Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​Michael 2023
=============

ကလေးဘဝကတည်းက အဖေကို သတ်ဖို့ဆိုတဲ့ အညှိုးအတေးတွေနဲ့ ကြီးပြင်းလာတဲ့ မိုက်ကယ်ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ မွမ်ဘိုင်းမြို့ကိုရောက်လာရင်း တစ်နေ့မှာ ဂုရုနာ့သ်ဆိုတဲ့ အဲ့ဒီမြို့ကို အုပ်ချုပ်နေတဲ့ လူမိုက်ခေါင်းဆောင်ကြီးတစ်ယောက်ရဲ့ အသက်ကို ကယ်တင်ခဲ့ရာက ဂုရုနာ့သ်က သူ့ကိုသဘောကျပြီး သူ့ဆီမှာ ခေါ်ထားလိုက်တယ် .. ငယ်စဉ်ကတည်းက အကြောက်အရွံ့မရှိသလို လက်ရဲဇက်ရဲနိုင်တဲ့ မိုက်ကယ်ဟာ ဂုရုနာ့သ်ရဲ့ အရိပ်အောက်မှာ ကြီးပြင်းရင်း အရွယ်ရောက်လာတဲ့အခါ ဂုရုနာ့သ်ကို လုပ်ကြံဖို့ကြိုးစားတဲ့သူတွေလက်ထဲက သူ့ အသက်ကို နောက်တစ်ကြိမ်ထပ်ပြီး ကယ်တင်ခဲ့တဲ့အတွက် ဂုရုနာ့သ်က သဘောကျပြီး သူ့လက်အောက်က Bar တစ်ချို့ကို အုပ်ချုပ်ခွင့်ပေးလိုက်တယ် တစ်နေ့မှာတော့ ဂုရုနာ့သ်က သူ့ကိုလုပ်ကြံဖို့ ကြိုးစားတဲ့သူတွေထဲက ပျောက်ဆုံးနေတဲ့တစ်ယောက်ကို ခြေရာခံဖို့ အဲ့ဒီလူရဲ့ သမီးနောက်ကို တကောက်ကောက် လိုက်ဖို့ မိုက်ကယ့်ကို တာဝန်ပေးလိုက်တယ် .. မိုက်ကယ်ကလည်း ကောင်မလေးနောက်ကို မျက်ခြေမပျက်လိုက်နေရင်း ကောင်မလေးကို ချစ်မိသွားရာက သူနဲ့ ဂုရုနာ့သ်တို့ကြားက မိုက်ကယ်တစ်ယောက်ပဲသိတဲ့ တစ်ချို့သောအကြောင်းအရာတွေဟာ မထင်မှတ်ဘဲ ဘူးပေါ်သလို ပေါ်လာခဲ့ရတော့တယ်

အထိုးအကြိတ်အသတ်အပုတ်ခန်းတွေပါဝင်သလို ထင်မှတ်မထားတဲ့ ဇာတ်လမ်းအပြောင်းအလဲတွေ ထည့်သွင်းပေးထားတာကြောင့် ပရိတ်သတ်တွေ စိတ်ဝင်တစားကြည့်ရှုခံစားရမယ့် ဇာတ်လမ်းကောင်းဖြစ်တာမို့ လက်မလွတ်စေနဲ့နော်....

ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - https://bit.ly/44WaGEU

#New ပြသမည့်ရက်။ ။ ၁၀.၉.၂၀၂၃
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ ၁၁.၉.၂၀၂၃
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍9❤3🔥1
​​မြန်မာ၊ ယူကရိန်းနှင့် အခြားစစ်ဇုန်များတွင် ပညာရေးကဏ္ဍ တိုက်ခိုက်ခံနေရဟု NGO အဖွဲ့ ပြော
====================

မဇ္ဈိမ
ပညာရေးကဏ္ဍတွင် ပြင်းထန်သည့် စိန်ခေါ်မှုတရပ်နှင့် ရင်ဆိုင်နေရသည့် နိုင်ငံများထဲတွင် မြန်မာသည်လည်း တနိုင်ငံအဖြစ် ပါဝင်နေသည်။ ၂၀၂၂ ခုနှစ်က ပညာရေးကဏ္ဍတွင် တိုက်ခိုက်ခံရမှုဖြစ်စဉ်ပေါင်း ၃,၀၀၀ ကျော် ရှိခဲ့ပြီး ယင်းက အစောပိုင်းတနှစ်ကထက် ၁၇ ရာခိုင်နှုန်း ပိုများလာခြင်း ဖြစ်ကြောင်း ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှု ကာကွယ်ရေး ကမ္ဘာလုံးဆိုင်ရာ ညွန့်ပေါင်းအဖွဲ့ (GCPEA) ၏ စက်တင်ဘာ ၇ ရက်တွင် ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

ယခုနှစ် စက်တင်ဘာ ၉ ရက်တွင် ကျရောက်သည့် ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှု ကာကွယ်ရေးဆိုင်ရာ လေးကြိမ်မြောက် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ နေ့ မတိုင်မီ ထိုဒေတာအချက်အလက်များကို ထုတ်ပြန်ခြင်း ဖြစ်သည်။ တိုက်ခိုက်မှုဖြစ်စဉ်အားလုံး၏ သုံးပုံ တပုံနီးပါးသည် ယူကရိန်း၊ မြန်မာနှင့် ဘာကီနာ ဖာဆို နိုင်ငံသုံးနိုင်ငံတွင်သာ ဖြစ်ပွားထားခဲ့ပြီး အများစုသည် ယူကရိန်းရှိ စစ်ပွဲအတွင်း ဖြစ်ပွားခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ်က ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှုများကြောင့် ကျောင်းသားနှင့် ဆရာဦးရေ ၆,၇၀၀ ကျော် သေဆုံး၊ ဒဏ်ရာရ၊ ပြန်ပေးဆွဲခံရ၊ ဖမ်းဆီးခံရ သို့မဟုတ် တနည်းအားဖြင့် ထိခိုက်ခဲ့ရကြောင်းနှင့် ယင်းသည် ၂၀၂၁ ခုနှစ်ကထက် ၂၀ ရာခိုင်နှုန်း ပိုများခြင်း ဖြစ်ကြောင်း GCPEA အရ သိရသည်။ လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့များ စစ်ရေးရည်ရွယ်ချက်များအတွက် စာသင်ကျောင်းများကို အသုံးပြုမှုများက ၂၀၂၂ ခုနှစ်တွင် မြင့်တက်ခဲ့ပြီး ဖြစ်စဉ်ပေါင်း ၅၁၀ ကျော် ရှိကာ အစောပိုင်းနှစ်က ယင်းကဲ့သို့ ဖြစ်စဉ်ပေါင်း ၄၅၀ ခန့် ရှိခဲ့သည်။ ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှုများတွင် မကြာခဏဆိုသလို ဖောက်ခွဲရေးလက်နက်များကိုလည်း ပစ်မှတ်ထား အဆင်အခြင်မဲ့ အသုံးပြုမှုများ ရှိခဲ့ရာ ကြီးမားသည့် ထိခိုက်မှုတို့ကို ဖြစ်စေသည်။ ပေါက်ကွဲခြင်း မရှိသေးသော စစ်လက်နက်ပစ္စည်းများကလည်း လာမည့်နှစ်များတွင် လူ့အသက်သေစေနိုင်သည့် အန္တရာယ်ကို ဆက်လက်ဖြစ်ပေါ်စေမည် ဖြစ်သည်။

