Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြားမှာ ချောင်ပိတ်မိလာတဲ့ စစ်ကောင်စီ
====================

ဓားရိုင်း
ဒီလပိုင်းအတွင်း အမေရိကန်အသစ်ချမှတ်လိုက်တဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုဟာ အာဏာသိမ်း စစ်ကောင်စီကို အတော်လေးအကျပ်ရိုက်သွားစေခဲ့တာတွေ့ရပါတယ်။ စစ်ကောင်စီရဲ့အဓိကဘဏ်ကြီးနှစ်ခုဖြစ်တဲ့ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့ကို အမေရိကန်က စီးပွားရေးပိတ်ဆို့ လိုက်ပြီးနောက် စင်ကာပူက အဓိကဘဏ်တစ်ခုဖြစ်တဲ့ United Overseas Bank (UOB) ဘဏ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင် Sonali ဘဏ်တို့ကလည်း စစ်ကောင်စီဘဏ်နှစ်ခုနဲ့ ဆက်ဆံမှုအားလုံးကို ရပ်ဆိုင်းလိုက်တာကြောင့် အတော်လေး ဂယက်ထသွားခဲ့တာဖြစ်ပါတယ်။

ရက်ပိုင်းအတွင်းမှာ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်သွားသလို ကျပ်ငွေတန်ဖိုးကလည်း ထပ်ပြီးဇောက်ထိုးဆင်းသွားခဲ့တာပါ။ အခုဆိုရင် အမေရိကန်တဒေါ်လာကို ၃,၈၀၀ကျော် အထိဖြစ်နေပြီး ထိုင်းဘတ်ဆိုရင်လည်း မြန်မာငွေ ကျပ် ၁၀၀ ကျော်သွားခဲ့ပြီဖြစ်ပါတယ်။ စစ်ကောင်စီကတော့ လက်ရှိအချိန်ထိ နိုင်ငံတကာပိတ်ဆို့မှုတွေကြောင့် တိုင်းပြည်အခက်တွေ့နေရတာကို ဝန်မခံချင်သေးပါဘူး။
သတင်းစာရှင်းလင်းပွဲထလုပ်ပြီး လတ်တလော ငွေကြေးဖောင်းဖွမှုနှုန်း အထိုက်အလျှောက်မြင့်တက်နေတာဟာ သွင်းကုန်တန်ဖိုးမြင့်တက်လာတာနဲ့ ကုန်သွယ်မှုလိုငွေ မြင့်မားလားတာကြောင့်ဆိုပြီး စစ်ကောင်စီ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ(၂) ဒေါက်တာ လင်းအောင်ကို စစ်ခေါင်းဆောင်က ထွက်ရှင်းခိုင်းခဲ့တာတွေ့ရပါတယ်။ ဒါ့အပြင် စစ်ကောင်စီ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကလည်း ဘင်္ဂလားဒေ့ရှ်ဘဏ်မှာပိတ်မိနေတဲ့ ဒေါ်လာ တသန်းကျော်အတွက် ထိပ်တိုက်ဖြေရှင်းသွားမယ်ဆိုပြီး ဒေါသတကြီး တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ကုန်စည်စီးဆင်းမှု ဗဟို ကော်မတီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ် ရန်နိုင်စိုးကလည်း ရွှေဈေးနဲ့ ဒေါ်လာဈေး ကျဆင်းရေးအတွက် အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာန (စသုံးလုံး) အရာရှိတွေနဲ့ အထူးအဖွဲ့ ဖွဲ့စည်းသွားမယ်ဆိုပြီး ပြောခဲ့တာဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာ ကုလလုံခြုံရေးကောင်စီနဲ့ အမေရိကန်ရဲ့ ချိန်သားကိုက်နောက်ထပ်လှုပ်ရှားကာ အရူးမီးဝိုင်း ဖြစ်နေတဲ့ စစ်ကောင်စီကို တပူပေါ်နှစ်ပူဆင့်ဆိုသလို ဖြစ်စေခဲ့ပြန်တာတွေ့ရပါတယ်။ ကုလလုံခြုံရေးကောင်စီ အစည်းအဝေးမှာတရုတ်နဲ့ရုရှားကလွဲပြီး အဖွဲ့ဝင်နိုင်ငံအားလုံးက အရပ်သားတွေအပေါ် စစ်ကောင်စီရဲ့လေကြောင်း တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ပြင်းထန်စွာရှုတ်ချသွားခဲ့သလို အမေရိကလည်း မြန်မာပြည်အတွက် လေယာဉ်ဆီ တင်သွင်းမှုတွေကို ကန့်သတ်ပိတ်ပင်လိုက်တာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ဩဂုတ် ၂၃ ရက်မှာ ကုလလုံခြုံရေးကောင်စီ က မြန်မာ့အရေးနဲ့ပတ်သက်လို့ တံခါးပိတ်အစည်းအဝေးတရပ်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံမှာဆက်လက်ဖြစ်ပေါ်နေ တဲ့ စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေနဲ့ အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒီကြေညာချက်ကို တရုတ်နဲ့ ရုရှားကလွဲပြီး ကျန် အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ဗြိတိန်၊ အယ်လ်ဘေးနီးယား၊ ဘရာဇီး၊ အီကွေဒေါ၊ ပြင်သစ်၊ ဂါဘွန်၊ ဂါနာ၊ ဂျပန်၊ မော်လ်တာ၊ မိုဇမ်ဘစ်၊ ဆွစ်ဇာလန်၊ အာရပ်စော်ဘွားများပြည်ထောင်စုတို့က ပူးတွဲကြေညာချက် ထုတ်ပြန် ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံအတွင်း နိုင်ငံတကာဥပဒေတွေကို လေးစားလိုက်နာဖို့နဲ့ အရပ်သားတွေကို အကာအကွယ် ပေးဖို့လိုအပ်ကြောင်းလည်းပါဝင်ခဲ့တာပါ။ အဲဒီအစည်းအဝေးမှာ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) အကြီးအကဲ Mr. Martin Griffiths ရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ပတ်သက်တဲ့တင်ပြ ချက်တွေကိုကြားနာခဲ့ပြီး လက်ရှိ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုအကူအညီလိုအပ်နေတဲ့ လူပေါင်း ၁၈ သန်း ကျော်အနက် နှစ်သန်းကျော်ဟာ အိုးမဲ့အိမ်မဲ့ဖြစ်နေပြီး ၁၅ သန်းကျော်မှာ စားနပ်ရိက္ခာ မလုံခြုံမှုနဲ့ ကြုံတွေ့နေရ တယ်လို့ ဆိုခဲ့ကြပါတယ်။
👍14😁3👏1🖕1
​​Jab Harry Met Sejal (အိန္ဒိယရုပ်ရှင်)
================

