ရက်စက်မှုများကြောင့် မြန်မာဦးစီးသည့် အစည်းအဝေးအား အာဆီယံ လေတပ်ဦးစီးချုပ်အချို့ ရှောင်ဖယ်မည်
======================
မြန်မာစစ်တပ်အုပ်ချုပ်သူများ သဘာပတိမူမည်ဖြစ်သော လာမည့် အစည်းအဝေးတစ်ရပ်သို့ အရှေ့တောင်အာရှ လေတပ်ဦးစီးချုပ်အချို့က ရှောင်ဖယ်ကြလိမ့်မည်ဖြစ်ရာ တော်လှန်ရေး အင်အားစုများကို ဖြိုခွင်းရန် ရုန်းကန်နေရသည့် မြန်မာအာဏာသိမ်း စစ်ကောင်စီအတွက် ဒေသတွင်း အထီးကျန်မှု ပို၍ နက်ရှိုင်းစေသည်။
ကာကွယ်ရေး၊ အစွန်းရောက်များအား တိုက်ခိုက်ရေးနှင့် သဘာဝဘေး ကယ်တင်ရေးတို့၌ ပူးပေါင်းဆောင်ရွက်ရေးကို ဆွေးနေကြမည့် အဖွဲ့ဝင်ဆယ်နိုင်ငံမှ လေတပ်ဦးစီးချုပ်များက နှစ်ပတ်လည် အာဆီယံလေတပ်ဦးစီးချုပ်များညီလာခံတွင် စုရုံးကြမည် ဖြစ်သည်။
အဆိုပါ အစည်းအဝေးအတွက် လက်ရှိ ဥက္ကဋ္ဌ မြန်မာက လာမည့် သီတင်းပတ်တွင် အစည်းအဝေးအား အိမ်ရှင်အဖြစ် ကျင်းပရန် ရှိသော်လည်း ထိပ်တန်း တာဝန်ရှိသူများ စေလွှတ်မည်မဟုတ်ဟု အနည်းဆုံး အာဆီယံအဖွဲ့ဝင် သုံးနိုင်ငံက ပြောထားသည်။

👍19😁1
အင်အားချည့်နဲ့လာတဲ့ စစ်ကောင်စီတပ်က နောက်ဆုံးခံစစ်ကို ပြင်ဆင်နေရပြီ
======================
မိုးသောက် (မဇ္ဈိမ)။ ။ အာဏာသိမ်းစစ်ကောင်စီဘက်က အင်အား ၁၂.၅ ရာခိုင်နှုန််း ပြုန်းတီးသွားပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရဲ့ ပြည့်သူ့ခုခံတွန်းလှန်စစ်နှစ်နှစ်ပြည့် အစီရင်ခံစာမှာ ဖော်ပြပါထားတယ်။
အရပ်သားအစိုးရထံက အာဏာသိမ်းထားတဲ့ စစ်ကောင်စီတပ်မှာ ခြေလျင်နဲ့ ခြေမြန်တပ်ရင်းပေါင်း ၃၀၇ရင်း ရှိတဲ့အတွက် မြေပြင်တိုက််ခိုက်ရေးအင်အား ၆၅,၀၀၀ ကျော်နဲ့ အခြားလေတပ်၊ရေတပ်နဲ့ လက်ရုံးတပ်အင်အားတွေ အပါအဝင် အင်အားစုစုပေါင်း ၂သိန်း၂သောင်းနဲ့ ၂သိန်း၄သောင်းကြားမှာ ရှိနိုင်တယ်လို့ NUGက ခန့်မှန်းထားတာပါ။
နှစ်နှစ်တာ ဆင်နွှဲခဲ့ကြတဲ့ လက်နက်ကိုင်တိုက်ပွဲပေါင်း ၉,၉၀၀ အတွင်း စစ်ကောင်စီတပ်သား ၃၀,၀၀၀ ခန့်ကို ချေမှုန်းနိုင်ခဲ့တာဖြစ်လို့ စစ်ကောင်စီတပ်အင်အားရဲ့ ၁၂.၅ရာခိုင်နှုန်း ပြုန်းတီးသွားပြီလို့ ကြေညာတာပါ။
အဲ့ဒါကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေကို ထိုးစစ်ဆင်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ အခုတော့ ခံစစ်ကို ပြင်နေရပြီလို့ စစ်ကောင်စီတပ်ကနေ CDMပြုလုပ်လာတဲ့ ဗိုလ်ကြီးဇင်ယော်ကပြောပါတယ်။
တည်းဖြတ်/တင်ဆက်- မိုးသောက်
https://youtu.be/zgNa9C0SlaM?si=9mL4zyossxwa4LJE
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
အင်အားချည့်နဲ့လာတဲ့ စစ်ကောင်စီတပ်က နောက်ဆုံးခံစစ်ကို ပြင်ဆင်နေရပြီ
