Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စက်တင်ဘာလ (၁၀) ရက်၊ တနင်္ဂနွေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
======================

ဒီကနေ့မနက်မှာတော့ .............

စစ်ရေးအရှိန်မြှင့်ဖို့အတွက် မန္တလေးညီနောင် တပ်ပေါင်းစုကို ဖွဲ့စည်းတဲ့သတင်းနဲ့အတူ

စာသင်ကျောင်းတွေ ပစ်မှတ်ထား တိုက်ခိုက်ခံရမှု တိုးလာတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ပြောတဲ့အကြောင်းသတင်းလွှာအပါအဝင်

နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊ တပတ်အတွင်း စီးပွားရေး၊ အားကစားနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဏအနေနဲ့ “သံစဉ့်အိမ်” အစီအစဉ်ကို လည်း ထုတ်လွှင့်သွားမှာပါ။

https://youtu.be/BsvdmuIu-Lw?si=XLj25_Oz0FTAlTN0

#Morningradio
#Mizzimaradio

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍12🔥1
စက်တင်ဘာလ ၁၀ ရက်နေ့ ရုပ်သံသတင်းအစီအစဉ်
===================

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၁၀ ရက်နေ့ မှာ ရန်ကုန်ခေတ်သစ်သတင်းဌာရဲ့ This Week ရုပ်သံအစီအစဉ်ကို ထုတ်လွှင့် သွားမှာဖြစ်ပါတယ်။ဒီအစီအစဉ်မှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲကမှ ထူးခြားတဲ့ သတင်းတွေကို ရွေးချယ်ကောက်နုတ်သုံးသပ် တင်ဆက်ပေး ထားတာလည်း ဖြစ်ပါတယ်။

https://youtu.be/Emt-_t0FVYQ?si=-_ZbQwZFN95qcpdG

#ရန်ကုန်ခေတ်သစ်
#thisweek
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11❤2🔥1
​​The Miracle
===============

1980 ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ တကယ့်ဖြစ်ရပ်မှန်တစ်ခုအပေါ် အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။

သခ်ျာဉာဏ်ကြီးရှင် ဂျွန်ယောင်းက ယာဉ်သွားလမ်းမရှိတဲ့ နယ်အစွန်အဖျားမှာ အစ်မဖြစ်သူ ဘိုယောင်းနဲ့အတူ နေထိုင်ပါတယ်။
မြို့မှာ ကျောင်းသွားတက်ရင်း သဘောကျသွားခဲ့ရတဲ့ ရည်းစားဖြစ်သူ နာဟီးရဲ့အကူအညီနဲ့ ဂျွန်ယောင်းဟာ ဘိုယောင်း နဲ့ရွာသူရွာသားတွေရဲ့ အကူအညီနဲ့ ရထားဘူတာရုံတစ်ရုံ ဆောက်ဖို့ အိပ်မက်နဲ့ သမ္မကြီးဆီကိုစာပို့ပါတယ်။

ဒါပေမယ့် ဘယ်လိုအကြောင်းပြန်ကြားခြင်းမျိုးမှရမလာတာကြောင့် ဂျီယောင်းတစ်ယောက် အခက်အခဲတွေမျိုးစုံကြားက သမ္မတကြီးနဲ့တွေ့ဖို့ ကြိုးစားခဲ့တဲ့ အဖြစ်အပျက်လေးကို သရုပ်ဖော်ထားပါတယ်"
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

Mizzima TV App အခမဲ့ဒေါင်းလုတ်ပြုလုပ်ရန် - https://bit.ly/44WaGEU

#New ပြသမည့်ရက်။ ။၁၀.၉.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍8🔥1
ဒီတပတ် South Asia Today အစီအစဉ်မှာတင်ဆက်မဲ့အကြောင်းအရာတွေကတော့
=======================

ဒီတပတ် South Asia Today အစီအစဉ်မှာတင်ဆက်မဲ့အကြောင်းအရာတွေကတော့

နီပေါနိုင်ငံရဲ့ ရှေးဟောင်းမြို့တော်ဘက်တာပူမြို့တွင် “ရေပေါ်စက်ဘီး”ဖြင့်ခရီးသွားများကိုဆွဲဆောင်

မိုးခေါင်မှုကြောင့် သီရိလင်္ကာ လယ်သမားများရဲ့ စားဝတ်နေရေး အခက်တွေ့နေ

အိန္ဒိယနိုင်ငံတွင် အိုနမ်ပွဲတော်ကို ကျင်းပ

အစိုးရရဲ့ ဥပဒေ ပြင်ဆင်ရေးကိုဆန့်ကျင်နေကြတဲ့ အစ္စရေးနိုင်ငံသား ထောင်နဲ့ချီ

အာရှတစ်ခွင်က ထူးခြားတဲ့အကြောင်းအရာများကို သိရှိနိုင်မဲ့Asia Watch ကဏ္ဍတွေကို တင်ဆက်သွားမှာပါ။

https://youtu.be/STygchKR5Gg?si=XQHRCBBOvrfuBmgv

#southasiatoday
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🔥2
​​အီးယူ ၊ အရှေ့အလယ်ပိုင်းနှင့် အိန္ဒိယကို ချိတ်ဆက်မည့် သမိုင်းဝင် ကုန်သွယ်ရေး အစီအစဉ်ကို ထုတ်ဖော်
===========================

ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် အိန္ဒိယကို ချိတ်ဆက်မည့် ခေတ်သစ် ကုန်သွယ်မှု လမ်းကြောင်းတခု ဖန်တီးမည့် ရည်မှန်းချက်ကြီးမားသော အစီအစဉ်များကို မဟာမိတ် နိုင်ငံများ အစုအဖွဲ့တစုက စက်တင်ဘာ ၉ ရက်တွင် ထုတ်ဖော်လိုက်သည်။ ထို အစီအစဉ်က ဖြစ်နိုင်ခြေရှိ ကျယ်ပြန့်သည့် ပထဝီနိုင်ငံရေး ဂယက်ရိုက်ခတ်မှုများနှင့်အတူ ကုန်သွယ်ရေး ဆက်ဆံမှုများကို မြှင့်တင်လိမ့်မည် ဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥2
​​မန္တလေးမြို့လယ်ခေါင်က ကုန်စုံဆိုင် ၂ ဆိုင်ကို စစ်ကောင်စီ ယာယီပိတ်ခိုင်း၊ ပိုင်ရှင်များအား ဖမ်းဆီးစစ်ဆေး
=================