ရှာရွတ်ခန်းနဲ့ အနွတ်ရှ်ကာရှားမားတို့ပါဝင်ထားတဲ့ ရိုမန်တစ်အချစ်ဇာတ်လမ်းလေး

ဇာတ်ကားကိုကြည့်ရင်း ဥရောပတစ်ခွင်ရောက်သွားသလိုပါဘဲ
မင်မင်ကတော့ ပါရာဂွေး၊ အမ်စတာဒမ်၊ ဗီယင်နာ၊ လစ္စဘွန်းနဲ့ ဘူဒါပက်စ်က ရှုခင်းအလှတွေကြည့်ရင်း မသေခင်တော့ တစ်ခေါက်လောက်ရောက်အောင်သွားဦးမယ်လို့ အားတင်းထားတယ်

ဇာတ်လမ်းအကျဉ်း
******************
ဟယ်ရီက ဧည့်လမ်းညွှန်တစ်ယောက် ကောင်မလေးတွေနဲ့တွေ့ရင် လူရှုပ်လူပွေတစ်ယောက်

ဧည့်လမ်းညွှန်လုပ်ရင်း ကောင်မလေးတွေကို ဖွန်ကြောင်တတ်လို့ ခဏခဏအတိုင်ခံရတဲ့သူ

တစ်ရက်မှာတော့ သူဂိုက်လုပ်ပေးရတဲ့အဖွဲ့ကို လေဆိပ်ကိုလိုက်ပို့ပြီး တာဝန်ပြီးဆုံးလို့ ပြန်မလို့စီစဉ်နေတုန်း ပြဿနာတစ်ခုပေါ်လာတယ်