မိုးသောက် (မဇ္ဈိမ) ။ ။ အာဏာသိမ်းစစ်ကောင်စီဘက်က အင်အား ၁၂.၅ ရာခိုင်နှုန််း ပြုန်းတီးသွားပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရဲ့ ပြည့်သူ့ခုခံတွန်းလှန်စစ်နှစ်နှစ်ပြည့် အစီရင်ခံစာမှာ ဖော်ပြပါထားတယ်။
အရပ်သားအစိုးရထံက အာဏာသိမ်းထားတဲ့ စစ်ကောင်စီတပ်မှာ ခြေလျင်နဲ့ ခ…

👍18😁2
တောင်တန်းဒေသသုံး မောင်းသူမဲ့ရဟတ်ယာဉ်အား ခင်းကျင်းပြသ
===================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍6😁1
Media is too big
VIEW IN TELEGRAM
အရှေ့အာရှထိပ်သီးအစည်းအဝေးမှာ အမေရိကန်၊ တရုတ်နဲ့ ရုရှားအရာရှိတွေ တက်ရောက်ခဲ့ကြ
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

👍9🤮1
ဘရာဇီးလ်မီဒီယာမှာ မန်ယူကစားသမား အန်တိုနီကို နောက်ထပ် ကိုယ်ထိလက်ရောက်နှိပ်စက်မှုနဲ့ စွပ်စွဲ
🔥4👍2👏1

=================
By PKThawn
မန်ချက်စတာယူနိုက်တက်ရဲ့ အန်တိုနီဟာ နောက်ထပ်ကိုယ်ထိလက်ရောက်နှိပ်စက်မှု စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ အမျိုးသမီးတစ်ဦးကနေ ဘရာဇီးလ်တီဗီချန်နယ်တစ်ခုနဲ့ အင်တာဗျူးတစ်ခုမှာ ပြောဆိုခဲ့တာပါ။
သူ့ရည်းစားဟောင်းကို အိမ်တွင်းအကြမ်းဖက်မှုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။
ဘရာဇီးသတင်းဌာန UOL က အန်တိုနီရဲ့ ပါတနာဟောင်းရဲ့ စွပ်စွဲချက်တွေကို တနင်္လာနေ့က ထုတ်ပြန်ခဲ့ပါတယ်။
ဆော်ပေါ်လို ရဲတပ်ဖွဲ့ကလည်း အဲဒီတိုင်ကြားချက်ကို စုံစမ်းစစ်ဆေးနေပြီး အန်တိုနီကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
အခုအချိန်မှာ အသက် ၃၃ နှစ်အရွယ် ဘဏ်လုပ်ငန်းရှင် အဂရစ် လာနာက ၂၀၂၂ အောက်တိုဘာလမှာ မန်ချက်စတာရှိ သူ့အိမ်မှာ အန်ထော်နီက "နံရံနဲ့ တွန်းတိုက်"လိုက်ချိန်မှာ သူမ ခေါင်းကို ထိခဲ့ကြောင်း ဘရာဇီးလ်ရဲ့ Record TV မှ ထုတ်လွှတ်ခဲ့တဲ့ ဗီဒီယိုအတိုဖိုင်တစ်ခုမှာ အခိုင်အမာ ပြောထားပါတယ်။ လာနာနဲ့ အင်တာဗျူးအပြည့်အစုံကို အခုသီတင်းပတ်ကုန်မှာ ဘရာဇီးလ်မှာ ထုတ်လွှင့်သွားဖို့ ရှိပါတယ်။
မန်ချက်စတာယူနိုက်တက်က တနင်္လာနေ့ရဲ့ စွပ်စွဲချက်တွေကို "အလေးအနက်"ထားပြီး ဘရာဇီးလ်အသင်းကလည်း သူ့ကို အသင်းလူစာရင်းကနေ ထုတ်ပယ်ခဲ့ပါတယ် ။ သရဲနီတွေဟာ စက်တင်ဘာလ ၁၆ ရက်နေ့ စနေနေ့မှာ ဘရိုက်တန်အသင်းနဲ့ ကစားမယ့် သူတို့ရဲ့လာမယ့်ပွဲစဉ်အတွက် အန်တိုနီကို ရွေးချယ်သွားမလား မရွေးချယ်သွားဘူးလားဆိုတာ မှတ်ချက်ပေးတာ မရှိပါဘူး။
အန်တိုနီဟာ ဇန်နဝါရီ ၁၅ ရက်က မန်ချက်စတာရှိ ဟိုတယ်ခန်းတစ်ခုမှာ သူ့ရဲ့ရည်းစားဟောင်း ဂါဘရီလာ ကာဗာလင်ကို "ခေါင်းဖြင့်" တိုက်ခိုက်ခဲ့တယ်လို့လည်း စွပ်စွဲခံခဲ့ရပါတယ်။ သူမဟာ ခေါင်းကွဲသွားတာကြောင့် ဆရာဝန်ထံကနေ ဆေးကုသမှုခံယူခဲ့ပါတယ်။
