Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​မော်ရိုကို ငလျင်ကြောင့် သေဆုံးသူ ၂,၀၀၀ ကျော်အထိ မြင့်တက်
=====================

မော်ရိုကိုနိုင်ငံတွင် လှုပ်သွားသည့် အင်အားပြင်း ငလျင်ကြီးကြောင့် သေဆုံးရသူဦးရေသည် ၂,၀၀၀ ကျော်အထိ ရှိလာပြီး အခြား လူပေါင်း ၂,၀၀၀ ထက်မနည်းလည်း ထိခိုက်ဒဏ်ရာများ ရခဲ့ကြောင်းနှင့် ဒဏ်ရာရသူများအနက် အများအပြားသည် အခြေအနေ စိုးရိမ်ရကြောင်း ယင်းနိုင်ငံ၏ ပြည်ထဲရေးဝန်ကြီးဌာနက စက်တင်ဘာ ၉ ရက်တွင် ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢14🔥1
​​မြိတ်-တနင်္သာရီလမ်းပိုင်းရှိ ဇဝဲလမ်းဆုံဂိတ်မှ ဖြတ်သန်းခွင့် စစ်ကောင်စီက ပိတ်ပင်
========================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဇဝဲလမ်းဆုံ စစ်ကောင်စီစစ် ဆေးရေးဂိတ်က ဖြတ်သန်းသွားလာခွင့် ပိတ်ပင်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်နေ့က မြိတ်-တနင်္သာရီလမ်းပိုင်း အော်ကြီးကျေးရွာအနီးတွင် စစ်ကောင် စီတပ်ဖွဲ့မှ ကားတစီးနှင့် ခြေလျင်စစ်ကြောင်းတို့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက် ခိုက်မှုကြောင့် အရာရှိတစ်ဦးအပါဝင်ရှစ်ဦးခန့်သေဆုံးကြောင်း သတင်းထွက်ပေါ်ပြီးနောက် ဇဝဲရွာလမ်းဆုံ ဂိတ်ကို စစ်ကောင်စီတပ်က ဖြတ်သန်းခွင့်ပိတ်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“လမ်းပိတ်တယ်လို့ ၈ ရက်နေ့ကစပြီးကြားရတာ။ တချို့ကလည်း သွားလို့ရသေးတယ်ပြောတယ်။ ဒါပေမယ့် အခု ဒီနေ့ ၁၀ ရက်နေ့ ထပ်ကြားရတာက လုံး၀ ဖြတ်သန်းသွားလာခွင့်မပေးတော့ဘူးလို့ သိရ တယ်”ဟု မြိတ်-တနင်္သာရီ ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်မောင်းတဦးက ပြောသည်။

အဆိုပါဂိတ်ကို စစ်ကောင်စီတပ်ကပိတ်လိုက်ခြင်းဖြစ်ပြီး ခရီးသည်တင်ယာဉ်၊ ကုန်တင်ယာဉ်နှင့် ဆိုင် ကယ်အပါအဝင် မည်သည့်ယာဥ်အမျိုးအစားကိုမှ ဖြတ်သန်းသွားလာခွင့်ပြုမည်မဟုတ်ကြောင်း ဂိတ်တွင် စစ်ဆေးနေသည့် စစ်ကောင်စီတပ်သားများက ဖြတ်သန်းသွားလာသူများကို ပြောလိုက်ကြောင်း ဒေသခံ များကဆိုသည်။
စစ်ကောင်စီက ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်သည့် ဇဝဲလမ်းဆုံးဂိတ်သည် မြိတ်မြို့မှ တနင်္သာရီမြို့နှင့် ဘုတ်ပြင်း၊ ကော့သောင်းမြို့နယ်တို့ကို သွားလာသည့်လမ်းပိုင်းဖြစ်သည်။

ဇဝဲလမ်းဆုံဂိတ်တွင် ပြီးခဲ့သည့် ဩဂုတ်လကလည်း တနင်္သာရီမြို့နယ်နှင့် တကူကျေးရွာအပါဝင် အခြား ကျေးရွာများသို့ ဆန်၊ လောင်စာဆီနှင့် ဆေးဝါးများကို သယ်ဆောင်ခွင့် တပတ်ပိတ်ခဲ့ကြောင်း ဒေသခံများ ကပြောသည်။

“ဘယ်နှစ်ရက်ပိတ်မယ်ဆိုတာ တိတိကျကျ မသိရဘူး။ အရင်လို ကုန်ပစ္စည်းတွေကို အကန့်အသတ်နဲ့ သယ်ခွင့်ပေးပြီးပိတ်တာမျိုးမဟုတ်ဘဲ လူရော၊ ကုန်ပစ္စည်းတွေအပါဝင် ကားတွေကိုပါပိတ်လိုက်တော့ ကုန်စျေးနှုန်းတွေတက်နေရတဲ့အထဲ ထပ်တက်လာဖို့ပဲရှိတယ်” တနင်္သာရီမြို့နယ်၊ ရေဖြူကျေးရွာမှ ကုန်စုံ ဆိုင်ရောင်းချနေသူအမျိုးသမီးတဦးကပြောသည်။

ဇဝဲလမ်းဆုံစစ်ဆေးရေးဂိတ်သည် တနင်္သာရီမြို့သို့ဝင်ရောက်ရာတွင် အဓိကဖြတ်သန်းရသော ဂိတ်ဖြစ်ပြီး ဂိတ်ပိတ်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံအထက်ပိုင်းမှ ကုန်စည်များ ဝင်ရောက်မှုမရှိတော့သည့်အတွက် ရက်ကြာလာသည်နှင့်အမျှ ကုန်ဈေးနှုန်းများတက်လာမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နယ်လည်းဖြစ်၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသလို ယခုရက်ပိုင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ် နေ၍ အရပ်သားများအပြင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများလည်း ထိခိုက်မှု ရှိနေကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။

စာတည်း။ ။စောဖေ

#တနင်္သာရီတိုင်း
#ဇဝဲလမ်းဆုံစစ်ဆေးရေးဂိတ်
#မြိတ်-တနင်္သာရီလမ်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🤬4❤1
​​စစ်ကိုင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးပြန်လာသည့် တပ်မ ၃၃ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၂ ဦး သေဆုံး
=================

MTO
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်တိုက်နယ်အနောက်ခြမ်းကျေးရွာများကို စစ်ကြောင်း ထိုးပြီးပြန်လာသည့် ယာဉ်နှစ်စီးပါ စစ်ကောင်စီတပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံး သွားကြောင်း Fight For Federal အဖွဲ့ထံမှ သိရသည်။

စစ်ကိုင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးပြီးနောက် တပ်မ(၃၃) သို့ တပ်ပြန်ဆုတ်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၉ နာရီကျော်က စစ်ကိုင်း-ရွှေဘို-မုံရွာလမ်း အုန်းတော ရွာနှင့် ရွာသစ်ရွာအကြားတွင် မိုင်းပွိုင့်နှစ်ခုဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံး သွားကြောင်း Fight For Federal အဖွဲ့မှ ကိုနှုတ်ခမ်းမွှေးက ပြောသည်။

“မိုင်းဆွဲတိုက်ခိုက်တာမှာ စစ်ကားနှစ်စီး မိုင်းတည့်တည့်ထိတယ်။ နှစ်ဦးသေပြီး အခြားထိခိုက်မှုတွေလည်း ရှိနိုင်တယ်၊ သူတို့ဘက်က ပြန်ပစ်တာတော့မရှိဘူး” ဟု ၎င်းကပြောသည်။

အဆိုပါယာဉ်နှစ်စီးပေါ်တွင်လိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့သည် စက်တင်ဘာလ ၃ ရက်နေ့မှစတင် ကာ စစ်ကိုင်းမြို့နယ်အနောက်ခြမ်းကျေးရွာများအား လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်၀င်ရာက်စီးနင်း ခြင်း၊ ဒေသခံများအား ဖမ်းဆီးရိုက်နှက်သတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း၊ နေ အိမ်မီးရှို့ခြင်း၊ နေအိမ်များမှ စားနပ်ရိက္ခာ၊ အဖိုးတန်ပစ္စည်းများအားခိုးယူခြင်း စသည့် အကြမ်းဖက်လုပ်ရပ် များကို ကျူးလွန်ထားသည့် စစ်ကြောင်းဖြစ်ကြောင်း Fight For Federal အဖွဲ့က ဆိုသည်။