ခရီးစဉ်မှာပါလာတဲ့ ဆီဂျယ်ဆိုတဲ့ ချစ်စရာကောင်း ဂျစ်ကန်ကန်နိုင်တဲ့ကောင်မလေးတစ်ယောက် သူမရဲ့စေ့စပ်လက်စွပ်ပျောက်သွားလို့ ဂိုက်ဖြစ်တဲ့ ဟယ်ရီကို ပြန်ရှာပေးဖို့ အကူအညီတောင်းတယ်
ဟယ်ရီက မကူညီနိုင်ဘူးလို့ပြောတော့ ဆီဂျယ်က အထက်လူကြီးဆီတိုင်စာပို့မယ်လို့ ခြိမ်းခြောက်လို့ သူတို့သွားခဲ့တဲ့ခရီးစဉ်တစ်လျှောက်ပြန်သွားရဖို့ အခြေအနေဖြစ်လာတယ်

ဆီဂျယ်က နမော်နမဲ့နိုင်ပြီး စေ့စပ်လက်စွပ်ပျောက်သွားတယ်ဆိုပြီး သူမခင်ပွန်းလောင်းဖြစ်သူက လေဆိပ်မှာအော်တာခံလိုက်ရလို့ ခံပြင်းပြီး

လက်စွပ်တွေ့မှာပြန်သွားမှာဖြစ်တာကြောင့် ဟယ်ရီအနေနဲ့လည်း အင်တင်တင်နဲ့ဘဲ အကူအညီပေးဖို့ဖြစ်လာတယ်
ဘယ်နားကျပျောက်ခဲ့မှန်းမသိတဲ့လက်စွပ်ကိုရှာဖို့မလွယ်ကူသလို တွေ့နိုင်ဖို့ရာခိုင်နှုန်းကလည်းနည်းတာမိုလို့ ဆီဂျယ်ကို ပြန်ဖို့ခဏခဏနားချပေမဲ့ ဇွဲကောင်းလွန်း ဂျစ်တိုက်တတ်တဲ့ဆီဂျယ်ကလည်း လက်စွပ်မတွေ့မချင်းမပြန်ဘူးဘဲ

လက်စွပ်ရှာပုံတော်ခရီးစဉ်မှာ ဟယ်ရီနဲ့ဆီဂျယ်ဟာ တစ်ယောက်ကိုတစ်ယောက် ပိုရင်းနှီးသွားပြီး ချစ်ခဲ့မိကြပေမဲ့
ဆီဂျယ်မှာကလက်ထပ်ရမဲ့ခင်ပွန်းလောင်းရှိနေတဲ့အတွက် သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးက ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာတော့ စောင့်မျှော်ကြည့်ရှုကြပါဦးနော်....

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

Mizzima TV App အခမဲ့ဒေါင်းလုတ်ပြုလုပ်ရန် - https://bit.ly/44WaGEU

#New ပြသမည့်ရက်။ ။ ၇.၉.၂၀၂၃
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ ၈.၉.၂၀၂၃
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍8
​​ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်ဝမ်နှင့် ဗီယက်နမ်တို့က တရုတ်၏ နောက်ဆုံးဖန်တီးထားသည့် မြေပုံသစ်ကို ပယ်ချ
=====================

ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်ဝမ်နှင့် ဗီယက်နမ်တို့သည် တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်အချုပ်အခြာအာဏာကို ဖော်ပြထားသည့် မကြာသေးမီက ထုတ်ပြန်ခဲ့သော တရုတ်မြေပုံသစ်ကို ပယ်ချခဲ့သလို အိန္ဒိယကလည်း အိမ်နီးချင်းတရုတ်ကို နယ်မြေချဲ့ထွင်မှုအတွက် ပြစ်တင်ဝေဖန်လိုက်သည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥3👏1
နယ်မြေမငြိမ်သက်မှုကြားမှ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ခဲ့သည့် ကျေးရွာပေါင်းစုံသပိတ်
==================

ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးချီတက်ပွဲကို ယနေ့ စက်တင်ဘာလ ၇ ရက်တွင် ဒေသအတွင်း နယ်မြေမငြိမ် သက်မှုနှင့် ရာသီဥတုဆိုးရွာသည့်ကြားမှ ပြုလုပ်ခဲ့ကြသည်။

ဒေသတွင်း၌ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလျက်ရှိပြီး ရေကြောင်းနှင့်နီးသော ကျေးရွာများကိုဝင် ရောက်စီးနင်းပြီး ပစ္စည်းများကိုလုယက်ယူဆောင်နေကြောင်း သိရသည်။
၎င်းအပြင် မိုးများရွာသွန်းနေပြီး ဆိုးရွားသည့်ရာသီဥတုဒဏ် ခံစားနေရသည့်ကြားမှ စစ်အာဏာရှင် ဆန့်ကျင်ရေးချီတက်ခဲ့ကြခြင်း ဖြစ်သည်။

ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့မှ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှစတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် ၈၉၈ ရက် မြောက် ချီတက်ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း
#စစ်အာဏာရှင်ဆန့်ကျင်ရေး
❤15😁3👍2
မုန်တိုင်းသင့်စာကျောင်းတွေကိုပြန်ပြုပြင်တာ ၉၃ ရာခိုင်နှုန်းပြီးစီးပြီလို့ရခိုင်ပြည်နယ်ပညာရေးမှူးပြော
==================

မဇ္ဈိမ - ရခိုင်ပြည်နယ်ကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားတဲ့ စာသင်ကျောင်းတွေကို ပြန်ပြုပြင်မှုတွေ လုပ်နေရာ လက်ရှိမှာ ၉၃ ရာခိုင်နှုန်းလောက် ပြီးစီးနေပြီလို့ ရခိုင်ပြည်နယ် ပညာရေးမှူး ဦးဘထွီးစိန်က မဇ္ဈိမကို ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စာသင်ကျောင်း စုစုပေါင်း ၃၁၉၇ ကျောင်းရှိတဲ့အနက် စာသင်ကျောင်း ပေါင်း ၁၅၀၀ ကျော်ဟာ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားတာ ဖြစ်ပါတယ်။

https://youtu.be/w3cYjqhX7WI?si=sn2molJJ4MAXyxvD

#postmocha
#ep10
#ရခိုင်စာသင်ကျောင်း
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🤔5👍2❤1
စက်တင်ဘာလ (၇) ရက်၊ ည (၇) နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
==================

-စစ်ကောင်စီကို ဒရုန်းစွမ်းအားနဲ့ အကောင်းဆုံးတိုက်ခိုက်နိုင်နေပြီလို့ NUG ယာယီသမ္မတပြောလိုက်တဲ့သတင်း

-အာဆီယံထိပ်သီးအစည်းအဝေးက “တသံတည်း မထွက်” ဟု ဝေဖန်မှုများ ရှိနေတဲ့အကြောင်း

-မြန်မာအခြေစိုက် အွန်လိုင်းလိမ်လည် ရာဇဝတ်မှုတွေကို ဆက်တိုက် ဖမ်းဆီးနေတဲ့သတင်း

-KNU တပ်မဟာ(၃)နယ်မြေမှ စစ်ဘေးရှောင် ၂၀၀,၀၀၀ ကျော် အကူအညီ လုံလောက်စွာမရတဲ့အကြောင်း

-ယင်းမာပင် တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်း သိမ်းဆည်းရမိတဲ့သတင်း

-အရှေ့တောင်အာရှမှာ အင်အားကြီးနိုင်ငံတွေဆုံမိချိန်အတွင်း စစ်အေးတိုက်ပွဲသစ်ကို ရှောင်ရှားဖို့ တရုတ်သတိပေးလိုက်တဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://www.youtube.com/live/hZVfrTURQZ0?si=OZ60TNr5uiMKipZD

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10😁2❤1
​​‘အကွက်ချ ဖိနှိပ်မှု’ အောက်တွင် မြန်မာ့ ဒီမိုကရေစီမျှော်လင့်ချက်တို့ နင်းခြေခံနေရဟု ကုလအတွင်းရေးမှူးချုပ် ပြော
======================

စစ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ပြန်သွားရေး မျှော်လင့်ချက်များသည် “အကွက်ချ ကြံစည် ဖိနှိပ်မှု’ ၏ နင်းခြေခြင်းကို ခံနေရသည်ဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က စက်တင်ဘာ ၇ ရက်တွင် ပြောကြားသည်။
ကုလ အကြီးအကဲသည် အမေရိကန်၊ တရုတ်နှင့် ဒေသတွင်း ခေါင်းဆောင်များနှင့် တွေ့ဆုံသည့် အင်ဒိုနီးရှားတွင် ကျင်းပသည့် ထိပ်သီးအစည်းအဝေးတရပ်တွင် ထိုကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😁3
​​တောင်တရုတ်ပင်လယ်နှင့် ပတ်သက်ပြီး ဂျပန်၊ အမေရိကန်၊ ဖိလစ်ပိုင်တို့ ပူးပေါင်းဆောင်ရွက်မည် 
=====================

