Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.6K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဘရာဇီးလ်မီဒီယာမှာ မန်ယူကစားသမား အန်တိုနီကို နောက်ထပ် ကိုယ်ထိလက်ရောက်နှိပ်စက်မှုနဲ့ စွပ်စွဲ
=================

By PKThawn
မန်ချက်စတာယူနိုက်တက်ရဲ့ အန်တိုနီဟာ နောက်ထပ်ကိုယ်ထိလက်ရောက်နှိပ်စက်မှု စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ အမျိုးသမီးတစ်ဦးကနေ ဘရာဇီးလ်တီဗီချန်နယ်တစ်ခုနဲ့ အင်တာဗျူးတစ်ခုမှာ ပြောဆိုခဲ့တာပါ။

သူ့ရည်းစားဟောင်းကို အိမ်တွင်းအကြမ်းဖက်မှုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။

ဘရာဇီးသတင်းဌာန UOL က အန်တိုနီရဲ့ ပါတနာဟောင်းရဲ့ စွပ်စွဲချက်တွေကို တနင်္လာနေ့က ထုတ်ပြန်ခဲ့ပါတယ်။
ဆော်ပေါ်လို ရဲတပ်ဖွဲ့ကလည်း အဲဒီတိုင်ကြားချက်ကို စုံစမ်းစစ်ဆေးနေပြီး အန်တိုနီကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

အခုအချိန်မှာ အသက် ၃၃ နှစ်အရွယ် ဘဏ်လုပ်ငန်းရှင် အဂရစ် လာနာက ၂၀၂၂ အောက်တိုဘာလမှာ မန်ချက်စတာရှိ သူ့အိမ်မှာ အန်ထော်နီက "နံရံနဲ့ တွန်းတိုက်"လိုက်ချိန်မှာ သူမ ခေါင်းကို ထိခဲ့ကြောင်း ဘရာဇီးလ်ရဲ့ Record TV မှ ထုတ်လွှတ်ခဲ့တဲ့ ဗီဒီယိုအတိုဖိုင်တစ်ခုမှာ အခိုင်အမာ ပြောထားပါတယ်။ လာနာနဲ့ အင်တာဗျူးအပြည့်အစုံကို အခုသီတင်းပတ်ကုန်မှာ ဘရာဇီးလ်မှာ ထုတ်လွှင့်သွားဖို့ ရှိပါတယ်။

မန်ချက်စတာယူနိုက်တက်က တနင်္လာနေ့ရဲ့ စွပ်စွဲချက်တွေကို "အလေးအနက်"ထားပြီး ဘရာဇီးလ်အသင်းကလည်း သူ့ကို အသင်းလူစာရင်းကနေ ထုတ်ပယ်ခဲ့ပါတယ် ။ သရဲနီတွေဟာ စက်တင်ဘာလ ၁၆ ရက်နေ့ စနေနေ့မှာ ဘရိုက်တန်အသင်းနဲ့ ကစားမယ့် သူတို့ရဲ့လာမယ့်ပွဲစဉ်အတွက် အန်တိုနီကို ရွေးချယ်သွားမလား မရွေးချယ်သွားဘူးလားဆိုတာ မှတ်ချက်ပေးတာ မရှိပါဘူး။

အန်တိုနီဟာ ဇန်နဝါရီ ၁၅ ရက်က မန်ချက်စတာရှိ ဟိုတယ်ခန်းတစ်ခုမှာ သူ့ရဲ့ရည်းစားဟောင်း ဂါဘရီလာ ကာဗာလင်ကို "ခေါင်းဖြင့်" တိုက်ခိုက်ခဲ့တယ်လို့လည်း စွပ်စွဲခံခဲ့ရပါတယ်။ သူမဟာ ခေါင်းကွဲသွားတာကြောင့် ဆရာဝန်ထံကနေ ဆေးကုသမှုခံယူခဲ့ပါတယ်။
ရင်ဘတ်ကို လက်သီးနဲ့လည်း သူမ အထိုးခံခဲ့ရာ အစားထိုးထားတဲ့ ဆီလီကွန်ရင်သား ပျက်စီးသွားတာကြောင့် ခွဲစိတ်ကုသမှုခံယူခဲ့ရတယ်လို့ သူမက စွပ်စွဲခဲ့ပါတယ်။

ကာဗာလင်ရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ ဆိုရှယ်မီဒီယာပေါ်မှာ အန်တိုနီက “စွပ်စွဲချက်တွေဟာ မှားယွင်းကြောင်း အေးအေးဆေးဆေးပြောနိုင်တယ်၊ ထုတ်ပြန်ပြီးသား အထောက်အထားတွေနဲ့ ထုတ်ရမယ့် တခြားအထောက်အထားတွေက စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ကျနော် အပြစ်မရှိဘူးဆိုတာကို သက်သေပြနိုင်တယ်” လို့ အရင်က ဆိုထားပါတယ်။

အေဂျက်တောင်ပံကစားသမားဟောင်းက သူ့ရဲ့ ရည်းစားဟောင်း ကာဗာလင်ရဲ့ အိမ်တွင်းအကြမ်းဖက်တယ်ဆိုတာက သူ့ကို မှားယွင်းစွပ်စွဲခဲ့တာဖြစ်တယ်ဆိုပြီး ဇွန်လအတွင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

Photos: Daily Mail and The Sun

#Antony #manchesterunited
👍12🔥3👏1
​​777 Charlie
============

အိန္ဒိယနိုင်ငံရဲ့ ပထမဦးဆုံး ရုပ်ရှင်ထူးချွန်ဆု ချီးမြင့်ခံရတဲ့ ခွေးလေး Charlie ရဲ့ဇာတ်ကား

ဒါမာဆိုတဲ့ လူက ရပ်ကွက်ထဲက လူကြီးတွေနဲ့ အဆင်မပြေပါဘူး..အဆင်မပြေဆို ဒါမာက လူဖြောင့်တစ်ယောက်ဖြစ်ပြီး ဘယ်သူနဲ့မှလည်း အဆက်အဆံမရှိပါဘူး။ ဒါမာရဲ့ တစ်နေ့တာက စက်ရုံရယ် အိမ်ရယ် သူမုန့်ဝယ်နေကျဆိုင်ရယ်ပဲရှိတာပါ။ တစ်နေ့ကျတော့ ဒါမာရဲ့ ဘဝလေးထဲကို ခွေးပေါက်လေး တစ်ကောင်ရောက်လာပါတယ်။

ဒါမာဆီကို ခွေးလေးရောက်လာပုံကလည်း ဆန်းပါတယ်။ ဒါမာတို့ရပ်ကွက်က တိရစ္ဆာန်မွေးခွင့်မရှိတဲ့ ရပ်ကွက်ဖြစ်သလို ဒါမာကလည်း တစ်ရပ်ကွက်နဲ့ တစ်ယောက်ဆိုတော့ အားလုံးကဝိုင်းဖြဲကြပါလေရော။ ဒါပေမဲ့ ဒါမာရဲ့ ဒေါသအစွမ်းနဲ့ တစ်ရပ်ကွက်လုံးရဲ့ တိရစ္ဆာန်မမွေးရစည်းကမ်းလေးက ပပျောက်သွားခဲ့ရပါတယ်။ ဒါမာလည်း အဆိုပါခွေးလေးကို မွေးခွင့်ရလိုက်ပါတော့တယ်။