ယခုတိုက်ခိုက်မှုကို Fight for Federal ၊ Phoenix SGG ၊ Unicorn ပြောက်ကျားတပ်ဖွဲ့၊ စစ်ကိုင်းမြို့နယ် ပကဖ၊ အညာသားလေး SGG တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ

#စစ်ကိုင်းတိုင်း
#စစ်ကြောင်းထိုး
#မိုင်းဆွဲတိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16❤2🔥1👏1
ဘုတလင်တွင် စစ်ကောင်စီတပ်စွဲထားသောရုံးများကို မောင်းသူမဲ့လေယာဥ်ဖြင့် ဗုံးသီးချတိုက်ခိုက်
==================

ပါခွီး(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့တွင် စစ်ကောင်စီတပ်စွဲထားသော ရုံးများကို မောင်းသူမဲ့လေယာဥ် ဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း Chindwin Brother (DGF) တပ်ခွဲထံမှ သိရသည်။

ကာကွယ်ရေးပူပေါင်းအဖွဲ့သည် ဘုတလင်မြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးနှင့် မီးသတ်ရုံးများကို စက်တင်ဘာလ ၈ ရက်နှင့် ၉ ရက်နေ့များတွင် Shar Htoo WAW နည်းပညာသုံး မောင်းသူမဲ့လေယာဥ် ငယ်များဖြင့် ဗုံးချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“စခ(စစ်ကောင်စီတပ်သား)တွေက လမ်းပေါ်မှာစစ်ဆေးရိုက်နှက် ငွေတောင်းတာတွေ လုပ်နေတဲ့အတွက် အခုလို တိုက်ခိုက်ခဲ့တာပါ။ ထိခိုက်မှုရှိတယ်လို့သိရတယ်။ အသေးစိတ်ကိုတော့ စုံစမ်းနေဆဲပါ” ဟု Chindwin Brother တာဝန်ရှိသူက မဇ္စျိမ ကိုပြောသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးနှင့် မီးသတ်ရုံးများတို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများ သည် အများပြည်သူ သွားလာနေသောလမ်းကိုပိတ်ဆို့ပြီး မော်တော်ယာဥ်များကို ဖမ်းဆီးခြင်း၊ စစ်ဆေး ခြင်း၊ ငွေတာင်းခံခြင်းနှင့် ဆဲရေးတိုင်းထွာပြီး ရိုက်နှက်ခြင်းများ နေ့စဥ်ပြုလုပ်နေသောကြောင့် တိုက်ခိုက် ရခြင်းဖြစ်ကြောင်း ဆိုသည်။

စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်တွင် ထွေအုပ်ရုံး ၊ ၄ နာရီ ၄၂ မိနစ်တွင် မီးသတ်ရုံးတို့ကို ဗုံးချခဲ့ပြီး ၉ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်တွင် မီးသတ်ရုံးကို ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ သေဆုံးဒဏ်ရာရနိုင်သော်လည်း အသေးစိတ် အခြေအနေသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း ဆိုသည်။

တိုက်ခိုက်မှုကို Chindwin Brother နှင့်အတူ B21 (ကနီ)၊ မုံရွာခရိုင်တပ်ရင်း (၁၆)၊ နင်ဂျာတပ်ဖွဲ့၊ ဗိုလ်ပွ ကြီး၊ ဗိုလ်နားထိုင်း၊ အုပ်ကြီးနှင့်အဖွဲ့၊ ကြေးမုံတပ်ဖွဲ့နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တို့ ပူးပေါင်းခဲ့ပြီး ၎င်းတို့ဖက်မှ အထိအခိုက်မရှိကြောင်း သိရသည်။

ပြည်သူကို အနှောက်အယှက်ပေးနေသည့် စစ်ကောင်စီတပ်များကို အဆုံးတိုင် ဆက်လက်တိုက်ခိုက်သွား မည်ဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောကြားသည်။

စာတည်း။ ။စောဖေ

https://youtu.be/A_tbM6ZVpyM?si=tl8WsAOTNmW8zLkS

#စစ်ကိုင်းတိုင်း
#ဘုတလင်မြို့
#မောင်းသူမဲ့လေယာဥ်
#ဗုံးချတိုက်ခိုက်
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍14❤5🔥2👏1
​​ပေါက်ခေါင်းတွင် ကန်ကြီးရဲစခန်း စီးနင်းတိုက်ခိုက်ခံရ၊ ရဲ ၅ ဦးသေဆုံးဟုဆို
====================

ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ကန်ကြီးနယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ စက်တင်ဘာ ၉ ရက်နေ့ ည ၇နာရီအချိန်ခန့်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ငါးဦးသေဆုံးကြောင်း ပဲခူးတိုင်းတော်လှန်ရေးအင်အားစုထံက သိရသည်။

စခန်းကိုစီးနင်းတိုက်ခိုက်နိုင်ခဲ့သော်လည်း မီးရှို့ဖျက်ဆီးနိုင်ခြင်း မရှိခဲ့ကြောင်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့၏ တပ်ဖွဲ့ဝင်တဦးက ပြောသည်။

"ကျည်မလောက်တာရော မိုးသည်းနေတာရောကြောင့် စခန်းကိုမသိမ်း မီးမရှို့နိုင်ဘဲ ပြန်ဆုတ်ခဲ့ပါတယ်" ဟု တပ်ဖွဲ့ဝင်က ပြောသည်။
အဆိုပါ စခန်းစီးနင်းတိုက်ခိုက်မှုအတွင်း စခန်းရှိ ရဲ ငါးဦးသေဆုံးကြောင်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှပြောသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

တိုက်ခိုက်မှုဖြစ်စဉ်အသေးစိတ်နှင့် ထိခိုက်သေဆုံးမှုအခြေအနေများအား အတိအကျသိရှိနိုင်ရန် မဇ္ဈိမကဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုကို ပဲခူးတိုင်း PDF သာမက မကွေးတိုင်းနှင့် ချင်းပြည်နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့ပါ ပူးပေါင်းထားသည့် ပူးပေါင်းတပ်ဖွဲ့မှလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ပေါက်ခေါင်းတွင် ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်နေ့ ညနေပိုင်းကလည်း ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း ( ၃၆၀၂ ) တပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့၍ စစ်ကောင်စီ၏ ဦးပိုင် လက်အောက်ခံ အင်ငါးခွသကြားစက်မှ ကြံစိုက်ပျိုးရေးတာဝန်ခံ ဗိုလ်ကြီးဟောင်းသန်းဝင်းကို သေဆုံးခဲ့သည် ။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ကန်ကြီးရဲစခန်း
#ပေါက်ခေါင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤13👍4👏3🔥1
​​သင်္ဃန်းညီနောင်တွင် ပြည်သူ့စစ်ဂိတ်စခန်း ဝင်ရောက်ပစ်ခတ်ခံရပြီး သံဃာ ၁ ပါးနှင့် ပြည်သူ့စစ် ၃ ဦး သေဆုံး
================

