နေပြည်တော်အထိ စစ်ရေးအရ ခြိမ်းခြောက်နိုင်တဲ့အဆင့် ရောက်နေပြီလို့ NUG ယာယီသမ္မတပြော
=========================
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းပြီးချိန်ကစလို့ တူမီးသေနတ်နဲ့ စတင်ခဲ့တဲ့ အာဏာရှင်ခုခံစစ်ဟာ အခုချိန်မှာ ထိုးစစ်အသွင် ပြောင်းခဲ့ပြီ ဖြစ်သလို စနစ်တကျ ဖွဲ့စည်းထားတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေဟာ ခေတ်မီလက်နက်တွေသုံးပြီး နေပြည်တော်ကို ခြိမ်းခြောက်နိုင်တဲ့အဆင့် ရောက်နေပြီလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
စက်တင်ဘာ ၇ ရက်နေ့မှာ ကျရောက်တဲ့ ပြည်သူ့ခုခံတော်လှန်စစ်ကြေညာခဲ့တဲ့၂ နှစ်ပြည့်မှာ ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားစဉ် ထည့်သွင်းပြောဆိုခဲ့တာပါ။
ယာယီသမ္မတ ဒူဝါလရှီးလက ခုခံစစ် နှစ်နှစ်အတွင်း ရန်သူစစ်အုပ်စုအတွက် အလုံခြုံဆုံးလို့ ယုံကြည်နေကြတဲ့ နေပြည်တော်မှာပင် မလုံခြုံမှု ခံစားရအောင် တော်လှန်ရေးရဲဘော်တွေက စွမ်းဆောင်နိုင်နေပြီလို့ ပြောပါတယ်။
ပြည်သူ့ခုခံတွန်းလှန်စစ် ၂ နှစ်တာ ကာလအတွင်း အကြမ်းဖက်စစ်တပ်နဲ့ တိုက်ပွဲပေါင်း ၉၉၀၀ ကြိမ်ခန့် ဖြစ်ပွားပြီး စစ်သားအင်အား သုံးသောင်း ခန့်ကို ချေမှုန်းနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားပါတယ်။
နိုင်ငံတဝန်းမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်း ၂၉၃ ရင်း ဖွဲ့စည်းနိုင်ခဲ့ပြီး တပ်ရင်းအဖြစ် အသိအမှတ်ပြုဖို့ စိစစ်ဆဲ တပ်ရင်းပေါင်း ၆၈ ရင်း ရှိတယ်လို့ NUG ရဲ့ နှစ်နှစ်ပြည့် အစီရင်ခံစာမှာ ဖော်ပြပါတယ်။
တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ရဲ့ သေဆုံးမှုမှာ နှစ်နှစ်တာအတွင်း စစ်ကောင်စီအင်အား စုစုပေါင်းရဲ့ ၁၂ ဒသမ ၅ရာခိုင်နှုန်း စစ်မြေပြင်မှာ ပြုန်းတီးခဲ့ပြီးဖြစ်တယ်လို့ဖော်ပြထားပါတယ်။
ခုခံစစ် ပထမနှစ်အတွင်း ရန်သူ့စခန်း ၂၈ခုသာ တိုက်ခိုက်သိမ်းပိုက်နိုင်ပေမယ့် ဒုတိယနှစ်တွင် ရန်သူ့စခန်းပေါင်း ၁၀၇ခုထိတ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။
အရေးကြီးတဲ့ စစ်ရေးဖြစ်ပေါ်တိုးတက်မှုမှာ ရန်သူ့လက်နက်ကိုယ့်လက်နက်ဖြစ်အောင် ပိုမိုစွမ်းဆောင်လာနိုင်ခြင်းဖြစ်ကြောင်း၊ ခုခံတွန်းလှန်စစ်အားကောင်းသော ဒေသတွေမှာ လက်နက်ငယ်များသာမက လက်နက်ကြီးများ၊စက်သေနတ်များနဲ့ ခဲယမ်းမီးကျောက်မျိုးစုံသိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း အသိပေးထားပါတယ်။
နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာပြည်သူလူထုကို အမှန်တကယ်ကူညီလိုပါက နွေဦးတော်လှန်ရေး အမြန်ဆုံးအောင်မြင်ဖို့ ဝိုင်းဝန်းကူညီကြဖို့ကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ - NUG ယာယီသမ္မတ ဒူဝါလရှီးလက တောင်းဆိုထားပါတယ်။