“စာသင်ကျောင်းတွေဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့အလျောက် ဘေးကင်းလုံခြုံတဲ့နေရာတွေအဖြစ် အမြဲတစေ ရှိမနေဘဲ ၊ ဒါတွေဟာ ရံဖန်ရံခါဆိုသလို အလွန်အကျွံ အကြမ်းဖက်မှုတွေရဲ့ နေရာ (ဆိုဒ်) တွေ ဖြစ်နေတယ် ဆိုတာကို ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှု ကာကွယ်ရေး နိုင်ငံတကာနေ့က ထင်ထင်ရှားရှား သတိပေးနေပါတယ်” ဟု GCPEA ၏ အမှုဆောင်ဒါရိုက်တာ ဒီယာ နီဂျ်ဟောင်းန်က ပြောသည်။ “မနှစ်က စိတ်ဆင်းရဲစရာကောင်းလောက်အောင် တိုက်ခိုက်မှုတွေ များပြားလာတာကို ကြည့်မယ်ဆိုရင် လက်နက်ကိုင်တပ်ဖွဲ့တွေရော၊ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရောအနေနဲ့ ကျောင်းတွေ၊ တက္ကသိုလ်တွေ အနီးအနားလိုမျိုး လူနေများတဲ့ ဧရိယာတွေမှာ ဧရိယာကျယ်ပြန့်တဲ့ ထိခိုက်မှုတွေ ရှိစေမယ့် ဖောက်ခွဲရေးလက်နက်တွေ အသုံးပြုတာ ရှောင်ကြဉ်တာ၊ စာသင်ကျောင်းတွေကို စစ်ရေးရည်ရွယ်ချက်တွေအတွက် အသုံးမပြုဘဲ ရှောင်ရှားတာ အပါအဝင် ပညာရေး ကဏ္ဍအပေါ် ကာကွယ်စောင့်ရှောက်ဖို့ အရေးတကြီး လိုအပ်နေတယ်ဆိုတာကို ပြသနေပါတယ်”
👍13🔥1
က​လေး​မွေးပြီးစ အမျိုးသမီး​တွေမှာ ဖြစ်တတ်တဲ့ စိတ်ကျ​ရောဂါ | ကျန်းမာသုတ လူမှုဘ၀ Episode - 32
=====================

ဒီတပတ်ရဲ့ ''ကျန်းမာသုတ လူမှုဘ၀'' အစီအစဉ်မှာ က​လေး​မွေးပြီးစ အမျိုးသမီး​တွေမှာ ဖြစ်တတ်တဲ့ စိတ်ကျ​ရောဂါနဲ့ ပတ်သက်ပြီး တင်ဆက်ပေးချင်ပါတယ်။
ဟော်မုန်း အပြောင်းအလဲနဲ့ဆိုင်လား။ ဘယ်လို လက္ခဏာတွေ ပြတတ်လဲ။
ဘယ်လိုနည်းလမ်းတွေနဲ့ ဖေးမ ကူညီ ကုစားနိုင်လဲဆိုတာတွေကို ဒေါက်တာ ဖြိုးသီဟက ဆွေးနွေးပေးထားပါတယ်။

https://youtu.be/JnvRFDBLqEs?si=4ImjNrF4NkDNS63q

#ဒေါက်တာဖြိုးသီဟ
#mizzima
#ကျန်းမာသုတလူမှုဘဝ
#BabyBlues
#PostpartumDepression
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥3👍1
​​မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်လာသော်လည်း ကုန်စျေးနှုန်းများ မကျ
========================

ဓါတု
(မဇ္ဈိမ)။ ။ ပြည်တွင်း စျေးကွက်ထဲတွင် စက်တင်ဘာလ ၅ ရက်က စတင်၍ ရွှေစျေးနှင့် နိုင်ငံခြားငွေစျေး တဖြည်းဖြည်းကျဆင်းလာပြီး မြန်မာကျပ်ငွေတန်ဖိုးမြင့်တက်လာသော်လည်း စားသုံးကုန်နှင့် ဆေးဝါးစျေးနှုန်းများမှာ ကျဆင်းခြင်းမရှိကြောင်း မြို့ပြနေထိုင်သူများကဆိုသည်။

ကျပ် ၂၀,၀၀၀ တန်ထုတ်ဝေမည်ဟု စစ်ကောင်စီက ဇူလိုင်လ ၂၃ ရက်က ကြေညာပြီးသည့်နောက် မြန်မာ့ငွေကြေး စျေးကွက်တွင် နိုင်ငံခြားငွေစျေးနှင့် ရွှေစျေးမှာ သိသိသာသာထိုးတက်ခဲ့ရာမှ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း နိုင်ငံခြားငွေစျေးနှင့် ရွှေစျေးများမှာ တရွေ့ရွေ့ကျဆင်းလာခြင်းဖြစ်သည်။

ယခုလ စက်တင်ဘာလ ၅ ရက်နေ့မတိုင်မီ ရွှေစျေးမှာ အခေါက်ရွှေတကျပ်သားလျှင် ၃,၆၀၀,၀၀၀ မှ,၃,၈၀၀,၀၀၀ သိန်းဝန်းကျင် အထိရှိခဲ့သော်လည်း ယနေ့ စက်တင်ဘာလ ၁၀ ရက် နံနက်တွင် ကျပ် ၃,၁၀၀,၀၀၀ သိန်းမှ ၃,၃၀၀,၀၀၀ သိန်း အောက်အထိ သာရှိတော့ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်က ကြေညာထားသည်။