YT
(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အဝင်၊ သင်္ဃန်းညီနောင်မြို့သစ်၊ သင်္ဃန်းညီနောင်တံတားထိပ်ရှိ ပြည်သူ့စစ်ဂိတ်စခန်း ဝင်ရောက်တိုက်ခိုက်ခံရပြီး သံဃာတစ်ပါးနှင့် ပြည်သူ့စစ်သုံးဦးသေဆုံးခဲ့ကြောင်း ဒေသခံထံက သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၉ ရက်နေ့၊ နံနက် ၉ နာရီအချိန်တွင် မြဝတီ- ကော့ကရိတ် အာရှလမ်းမကြီးပေါ် သင်္ဃန်းညီနောင်တံတားထိပ်ရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များ အထိုင်ချထားရာ ဂိတ်စခန်းကို အမည်မသိအဖွဲ့အစည်းတစ်ခုက ကားနှစ်စ်ီးဖြင့် ရောက်လာပြီး ဝင်ရောက်ပစ်ခတ်ခဲ့ရာမှ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဝင်ရောက်ပစ်ခတ်ခံရမှုကြောင့် ဂိတ်အတွင်းရှိ ပြည်သူ့စစ်သုံးဦးသေဆုံး၍ ဂိတ်အနီး ရှိနေသော သံဃာတစ်ပါးလည်း ပျံလွန်တော်မူခဲ့ပြီး လာရောက်ပစ်ခတ်သည့် အဖွဲ့​၏ Vigo အမျိုးအစား ကားတစ်စီး ပြည်သူ့စစ်ဂိတ်အရှေ့တွင် ကျန်ရစ်ခဲ့ကြောင်း သိရသည်။

" ကားနဲ့လာပစ်သွားတာ။ ပြည်သူ့စစ်သုံးယောက်နဲ့ ဘုန်းကြီးတစ်ပါး အားလုံးလေးယောက်ပါ။ ကားကျန်ခဲ့တာတော့ ဟုတ်တယ်။ ကားဘီးပေါက်သွားလို့ ထားခဲ့တာလို့လည်း ပြောနေကြတယ်" ဟု မြဝတီမြို့နယ် ဒေသခံ အမျိုးသမီးတစ်ဦးက မဇ္ဈိမကိုပြောသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက်အဆိုပါ ဂိတ်ရှေ့တွင် စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) များ ရောက်လာပြီး ယမန်နေ့ နေ့လယ်ပိုင်းအထိ ဖြတ်သန်းသွားလာသည့် ကားများအား အစစ်အဆေးပြုလုပ်ခဲ့သော်လည်း ယနေ့ စက်တင်ဘာလ ၁၀ ရက်နေ့တွင်တော့ ပုံမှန်အတိုင်း သွားလာနေနိုင်ပြီဖြစ်ကြောင်း သိရသည်။

" မနေ့ကဖြစ်ပြီးတော့ BGF တွေအများကြီးပဲ လာစောင့်ကျတယ်။ စစ်လည်း စစ်တယ်ကားတွေကို။ ဒီနေ့ကတော့ ပုံမှန်အတိုင်းပါပဲ ဘာမှထူးတာမရှိဘူး" ဟု အဆိုပါ အမျိုးသမီးက ဆက်လက်ပြောဆိုသည်။

အဆိုပါ ပြည်သူ့စစ်ဂိတ် ဝင်ရောက်ပစ်ခတ်ခံရသည့်ဖြစ်စဉ်အား ကျားသစ်နက်စစ်ကြောင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်သည့် BMT ချန်နယ်က ဖော်ပြထားသော်လည်း ကျားသစ်နက်စစ်ကြောင်းက ၎င်းတို့ပြုလုပ်ခြင်းမရှိကြောင်း ငြင်းဆိုသည်။

" အဲ့ကိစ္စက နေ့စဉ်လုပ်ငန်းစဉ်ထဲမှာ မရှိပါဘူး။ ပြည်သူ့စစ်ဂိတ် ပစ်ခတ်ခံရတဲ့ကိစ္စမှာ ကျွန်တော်တို့အဖွဲ့က ပြုလုပ်ခဲ့ခြင်း မရှိပါဘူး" ဟု ကျားသစ်နက်စစ်ကြောင်း ပြန်ကြားရေးက မဇ္ဈိမကိုပြောသည်။
သင်္ဃန်းညီနောင်မြို့သစ်အဝင် ပြည်သူ့စစ်ဂိတ် ပစ်ခတ်မှုအား မည်သည့်အဖွဲ့အစည်းက ပြုလုပ်ခဲ့သည်ကို မဇ္ဈိမက ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။

အဆိုပါ ဂိတ်သည် လက်နက်ကိုင်ဆောင်ထားသည့် ပျူစောထီးများက ပြည်သူ့စစ် အမည်ခံကာ စစ်ဆေးရေးဂိတ်ပြုလုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်နေ့ကလည်း မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်မြို့သစ်ရှိ စစ်ကောင်စီတပ်သားများနှင့် BGF ပူးပေါင်း အထိုင်ချနေသည့် စစ်ဆေးရေးဂိတ်အတွင်း ဒရုန်းဖြင့် ပစ်ချသည့် ဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲမှုရှိပြီး စစ်ကောင်စီနှင့် BGF ဘက်မှ တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#သင်္ဃန်းညီနောင်မြို့သစ်
#ပြည်သူ့စစ်

ပုံအညွှန်း- ပြည်သူ့စစ်ဂိတ် ဝင်ရောက်ပစ်ခတ်ခံရမှုတွင် သေဆုံးသွားသည့် ပြည်သူ့စစ်တဦး (ဓါတ်ပုံ- Snow Queen Telegram Channel)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14❤1🔥1👏1
​​မြိုင်မြို့နယ် ကန်ကြီးရိုးကျေးရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီး ပြည်သူများကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်
===================

KMN
(မဇ္ဈိမ)။ ။မကွေးတိုင်း၊ မြိုင်မြို့နယ်အရှေ့တောင်ဘက်ရှိ ကန်ကြီးရိုးရွာကို စစ်ကောင်စီတပ်က ယနေ့ စက် တင်ဘာလ ၁ဝ ရက် နံနက်အစောပိုင်းတွင် ရုတ်တရက်ဝင်ရောက်စီးနင်းပြီး ကာကွယ်ရေးခေါင်းဆောင် တဦးအားပစ်ခတ်သတ်ဖြတ်ခဲ့ကာ အရပ်သားများကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်မှ ဝင်ရောက်စီးနင်းစဉ် ကာကွယ်ရေးခေါင်းဆောင်တဦးဖြစ်သော အသက် ၂၄ နှစ်အရွယ် ဗိုလ်လင်းမြွေကိုဖမ်းဆီးမိပြီး နံနက် ၆ နာရီ ၃၀ မိနစ်တွင် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည်ကိုတွေ့ရကြောင်း ဒေသခံတဦးကပြောသည်။

ထို့ပြင် ဗိုလ်လင်းမြွေ၏ ကားကိုလည်းမီးရှို့ဖျက်ဆီးကာ နေအိမ်အတွင်းမွှေနှောက်သွားပြီး ကန်ကြီးရိုးရွာမှ အရပ်သားရှစ်ဦးကို စစ်ကြောင်းအတွင်း ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဗိုလ်လင်းမြွေမှာ နံသာမြိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တဦးဖြစ်ပြီး မြိုင်မြို့၏ အရှေ့ဘက် ဒေသများသို့ ကာကွယ်ရေးတပ်ဖွဲ့များ နယ်မြေစိုးမိုးမှုရအောင် လှုပ်ရှားဆောင်ရွက်ခဲ့သူဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

“တပ်မ(၁၀၁)က အင်အား ၇၀ ကျော်ရှိတဲ့စစ်ကြောင်းက ဝင်ရောက်စီနင်းခဲ့တယ်လို့ သတင်းရပါတယ်။ ဗိုလ်လင်းမြွေကတော့ စစ်ကြောင်းဝင်စီးချိန်ကတည်းက အသတ်ခံရတယ်လို့သိရပါတယ်။ စစ်ကြောင်းနဲ့ ဓားစာခံအဖြစ်ဖမ်းခေါ်သွားတာက အမျိုးသားတွေလို့ သိရပါတယ်” ဟု Myaing Intelligent Group အဖွဲ့ ဝင် ကိုမိုးမှောင်က မဇ္ဈိမကို ပြောကြားသည်။

စစ်ကောင်စီ၏ တပ်မ(၁၀၁)စစ်ကြောင်းသည် ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်ဝန်းကျင်တွင် မြိုင်မြို့နယ် အတွင်း ရိက္ခာပို့ရန် ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

