နယ်မြေမငြိမ်သက်မှုကြားမှ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ခဲ့သည့် ကျေးရွာပေါင်းစုံသပိတ်
==================
ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးချီတက်ပွဲကို ယနေ့ စက်တင်ဘာလ ၇ ရက်တွင် ဒေသအတွင်း နယ်မြေမငြိမ် သက်မှုနှင့် ရာသီဥတုဆိုးရွာသည့်ကြားမှ ပြုလုပ်ခဲ့ကြသည်။
ဒေသတွင်း၌ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလျက်ရှိပြီး ရေကြောင်းနှင့်နီးသော ကျေးရွာများကိုဝင် ရောက်စီးနင်းပြီး ပစ္စည်းများကိုလုယက်ယူဆောင်နေကြောင်း သိရသည်။
၎င်းအပြင် မိုးများရွာသွန်းနေပြီး ဆိုးရွားသည့်ရာသီဥတုဒဏ် ခံစားနေရသည့်ကြားမှ စစ်အာဏာရှင် ဆန့်ကျင်ရေးချီတက်ခဲ့ကြခြင်း ဖြစ်သည်။
ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့မှ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှစတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် ၈၉၈ ရက် မြောက် ချီတက်ခြင်းဖြစ်ကြောင်း သိရသည်။
စာတည်း။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း
#စစ်အာဏာရှင်ဆန့်ကျင်ရေး

❤15😁3👍2
မုန်တိုင်းသင့်စာကျောင်းတွေကိုပြန်ပြုပြင်တာ ၉၃ ရာခိုင်နှုန်းပြီးစီးပြီလို့ရခိုင်ပြည်နယ်ပညာရေးမှူးပြော
==================
မဇ္ဈိမ - ရခိုင်ပြည်နယ်ကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားတဲ့ စာသင်ကျောင်းတွေကို ပြန်ပြုပြင်မှုတွေ လုပ်နေရာ လက်ရှိမှာ ၉၃ ရာခိုင်နှုန်းလောက် ပြီးစီးနေပြီလို့ ရခိုင်ပြည်နယ် ပညာရေးမှူး ဦးဘထွီးစိန်က မဇ္ဈိမကို ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ စာသင်ကျောင်း စုစုပေါင်း ၃၁၉၇ ကျောင်းရှိတဲ့အနက် စာသင်ကျောင်း ပေါင်း ၁၅၀၀ ကျော်ဟာ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားတာ ဖြစ်ပါတယ်။
https://youtu.be/w3cYjqhX7WI?si=sn2molJJ4MAXyxvD
#postmocha
#ep10
#ရခိုင်စာသင်ကျောင်း
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
မုန်တိုင်းသင့်စာကျောင်းတွေကိုပြန်ပြုပြင်တာ ၉၃ ရာခိုင်နှုန်းပြီးစီးပြီလို့ရခိုင်ပြည်နယ်ပညာရေးမှူးပြော
မဇ္ဈိမ - ရခိုင်ပြည်နယ်ကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားတဲ့ စာသင်ကျောင်းတွေကို ပြန်ပြုပြင်မှုတွေ လုပ်နေရာ လက်ရှိမှာ ၉၃ ရာခိုင်နှုန်းလောက် ပြီးစီးနေပြီလို့ ရခိုင်ပြည်နယ် ပညာရေးမှူး ဦးဘထွီးစိန်က မဇ္ဈိမကို ပြောပါတယ်။…
🤔5👍2❤1
စက်တင်ဘာလ (၇) ရက်၊ ည (၇) နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
==================
-စစ်ကောင်စီကို ဒရုန်းစွမ်းအားနဲ့ အကောင်းဆုံးတိုက်ခိုက်နိုင်နေပြီလို့ NUG ယာယီသမ္မတပြောလိုက်တဲ့သတင်း
-အာဆီယံထိပ်သီးအစည်းအဝေးက “တသံတည်း မထွက်” ဟု ဝေဖန်မှုများ ရှိနေတဲ့အကြောင်း
-မြန်မာအခြေစိုက် အွန်လိုင်းလိမ်လည် ရာဇဝတ်မှုတွေကို ဆက်တိုက် ဖမ်းဆီးနေတဲ့သတင်း
-KNU တပ်မဟာ(၃)နယ်မြေမှ စစ်ဘေးရှောင် ၂၀၀,၀၀၀ ကျော် အကူအညီ လုံလောက်စွာမရတဲ့အကြောင်း
-ယင်းမာပင် တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်း သိမ်းဆည်းရမိတဲ့သတင်း