ဒါ့အပြင် နိုင်ငံတကာအစိုးရတွေအနေနဲ့ အာဏာသိမ်း စစ်ကောင်စီအတွက် ငွေကြေးစီးဆင်းမှုအားလုံးကို ဖြတ်တောက်ပေးဖို့နဲ့ လက်နက်ခဲယမ်း၊ လေယာဉ်ဆီဝယ်ယူမှုကို ပြင်းထန်စွာ ပိတ်ဆို့ကန့်သတ်ပေးဖို့ကိုလည်း NUG အစိုးရက တိုက်တွန်းခဲ့ပါတယ်။
https://youtu.be/3pgjmR43Fjg?si=Uz6WaSelgJw0Urc9
#PoliticalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

YouTube
နေပြည်တော်အထိ စစ်ရေးအရ ခြိမ်းခြောက်နိုင်တဲ့အဆင့် ရောက်နေပြီလို့ NUG ယာယီသမ္မတပြော
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းပြီးချိန်ကစလို့ တူမီးသေနတ်နဲ့ စတင်ခဲ့တဲ့ အာဏာရှင်ခုခံစစ်ဟာ အခုချိန်မှာ ထိုးစစ်အသွင် ပြောင်းခဲ့ပြီ ဖြစ်သလို စနစ်တကျ ဖွဲ့စည်းထားတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေဟာ ခေတ်မီလက်နက်တွေသုံးပြီး နေပြည်တော်ကို ခြိမ်းခြောက်နိုင်တဲ့အဆင့် ရောက်နေပြီလို့…
👍22🔥1😁1
စက်တင်ဘာလ (၈)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
==================
00:59 - အစ္စရေးက မြန်မာစစ်တပ်ကို အဆင့်မြင့်လက်နက်များ ဆက်လက်ရောင်းချခဲ့ တဲ့သတင်း
03:42 - စစ်ကောင်စီက ပြုလုပ်မည့် အာဆီယံလေတပ်အကြီးအကဲများ ညီလာခံ အာဆီယံနိုင်ငံအချို့ တက်ရောက်မည်မဟုတ်တဲ့သတင်း
06:05 - ဗီယက်နမ်နိုင်ငံရဲ့ ရင်းနှီးမြှပ်နှံမှုကဏ္ဍအတွင်း လုပ်သားနဲ့ အခြေခံအဆောက်အဦးဆိုင်ရာ ပြဿနာတွေ တရှိန်ထိုးမြင့်တက်လာတဲ့သတင်း
12:10 - နေပြည်တော်အထိ စစ်ရေးအရ ခြိမ်းခြောက်နိုင်တဲ့အဆင့် ရောက်နေပြီလို့ NUG ယာယီသမ္မတပြောတဲ့သတင်းတွေ အပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေကိုလည်း တင်ဆက်ပေးသွားမှာပါ။
https://youtu.be/3PgS5RuTYWE?si=XIq5ykAQHJWOGLfC
#2pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

06:05 - ဗီယက်နမ်နိုင်ငံရဲ့ ရင်းနှီးမြှပ်နှံမှုကဏ္ဍအတွင်း လုပ်သားနဲ့…

👍10🌭1🍌1
Media is too big
VIEW IN TELEGRAM
နေပြည်တော်အထိ စစ်ရေးအရ ခြိမ်းခြောက်နိုင်တဲ့အဆင့် ရောက်နေပြီလို NUG ယာယီသမ္မတပြော
Watch more detail - https://youtu.be/3pgjmR43Fjg
#PoliticalNews
#reels
#shorts
#MizzimaTV

👍19🍌2👏1😁1
Indonesia's Widodo calls to avoid 'new conflicts' as US, China, Russia attend summit
=========================
https://youtu.be/2wF8yK73tmU?si=zUYq1wFdYJSjdKTX