၎င်းစစ်ကြောင်းသည် စက်တင်ဘာလ ၅ ရက်နေ့ကလည်း မြိုင်မြို့နယ် ဂွေးပင်လယ်ရွာမှ အရပ်သား ၁၅ ဦးခန့်ကို ဓားစာခံအဖြစ်ဖမ်းဆီးခဲ့ပြီး စက်တင်ဘာလ ၈ ရက်နေ့မှ ပြန်လွှတ်ပေးခဲ့ကြောင်း ၎င်းကဆက် ပြောသည်။

မြိုင်မြို့နယ် အရှေ့တောင်ဘက်ရှိ ကန်ကြီးရိုးရွာကို ဝင်ရောက်စီနင်းခဲ့သော စစ်ကောင်စီ၏ တပ်မ(၁၀၁) စစ်ကြောင်းသည် ယနေ့နံနက်ပိုင်းတွင် ကန်ကြီးရိုးရွာမှတဆင့် ချောင်းဦးတိုရွာသို့ ရောက်ရှိခဲ့ကြောင်းနှင့် ညနေပိုင်းတွင် ချောင်းဦးတိုရွာမှတဆင့် အရှေ့ဘက်သို့ ဦးတည်နေကြောင်း ဒေသခံများကပြောသည်။

(Photo – mygtroopnews)
စာတည်း။ ။စောဖေ

#မကွေးတိုင်း
#မြိုင်မြို့နယ်
#ဓားစာခံ
#တပ်မ(၁၀၁)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬9👍7🔥1
​​Michael 2023
=============

ကလေးဘဝကတည်းက အဖေကို သတ်ဖို့ဆိုတဲ့ အညှိုးအတေးတွေနဲ့ ကြီးပြင်းလာတဲ့ မိုက်ကယ်ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ မွမ်ဘိုင်းမြို့ကိုရောက်လာရင်း တစ်နေ့မှာ ဂုရုနာ့သ်ဆိုတဲ့ အဲ့ဒီမြို့ကို အုပ်ချုပ်နေတဲ့ လူမိုက်ခေါင်းဆောင်ကြီးတစ်ယောက်ရဲ့ အသက်ကို ကယ်တင်ခဲ့ရာက ဂုရုနာ့သ်က သူ့ကိုသဘောကျပြီး သူ့ဆီမှာ ခေါ်ထားလိုက်တယ် .. ငယ်စဉ်ကတည်းက အကြောက်အရွံ့မရှိသလို လက်ရဲဇက်ရဲနိုင်တဲ့ မိုက်ကယ်ဟာ ဂုရုနာ့သ်ရဲ့ အရိပ်အောက်မှာ ကြီးပြင်းရင်း အရွယ်ရောက်လာတဲ့အခါ ဂုရုနာ့သ်ကို လုပ်ကြံဖို့ကြိုးစားတဲ့သူတွေလက်ထဲက သူ့ အသက်ကို နောက်တစ်ကြိမ်ထပ်ပြီး ကယ်တင်ခဲ့တဲ့အတွက် ဂုရုနာ့သ်က သဘောကျပြီး သူ့လက်အောက်က Bar တစ်ချို့ကို အုပ်ချုပ်ခွင့်ပေးလိုက်တယ် တစ်နေ့မှာတော့ ဂုရုနာ့သ်က သူ့ကိုလုပ်ကြံဖို့ ကြိုးစားတဲ့သူတွေထဲက ပျောက်ဆုံးနေတဲ့တစ်ယောက်ကို ခြေရာခံဖို့ အဲ့ဒီလူရဲ့ သမီးနောက်ကို တကောက်ကောက် လိုက်ဖို့ မိုက်ကယ့်ကို တာဝန်ပေးလိုက်တယ် .. မိုက်ကယ်ကလည်း ကောင်မလေးနောက်ကို မျက်ခြေမပျက်လိုက်နေရင်း ကောင်မလေးကို ချစ်မိသွားရာက သူနဲ့ ဂုရုနာ့သ်တို့ကြားက မိုက်ကယ်တစ်ယောက်ပဲသိတဲ့ တစ်ချို့သောအကြောင်းအရာတွေဟာ မထင်မှတ်ဘဲ ဘူးပေါ်သလို ပေါ်လာခဲ့ရတော့တယ်

အထိုးအကြိတ်အသတ်အပုတ်ခန်းတွေပါဝင်သလို ထင်မှတ်မထားတဲ့ ဇာတ်လမ်းအပြောင်းအလဲတွေ ထည့်သွင်းပေးထားတာကြောင့် ပရိတ်သတ်တွေ စိတ်ဝင်တစားကြည့်ရှုခံစားရမယ့် ဇာတ်လမ်းကောင်းဖြစ်တာမို့ လက်မလွတ်စေနဲ့နော်....

ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - https://bit.ly/44WaGEU

#New ပြသမည့်ရက်။ ။ ၁၀.၉.၂၀၂၃
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ ၁၁.၉.၂၀၂၃
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍9❤3🔥1
​​မြန်မာ၊ ယူကရိန်းနှင့် အခြားစစ်ဇုန်များတွင် ပညာရေးကဏ္ဍ တိုက်ခိုက်ခံနေရဟု NGO အဖွဲ့ ပြော
====================

မဇ္ဈိမ
ပညာရေးကဏ္ဍတွင် ပြင်းထန်သည့် စိန်ခေါ်မှုတရပ်နှင့် ရင်ဆိုင်နေရသည့် နိုင်ငံများထဲတွင် မြန်မာသည်လည်း တနိုင်ငံအဖြစ် ပါဝင်နေသည်။ ၂၀၂၂ ခုနှစ်က ပညာရေးကဏ္ဍတွင် တိုက်ခိုက်ခံရမှုဖြစ်စဉ်ပေါင်း ၃,၀၀၀ ကျော် ရှိခဲ့ပြီး ယင်းက အစောပိုင်းတနှစ်ကထက် ၁၇ ရာခိုင်နှုန်း ပိုများလာခြင်း ဖြစ်ကြောင်း ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှု ကာကွယ်ရေး ကမ္ဘာလုံးဆိုင်ရာ ညွန့်ပေါင်းအဖွဲ့ (GCPEA) ၏ စက်တင်ဘာ ၇ ရက်တွင် ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

ယခုနှစ် စက်တင်ဘာ ၉ ရက်တွင် ကျရောက်သည့် ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှု ကာကွယ်ရေးဆိုင်ရာ လေးကြိမ်မြောက် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ နေ့ မတိုင်မီ ထိုဒေတာအချက်အလက်များကို ထုတ်ပြန်ခြင်း ဖြစ်သည်။ တိုက်ခိုက်မှုဖြစ်စဉ်အားလုံး၏ သုံးပုံ တပုံနီးပါးသည် ယူကရိန်း၊ မြန်မာနှင့် ဘာကီနာ ဖာဆို နိုင်ငံသုံးနိုင်ငံတွင်သာ ဖြစ်ပွားထားခဲ့ပြီး အများစုသည် ယူကရိန်းရှိ စစ်ပွဲအတွင်း ဖြစ်ပွားခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ်က ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှုများကြောင့် ကျောင်းသားနှင့် ဆရာဦးရေ ၆,၇၀၀ ကျော် သေဆုံး၊ ဒဏ်ရာရ၊ ပြန်ပေးဆွဲခံရ၊ ဖမ်းဆီးခံရ သို့မဟုတ် တနည်းအားဖြင့် ထိခိုက်ခဲ့ရကြောင်းနှင့် ယင်းသည် ၂၀၂၁ ခုနှစ်ကထက် ၂၀ ရာခိုင်နှုန်း ပိုများခြင်း ဖြစ်ကြောင်း GCPEA အရ သိရသည်။ လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့များ စစ်ရေးရည်ရွယ်ချက်များအတွက် စာသင်ကျောင်းများကို အသုံးပြုမှုများက ၂၀၂၂ ခုနှစ်တွင် မြင့်တက်ခဲ့ပြီး ဖြစ်စဉ်ပေါင်း ၅၁၀ ကျော် ရှိကာ အစောပိုင်းနှစ်က ယင်းကဲ့သို့ ဖြစ်စဉ်ပေါင်း ၄၅၀ ခန့် ရှိခဲ့သည်။ ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှုများတွင် မကြာခဏဆိုသလို ဖောက်ခွဲရေးလက်နက်များကိုလည်း ပစ်မှတ်ထား အဆင်အခြင်မဲ့ အသုံးပြုမှုများ ရှိခဲ့ရာ ကြီးမားသည့် ထိခိုက်မှုတို့ကို ဖြစ်စေသည်။ ပေါက်ကွဲခြင်း မရှိသေးသော စစ်လက်နက်ပစ္စည်းများကလည်း လာမည့်နှစ်များတွင် လူ့အသက်သေစေနိုင်သည့် အန္တရာယ်ကို ဆက်လက်ဖြစ်ပေါ်စေမည် ဖြစ်သည်။