တောင်တရုတ်ပင်လယ်က ရှိရင်းစွဲ အခြေအနေကို ပြောင်းလဲပစ်မည့် တဖက်သတ် ကြိုးပမ်းမှုများကို ပူးပေါင်းဖြေရှင်းသွားရန်အတွက် ဂျပန်၊ အမေရိကန်နှင့် ဖိလစ်ပိုင်တို့က ဗုဒ္ဓဟူးနေ့တွင် သဘောတူခဲ့ကြောင်း ဂျပန်အစိုးရက ပြောရာ ယင်းသည် တောင်တရုတ်ပင်လယ်၌ တရုတ်၏ စစ်ရေးလှုပ်ရှားမှု ကြီးထွားလာခြင်းနှင့် ပိုင်နက်အတည်ပြုခြင်းများကို ရည်ညွှန်းဟန် ရှိသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥3
စစ်ကောင်စီကို ဒရုန်းတွေနဲ့ အကောင်းဆုံးတိုက်ခိုက်နိုင်နေပြီလို့ NUG ယာယီသမ္မတပြော ( ရုပ်သံ)
================

MTO
စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းတွေနဲ့ အကောင်းဆုံးတိုက်ခိုက်နိုင်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတဒူဝါလရှီးလက ဒီကနေ့ စက်တင်ဘာလ ၇ ရက်နေ့မှာ ကျရောက်တဲ့ နွေဦးတော်လှန်ရေးခုခံတော်လှန်စစ် နှစ်နှစ်ပြည့် နိုင်ငံတော်အခြေပြုမိန့်ခွန်းမှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဒရုန်းတိုက်ခိုက်ရေးစွမ်းရည်ဟာ ပိုမိုမြင့်မားလာနေပြီး စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဒရုန်းပျံဝဲသံကို ကြားရုံနဲ့ ထိတ်လန့်တုန်လှုပ်နေရပြီလို့ တော်လှန်ရေးအင်အားစု‌တွေက ဆိုပါတယ်။

ကိုယ်ပိုင်ဒရုန်းအဖွဲ့ မရှိသေးတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို NUGအစိုးရအနေနဲ့ နည်းပညာနဲ့ တခြားလိုအပ်တာ‌တွေ ပံ့ပိုးပေးသင့်တယ်လို့ တိုက်တွန်းပြောဆိုမှုတွေရှိနေပါတယ်။

တည်းဖြတ်၊တင်ဆက် - MTO

https://youtu.be/gOHhDKch71k?si=5SRaJkRoHX4PoCB_

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14❤5😁3
Media is too big
VIEW IN TELEGRAM
Sep - 7 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
👍4🍌3
စက်တင်ဘာလ (၇)ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမ ရေဒီယို အစီအစဉ်
===================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ... တခုတည်းသော ဗျူဟာ၊ အမိန့်ပေးမှုအောက်မှာမဟာဗျူဟာ ထိုးစစ်ဆင်နိုင်ရေးပြင်ဆင်နေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးကပြောဆိုလိုက်တဲ့ သတင်းနဲ့အတူ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု အဆုံးသတ်ရေး စစ်ကောင်စီ ကို ဆက်လက်ဖိအားပေးသွားမယ့်အကြောင်းနဲ့ အားလုံးပါဝင်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်အောင် လုပ်ဆောင်ဖို့ အမေရိကန် ဒုသမ္မတ ကမ်မလာ ဟဲရစ် က ပြောဆိုလိုက်တဲ့သတင်း အပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်းတွေကို နားဆင်ကြရပါမယ်။
အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေနဲ့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို ကျန်းမာရေးအကြောင်းပြောပြထားတဲ့ ကျန်းမာသုတ လူမှုဘဝ အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။
....................................................
မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်ကို မတ်လ ၂၆ ရက်နေ့ကစပြီး Frequency ပြောင်းလဲထုတ်လွှင့်နေတာဖြစ်တဲ့အတွက် ယခင်ဖမ်းယူနေကျ လှိုင်းတိုမီတာ ၁၆ မီတာ ၊ ၁၇.၇၃ မီဂါဟဇ်ကနေ လှိုင်းတိုမီတာ ၁၃ မီတာ၊ ၂၁.၇၁ မီဂါဟဇ်ကို ပြောင်းလဲဖမ်းယူနားဆင်ကြဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်။
ဖမ်းယူနားဆင်နိုင်မယ့်အချိန်ကတော့ ထုတ်လွှင့်နေကျဖြစ်တဲ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲကနေ ၇ နာရီခွဲအတွင်း ဖမ်းယူနားဆင်နိုင်မှာပဲဖြစ်ပါတယ်။