Host Indonesia's leader Joko Widodo warns against sharpening rivalries in closing remarks of ASEAN Summit as US Vice President Kamala Harris, Chinese Premier Li Qiang and Russian Foreign Minister Sergei Lavrov attended an East Asia summit in Jakarta on Thursday.…
👍5🔥3
ကလေးမြို့တွင် မိုးကြီးပြီး ရေကြီးရေလျှံ
================
KMN
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင်ယမန်နေ့ စက်တင်ဘာလ ၇ ရက်နေ့ညနေပိုင်းမှစတင်ကာ ယနေ့ စက်တင်ဘာ၈ရက် နံနက်အထိ မိုးသည်းထန်စွာရွာသွန်းပြီးနောက် မြို့ပေါ်ရပ်ကွက်အချို့နှင့်ကျေးရွာများ၌ ရေကြီးရေလျှံမှုဘေး ကြုံတွေ့နေကြောင်း ဒေသခံများမှသိရသည်။
ကလေးမြို့နယ်နှင့်ထိစပ်နေသည့် ချင်းတောင်တန်းတွင် မိုးသည်းထန်နေပြီး တောင်ကျရေများသည် ဥပုသ်ချောင်းနှင့် မြစ်သာမြစ်အတွင်း စီးဝင်ပြီးနောက် မြစ်၊ ချောင်းများရေလျှံနေခြင်းဟု သိရသည်။
"ဥပုသ်ချောင်းဘေး တလျှောက်မှာရေလျှံနေတာပါ။ ချောင်းဘေးရပ်ကွက်တွေရေဝင်နေတာပေါ့။ ထမင်းထုတ်တွေဝေဖို့ လုပ်နေပါတယ်"ဟု ကလေးမြို့၊ မေတ္တာထွဋ်ခေါင်လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတဦးက ပြောသည်။
ချောင်းရေဆက်လျှံနိုင်၍ ရေဘေးသတိပြုရန် ၎င်းက အသိပေးသည်။ ယနေ့ နံနက်တွင် မင်္ဂလာဥယျာဉ်၊ ညောင်ပင်သာ၊ အောင်မင်္ဂလာ၊ အောင်မေတ္တာ၊ တာဟန်း၊ ကြို့သုံးပင်၊ ပင်လုံစသည့် မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေဝင်ရောက်နေပြီး တာဟန်းဈေးရှိ ဈေးဆိုင်တချို့ပိတ်ထားရကြောင်းသိရသည်။
ယနေ့ တိုင်းတာချက်အရ မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ၂၅ပေခန့်ရှိနေပြီး စိုးရိမ်ရေအမှတ်အနီးသို့ရောက်ရှိနေကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားသည်။
ယနေ့ ရာသီဥတုအခြေအနေအရ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။ ကလေးမြို့နယ်တွင် ၂၀၁၅ ခုနှစ် မိုးရာသီက ဆိုးရွားသည့်ရေကြီးရေလျှံမှု ကြုံတွေ့ခဲ့ဖူးသည်။
စာတည်း - အေးချမ်း
#mizzima
#ကလေးမြို့နယ်
#မိုးသည်းထန်
#ရေကြီးရေလျှံမှု
ယနေ့ စက်တင်ဘာ ၈ ရက်နံနက်က ကလေးမြို့ နေရာအချို့ ရေကြီးရေလျှံနေမှု
(Photo - CJ/FB)
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

😢6🔥3👍2
This media is not supported in your browser
VIEW IN TELEGRAM
ဩစတြေးလျဝန်ကြီးချုပ်ရဲ့ ခရီးစဉ်ကိုကြိုဆိုကြောင်း တရုတ်ပြော
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

❤5😁1
အောက်တိုဘာမှာနယ်စပ်မှတဆင့်ပုံမှန်အတိုင်းဆန်တင်ပို့နိုင်မယ်လို့ခန့်မှန်း|Business Round Up (8.9.2023)
=====================
- မြန်မာ့အရေးပိုမိုဆိုးရွားလာနေပြီး ကမ္ဘာ့စီးပွားရေးနဲ့ ဘဏ္ဍာရေးမှာလည်း အက်ကွဲကြောင်းတွေဖြစ်ပေါ်နေ တယ်လို့ ကုလပြော