ရင်ဘတ်ကို လက်သီးနဲ့လည်း သူမ အထိုးခံခဲ့ရာ အစားထိုးထားတဲ့ ဆီလီကွန်ရင်သား ပျက်စီးသွားတာကြောင့် ခွဲစိတ်ကုသမှုခံယူခဲ့ရတယ်လို့ သူမက စွပ်စွဲခဲ့ပါတယ်။
ကာဗာလင်ရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ ဆိုရှယ်မီဒီယာပေါ်မှာ အန်တိုနီက “စွပ်စွဲချက်တွေဟာ မှားယွင်းကြောင်း အေးအေးဆေးဆေးပြောနိုင်တယ်၊ ထုတ်ပြန်ပြီးသား အထောက်အထားတွေနဲ့ ထုတ်ရမယ့် တခြားအထောက်အထားတွေက စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ကျနော် အပြစ်မရှိဘူးဆိုတာကို သက်သေပြနိုင်တယ်” လို့ အရင်က ဆိုထားပါတယ်။
အေဂျက်တောင်ပံကစားသမားဟောင်းက သူ့ရဲ့ ရည်းစားဟောင်း ကာဗာလင်ရဲ့ အိမ်တွင်းအကြမ်းဖက်တယ်ဆိုတာက သူ့ကို မှားယွင်းစွပ်စွဲခဲ့တာဖြစ်တယ်ဆိုပြီး ဇွန်လအတွင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
Photos: Daily Mail and The Sun
#Antony #manchesterunited

Facebook
#antony – Explore
explore #antony at Facebook
👍12🔥3👏1
777 Charlie
============
အိန္ဒိယနိုင်ငံရဲ့ ပထမဦးဆုံး ရုပ်ရှင်ထူးချွန်ဆု ချီးမြင့်ခံရတဲ့ ခွေးလေး Charlie ရဲ့ဇာတ်ကား
ဒါမာဆိုတဲ့ လူက ရပ်ကွက်ထဲက လူကြီးတွေနဲ့ အဆင်မပြေပါဘူး..အဆင်မပြေဆို ဒါမာက လူဖြောင့်တစ်ယောက်ဖြစ်ပြီး ဘယ်သူနဲ့မှလည်း အဆက်အဆံမရှိပါဘူး။ ဒါမာရဲ့ တစ်နေ့တာက စက်ရုံရယ် အိမ်ရယ် သူမုန့်ဝယ်နေကျဆိုင်ရယ်ပဲရှိတာပါ။ တစ်နေ့ကျတော့ ဒါမာရဲ့ ဘဝလေးထဲကို ခွေးပေါက်လေး တစ်ကောင်ရောက်လာပါတယ်။
ဒါမာဆီကို ခွေးလေးရောက်လာပုံကလည်း ဆန်းပါတယ်။ ဒါမာတို့ရပ်ကွက်က တိရစ္ဆာန်မွေးခွင့်မရှိတဲ့ ရပ်ကွက်ဖြစ်သလို ဒါမာကလည်း တစ်ရပ်ကွက်နဲ့ တစ်ယောက်ဆိုတော့ အားလုံးကဝိုင်းဖြဲကြပါလေရော။ ဒါပေမဲ့ ဒါမာရဲ့ ဒေါသအစွမ်းနဲ့ တစ်ရပ်ကွက်လုံးရဲ့ တိရစ္ဆာန်မမွေးရစည်းကမ်းလေးက ပပျောက်သွားခဲ့ရပါတယ်။ ဒါမာလည်း အဆိုပါခွေးလေးကို မွေးခွင့်ရလိုက်ပါတော့တယ်။
နောက်ပိုင်းမှာတော့ ဒါမာတစ်ယောက် အဆိုပါခွေးလေးကို ဘယ်လိုတွေသံယောဇဉ်တွယ်သွားပြီး သူ့စိတ်ကရော ထိုခွေးလေးကြောင့် ပြောင်းလဲသွားမှာလားဆိုတာ ကြည့်ရှုပေးကြပါဦး။
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
App ဒေါင်းလော့လုပ်ရန် -
https://bit.ly/44WaGEU
#New ပြသမည့်ရက်။ ။ ၈.၉.၂၀၂၃
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ ၉.၉.၂၀၂၃
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”

👍10😁1