https://youtu.be/gfcMwG-Lv3w?si=7IvPmIRz6QOiALxh

#Mizzimaradio
#Eveningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
😁5👍2
ခုခံစစ် ၂နှစ်အတွင်း အားနည်းချက်တွေကို အားသာချက်အဖြစ် ပြန်ပြောင်းမယ်
====================

မောင်ခက်နွေ (မဇ္ဈိမ) - စစ်ကောင်စီကို တနိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တော်လှန်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ခုခံစစ် ကြေညာခဲ့တာဟာ ဒီကနေ့ စက်တင်ဘာ ၇ရက်နေ့မှာ နှစ်နှစ်တိတိ ပြည့်ခဲ့ပါပြီ။

အာဏာသိမ်းချိန်ကစပြီး စစ်ကောင်စီတပ်ကို လက်နက်ကိုင်တွန်းလှန်တဲ့အထဲ တိုင်းရင်းသား ပေါင်းစုံပါဝင်ပြီး ချင်းအမျိုးသားတပ်ဦး CNF ဟာ လည်း ယနေ့အချိန်ထိ အာဏာသိမ်းစစ်တပ်ကို ရွပ်ရွပ်ချွံချွံ တော်လှန်တိုက်ခိုက်နေပါတယ်။

တည်းဖြတ်၊တင်ဆက် - မောင်ခက်နွေ

https://youtu.be/MDXhtDExgTI?si=84olD1iQtwugZuY0

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7😁3❤1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၇ စက်တင်ဘာ ၂၀၂၃)
============================

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတကြီး၏ ပြည်သူ့ခုခံတွန်းလှန်စစ် နှစ်နှစ်ပြည့် အထိမ်း အမှတ် မိန့်ခွန်းအရ နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်များ မလုံခြုံမှုခံစားနေရသည်ဟု ဆိုထားသည့် အတွက် မကြာမီကာလအတွင်း စစ်ဗိုလ်ချုပ်များကိုယ်တိုင် ကောင်းကင်ကို တကြည့်ကြည့်ဖြစ် လာနိုင်ဖွယ်ရှိသည်ဟု ဆိုရမည်ဖြစ်သည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6❤2🔥1🥱1
​​ငါန်းဇွန်တွင် စစ်ကောင်စီစစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒရုန်းဖြင့်တိုက်ခိုက်
=====================


ဓါတု
(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် အင်အား ၄၀ ဝန်းကျင်ရှိ စစ်ကောင်စီစစ်ကြောင်းအား ပြည်သူ့ ကာကွယ်ရေးအဖွဲ့မှ ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ အသေအပျောက်ရှိကြောင်း Black Eagle Drone Force တာဝန်ခံက မဇ္စျိမကိုပြောသည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ယခင်က သားကျင်ကျေးရွာတွင်တပ်စွဲထားသည့် တပ်ရင်းဖြစ်ကာ စက်တင်ဘာလ ၅ ရက်နေ့တွင် ဘေးသောင်ရွာနှင့် ညောင်လေးပင်ရွာသို့ ပြောင်းရွှေ့တပ်စွဲထားခြင်းဖြစ် ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ယနေ့ စက်တင်ဘာလ ၇ ရက် မွန်းလွဲ ၁၂ နာရီခွဲမှ ၃ နာရီအထိ ဗုံးသီး လေးလုံး ပစ်ချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ဘေးသောင်ရွာမှာ တလုံး၊ ညောင်လေးပင်ရွာမှာ သုံးလုံးပစ်ချခဲ့တာ ‌အားလုံးကွဲတယ်။ သူတို့နားပဲ အကုန် ကျတာဆိုတော့ အသေအပျောက်ရှိတယ်။ နေ့လည်ကမှဖြစ်တာဆိုတော့ အရေအတွက်အတိအကျ မသိရ သေးဘူး” ဟု Black Eagle Drone Force တာဝန်ခံက ပြောသည်။

ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ၄၀ မမ လက်နက်ကြီးနှင့် လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း ငါန်းဇွန်ပကဖထံမှ သိရသည်။

ငါန်းဇွန်မြို့နယ်တွင် စစ်ကောင်စီတပ်က အင်အား ၃၀၀ ဝန်းကျင်ဖြန့်ကျက်ထားပြီး စက်တင်ဘာလ ၅ ရက်နေ့မှစကာ ကျောက်တလုံး၊ ဘေးသောင်နှင့် ညောင်လေးပင်ကျေးရွာတို့အား စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။

နယ်မြေခံအဖွဲ့များအပြင် နီးစပ်ရာဒေသများမှ တော်လှန်ရေးတပ်ဖွဲ့များစုစည်းထားသည့် ငါန်းဇွန်ပြည်သူ့ ကာကွယ်ရေးအဖွဲ့သည် စက်တင်ဘာလ ၁ ရက်နေ့ မွန်းလွဲပိုင်းကလည်း သားကျင်ကျေးရွာ၌ တပ်စွဲထား သည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးသီးရှစ်လုံးကြဲချတိုက်ခိုက်ခဲ့ရာ အသေအပျောက်ရှိခဲ့ကြောင်း သိရ သည်။

အဆိုပါတိုက်ခိုက်မှုများကို ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Black Eagle Defence Force – MMU ၊ Black Eagle Drone Force ၊ Special Task Force Ngazun မြင်းခြံခရိုင် တပ်ရင်း(၆) တပ်ခွဲ (၃)၊ ငါန်းဇွန်ပကဖအဖွဲ့ဝင်များဖြစ်သော ဒေါင်းဖိုက်တာပြောက်ကျားအဖွဲ့၊ TGYR ပြောက်ကျားအဖွဲ့၊ 925 ပြောက်ကျားအဖွဲ့၊ ဖက်ဒရယ်ညီအကိုပြောက်ကျားအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

စာတည်း။ ။စောဖေ

#မန္တလေးတိုင်း
#ငါန်းဇွန်မြို့နယ်
#စစ်ကောင်စီစစ်ကြောင်း
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁3
​​ရက်ကွန်းဝံများ ပြန့်ပွားနှောင့်ယှက်မှုနှင့် လုံးပမ်းနေရသည့် ဘယ်လ်ဂျီယမ်နိုင်ငံ
=====================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁2
​​The Divine Fury
===========

ပတ်ယုံးဟိုဆိုတဲ့ ကလေးဟာ ငယ်စဉ်ဘဝကတည်းက
ဘာသာရေးကိုင်းရှိုင်းပြီး နေထိုင်လာခဲ့သူပါ

လူ့လောကထဲ စရောက်ကတည်းကအမေဖြစ်သူ ဆုံးပါးသွားခဲ့တဲ့အတွက်မိတဆိုးကလေးဖြစ်နေရရှာသူ ယုံးဟိုအတွက်ကံကြမ္မာက မျက်နှာသာမပေးခဲ့ပြန်ပါဘူး

လူလားမမြောက်သေးစဉ်အရွယ်မှာပဲ
ဖခင်ဖြစ်သူပါ သေဆုံးသွားခဲ့ပြီး မိဘမဲ့ဖြစ်သွားရရှာပါတယ်..
အဲဒီကတည်းက ယုံးဟိုဟာဘုရားသခင်ကို မုန်းတီးသွားခဲ့တာပါ..
ဒီလိုနဲ့ တစ်နေ့မှာတော့ ယုံးဟိုရဲ့လက်မှာပဟေဠိဆန်တဲ့ ဒဏ်ရာတစ်ခုပေါ်လာပါတယ်..

ဒီဒဏ်ရာဟာ ဘာကြောင့်ဖြစ်ရတာလဲဆိုတာကို
စုံစမ်းရင်းက ဘာသာရေးနယ်ပယ်ထဲကို
ထပ်မံရောက်ရှိသွားတဲ့အခါ.....

ပရိသတ်များအကြိုက်တွေ့စေမယ့် Action/Horror ဇာတ်ကားဖြစ်တဲ့အပြင်Park Seo-joon,Choi Woo-shik အစရှိတဲ့နာမည်ကြီးသရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားတာဖြစ်လို့လက်မလွှတ်တမ်း ကြည့်ရှုသင့်ပါတယ်နော်

#New
ပြသမည့်ရက်။ ။ 7.9.2023
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
😁2