နောက်ပိုင်းမှာတော့ ဒါမာတစ်ယောက် အဆိုပါခွေးလေးကို ဘယ်လိုတွေသံယောဇဉ်တွယ်သွားပြီး သူ့စိတ်ကရော ထိုခွေးလေးကြောင့် ပြောင်းလဲသွားမှာလားဆိုတာ ကြည့်ရှုပေးကြပါဦး။
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် -
https://bit.ly/44WaGEU

#New ပြသမည့်ရက်။ ။ ၈.၉.၂၀၂၃
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ ၉.၉.၂၀၂၃
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍10😁1
​​နှစ်စဉ် ကမ္ဘာတဝှမ်း၌ ဒေါ်လာ ၄၂၃ ဘီလီယမ် ကုန်ကျစေသည့် ကျူးကျော်နှောင့်ယှက်သောမျိုးစိတ်များ
=================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥3
This media is not supported in your browser
VIEW IN TELEGRAM
Sep - 8 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
👍13🍌2
​​ဓာတ်တိုင်ပေါ်တက် လျှပ်စစ်မီးကြိုးဖြတ်ခိုးသူ ဓာတ်လိုက်သေဆုံး
==================

007
(မဇ္စျိမ) ။ ။မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင် ယနေ့နံနက်အစောပိုင်းက လမ်းဘေးဓာတ်တိုင်ပေါ်တက်ပြီး လျှပ်စစ်မီးကြိုး တက်ဖြတ်သည့် အမျိုးသားတဦး ဓာတ်လိုက်ပြီး ပြုတ်ကျသေဆုံးခဲ့သည့်ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

“ဓာတ်ကြိုးတက်ဖြတ်ရင်း ပြုတ်ကျပြီးသေတာခင်ဗျ၊ နှစ်ယောက်လာတာ တယောက်က တိုင်ပေါ်တက်ဖြတ်ပြီး၊ နောက်တယောက်က အောက်ကနေအခြေအနေကြည့်ပေးတယ်၊ ပြုတ်ကျသေတဲ့လူကို ဆေးရုံကားနဲ့ရင်ခွဲရုံပို့တယ်၊ အောက်ကတယောက်ကိုတော့ ရဲကဖမ်းခေါ် သွားတယ်” ဟု ဖြစ်စဉ်သိရှိခဲ့သည့် ဒေသခံတဦးကပြောသည်။

ယနေ့ စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၂ နာရီခွဲအချိန်ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက်၊ ၅၄ လမ်းနှင့် ၁၀၇(ဒီ)လမ်းထောင့်အနီးရှိ လမ်းဘေးဓာတ်တိုင်ပေါ်မှ လျှပ်စစ်မီးကြိုးအား အသက် ၃၀ ၀န်းကျင်အရွယ် အမျိုးသားနှစ်ဦးက လာရောက် ခိုးယူခြင်းဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုက်အ၀န်းမှသိရသည်။

“စစ်ဆေးချက်အရ ဝါယာကြိုးလာခိုးတာလို့ပေါ်ပေါက်တယ်၊ သေသူကို လူမှုရေးကားနဲ့ရင်ခွဲရုံပို့ပြီး၊ နောက်တယောက်ကိုတော့ ဖမ်းပြီး၊ အောင်ပင် လယ်ရဲစခန်းမှာ အမှုဖွင့်ထားတယ်” ဟု ၎င်းနီးစပ်သူကပြောသည်။

လျှပ်စစ်မီးကြိုးခိုးယူသူနှစ်ဦးသည် ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်မှ ခန့်ကိုကို(ခ)အာလုံးနှင့် ဇာနည်ဖြိုး(ခ)ဇာကြီး ဆိုသူတို့ဖြစ်ပြီး၊ ဇာနည်ဖြိုး(ခ)ဇာကြီးသည် ဓာတ်တိုင်ပေါ်တက်ပြီး လျှပ်စစ်မီးကြိုးဖြတ်နေရင်း ဓာတ်လိုက်ပြီးပြုတ်ကျ သေဆုံးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

မန္တလေးမြို့တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း၊ စီးပွားရေးကျပ်တည်းလာမှုနှင့်အတူ၊ အန္တရာယ်ရှိသော လျှပ်စစ်မီးကြိုးဖြတ်ခိုးခြင်းများ မကြာခဏပေါ်ပေါက်နေပြီး၊ ယမန်နှစ် စက်တင်ဘာလ ၂၅ ရက်နေ့ကလည်း၊ ချမ်းမြသာစည်မြို့နယ် ၆၈ လမ်းနှင့် သိပ္ပံလမ်းထောင့်ရှိ လျှပ်စစ် ထရန်စဖော်မာပုံးအတွင်းရှိ ဓာတ်ကြိုးများအားဖြုတ်ခိုးနေသည့် အမျိုးသားတဦး ဓာတ်လိုက်ပြီး အပြင်းအထန်ဒဏ်ရာရခဲ့သည့်ဖြစ်စဉ်တခု ဖြစ်ပွားခဲ့သေးသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မန္တလေးမြို့
#လျှပ်စစ်မီးကြိုး
#ချမ်းမြသာစည်မြို့နယ်
Photo - CJ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😁2❤1
ကျောင်းသားလက်ရုံးတပ်တော်တပ်စုမှူး ရေကြောင်းတက္ကသိုလ်ကျောင်းသား ကျဆုံး
😢18😁2👍1
ကျောင်းသားလက်ရုံးတပ်တော်တပ်စုမှူး ရေကြောင်းတက္ကသိုလ်ကျောင်းသား ကျဆုံး
====================

မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။ရေကြောင်းတက္ကသိုလ် Nautical Science Major၏ စတုတ္ထနှစ်ကျောင်းသားတဦးဖြစ်သည့် ရဲဘော်သောမတ်စ်သည် ကျောင်းသားလက်ရုံးတပ်တော်တွင် တပ်စုမှူးတာဝန်ထမ်းဆောင်ရင်း စစ်ကောင်စီ၏ပစ်ခတ်မှုကြောင့် ကျဆုံးသွားခဲ့ရသည်ဟု ကျောင်းသားလက်ရုံးတပ်တော်က စက်တင်ဘာလ ၆ရက်နေ့တွင် တရားဝင်ထုတ်ပြန်သည်။

၂၀၂၃ခုနှစ် စက်တင်ဘာလ ၆ရက်နေ့တွင် စစ်ကိုင်းတိုင်း မုံရွာမြို့အနီး၌ တော်လှန်တာဝန်များထမ်းဆောင်ရင်း ကျဆုံးသွားခဲ့ရခြင်းဖြစ်သည်ဟု ကျောင်းသားလက်ရုံးတပ်တော်၏ ပြောရေးဆိုခွင့်ရှိသူ ကိုမင်းဟန်ထက်က မဇ္ဈိမကိုပြောသည်။

“ အဓိကအားဖြင့် စစ်ဆင်ရေးတခုရှိတယ်။ အဲဒီစစ်ဆင်ရေးမှာပဲ ရဲဘော်သောမတ်စ်ကို ရန်သူစစ်ကောင်စီတပ်တွေက ပစ်ဖမ်းဖမ်းလိုက်တဲ့အခြေအနေမျိုးရှိတယ်။ အဲဒီမှာ ရဲဘော်သောမတ်စ်ရဲ့ခြေထောက်ကိုထိသွားတယ်လို့ သိရတယ်။ ပြီးအခါမှာ ဝိုင်းပြီးတော့ဖမ်းဆီးတယ်။ ဖမ်းဆီးတဲ့အချိန်မှာ အညံ့ခံတာ အဖမ်းခံတာမျိုး မလုပ်ဘဲနဲ့ ပြန်ပြီးတော့ခုခံတယ်။ ခုခံတဲ့ အတွက်ပဲ အဲဒီနေရာမှာကျဆုံးခဲ့ရတယ်” ဟု ၎င်းကပြောသည်။