နှစ်စဉ် ကမ္ဘာတဝှမ်း၌ ဒေါ်လာ ၄၂၃ ဘီလီယမ် ကုန်ကျစေသည့် ကျူးကျော်နှောင့်ယှက်သောမျိုးစိတ်များ
=================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥3
This media is not supported in your browser
VIEW IN TELEGRAM
Sep - 8 [ 7 Pm ] The Mizzima Primetime
Mizzima Headline News
#7pmnews #themizzimaprimetime #reels #shorts

👍13🍌2
ဓာတ်တိုင်ပေါ်တက် လျှပ်စစ်မီးကြိုးဖြတ်ခိုးသူ ဓာတ်လိုက်သေဆုံး
==================
007
(မဇ္စျိမ) ။ ။မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင် ယနေ့နံနက်အစောပိုင်းက လမ်းဘေးဓာတ်တိုင်ပေါ်တက်ပြီး လျှပ်စစ်မီးကြိုး တက်ဖြတ်သည့် အမျိုးသားတဦး ဓာတ်လိုက်ပြီး ပြုတ်ကျသေဆုံးခဲ့သည့်ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
“ဓာတ်ကြိုးတက်ဖြတ်ရင်း ပြုတ်ကျပြီးသေတာခင်ဗျ၊ နှစ်ယောက်လာတာ တယောက်က တိုင်ပေါ်တက်ဖြတ်ပြီး၊ နောက်တယောက်က အောက်ကနေအခြေအနေကြည့်ပေးတယ်၊ ပြုတ်ကျသေတဲ့လူကို ဆေးရုံကားနဲ့ရင်ခွဲရုံပို့တယ်၊ အောက်ကတယောက်ကိုတော့ ရဲကဖမ်းခေါ် သွားတယ်” ဟု ဖြစ်စဉ်သိရှိခဲ့သည့် ဒေသခံတဦးကပြောသည်။
ယနေ့ စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၂ နာရီခွဲအချိန်ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက်၊ ၅၄ လမ်းနှင့် ၁၀၇(ဒီ)လမ်းထောင့်အနီးရှိ လမ်းဘေးဓာတ်တိုင်ပေါ်မှ လျှပ်စစ်မီးကြိုးအား အသက် ၃၀ ၀န်းကျင်အရွယ် အမျိုးသားနှစ်ဦးက လာရောက် ခိုးယူခြင်းဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုက်အ၀န်းမှသိရသည်။
“စစ်ဆေးချက်အရ ဝါယာကြိုးလာခိုးတာလို့ပေါ်ပေါက်တယ်၊ သေသူကို လူမှုရေးကားနဲ့ရင်ခွဲရုံပို့ပြီး၊ နောက်တယောက်ကိုတော့ ဖမ်းပြီး၊ အောင်ပင် လယ်ရဲစခန်းမှာ အမှုဖွင့်ထားတယ်” ဟု ၎င်းနီးစပ်သူကပြောသည်။
လျှပ်စစ်မီးကြိုးခိုးယူသူနှစ်ဦးသည် ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်မှ ခန့်ကိုကို(ခ)အာလုံးနှင့် ဇာနည်ဖြိုး(ခ)ဇာကြီး ဆိုသူတို့ဖြစ်ပြီး၊ ဇာနည်ဖြိုး(ခ)ဇာကြီးသည် ဓာတ်တိုင်ပေါ်တက်ပြီး လျှပ်စစ်မီးကြိုးဖြတ်နေရင်း ဓာတ်လိုက်ပြီးပြုတ်ကျ သေဆုံးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
မန္တလေးမြို့တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း၊ စီးပွားရေးကျပ်တည်းလာမှုနှင့်အတူ၊ အန္တရာယ်ရှိသော လျှပ်စစ်မီးကြိုးဖြတ်ခိုးခြင်းများ မကြာခဏပေါ်ပေါက်နေပြီး၊ ယမန်နှစ် စက်တင်ဘာလ ၂၅ ရက်နေ့ကလည်း၊ ချမ်းမြသာစည်မြို့နယ် ၆၈ လမ်းနှင့် သိပ္ပံလမ်းထောင့်ရှိ လျှပ်စစ် ထရန်စဖော်မာပုံးအတွင်းရှိ ဓာတ်ကြိုးများအားဖြုတ်ခိုးနေသည့် အမျိုးသားတဦး ဓာတ်လိုက်ပြီး အပြင်းအထန်ဒဏ်ရာရခဲ့သည့်ဖြစ်စဉ်တခု ဖြစ်ပွားခဲ့သေးသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#မန္တလေးမြို့