ထို့အတူ ယခု စက်တင်ဘာလ ဒုတိယပတ်အတွင်း အမေရိကန် တဒေါ်လာလျှင် ကျပ်၃,၅၀၀ ဝန်းကျင် မှ ကျပ် ၃,၂၀၀ ဝန်းကျင်သို့ ကျဆင်းလာပြီး ထိုင်းဘတ်ငွေမှာ ၁၀၉ ကျပ် မှ ၈၇ ကျပ် သို့ ကျဆင်းလာသည်။ညသို့သော်လည်း စက်သုံးဆီနှင့် စားသုံးကုန်မှာ စျေးမကျဆင်းသေးကြောင်းစျေးကွက်လေ့လာသူများက ပြောသည်။

" စက်သုံးဆီစျေးမကျရင် လမ်းပန်းဆက်သွယ်ရေးပို့တဲ့အခါ အခက်အခဲရှိတယ်။ ဆီစျေးမကျရင် ကုန်စျေးနှုန်းလည်းကျဖို့ အလားအလာမရှိဘူး။ နောက်တစ်ခုကကုန်ပစ္စည်းတွေမှာ ကုန်စည်ဒိုင်တွေက ပဲ၊ ဆန်၊ ဆီစျေးကွက်တွေကို ထိန်းချုပ်ထားသရွေ့ကုန်စျေးနှုန်းရပ်မှာမဟုတ်ဘူး။ ပြီးရင် စားအုန်းဆီကို ကုန်စုံဆိုင်တွေ အနေနဲ့ လက်ကားစျေး ၄,၄၀၀ ဆို လက်လီစျေး ၄၅၀၀ ပဲရောင်းရမယ်ဆိုတဲ့လက်မှတ်ထိုးရတော့ မကိုက်လို့ဆိုပြီး မရောင်းတော့ဘူး အဲ့ဒီကနေ ဆီဒိုင် တွေမှာ တန်းစီပြီး တိုးဝယ်ရတဲ့ အခြေအနေတွေ ဖြစ်လာတာ "ဟု စျေးကွက်လေ့လာသူတစ်ဦးက ပြောသည်။

စက်တင်ဘာလအတွင်း ကုန်စျေးနှုန်းများ ကျဆင်းခြင်းမရှိဘဲ စတိုးဆိုင်အချို့တွင်သာ ကုန်ပစ္စည်းများကို ယခင်ပေါက်စျေးထက် အနည်းငယ်စျေးလျှော့ရောင်းနေကြောင်း အိမ်ထောင်ရှင်မများက ဆိုသည်။

စျေးတက်ချိန်ဝယ်ယူထားမိသည့် ကုန်စျေးနှုန်းများကို လက်ရှိတွင် စျေးလျော့ရောင်းရန် မဖြစ်နိုင်ဘဲ ကုန်ပစ္စည်းအသစ်များကိုသာ စျေးနှုန်းအသစ်ဖြင့် ရောင်းချနိုင်မည်ဖြစ်ကြောင်း လုပ်ငန်းရှင်များကပြောသည်။ ထိုကြောင့် နိုင်ငံခြားငွေစျေးများကျဆင်းလာသော်လည်း ကုန်စျေးနှုန်းများ ချက်ချင်း ကျဆင်းရန် မဖြစ်နိုင်ကြောင်း သိရသည်။

"အရင်ဒေါ်လာနှုန်းနဲ့ ဝယ်ထားစျေးကို အခုစျေးနဲ့ ရောင်းလိုက်ရင် အရင်းအတွက် ဘယ်လိုမှမမီဘူး။ ဒီနေ့ဒေါ်လာစျေးကျလို့ လက်ရှိပစ္စည်းတွေကို ဝုန်းခနဲ ချပြီး ရောင်းလို့မရဘူးလေ။ နောက်ထပ် ကုန်ပစ္စည်းရောက်မှ စျေးလျှော့ရောင်းလို့ရမှာ တလလောက်မှ စျေးကျတာသိသာမယ် ။ စားသောက်ကုန်တွေနဲ့ ကြည့်မယ်ဆိုရင်လည်း ဆန် ၁၀ အိတ်ဝယ်ထားရင် တနေ့ကို ၁၀ ပြည်ပဲရောင်းရတယ်ဆိုရင် ဝယ်ထားတဲ့ဆန်တွေကမကုန်သေးခင် ဒီအတိုင်းပဲ နောက်မှ တဖြည်းဖြည်းကျမှာပါ" ဟု စီပွားရေးလုပ်ငန်းရှင် တဦးကဆိုသည်။

လက်ရှိ ဆန်တအိတ်စျေးနှုန်းများမှာ - ပေါ်ဆန်းမွှေး ၁၆၀,၀၀၀ ကျပ် ၊ကျားပျံ ၁၄၀,၀၀၀ ကျပ်၊ရက် ၉၀ ရှယ် ၉၀,၀၀၀ ကျပ်နှင့် ပဲစျေးကွက်တွင် လည်းကုလားပဲ တပိသာ ၇,၀၀၀၊ ပဲနီလေး ၉,၅၀၀၊ စားတော်ပဲ ၁၁,၀၀၀ ကျပ် နှင့် အနိမ့်ဆုံးစားအုန်းဆီစျေးမှာ တပိသာ ၁၂,၀၀၀ ပေါက်စျေးရှိနေသည်။ ထိုကုန်စျေးနှုန်းများမှာ နိုင်ငံခြားငွေစျေးနှုန်းမြင့်ခဲ့သည့် သြဂုတ်လ စျေးနှုန်းနှင့် နှိုင်းယှဥ်ပါက မြင့်တက်နေဆဲဖြစ်သည်။

" မိုးတွင်းစျေးတက်တာပုံမှန်ပါပဲ ။ ဘာလေးဘာဖြစ်တဲ့ စက်တင်ဘာကနေ ဒီဇင်ဘာအထိ စျေးတွေထိုးကျမှာပါ ။ သင်္ကြန်ကာလပြီးရင် ပြန်တက်တယ် ။ နိုင်ငံရေးအခြေအနေတွေကြောင့်လည်း စျေးအတက်အကျမြန်တာတွေလည်း ပါတာပေါ့" ဟု စီးပွားရေးလုပ်ငန်းရှင်တဦးက ၎င်း၏ ယူဆချက်ကို ပြောသည်။