“စာသင်ကျောင်းတွေဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့အလျောက် ဘေးကင်းလုံခြုံတဲ့နေရာတွေအဖြစ် အမြဲတစေ ရှိမနေဘဲ ၊ ဒါတွေဟာ ရံဖန်ရံခါဆိုသလို အလွန်အကျွံ အကြမ်းဖက်မှုတွေရဲ့ နေရာ (ဆိုဒ်) တွေ ဖြစ်နေတယ် ဆိုတာကို ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှု ကာကွယ်ရေး နိုင်ငံတကာနေ့က ထင်ထင်ရှားရှား သတိပေးနေပါတယ်” ဟု GCPEA ၏ အမှုဆောင်ဒါရိုက်တာ ဒီယာ နီဂျ်ဟောင်းန်က ပြောသည်။ “မနှစ်က စိတ်ဆင်းရဲစရာကောင်းလောက်အောင် တိုက်ခိုက်မှုတွေ များပြားလာတာကို ကြည့်မယ်ဆိုရင် လက်နက်ကိုင်တပ်ဖွဲ့တွေရော၊ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရောအနေနဲ့ ကျောင်းတွေ၊ တက္ကသိုလ်တွေ အနီးအနားလိုမျိုး လူနေများတဲ့ ဧရိယာတွေမှာ ဧရိယာကျယ်ပြန့်တဲ့ ထိခိုက်မှုတွေ ရှိစေမယ့် ဖောက်ခွဲရေးလက်နက်တွေ အသုံးပြုတာ ရှောင်ကြဉ်တာ၊ စာသင်ကျောင်းတွေကို စစ်ရေးရည်ရွယ်ချက်တွေအတွက် အသုံးမပြုဘဲ ရှောင်ရှားတာ အပါအဝင် ပညာရေး ကဏ္ဍအပေါ် ကာကွယ်စောင့်ရှောက်ဖို့ အရေးတကြီး လိုအပ်နေတယ်ဆိုတာကို ပြသနေပါတယ်”
👍13🔥1
က​လေး​မွေးပြီးစ အမျိုးသမီး​တွေမှာ ဖြစ်တတ်တဲ့ စိတ်ကျ​ရောဂါ | ကျန်းမာသုတ လူမှုဘ၀ Episode - 32
=====================

ဒီတပတ်ရဲ့ ''ကျန်းမာသုတ လူမှုဘ၀'' အစီအစဉ်မှာ က​လေး​မွေးပြီးစ အမျိုးသမီး​တွေမှာ ဖြစ်တတ်တဲ့ စိတ်ကျ​ရောဂါနဲ့ ပတ်သက်ပြီး တင်ဆက်ပေးချင်ပါတယ်။
ဟော်မုန်း အပြောင်းအလဲနဲ့ဆိုင်လား။ ဘယ်လို လက္ခဏာတွေ ပြတတ်လဲ။
ဘယ်လိုနည်းလမ်းတွေနဲ့ ဖေးမ ကူညီ ကုစားနိုင်လဲဆိုတာတွေကို ဒေါက်တာ ဖြိုးသီဟက ဆွေးနွေးပေးထားပါတယ်။

https://youtu.be/JnvRFDBLqEs?si=4ImjNrF4NkDNS63q

#ဒေါက်တာဖြိုးသီဟ
#mizzima
#ကျန်းမာသုတလူမှုဘဝ
#BabyBlues
#PostpartumDepression
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥3👍1
​​မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်လာသော်လည်း ကုန်စျေးနှုန်းများ မကျ
========================

ဓါတု
(မဇ္ဈိမ)။ ။ ပြည်တွင်း စျေးကွက်ထဲတွင် စက်တင်ဘာလ ၅ ရက်က စတင်၍ ရွှေစျေးနှင့် နိုင်ငံခြားငွေစျေး တဖြည်းဖြည်းကျဆင်းလာပြီး မြန်မာကျပ်ငွေတန်ဖိုးမြင့်တက်လာသော်လည်း စားသုံးကုန်နှင့် ဆေးဝါးစျေးနှုန်းများမှာ ကျဆင်းခြင်းမရှိကြောင်း မြို့ပြနေထိုင်သူများကဆိုသည်။

ကျပ် ၂၀,၀၀၀ တန်ထုတ်ဝေမည်ဟု စစ်ကောင်စီက ဇူလိုင်လ ၂၃ ရက်က ကြေညာပြီးသည့်နောက် မြန်မာ့ငွေကြေး စျေးကွက်တွင် နိုင်ငံခြားငွေစျေးနှင့် ရွှေစျေးမှာ သိသိသာသာထိုးတက်ခဲ့ရာမှ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း နိုင်ငံခြားငွေစျေးနှင့် ရွှေစျေးများမှာ တရွေ့ရွေ့ကျဆင်းလာခြင်းဖြစ်သည်။

ယခုလ စက်တင်ဘာလ ၅ ရက်နေ့မတိုင်မီ ရွှေစျေးမှာ အခေါက်ရွှေတကျပ်သားလျှင် ၃,၆၀၀,၀၀၀ မှ,၃,၈၀၀,၀၀၀ သိန်းဝန်းကျင် အထိရှိခဲ့သော်လည်း ယနေ့ စက်တင်ဘာလ ၁၀ ရက် နံနက်တွင် ကျပ် ၃,၁၀၀,၀၀၀ သိန်းမှ ၃,၃၀၀,၀၀၀ သိန်း အောက်အထိ သာရှိတော့ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်က ကြေညာထားသည်။

ထို့အတူ ယခု စက်တင်ဘာလ ဒုတိယပတ်အတွင်း အမေရိကန် တဒေါ်လာလျှင် ကျပ်၃,၅၀၀ ဝန်းကျင် မှ ကျပ် ၃,၂၀၀ ဝန်းကျင်သို့ ကျဆင်းလာပြီး ထိုင်းဘတ်ငွေမှာ ၁၀၉ ကျပ် မှ ၈၇ ကျပ် သို့ ကျဆင်းလာသည်။ညသို့သော်လည်း စက်သုံးဆီနှင့် စားသုံးကုန်မှာ စျေးမကျဆင်းသေးကြောင်းစျေးကွက်လေ့လာသူများက ပြောသည်။

" စက်သုံးဆီစျေးမကျရင် လမ်းပန်းဆက်သွယ်ရေးပို့တဲ့အခါ အခက်အခဲရှိတယ်။ ဆီစျေးမကျရင် ကုန်စျေးနှုန်းလည်းကျဖို့ အလားအလာမရှိဘူး။ နောက်တစ်ခုကကုန်ပစ္စည်းတွေမှာ ကုန်စည်ဒိုင်တွေက ပဲ၊ ဆန်၊ ဆီစျေးကွက်တွေကို ထိန်းချုပ်ထားသရွေ့ကုန်စျေးနှုန်းရပ်မှာမဟုတ်ဘူး။ ပြီးရင် စားအုန်းဆီကို ကုန်စုံဆိုင်တွေ အနေနဲ့ လက်ကားစျေး ၄,၄၀၀ ဆို လက်လီစျေး ၄၅၀၀ ပဲရောင်းရမယ်ဆိုတဲ့လက်မှတ်ထိုးရတော့ မကိုက်လို့ဆိုပြီး မရောင်းတော့ဘူး အဲ့ဒီကနေ ဆီဒိုင် တွေမှာ တန်းစီပြီး တိုးဝယ်ရတဲ့ အခြေအနေတွေ ဖြစ်လာတာ "ဟု စျေးကွက်လေ့လာသူတစ်ဦးက ပြောသည်။