#လျှပ်စစ်မီးကြိုး
#ချမ်းမြသာစည်မြို့နယ်
Photo - CJ

👍12😁2❤1
ကျောင်းသားလက်ရုံးတပ်တော်တပ်စုမှူး ရေကြောင်းတက္ကသိုလ်ကျောင်းသား ကျဆုံး
====================
မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။ရေကြောင်းတက္ကသိုလ် Nautical Science Major၏ စတုတ္ထနှစ်ကျောင်းသားတဦးဖြစ်သည့် ရဲဘော်သောမတ်စ်သည် ကျောင်းသားလက်ရုံးတပ်တော်တွင် တပ်စုမှူးတာဝန်ထမ်းဆောင်ရင်း စစ်ကောင်စီ၏ပစ်ခတ်မှုကြောင့် ကျဆုံးသွားခဲ့ရသည်ဟု ကျောင်းသားလက်ရုံးတပ်တော်က စက်တင်ဘာလ ၆ရက်နေ့တွင် တရားဝင်ထုတ်ပြန်သည်။
၂၀၂၃ခုနှစ် စက်တင်ဘာလ ၆ရက်နေ့တွင် စစ်ကိုင်းတိုင်း မုံရွာမြို့အနီး၌ တော်လှန်တာဝန်များထမ်းဆောင်ရင်း ကျဆုံးသွားခဲ့ရခြင်းဖြစ်သည်ဟု ကျောင်းသားလက်ရုံးတပ်တော်၏ ပြောရေးဆိုခွင့်ရှိသူ ကိုမင်းဟန်ထက်က မဇ္ဈိမကိုပြောသည်။
“ အဓိကအားဖြင့် စစ်ဆင်ရေးတခုရှိတယ်။ အဲဒီစစ်ဆင်ရေးမှာပဲ ရဲဘော်သောမတ်စ်ကို ရန်သူစစ်ကောင်စီတပ်တွေက ပစ်ဖမ်းဖမ်းလိုက်တဲ့အခြေအနေမျိုးရှိတယ်။ အဲဒီမှာ ရဲဘော်သောမတ်စ်ရဲ့ခြေထောက်ကိုထိသွားတယ်လို့ သိရတယ်။ ပြီးအခါမှာ ဝိုင်းပြီးတော့ဖမ်းဆီးတယ်။ ဖမ်းဆီးတဲ့အချိန်မှာ အညံ့ခံတာ အဖမ်းခံတာမျိုး မလုပ်ဘဲနဲ့ ပြန်ပြီးတော့ခုခံတယ်။ ခုခံတဲ့ အတွက်ပဲ အဲဒီနေရာမှာကျဆုံးခဲ့ရတယ်” ဟု ၎င်းကပြောသည်။
ကျောင်းသားလက်ရုံးတပ်တော်မှ ပေးအပ်လာသော အမိန့်နှင့်တာဝန်များကို မမှိတ်မသုန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် ရဲဘော်သောမတ်စ်ကို လေးမြတ်စွာဦးညွှတ်အလေးပြုသည်ဟု ကျောင်းသားလက်ရုံးတပ်တော်က ထုတ်ပြန်သည်။
ကျောင်းသားလက်ရုံးတပ်တော်ကို ၂၀၂၁ခုနှစ်ဧပြီလ ၂၇ရက်နေ့တွင် ကျောင်းသားသမဂ္ဂများက ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သော်လည်း တပ်ဖွဲ့ဝင်များတွင် ကျောင်းသားများသာမက အလုပ်သမားများ၊ လယ်သမားများနှင့် အခြားအလွှာစုံအသီးသီးမှ အသက်အရွယ်ပေါင်းစုံ ပါဝင်ကြောင်း သိရသည်။
ကျောင်းသားများအနေဖြင့် တပ်တော်ဖွဲ့စည်းရာတွင် စစ်ရေးရည်မှန်းချက်များသာမက နိုင်ငံရေး ရည်မှန်း ချက်များ ပါရှိသည်ကိုတွေ့ရပြီး အာဏာရှင်စနစ် အကြွင်းမဲ့ ပျက်သုဉ်းရေး ၊ နိုင်ငံတော်တရပ် အောင်မြင်စွာ ထူထောင်နိုင်ရေး နှင့် လူမျိုးစုအသီးသီး၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စံနှုန်းများ ၊ နိုင်ငံသား တဦးချင်းစီ၏ လွတ်လပ်မှု ၊ တရားမျှတမှု နှင့် တန်းတူညီမျှမှုစံနှုန်းများ အပြည့်အဝ ရရှိစေရေးတို့သည် ကျောင်းသားလက်ရုံးတပ်တော်၏ နိုင်ငံရေးရည်မှန်းချက်များ ဖြစ်သည်ဟုဆိုသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ကျောင်းသားလက်ရုံးတပ်တော်