မဇ္ဈိမက စုဆောင်းထားသည့် စျေးနှုန်းစာရင်းအရ စစ်တပ်အာဏာသိမ်းပြီးနောက် အခြေခံစားသောက်ကုန်အများစု စျေးနှုန်းသည် အာဏာမသိမ်းခင်ကာလ စျေးနှုန်းများနှင့် နှိုင်းယှဥ်ပါက စျေးနှုန်း တဆကျော်မှ သုံးဆကျော်အထိ မြင့်တက်လာသည်။ စစ်ကောင်စီ၏ စီမံခန့်ခွဲမှု အမှားများကြောင့် ကုန်စျေးနှုန်းများ မတည်မငြိမ် ဖြစ်ရသည်ဟုလည်း စီးပွားရေးလေ့လာသူများက သုံးသပ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ကုန်စျေးနှုန်း
#စျေးတက်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥1
စက်တင်ဘာလ (၁၀) ရက်၊ တနင်္ဂနွေနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
==================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးနဲ့ ဒုတပ်ကြပ်တို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ထံ လက်နက်နဲ့အတူ ခိုလှုံလာကြတဲ့သတင်းနဲ့အတူ

ရက္ခိုင့်တပ်တော် (ULA/ AA ) ဖမ်းဆီးခေါ်ဆောင်ထားတဲ့ ရခိုင့်ဦးဆောင်ပါတီ (AFP) ရဲ့ ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးကို ပြန်လွှတ်ပေးဖို့

စက်တင်ဘာလ ၉ ရက်နေ့မှာ AFP ပါတီက ထုတ်ပြန်တောင်းဆိုလိုက်တဲ့အကြောင်းသတင်းလွှာ အပါအဝင်

နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊ တပတ်အတွင်း စီးပွားရေးနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဏတွေအနေနဲ့ ကမ္ဘာတလွှားက အနုပညာရှင်တွေရဲ့အကြောင်းတွေ အနုပညာဖန်တီးမှုတွေကို တင်ဆက်ထားတဲ့ Cele City အစီအစဉ်နဲ့အတူ

“နိုင်ငံရေးတွေမပြောချင်ဘူးကိုတုတ်ကြီးရယ်” အစီအစဉ်ကို လည်း ထုတ်လွှင့်သွားမှာပါ။

နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

https://www.youtube.com/watch?v=jkApMCUW1Vk

#Mizzimaradio
#Eveningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍3🔥1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၀ စက်တင်ဘာ ၂၀၂၃)
===================

အမျိုးသားညီညွတ်ရေး အစိုးရ

• စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြိုနယ် ပြည်သူ့လုံခြုံရေးလုပ်ငန်းစဉ်များ အကောင် အထည်‌ ဖော်ဆာင်ရွက်ရာမှာ တရားဥပဒေနှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် ပုလဲမြို့နယ်ပြည်သူ့ လုံခြုံရေးတပ်ဖွဲ့ (ပလဖ)တွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီး ကြပ်‌ရေးဝန်ကြီးဌာနက ရဲမှူးကိုယ်တိုင် မြေပြင်လာ‌ရောက်ပြီး သင်တန်းပေးခဲ့ကြောင်း သိရသည်။

• ပဲခူးတိုင်း၊သာယာဝတီခရိုင်၊မင်းလှမြို့နယ်၊ ရိုးမဖြတ်ကျော်လမ်း ခါချဥ်တောင်ပေါ်တွင် ကတုတ် ကျင်း များတူးပြီး အခိုင်အမာ တပ်ဆွဲထားသည့် အကြမ်းဖက် စစ်တပ်၏ ခါချဥ်တောင် စခန်းကို သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

• ကေအဲန်ယူ - ကရင့်အမျိုးသားအစည်းအရုံး (၃၂)နှစ်မြောက် ကရင့်အမျိုးသားရဲတပ်ဖွဲ့နေ့ သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအနေ အထူး ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ် လွှာကို စက်တင်ဘာ ၉ရက်က ပေးပို့ခဲ့သည်။

• ပဲခူးတိုင်း၊ဝေါမြို့နယ်၊ လက်ပံကျေးရွာမှာရှိသည့် ရန်သူ့တပ်နှင့် ပျုစောထီးများ အခြေပြုနေထိုင် သည့် ရုံးကို စက်တင်ဘာ ၉ရက် မနက် ၅နာရီ၄၀ မိနစ်မှာ KNLA၊PDF မဟာ မိတ် တပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးကျဲ ပြီး မြေပြင်ကနေပါ စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ (စစ်ရုံးချုပ်) က ထုတ်ပြန်သည်။

• အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ဝန်ကြီးဌာန Websites များကို နေပြည် တော်မှ DDOs Attack စနစ်ဖြင့် တိုက်ခိုက်ခဲ့ရာ အမျိုးသား ညီညွတ် ရေးအစိုးရ ဆက်သွယ်ရေး သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာန IT & Cybersecurity Department ၏ပြောဆိုချက်ကို ကိုးကား ၍ ရန်ကုန်ခေတ်သစ် သတင်းတွင်ဖော်ပြထားသည်။
👍10❤2🔥1
​​NLD လက်ထက်တွင် အုပ်ချုပ်ရေး ၊ စီးပွားရေးပိုင်းတွင် အားနည်းချက်များ ဖြစ်ပေါ်ခဲ့ပြီး စည်းလုံးညီညွတ်မှု ပျက်ပြားခဲ့ဟု စစ်ခေါင်းဆောင်ဝေဖန်
========================

001
(မဇ္စျိမ)။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်တွင် အုပ်ချုပ်ရေး၊ စီးပွားရေးပိုင်းတို့တွင် အားနည်းချက်များ ဖြစ်ပေါ်ခဲ့ပြီး စည်းလုံးညီညွတ်မှုလည်း ပျက်ပြားခဲ့သည်ဟု စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝေဖန်ပြောဆိုသည်။

ယမန်နေ့ စက်တင်ဘာလ ၉ ရက်နေ့က ရှမ်းပြည်နယ်( မြောက်ပိုင်း ) ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများတွင် အနိုင်ရပါတီများ အစိုးရဖွဲ့နိုင်ရန် စစ်တပ်က လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း စစ်ခေါင်းဆောင်က ပြောဆိုကာ ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနောက်ပိုင်းတွင် နိုင်ငံရေးအရအသုံးချ၍ မရိုးမသားဆောင်ရွက်မှုများကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်များတွင် တွေ့ခဲ့ရကြောင်း ဆိုသည်။