007
(မဇ္စျိမ) ။ ။ မန္တလေးမြို့လယ်ခေါင်ရှိ ကုန်စုံဆိုင်နှစ်ဆိုင်ကို စစ်ကောင်စီက ယာယီပိတ်ခိုင်းထားပြီး ပိုင်ရှင်များအား ဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။

မန္တလေး ချမ်းအေးသာစံမြို့နယ်အတွင်းရှိ၊ လမ်း ၃၀၊ ၈၁ လမ်းနှင့် ၈၂ လမ်းကြားက Honey ကုန်စုံဆိုင်(မုန့်လုပ်သည့်စက်ပစ္စည်းနှင့်အပို ပစ္စည်းမျိုးစုံ၊ မုန့်မျိုးစုံအရောင်းဆိုင်)နှင့် ၃၃ လမ်း၊ ၈၅ လမ်းနှင့် ၈၆ လမ်းကြားက ဟွာထိုက်ကုန်စုံဆိုင်တို့ကို စက်တင်ဘာလ ၆ ရက်နေ့က စပြီး ယာယီပိတ်ခိုင်းခြင်းဖြစ်ကြောင်း မန္တလေးခရိုင်စီမံအုပ်ချုပ်ရေးရုံးနှင့် နီးစပ်သူက အတည်ပြုသည်။

“တဆိုင်က ဟွာထိုက်၊ နောက်တဆိုင်က Honey ။ နှစ်ဆိုင်စလုံးကို ပိတ်ခိုင်းထားပြီး ဆိုင်ရှင်တွေကို ဖမ်းခေါ်စစ်နေတယ်လို့သိရတယ်။ ၆ ရက်နေ့က ဟွာထိုက်ပိုင်ရှင်ကိုဖမ်းခေါ်သွားပြီး နောက်ရက်မှာ Honey ဆိုင်ဘက်ကိုလည်း ခေါ်စစ်တယ်လို့ကြားတာပဲ” ဟု ဖြစ်စဉ် သိရှိသည့် အမည်မဖော်လိုသူ ဒေသခံတဦးကပြောသည်။

ထိုဖြစ်ရပ်ကို စစ်ကောင်စီတပ် ထောက်ခံသော တယ်လီဂရမ်ချန်နယ်တချို့တွင် PDF ထောက်ပံံ့သဖြင့် ချိပ်ပိတ်ခြင်းဖြစ်ကြောင်း ဖော်ပြကြပြီး ဆိုင်ရှင်မိသားစုဘက်က မဟုတ်မှန်ကြောင်းငြင်းဆိုထားသည်ဟု ဆိုင်ရှင်မိသားစုအသိုက်အ၀န်းနှင့် နီးစပ်သူများက ဆိုသည်။

“ PDF ထောက်ပံ့လို့ ချိပ်ပိတ်တယ်လို့ သတင်းထွက်နေတာပေါ့နော်။ မဟုတ်ဘူးလို့ဘဲ လောလောဆယ်ပြောနိုင်ဦးမယ်။ ဘာအတွက် ခေါ်စစ်တယ်ဆိုတာတော့ အကြီးပိုင်းတွေလောက်ပဲ သိနိုင်မယ်လေ။ စစ်ဆေးနေတုန်းတော့ ဆိုင်ပိတ်ထားခိုင်းပါတယ်” ဟု လုံခြုံရေးအရ အမည်ဖော်ပြလိုခြင်းမရှိသည့် နီးစပ်သူကပြောသည်။
ဆိုင်များအားချိပ်ပိတ်ခြင်း ဟုတ်၊ မဟုတ် နှင့် အကြောင်းရင်းကို လတ်တလောအတည်ပြု နိုင်ခြင်းမရှိသေးပေ။

“တခြားကိစ္စလို့ပြောတယ်။ တခြားကိစ္စနဲ့ ခေါ်စစ်ဆေးနေတာလို့ ပြောတယ်။ ဆိုင်မဖွင့်တာတော့ ၆ ရက်နေ့ကတည်းက အခုအထိပဲ” ဟု နီးစပ်သူက ပြောသည်။

စစ်ကောင်စီသည် မန္တလေးမြို့က နာမည်ကြီးပုဂ္ဂလိကဆေးရုံဖြစ်သည့် မင်္ဂလာဆေးရုံကို သြဂုတ်လ ၂၅ ရက်နေ့ကစ၍ သုံးလ ယာယီပိတ်ခိုင်းထားပြီး ဆေးရုံပိုင်ရှင်အကြီးအကဲများနှင့် ၀န်ထမ်းတချို့ကို ခေါ်ယူစစ်ဆေးနေသည်။

ပုံစာ စစ်အုပ်စုလော်ဘီသတင်းများက ချိပ်ပိတ်ကြောင်းဖော်ပြကြသည့် Honey ကုန်စုံဆိုင်
စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#မန္တလေးမြို့
#ယာယီပိတ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬23👍16❤1👎1😱1
ရိုးမဖြတ်လမ်းရှိ စစ်ကောင်စီတပ်၏ ခါချဉ်တောင်ဂိတ်အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စီးနင်းမီးရှို့
===================

ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ် ရိုးမဖြတ်လမ်းတွင်ရှိသော စစ်ကောင်စီတပ်၏ ခါချဉ် တောင်သစ်တောဂိတ်အား သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း(၃၈၀၂)တပ်ခွဲ(၅)မှ ဝင်ရောက် စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ၉ ရက်နေ့ ည ၁၀ နာရီခန့်တွင် ခါချဉ်တောင်ဂိတ်၌ အထိုင်ချထားသော စစ်ကောင်စီတပ်၊ ရဲနှင့် သစ်တောဝန်ထမ်းများအား ကာကွယ်ရေးတပ်ဖွဲ့က ၄၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်မှလည်း လက်နက်ငယ်များဖြင့်ပြန်လည်ပစ်ခတ်ပြီး အပြန် အလှန်ပစ်ခတ်ချိန် မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ကြောင်း PDF တပ်ရင်း (၃၈၀၂) ၏ ပြန်ကြားရေးတာဝန်ရှိသူမှ မဇ္ဈိမကိုပြောသည်။
ထို့နောက် စစ်ကောင်စီတပ်၊ ရဲနှင့် သစ်တောဝန်ထမ်းများဘက်မှ ပြန်လည်ခုခံပစ်ခတ်နိုင်စွမ်း မရှိတော့ သည့်အတွက် အားလုံး စခန်းကိုစွန့်ခွာထွက်ပြေးသွားကြောင်း ဆိုသည်။

“အဲ့ဒီစခန်းက ကတုတ်ကျင်းတွေနဲ့ အခိုင်အမာရှိနေတာပါ။ ကျွန်တော်တို့ဘက်က ဗျူဟာကောင်းသွား တာပေါ့။ လက်နက်ကြီးတွေနဲ့ ဝိုင်းပြီး ချိန်ကိုက်ပစ်ကြတာဆိုတော့ သူတို့ဘက်က အထိအခိုက် ရှိကောင်း ရှိနိုင်ပါတယ်။ ညဘက်လည်းဖြစ်နေတော့ ထိခိုက်သေဆုံးကို အတည်ပြုမရသေးဘူး” ဟု PDF တပ်ရင်း (၃၈၀၂) ၏ ပြန်ကြားရေးတာဝန်ရှိသူမှပြောသည်။

စစ်ကောင်စီတပ်သားများထွက်ပြေးသွားပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စခန်းကို မီးရှို့ဖျက်ဆီး ခဲ့ကြောင်းလည်း ပြောသည်။

ခါချဉ်တောင်ဂိတ်စခန်းသည် မြောက်ဇာမရီသစ်တောကြိုးဝိုင်းအတွင်းတည်ရှိကာ စစ်ကောင်စီတပ်သား ၂၀ ခန့် အထိုင်ချလေ့ရှိပြီး ပဲခူးရိုးမအတွင်းမှ သစ်ခိုးထုတ်သယ်ယူနေသည့် သစ်ကားများ၊ ဆိုင်ကယ်များကို ငွေကြေးကောက်ခံ၍ စစ်ကောင်စီအတွက် ငွေကြေးရှာဖွေပေးနေသည့် ဂိတ်ဖြစ်သည်။

သစ်တောဂိတ်ဖြစ်သည့်အတွက် ရဲနှင့် သစ်တောဝန်ထမ်းများ နေထိုင်လေ့ရှိကြောင်း လည်းသိရသည်။

အဆိုပါဂိတ်၌အထိုင်ချလေ့ရှိသော စစ်ကောင်စီတပ်သားများသည် ရိုးမဖြတ်ကျော်လမ်းတွင် ဖြတ်သန်း သွားလာသည့် လမ်းသွားလမ်းလာပြည်သူများအား တားဆီးစစ်ဆေးကာ ဖုန်းနှင့် ငွေကြေးများကို သိမ်းယူ လေ့ရှိကြောင်း ကာကွယ်ရေးတပ်ဖွဲ့အသိုင်းအဝိုင်းနှင့် ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ရိုးမဖြတ်ကျော်လမ်းသည် ပဲခူးရိုးမအားဖြတ်ကျော်ကာ ပဲခူးတိုင်းအနောက်ခြမ်းနှင့် အရှေ့ခြမ်းကိုဆက် သွယ်ဖောက်လုပ်ထားသည့် ဗျူဟာလမ်းဖြစ်သည်။

စာတည်း။ ။စောဖေ

https://youtu.be/2phrN5b8NP4?si=vvgj42h3JK24ImH9

#ပဲခူးတိုင်း
#မင်းလှမြို့နယ်
#ခါချဉ်တောင်ဂိတ်
#ရိုးမဖြတ်လမ်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17👏7🔥2❤1😁1
ရေစကြိုထွေအုပ်ရုံးကို မဟာမိတ်တပ်ဖွဲ့ တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံး ၃ ဦးဒဏ်ရာရ
=======================

ဓါတု (မဇ္ဈိမ)။ ။ မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ရှိ ရုံးပေါင်းစုံ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်သားများအား ယမန်နေ့ စက်တင်ဘာလ၉ရက် ည၇နာရီခန့်တွင် ဒေသတွင်းညီနောင်မဟာမိတ်တပ်ဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြောက်ကျားတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရှိကြောင်း Myingyan Black Tiger (MBT)က ထုတ်ပြန်ထားသည်။

ရေစကြို မြို့လယ်ခေါင်ကရုံးကို ပစ်ခတ်ခဲ့တာ ထိခိုက်သေဆုံးမှုတွေကို ဖရဲသီး( စစ်ကောင်စီ သတင်းပေး) က အတည်ပြုပြောလို့ သိထားရတယ်။ ကျွန်တော်တို့ကိုလည်း တောက်လျှောက်ပြန်ပစ်တာ ကျွန်တော်တို့ဘက်ကတော့အထိအခိုက်မရှိဘူး"ဟု Myingyan Black Tiger (MBT) တပ်ဖွဲ့ ခေါင်းဆောင်ဗိုလ်မိုက်ခဲက မဇ္စျိမကိုပြောသည်။

ဒဏ်ရာရရှိသူ သုံးဦးမှာ ရေစကြိုမြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

အဆိုပါ ထွေအုပ်ရုံးတွင် စစ်သား၊ ရဲ နှင့် ပျူစောထီးအင်အား ၁၀၀ ကျော်နေထိုင်တပ်စွဲထားသည့်နေရာဖြစ်သဖြင့် Myingyan Black Tiger (MBT)နှင့်အတူ ညီနောင်မဟာမိတ်ဖြစ်သော N-YSOတပ်ဖွဲ့(ညီနောင်မဟာမိတ်တပ်ဖွဲ့)က ပြောက်ကျားနည်းဗျူဟာအားအသုံးပြု၍ ၄၀ မမ လက်နက်ကြီး နှစ်လုံးနှင့် လက်နက်ငယ်၊ လက်လုပ်သေနတ်များဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ကြောင်း ဗိုလ်မိုက်ခဲကဆိုသည်။