#တပ်စုမှူး
#ရေကြောင်းတက္ကသိုလ်

#mizzima – Explore
explore #mizzima at Facebook
😢20👍3😁2
ဆော်ဒီကလပ်တွေ အပြောင်းအရွှေ့ဈေးကွက်မှာ ဒေါ်လာ ၉၅၇ သန်း သုံးစွဲခဲ့ - Deloitte
=====================
By PKThawn
ဆော်ဒီအာရေးဗီးယားဘောလုံးကလပ်တွေဟာ နွေရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမားတွေအတွက် ကန်ဒေါ်လာ ၉၅၇ သန်း သုံးစွဲခဲ့ပြီး အသားတင်အသုံးစရိတ် ဒေါ်လာ ၉၀၇ သန်းနဲ့အတူ အင်္ဂလန်ပရီးမီးယားလိဂ်ပြီးရင် ဒုတိယမြောက်ဖြစ်တယ်လို့ Deloitte က သောကြာနေ့မှာ ပြောပါတယ်။
နေမာနဲ့ ကာရင် ဘန်ဇီမာတို့လို ကြယ်ပွင့်ကစားသမားတွေဟာ ဥရောပထိပ်တန်းလိဂ် ၅ ခုမှ ၃၇ ဦးအပါအဝင် ပြည်ပကနေ ခေါ်ယူမှု ၉၄ ဦးထဲ ပါဝင်ခဲ့တယ်လို့ ဘဏ္ဍာရေးအတိုင်ပင်ခံရဲ့ အားကစားစီးပွားရေးအုပ်စုက ပြောပါတယ်။
ဆော်ဒီအသင်းတွေဆီကနေ ဒေါ်လာ ၃၁၂ သန်းအပါအဝင် နိုင်ငံရပ်ခြား ပြောင်းရွှေ့ကြေးဒေါ်လာ ၆၉၈ သန်းရရှိခဲ့တဲ့ အင်္ဂလိပ်ပရီးမီးယားလိဂ်ကလပ်တွေနဲ့အတူ ဆော်ဒီပရိုလိဂ်ရဲ့ အပြောင်းအရွှေ့အများစုက လုပ်ဆောင်ခဲ့တာပါ။
ကစားသမားတွေရောင်းချတာကနေ ရရှိတဲ့ ငွေကြေးကို နုတ်ယူထားတဲ့ ပရိုလိဂ်ရဲ့ အသားတင်အသုံးစရိတ်မှာ ကန်ဒေါ်လာ ၉၀၇ သန်းရှိခဲ့ပြီး ဒါက ပရီးမီးယားလိဂ်ရဲ့ အသားတင်အသုံးစရိတ် ကန်ဒေါ်လာ ၁.၃၉ ဘီလီယံရဲ့ နောက်မှာ တည်ရှိနေပါတယ်။
ဆော်ဒီကလပ်တွေဟာ ပြင်သစ်လီဂူး-ဝမ်းမှာ ဒေါ်လာ ၁၄၈ သန်း၊ အီတလီစီးရီးအေမှာ ဒေါ်လာ ၁၂၂ သန်း၊ စပိန်လာလီဂါမှာ ၁၁၆ ဒေါ်လာနဲ့ ဂျာမနီဘွန်ဒက်စ်လီဂါမှာ ဒေါ်လာ ၃၂ သန်းသုံးစွဲခဲ့တယ်လို့ Deloitte က ပြောပါတယ်။
ကြီး ၅ ကြီးရဲ့ စုစုပေါင်းအသုံးစရိတ် ဒေါ်လာ ၆.၁ ဘီလီယံရှိပြီး ပြီးခဲ့တဲ့ နွေရာသီက ကန်ဒေါ်လာ ၄.၈၅ ဘီလီယံထက် လေးပုံတစ်ပုံခန့် ပိုမိုများပြားပေမယ့်လည်း ဒါဟာ ဆော်ဒီပရိုလိဂ်ကြောင့် မြင့်တက်လာခဲ့တာပါ။
အစိုးရရဲ့ ရေနံထောက်ပံ့တဲ့ Public Investment Fund က ပိုင်ဆိုင်တဲ့ အသင်း ၄ သင်းအပါအဝင် ပရိုလိဂ်ဟာ နိုင်ငံရဲ့ ရည်မှန်းချက်ကြီးတဲ့ စီးပွားရေး ကွဲပြားမှု အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် လိဂ်ကို ပြန်လည်မွမ်းမံဖို့အတွက် ကစားသမားတွေကို ဝယ်ယူလျက်ရှိပါတယ်။