ကျောင်းသားလက်ရုံးတပ်တော်မှ ပေးအပ်လာသော အမိန့်နှင့်တာဝန်များကို မမှိတ်မသုန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် ရဲဘော်သောမတ်စ်ကို လေးမြတ်စွာဦးညွှတ်အလေးပြုသည်ဟု ကျောင်းသားလက်ရုံးတပ်တော်က ထုတ်ပြန်သည်။

ကျောင်းသားလက်ရုံးတပ်တော်ကို ၂၀၂၁ခုနှစ်ဧပြီလ ၂၇ရက်နေ့တွင် ကျောင်းသားသမဂ္ဂများက ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သော်လည်း တပ်ဖွဲ့ဝင်များတွင် ကျောင်းသားများသာမက အလုပ်သမားများ၊ လယ်သမားများနှင့် အခြားအလွှာစုံအသီးသီးမှ အသက်အရွယ်ပေါင်းစုံ ပါဝင်ကြောင်း သိရသည်။

ကျောင်းသားများအနေဖြင့် တပ်တော်ဖွဲ့စည်းရာတွင် စစ်ရေးရည်မှန်းချက်များသာမက နိုင်ငံရေး ရည်မှန်း ချက်များ ပါရှိသည်ကိုတွေ့ရပြီး အာဏာရှင်စနစ် အကြွင်းမဲ့ ပျက်သုဉ်းရေး ၊ နိုင်ငံတော်တရပ် အောင်မြင်စွာ ထူထောင်နိုင်ရေး နှင့် လူမျိုးစုအသီးသီး၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စံနှုန်းများ ၊ နိုင်ငံသား တဦးချင်းစီ၏ လွတ်လပ်မှု ၊ တရားမျှတမှု နှင့် တန်းတူညီမျှမှုစံနှုန်းများ အပြည့်အဝ ရရှိစေရေးတို့သည် ကျောင်းသားလက်ရုံးတပ်တော်၏ နိုင်ငံရေးရည်မှန်းချက်များ ဖြစ်သည်ဟုဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကျောင်းသားလက်ရုံးတပ်တော်
#တပ်စုမှူး
#ရေကြောင်းတက္ကသိုလ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢20👍3😁2
​​ဆော်ဒီကလပ်တွေ အပြောင်းအရွှေ့ဈေးကွက်မှာ ဒေါ်လာ ၉၅၇ သန်း သုံးစွဲခဲ့ - Deloitte
=====================

By PKThawn
ဆော်ဒီအာရေးဗီးယားဘောလုံးကလပ်တွေဟာ နွေရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမားတွေအတွက် ကန်ဒေါ်လာ ၉၅၇ သန်း သုံးစွဲခဲ့ပြီး အသားတင်အသုံးစရိတ် ဒေါ်လာ ၉၀၇ သန်းနဲ့အတူ အင်္ဂလန်ပရီးမီးယားလိဂ်ပြီးရင် ဒုတိယမြောက်ဖြစ်တယ်လို့ Deloitte က သောကြာနေ့မှာ ပြောပါတယ်။

နေမာနဲ့ ကာရင် ဘန်ဇီမာတို့လို ကြယ်ပွင့်ကစားသမားတွေဟာ ဥရောပထိပ်တန်းလိဂ် ၅ ခုမှ ၃၇ ဦးအပါအဝင် ပြည်ပကနေ ခေါ်ယူမှု ၉၄ ဦးထဲ ပါဝင်ခဲ့တယ်လို့ ဘဏ္ဍာရေးအတိုင်ပင်ခံရဲ့ အားကစားစီးပွားရေးအုပ်စုက ပြောပါတယ်။

ဆော်ဒီအသင်းတွေဆီကနေ ဒေါ်လာ ၃၁၂ သန်းအပါအဝင် နိုင်ငံရပ်ခြား ပြောင်းရွှေ့ကြေးဒေါ်လာ ၆၉၈ သန်းရရှိခဲ့တဲ့ အင်္ဂလိပ်ပရီးမီးယားလိဂ်ကလပ်တွေနဲ့အတူ ဆော်ဒီပရိုလိဂ်ရဲ့ အပြောင်းအရွှေ့အများစုက လုပ်ဆောင်ခဲ့တာပါ။

ကစားသမားတွေရောင်းချတာကနေ ရရှိတဲ့ ငွေကြေးကို နုတ်ယူထားတဲ့ ပရိုလိဂ်ရဲ့ အသားတင်အသုံးစရိတ်မှာ ကန်ဒေါ်လာ ၉၀၇ သန်းရှိခဲ့ပြီး ဒါက ပရီးမီးယားလိဂ်ရဲ့ အသားတင်အသုံးစရိတ် ကန်ဒေါ်လာ ၁.၃၉ ဘီလီယံရဲ့ နောက်မှာ တည်ရှိနေပါတယ်။

ဆော်ဒီကလပ်တွေဟာ ပြင်သစ်လီဂူး-ဝမ်းမှာ ဒေါ်လာ ၁၄၈ သန်း၊ အီတလီစီးရီးအေမှာ ဒေါ်လာ ၁၂၂ သန်း၊ စပိန်လာလီဂါမှာ ၁၁၆ ဒေါ်လာနဲ့ ဂျာမနီဘွန်ဒက်စ်လီဂါမှာ ဒေါ်လာ ၃၂ သန်းသုံးစွဲခဲ့တယ်လို့ Deloitte က ပြောပါတယ်။

ကြီး ၅ ကြီးရဲ့ စုစုပေါင်းအသုံးစရိတ် ဒေါ်လာ ၆.၁ ဘီလီယံရှိပြီး ပြီးခဲ့တဲ့ နွေရာသီက ကန်ဒေါ်လာ ၄.၈၅ ဘီလီယံထက် လေးပုံတစ်ပုံခန့် ပိုမိုများပြားပေမယ့်လည်း ဒါဟာ ဆော်ဒီပရိုလိဂ်ကြောင့် မြင့်တက်လာခဲ့တာပါ။

အစိုးရရဲ့ ရေနံထောက်ပံ့တဲ့ Public Investment Fund က ပိုင်ဆိုင်တဲ့ အသင်း ၄ သင်းအပါအဝင် ပရိုလိဂ်ဟာ နိုင်ငံရဲ့ ရည်မှန်းချက်ကြီးတဲ့ စီးပွားရေး ကွဲပြားမှု အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် လိဂ်ကို ပြန်လည်မွမ်းမံဖို့အတွက် ကစားသမားတွေကို ဝယ်ယူလျက်ရှိပါတယ်။

ဇန်နဝါရီလက ရီယော့ဒ်ကို နှစ်နှစ်ခွဲ စာချုပ်နဲ့ ရောက်ရှိလာခဲ့တဲ့ ပေါ်တူဂီစူပါစတား ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ခေါ်ယူမှု စုစုပေါင်း ယူရို သန်း ၄၀၀ မှာ Deloitte ရဲ့ ကိန်းဂဏန်းထဲ မပါဝင်ပါဘူး။