ယဉ်ကျေးမှုပိုင်းဆိုင်ရာတွင်လည်း မြန်မာ့ထုံးတမ်းစဉ်လာနှင့် မကိုက်ညီသည့် ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့ပြီး စည်းလုံးညီညွတ်မှုများ ပျက်ပြားခဲ့ရကြောင်း စစ်ကောင်စီခေါင်းဆောင်က ဝေဖန်သည်။
အဆိုပါ ပြောကြားချက်နှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၊ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ဒုဥက္ကဌ ဦးဘိုဘိုဦးက “ မင်းအောင်လှိုင်ဟာ လူလိမ်လူကောက်ပါ”ဟု မှတ်ချက်ပြုသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းသည်ဟု အကြောင်းပြကာ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ တိုက်ပွဲများဖြစ်ပွားနေ သည့်အပြင် ငွေကြေးဖောင်းပွမှု အဆမတန်မြင့်တက်နေပြီး စီးပွားရေးကဏ္ဍလည်း ထိခိုက်လျက်ရှိနေသည်။

စစ်ကောင်စီအနေဖြင့်မူ ရွေးကောက်ပွဲကျင်းပနိုင်ရေးကို ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပြီး ၂၀၂၄ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူ၍ ရွေးကောက်ပွဲကို အစောဆုံးကာလတွင် ပြန်လည် ကျင်းပနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း ဆိုသည်။

ထို့ကြောင့် ဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်လှမ်းရာတွင် တည်ငြိမ်အေးချမ်းမှုရှိရန် အဓိကလိုအပ်သည့်အတွက် တည်ငြိမ်အေးချမ်းမှုရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းလည်း စစ်ကောင်စီခေါင်းဆောင်က ပြောသည်။

လက်ရှိ ကုန်ဈေးနှုန်း ကြီးမြင့်နေရခြင်းနှင့်ပတ်သက်ပြီး နိုင်ငံတကာမှ ပိတ်ဆို့မှုများနှင့် ဝိသမ လောဘသားအချို့၏ ကိုယ်ကျိုးစီးပွားကြည့်၍ လုပ်ဆောင်မှုများကြောင့်ဖြစ်ကာ ထိုက်သင့်သည့် အရေးယူမှုများ ပြုလုပ်ခဲ့သဖြင့် ကုန်ဈေးနှုန်း ကျဆင်းလာပြီဖြစ်ကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့က လားရှိုးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် တွေ့ဆုံရာတွင် ထည့်သွင်း ပြောဆိုခဲ့သည်။

ယခုနှစ် ဇွန်လအတွင်းက ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ GDPမှာ စက်တင်ဘာလအထိ သုံးရာခိုင်နှုန်း တိုးနိုင်ကြောင်း ခန့်မှန်းထားသော်လည်း ၂၀၁၉ ခုနှစ် GDP အောက် ၁၀ ရာခိုင်နှုန်းခန့် ကျဆင်းနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#စစ်ခေါင်းဆောင်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤮21👍4😁4💩4❤2
Media is too big
VIEW IN TELEGRAM
က​လေး​မွေးပြီးစ အမျိုးသမီး​တွေမှာ ဖြစ်တတ်တဲ့ စိတ်ကျ​ရောဂါ| ကျန်းမာသုတ လူမှုဘ၀

Watch more detail - https://youtu.be/JnvRFDBLqEs

#PostpartumDepression
#BabyBlues
#reels
#shorts
👍3🖕1
​​တပ်မဟာ(၅)ဒေသအတွင်းရှိ စစ်ကောင်စီတပ်စခန်း ၅ ခုအား KNLA ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်
=================

YT
(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်၊ ခေးပူကျေးရွာအုပ်စုအတွင်းရှိ စစ်ကောင်စီတပ် စခန်းငါးခုအား တပ်မဟာ(၅) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း KNU မူတြော်သတင်းစဉ်က စက်တင်ဘာလ ၉ ရက်နေ့တွင် သတင်းထုတ် ပြန်ထားသည်။

“လက်ရှိ တပ်မဟာ (၅) နယ်မြေမှာ စစ်ကောင်စီတပ်ရဲ့စစ်ရေးလှုပ်ရှားမှုဟာ လေယာဥ်ပျံကလွဲပြီး မြေပြင် တပ်ချည်းပဲဆိုရင် လှုပ်ရှားမှုအနည်းအကျဥ်းလောက်ပဲ လုပ်လို့ရတယ်။ နယ်မြေစိုးမိုးမှုအပိုင်းမှာလည်း သူတို့စခန်းရှိတဲ့နေရာလောက်ပဲ စိုးမိုးလို့ရတော့တယ်”ဟု KNU တပ်မဟာ(၅)မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က မဇ္ဈိမကိုပြောသည်။

အင်အား ၅၀ ကျော်ဖြင့်အထိုင်ချနေသည့် ခေးပူစစ်ကောင်စီစခန်းအား စက်တင်ဘာလ ၆ ရက်နေ့ နံနက် ပိုင်းတွင် တပ်မဟာ(၅) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ Special Force (အထူး တပ်ဖွဲ့)နှင့် PDF ပူးပေါင်းအဖွဲ့တို့က ဝင်ရောက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ခေးပူစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအများအပြားသေဆုံးပြီး၊ တပ်မဟာ(၅) KNLA ပူး ပေါင်းတပ်ဖွဲ့ဘက်တွင်လည်း ဒဏ်ရာရသူရှိကြောင်း၊ စစ်ကောင်စီတပ်ထံမှ လက်နက်ကြီး၊ လက်နက် ငယ်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း KNU- မူတြော်သတင်းစဉ်က ဖော်ပြထားသည်။

ထို့ပြင် စက်တင်ဘာလ ၇ ရက်နေ့တွင် ခေးပူကျေးရွာအုပ်စုအတွင်းရှိ တူဖိုးထာစခန်း၊ ဝါဘောထာစခန်း၊ ကွဲခူစခန်းနှင့် လယ်ထောစခန်း စသည့်စစ်ကောင်စီစခန်းလေးခုအား တပ်မဟာ(၅) KNLA ပူးပေါင်းတပ်ဖွဲ့ က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

စခန်းလေးခုအား ဝင်ရောက်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ရှစ်ဦးသေဆုံး၍ ရှစ်ဦး ထိခိုက်ဒဏ် ရာရခဲ့ကြောင်း မူတြော်သတင်းစဉ်က ဖော်ပြထားသည်။

ခေးပူစစ်ကောင်စီစခန်းအပါအဝင် စခန်းငါးခု တိုက်ခိုက်ခံရပြီးနောက် စက်တင်ဘာလ ၆ ရက်နေ့မှ ၈ ရက် နေ့အထိ သုံးရက်တိုင် စစ်ကောင်စီတပ်သည် ခေးပူကျေးရွာအုပ်စုအတွင်းသို့ ဗုံးသီးများ၊ စက်သေနတ် အကြီးစားများဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း မူတြော်သတင်းစဉ်က ဖော်ပြထားသည်။

“စစ်ကောင်စီတပ်တွေရဲ့ အရပ်သားပစ်မှတ်အပေါ် တိုက်ခိုက်လာမှုဟာ တဖြည်းဖြည်း ပိုပိုပြီး ဆိုးဝါးလာ နေပါတယ်။ အရပ်သားပြည်သူလူထုနေထိုင်လို့မရအောင် တိုက်ပွဲဖြစ်တဲ့အခါတိုင်းမှာ ကျေးရွာတွေနဲ့ လုပ် ကိုင်စားသောက်တဲ့ လုပ်ငန်းခွင်တွေဆီ လက်နက်ကြီးနဲ့အမြဲပစ်တယ်။ တိုက်လေယာဥ်နဲ့လည်း တိုက်ပွဲ ဖြစ်တိုင်း လာရောက်ပစ်ခတ်ဗုံးကြဲတဲ့အပြင် တိုက်ပွဲမဖြစ်လည်းပဲ လက်နက်ကြီးနဲ့ လှမ်းပစ်ပြီး လေယာဥ် နဲ့လာရောက်ပစ်ခတ်ဗုံးကြဲတယ်" ဟု ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က ဆက်လက်ပြောဆိုသည်။

လေကြောင်းတိုက်ခိုက်မှုများအတွင်း ခေးပူကျေးရွာအုပ်စုအတွင်းနေထိုင်သည့် အသက် ၄၅ နှစ်အရွယ် အမျိုးသားတဦး ဒဏ်ရာရကာ နေအိမ် ၁၁ လုံး၊ ဘာသာရေးအဆောက်အအုံတလုံး၊ စာသင်ကျောင်း တကျောင်းနှင့် ဆိတ်နှစ်ကောင် ဗုံးသီး ထိမှန်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#ကရင်ပြည်နယ်
#တပ်မဟာ(၅)နယ်မြေ
#KNLA
#စစ်ကောင်စီစခန်း

ပုံအညွှန်း- တိုက်ပွဲဝင် KNLA ရဲဘော်များအား တွေ့ရစဉ် (ဓါတ်ပုံ- KNU (ပုံဟောင်း))

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17👏3❤1👎1🔥1
ငါန်းဇွန်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ၇ ဦးသေဆုံး
======================

ဓါတု
(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် ခေါင်းပိုကျေးရွာမှ လက်ပံသာကျေးရွာ (ဒေသအခေါ် တလင်း ကုန်း)သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား ဒရုန်းဖြင့်ဗုံးကြဲခဲ့ရာ ခုနစ်ဦးသေဆုံးပြီး အရာရှိ အပါအဝင် ထိခိုက်ဒဏ်ရာရသူများရှိကြောင်း Black Eagle Drone Force တာဝန်ခံ၏ ပြောကြားချက် အရ သိရသည်။

အင်အား ၄၀ ကျော်ပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းအား ကာကွယ်ရေးတပ်ဖွဲ့များက ခေါင်းပိုရွာမှ လက်ပံသာရွာသို့အကူးတွင် ယနေ့ စက်တင်ဘာလ ၁၀ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်မှ ၁၂ နာရီအထိ တကြိမ်၊ တလင်းကုန်း၌အထိုင်ချနေစဉ် မွန်းလွဲ ၂ နာရီ မိနစ် ၃၀ မှ ညနေ ၄ နာရီအထိတကြိမ်၊ စုစုပေါင်း နှစ်ကြိမ် ဗုံးသီးရှစ်လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ခုနစ်ကောင်သေတာတော့ အတည်ပြုလို့ရတယ်။ ထိခိုက်ဒဏ်ရာရတဲ့အထဲမှာ အရာရှိလည်းပါတယ်။ သူ ကတော့ သေ၊ မသေ မသိရသေးဘူး။ ဒဏ်ရာရတဲ့သူတွေထဲကမှ ဖောကားနဲ့ လူရွေးခေါ်သွားတာတွေ့ တယ်”ဟု Black Eagle Drone Force တာဝန်ခံက မဇ္စျိမကိုပြောသည်။

ယနေ့တိုက်ခိုက်မှုကို Black Eagle Defence Force - မြင်းမူ(MMU)၊ Black Eagle Drone Force၊ မီးနဂါး NZN Revolution Force၊ ကျောက်ဆည်ခရိုင်တပ်ရင်း(၂) TGR Defence Force ၊ TGR Myaung Women Drone Force နှင့် ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်မှုများ ရှိခဲ့ကြောင်း Black Eagle Drone Force အဖွဲ့ကဆိုသည်။

ငါန်းဇွန်မြို့နယ်အနှံ့တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရန် ဖြန့်ကြက်ထားသည့်အင်အား ၃၀၀ ဝန်း ကျင်ရှိ၍ စစ်ကောင်စီတပ်ဖွဲ့အား ဒရုန်းဖြင့်ဗုံးကြဲချသည့် စစ်ဆင်ရေးကို ခပ်စိပ်စိပ်လှုပ်ရှားခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ပြောကြားချက်အရ သိရသည်။

စာတည်း။ ။စောဖေ

https://youtu.be/z5zkxvU7B7U?si=mlXGdHdr05iqL0iI

#မန္တလေးတိုင်း
#ငါန်းဇွန်မြို့နယ်
#စစ်ကောင်စီစစ်ကြောင်း
#ဒရုန်းဖြင့်ဗုံးကြဲ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16👏4👎1🔥1
ငြိမ်းချမ်းရေး၊ သင့်မြတ်ရေးအတွက် ဆွေးနွေးစရာများ | Common Ground- Episode (6)
=====================

ဖက်ဒရယ် ဒီမိုကရေစီအရေးအတွက် လုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းအချင်းချင်းကြား ဘေးတိုက်ပဋိပက္ခတွေကိုကျော်လွန်ပြီး သင့်မြတ်မှုပိုကောင်းလာရေး အထောက်အကူပြနိုင်ဖို့ Common Ground အစီအစဥ်ကို Mizzima က အပတ်စဥ်တင် ဆက်ပေးနေပါတယ်။

https://youtu.be/QVVEqcqwIPU?si=EOzrbi1izr6utdSZ

#commonground
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥1
စစ်အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ရသူ ၁.၉ သန်းရှိလာ
====================

လင်းသူရိန်
(မဇ္ဈိမ)။ ။မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာပြီး ရွှေ့ပြောင်းနေထိုင်ရသူအရေအတွက် ဟာ အခုဆို ၁.၉ သန်းရှိနေပြီလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေရုံး UNOCHA ရဲ့ စက်တင်ဘာလ ၈ ရက် အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။