စက်တင်ဘာလအတွင်း ကုန်စျေးနှုန်းများ ကျဆင်းခြင်းမရှိဘဲ စတိုးဆိုင်အချို့တွင်သာ ကုန်ပစ္စည်းများကို ယခင်ပေါက်စျေးထက် အနည်းငယ်စျေးလျှော့ရောင်းနေကြောင်း အိမ်ထောင်ရှင်မများက ဆိုသည်။

စျေးတက်ချိန်ဝယ်ယူထားမိသည့် ကုန်စျေးနှုန်းများကို လက်ရှိတွင် စျေးလျော့ရောင်းရန် မဖြစ်နိုင်ဘဲ ကုန်ပစ္စည်းအသစ်များကိုသာ စျေးနှုန်းအသစ်ဖြင့် ရောင်းချနိုင်မည်ဖြစ်ကြောင်း လုပ်ငန်းရှင်များကပြောသည်။ ထိုကြောင့် နိုင်ငံခြားငွေစျေးများကျဆင်းလာသော်လည်း ကုန်စျေးနှုန်းများ ချက်ချင်း ကျဆင်းရန် မဖြစ်နိုင်ကြောင်း သိရသည်။

"အရင်ဒေါ်လာနှုန်းနဲ့ ဝယ်ထားစျေးကို အခုစျေးနဲ့ ရောင်းလိုက်ရင် အရင်းအတွက် ဘယ်လိုမှမမီဘူး။ ဒီနေ့ဒေါ်လာစျေးကျလို့ လက်ရှိပစ္စည်းတွေကို ဝုန်းခနဲ ချပြီး ရောင်းလို့မရဘူးလေ။ နောက်ထပ် ကုန်ပစ္စည်းရောက်မှ စျေးလျှော့ရောင်းလို့ရမှာ တလလောက်မှ စျေးကျတာသိသာမယ် ။ စားသောက်ကုန်တွေနဲ့ ကြည့်မယ်ဆိုရင်လည်း ဆန် ၁၀ အိတ်ဝယ်ထားရင် တနေ့ကို ၁၀ ပြည်ပဲရောင်းရတယ်ဆိုရင် ဝယ်ထားတဲ့ဆန်တွေကမကုန်သေးခင် ဒီအတိုင်းပဲ နောက်မှ တဖြည်းဖြည်းကျမှာပါ" ဟု စီပွားရေးလုပ်ငန်းရှင် တဦးကဆိုသည်။

လက်ရှိ ဆန်တအိတ်စျေးနှုန်းများမှာ - ပေါ်ဆန်းမွှေး ၁၆၀,၀၀၀ ကျပ် ၊ကျားပျံ ၁၄၀,၀၀၀ ကျပ်၊ရက် ၉၀ ရှယ် ၉၀,၀၀၀ ကျပ်နှင့် ပဲစျေးကွက်တွင် လည်းကုလားပဲ တပိသာ ၇,၀၀၀၊ ပဲနီလေး ၉,၅၀၀၊ စားတော်ပဲ ၁၁,၀၀၀ ကျပ် နှင့် အနိမ့်ဆုံးစားအုန်းဆီစျေးမှာ တပိသာ ၁၂,၀၀၀ ပေါက်စျေးရှိနေသည်။ ထိုကုန်စျေးနှုန်းများမှာ နိုင်ငံခြားငွေစျေးနှုန်းမြင့်ခဲ့သည့် သြဂုတ်လ စျေးနှုန်းနှင့် နှိုင်းယှဥ်ပါက မြင့်တက်နေဆဲဖြစ်သည်။

" မိုးတွင်းစျေးတက်တာပုံမှန်ပါပဲ ။ ဘာလေးဘာဖြစ်တဲ့ စက်တင်ဘာကနေ ဒီဇင်ဘာအထိ စျေးတွေထိုးကျမှာပါ ။ သင်္ကြန်ကာလပြီးရင် ပြန်တက်တယ် ။ နိုင်ငံရေးအခြေအနေတွေကြောင့်လည်း စျေးအတက်အကျမြန်တာတွေလည်း ပါတာပေါ့" ဟု စီးပွားရေးလုပ်ငန်းရှင်တဦးက ၎င်း၏ ယူဆချက်ကို ပြောသည်။

မဇ္ဈိမက စုဆောင်းထားသည့် စျေးနှုန်းစာရင်းအရ စစ်တပ်အာဏာသိမ်းပြီးနောက် အခြေခံစားသောက်ကုန်အများစု စျေးနှုန်းသည် အာဏာမသိမ်းခင်ကာလ စျေးနှုန်းများနှင့် နှိုင်းယှဥ်ပါက စျေးနှုန်း တဆကျော်မှ သုံးဆကျော်အထိ မြင့်တက်လာသည်။ စစ်ကောင်စီ၏ စီမံခန့်ခွဲမှု အမှားများကြောင့် ကုန်စျေးနှုန်းများ မတည်မငြိမ် ဖြစ်ရသည်ဟုလည်း စီးပွားရေးလေ့လာသူများက သုံးသပ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ကုန်စျေးနှုန်း
#စျေးတက်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥1
စက်တင်ဘာလ (၁၀) ရက်၊ တနင်္ဂနွေနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
==================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးနဲ့ ဒုတပ်ကြပ်တို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ထံ လက်နက်နဲ့အတူ ခိုလှုံလာကြတဲ့သတင်းနဲ့အတူ

ရက္ခိုင့်တပ်တော် (ULA/ AA ) ဖမ်းဆီးခေါ်ဆောင်ထားတဲ့ ရခိုင့်ဦးဆောင်ပါတီ (AFP) ရဲ့ ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးကို ပြန်လွှတ်ပေးဖို့

စက်တင်ဘာလ ၉ ရက်နေ့မှာ AFP ပါတီက ထုတ်ပြန်တောင်းဆိုလိုက်တဲ့အကြောင်းသတင်းလွှာ အပါအဝင်

နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊ တပတ်အတွင်း စီးပွားရေးနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဏတွေအနေနဲ့ ကမ္ဘာတလွှားက အနုပညာရှင်တွေရဲ့အကြောင်းတွေ အနုပညာဖန်တီးမှုတွေကို တင်ဆက်ထားတဲ့ Cele City အစီအစဉ်နဲ့အတူ

“နိုင်ငံရေးတွေမပြောချင်ဘူးကိုတုတ်ကြီးရယ်” အစီအစဉ်ကို လည်း ထုတ်လွှင့်သွားမှာပါ။

နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

https://www.youtube.com/watch?v=jkApMCUW1Vk

#Mizzimaradio
#Eveningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍3🔥1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၀ စက်တင်ဘာ ၂၀၂၃)
===================

အမျိုးသားညီညွတ်ရေး အစိုးရ

• စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြိုနယ် ပြည်သူ့လုံခြုံရေးလုပ်ငန်းစဉ်များ အကောင် အထည်‌ ဖော်ဆာင်ရွက်ရာမှာ တရားဥပဒေနှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် ပုလဲမြို့နယ်ပြည်သူ့ လုံခြုံရေးတပ်ဖွဲ့ (ပလဖ)တွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီး ကြပ်‌ရေးဝန်ကြီးဌာနက ရဲမှူးကိုယ်တိုင် မြေပြင်လာ‌ရောက်ပြီး သင်တန်းပေးခဲ့ကြောင်း သိရသည်။

• ပဲခူးတိုင်း၊သာယာဝတီခရိုင်၊မင်းလှမြို့နယ်၊ ရိုးမဖြတ်ကျော်လမ်း ခါချဥ်တောင်ပေါ်တွင် ကတုတ် ကျင်း များတူးပြီး အခိုင်အမာ တပ်ဆွဲထားသည့် အကြမ်းဖက် စစ်တပ်၏ ခါချဥ်တောင် စခန်းကို သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