အားကစားစီးပွားရေးလုပ်ငန်းအုပ်စုရဲ့ Izzy Wray က နိုင်ငံတကာလိဂ်တစ်ခုဟာ အပြောင်းအရွှေ့ဈေးကွက်မှာ ဥရောပရဲ့ ဘယ်ကြီး ၅ ကြီးကိုမဆို ကျော်တက်သွားတာက ၂၀၁၆ ခုနှစ်နောက်ပိုင်း ဒါဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ပြောပါတယ်။

"ဆော်ဒီပရိုလိဂ်ကလပ်တွေရဲ့ ရည်မှန်းချက်ကြီးတဲ့ ကစားသမားဝယ်ယူမှုအရေအတွက်နဲ့ ခေါ်ယူစာချုပ်ထားတဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ဟာ SPL ကို ကမ္ဘာ့အဆင့်ထိပ်တန်းဘောလုံးလိဂ်တစ်ခုအဖြစ် ဦးဆောင်လာစေအောင် တွန်းအားပေးဖို့ နိုင်ငံတော်ရဲ့ ကတိကဝတ်ကို ပြသနေတယ်"လို့ Wray က ပြောပါတယ်။
"ဒါဟာ ဆော်ဒီပရိုလိဂ် ပရောဂျက်ရဲ့ ပထမအဆင့်လို့ ခေါ်တဲ့ အစောပိုင်းကာလပဲရှိသေးပြီး ပြီးခဲ့တဲ့ရာသီကနဲ့ နှိုင်းယှဉ်ရင် လိဂ်ရဲ့ပျမ်းမျှအသက်အရွယ် ကျဆင်းမှုကလည်း အနာဂတ်အမြင်ကို ထင်ဟပ်နေပါတယ်။"

ကစားသမားတွေရဲ့ အရည်အသွေး၊ ကွင်းလာရောက်ကြည့်ရှုမှုနဲ့ စီးပွားရေးအရ အောင်မြင်မှုတို့ကို တိုင်းတာတဲ့ ကမ္ဘာ့ထိပ်တန်းပြည်တွင်းဘောလုံးပြိုင်ပွဲ ၅ ခုအနက်မှ အရင်က သတ်မှတ်မထားတဲ့ ပရိုလိဂ်ကိုတစ်ခုဖြစ်လာအောင် ဆော်ဒီတာဝန်ရှိသူတွေက ပစ်မှတ်ထားလုပ်ဆောင်နေတာပဲဖြစ်ပါတယ်။

(AFP)
Photo: Twitter
#SaudiProLeague #ဆော်ဒီပရိုလိဂ်
👍8🔥1
စစ်ကိုင်း စစ်ဘေးရှောင်များအတွက် မြွေဆိပ်ဖြေဆေးများလိုအပ်၊ စစ်ကောင်ဆီက အာဆီယံသို့ မြွေဆိပ်ဖြေဆေးများ တင်ပို့ရန် စီစဥ်
❤4👍1
စစ်ကိုင်း စစ်ဘေးရှောင်များအတွက် မြွေဆိပ်ဖြေဆေးများလိုအပ်၊ စစ်ကောင်ဆီက အာဆီယံသို့ မြွေဆိပ်ဖြေဆေးများ တင်ပို့ရန် စီစဥ်
==================

ကိုခင်မောင်
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်းတွင် စစ်ဘေးရှောင်များအတွက် မြွေဆိပ်ဖြေဆေးများ လိုအပ်လျက်ပြီး ယခု ၂၀၂၃ ခုနှစ်အတွင်း မြွေဆိုးကိုက်ခံရသူဦးရေ ၁၀၀ ကျော်ရှိပြီဖြစ်ကြောင်း
ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့( ကန့်ဘလူခရိုင်)ထံက သိရသည်။

ထိုအချိန်တွင် စစ်ကောင်စီ လက်အောက်ခံ မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာအောင်ခိုင်က အေးခဲအခြောက်ခံစက် အသစ် လည်ပတ်ပါက မြွေဆိပ်ဖြေဆေး ၂၀၀,၀၀၀ ထိတိုးမြှင့်ထုတ်လုပ်ပြီး အာဆီယံနိုင်ငံများသို့ တင်ပို့မည်ဖြစ်ကြောင်း ပြောကြားထားသည်ကို စစ်ကောင်စီလက်အောက်ခံ သတင်းစာတွင် သြဂုတ်လအတွင်းက ဖော်ပြထားသည်။ ထို မြွေဆိပ်ဖြေဆေး အေးခဲအခြောက်ခံစက် အသစ်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အင်းစိန် BPI တွင် စတင်လည်ပတ်ရန် ဩဂုတ်၁၄ရက်က ဖွင့်လှစ်ခဲ့သည်။

" မြေပြင်မှာတော့ မြွေဆိပ်ဖြေဆေး လိုအပ်ချက်ကမြင့်တယ်ဗျ။ မြွေကိုက်လူနာတဦးကို BPI- နှစ်လုံး အနည်းဆုံးထိုးရတယ်။ စစ်ကောင်စီဘက်က အကုန်ပိတ်ပင်ပြီး ထိန်းချုပ်ထားတော့ မြန်မာထုတ် BPI မြွေဆိပ်ဖြေဆေးက ဈေးများသလို ဝယ်ရခက်တယ်ဗျ။ အိန္ဒိယမြွေဆိပ်ဖြေဆေးလည်း ဝယ်ရခက်ပါတယ် ။ မြေပြင်မှာ လိုအပ်ချက်ရှိတော့ အတတ်နိုင်ဆုံး ရှာဝယ်ကြရတာပါပဲ။မြွေဆိပ်ဖြေဆေးကတော့ လိုအပ်နေဆဲပါ " ကျွန်းလှ -ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

မြွေဆိုးကိုက်ခံရသူများကို မြွေဆိပ်ဖြေဆေး အနည်းဆုံး နှစ်လုံးမှ အများဆုံး အလုံး ၂၀ ကျော်အထိ ထိုးပေးရပြီး မြွေဆိပ်ဖြေဆေးမှာ အမြဲလိုအပ်လျက်ရှိကြောင်း သိရသည်။

BPI မြွေဆိပ်ဖြေဆေး စျေးနှုန်းမှာ ကျပ် ၁၃၀,၀၀၀ ဝန်းကျင်ရှိပြီး အိန္ဒိယ မြွေဆိပ်ဖြေဆေး စျေးနှုန်းမှာ ၅၀,၀၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။

မြွေဆိုးကိုက်ခံရသူဦးရေမှာ စက်တင်ဘာလမှ ဧပြီလအထိ ၆၁ ဦး၊ မေလတွင် ရှစ်ဦး ၊ ဇွန်လတွင် ၁၁ ဦး၊ ဇူလိုင်လတွင် ၁၂ ဦးနှင့် သြဂုတ်လတွင် ၁၂ ဦး ၊ စက်တင်ဘာလ ၁ ရက်မှ ၄ ရက်အတွင်း နှစ်ဦး စုစုပေါင်း - ၁၀၆ ဦး ရှိသည့်အနက် ၁၀ ဦး ဝန်းကျင်မှာ အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။ ထိုစာရင်းမှာ ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့၏ စာရင်းများအရသာဖြစ်ပြီး လက်တွေ့မြေပြင်တွင် ထိုထက်များပြားနိုင်ကြောင်း ထိုအဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကို ပြောကြားထားဖူးသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်ကပင် စစ်ဘေးရှောင်နှစ်ဦး မြွေဆိုးကိုက်ခံခဲ့ရပြီး အမျိုးသမီးတစ်ဦးသေဆုံးသွားခဲ့ကြောင်း စက်တင်ဘာလ ၇ရက်နေ့တွင် ထိုအဖွဲ့က ထုတ်ပြန်သည်။
သေဆုံးသူအမျိုးသမီးမှာ အသက် ၃၈ နှစ် အရွယ် မမာရီဖြစ်ပြီး အချိန်မီ ဆေးကုသခွင့်မရရှိဘဲ အသက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကန့်ဘလူခရိုင်သည် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးခြင်းကို အမြဲလိုလိုခံရပြီး တိုက်နယ် ရှစ်ခုအနက် တိုက်နယ် ခုနစ်ခုမှ ကျေးရွာအများစုမှာ နီးစပ်ရာတောထဲတွင် ယာယီတဲထိုးကာ နေထိုင်ရ၍ မြွေဆိုးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့ရလေ့ရှိကြောင်း သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#မြွေဆိပ်ဖြေဆေး
# စစ်ဘေးရှောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16❤1
စက်တင်ဘာလ( ၈ )ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
============================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