-အရှေ့တောင်အာရှမှာ အင်အားကြီးနိုင်ငံတွေဆုံမိချိန်အတွင်း စစ်အေးတိုက်ပွဲသစ်ကို ရှောင်ရှားဖို့ တရုတ်သတိပေးလိုက်တဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
https://www.youtube.com/live/hZVfrTURQZ0?si=OZ60TNr5uiMKipZD
#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
==================
-စစ်ကောင်စီကို ဒရုန်းစွမ်းအားနဲ့ အကောင်းဆုံးတိုက်ခိုက်နိုင်နေပြီလို့ NUG ယာယီသမ္မတပြောလိုက်တဲ့သတင်း
-အာဆီယံထိပ်သီးအစည်းအဝေးက “တသံတည်း မထွက်” ဟု ဝေဖန်မှုများ ရှိနေတဲ့အကြောင်း
-မြန်မာအခြေစိုက် အွန်လိုင်းလိမ်လည် ရာဇဝတ်မှုတွေကို ဆက်တိုက် ဖမ်းဆီးနေတဲ့သတင်း
-KNU တပ်မဟာ(၃)နယ်မြေမှ စစ်ဘေးရှောင် ၂၀၀,၀၀၀ ကျော် အကူအညီ လုံလောက်စွာမရတဲ့အကြောင်း
-ယင်းမာပင် တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်း သိမ်းဆည်းရမိတဲ့သတင်း
-အရှေ့တောင်အာရှမှာ အင်အားကြီးနိုင်ငံတွေဆုံမိချိန်အတွင်း စစ်အေးတိုက်ပွဲသစ်ကို ရှောင်ရှားဖို့ တရုတ်သတိပေးလိုက်တဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
https://www.youtube.com/live/hZVfrTURQZ0?si=OZ60TNr5uiMKipZD
#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
စက်တင်ဘာလ (၇) ရက်၊ ည (၇) နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
-စစ်ကောင်စီကို ဒရုန်းစွမ်းအားနဲ့ အကောင်းဆုံးတိုက်ခိုက်နိုင်နေပြီလို့ NUG ယာယီသမ္မတပြောလိုက်တဲ့သတင်း
-အာဆီယံထိပ်သီးအစည်းအဝေးက “တသံတည်း မထွက်” ဟု ဝေဖန်မှုများ ရှိနေတဲ့အကြောင်း
-မြန်မာအခြေစိုက် အွန်လိုင်းလိမ်လည် ရာဇဝတ်မှုတွေကို ဆက်တိုက် ဖမ်းဆီးနေတဲ့သတင်း
-KNU…

👍10😁2❤1
‘အကွက်ချ ဖိနှိပ်မှု’ အောက်တွင် မြန်မာ့ ဒီမိုကရေစီမျှော်လင့်ချက်တို့ နင်းခြေခံနေရဟု ကုလအတွင်းရေးမှူးချုပ် ပြော
======================
စစ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ပြန်သွားရေး မျှော်လင့်ချက်များသည် “အကွက်ချ ကြံစည် ဖိနှိပ်မှု’ ၏ နင်းခြေခြင်းကို ခံနေရသည်ဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က စက်တင်ဘာ ၇ ရက်တွင် ပြောကြားသည်။
ကုလ အကြီးအကဲသည် အမေရိကန်၊ တရုတ်နှင့် ဒေသတွင်း ခေါင်းဆောင်များနှင့် တွေ့ဆုံသည့် အင်ဒိုနီးရှားတွင် ကျင်းပသည့် ထိပ်သီးအစည်းအဝေးတရပ်တွင် ထိုကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍11😁3
တောင်တရုတ်ပင်လယ်နှင့် ပတ်သက်ပြီး ဂျပန်၊ အမေရိကန်၊ ဖိလစ်ပိုင်တို့ ပူးပေါင်းဆောင်ရွက်မည်
=====================
တောင်တရုတ်ပင်လယ်က ရှိရင်းစွဲ အခြေအနေကို ပြောင်းလဲပစ်မည့် တဖက်သတ် ကြိုးပမ်းမှုများကို ပူးပေါင်းဖြေရှင်းသွားရန်အတွက် ဂျပန်၊ အမေရိကန်နှင့် ဖိလစ်ပိုင်တို့က ဗုဒ္ဓဟူးနေ့တွင် သဘောတူခဲ့ကြောင်း ဂျပန်အစိုးရက ပြောရာ ယင်းသည် တောင်တရုတ်ပင်လယ်၌ တရုတ်၏ စစ်ရေးလှုပ်ရှားမှု ကြီးထွားလာခြင်းနှင့် ပိုင်နက်အတည်ပြုခြင်းများကို ရည်ညွှန်းဟန် ရှိသည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
တောင်တရုတ်ပင်လယ်က ရှိရင်းစွဲ အခြေအနေကို ပြောင်းလဲပစ်မည့် တဖက်သတ် ကြိုးပမ်းမှုများကို ပူးပေါင်းဖြေရှင်းသွားရန်အတွက် ဂျပန်၊ အမေရိကန်နှင့် ဖိလစ်ပိုင်တို့က ဗုဒ္ဓဟူးနေ့တွင် သဘောတူခဲ့ကြောင်း ဂျပန်အစိုးရက ပြောရာ ယင်းသည် တောင်တရုတ်ပင်လယ်၌ တရုတ်၏ စစ်ရေးလှုပ်ရှားမှု ကြီးထွားလာခြင်းနှင့် ပိုင်နက်အတည်ပြုခြင်းများကို ရည်ညွှန်းဟန် ရှိသည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥3