- မြန်မာနိုင်ငံမှာ မြေရှားသတ္တုတူးဖော်မှု ရပ်ဆိုင်းထားခြင်းကြောင့် တရုတ်မြေရှားသတ္တုဈေး အမြင့်ဆုံးသို့ ရောက်ရှိ
- နိုင်ငံရေးမငြိမ်မသက်မှုများကြောင့်လျှပ်စစ်ကဏ္ဍကို ပြင်းထန်စွာ ထိခိုက်စေတယ်လို့ ကမ္ဘာ့ဘဏ်ပြော
- အောက်တိုဘာမှာ နယ်စပ်မှတဆင့် ပုံမှန်အတိုင်း ဆန်တင်ပို့နိုင်မယ်လို့ ခန့်မှန်း
https://youtu.be/favrJx4_HTg?si=NEc-sdEEdUocfpm_
#BusinessRoundUp
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=====================
- မြန်မာ့အရေးပိုမိုဆိုးရွားလာနေပြီး ကမ္ဘာ့စီးပွားရေးနဲ့ ဘဏ္ဍာရေးမှာလည်း အက်ကွဲကြောင်းတွေဖြစ်ပေါ်နေ တယ်လို့ ကုလပြော
- မြန်မာနိုင်ငံမှာ မြေရှားသတ္တုတူးဖော်မှု ရပ်ဆိုင်းထားခြင်းကြောင့် တရုတ်မြေရှားသတ္တုဈေး အမြင့်ဆုံးသို့ ရောက်ရှိ
- နိုင်ငံရေးမငြိမ်မသက်မှုများကြောင့်လျှပ်စစ်ကဏ္ဍကို ပြင်းထန်စွာ ထိခိုက်စေတယ်လို့ ကမ္ဘာ့ဘဏ်ပြော
- အောက်တိုဘာမှာ နယ်စပ်မှတဆင့် ပုံမှန်အတိုင်း ဆန်တင်ပို့နိုင်မယ်လို့ ခန့်မှန်း
https://youtu.be/favrJx4_HTg?si=NEc-sdEEdUocfpm_
#BusinessRoundUp
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
အောက်တိုဘာမှာနယ်စပ်မှတဆင့်ပုံမှန်အတိုင်းဆန်တင်ပို့နိုင်မယ်လို့ခန့်မှန်း|Business Round Up (8.9.2023)
- မြန်မာ့အရေးပိုမိုဆိုးရွားလာနေပြီး ကမ္ဘာ့စီးပွားရေးနဲ့ ဘဏ္ဍာရေးမှာလည်း အက်ကွဲကြောင်းတွေဖြစ်ပေါ်နေ တယ်လို့ ကုလပြော
- မြန်မာနိုင်ငံမှာ မြေရှားသတ္တုတူးဖော်မှု ရပ်ဆိုင်းထားခြင်းကြောင့် တရုတ်မြေရှားသတ္တုဈေး အမြင့်ဆုံးသို့ ရောက်ရှိ
- နိုင်ငံရေးမငြိမ်မသက်မှု…

👍4🔥2
This media is not supported in your browser
VIEW IN TELEGRAM
စစ်ပွဲနောက်ပိုင်း တတိယမြောက်ပြည်ပခရီးစဉ်အဖြစ် ဆူဒန်စစ်တပ်အကြီးအကဲ ကာတာသို့သွားရောက်
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
🔥2👍1
ဧရာ၀တီနှင့်င၀န်မြစ် စိုးရိမ်ရေမှတ်အထက်ရောက်ရှိနေ
==================
ရောင်နီ
(မဇ္စျိမ)။ ။ ယခုရက်ပိုင်း မိုးကောင်းနေပြီး ဧရာ၀တီနှင့် င၀န်မြစ်ရေ စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိနေသော ဇလွန်မြို့နှင့် ငါးသိုင်းချောင်းမြို့မှ ဒေသခံများ ရေဘေးသတိပြုနေထိုင်ရန် စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနက သတ််ိပေးသည်။