နေပြည်တော်အထိ စစ်ရေးအရ ခြိမ်းခြောက်နိုင်တဲ့အဆင့် ရောက်နေပြီလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ ကပြောဆိုလိုက်တဲ့သတင်းနဲ့အတူ ဝက်လက်မှာ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းထောက်ပို့ရထားကို ကာကွယ်ရေး အဖွဲ့တွေတားဆီးနေတာကြောင့် တိုက်ပွဲပြင်းထန်နေတဲ့သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ရပါမယ်။

အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။ သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ ရှိပါတယ်။အဲ့ဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ Insight Myanmar အစီအစဉ်ကိုနားဆင်ရမှာပါ။

https://youtu.be/RNvFOqfJFuc?si=U7qT31ToPACpAIME

#EveningRadio
#mizzimaradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7❤1🤮1
စက်တင်ဘာလ (၈) ရက်၊ ည (၇) နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
===============


-နေပြည်တော်အထိ စစ်ရေးအရ ခြိမ်းခြောက်နိုင်တဲ့အဆင့် ရောက်နေပြီလို့ NUG ယာယီသမ္မတပြောလိုက်တဲ့သတင်း

-အစ္စရေးက မြန်မာစစ်တပ်ကို အဆင့်မြင့်လက်နက်တွေ ဆက်လက်ရောင်းချခဲ့တဲ့အကြောင်း

-မြန်မာ့အရေးပိုမိုဆိုးရွားလာနေပြီး ကမ္ဘာ့စီးပွားရေးနဲ့ ဘဏ္ဍာရေးမှာလည်း အက်ကွဲကြောင်းတွေဖြစ်ပေါ်နေ တယ်လို့ ကုလပြောလိုက်တဲ့သတင်း

-ဧရာ၀တီမြစ်နှင့် င၀န်မြစ် စိုးရိမ်ရေမှတ်အထက်ကို ရောက်ရှိနေတဲ့အကြောင်း

-မုံရွာမြို့နယ်မှာ PDF လက်နက်ထုတ်လုပ်ရေးစခန်း ဝင်စီးခံရပြီး ရဲဘော် ၄ ဦး ကျဆုံးခဲ့ရတဲ့သတင်း

-အရှေ့အာရှထိပ်သီးအစည်းအဝေးမှာ အမေရိကန်၊ တရုတ်နဲ့ ရုရှားအရာရှိတွေ တက်ရောက်ခဲ့ကြတဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို စုစည်းတင်ဆက်ပေးသွားမှာပါ။

https://www.youtube.com/live/YUrygtoR8d8?si=CUMjvNdRe6ZftbYq

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🍌3
​​ပြည်ပရောက်အလုပ်သမားများ ဝင်ငွေ ၂၅ ရာခိုင်နှုန်း ပြန်လွှဲရန် ညွှန်ကြားမှုကို လိုက်နာရန်မလိုဟု NUG ထုတ်ပြန်
===================

001
(မဇ္စျိမ) ။ ။ စစ်ကောင်စီက ပြည်ပရောက်အလုပ်သမားများ၏ ဝင်ငွေ ၂၅ ရာခိုင်နှုန်းကို ၎င်းတို့ သတ်မှတ်ထားသည့် ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများမှ တဆင့် ပြန်လွှဲရန် ညွှန်ကြားချက်သည် ဥပဒေမဲ့ ဖိနှိပ်အကျပ်ကိုင်ခြင်းဖြစ်ပြီး လိုက်နာရန် မလိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အလုပ်သမားဝန်ကြီးဌာနက ယနေ့ စက်တင်ဘာလ ၈ ရက်နေ့တွင် ထုတ်ပြန်သည်။

ရွှေ့ပြောင်းအလုပ်သမားများ၏ မိသားစုလွှဲပို့ငွေအဖြစ် အခြေခံလစာ၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို လစဉ် သို့မဟုတ် သုံးလလျှင် တကြိမ် သတ်မှတ်ထားသော ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများမှတဆင့် လွှဲပို့ကြရန် စစ်ကောင်စီက ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းက ပြည်ပအလုပ်အကိုင်အကျိုးဆောင် အေဂျင်စီများထံ ညွှန်ကြားထားကြောင်း သိရသည်။

ယင်းမှာ စစ်ကောင်စီက ၎င်းတို့ သက်ဆိုးရှည်စေရေးနှင့် ပြည်သူလူထုအား အကြမ်းဖက်သတ်ဖြတ်ရန် အရေးတကြီးလိုအပ်နေသော နိုင်ငံခြားငွေကို ဖြည့်ဆည်းနိုင်ရန် ရွှေ့ပြောင်းအလုပ်သမားများ၏ သမ္မာအာဇီဝ ချွေးနှဲစာကို အဓမ္မခေါင်းပုံဖြတ်ခြင်းဖြစ်ကြောင်း NUG အလုပ်သမားဝန်ကြီးဌာနက သုံးသပ်သည်။

စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးလှုပ်ရှားမှုများတွင် ပြည်ပရောက် မြန်မာနိုင်ငံသား အလုပ်သမားများ၏ ပူးပေါင်းပါဝင်မှုသည် ထိရောက်ကြောင်း သိရှိထားသော စစ်​ကောင်စီက အလုပ်သမားများအား မတရား အာဏာပြဖိနှိပ်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း ဆိုသည်။

ယင်းလုပ်​ဆောင်မှုသည် တည်ဆဲဥပဒေဖြစ်သည့် ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေနှင့် ညီညွတ်မှုမရှိသည့်အပြင် ဥပဒေကို ကျော်လွန်ကာ အေဂျင်စီများနှင့် အလုပ်သမားများအပေါ် ဥပဒေမဲ့ ဖိနှိပ်အကျပ်ကိုင်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ပြည်ပအလုပ်အကိုင်အကျိုးဆောင် အေဂျင်စီများအနေဖြင့် လိုက်နာရန် လုံးဝမလိုအပ်ကြောင်း၊ အလုပ်သမားများကို အတင်းအကျပ်ဖိအားပေးလိုက်နာစေခြင်း၊ လုပ်ခလစာမှ ဖြတ်တောက်ခြင်းများ လုံးဝမပြုလုပ်ရန်နှင့် ထိုသို့ လုပ်​ဆောင်သည့် မည်သည့် အေဂျင်စီ သို့မဟုတ် ပုဂ္ဂိုလ်ကိုမဆို ထိရောက် ပြင်းထန်စွာအရေးယူသွားမည်ဟုလည်း သတိ​ပေးထားသည်။