• ကေအဲန်ယူ - ကရင့်အမျိုးသားအစည်းအရုံး (၃၂)နှစ်မြောက် ကရင့်အမျိုးသားရဲတပ်ဖွဲ့နေ့ သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအနေ အထူး ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ် လွှာကို စက်တင်ဘာ ၉ရက်က ပေးပို့ခဲ့သည်။

• ပဲခူးတိုင်း၊ဝေါမြို့နယ်၊ လက်ပံကျေးရွာမှာရှိသည့် ရန်သူ့တပ်နှင့် ပျုစောထီးများ အခြေပြုနေထိုင် သည့် ရုံးကို စက်တင်ဘာ ၉ရက် မနက် ၅နာရီ၄၀ မိနစ်မှာ KNLA၊PDF မဟာ မိတ် တပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးကျဲ ပြီး မြေပြင်ကနေပါ စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ (စစ်ရုံးချုပ်) က ထုတ်ပြန်သည်။

• အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ဝန်ကြီးဌာန Websites များကို နေပြည် တော်မှ DDOs Attack စနစ်ဖြင့် တိုက်ခိုက်ခဲ့ရာ အမျိုးသား ညီညွတ် ရေးအစိုးရ ဆက်သွယ်ရေး သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာန IT & Cybersecurity Department ၏ပြောဆိုချက်ကို ကိုးကား ၍ ရန်ကုန်ခေတ်သစ် သတင်းတွင်ဖော်ပြထားသည်။
👍10❤2🔥1
​​NLD လက်ထက်တွင် အုပ်ချုပ်ရေး ၊ စီးပွားရေးပိုင်းတွင် အားနည်းချက်များ ဖြစ်ပေါ်ခဲ့ပြီး စည်းလုံးညီညွတ်မှု ပျက်ပြားခဲ့ဟု စစ်ခေါင်းဆောင်ဝေဖန်
========================

001
(မဇ္စျိမ)။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်တွင် အုပ်ချုပ်ရေး၊ စီးပွားရေးပိုင်းတို့တွင် အားနည်းချက်များ ဖြစ်ပေါ်ခဲ့ပြီး စည်းလုံးညီညွတ်မှုလည်း ပျက်ပြားခဲ့သည်ဟု စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝေဖန်ပြောဆိုသည်။

ယမန်နေ့ စက်တင်ဘာလ ၉ ရက်နေ့က ရှမ်းပြည်နယ်( မြောက်ပိုင်း ) ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများတွင် အနိုင်ရပါတီများ အစိုးရဖွဲ့နိုင်ရန် စစ်တပ်က လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း စစ်ခေါင်းဆောင်က ပြောဆိုကာ ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနောက်ပိုင်းတွင် နိုင်ငံရေးအရအသုံးချ၍ မရိုးမသားဆောင်ရွက်မှုများကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်များတွင် တွေ့ခဲ့ရကြောင်း ဆိုသည်။

ယဉ်ကျေးမှုပိုင်းဆိုင်ရာတွင်လည်း မြန်မာ့ထုံးတမ်းစဉ်လာနှင့် မကိုက်ညီသည့် ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့ပြီး စည်းလုံးညီညွတ်မှုများ ပျက်ပြားခဲ့ရကြောင်း စစ်ကောင်စီခေါင်းဆောင်က ဝေဖန်သည်။
အဆိုပါ ပြောကြားချက်နှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၊ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ဒုဥက္ကဌ ဦးဘိုဘိုဦးက “ မင်းအောင်လှိုင်ဟာ လူလိမ်လူကောက်ပါ”ဟု မှတ်ချက်ပြုသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းသည်ဟု အကြောင်းပြကာ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ တိုက်ပွဲများဖြစ်ပွားနေ သည့်အပြင် ငွေကြေးဖောင်းပွမှု အဆမတန်မြင့်တက်နေပြီး စီးပွားရေးကဏ္ဍလည်း ထိခိုက်လျက်ရှိနေသည်။

စစ်ကောင်စီအနေဖြင့်မူ ရွေးကောက်ပွဲကျင်းပနိုင်ရေးကို ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပြီး ၂၀၂၄ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူ၍ ရွေးကောက်ပွဲကို အစောဆုံးကာလတွင် ပြန်လည် ကျင်းပနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း ဆိုသည်။

ထို့ကြောင့် ဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်လှမ်းရာတွင် တည်ငြိမ်အေးချမ်းမှုရှိရန် အဓိကလိုအပ်သည့်အတွက် တည်ငြိမ်အေးချမ်းမှုရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းလည်း စစ်ကောင်စီခေါင်းဆောင်က ပြောသည်။

လက်ရှိ ကုန်ဈေးနှုန်း ကြီးမြင့်နေရခြင်းနှင့်ပတ်သက်ပြီး နိုင်ငံတကာမှ ပိတ်ဆို့မှုများနှင့် ဝိသမ လောဘသားအချို့၏ ကိုယ်ကျိုးစီးပွားကြည့်၍ လုပ်ဆောင်မှုများကြောင့်ဖြစ်ကာ ထိုက်သင့်သည့် အရေးယူမှုများ ပြုလုပ်ခဲ့သဖြင့် ကုန်ဈေးနှုန်း ကျဆင်းလာပြီဖြစ်ကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့က လားရှိုးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် တွေ့ဆုံရာတွင် ထည့်သွင်း ပြောဆိုခဲ့သည်။

ယခုနှစ် ဇွန်လအတွင်းက ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ GDPမှာ စက်တင်ဘာလအထိ သုံးရာခိုင်နှုန်း တိုးနိုင်ကြောင်း ခန့်မှန်းထားသော်လည်း ၂၀၁၉ ခုနှစ် GDP အောက် ၁၀ ရာခိုင်နှုန်းခန့် ကျဆင်းနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#စစ်ခေါင်းဆောင်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤮21👍4😁4💩4❤2
Media is too big
VIEW IN TELEGRAM
က​လေး​မွေးပြီးစ အမျိုးသမီး​တွေမှာ ဖြစ်တတ်တဲ့ စိတ်ကျ​ရောဂါ| ကျန်းမာသုတ လူမှုဘ၀

Watch more detail - https://youtu.be/JnvRFDBLqEs

#PostpartumDepression
#BabyBlues
#reels
#shorts
👍3🖕1
​​တပ်မဟာ(၅)ဒေသအတွင်းရှိ စစ်ကောင်စီတပ်စခန်း ၅ ခုအား KNLA ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်
=================

YT
(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်၊ ခေးပူကျေးရွာအုပ်စုအတွင်းရှိ စစ်ကောင်စီတပ် စခန်းငါးခုအား တပ်မဟာ(၅) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း KNU မူတြော်သတင်းစဉ်က စက်တင်ဘာလ ၉ ရက်နေ့တွင် သတင်းထုတ် ပြန်ထားသည်။

“လက်ရှိ တပ်မဟာ (၅) နယ်မြေမှာ စစ်ကောင်စီတပ်ရဲ့စစ်ရေးလှုပ်ရှားမှုဟာ လေယာဥ်ပျံကလွဲပြီး မြေပြင် တပ်ချည်းပဲဆိုရင် လှုပ်ရှားမှုအနည်းအကျဥ်းလောက်ပဲ လုပ်လို့ရတယ်။ နယ်မြေစိုးမိုးမှုအပိုင်းမှာလည်း သူတို့စခန်းရှိတဲ့နေရာလောက်ပဲ စိုးမိုးလို့ရတော့တယ်”ဟု KNU တပ်မဟာ(၅)မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က မဇ္ဈိမကိုပြောသည်။