စစ်ကောင်စီကို ဒရုန်းတွေနဲ့ အကောင်းဆုံးတိုက်ခိုက်နိုင်နေပြီလို့ NUG ယာယီသမ္မတပြော ( ရုပ်သံ)
================
MTO
စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းတွေနဲ့ အကောင်းဆုံးတိုက်ခိုက်နိုင်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတဒူဝါလရှီးလက ဒီကနေ့ စက်တင်ဘာလ ၇ ရက်နေ့မှာ ကျရောက်တဲ့ နွေဦးတော်လှန်ရေးခုခံတော်လှန်စစ် နှစ်နှစ်ပြည့် နိုင်ငံတော်အခြေပြုမိန့်ခွန်းမှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဒရုန်းတိုက်ခိုက်ရေးစွမ်းရည်ဟာ ပိုမိုမြင့်မားလာနေပြီး စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဒရုန်းပျံဝဲသံကို ကြားရုံနဲ့ ထိတ်လန့်တုန်လှုပ်နေရပြီလို့ တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။
ကိုယ်ပိုင်ဒရုန်းအဖွဲ့ မရှိသေးတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို NUGအစိုးရအနေနဲ့ နည်းပညာနဲ့ တခြားလိုအပ်တာတွေ ပံ့ပိုးပေးသင့်တယ်လို့ တိုက်တွန်းပြောဆိုမှုတွေရှိနေပါတယ်။
တည်းဖြတ်၊တင်ဆက် - MTO
https://youtu.be/gOHhDKch71k?si=5SRaJkRoHX4PoCB_

စစ်ကောင်စီကို ဒရုန်းတွေနဲ့ အကောင်းဆုံးတိုက်ခိုက်နိုင်နေပြီလို့ NUG ယာယီသမ္မတပြော
MTO - စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းတွေနဲ့ အကောင်းဆုံးတိုက်ခိုက်နိုင်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတဒူဝါလရှီးလက ဒီကနေ့ စက်တင်ဘာလ ၇ ရက်နေ့မှာ ကျရောက်တဲ့ နွေဦးတော်လှန်ရေးခုခံတော်လှန်စစ် နှစ်နှစ်ပြည့် နိုင်ငံတော်အခြေပြုမိန့်ခွန်းမှာ ထုတ်ဖော်ပ…
👍14❤5😁3
Media is too big
VIEW IN TELEGRAM
Sep - 7 [ 7 Pm ] The Mizzima Primetime
Mizzima Headline News
#7pmnews #themizzimaprimetime #reels #shorts

👍4🍌3
စက်တင်ဘာလ (၇)ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမ ရေဒီယို အစီအစဉ်
===================
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ... တခုတည်းသော ဗျူဟာ၊ အမိန့်ပေးမှုအောက်မှာမဟာဗျူဟာ ထိုးစစ်ဆင်နိုင်ရေးပြင်ဆင်နေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးကပြောဆိုလိုက်တဲ့ သတင်းနဲ့အတူ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု အဆုံးသတ်ရေး စစ်ကောင်စီ ကို ဆက်လက်ဖိအားပေးသွားမယ့်အကြောင်းနဲ့ အားလုံးပါဝင်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်အောင် လုပ်ဆောင်ဖို့ အမေရိကန် ဒုသမ္မတ ကမ်မလာ ဟဲရစ် က ပြောဆိုလိုက်တဲ့သတင်း အပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်းတွေကို နားဆင်ကြရပါမယ်။
အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေနဲ့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို ကျန်းမာရေးအကြောင်းပြောပြထားတဲ့ ကျန်းမာသုတ လူမှုဘဝ အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။
....................................................
မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်ကို မတ်လ ၂၆ ရက်နေ့ကစပြီး Frequency ပြောင်းလဲထုတ်လွှင့်နေတာဖြစ်တဲ့အတွက် ယခင်ဖမ်းယူနေကျ လှိုင်းတိုမီတာ ၁၆ မီတာ ၊ ၁၇.၇၃ မီဂါဟဇ်ကနေ လှိုင်းတိုမီတာ ၁၃ မီတာ၊ ၂၁.၇၁ မီဂါဟဇ်ကို ပြောင်းလဲဖမ်းယူနားဆင်ကြဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်။
ဖမ်းယူနားဆင်နိုင်မယ့်အချိန်ကတော့ ထုတ်လွှင့်နေကျဖြစ်တဲ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲကနေ ၇ နာရီခွဲအတွင်း ဖမ်းယူနားဆင်နိုင်မှာပဲဖြစ်ပါတယ်။
https://youtu.be/gfcMwG-Lv3w?si=7IvPmIRz6QOiALxh
#Mizzimaradio
#Eveningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ... တခုတည်းသော ဗျူဟာ၊ အမိန့်ပေးမှုအောက်မှာမဟာဗျူဟာ ထိုးစစ်ဆင်နိုင်ရေးပြင်ဆင်နေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးကပြောဆိုလိုက်တဲ့ သတင်းနဲ့အတူ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု အဆုံးသတ်ရေး စစ်ကောင်စီ ကို ဆက်လက်ဖိအားပေးသွားမယ့်အကြောင်းနဲ့…
😁5👍2
ခုခံစစ် ၂နှစ်အတွင်း အားနည်းချက်တွေကို အားသာချက်အဖြစ် ပြန်ပြောင်းမယ်
====================
မောင်ခက်နွေ (မဇ္ဈိမ) - စစ်ကောင်စီကို တနိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တော်လှန်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ခုခံစစ် ကြေညာခဲ့တာဟာ ဒီကနေ့ စက်တင်ဘာ ၇ရက်နေ့မှာ နှစ်နှစ်တိတိ ပြည့်ခဲ့ပါပြီ။
အာဏာသိမ်းချိန်ကစပြီး စစ်ကောင်စီတပ်ကို လက်နက်ကိုင်တွန်းလှန်တဲ့အထဲ တိုင်းရင်းသား ပေါင်းစုံပါဝင်ပြီး ချင်းအမျိုးသားတပ်ဦး CNF ဟာ လည်း ယနေ့အချိန်ထိ အာဏာသိမ်းစစ်တပ်ကို ရွပ်ရွပ်ချွံချွံ တော်လှန်တိုက်ခိုက်နေပါတယ်။
တည်းဖြတ်၊တင်ဆက် - မောင်ခက်နွေ
https://youtu.be/MDXhtDExgTI?si=84olD1iQtwugZuY0
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
====================
မောင်ခက်နွေ (မဇ္ဈိမ) - စစ်ကောင်စီကို တနိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တော်လှန်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ခုခံစစ် ကြေညာခဲ့တာဟာ ဒီကနေ့ စက်တင်ဘာ ၇ရက်နေ့မှာ နှစ်နှစ်တိတိ ပြည့်ခဲ့ပါပြီ။
အာဏာသိမ်းချိန်ကစပြီး စစ်ကောင်စီတပ်ကို လက်နက်ကိုင်တွန်းလှန်တဲ့အထဲ တိုင်းရင်းသား ပေါင်းစုံပါဝင်ပြီး ချင်းအမျိုးသားတပ်ဦး CNF ဟာ လည်း ယနေ့အချိန်ထိ အာဏာသိမ်းစစ်တပ်ကို ရွပ်ရွပ်ချွံချွံ တော်လှန်တိုက်ခိုက်နေပါတယ်။
တည်းဖြတ်၊တင်ဆက် - မောင်ခက်နွေ
https://youtu.be/MDXhtDExgTI?si=84olD1iQtwugZuY0
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ခုခံစစ် ၂နှစ်အတွင်း အားနည်းချက်တွေကို အားသာချက်အဖြစ် ပြန်ပြောင်းမယ်
မောင်ခက်နွေ (မဇ္ဈိမ) - စစ်ကောင်စီကို တနိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တော်လှန်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ခုခံစစ် ကြေညာခဲ့တာဟာ ဒီကနေ့ စက်တင်ဘာ ၇ရက်နေ့မှာ နှစ်နှစ်တိတိ ပြည့်ခဲ့ပါပြီ။
အာဏာသိမ်းချိန်ကစပြီး စစ်ကောင်စီတပ်ကို လက်နက်ကို…

👍7😁3❤1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၇ စက်တင်ဘာ ၂၀၂၃)
============================
အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတကြီး၏ ပြည်သူ့ခုခံတွန်းလှန်စစ် နှစ်နှစ်ပြည့် အထိမ်း အမှတ် မိန့်ခွန်းအရ နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်များ မလုံခြုံမှုခံစားနေရသည်ဟု ဆိုထားသည့် အတွက် မကြာမီကာလအတွင်း စစ်ဗိုလ်ချုပ်များကိုယ်တိုင် ကောင်းကင်ကို တကြည့်ကြည့်ဖြစ် လာနိုင်ဖွယ်ရှိသည်ဟု ဆိုရမည်ဖြစ်သည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
============================
အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတကြီး၏ ပြည်သူ့ခုခံတွန်းလှန်စစ် နှစ်နှစ်ပြည့် အထိမ်း အမှတ် မိန့်ခွန်းအရ နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်များ မလုံခြုံမှုခံစားနေရသည်ဟု ဆိုထားသည့် အတွက် မကြာမီကာလအတွင်း စစ်ဗိုလ်ချုပ်များကိုယ်တိုင် ကောင်းကင်ကို တကြည့်ကြည့်ဖြစ် လာနိုင်ဖွယ်ရှိသည်ဟု ဆိုရမည်ဖြစ်သည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6❤2🔥1🥱1
ငါန်းဇွန်တွင် စစ်ကောင်စီစစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒရုန်းဖြင့်တိုက်ခိုက်
=====================
ဓါတု
(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် အင်အား ၄၀ ဝန်းကျင်ရှိ စစ်ကောင်စီစစ်ကြောင်းအား ပြည်သူ့ ကာကွယ်ရေးအဖွဲ့မှ ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ အသေအပျောက်ရှိကြောင်း Black Eagle Drone Force တာဝန်ခံက မဇ္စျိမကိုပြောသည်။
အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ယခင်က သားကျင်ကျေးရွာတွင်တပ်စွဲထားသည့် တပ်ရင်းဖြစ်ကာ စက်တင်ဘာလ ၅ ရက်နေ့တွင် ဘေးသောင်ရွာနှင့် ညောင်လေးပင်ရွာသို့ ပြောင်းရွှေ့တပ်စွဲထားခြင်းဖြစ် ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ယနေ့ စက်တင်ဘာလ ၇ ရက် မွန်းလွဲ ၁၂ နာရီခွဲမှ ၃ နာရီအထိ ဗုံးသီး လေးလုံး ပစ်ချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“ဘေးသောင်ရွာမှာ တလုံး၊ ညောင်လေးပင်ရွာမှာ သုံးလုံးပစ်ချခဲ့တာ အားလုံးကွဲတယ်။ သူတို့နားပဲ အကုန် ကျတာဆိုတော့ အသေအပျောက်ရှိတယ်။ နေ့လည်ကမှဖြစ်တာဆိုတော့ အရေအတွက်အတိအကျ မသိရ သေးဘူး” ဟု Black Eagle Drone Force တာဝန်ခံက ပြောသည်။
ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ၄၀ မမ လက်နက်ကြီးနှင့် လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း ငါန်းဇွန်ပကဖထံမှ သိရသည်။
ငါန်းဇွန်မြို့နယ်တွင် စစ်ကောင်စီတပ်က အင်အား ၃၀၀ ဝန်းကျင်ဖြန့်ကျက်ထားပြီး စက်တင်ဘာလ ၅ ရက်နေ့မှစကာ ကျောက်တလုံး၊ ဘေးသောင်နှင့် ညောင်လေးပင်ကျေးရွာတို့အား စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။
နယ်မြေခံအဖွဲ့များအပြင် နီးစပ်ရာဒေသများမှ တော်လှန်ရေးတပ်ဖွဲ့များစုစည်းထားသည့် ငါန်းဇွန်ပြည်သူ့ ကာကွယ်ရေးအဖွဲ့သည် စက်တင်ဘာလ ၁ ရက်နေ့ မွန်းလွဲပိုင်းကလည်း သားကျင်ကျေးရွာ၌ တပ်စွဲထား သည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးသီးရှစ်လုံးကြဲချတိုက်ခိုက်ခဲ့ရာ အသေအပျောက်ရှိခဲ့ကြောင်း သိရ သည်။
အဆိုပါတိုက်ခိုက်မှုများကို ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Black Eagle Defence Force – MMU ၊ Black Eagle Drone Force ၊ Special Task Force Ngazun မြင်းခြံခရိုင် တပ်ရင်း(၆) တပ်ခွဲ (၃)၊ ငါန်းဇွန်ပကဖအဖွဲ့ဝင်များဖြစ်သော ဒေါင်းဖိုက်တာပြောက်ကျားအဖွဲ့၊ TGYR ပြောက်ကျားအဖွဲ့၊ 925 ပြောက်ကျားအဖွဲ့၊ ဖက်ဒရယ်ညီအကိုပြောက်ကျားအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
စာတည်း။ ။စောဖေ
#မန္တလေးတိုင်း
#ငါန်းဇွန်မြို့နယ်
#စစ်ကောင်စီစစ်ကြောင်း

👍7😁3
ရက်ကွန်းဝံများ ပြန့်ပွားနှောင့်ယှက်မှုနှင့် လုံးပမ်းနေရသည့် ဘယ်လ်ဂျီယမ်နိုင်ငံ
=====================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁2
The Divine Fury
===========
ပတ်ယုံးဟိုဆိုတဲ့ ကလေးဟာ ငယ်စဉ်ဘဝကတည်းက
ဘာသာရေးကိုင်းရှိုင်းပြီး နေထိုင်လာခဲ့သူပါ
လူ့လောကထဲ စရောက်ကတည်းကအမေဖြစ်သူ ဆုံးပါးသွားခဲ့တဲ့အတွက်မိတဆိုးကလေးဖြစ်နေရရှာသူ ယုံးဟိုအတွက်ကံကြမ္မာက မျက်နှာသာမပေးခဲ့ပြန်ပါဘူး
လူလားမမြောက်သေးစဉ်အရွယ်မှာပဲ
ဖခင်ဖြစ်သူပါ သေဆုံးသွားခဲ့ပြီး မိဘမဲ့ဖြစ်သွားရရှာပါတယ်..
အဲဒီကတည်းက ယုံးဟိုဟာဘုရားသခင်ကို မုန်းတီးသွားခဲ့တာပါ..
ဒီလိုနဲ့ တစ်နေ့မှာတော့ ယုံးဟိုရဲ့လက်မှာပဟေဠိဆန်တဲ့ ဒဏ်ရာတစ်ခုပေါ်လာပါတယ်..