ယင်းတိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်သည် ဖောကား နှစ်စီးဖြင့် လာရောက် အင်အားတိုးချဲ့ထားပြီး ယနေ့ စက်တင်ဘာလ ၁၀ ရက် နံနက်တွင် ရေစကြိုမြို့ ထင်းတန်းရပ်ကွက်အား စစ်ကြောင်းထိုးမည်ဟုသတင်းရရှိထားကြောင်း၎င်း၏ပြောကြားချက်အရသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

https://youtu.be/Mjng0hgnocY?si=C9IVA5JXxkRVbKy9


#Mizzima
#ရေစကြိုထွေအုပ်ရုံး
#မဟာမိတ်တပ်ဖွဲ့တိုက်ခိုက်
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍24❤2🔥1👏1
​​စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးနှင့် ဒုတပ်ကြပ် ချင်းကာကွယ်ရေးတပ်ဖွဲ့ထံ လက်နက်ဖြင့် ခိုလှုံ
=================

ပါခွီး
(မဇ္စျိမ)။ ။ချင်းပြည်နယ်၊ မတူပီမြို့အခြေစိုက် စစ်ကောင်စီဗျူဟာစခန်းမှ တပ်ကြီးကြီးနှင့် ဒုတပ်ကြပ်တို့ လက်နက်ခဲယမ်းများဖြင့် ခိုလှုံလာကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ) CDF – Matupi က စက်တင် ဘာလ ၉ ရက်နေ့က ထုတ်ပြန်ထားသည်။

မတူပီဗျူဟာစခန်းမှ တပ်ကြပ်ကြီးဇော်ထွန်းနှင့် ဒုတပ်ကြပ်ဝေလွင်တို့သည် MA1 တလက်၊ MA2 တလက်၊ လက်ပစ်ဗုံး နှစ်လုံး၊ ကျည် ၅၃၀ တောင့်နှင့် ကျည်ဘောက်ရှစ်ခုယူဆောင်၍ ဩဂုတ်လ ၂၈ ရက်နေ့တွင် CDF – Matupi ထံ ခိုလှုံလာခြင်းဖြစ်သည်။

“အခုလို ပြည်သူနဲ့အတူ ပူးပေါင်းပါဝင်မှုလုပ်ပေးတာကို ကျေးဇူးတင်သလို ဂုဏ်လည်းဂုဏ်ယူတယ်။ ပြည် သူ့ဖက်က ရပ်တည်ချင်တဲ့ စိတ်ဓါတ်ကိုလည်းလေးစားတယ်။ အသက်နဲ့ရင်းပြီး လက်နက်အပြည့်အစုံနဲ့ ပူးပေါင်းမှုလုပ်လာတာ အရမ်းကျေးဇူးတင်တယ်။ ကျနော်တို့ဘက်ကလည်း ထိုက်သင့်တဲ့ဆုငွေ ချီးမြှင့် ပေးခဲ့တယ်” ဟု CDF – Matupi ပြောရေးဆိုခွင့်ရှိသူ နိုင်ဂျွန်ကိမ်း က မဇ္စျိမ ကိုပြောသည်။

ပူးပေါင်းလာသူနှစ်ဦးကို ၎င်းတို့ထုတ်ပြန်ထားသည့်အတိုင်း လက်နက်အပြည့်အစုံဖြင့် ဝင်ရောက်လာသူ ကို တဦးလျှင် ကျပ်သိန်း ၆၀ ချီးမြှင့်ခဲ့ကြောင်း ဆိုသည်။

၎င်းတို့သည် စစ်ကောင်စီလက်အောက်တွင် လုပ်ကိုင်ရသည်မှာ လိပ်ပြာမသန့်၍ ယခင်ကတည်းက ထွက် ခွာရန်ကြိုးစားခဲ့ကြသော်လည်း အခွင့်အရေးမရသဖြင့် အချိန်ကြာသွားခဲ့ခြင်းဖြစ်သည်ဟု ချင်းကာကွယ် ရေးအဖွဲ့တာဝန်ရှိသူများထံပြောကြားကြောင်း သိရသည်။

စစ်ကောင်စီတပ်အတွင်းရှိသူများအနေဖြင့် အချိန်နောက်မကျသေးကြောင်း၊ ပြည်သူနှင့်အတူ ပူးပေါင်းပါ ဝင်ပေးကြရန်နှင့် ချင်းကာကွယ်ရေးအဖွဲ့၏ထုတ်ပြန်ချက်များတွင် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များဖော် ပြထားပြီး အချိန်မရွေးဆက်သွယ်နိုင်ကြောင်း CDF – Matupi ပြောရေးဆိုခွင့်ရှိသူက တိုက်တွန်းသည်။

အကယ်၍ ပြည်သူနှင့်ပူးပေါင်းရန် ထွက်ခွာလာမည်ဆိုပါက လုံခြုံရေး၊ ကျန်းမာရေးမှစ၍ လိုအပ်သော အရာများကို တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆိုသည်။

စစ်ကောင်စီလက်အောင်တွင် လက်နက်ကိုင်တာဝန်ထမ်းဆောင်ခဲ့သူ လက်နက်မဲ့ ၁၅ ဦးနှင့် လက်နက် အပြည့်အစုံဖြင့် ကိုးဦး၊ စုစုပေါင်း ၂၄ ဦး CDF – Matupi ထံ ခိုလှုံခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့တွင် CDF – Matupi က ခလရ (၃၀၄) တပ်စခန်းဂိတ်ကို ဝင်ရောက် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