ယနေ့ စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် တိုင်းထွာချက်အရ ဧရာ၀တီမြစ်ရေသည် ဇလွန်မြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီး နောက် တရက်အတွင်း ပေ၀က်ခန့် ဆက်လက်မြင့်တက်နိုင်ကြောင်း မိုးဇလက ဆိုသည်။ ထို့အပြင် င၀န်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီး နောက်တရက်အတွင်း သုံးလက်မခန့် မြင့်တက်လာနိုင်ကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် ဇလွန်မြို့နှင့် ငါးသိုင်းချောင်းမြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အနေဖြင့် ရေဘေး သတိပြုနေထိုင်ကြရန် မိုးဇလက သတိပေးထားသည်။
လက်ရှိအချိန်တွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့၌ မိုးသည်းထန်စွာရွာသွန်းကာ မြစ်သာမြစ်ရေ မြင့်တက်ခဲ့သည့်အတွက် မြို့တွင်းရပ်ကွက်ခုနစ်ခုရေကြီးနေကာ ဒေသခံ ၁,၀၀၀ ကျော် ဘေးလွတ်ရာတွင် ပြောင်းရွေ့နေထိုင်နေရကြောင်းသိရသည်။
မိုးနှောင်းကာလဖြစ်သည့် လက်ရှိ စက်တင်ဘာလအတွင်း မုတ်သုံလေအားကောင်းကာ ဒေသအများစု မိုးကြီးနိုင်ခြင်းကြောင့် ရေဘေးသတိပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က သတိပေးထားသည်။
မိုးလယ်ကာလဖြစ်သည့် ပြီးခဲ့သည့် ဇူလိုင်လနှင့် သြဂုတ်လကလည်း မြန်မာနိုင်ငံဒေသအများစု မိုးသည်းထန်စွာခဲ့ပြီး မြစ်ချောင်းများတွင် မြစ်ရေများ စိုးရိမ်ရေအမှတ်အထက်သို့ မြင့်တက်ခဲ့သည်။
ထိုသို့ မိုးများခြင်း၏ နောက်ဆက်တွဲအဖြစ် မြို့နယ်အများအပြားတွင် ရေလွှမ်းမိုးခဲ့ပြီး ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရေကြီးရေလျှံမှုဘေး ကြုံတွေ့ခဲ့သည်။
စာတည်း - အေးချမ်း
#mizzima
#ဧရာ၀တီနှင့်င၀န်မြစ်
#စိုးရိမ်ရေမှတ်
#ရေဘေးသတိ
ပုံအညွှန်း - စက်တင်ဘာလ ၇ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကလေးမြို့အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွါးနေသည့် မြင်ကွင်း။ (ပုံ - လူမှုကွန်ယက်)

👍4🔥2😢2
လီယွန်နယ် မက်ဆီနဲ့ ပြိုင်ဆိုင်မှုက အခုအချိန် 'ပြီးဆုံးသွားပြီ'လို့ ခရစ္စတီယာနို ရော်နယ်လ်ဒို ပြော
=======================
By PKThawn
ခရစ္စတီယာနို ရော်နယ်လ်ဒိုက သူနဲ့ လီယွန်နယ် မက်ဆီတို့ဟာ "ဘောလုံးသမိုင်းကြောင်းကို ပြောင်းလဲခဲ့ကြပေမယ့်" သူတို့ရဲ့ ပြိုင်ဆိုင်မှုက အခုတော့ ပြီးဆုံးသွားခဲ့ပြီလို့ ဆိုပါတယ်။
ထာဝရကြီးကျယ်ခမ်းနားတဲ့ ထိပ်တန်းကစားသမားတွေအဖြစ် သတ်မှတ်ခံထားရပြီး သူတို့ဟာ ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာတို့နဲ့အတူ စပိန်လာလီဂါမှာ တစ်ဦးနဲ့ တစ်ဦး ရင်ဆိုင်ရလေ့ရှိပါတယ်။
"ကျနော်တို့ဟာ တစ်ကမ္ဘာလုံးက လေးစားခံရပါတယ်၊ ဒါက အရေးကြီးဆုံး အရာပါပဲ"လို့ ရော်နယ်လ်ဒိုက ပြောပါတယ်။
ဘလွန်းဒီအော် ၅ ကြိမ်ဆုရှင် ရော်နယ်လ်ဒိုဟာ ၂၀၀၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဒီဆုရဲ့ ဆန်ကာတင်စာရင်းကနေ ချန်ရစ်ခံခဲ့ရပြီး မက်ဆီဟာ ၈ ကြိမ်မြောက် ဆွတ်ခူးနိုင်ဖွယ်ရှိပါတယ်။