ထို့ပြင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့်လည်း အဆိုပါ ညွှန်ကြားချက်အပေါ် စိုးရိမ်ကြောင့်ကြမှုမဖြစ်ကြရန်၊ မိမိတို့၏ ချွေးနှဲစာများ စစ်ကောင်စီထံ ရောက်ရှိမည့် အခြေအနေကို တားဆီးရန် စစ်ကောင်စီလက်အောက်ခံ ဘဏ်များ၊ အကျိုးတူပူးပေါင်းဆောင်ရွက်နေသည့် ပုဂ္ဂလိက ဘဏ်များနှင့် ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများမှ တဆင့် ငွေကြေးလွှဲပြောင်းမှု မပြုဘဲ ရှောင်ကြဉ်ကြရန် တိုက်တွန်းထားသည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့​​နေသည့် စစ်​ကောင်စီ၏ ညွှန်ကြားစာအရ သတ်မှတ်စည်းကမ်းချက်များအား အလုပ်သမားဘက်မှ ​ဖောက်ဖျက်​ကြောင်း စိစစ်တွေ့ရှိပါက အဆိုပါအလုပ်သမားအား နောက်တကြိမ်ပြည်ပထွက်ခွာလုပ်ကိုင်ခွင့် သုံးနှစ်ပိတ်ပင်တားမြစ်မည်ဟု ထည့်သွင်း အကျပ်ကိုင်ထား​သည်ကို ​တွေ့ရသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး အ​သေးစိတ် ​မေးမြန်းနိုင်ရန် ​ပြည်ပအလုပ်အကိုင်​အေဂျင်စီအချို့ထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့​သော်လည်း စစ်​ကောင်စီက သတင်းမီဒီယာ ​ဖြေကြားခြင်း၊ Facebook တွင် တင်ခြင်း မပြုလုပ်ရန် သတိပေးစာ ထုတ်ထားသည်ဟုသာ ​​ပြန်လည်ဖြေဆိုခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#အလုပ်အကိုင်
#အေဂျင်စီ
#NUG
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍24😁2👏1
​​စပိန်အစိုးရရှေ့နေတွေ လူးဝစ် ရူဘီယာလက်စ်ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ စွဲချက်တင်
=========================

By PKThawn
အမျိုးသမီးကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ကစားသမား ဂျနီ ဟာမိုဆိုရဲ့နှုတ်ခမ်းကို မတောင်းဆိုဘဲ နမ်းခဲ့တာနဲ့ပတ်သက်လို့ ရာထူးကနေ ရပ်ဆိုင်းခံထားရတဲ့ ဘောလုံးအကြီးအကဲ လူးဝစ် ရူဘီယာလက်စ်ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ တရားစွဲဖို့ စပိန်အစိုးရရှေ့နေတွေက သောကြာနေ့မှာ တောင်းဆိုလိုက်ပါတယ်။

“အစိုးရရှေ့နေတွေက လူးဝစ် ရူဘီယာလက်စ်ကို တရားခံအဖြစ် စစ်ဆေးမေးမြန်းခံရဖို့နဲ့ ဂျနီ ဟာမိုဆိုကို နစ်နာသူအဖြစ် တောင်းဆိုထားပါတယ်”လို့ အစိုးရရှေ့နေရုံးက ထုတ်ပြန်ချက်မှာ ပြောပါတယ်။
စပိန်နိုင်ငံရဲ့ ထိပ်ဆုံးရာဇဝတ်တရားရုံးမှ တရားသူကြီးတစ်ဦးဟာ တောင်းဆိုချက်ကို လက်ခံဖို့ ဒါမှမဟုတ် သိမ်းဆည်းခြင်းရှိ၊ မရှိ အခုပဲ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

တရားသူကြီးက အဲဒီတောင်းဆိုချက်ကို လက်ခံပါက စုံစမ်းစစ်ဆေးရေးမှူးကို စုံစမ်းစစ်ဆေးဖို့ တာဝန်ပေးအပ်မှာဖြစ်ပါတယ်။
စပိန်ဥပဒေအရ လိင်ပိုင်းဆိုင်ရာ စော်ကားမှုမှာ အွန်လိုင်းအလွဲသုံးစားလုပ်မှုနဲ့ မုဒိမ်းမှုအထိ ကျယ်ပြန့်တဲ့ ရာဇဝတ်မှုတွေ ပါဝင်ပြီး တစ်ခုချင်းစီမှာ ပြစ်ဒဏ်အမျိုးမျိုးရှိပါတယ်။

ကြည်ကြည်သာသာသဘောတူမဟုတ်တဲ့ နမ်းတာအတွက် ပြစ်ဒဏ်ဟာ ငွေဒဏ်ကနေ လေးနှစ်အထိ ထောင်ဒဏ်ချမှတ်နိုင်ပါတယ်။
စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) ဥက္ကဋ္ဌ အသက် ၄၆ နှစ်ရှိ ရူဘီယာလက်စ်ဟာ သြဂုတ် ၂၀ ရက်က ဆစ်ဒနီမြို့မှာ စပိန်အသင်းအနိုင်ရပြီးနောက် ဆုတံဆိပ်ချီးမြှင့်ပွဲအတွင်း ဟာမိုဆိုကို အတင်းအကျပ်နမ်းခဲ့ပြီးနောက် ကမ္ဘာတစ်ဝှမ်း ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

Ref; AFP
Photo: EPA

#Rubiales #hermoso #womenworldcup
👍8🔥1
​​သထုံ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ရုံးမိုင်းခွဲတိုက်ခိုက်ခံရ
====================

ဂျူချန်း
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ကုလားကျေးရွာရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ(PNO) ရုံးကို ယနေ့ စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၅နာရီကျော်ခန့်တွင် အင်အားပြင်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သားများ လုံခြုံရေးယူထားသည့် အဆိုပါ ရုံးတွင် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ယနေ့ အစည်းအဝေးလုပ်ရန် ပြင်ဆင်ထားကြောင်း သတင်းရရှိပြီး နံနက်‌အစောပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခြင်းဟု သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

“အပြင်းစားမိုင်းခွဲတိုက်ခိုက်ခဲ့တာ။ အဲ့ဒီရုံးမှာ အရင်ကတည်းက အစောင့်ချထားပေမယ့် ဒီနေ့မှာ အစည်းအဝေးတခုကြောင့် ကင်းအများကြီးချထားတာ။ ဘာအစည်းအဝေးလဲတော့ မသိဘူး။ ဖိတ်ထားတာ ဝန်ကြီးဌာနအကုန်ပါတယ် ” ဟု သထုံမြို့မှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA သတင်းရင်းမြစ်တဦးက မဇ္ဈိမ ကိုပြောသည်။

သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် တပ်မဟာ(၁) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၏ စစ်ရေးဦးဆောင်မှုအောက်တွင် စစ်‌ကောင်စီအား တော်လှန်တိုက်ခိုက်နေခြင်းဖြစ်သည်။ PNOရုံး မိုင်းခွဲတိုက်ခိုက်ခံရမှုတွင် ရုံးထဲမှ စစ်ကောင်စီတပ်ဖွဲ့ဝင်အချ်ို့ ထိခိုက်မှုရှိနိုင်ပြီး အသေးစိတ် စုံစမ်းဆဲဖြစ်ကြောင်း KNLA သတင်းရင်းမြစ်ကဆိုသည်။