စာတည်း။ ။စောဖေ

#ချင်းပြည်နယ်
#မတူပီမြို့
#CDF-Matupi

ပုံအညွှန်း - စစ်ကောင်စီတပ်သားများယူဆောင်လာသည့် လက်နက်ခဲယမ်းများ မြင်တွေ့ရစဥ်

ဓါတ်ပုံ - CDF - Matupi

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍28👏4👎2❤1😁1
​​ပုလောမြို့နယ် လက္ကူကျေးရွာအား စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်၍ ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ
======================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်းရှိ လက္ကူကျေးရွာ ကို စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီ ခွဲခန့်တွင် စစ်ကောင်စီ၏ ခလရ(၂၈၅)တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်မှု ကြောင့် အသက် ၂၀ နှစ်ကျော်အမျိုးသားတဦးသေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စက်တင်ဘာလ ၉ ရက်နေ့က ပုလောမြို့နယ်၊ လက္ကူကျေးရွာအုပ်စုရှိ လက္ကူနှင့် မြဒေါင်ကျေးရွာတို့ကို ပင်လယ်ပြင်တွင်ရပ်နားထားသော စစ်ကောင်စီရေတပ်မှ စစ်သင်္ဘောလေးစီးက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ပစ်ခတ်ခဲ့သလို တစ်ပြိုင်တည်းတွင် ပုလောအခြေစိုက် ခလရ(၂၈၅)တပ်ရင်းကလည်း ၁၂၀ မမ လက်နက်ကြီးဖြင့်ပစ်ခတ်၍ လက္ကူကျေးရွာမှ ကိုမြတ်ဖြိုးဝေဆိုသူသေဆုံးခဲ့ပြီး အရပ်သားငါးဦး ထိ ခိုက်ဒဏ်ရာရခဲ့သည်။

“ရွာကို စစ်တပ်က နှစ်ဖက်ပိတ်ပြီး လက်နက်ကြီးနဲ့ပစ်နေတော့ ရွာခံတွေ ဘယ်ကိုမှထွက်ပြေးလို့ မရတာ ကြောင့် ပိတ်မိနေသလိုမျိုးဖြစ်နေတယ်”ဟု လက္ကူရွာခံ အမျိုးသားတဦးကပြောသည်။

လက္ကူနှင့် မြဒေါင်ကျေးရွာမှ ဒေသခံများအနေဖြင့် စစ်ဘေးရှောင်ရန် ထွက်ပေါက်ပိတ်မိနေကြောင်း သိရ ပြီး ပင်လယ်ကမ်းစပ်နှင့်ထိစပ်နေသည့် လက္ကူရွာခံများမှာ ရေကြောင်းမှလှေငယ်ဖြင့် ထွက်ပြေးရန်ကြိုး စားသော်လည်း စစ်သင်္ဘောလေးစီးက ကမ်းနီးတံငါလှေများကို ပစ်ခတ်မှုများပြုလုပ်နေ၍ စစ်ရှောင်ရန် ခက်ခဲနေသလို ကုန်းလမ်းတွင်လည်း စစ်ကောင်စီ၏ မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များက ဖမ်းဆီး စစ်ဆေးခံရမည် ရန်ကြောင့် ထွက်ပြေး၍မရ ဖြစ်နေကြောင်း ဒေသခံများကပြောသည်။
“အခုဆိုရင် ပြေးစရာနေရာ မရှိသလို ဖြစ်နေတယ်။ စစ်တပ်က လက်နက်ကြီးနဲ့တခါပစ်ရင် ရွာမှာ လူတွေ သေကြေထိခိုက်ပျက်စီးနေရလို့ အမြဲတမ်းကြောက်လန့်ပြီး နေထိုင်နေရတယ်”ဟု လက္ကူရွာခံ အမျိုးသမီး တဦးကပြောသည်။

စစ်ကောင်စီတပ်က နှစ်ဖက်ပိတ်ပြီး ပစ်ခတ်မှုများကြောင့် အလုပ်အကိုင်များလည်း ရပ်နားထားရသဖြင့် စားဝတ်နေရေးအခက်အခဲဖြစ်နေကြောင်း ဒေသခံများက ပြောသည်။
“ရွာမှာက အရင်ကဆိုရင် ပုလောမြို့ပေါ်က စျေးသည်တွေ လာရောင်းတာရှိတယ်။ အခုက စျေးသည်တွေ လည်း မလာရဲသလို ငါးဖမ်းလှေတွေလည်း စစ်သင်္ဘောရန်ကြောက်လို့ မထွက်ရဲကြဘူးဖြစ်နေတယ်” ဟု လက္ကူကျေးရွာမှအမျိုးသမီးတဦးကလည်း ပြောသည်။

လက်ရှိတွင် လက္ကူကျေးရွာအနီးပင်လယ်ပြင်တွင် စစ်သင်္ဘောလေးစီးက ဒေသခံများ ကမ်းနီးငါးဖမ်းလှေ များကို ဖမ်းဆီးစစ်ဆေးနေကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်နေ့ကလည်း လက္ကူကျေးရွာကို ပုလောအခြေစိုက် ခလရ(၂၈၅)က ၁၂၀ မမ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်၍ သက်ကြီးပိုင်းအမျိုးသမီးတဦး ပွဲချင်းပြီးသေဆုံးခဲ့သည့် အပြင် သုံးဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

စာတည်း။ ။စောဖေ

#တနင်္သာရီတိုင်း
#ပုလောမြို့နယ်
#စစ်အုပ်ချုပ်ရေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🤬7👎2😢2🔥1
ဒေါ်ကိုင်ဂု‌ဏောအနန္တော(သို့မဟုတ်) သက်တမ်းရှည် မူးယစ်ဆေးဝါးဒိုင်ချုပ်အမျိုးသမီးကြီး
👍4❤1🔥1😁1
ဒေါ်ကိုင်ဂု‌ဏောအနန္တော(သို့မဟုတ်) သက်တမ်းရှည် မူးယစ်ဆေးဝါးဒိုင်ချုပ်အမျိုးသမီးကြီး
====================

ဘရန်ဆိုင်းလူ
လူသေ‌အလောင်းများကို ဖျာလိပ်ထဲထည့်သယ်သွားသည့် မြင်ကွင်းက မဆန်းတော့သည့် ဇိုးနယ်မြေတခု။ ပြည့်တန်ဆာခန်းကို ဖာခန်းဟုပင် ပီပီပြင်ပြင် အသံထွက် ပြောလေ့ရှိသည့်ဒေသ။ ဖာခန်း၊ ဖိုးခန်း (ဆေးချသည့်အခန်း)၊ ဘိန်းခန်း( ဘိန်းရှုသည့်အခန်း) များက ပုန်းရှိူးကွယ်ရှိုးမဟုတ်။ ရဲစခန်းနှင့် မလှမ်းမကမ်း တောင်ကုန်းပေါ်တွင် ပေါ်တင်ဖွင့်ထားသည်။ ဒေသတွင်း တရားမဝင်ရွှေတူးဖော်ရေးလုပ်ကွက်များကို အကြောင်းပြုပြီး လူမျိုးစုံ၊စရိုက်မျိုးစုံဝင်ချည်ထွက်ချည် အခြေချနေသည့် ထိုနေရာတွင် အော်ဟစ်ဆဲဆိုသံများဆူဆူညံညံကြားရတတ်သလို မူးယစ်ဆေးစွဲနေသူ(ဒေသအခေါ် ဖိုးသမား) များ၏ ငြီးညူသံများလည်း ခပ်တိုးတိုးထွက်နေတတ်သည်။လုယက်မှု၊လူသတ်မှုသတင်းများက ထူးဆန်းမနေတော့ပေ။ ဆေးလွန်ပြီး ပိုင်ရှင်မဲ့ သေဆုံးနေသည့် ရုပ်‌အလောင်းတွေကို မကြာခဏတွေ့ရတတ်သည်မို့ ဒီမြင်ကွင်းတွေကလည်း ဒေသခံများအဖို့ ရိုးအီနေပြီ။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာမှ နမ့်ပုတ်ချောင်းဘေး တောင်ကုန်းတနေရာမြင်ကွင်းဖြစ်သည်။ ထိုနေရာနှင့် ခပ်လှမ်းလှမ်း ရွာလယ်တွင် သစ်သားအိမ်ကြီးတလုံးရှိနေသည်။ ထိုအိမ်ကို ဖားကန့်တနယ်လုံးတွင် ဒေါ်ကိုင်ဟုလူသိများသောအမျိုးသမီးကြီးက ပိုင်သည်။ ဒေါ်ကိုင်က ယခုဆိုလျှင် အသက် ၆၅ နှစ်ခန့်ရှိပြီ။ အနေအထိုင် သိုသိပ်ပိရိသည်။ သူ့အမည်ရင်းကို ပတ်ဝန်းကျင်ကပင်မသိ။ ကချင်တိုင်းရင်းသားမိသားစုတွင် ငါးယောက်မြောက်သမီးဟု အဓိပ္ပါယ်ရသည့် မာကိုင်အဖြစ် ခေါ်ကြရာမှ နောက်ပိုင်းတွင် ဒေါ်ကိုင်ဟုအမည်တွင်လာသည်။မျက်ပေါက်ကျဉ်းကျဉ်းနှင့် အရပ်ငါးပေနှစ်လက်မခန့်ရှိသည့် ဒေါ်ကိုင်သည် ဆယ်ဇင်းရွာအပါ အဝင် ဖားကန့်ဒေသကို မူးယစ်ဆေးဝါးဖြန့်ဖြူးနေသည့် ဒိုင်ချုပ်ကြီးဖြစ်‌ကြောင်းယင်း‌ဒေသမှ အရပ် သားများ၊နိုင်ငံရေးသမားများ၊ အိမ်ထောင်ရှင်မများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရေမဆေးကျောက်ရှာသူများ၊ လောပန်း( ကျောက်ဝယ်သူများ) ရဲများက တူညီသော အဖြေကို ပေးပါသည်။

ဒေသအခေါ် ခပ်ပုံဟု ခေါ်သည့် ဘိန်းမဲ၊ဘိန်းဖြူ၊ ရာမစိတ်ကြွ ဆေးပြားတို့ကို ဒေါ်ကိုင်က ဖြန့်ဖြူးရောင်းချသည်ဟုဆိုကြသည်။
ထို‌နေရာ ထိုဝန်းကျင်၌ ရဲမှူး‌ဇော်ထိန်(အမည်လွှဲ)က ကာလရှည်တာဝန်ကျခဲ့ဖူးသည်။သူအငြိမ်းစားယူခဲ့သည်မှာ ဆယ်စုနှစ် နှစ်ခုနီးပါးရှိခဲ့ပြီ။ စစ်တပ်မှ ပြောင်းလာသည့် မိုးကျရွှေကိုယ်မဟုတ်သော ရဲစစ် စစ်မို့ ရဲဝန်ထမ်းဘဝ အမှုအခင်းများစွာကို ဥပဒေနှင့်အညီ ကိုင်တွယ်ဖြေရှင်းခဲ့သည်ဟု သူ့ကိုယ်သူ ယုံ ကြည်သည်။ သို့သော် တရားရေးအသိုင်းအဝိုင်းတခုလုံးက ဥပဒေကို လိုသလိုပုံသွင်းကာ အဂတိလှိုက် စားခဲ့သည့် ဖြစ်ရပ်တခုအား လက်ပိုက်ကြည့်နေခဲ့ရသည့်အဖြစ်က သူ့နေ့စဉ်ဘဝကို စူးတ‌‌ချောင်းလို ထိုးဆွနေဆဲဟု ငြီးတွားသည်။ထိုအမှုသည် ဒေါ်ကိုင်နှင့် တိုက်ရိုက်သက်ဆိုင်ပါသည်။