အင်အား ၅၀ ကျော်ဖြင့်အထိုင်ချနေသည့် ခေးပူစစ်ကောင်စီစခန်းအား စက်တင်ဘာလ ၆ ရက်နေ့ နံနက် ပိုင်းတွင် တပ်မဟာ(၅) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ Special Force (အထူး တပ်ဖွဲ့)နှင့် PDF ပူးပေါင်းအဖွဲ့တို့က ဝင်ရောက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ခေးပူစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအများအပြားသေဆုံးပြီး၊ တပ်မဟာ(၅) KNLA ပူး ပေါင်းတပ်ဖွဲ့ဘက်တွင်လည်း ဒဏ်ရာရသူရှိကြောင်း၊ စစ်ကောင်စီတပ်ထံမှ လက်နက်ကြီး၊ လက်နက် ငယ်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း KNU- မူတြော်သတင်းစဉ်က ဖော်ပြထားသည်။

ထို့ပြင် စက်တင်ဘာလ ၇ ရက်နေ့တွင် ခေးပူကျေးရွာအုပ်စုအတွင်းရှိ တူဖိုးထာစခန်း၊ ဝါဘောထာစခန်း၊ ကွဲခူစခန်းနှင့် လယ်ထောစခန်း စသည့်စစ်ကောင်စီစခန်းလေးခုအား တပ်မဟာ(၅) KNLA ပူးပေါင်းတပ်ဖွဲ့ က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

စခန်းလေးခုအား ဝင်ရောက်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ရှစ်ဦးသေဆုံး၍ ရှစ်ဦး ထိခိုက်ဒဏ် ရာရခဲ့ကြောင်း မူတြော်သတင်းစဉ်က ဖော်ပြထားသည်။

ခေးပူစစ်ကောင်စီစခန်းအပါအဝင် စခန်းငါးခု တိုက်ခိုက်ခံရပြီးနောက် စက်တင်ဘာလ ၆ ရက်နေ့မှ ၈ ရက် နေ့အထိ သုံးရက်တိုင် စစ်ကောင်စီတပ်သည် ခေးပူကျေးရွာအုပ်စုအတွင်းသို့ ဗုံးသီးများ၊ စက်သေနတ် အကြီးစားများဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း မူတြော်သတင်းစဉ်က ဖော်ပြထားသည်။

“စစ်ကောင်စီတပ်တွေရဲ့ အရပ်သားပစ်မှတ်အပေါ် တိုက်ခိုက်လာမှုဟာ တဖြည်းဖြည်း ပိုပိုပြီး ဆိုးဝါးလာ နေပါတယ်။ အရပ်သားပြည်သူလူထုနေထိုင်လို့မရအောင် တိုက်ပွဲဖြစ်တဲ့အခါတိုင်းမှာ ကျေးရွာတွေနဲ့ လုပ် ကိုင်စားသောက်တဲ့ လုပ်ငန်းခွင်တွေဆီ လက်နက်ကြီးနဲ့အမြဲပစ်တယ်။ တိုက်လေယာဥ်နဲ့လည်း တိုက်ပွဲ ဖြစ်တိုင်း လာရောက်ပစ်ခတ်ဗုံးကြဲတဲ့အပြင် တိုက်ပွဲမဖြစ်လည်းပဲ လက်နက်ကြီးနဲ့ လှမ်းပစ်ပြီး လေယာဥ် နဲ့လာရောက်ပစ်ခတ်ဗုံးကြဲတယ်" ဟု ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က ဆက်လက်ပြောဆိုသည်။

လေကြောင်းတိုက်ခိုက်မှုများအတွင်း ခေးပူကျေးရွာအုပ်စုအတွင်းနေထိုင်သည့် အသက် ၄၅ နှစ်အရွယ် အမျိုးသားတဦး ဒဏ်ရာရကာ နေအိမ် ၁၁ လုံး၊ ဘာသာရေးအဆောက်အအုံတလုံး၊ စာသင်ကျောင်း တကျောင်းနှင့် ဆိတ်နှစ်ကောင် ဗုံးသီး ထိမှန်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#ကရင်ပြည်နယ်
#တပ်မဟာ(၅)နယ်မြေ
#KNLA
#စစ်ကောင်စီစခန်း

ပုံအညွှန်း- တိုက်ပွဲဝင် KNLA ရဲဘော်များအား တွေ့ရစဉ် (ဓါတ်ပုံ- KNU (ပုံဟောင်း))

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17👏3❤1👎1🔥1
ငါန်းဇွန်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ၇ ဦးသေဆုံး
======================

ဓါတု
(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် ခေါင်းပိုကျေးရွာမှ လက်ပံသာကျေးရွာ (ဒေသအခေါ် တလင်း ကုန်း)သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား ဒရုန်းဖြင့်ဗုံးကြဲခဲ့ရာ ခုနစ်ဦးသေဆုံးပြီး အရာရှိ အပါအဝင် ထိခိုက်ဒဏ်ရာရသူများရှိကြောင်း Black Eagle Drone Force တာဝန်ခံ၏ ပြောကြားချက် အရ သိရသည်။

အင်အား ၄၀ ကျော်ပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းအား ကာကွယ်ရေးတပ်ဖွဲ့များက ခေါင်းပိုရွာမှ လက်ပံသာရွာသို့အကူးတွင် ယနေ့ စက်တင်ဘာလ ၁၀ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်မှ ၁၂ နာရီအထိ တကြိမ်၊ တလင်းကုန်း၌အထိုင်ချနေစဉ် မွန်းလွဲ ၂ နာရီ မိနစ် ၃၀ မှ ညနေ ၄ နာရီအထိတကြိမ်၊ စုစုပေါင်း နှစ်ကြိမ် ဗုံးသီးရှစ်လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ခုနစ်ကောင်သေတာတော့ အတည်ပြုလို့ရတယ်။ ထိခိုက်ဒဏ်ရာရတဲ့အထဲမှာ အရာရှိလည်းပါတယ်။ သူ ကတော့ သေ၊ မသေ မသိရသေးဘူး။ ဒဏ်ရာရတဲ့သူတွေထဲကမှ ဖောကားနဲ့ လူရွေးခေါ်သွားတာတွေ့ တယ်”ဟု Black Eagle Drone Force တာဝန်ခံက မဇ္စျိမကိုပြောသည်။

ယနေ့တိုက်ခိုက်မှုကို Black Eagle Defence Force - မြင်းမူ(MMU)၊ Black Eagle Drone Force၊ မီးနဂါး NZN Revolution Force၊ ကျောက်ဆည်ခရိုင်တပ်ရင်း(၂) TGR Defence Force ၊ TGR Myaung Women Drone Force နှင့် ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်မှုများ ရှိခဲ့ကြောင်း Black Eagle Drone Force အဖွဲ့ကဆိုသည်။

ငါန်းဇွန်မြို့နယ်အနှံ့တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရန် ဖြန့်ကြက်ထားသည့်အင်အား ၃၀၀ ဝန်း ကျင်ရှိ၍ စစ်ကောင်စီတပ်ဖွဲ့အား ဒရုန်းဖြင့်ဗုံးကြဲချသည့် စစ်ဆင်ရေးကို ခပ်စိပ်စိပ်လှုပ်ရှားခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ပြောကြားချက်အရ သိရသည်။

စာတည်း။ ။စောဖေ

https://youtu.be/z5zkxvU7B7U?si=mlXGdHdr05iqL0iI

#မန္တလေးတိုင်း
#ငါန်းဇွန်မြို့နယ်
#စစ်ကောင်စီစစ်ကြောင်း
#ဒရုန်းဖြင့်ဗုံးကြဲ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16👏4👎1🔥1
ငြိမ်းချမ်းရေး၊ သင့်မြတ်ရေးအတွက် ဆွေးနွေးစရာများ | Common Ground- Episode (6)
=====================

ဖက်ဒရယ် ဒီမိုကရေစီအရေးအတွက် လုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းအချင်းချင်းကြား ဘေးတိုက်ပဋိပက္ခတွေကိုကျော်လွန်ပြီး သင့်မြတ်မှုပိုကောင်းလာရေး အထောက်အကူပြနိုင်ဖို့ Common Ground အစီအစဥ်ကို Mizzima က အပတ်စဥ်တင် ဆက်ပေးနေပါတယ်။

https://youtu.be/QVVEqcqwIPU?si=EOzrbi1izr6utdSZ

#commonground
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥1