Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
People drive past an illuminated G20 logo near the Bharat Mandappam at ITPO Convention Centre, Pragati Maidan, the venue of the upcoming G20 Heads of State and Government Summit in New Delhi, India, 07 September 2023. The Indian capital is all set for the G20 summit scheduled for 09 and 10 September. EPA-EFE/RAJAT GUPTA:
This media is not supported in your browser
VIEW IN TELEGRAM
September - 8 [12 Pm] Mizzima News Hour

Mizzima Headline News

#12pmnews #mizzimanewshour #reels #shorts
👍4🍌1
​​မုံရွာမြို့နယ်တွင် PDF လက်နက်ထုတ်လုပ်ရေးစခန်း ဝင်စီးခံရပြီး ရဲဘော် ၄ ဦး ကျဆုံး
=======================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊မုံရွာမြို့တွင် မုံရွာခရိုင်တပ်ရင်းအမှတ် (၁၁) People’s Defence Force – South Monywa ၏ လက်နက်ထုတ်လုပ်ရေး စခန်းငယ် စစ်ကောင်စီတပ်၏ ဝင်ရောက်စီးနင်းခံရပြီး ရဲဘော်လေးဦးကျဆုံးခဲ့ကြောင်း PDF – South Monywa တာဝန်ရှိသူထံက သိရသည်။

ကြေးမုံရွာအနီးရှိ ထိုစခန်းကို အင်အား ၇၀ခန့်ပါ စစ်ကောင်စီတပ် ခမရ (၇၀၃)စစ်ကြောင်းက စက်တင်ဘာလ ၆ရက် နံနက် ၄နာရီ ၄၅မိနစ်အချိန်တွင် ဝင်ရောက် စီးနင်းပြီး ရဲဘော်ခြောက်ဦးကို ဖမ်းဆီး နှိပ်စက်ပစ်သတ်ခဲ့ရာ လေးဦးကျဆုံးပြီး နှစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိထားကြောင်း သိရသည်။

“ကျနော်တို့ရဲဘော်တွေ မသေခင်မှာ တော်တော်နှိပ်စက်ခံထားရတယ်ဗျ။ ပြီးမှ တန်းစီခိုင်းပြီး တရစပ်ပစ်ခတ်သွားတာပါ ။ အကုန်သေပြီဆိုပြီး ဒီအတိုင်းထားခဲ့တာပါ” ဟု မုံရွာခရိုင်တပ်ရင်းအမှတ် (၁၁) People’s Defence Force – South Monywa ယာယီဒုတပ်ရင်မှူး Oxygen က မဇ္စျိမကို ပြောသည်။

ကျဆုံးသည့်ရဲဘော်များမှာ PDF – South Monywa တပ်ခွဲ(၃) တပ်စု(၁) Monywa Peacock Defence Focrce မှ အသက်(၁၉) ရဲဘော်ဖိုးသင်္ကြန်(ခေါ်) အောင်ခန့်ကျော် အပါအဝင် ကျန်သုံးဦးမှာ Monywa King PDF မှ ဖြစ်ကြောင်းသိရသည်။

၎င်းတို့ကိုပစ်ခတ်ပြီး စခန်းကို မီးရှို့ဖျက်ဆီးပြီးနောက် စစ်ကြောင်းပြန်လည်ထွက်ခွာချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်ရှင်းလင်းရာ အသက်မသေဘဲ ဒဏ်ရာပြင်းထန်စွာရရှိသည့် ရဲဘော်နှစ်ဦးကို ဆေးကုသပေးလျက်ရှိကြောင်းဆိုသည်။
အဆိုပါစစ်ကောင်စီတပ်သည် ရန်ကုန်တိုင်း စစ်ဗျူဟာကွပ်ကဲရေး ဌာနချုပ် စကခ (၄) မှော်ဘီလက်အောက်ခံတပ်ဖြစ်ပြီး ပလက်ဝဘက်မှ ဆင်းလာသောတပ်ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၅ရက်နေ့ မနက် ၉နာရီ ၁၀မိနစ်အချိန်က ဖောကားနှစ်စီး နှင့် သံပြားကာ ကားတစ်စီးဖြင့် မုံရွာမြို့အထွက် မအူဂိတ်ကို ရောက်လာခဲ့ပြီး နေ့လယ် ၂နာရီအချိန် တွင် ယင်းနေရာမှထွက်ကာ ၂နာရီ ၄၀မိနစ်အချိန်တွင် စွမ်းရည်ထက် စစ်ကောင်စီ စစ်ဆေးရေးဂိတ်သို့ ရောက်ရှိလာပြီးနောက်တနေ့ နံနက်အစောချိန်တွင် ကာကွယ်ရေး တပ်ခွဲစခန်း ကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း ယာယီဒုတပ်ရင်မှူး Oxygen ဆက်ပြော သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် သုံ့ပန်းများဖမ်းမိပါက သတ်ခွင့်မရှိ လုံခြုံရေးပေးစောင့်ရှောက်ရသော်လည်း စစ်ကောင်စီတပ်အနေဖြင့် ရန်သူပီသစွာ ၎င်းတို့၏ အလုပ်ကို လုပ်ကိုင်ခြင်းဖြစ်ကြောင်းဆိုသည်။

ယခုကဲ့သို့ ကျဆုံးသွားသည့် ရဲဘော်များအတွက် အမှတ်တရအဖြစ် အုတ်ဂူပြုလုပ်ပြီး အာဇာနည်ရဲဘော်များအဖြစ်မှတ်တမ်းတင်ထားမည်ဖြစ်ကြောင်းသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#မုံရွာမြို့နယ်
#မုံရွာခရိုင်တပ်ရင်းအမှတ် (၁၁)

ပုံအညွှန်း- သတ်ဖြတ်ခံရသော PDFတပ်ဖွဲ့ဝင်များကို မီးသင်္ဂြိုဟ်စဥ််(ဓတ်ပုံ-PDF - South Monywa)

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢15👍2👎1😁1
စက်တင်ဘာလ (၈) ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
=======================

00:59-နေပြည်တော်အထိ စစ်ရေးအရ ခြိမ်းခြောက်နိုင်တဲ့အဆင့် ရောက်နေပြီလို့ NUG ယာယီသမ္မတပြောတဲ့သတင်း

06:53-ခုခံတွန်းလှန်စစ် ၂ နှစ်ပြည့်အလွန်မှာ အချိန်ဆွဲမနေသင့်တော့ဘဲ ပြတ်ပြတ်သားသား တိုက်ပွဲ၀င်ရတော့မယ့်သတင်း

11:45-မြောက်ကိုရီးယားခရီးစဉ်မှာ နှစ်နိုင်ငံဆက်ဆံရေးပိုမိုခိုင်မြဲဖို့ မျှော်လင့်ထားကြောင်း တရုတ်ပြောတဲ့သတင်း

12:27-ဒီကနေ့ မနက် ၁၁ နာရီအထိ ရရှိထားတဲ့ ငွေလဲနှုန်း၊ ရွှေစျေး၊ စက်သုံးဆီစျေး နဲ့ စားအုန်းဆီစျေးတွေအပါအဝင် တခြား စိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/xO1h5xEIrjQ?si=-Rcrxgevws8rHQyI

#12pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🔥1
Media is too big
VIEW IN TELEGRAM
ဗီယက်နမ်ရဲ့ ရင်းနှီးမြှပ်နှံမှုကဏ္ဍအတွင်း လုပ်သားနဲ့ အခြေခံအဆောက်အဦးဆိုင်ရာ ပြဿနာတွေ တရှိန်ထိုး မြင့်တက်လာ

#mizzimaplushd #internationalnews #mizzima #mizzimanews #Vietnam #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍6😁2
ဗီယက်နမ်ရဲ့ရင်းနှီးမြှပ်နှံမှုကဏ္ဍအတွင်းလုပ်သားနဲ့ အခြေခံအဆောက်အဦးဆိုင်ရာ ပြဿနာတွေတရှိန်ထိုးမြင့်တက်
=====================

https://youtu.be/DFm3HVaom_8?si=4HYyaVQThY-RkRql
😁3
Media is too big
VIEW IN TELEGRAM
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီမျှော်လင့်ချက်တွေဟာ စနစ်တကျ ဖိနှိပ်ဖြိုခွင်းခံနေရကြောင်း ကုလအကြီးအကဲပြော

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👏3😁3
စာအုန်းဆီဝယ်ယူခွင့်ရဖို့ တန်းစီနေကြရတဲ့ ပြည်သူများ
================

မင်းထက် (မဇ္ဈိမ)။ ။ စားအုန်းဆီ ရည်ညွှန်းလက်ကားစျေးနှုန်း မြင့်တက်သွားတဲ့နောက် ဈေးကွက်ထဲမှာ စားအုန်းဆီကို လိုသလောက်ဝယ်ယူလို့ မရတဲ့အကြောင်း ဒေသခံတွေကပြောပါတယ်။ လတ်တလောဆီကို ရောင်းချပေးတဲ့ ဆိုင်တွေမှာလည်း အကန့်အသတ်နဲ့သာ ဝယ်ယူရတယ်လို့ ပြောပါတယ်။ စားအုန်းဆီကို လိုသလောက်ဝယ်ယူလို့မရတဲ့အကြောင်း ဧရာဝတီတိုင်း ပုသိမ်ဒေသခံတဦးကပြောပါတယ်။

စားအုန်းဆီ စျေးနှုန်းကြီးမြင့်ခြင်းက လက်လုပ်လက်စား ဒေသခံတွေအတွက် သိသိသာသာ အခက်ကြုံလာရတဲ့ အခြေအနေကို ဆိုက်ရောက် နေရတယ်လို့ ဆိုပါတယ်။ စားအုန်းဆီစျေးနှုန်းကြီးမြင့်ခြင်းကြောင့် ဆီကိုလျှော့စားနေရတဲ့အကြောင်း နောက်ထပ်ဒေသခံတဦးက ပြောပြပါတယ်။

သတင်း။ ။မင်းထက်
တင်ဆက်/ရုပ်သံတည်းဖြတ်။ ။ ရွှေနွယ်

https://youtu.be/wUHfHEv76wQ?si=fMqu3ou5Z_Dy4Kfs

#ကုန်စျေးနှုန်း
#ဆီစျေးနှုန်း
#ဆီလုပ်ငန်းရှင်များအသင်း
#စစ်ကောင်စီ
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥6🤬3❤1👍1
မြန်မာစစ်အုပ်စုက ကျင်းပမယ့် အာဆီယံလေတပ်ညီလာခံကို အဖွဲ့ဝင်နိုင်ငံတွေ မတက်ရန် တောင်းဆို
==========================

နေပြည်တော်မှာ စစ်ကောင်စီ ဦးဆောင်ကျင်းပမယ့် အာဆီယံ လေတပ်ညီလာခံကို မတက်ဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက လေတပ်ကာကွယ်ရေးဦးစီးချုပ်တွေတက်မယ့် အဲဒီလေတပ်ညီလာခံကို နေပြည်တော်မှာ စစ်ကောင်စီ ဦးဆောင်ပြီး လာမယ့် စက်တင်ဘာလ ၁၂ ၊ ၁၃ တို့မှာ ကျင်းပမှာပါ။
မြန်မာစစ်အုပ်စုက  မကြာမီ အိမ်ရှင်အဖြစ် ကျင်းပမယ့် လေတပ်အကြီးအကဲများ ညီလာခံကို မြန်မာ့အရေး တက်ကြွလှုပ်ရှားတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ CRPH က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချထားပါတယ်။

တစ်နိုင်ငံလုံးအပေါ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်အုပ်စုကို အခုလို  နိုင်ငံတကာက ပါဝင် တက်ရောက်မယ့် ညီလာခံတွေ ကျင်းပခွင့် ပေးနေခြင်းအတွက် အာဆီယံအပေါ်မှာလည်း  မေးခွန်းထုတ်စရာတွေ ဖြစ်လို့လာပါတယ်။

ဒါ့ကြောင့် မကြာခင် ကျင်းပမယ့် အာဆီယံလေတပ် အကြီးအကဲများ ညီလာခံ ကို အမြန်ဆုံး ဖျက်သိမ်း ရပ်ဆိုင်းပေးဖို့ အာဆီယံကို အရေးတကြီး တောင်းဆိုထားပါတယ်။

ဒီလေတပ်ဦးစီးချုပ်များ ညီလာခံကို အရှေ့တောင်အာရှနိုင်ငံတချို့က မတက်ရောက်ဖို့ ပြင်ဆင်နေတယ်လို့ စက်တင်ဘာ ၇ ရက်နေ့ထုတ် The Straits Times သတင်းမှာ ရေးသားထားပါတယ်။
အရပ်သားတွေကို လေကြောင်းကတိုက်ခိုက်နေတဲ့ မြန်မာစစ်ကောင်စီကို ဖယ်ကြဉ်ရာရောက်အောင် စစ်ခေါင်းဆောင်တွေ ဦးဆောင်မဲ့ လေတပ်ညီလာခံကို ရှောင်ရှားတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီညီလာခံကို မလေးရှားနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက တက်ရောက်မှာမဟုတ်ဘူးလို့ အကြောင်းပြန်ထားပြီး ဖိလစ်ပိုင်ကလည်း လူကိုယ်တိုင်မတက်ဘဲ ဗီဒီယိုသတင်းစကားပဲ ပေးပို့မယ်လို့ ဆိုပါတယ်။

စင်ကာပူ၊ ဘရူနိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေကတော့ ညီလာခံကိုတက်ရောက်ဖို့ မတက်ရောက်ဖို့ တိတိကျကျအကြောင်း မပြန်သေးပါဘူး။
ကမ္ဘောဒီးယား လေတပ်ကာကွယ်ရေးဦးစီးချုပ်က ဒီညီလာခံအတွက် မှတ်ချက်ပေးဖို့ ငြင်းဆိုပြီး ထိုင်းနိုင်ငံ လေတပ်ဦးစီးချုပ်ကတော့ ညီလာခံတက်မယ်လို့ သတင်းမှာ ရေးသားထားပါတယ်။
ဒီလေတပ်ညီလာခံကို အမေရိကန်နဲ့ ဗြိတိန် နိုင်ငံတို့က ပိတ်ဆို့အရေးယူထားတဲ့ စစ်ကောင်စီလေတပ် ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းအောင်က ဦးဆောင်ကျင်းပမှာဖြစ်ပါတယ်။

လေတပ်ဦးစီးချုပ် တာဝန်ကို ရယူခဲ့ပြီး ကာလတွေ ဖြစ်တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့အတွင်း လေကြောင်း တိုက်ခိုက်မှုပေါင်း ၉၃၀ ကျော်ကို အမိန့်ပေးကွပ်ကဲခဲ့ပြီး၊ လူပေါင်း ၁,၀၀၀ နီးပါးကို သေဆုံးစေခဲ့တာ ဖြစ်ပါတယ်။ 
စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး စစ်ကောင်စီတပ်က အရပ်သားပြည်သူ လေးထောင်ကျော်ကို သတ်ဖြတ်ခဲ့ပြီး နေအိမ် ရှစ်သောင်းကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း CRPH က ဆိုပါတယ်။
စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်နောက်ပိုင်း ရုရှားနဲ့ တရုတ်လေယာဉ်တွေသုံးပြီး ပြည်တွင်းမှာ အရပ်သားတွေကို တိုက်ခိုက်နေတာပါ။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး စစ်ရေး စားပွဲတင်လေ့ကျင့်မှု တစ်ရပ်ကို နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။

ဒါ့အပြင် အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ လက်တွေ့ မြေပြင်စစ်ရေး လေ့ကျင့်မှုတစ်ရပ်ကိုလည်း လာမယ့်  စက်တင်ဘာလ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ ရုရှားနိုင်ငံမှာ  ကျင်းပသွားဖို့ ရှိနေပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်ကောင်စီနဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်တာတွေအပါအဝင် နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေး ပူးပေါင်းဆောင်ရွက်တာတွေ လုံးဝရပ်တန့်ဖို့ CRPH က တောင်းဆိုထားပါတယ်။

စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တာတွေဟာ ဒေသတွင်း မတည်ငြိမ်မှုကို ပိုမိုဦးတည်စေနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

https://youtu.be/1OfjEIvKPJg?si=7YNeimE2MC8BUrFL
 
 
#PoliticalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍13😁3👎1🤯1
“ မြို့ကြီးပြကြီးတွေကို ဝိုင်းထားတဲ့ အနေအထားရှိနေပြီ” ဦးကျော်ဇော်( သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ )
===========================

မဇ္ဈိမ။ ။စစ်ကောင်စီကို တနိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တော်လှန်ကြဖို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG က D-dayလို့ ခေါ်တဲ့ ခုခံစစ် ကြေညာခဲ့တာဟာ မနေ့က စက်တင်ဘာ ၇ရက်နေ့မှာ နှစ်နှစ်တိတိ ပြည့်ခဲ့ပါပြီ။

ဒီလို ခုခံစစ် ၂နှစ်တာ ကာလအတွင်း ဘာတွေတိုးတက်ပြောင်းလဲမှု ရှိလာသလဲဆိုတာ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကို မဇ္ဈိမ ကဆက်သွယ်မေးမြန်းထားပါတယ်။

မေးမြန်း၊ တင်ဆက်၊ တည်းဖြတ် - မောင်ခက်နွေ

https://youtu.be/ex6f5a0QI_s?si=i0C21-YJ5Y51QGsI

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤11👍4😁3