ဒေါ်ကိုင်နှင့် ရဲမှူးဇော်ထိန်သည် သက္ကရာဇ် ၂၀၁၀ ပြည့်နှစ်အလွန် အတိတ်ကာလတခု၌ အကြောင်းဆုံခဲ့ဖူးသည်။လာခြင်းကောင်းသော ဆုံ‌တွေ့ခြင်းမျိုးတော့မဟုတ်။ဖားကန့်၌ ဒေါ်ကိုင်တန်ခိုးထွားနေချိန်၊ ဒေါ်ကိုင်အမျက်ရှခံရသူ မည်သူမဆိုအချိန်မရွေး သံတိုင်နောက်ရောက်သွားနိုင်(သို့မဟုတ်)အသက်အန္တရာယ် ရန်ရှာခံရနိုင်သော အ‌ခြေအနေတွင် ဆုံခဲ့ခြင်းဟုရဲမှူးဇော်ထိန်က ပြန်ပြောပြသည်။

Website Link -
https://www.mizzimaburmese.com/article/133168

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥1
​​ရုရှားထုတ် Su-30 တိုက်လေယာဉ် ၂ စင်းကို စစ်ကောင်စီ လက်ခံရရှိထား
=======================

မြန်မာစစ်ကောင်စီသည် ရုရှားနိုင်ငံလုပ် Su-30 တိုက်လေယာဉ် နှစ်စင်းကို ပထမအသုတ်အဖြစ် လက်ခံရရှိထားပြီး ဖြစ်ကြောင်း စစ်ကောင်စီခန့် ဝန်ကြီးတဦးဖြစ်သည့် ဦးချာလီသန်းက ရုရှား RIA သတင်းအေဂျင်စီကို ပြောကြားခဲ့ပြီး အဆိုပါ မှတ်ချက်စကားများကို စက်တင်ဘာ ၁၀ ရက်တွင် ဖော်ပြသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬8🤮4❤2🔥1👏1
​​ဖြူးတွင် စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ၅နှစ် အရွယ်ကလေးငယ်နှင့် ဖခင်သေဆုံး
======================

ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်း ၊ ဖြူးမြို့နယ်တွင် ယမန်နေ့ စက်တင်ဘာ ၉ ရက်နေ့ နေ့လယ်ပိုင်းက အုတ်ဖြတ်ကျေးရွာ တံတား၌ တပ်စွဲထားသော စစ်ကောင်စီတပ် ရမ်းသန်းပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် လေးအိမ်စုကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ငါးနှစ်အရွယ်ကလေးငယ်တဦးနှင့် ၎င်း၏ဖခင်ဖြစ်သူတို့ သေဆုံးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံက သိရသည်။

လက်နက်ကြီးကျည်သည် အဆိုပါ သားအဖနေထိုင်ရာ နေအိမ်သို့ ကျရောက်ပေါက်ကွဲ၍ ကိုစိုးလင်း (အသက် ၃၇ နှစ်) နှင့် မောင်ပိုင်ချစ်သော် (အသက် ငါးနှစ်) တို့ သေဆုံးသွားခြင်းကြသည်။
"လောလောဆယ်တိုက်ပွဲအခြေအနေကတော့ အေးဆေးငြိမ်သက်နေပါပြီ။ လက်နက်ကြီးနဲ့ရမ်းပစ်တာကတော့ ပုံမှန်လိုပါပဲ ပြောရရင်တော့။ မနေ့ကဖြစ်သွားတာကတော့ လက်နက်ကြီးနှစ်လုံးပစ်တယ် တလုံးက အိမ်ထဲကျသွားတာပေါ့" ဟု တောင်ပိုင်းတိုင်း PDF အထူးကွန်မန်ဒိုတပ်ရင်း၏ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။
စစ်ကောင်စီတပ်သည် ထိုသို့ပစ်ခတ်ပြီးနောက် ညောင်ခြေထောက်ဘက်သို့ ပြန်ထွက်သွားကြကြောင်းနှင့် စစ်ကောင်စီတပ်လက်နက်ကြီးကြောင့် စစ်တောင်းမြစ်အနောက်ဘက်ကမ်းကျေးရွာများ၏ ထိခိုက်ပျက်စီးမှုကို မသိရှိရသေးကြောင်း ၎င်းက ပြောသည်။

ပဲခူတိုင်းအရှေ့ခြမ်း ကျောက်ကြီးမြို့၊ မုန်းမြို့နှင့် ဖြူးမြို့နယ် စစ်တောင်းမြစ်ဝမ်းအရှေ့ခြမ်းတို့တွင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက စစ်ကောင်စီတပ်နှင့် KNLA / PDF ပူးပေါင်းတပ်ဖွဲ့များကြား စစ်ရေးတင်းမာပြီး တိုက်ပွဲပြင်းထန်ခဲ့သည်။

မုန်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ သစ်ချဆိပ်စခန်းအား စက်တင်ဘာ ၁ ရက်နေ့တွင် KNLA PDF ပူးပေါင်းတပ်ဖွဲ့မှ သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့ စက်တင်ဘာ ၁၀ ရက်နေ့အထိ အဆိုပါ စခန်းအား စစ်ကောင်စီတပ်မှပြန်လည် ခြေမချနိုင်သေးကြောင်းသိရသည်။

စစ်ကောင်စီတပ်ဘက်မှ အဆိုပါစခန်းအားပြန်လည်ရရှိနိုင်ရေးကိုလည်း စစ်ကြောင်းထိုးကြိုးပမ်းလျက်ရှိပြီး ထိုကျေးရွာများအနီး နှစ်ဖက်ထိတွေ့မှုအနည်းငယ်ရှိနေသေးကြောင်းသိရသည်။

ဖြူးမြို့နယ်အရှေ့ခြမ်း၊ ကျောက်ကြီးနှင့် မုန်းဒေသအတွင်း စစ်ကောင်စီတပ်​၏ အရပ်သားများအားပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် ကျေးရွာပေါင်း ၂၆ ရွာမှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ဗဟို​က စက်တင်ဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ပုံအညွှန်း- လက်နက်ကြီး ကျည်ကြောင့် သေဆုံးသွားသည့် သားအဖ နှစ်ဦးပုံ(ဓာတ်ပုံ- အင်တာနက်)
စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ငါးနှစ်အရွယ်ကလေးငယ်သေဆုံး
#ဖြူးမြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬13👍5😢5🔥1
​​မော်ရိုကို ငလျင်ကြောင့် သေဆုံးသူ ၂,၀၀၀ ကျော်အထိ မြင့်တက်
=====================