"သူက သူ့နည်းသူ့ဟန်နဲ့ လုပ်သလို ကျနော်လဲ အဲသလိုပါပဲ။ ကျနော် မြင်တဲ့အတိုင်းကတော့ သူ ကောင်းကောင်းလုပ်တယ်။ ဒါကို ဆက်လုပ်သွားမယ်၊ အမွေအနှစ်က ဆက်ရှိနေမှာပါ။"လို့ အခု အယ်လ်-နာဆာအသင်းအတွက် ဆော်ဒီအာရေးဗီးယားမှာ ကစားနေတဲ့ အသက် ၃၈ နှစ်အရွယ် ရော်နယ်လ်ဒိုက ပြောပါတယ်။
အမုန်းတရားက သူတို့ရဲ့ ပြိုင်ဆိုင်မှုရဲ့ အင်္ဂါရပ်တစ်ခုလားလို့ မေးတဲ့အခါမှာ သူက “ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ကြိုက်တဲ့သူတွေက မက်ဆီကို မုန်းနေစရာ မလိုပါဘူး။ ဒီလိုပြိုင်ဆိုင်မှုမျိုးလို့ ကျနော် မမြင်ပါဘူး။
"ပြိုင်ဆိုင်မှုတော့ ပြီးဆုံးသွားပါပြီ။ ဒီလိုပြိုင်ဆိုင်မှုက ကောင်းမွန်ခဲ့တယ်၊ ပရိသတ်က သဘောကျခဲ့တယ်။ ကျနော်တို့ဟာ ဘောလုံးစင်မြင့်ထက်မှာ ၁၅ နှစ်ကြာ မျှဝေခဲ့ပြီး နောက်ဆုံးမှာတော့ အဆုံးသတ်ခဲ့ပါပြီ။ သူငယ်ချင်းတွေလို့ ပြောနေတာမဟုတ်ရပါဘူး၊ ဒါပေမယ့် ကျနော်တို့က ပရော်ဖက်ရှင်နယ် လုပ်ဖော်ကိုင်ဖက်တွေဖြစ်ပြီး တစ်ယောက်ကို တစ်ယောက် အပြန်အလှန် လေးစားကြတယ်"လို့ ပြောပါတယ်။
သူတို့ကြားမှာ နှစ်ယောက်သား စံချိန်ချိုးခဲ့တာတွေဟာ ပြိုင်ပွဲကနေ ရရှိတဲ့ ဂုဏ်သိက္ခာအရှိဆုံး ဆုတံဆိပ် အများအပြားကို ရရှိခဲ့တာပါပဲ။
ရော်နယ်လ်ဒိုဟာ ရီးယဲလ်မက်ဒရစ်အတွက် ၄၃၈ ပွဲကစား ၄၅၁ ဂိုးနဲ့ ကလပ်ရဲ့ ထာဝရစံချိန်တင်ဂိုးသွင်းသူဖြစ်ပြီး ဘာနေဗျူးမှာ ၉ နှစ်တာကာလအတွင်း ချန်ပီယံလိဂ် ၄ ကြိမ်၊ လာလီဂါ ၂ ကြိမ်နဲ့ စပိန်ဘုရင့်ဖလား ၂ ကြိမ်အပါအဝင် ကလပ်အသင်းနဲ့အတူ ဆုဖလား ၁၆ လုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်။
အခုအချိန် အမေရိကန်က အင်တာမိုင်ယာမီမှာ ကစားနေတဲ့ မက်ဆီဟာ ပွဲပေါင်း ၇၈၁ ပွဲကစားကာ ၆၇၄ ဂိုး သွင်းယူပြီး ဘာစီလိုနာအသင်းရဲ့ ဂိုးအများဆုံးသွင်းတဲ့ စံချိန်ကို ရရှိထားပါတယ်။
အသက် ၃၆ နှစ်အရွယ် ကစားသမားဟာ လာလီဂါဖလား ၁၀ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်နဲ့ စပိန်ဖလား ၇ ကြိမ်အပါအဝင် ကလပ်အသင်းနဲ့အတူ ဆုဖလား ၃၅ လုံး ရရှိခဲ့ပါတယ်။
နိုင်ငံတကာဇာတ်ခုံမှာတော့ မက်ဆီဟာ အာဂျင်တီးနားအသင်းနဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလားနဲ့ ကိုပါအမေရိကဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး ရော်နယ်လ်ဒိုဟာလည်း ပေါ်တူဂီအသင်းနဲ့အတူ ဥရောပချန်ပီယံရှစ်နဲ့ နေရှင်းလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
သူတို့နှစ်ဦးဟာ ကွင်းထဲမှာ ၃၆ ကြိမ်တွေ့ဆုံဖူးပြီး နောက်ဆုံးတွေ့ဆုံမှုမှာ ဇန်နဝါရီလမှာ ဖြစ်ပါတယ်။ အဲဒီအချိန်က မက်ဆီက ပဲရစ်စိန့်ဂျာမိန်းအတွက် ကစားပေးတဲ့ ချစ်ကြည်ရေးပွဲစဉ်မှာ ရော်နယ်လ်ဒိုရဲ့ Riyadh Season XI ကို ၅-၄ ဂိုးဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
