖြစ်သူ ဆုံးပါးသွားခဲ့တဲ့အတွက်မိတဆိုးကလေးဖြစ်နေရရှာသူ ယုံးဟိုအတွက်ကံကြမ္မာက မျက်နှာသာမပေးခဲ့ပြန်ပါဘူး
လူလားမမြောက်သေးစဉ်အရွယ်မှာပဲ ဖခင်ဖြစ်သူပါ သေဆုံးသွားခဲ့ပြီး မိဘမဲ့ဖြစ်သွားရရှာပါတယ်..
အဲဒီကတည်းက ယုံးဟိုဟာဘုရားသခင်ကို မုန်းတီးသွားခဲ့တာပါ..
ဒီလိုနဲ့ တစ်နေ့မှာတော့ ယုံးဟိုရဲ့လက်မှာပဟေဠိဆန်တဲ့ ဒဏ်ရာတစ်ခုပေါ်လာပါတယ်..
ဒီဒဏ်ရာဟာ ဘာကြောင့်ဖြစ်ရတာလဲဆိုတာကို
စုံစမ်းရင်းက ဘာသာရေးနယ်ပယ်ထဲကို
ထပ်မံရောက်ရှိသွားတဲ့အခါ.....
ပရိသတ်များအကြိုက်တွေ့စေမယ့် Action/Horror ဇာတ်ကားဖြစ်တဲ့အပြင်Park Seo-joon,Choi Woo-shik အစရှိတဲ့နာမည်ကြီးသရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားတာဖြစ်လို့လက်မလွှတ်တမ်း ကြည့်ရှုသင့်ပါတယ်နော်
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
Mizzima TV App အခမဲ့ဒေါင်းလုတ်ပြုလုပ်ရန် -
https://bit.ly/44WaGEU
#New ပြသမည့်ရက်။ ။၇.၉.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍7😁1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (စက်တင်ဘာလ ၇ ရက်၊ ၂၀၂၃ ခုနှစ်) | VOA On Mizzima
=======================
ရုရှားစစ်တပ်တိုက်ခိုက်စွမ်းရည်အပေါ် သုံးသပ်ချက်၊ မိုင်ဂျာယန်ကောလိပ်နဲ့ တိုင်းရင်းသားလူငယ်တွေ ပညာရေးအနာဂတ်၊ ဒီလို စိတ်ဝင်စားစရာ ဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေလဲနှုန်း၊ ရွှေဈေးနဲ့ စက်သုံးဆီဈေးတွေကိုလည်း ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/2tegVm-CFGg?si=5lF7GzxjNGu45jzx
#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=======================
ရုရှားစစ်တပ်တိုက်ခိုက်စွမ်းရည်အပေါ် သုံးသပ်ချက်၊ မိုင်ဂျာယန်ကောလိပ်နဲ့ တိုင်းရင်းသားလူငယ်တွေ ပညာရေးအနာဂတ်၊ ဒီလို စိတ်ဝင်စားစရာ ဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေလဲနှုန်း၊ ရွှေဈေးနဲ့ စက်သုံးဆီဈေးတွေကိုလည်း ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/2tegVm-CFGg?si=5lF7GzxjNGu45jzx
#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (စက်တင်ဘာလ ၇ ရက်၊ ၂၀၂၃ ခုနှစ်) | VOA On Mizzima
ရုရှားစစ်တပ်တိုက်ခိုက်စွမ်းရည်အပေါ် သုံးသပ်ချက်၊ မိုင်ဂျာယန်ကောလိပ်နဲ့ တိုင်းရင်းသားလူငယ်တွေ ပညာရေးအနာဂတ်၊ ဒီလို စိတ်ဝင်စားစရာ ဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေလဲနှုန်း၊ ရွှေဈေးနဲ့ စက်သုံးဆီဈေးတွေကိုလည်း ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ…
👍8🍌1
7.9.2023 (Thursday)တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
===================
Highlight
အမှန်တရားအတွက် ပြိုင်ဆိုင်မှုများ (ညနေ - ၆ နာရီ)
ရင်ခုန်သံထပ်တူ (ညနေ- ၇ နာရီ)
India Movie -Jab Harry Met Sejal (ည- ၈ နာရီ)
Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။
#mizzimatv

👍6🔥1