တိုက်ခိုက်ခံရပြီးနောက် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်အချ်ိို့ပါသည့် အစည်းအဝေးနှင့် လူထုတွေ့ဆုံပွဲကို PNOရုံးတွင် မလုပ်တော့ဘဲ နောင်ကုလားကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် အကျဉ်းချုံး ပြုလုပ်သွားကြောင်း သိရသည်။မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် PNO ပူးပေါင်းကာ ဒေသခံများအား စည်းရုံးရေးဆင်းခြင်းဟု သိရသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်/ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ PNA/PNO သည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့်ပူးပေါင်းကာ ၎င်းတို့လှုပ်ရှားနယ်မြေများတွင် ပျူစောထီးများအား စစ်သင်တန်းပေးခြင်း၊ စစ်သားစုဆောင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။ PNO ပါတီဥက္ကဌ ဦးအောင်ခမ်းထီသည် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရင်းနီးသည့်ဆက်ဆံရေးရှိသူဖြစ်သည်။၂၀၂၂ ခုနှစ် ဧပြီလတွင် ဦးအောင်ခမ်းထီအား စစ်ကောင်စီက ဝဏ္ဏကျော်ထင်ဘွဲ့ ပေးအပ်ခဲ့သည်။

တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ PNA/PNOမှ တာဝန်ရှိသူ ခွန်ဇော်ပျံထံ ယနေ့ နေ့လယ်တွင် ဆက်သွယ်မေးမြန်းရာ ဖုန်းကိုင်ဆောင်သူက ခွန်ဇော်ပျံ ကျန်းမာရေးမကောင်း၍အနားယူနေကြောင်းနှင့် အကျိုးအကြောင်းမသိသေးဟု ဖြေသည်။

ယမန်နေ့ စက်တင်ဘာလ ၇ ရက်နေ့ ညနေပိုင်းတွင်လည်း သထုံမြို့နှင့် ကပ်လျှက်တွင်ရှိသည့် ပေါင်မြို့နယ်၊ ရင်းငြိမ်ကျေးရွာရဲကင်းစခန်းအား တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့် နှစ်ကြိမ် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စာတည်း - အေးချမ်း

#mizzima
#သထုံမြို့နယ်
#PNOရုံး
#ဖောက်ခွဲတိုက်ခိုက်

ပုံစာ-သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပုံဟောင်း)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏10👍5❤1🔥1
​​မြန်မာစစ်တပ်က စစ်ပွဲ အနိုင်မရနိုင်ဟု တီမောသမ္မတ ပြော
=====================

မဇ္ဈိမ
မြန်မာနိုင်ငံက စစ်တပ်သည် နိုင်ငံ၏ ၃၀ ရာခိုင်နှုန်းကိုသာ ထိန်းချုပ်ထားနိုင်ပြီး ပြည်သူများကို ဆန့်ကျင်သည့် စစ်ပွဲ၌ အနိုင်ရလိမ့်မည် မဟုတ်ကြောင်း တီမောသမ္မတ ဂျိုစေး ရာမို့စ် ဟော်တာက ပြောသည်။

လွန်ခဲ့သော နှစ်နှစ်က အမျိုးသားရေး ရန်သူများကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သော်လည်း ယနေ့အခါတွင်မူ ပြည်သူနှင့် စစ်တပ်ကြား စစ်ပွဲဖြစ်ပွားနေခြင်းပဲ ဖြစ်သည်ဟု စက်တင်ဘာ ၅ ရက်က ထုတ်ပြန်သည့် Al Jazeera နှင့် အင်တာဗျူး၌ ၎င်းက ပြောခြင်း ဖြစ်သည်။

မြန်မာ့အရေး၌ အာဆီယံသည် ပတ်သက်မှု နည်းပါးလာပြီလားဆိုသော အမေးအား တီမောသမ္မတက အာဆီယံသည် ဆက်လက်၍ အရေးပါနေဦးမည်ဖြစ်ပြီး မြန်မာနိုင်ငံက အခြေအနေအား တည်ငြိမ်အောင် နောက်ဆုံးတွင် စွမ်းဆောင်နိုင်လိမ့်မည်ဟု ပြောဆိုသည်။

စစ်တပ်အား စစ်တန်းလျား ပြန်ပြီး မြန်မာပြည်သူများ၏ ဒီမိုကရေစီ ရပိုင်ခွင့်များအား လေးစားရန် ဒီမိုကရေစီကို ဖော်ထုတ်ရန်၊ အကျဉ်းသားများ လွှတ်ပေးရန်နှင့် အရပ်သားများအား သတ်ဖြတ်နေခြင်းများ ရပ်တန့်ရန် ဖျောင်းဖျရာတွင် အရေးနိမ့်ခြင်းအား အာဆီယံကို အပြစ်မဆိုသင့်ကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

ယင်းသည် ယူကရိန်းက စစ်ပွဲနှင့် ထို ပဋိပက္ခကို ကုလသမဂ္ဂက မဖြေရှင်းနိုင်ခြင်းအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအား အပြစ်မတင်နိုင်သကဲ့သို့ နည်းတူဖြစ်ကြောင်း ၎င်းက ပြောသည်။
ရိုဟင်ဂျာများအား တိုက်ခိုက်ခြင်းများနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ယခင်က နှုတ်ဆိတ်နေခဲ့ခြင်းနှင့် ပတ်သက်ပြီးလည်း ရိုဟင်ဂျာများအား တိုက်ခိုက်ခြင်းများ လုပ်ဆောင်ရာတွင် စစ်တပ်၌ တာဝန်ရှိပြီး ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် စစ်တပ်အပေါ် အာဏာသက်ရောက်မှု သို့မဟုတ် ထိန်းချုပ်နိုင်မှု လုံးဝ မရှိကြောင်း တီမောသမ္မတက ပြောသည်။

သူ့၏ အစိုးရအနေဖြင့် ၂၀၂၅ တွင် အာဆီယံသို့ ဝင်ရောက်နိုင်ရေးအတွက် အတော်လေး ကြိုးပမ်းနေကြောင်းလည်း ၎င်းက ပြောသည်။

တီမောအစိုးရက အမျိုးသားညီညွတ်ရေးအစိုးရနှင့် မကြာခဏ ဆက်သွယ်ဆွေးနွေးမှုများ လုပ်ဆောင်သည့်နောက်တွင် စစ်ကောင်စီသည် တီမော သံရုံးတာဝန်ခံအား ဩဂုတ်လအတွင်းက နိုင်ငံမှ နှင်ထုတ်ခဲ့သည်။

မြန်မာစစ်တပ်၏ ယင်း ဆုံးဖြတ်ချက်ကို တီမောအစိုးရက ရှုတ်ချပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးအတွက် ထောက်ပံ့သွားမည်ဖြစ်ကြောင်း ထပ်လောင်း ပြောဆိုသည်။ ထိုပြင် မြန်မာပြည်သူများနှင့် တသားတည်း ရှိနေကြောင်း ဖော်ပြလျက် စစ်ကောင်စီအနေဖြင့် လူ့အခွင့်အရေးကို လေးစားရန်နှင့် အကျပ်အတည်းအား ငြိမ်းချမ်းစွာဖြင့် အပြုသဘောဆောင် ဖြေရှင်းရေး ကြိုးစားရန် တိုက်တွန်းလိုက်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍30👏3😁3❤2👎1
​​ဖိလစ်ပိုင်နှင့် ဩစတြေးလျတို့ မဟာဗျူဟာ မိတ်ဖက်ပြုမှု သဘောတူညီချက်သစ်အား လက်မှတ်ရေးထိုး
====================