(BBC)
Photo: EPA
#ronaldo #messi #မက်ဆီ #ရော်နယ်လ်ဒို

👍12🔥1
This media is not supported in your browser
VIEW IN TELEGRAM
ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမတိုင်မီ မီဒီယာကျွမ်းကျင်သူ အသွင်ယူထားသူတွေရဲ့ လံကြုပ်သတင်းတွေ ထွက်ပေါ်လာနေ
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
😁6👍2❤1🔥1
နီကိုလပ်စ် ပီပီ - အာဆင်နယ်တောင်ပံကစားသမား ထရက်ဇွန်စပေါဆီ ပြောင်းရွှေ့
=====================
By PKThawn
အာဆင်နယ်အသင်းရဲ့ ကလပ်စံချိန်တင်ခေါ်ယူခဲ့တဲ့ ကစားသမားဟောင်း နီကိုလပ်စ် ပီပီဟာ တူရကီကလပ် ထရက်စဘွန်စပေါကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပူးပေါင်းလိုက်ပြီး အမ်းမရိတ်ကွင်းမှာ သုံးနှစ်ကြာ စိတ်ပျက်စရာအခြေအနေတွေကို အဆုံးသတ်လိုက်ပါတယ်။
ဂန်းနားတို့ဟာ ၂၀၁၉ မှာ လိုင်လီကနေ အိုင်ဗရီကို့စ်တောင်ပံကစားသမားကို ပေါင် ၇၂ သန်းပေးချေပြီး ခေါ်ယူခဲ့တာပါ။
ပီပီဟာ အာဆင်နယ်အတွက် ၁၁၂ ပွဲကစား ၂၇ ဂိုး သွင်းယူခဲ့ပြီး ပြီးခဲ့တဲ့ရာသီက ပြင်သစ်ကလပ် နိုက်စ်အသင်းကို အငှားထွက်ကစားခဲ့ပါတယ်။
အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီကစားသမားဟာ ဒီနှစ်ရာသီမှာ အသင်းပွဲစဉ်လူစာရင်းတွေမှာ ပါဝင်ပတ်သက်ခြင်းမရှိခဲ့ပါဘူး။
ပီပီဟာ သူ့ရဲ့အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိနေသေးပြီး ဒီနွေရာသီမှာ ဝက်စ်ဟမ်းကွင်းလယ်ကစားသမား ဒီကလန်ရိုက်စ် ပေါင်သန်း ၁၀၀ နဲ့ ရောက်ရှိမလာခင်အထိ သူတို့ရဲ့ စံချိန်တင်ခေါ်ယူမှုဖြစ်ခဲ့ပါတယ်။
ထရက်ဇွန်စပေါဟာ တူရကီစူပါလိဂ်မှာ အဆင့် ၇ မှာရှိပြီး ကလပ်ရဲ့ Twitter အကောင့် တင်ထားတဲ့ ဗီဒီယိုတစ်ခုမှာ ပီပီက "ချန်ပီယံဖြစ်ဖို့နဲ့ အောင်မြင်မှုတွေရယူဖို့ ကျနော် ဒီကိုလာခဲ့တာပါ"လို့ ပြောပါတယ်။
Photo: #Trabzonspor/Twitter
#nicolaspepe #Arsenal

စက်တင်ဘာလ (၈)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=======================
00:53 - နေပြည်တော်အထိ စစ်ရေးအရ ခြိမ်းခြောက်နိုင်တဲ့အဆင့် ရောက်နေပြီလို့ NUG ယာယီသမ္မတပြောတဲ့သတင်း
03:25 - ကလေးမြို့တွင် မိုးကြီးပြီး ရေကြီးရေလျှံတဲ့သတင်း
04:49 - ဩစတြေးလျဝန်ကြီးချုပ်ရဲ့ ခရီးစဉ်ကိုကြိုဆိုကြောင်း တရုတ်ပြောတဲ့သတင်း
05:23 - ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲမတိုင်မီ မီဒီယာကျွမ်းကျင်သူအသွင်ယူထားသူတွေရဲ့ လုပ်ကြုံတဲ့သတင်းတွေအပါအဝင် တခြားစိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို တင်ဆက် ပေးပါတော့မယ်။