ပြီးခဲ့တဲ့လ ဩဂုတ်လ ၁၀ ရက်နေ့က ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ၁.၆ သန်း ရှိတယ်လို့ ထုတ်ပြန်ထားတဲ့ အတွက် တလအတွင်းမှာ နေရပ်စွန့်ခွာရသူ သုံးသိန်းလောက် တိုးလာတာဖြစ်ပါတယ်။

နေရပ်စွန့်ခွာရသူတွေများလာတာနဲ့ စစ်ဘေးရှောင်တွေများလာရတာက စစ်ကောင်စီရဲ့အကြမ်းဖက်လုပ် ရပ်တွေကြောင့်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးစည် သူမောင်က မဇ္ဈိမကို ပြောပါတယ်။

တည်းဖြတ်/တင်ဆက်- လင်းသူရိန်

https://youtu.be/T8yb2epVQaE?si=9bj_7v3SwQ7ptGHv

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢20👍3🔥1
​​အလုပ်လက်မဲ့ဆိုင်ရာ အချက်အလက်များ ထုတ်ပြန်မှု ဆိုင်းငံ့လိုက်ခြင်းကြောင့် တရုတ်လူငယ်များ ဒေါသထွက်
====================

Directus.gr
တရုတ်တွင် အလုပ်လက်မဲ့နှုန်းသည် အကျပ်အတည်းဖြစ်ပေါ်စေနိုင်သည့်အဆင့်သို့ ရောက်ရှိလာခြင်းကြောင့် အလုပ်လက်မဲ့ဆိုင်ရာ အချက်အလက်များကို အများပြည်သူအား ထုတ်ပြန်ရေးကို တရုတ်အစိုးရက ဆိုင်းငံ့ လိုက်သည်။

အလုပ်လက်မဲ့နှုန်းသည် ၂၀၂၃ခုနှစ်တွင် ၅၀ ရာခိုင်နှုန်းခန့်ရှိလာခြင်းကြောင့် တရုတ်ကျွမ်းကျင်သူများက စိုးရိမ် နေကြသည်။ မြို့ပြအလုပ်လက်မဲ့နှုန်းသည် ၂၀၂၃ခုနှစ်လယ်တွင် ၂၁ ဒသမ ၃ ရာခိုင်နှုန်းအထိ စံချိန်တင်ခဲ့ ကြောင်း တရုတ်အစိုးရက ဝန်ခံခဲ့သည်။

သို့သော် အလုပ်အကိုင်ဆိုင်ရာ အချက်အလက်များကို ဆိုင်းငံ့လိုက်ခြင်းကြောင့် တရုတ်လူငယ်များက ဒေါသတ ကြီးတုံ့ပြန်ခဲ့ကြသည်။ အလုပ်လက်မဲ့ဖြစ်မှုသည် လူငယ်များနှင့် စီးပွားရေးကို ထိခိုက်လာခြင်းကြောင့် အလုပ် လက်မဲ့ကိစ္စသည် အဓိက ပြဿနာတစ်ရပ်ဖြစ်လာနေသည်။

အလုပ်လက်မဲ့နှုန်းမှာ ၂၀ ရာခိုင်နှုန်းကျော်ရှိကြောင်း အစိုးရအချက်အလက်များက ဖော်ပြနေသော်လည်း မြေပြင်အခြေအနေသည် များစွာပိုမိုဆိုးရွားနိုင်ကြောင်း ကျွမ်းကျင်သူများက ယူဆကြသည်။

တရုတ်တက္ကသိုလ်များသည် အလုပ်အကိုင်ဆိုင်ရာ အချက်အလက်များကို မမှန်မကန်ဖော်ပြရာတွင် ပါဝင် ပတ်သက်နေသည်။အလုပ်အကိုင်တိုင်းတာရေး နည်းလမ်းများတွင် “အလုပ်အကိုင်မရှိသူများ၊ ပညာရေး သို့မဟုတ် လေ့ကျင့်ရေး ကဏ္ဍ” များကို ဖယ်ထားခြင်းကြောင့် အမှန်တကယ် အလုပ်လက်မဲ့နှုန်းမှာ ၄၆ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်မား နိုင်ကြောင်း ပီကင်းတက္ကသိုလ်မှ စီးပွားရေးပါမောက္ခ ကျန်းဒန်ဒန်က ပြောကြားခဲ့သည်။

နာမည်ကျော် တရုတ်ဘဏ္ဍာရေး မဂ္ဂဇင်း Caixin တွင် ဖော်ပြခဲ့သော ကျန်း၏ အမြင်များကို နောက်ပိုင်းတွင် ဆင်ဆာဖြတ်တောက်ခဲ့သည်။

"ကျွန်တော် အကြိမ်ကြိမ်ကြိုးစားပြီး လိုချင်တာကို ရှာခဲ့ပေမဲ့ မရလို့လက်လျှော့လိုက်ချင်ပါတယ်" ဟု ကျူရှန်ယန်အမည်ရှိ လူငယ်လေးတစ်ယောက်က ပြောကြားသည်။

တရုတ်နိုင်ငံတော်စာရင်းအင်းဗျူရို(NBS) က ခိုင်မာသည့်အကြောင်းပြချက်မရှိဘဲ အလုပ်အကိုင်တိုင်းတာရေး နည်းလမ်းများကို ဆိုင်းငံ့လိုက်သည်။

အစိုးရက အလုပ်အကိုင်ဆိုင်ရာ အချက်အလက်များထုတ်ပြန်မှုကို ရပ်ဆိုင်းပြီးနောက် မကြာမီတွင် တရုတ် လူငယ်များသည် ဆိုရှယ်မီဒီယာတွင် ၎င်းတို့၏ အမြင်များကို ဒေါသတကြီး စတင်ဖော်ပြခဲ့ကြသည်။

တစ်ဦးက NBS ကို “ပြောင်းလဲလွယ်သူ” အဖြစ် ပြောကြားခဲ့ပြီး “လူထုက အမှန်တရားကို သိပိုင်ခွင့်ရှိပါတယ်” ဟု တောင်းဆိုခဲ့သည်။ နှစ်နှစ်ကြာ အလုပ်လက်မဲ့ဖြစ်နေသည့် ကက်ဆီဆန်က “ သူတို့ လိမ်နေတာ နေ့တိုင်းပါ ပဲ” ဟု ပြောကြားသည်။