မော်ရိုကိုနိုင်ငံတွင် လှုပ်သွားသည့် အင်အားပြင်း ငလျင်ကြီးကြောင့် သေဆုံးရသူဦးရေသည် ၂,၀၀၀ ကျော်အထိ ရှိလာပြီး အခြား လူပေါင်း ၂,၀၀၀ ထက်မနည်းလည်း ထိခိုက်ဒဏ်ရာများ ရခဲ့ကြောင်းနှင့် ဒဏ်ရာရသူများအနက် အများအပြားသည် အခြေအနေ စိုးရိမ်ရကြောင်း ယင်းနိုင်ငံ၏ ပြည်ထဲရေးဝန်ကြီးဌာနက စက်တင်ဘာ ၉ ရက်တွင် ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢14🔥1
​​မြိတ်-တနင်္သာရီလမ်းပိုင်းရှိ ဇဝဲလမ်းဆုံဂိတ်မှ ဖြတ်သန်းခွင့် စစ်ကောင်စီက ပိတ်ပင်
========================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဇဝဲလမ်းဆုံ စစ်ကောင်စီစစ် ဆေးရေးဂိတ်က ဖြတ်သန်းသွားလာခွင့် ပိတ်ပင်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်နေ့က မြိတ်-တနင်္သာရီလမ်းပိုင်း အော်ကြီးကျေးရွာအနီးတွင် စစ်ကောင် စီတပ်ဖွဲ့မှ ကားတစီးနှင့် ခြေလျင်စစ်ကြောင်းတို့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက် ခိုက်မှုကြောင့် အရာရှိတစ်ဦးအပါဝင်ရှစ်ဦးခန့်သေဆုံးကြောင်း သတင်းထွက်ပေါ်ပြီးနောက် ဇဝဲရွာလမ်းဆုံ ဂိတ်ကို စစ်ကောင်စီတပ်က ဖြတ်သန်းခွင့်ပိတ်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“လမ်းပိတ်တယ်လို့ ၈ ရက်နေ့ကစပြီးကြားရတာ။ တချို့ကလည်း သွားလို့ရသေးတယ်ပြောတယ်။ ဒါပေမယ့် အခု ဒီနေ့ ၁၀ ရက်နေ့ ထပ်ကြားရတာက လုံး၀ ဖြတ်သန်းသွားလာခွင့်မပေးတော့ဘူးလို့ သိရ တယ်”ဟု မြိတ်-တနင်္သာရီ ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်မောင်းတဦးက ပြောသည်။

အဆိုပါဂိတ်ကို စစ်ကောင်စီတပ်ကပိတ်လိုက်ခြင်းဖြစ်ပြီး ခရီးသည်တင်ယာဉ်၊ ကုန်တင်ယာဉ်နှင့် ဆိုင် ကယ်အပါအဝင် မည်သည့်ယာဥ်အမျိုးအစားကိုမှ ဖြတ်သန်းသွားလာခွင့်ပြုမည်မဟုတ်ကြောင်း ဂိတ်တွင် စစ်ဆေးနေသည့် စစ်ကောင်စီတပ်သားများက ဖြတ်သန်းသွားလာသူများကို ပြောလိုက်ကြောင်း ဒေသခံ များကဆိုသည်။
စစ်ကောင်စီက ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်သည့် ဇဝဲလမ်းဆုံးဂိတ်သည် မြိတ်မြို့မှ တနင်္သာရီမြို့နှင့် ဘုတ်ပြင်း၊ ကော့သောင်းမြို့နယ်တို့ကို သွားလာသည့်လမ်းပိုင်းဖြစ်သည်။

ဇဝဲလမ်းဆုံဂိတ်တွင် ပြီးခဲ့သည့် ဩဂုတ်လကလည်း တနင်္သာရီမြို့နယ်နှင့် တကူကျေးရွာအပါဝင် အခြား ကျေးရွာများသို့ ဆန်၊ လောင်စာဆီနှင့် ဆေးဝါးများကို သယ်ဆောင်ခွင့် တပတ်ပိတ်ခဲ့ကြောင်း ဒေသခံများ ကပြောသည်။

“ဘယ်နှစ်ရက်ပိတ်မယ်ဆိုတာ တိတိကျကျ မသိရဘူး။ အရင်လို ကုန်ပစ္စည်းတွေကို အကန့်အသတ်နဲ့ သယ်ခွင့်ပေးပြီးပိတ်တာမျိုးမဟုတ်ဘဲ လူရော၊ ကုန်ပစ္စည်းတွေအပါဝင် ကားတွေကိုပါပိတ်လိုက်တော့ ကုန်စျေးနှုန်းတွေတက်နေရတဲ့အထဲ ထပ်တက်လာဖို့ပဲရှိတယ်” တနင်္သာရီမြို့နယ်၊ ရေဖြူကျေးရွာမှ ကုန်စုံ ဆိုင်ရောင်းချနေသူအမျိုးသမီးတဦးကပြောသည်။

ဇဝဲလမ်းဆုံစစ်ဆေးရေးဂိတ်သည် တနင်္သာရီမြို့သို့ဝင်ရောက်ရာတွင် အဓိကဖြတ်သန်းရသော ဂိတ်ဖြစ်ပြီး ဂိတ်ပိတ်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံအထက်ပိုင်းမှ ကုန်စည်များ ဝင်ရောက်မှုမရှိတော့သည့်အတွက် ရက်ကြာလာသည်နှင့်အမျှ ကုန်ဈေးနှုန်းများတက်လာမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နယ်လည်းဖြစ်၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသလို ယခုရက်ပိုင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ် နေ၍ အရပ်သားများအပြင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများလည်း ထိခိုက်မှု ရှိနေကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။

စာတည်း။ ။စောဖေ

#တနင်္သာရီတိုင်း
#ဇဝဲလမ်းဆုံစစ်ဆေးရေးဂိတ်
#မြိတ်-တနင်္သာရီလမ်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🤬4❤1