ဇန်နဝါရီလက ရီယော့ဒ်ကို နှစ်နှစ်ခွဲ စာချုပ်နဲ့ ရောက်ရှိလာခဲ့တဲ့ ပေါ်တူဂီစူပါစတား ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ခေါ်ယူမှု စုစုပေါင်း ယူရို သန်း ၄၀၀ မှာ Deloitte ရဲ့ ကိန်းဂဏန်းထဲ မပါဝင်ပါဘူး။
အားကစားစီးပွားရေးလုပ်ငန်းအုပ်စုရဲ့ Izzy Wray က နိုင်ငံတကာလိဂ်တစ်ခုဟာ အပြောင်းအရွှေ့ဈေးကွက်မှာ ဥရောပရဲ့ ဘယ်ကြီး ၅ ကြီးကိုမဆို ကျော်တက်သွားတာက ၂၀၁၆ ခုနှစ်နောက်ပိုင်း ဒါဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ပြောပါတယ်။
"ဆော်ဒီပရိုလိဂ်ကလပ်တွေရဲ့ ရည်မှန်းချက်ကြီးတဲ့ ကစားသမားဝယ်ယူမှုအရေအတွက်နဲ့ ခေါ်ယူစာချုပ်ထားတဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ဟာ SPL ကို ကမ္ဘာ့အဆင့်ထိပ်တန်းဘောလုံးလိဂ်တစ်ခုအဖြစ် ဦးဆောင်လာစေအောင် တွန်းအားပေးဖို့ နိုင်ငံတော်ရဲ့ ကတိကဝတ်ကို ပြသနေတယ်"လို့ Wray က ပြောပါတယ်။
"ဒါဟာ ဆော်ဒီပရိုလိဂ် ပရောဂျက်ရဲ့ ပထမအဆင့်လို့ ခေါ်တဲ့ အစောပိုင်းကာလပဲရှိသေးပြီး ပြီးခဲ့တဲ့ရာသီကနဲ့ နှိုင်းယှဉ်ရင် လိဂ်ရဲ့ပျမ်းမျှအသက်အရွယ် ကျဆင်းမှုကလည်း အနာဂတ်အမြင်ကို ထင်ဟပ်နေပါတယ်။"
ကစားသမားတွေရဲ့ အရည်အသွေး၊ ကွင်းလာရောက်ကြည့်ရှုမှုနဲ့ စီးပွားရေးအရ အောင်မြင်မှုတို့ကို တိုင်းတာတဲ့ ကမ္ဘာ့ထိပ်တန်းပြည်တွင်းဘောလုံးပြိုင်ပွဲ ၅ ခုအနက်မှ အရင်က သတ်မှတ်မထားတဲ့ ပရိုလိဂ်ကိုတစ်ခုဖြစ်လာအောင် ဆော်ဒီတာဝန်ရှိသူတွေက ပစ်မှတ်ထားလုပ်ဆောင်နေတာပဲဖြစ်ပါတယ်။
(AFP)
Photo: Twitter
#SaudiProLeague #ဆော်ဒီပရိုလိဂ်

👍8🔥1
စစ်ကိုင်း စစ်ဘေးရှောင်များအတွက် မြွေဆိပ်ဖြေဆေးများလိုအပ်၊ စစ်ကောင်ဆီက အာဆီယံသို့ မြွေဆိပ်ဖြေဆေးများ တင်ပို့ရန် စီစဥ်
❤4👍1
စစ်ကိုင်း စစ်ဘေးရှောင်များအတွက် မြွေဆိပ်ဖြေဆေးများလိုအပ်၊ စစ်ကောင်ဆီက အာဆီယံသို့ မြွေဆိပ်ဖြေဆေးများ တင်ပို့ရန် စီစဥ်
==================
ကိုခင်မောင်
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်းတွင် စစ်ဘေးရှောင်များအတွက် မြွေဆိပ်ဖြေဆေးများ လိုအပ်လျက်ပြီး ယခု ၂၀၂၃ ခုနှစ်အတွင်း မြွေဆိုးကိုက်ခံရသူဦးရေ ၁၀၀ ကျော်ရှိပြီဖြစ်ကြောင်း
ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့( ကန့်ဘလူခရိုင်)ထံက သိရသည်။
ထိုအချိန်တွင် စစ်ကောင်စီ လက်အောက်ခံ မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာအောင်ခိုင်က အေးခဲအခြောက်ခံစက် အသစ် လည်ပတ်ပါက မြွေဆိပ်ဖြေဆေး ၂၀၀,၀၀၀ ထိတိုးမြှင့်ထုတ်လုပ်ပြီး အာဆီယံနိုင်ငံများသို့ တင်ပို့မည်ဖြစ်ကြောင်း ပြောကြားထားသည်ကို စစ်ကောင်စီလက်အောက်ခံ သတင်းစာတွင် သြဂုတ်လအတွင်းက ဖော်ပြထားသည်။ ထို မြွေဆိပ်ဖြေဆေး အေးခဲအခြောက်ခံစက် အသစ်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အင်းစိန် BPI တွင် စတင်လည်ပတ်ရန် ဩဂုတ်၁၄ရက်က ဖွင့်လှစ်ခဲ့သည်။