https://youtu.be/IuLmrid_WMw?si=cd52KhW6z-HCV-As
#4pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=======================
00:53 - နေပြည်တော်အထိ စစ်ရေးအရ ခြိမ်းခြောက်နိုင်တဲ့အဆင့် ရောက်နေပြီလို့ NUG ယာယီသမ္မတပြောတဲ့သတင်း
03:25 - ကလေးမြို့တွင် မိုးကြီးပြီး ရေကြီးရေလျှံတဲ့သတင်း
04:49 - ဩစတြေးလျဝန်ကြီးချုပ်ရဲ့ ခရီးစဉ်ကိုကြိုဆိုကြောင်း တရုတ်ပြောတဲ့သတင်း
05:23 - ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲမတိုင်မီ မီဒီယာကျွမ်းကျင်သူအသွင်ယူထားသူတွေရဲ့ လုပ်ကြုံတဲ့သတင်းတွေအပါအဝင် တခြားစိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို တင်ဆက် ပေးပါတော့မယ်။
https://youtu.be/IuLmrid_WMw?si=cd52KhW6z-HCV-As
#4pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
စက်တင်ဘာလ (၈)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
00:53 - နေပြည်တော်အထိ စစ်ရေးအရ ခြိမ်းခြောက်နိုင်တဲ့အဆင့် ရောက်နေပြီလို့ NUG ယာယီသမ္မတပြောတဲ့သတင်း
03:25 - ကလေးမြို့တွင် မိုးကြီးပြီး ရေကြီးရေလျှံတဲ့သတင်း
04:49 - ဩစတြေးလျဝန်ကြီးချုပ်ရဲ့ ခရီးစဉ်ကိုကြိုဆိုကြောင်း တရုတ်ပြောတဲ့သတင်း
05:23 - ဘင်္ဂလားဒေ့ရှ်…

👍4🔥1🍌1
မြန်မာ့ပဋိပက္ခ၌ အာဆီယံက ဓားစာခံ ဖြစ်လိမ့်မည် မဟုတ်ဟု အင်ဒိုနီးရှား သမ္မတ ပြော
=====================
မြန်မာ့ပဋိပက္ခအားဖြင့် အာဆီယံသည် “ဓားစာခံ ဖြစ်လိမ့်မည် မဟုတ်”ဟု အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက ကြာသပတေးနေ့တွင် ပြောပြီး မြင့်တက်နေသော ပထဝီနိုင်ငံရေး တင်းမာမှုများကြား “ယှဉ်ပြိုင်မှု လှိုင်းလုံးများနောက်” မျောပါမသွားရန်လည်း ခေါင်းဆောင်များကို တိုက်တွန်းသည်။
“ကျွန်တော်တို့တွေ ဆက်လက် တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်၊ မြန်မာ့အရေးကြောင့် အာဆီယံကတော့ ဓားစာခံ အဖြစ်ခံမှာ မဟုတ်ဘူး၊ အာဆီယံဟာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ချမ်းသာဝပြောရေးကို ဆက်လက်ပြီး ဖန်တီးသွားမှာ ဖြစ်တယ်”ဟု အင်္ဂါနေ့မှ ကြာသပတေးနေ့အထိ ကျင်းပခဲ့သော ၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ အပြီး သတင်းစာ ရှင်းလင်းပွဲ၌ ၎င်းက ပြောသည်။
အာဆီယံခေါင်းဆောင်များသည် မြန်မာနိုင်ငံက ရေရှည်ဖြစ်ပွားနေသော ပဋိပက္ခအား ရင်ဆိုင်ဖြေရှင်းနေရသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရအား ၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က ဖြုတ်ချကာ အာဏာသိမ်းချိန်မှစပြီး အကျပ်အတည်းအတွင်း ကျရောက်လျက် ရှိသည်။

😁5👍2