ဒီဒဏ်ရာဟာ ဘာကြောင့်ဖြစ်ရတာလဲဆိုတာကို
စုံစမ်းရင်းက ဘာသာရေးနယ်ပယ်ထဲကို
ထပ်မံရောက်ရှိသွားတဲ့အခါ.....
ပရိသတ်များအကြိုက်တွေ့စေမယ့် Action/Horror ဇာတ်ကားဖြစ်တဲ့အပြင်Park Seo-joon,Choi Woo-shik အစရှိတဲ့နာမည်ကြီးသရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားတာဖြစ်လို့လက်မလွှတ်တမ်း ကြည့်ရှုသင့်ပါတယ်နော်
#New
ပြသမည့်ရက်။ ။ 7.9.2023
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”

KNU တပ်မဟာ(၆)သို့ လာရောက်ပူးပေါင်းသောစစ်ကောင်စီတပ်သားကို ထောက်ပံ့ငွေ သိန်း ၅၀ ပေးအပ်
👍6😁2
KNU တပ်မဟာ(၆)သို့ လာရောက်ပူးပေါင်းသောစစ်ကောင်စီတပ်သားကို ထောက်ပံ့ငွေ သိန်း ၅၀ ပေးအပ်
==================
YT
(မဇ္ဈိမ)။ ။ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၆)၊ ဒူးပလာယာခရိုင်သို့ လာရောက်ပူးပေါင်း သည့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ(၃၂)မှ တပ်သားဦးအား ထောက်ပံ့ငွေ ကျပ်သိန်း ၅၀ ပေးအပ်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။
လာရောက်ပူးပေါင်းသည့် စစ်ကောင်စီတပ်သားမှာ အသက် ၂၂ နှစ်အရွယ်ရှိ တပ်သား စိုင်းဖြိုးအောင် ဖြစ်ပြီး စက်တင်ဘာလ ၄ ရက်နေ့တွင် တပ်မဟာ(၆) KNLA တပ်ရင်း(၁၇)၊ တပ်ခွဲ(၂)သို့ လာရောက်ပူး ပေါင်းခြင်းဖြစ်သည်။
“စစ်ကောင်စီ၏ မတရားဖိနှိပ်အုပ်ချုပ်မှုစနစ်အားမနှစ်သက်သဖြင့် တပ်မှကြိုးစားရုန်းထွက် လွတ်မြောက် ကာ နွေးထွေးသောပြည်သူ့ရင်ခွင်သို့ခိုလှုံပြီး စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းသွားသည်အထိ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးသမားများနှင့်အတူ ပူးပေါင်းပါဝင် ကူညီသွားမည်” ဟု လာရောက်ပူးပေါင်း သည့် တပ်သားကပြောကြောင်း KNU ဗဟို၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တပ်သား စိုင်းဖြိုးအောင်သည် MA- 1 သေနတ်တလက်၊ ကျည်ဘောက်ငါးခု၊ ကျည် ၇၅ တောင့်နှင့် စစ်ဝတ် စုံတစ်စုံယူဆောင်လာခဲ့ပြီး ၎င်းအား ထောက်ပံ့ငွေ ကျပ်သိန်း ၅၀ ပေးအပ်ခဲ့ကြောင်း KNU က ဆိုသည်။
KNU အနေဖြင့် စစ်ကောင်စီလက်အောက်ခံတပ်သားများ ပြည်သူ့ဘက်တော်သားအဖြစ် ပူးပေါင်းလာ သည်ကိုကြိုဆိုကြောင်းနှင့် လက်နက်များပါယူဆောင်လာနိုင်ပါက ကာလတန်ဖိုးနှင့်ညီမျှသည့် ငွေအား ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကာ ဘဝရပ်တည်ရေးအတွက်ပါ ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။
စာတည်း။ ။စောဖေ
#KNUတပ်မဟာ(၆)
#ပြည်သူ့ရင်ခွင်သို့ခိုလှုံ
#စစ်ကောင်စီတပ်သား
ပုံအညွှန်း- အလင်းဝင်လာသော တပ်သားစိုင်းဖြိုးအောင်အား ထောက်ပံ့ငွေ ကျပ်သိန်း ၅၀ ပေးအပ်နေပုံ (ဓါတ်ပုံ- KNU)

👍9👏3😁1