" မြေပြင်မှာတော့ မြွေဆိပ်ဖြေဆေး လိုအပ်ချက်ကမြင့်တယ်ဗျ။ မြွေကိုက်လူနာတဦးကို BPI- နှစ်လုံး အနည်းဆုံးထိုးရတယ်။ စစ်ကောင်စီဘက်က အကုန်ပိတ်ပင်ပြီး ထိန်းချုပ်ထားတော့ မြန်မာထုတ် BPI မြွေဆိပ်ဖြေဆေးက ဈေးများသလို ဝယ်ရခက်တယ်ဗျ။ အိန္ဒိယမြွေဆိပ်ဖြေဆေးလည်း ဝယ်ရခက်ပါတယ် ။ မြေပြင်မှာ လိုအပ်ချက်ရှိတော့ အတတ်နိုင်ဆုံး ရှာဝယ်ကြရတာပါပဲ။မြွေဆိပ်ဖြေဆေးကတော့ လိုအပ်နေဆဲပါ " ကျွန်းလှ -ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။
မြွေဆိုးကိုက်ခံရသူများကို မြွေဆိပ်ဖြေဆေး အနည်းဆုံး နှစ်လုံးမှ အများဆုံး အလုံး ၂၀ ကျော်အထိ ထိုးပေးရပြီး မြွေဆိပ်ဖြေဆေးမှာ အမြဲလိုအပ်လျက်ရှိကြောင်း သိရသည်။
BPI မြွေဆိပ်ဖြေဆေး စျေးနှုန်းမှာ ကျပ် ၁၃၀,၀၀၀ ဝန်းကျင်ရှိပြီး အိန္ဒိယ မြွေဆိပ်ဖြေဆေး စျေးနှုန်းမှာ ၅၀,၀၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။
မြွေဆိုးကိုက်ခံရသူဦးရေမှာ စက်တင်ဘာလမှ ဧပြီလအထိ ၆၁ ဦး၊ မေလတွင် ရှစ်ဦး ၊ ဇွန်လတွင် ၁၁ ဦး၊ ဇူလိုင်လတွင် ၁၂ ဦးနှင့် သြဂုတ်လတွင် ၁၂ ဦး ၊ စက်တင်ဘာလ ၁ ရက်မှ ၄ ရက်အတွင်း နှစ်ဦး စုစုပေါင်း - ၁၀၆ ဦး ရှိသည့်အနက် ၁၀ ဦး ဝန်းကျင်မှာ အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။ ထိုစာရင်းမှာ ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့၏ စာရင်းများအရသာဖြစ်ပြီး လက်တွေ့မြေပြင်တွင် ထိုထက်များပြားနိုင်ကြောင်း ထိုအဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကို ပြောကြားထားဖူးသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်ကပင် စစ်ဘေးရှောင်နှစ်ဦး မြွေဆိုးကိုက်ခံခဲ့ရပြီး အမျိုးသမီးတစ်ဦးသေဆုံးသွားခဲ့ကြောင်း စက်တင်ဘာလ ၇ရက်နေ့တွင် ထိုအဖွဲ့က ထုတ်ပြန်သည်။
သေဆုံးသူအမျိုးသမီးမှာ အသက် ၃၈ နှစ် အရွယ် မမာရီဖြစ်ပြီး အချိန်မီ ဆေးကုသခွင့်မရရှိဘဲ အသက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကန့်ဘလူခရိုင်သည် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးခြင်းကို အမြဲလိုလိုခံရပြီး တိုက်နယ် ရှစ်ခုအနက် တိုက်နယ် ခုနစ်ခုမှ ကျေးရွာအများစုမှာ နီးစပ်ရာတောထဲတွင် ယာယီတဲထိုးကာ နေထိုင်ရ၍ မြွေဆိုးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့ရလေ့ရှိကြောင်း သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#မြွေဆိပ်ဖြေဆေး
# စစ်ဘေးရှောင်

👍16❤1