ABS-CBN News
ဖိလစ်ပိုင်နှင့် ဩစတြေးလျနိုင်ငံတို့သည် မဟာဗျူဟာ မိတ်ဖက်ပြုမှုကို သောကြာနေ့တွင် လက်မှတ်ရေးထိုးခြင်းဖြင့် ၎င်းတို့၏ လုံခြုံရေးနှင့် စီးပွားရေး မဟာမိတ်ပြုမှုကို မြှင့်တင်လာသည်။

ဖိလစ်ပိုင်နိုင်ငံ မာလာကာနန်အရပ်တွင် သမ္မတ ဖာဒီနန် မားကို့စ်နှင့် ဩစတြေးလျ ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘန်နက်စ်တို့ တွေ့ဆုံပြီးနောက် ယခု သဘောတူညီချက်ကို အပြီးသတ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မဟာဗျူဟာ မိတ်ဖက်ပြုမှုအရ နှစ်နိုင်ငံအနေဖြင့် ကာကွယ်ရေးနှင့် လုံခြုံရေးမှသည် ရာသီဥတု ပြောင်းလဲမှုနှင့် ပညာရေးအထိ နယ်ပယ်အချို့တွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့သွားကြမည် ဖြစ်သည်။

“မဟာဗျူဟာ မိတ်ဖက်ပြုမှု ပူးတွဲကြေညာချက်ကို လက်မှတ်ထိုးခြင်းဟာ နှစ်နိုင်ငံစလုံးရဲ့ ဖွံ့ဖြိုးရေးနဲ့ ချမ်းသာဝပြောရေးမှာ အခရာကျတဲ့ နယ်ပယ်စုံမှာ နက်ရှိုင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဖော်ဆောင်ဖို့ အပြန်အလှန် ကတိကဝတ်ကို ဖော်ပြလိုက်တာပဲ”ဟု မားကို့စ်က မိန့်ခွန်းတွင် ဆိုသည်။

“ဩစတြေးလျ ဝန်ကြီးချုပ်ရော ကျွန်တော်ပါ စံတန်ဖိုးတွေ၊ ဒီမိုကရေစီ မူဘောင်တွေ၊ နိုင်ငံတကာ ဥပဒေအပြန်အလှန် လေးစားရေးတွေကို ခိုင်မာတဲ့ မဟာဗျူဟာ ဆက်ဆံရေးမှာ အလေးထားကြဖို့ အသိအမှတ် ပြုကြတယ်”ဟု ၎င်းက ပြောသည်။

ယခု မဟာဗျူဟာ မိတ်ဖက်ပြုမှုသည် ဩစတြေးလျက ဖိလစ်ပိုင်နှင့် ထားရှိသော အပြန်အလှန် ဆက်ဆံရေးတွင် အဆင့်မြင့်ဆုံးပဲ ဖြစ်သည်။

“ဒီ မိတ်ဖက်ပြုမှုဟာ ကျွန်တော်တို့ရဲ့ ဆက်ဆံရေး ပိုပြီးခိုင်မာလာတာနဲ့ ကတိကဝတ်တွေကို ပိုပြီး ပူးပေါင်းဆောင်ရွက်သွားမယ့် အရေးကြီးတဲ့ သင်္ကေတပါပဲ”ဟု ဩစတြေးလျ ဝန်ကြီးချုပ် အယ်လ်ဘန်နက်စ်က ပြောသည်။

ယခု သဘောတူညီမှုကို ထိုင်ဝမ်အရေး၌ တရုတ်၏ ကြီးထွားလာသော ရန်လိုမှုများနှင့် အငြင်းပွား တောင်တရုတ်ပင်လယ်တွင် လူလုပ်ကျွန်းများအား စစ်ပုံစံ တည်ဆောက်ခြင်းများအား ရင်ဆိုင်နေရချိန် ချုပ်ဆိုလာခြင်းပဲ ဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🔥2❤1😁1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၈ စက်တင်ဘာ ၂၀၂၃)
==============

အမျိုးသားညီညွတ်ရေး အစိုးရ

- ယနေ့စက်တင်ဘာလ (၈) ရက်နေ့တွင် ကျရောက်သည့် ပြည်သူ့ခုခံ တွန်းလှန်စစ် (၂) နှစ်ပြည့်နေ့ တွင် စစ်ကျွန်ဘဝကလွတ်မြောက်ရေး ခေတ်အဆက်ဆက် ကြိုးပမ်းခဲ့ ကြသည့် လူငယ်မျိုး ဆက်တွေကို ဂုဏ်ပြုဦးညွှတ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်သည်။

- ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ယနေ့ကျရောက်သည့် (၇၅) နှစ် မြောက် ကရင်နီအမျိုးသားအာဇာနည်နေ့သို့ သဝဏ်လွှာပေးပို့လိုက်ကြောင်း ထုတ်ပြန်သည်။

- ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ လုပ်ခလစာမှ ဖြတ်တောက်ခြင်း အခြား တနည်းနည်းနှင့် ဖိအားပေးလွှဲပို့ရန် လုပ်ဆောင်ခြင်းများလုပ်သည့် အေဂျင်စီ သို့မဟုတ် ပုဂ္ဂိုလ် ကိုမဆို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ထိရောက်ပြင်းထန်စွာ အရေးယူမည် ဖြစ်ကြောင်း ထုတ်ပြန်သည်။

- အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော် မတီ အစည်းအဝေး အမှတ်စဉ် (၃၆/၂၀၂၃) ကို စက်တင်ဘာ ၇ ရက် မနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့ကြသည်။

- ပြည်သူ့ခုခံတွန်းလှန်စစ် (၂) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ် ရေးဝန်ကြီးဌာနက “စစ်ကောင်စီအက်ကွဲကြောင်းမှသည် ပျက်သုဥ်းခြင်းဆီသို့” ဆွေးနွေးပွဲကို စက်တင်ဘာ ၈ ရက် (ဒီနေ့) ညနေ ၆ နာရီမှာ ပြုလုပ်သွားမည်ဖြစ်သည်။

- ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနဲ့ ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးမှု စည်းအဝေး(၂၉/၂၀၂၃)ကို စက်တင်ဘာ ၈ ရက်၊ မွန်းလွဲ ၃ နာရီမှာ ပြုလုပ်ခဲ့ကြသည်။

- ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးချိန်ကစ၍ တူမီးသေနတ်နှင့် စတင်ခဲ့သည့် အာဏာရှင် ခုခံစစ်သည် ယခုချိန်မှာ ထိုးစစ်အသွင် ပြောင်းခဲ့ပြီ ဖြစ်သလို စနစ်တကျ ဖွဲ့စည်းထားသောတပ်ရင်း၊ တပ်ဖွဲ့များသည် ခေတ်မီလက်နက်များသုံးပြီး နေပြည်တော်ကို ခြိမ်းခြောက်နိုင်သည့်အဆင့် ရောက်နေ ပြီဖြစ်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်သည်။

- ပြည်သူ့ခုခံတွန်းလှန်စစ် (၂)နှစ်ပြည့်ချိန်တွင် တော်လှန်ရေးသည် အလှည့်အပြောင်းတစ်ခုဆီ ရောက်ရှိခဲ့ပြီဟု ဆိုနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောသည်။

- အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည့်သူ့ခုခံတော်လှန်စစ်(၂) နှစ်ပြည့်နေ့(စက်တင်ဘာလ ၇ ရက်)တွင် ယောဒေသအခြေစိုက်ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းက ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။
❤7👍3🔥3😁2