ယိုယွင်းနေသော အလုပ်အကိုင်အချက်အလက်များကို ထုတ်ဝေခြင်းက တရုတ်တွင် အပျက်သဘောဆောင် သော စိတ်ဓာတ်များ ဖြစ်ပေါ်စေသည်ဟု စီးပွားရေးပညာရှင်များက အခိုင်အမာဆိုသည်။
“ပါးစပ်ကိုပိတ်၊ မျက်စိမှိတ်ထားရုံနဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး” ဟု ဆိုရှယ်မီဒီယာ Weibo ပေါ်မှာ တရုတ်လူငယ်များက ပြင်းပြင်းထန်ထန် တုံ့ပြန်ပြောဆိုခဲ့ကြသည်။

ပေကျင်းမြို့အခြေစိုက် အကြီးတန်းလေ့လာသုံးသပ်သူ အန်ဒီချန်က ယင်းလုပ်ရပ်သည် ကောင်းကျိုးထက် ဆိုးကျိုးကို ပိုမိုဖြစ်ပွားစေနိုင်ကြောင်း ပြောကြားခဲ့သည်။

အလုပ်လက်မဲ့များဆက်လက်များပြားလာပါက လူမှုရေးမတည်မငြိမ်ဖြစ်မည်ကို တရုတ်ကွန်မြူနစ်အစိုးရက စိုးရိမ်နေပုံပေါ်သည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍35❤4🔥1👏1😁1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်စက်တင်ဘာလ ၁၀ ရက်ထုတ်လွှင့်မှုများ 
================

https://youtu.be/run_xhpdzS8?si=vIzzd_k4xuBbGOzv

#PVTV 
#MizzimaTV 
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1
စက်တင်ဘာလ (၁၁) ရက်၊ တနင်္လာနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=============================

ဒီကနေ့မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

NLD လက်ထက်မှာ အုပ်ချုပ်ရေး ၊ စီးပွားရေးပိုင်း အားနည်းချက်တွေ ဖြစ်ပေါ်ခဲ့ပြီး စည်းလုံးညီညွတ်မှု ပျက်ပြားခဲ့တယ်လို့ စစ်ခေါင်းဆောင်ဝေဖန်တဲ့သတင်းနဲ့အတူ

စစ်အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ရသူ ၁.၉ သန်းရှိလာတဲ့အကြောင်းသတင်းလွှာ အပါအဝင် 

နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊ တပတ်အတွင်း စီးပွားရေးနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဏအနေနဲ့ “နိုင်ငံရေးတွေမပြောချင်ဘူးကိုတုတ်ကြီးရယ်" အစီအစဉ်ကို ထုတ်လွှင့်သွားမှာပါ။

https://youtu.be/unYfGFQW77Q?si=-cQDcz-EE6JStLhY

#Mizzimaradio
#Morningradio
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥1
လေယာဉ်ဆီအပိတ်ခံရတဲ့အပြင် JF-17 တွေပါ ဂျင်းမိသွားတဲ့ စစ်ကောင်စီ (ဆောင်းပါး) 
---------------------------

ဒီလပိုင်းအတွင်း အမေရိကန်ရဲ့အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေအောက်မှာ စစ်ကောင်စီ
အလူးအလဲခံနေခဲ့ရတာ တွေ့ရပါတယ်။ နိုင်ငံခြားငွေ အဓိကစီးဆင်းတဲ့
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့
စီးပွားရေးပိတ်ဆို့ခံရတာကြောင့် ငွေကြေးကမောက်ကမတွေကြုံနေရချိန်မှာပဲ
လေယာဉ်ဆီတင်သွင်းမှုတွေကိုပါ အမေရိကန်က ထပ်မံပိတ်ဆို့လိုက်တဲ့အတွက်
အတော်လေးအထိနာသွားခဲ့ပါ တယ်။ ဒီကြားထဲ ပါကစ္စတန်ကနေဝယ်ထားတဲ့ JF-17 တိုက်လေယာဉ်တွေ
ဂျင်းမိသွားတဲ့ကိစ္စပါထပ်တိုးလာလို့ အာဏာသိမ်း စစ်ခေါင်းဆောင် အတော်လေးဒေါပွနေတယ်လို့
တပ်တွင်းသတင်းတွေလည်းထွက်ပေါ်နေပါတယ်။

https://youtu.be/hqvOyVg8KrE?si=qObxJaNdtYhXBQ5G

#Newsfeature
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10❤4🔥1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (စက်တင်ဘာလ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်) | VOA ON Mizzima
  ================

ဘာစီလိုနာမြို့က နှစ် ၁၀၀ ကျော် ဓါတ်လှေကားများအကြောင်း ကမ္ဘာတလွှားခရီးသွားအစီအစဉ်ကနေ တင်ဆက်ပေးမယ့်အပြင် သတင်းထဲက အင်္ဂလိပ်စာ၊ အာရှစီးပွားရေးကဏ္ဍမှာ တင်ဆက်ထားတာကို စက်တင်ဘာလ ၁၁ ရက်၊ တနင်္လာနေ့ မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ အစီအစဉ်မှာ အပတ်စဉ်ကဏ္ဍတွေအဖြစ် ရှုစားကြရမှာ ဖြစ်ပါတယ်။

https://youtu.be/NEKxLlCwVvE?si=ksKSsjYkRtmGeplo

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV 
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥1
တရုတ်ဘက်က စိုးရိမ်မှုတွေကြီးထွားနေချိန်မှာပဲ ဗီယက်နမ်သို့ ဘိုင်ဒင်ရောက်ရှိ
=================

https://youtu.be/M8wUFB6v4GU?si=VvM-tkwdsREOHtGH

#InternationalNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😁1
ဘာစီလိုနာမြို့က နှစ် ၁၀၀ ကျော် ဓါတ်လှေကားများ | VOA ON Mizzima
==============

စပိန်နိုင်ငံ ဘာစီလိုနာမြို့က ကမ္ဘာလှည့်ခရီးသည်တွေ သွားလည်နေကြတဲ့ အဆောက်အဦးတွေအပါအဝင် အဆောက်အဦးဟောင်း တချို့မှာ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိနေတဲ့ ဓါတ်လှေကားတွေရှိပါတယ်။ အဲဒီဓါတ်လှေကားဟောင်းတွေကို ဘယ်လို ထိမ်းသိမ်းနေကြသလဲဆိုတာ မစုမြတ်မွန်နဲ့ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားလေ့လာရအောင်ပါ။

https://youtu.be/yvAgaCUz7Xo?si=JzezCw4JJHEXPI-_

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7❤2🔥1
စက်တင်ဘာလ ၁၁ ရက်နေ့ ၊ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
===============

https://youtu.be/uXgFOu4hZTM?si=TyAlhK-rzFwMGNdM

—————————-
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1