Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​အလုပ်လက်မဲ့ဆိုင်ရာ အချက်အလက်များ ထုတ်ပြန်မှု ဆိုင်းငံ့လိုက်ခြင်းကြောင့် တရုတ်လူငယ်များ ဒေါသထွက်
====================

Directus.gr
တရုတ်တွင် အလုပ်လက်မဲ့နှုန်းသည် အကျပ်အတည်းဖြစ်ပေါ်စေနိုင်သည့်အဆင့်သို့ ရောက်ရှိလာခြင်းကြောင့် အလုပ်လက်မဲ့ဆိုင်ရာ အချက်အလက်များကို အများပြည်သူအား ထုတ်ပြန်ရေးကို တရုတ်အစိုးရက ဆိုင်းငံ့ လိုက်သည်။

အလုပ်လက်မဲ့နှုန်းသည် ၂၀၂၃ခုနှစ်တွင် ၅၀ ရာခိုင်နှုန်းခန့်ရှိလာခြင်းကြောင့် တရုတ်ကျွမ်းကျင်သူများက စိုးရိမ် နေကြသည်။ မြို့ပြအလုပ်လက်မဲ့နှုန်းသည် ၂၀၂၃ခုနှစ်လယ်တွင် ၂၁ ဒသမ ၃ ရာခိုင်နှုန်းအထိ စံချိန်တင်ခဲ့ ကြောင်း တရုတ်အစိုးရက ဝန်ခံခဲ့သည်။

သို့သော် အလုပ်အကိုင်ဆိုင်ရာ အချက်အလက်များကို ဆိုင်းငံ့လိုက်ခြင်းကြောင့် တရုတ်လူငယ်များက ဒေါသတ ကြီးတုံ့ပြန်ခဲ့ကြသည်။ အလုပ်လက်မဲ့ဖြစ်မှုသည် လူငယ်များနှင့် စီးပွားရေးကို ထိခိုက်လာခြင်းကြောင့် အလုပ် လက်မဲ့ကိစ္စသည် အဓိက ပြဿနာတစ်ရပ်ဖြစ်လာနေသည်။

အလုပ်လက်မဲ့နှုန်းမှာ ၂၀ ရာခိုင်နှုန်းကျော်ရှိကြောင်း အစိုးရအချက်အလက်များက ဖော်ပြနေသော်လည်း မြေပြင်အခြေအနေသည် များစွာပိုမိုဆိုးရွားနိုင်ကြောင်း ကျွမ်းကျင်သူများက ယူဆကြသည်။

တရုတ်တက္ကသိုလ်များသည် အလုပ်အကိုင်ဆိုင်ရာ အချက်အလက်များကို မမှန်မကန်ဖော်ပြရာတွင် ပါဝင် ပတ်သက်နေသည်။အလုပ်အကိုင်တိုင်းတာရေး နည်းလမ်းများတွင် “အလုပ်အကိုင်မရှိသူများ၊ ပညာရေး သို့မဟုတ် လေ့ကျင့်ရေး ကဏ္ဍ” များကို ဖယ်ထားခြင်းကြောင့် အမှန်တကယ် အလုပ်လက်မဲ့နှုန်းမှာ ၄၆ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်မား နိုင်ကြောင်း ပီကင်းတက္ကသိုလ်မှ စီးပွားရေးပါမောက္ခ ကျန်းဒန်ဒန်က ပြောကြားခဲ့သည်။

နာမည်ကျော် တရုတ်ဘဏ္ဍာရေး မဂ္ဂဇင်း Caixin တွင် ဖော်ပြခဲ့သော ကျန်း၏ အမြင်များကို နောက်ပိုင်းတွင် ဆင်ဆာဖြတ်တောက်ခဲ့သည်။

"ကျွန်တော် အကြိမ်ကြိမ်ကြိုးစားပြီး လိုချင်တာကို ရှာခဲ့ပေမဲ့ မရလို့လက်လျှော့လိုက်ချင်ပါတယ်" ဟု ကျူရှန်ယန်အမည်ရှိ လူငယ်လေးတစ်ယောက်က ပြောကြားသည်။

တရုတ်နိုင်ငံတော်စာရင်းအင်းဗျူရို(NBS) က ခိုင်မာသည့်အကြောင်းပြချက်မရှိဘဲ အလုပ်အကိုင်တိုင်းတာရေး နည်းလမ်းများကို ဆိုင်းငံ့လိုက်သည်။

အစိုးရက အလုပ်အကိုင်ဆိုင်ရာ အချက်အလက်များထုတ်ပြန်မှုကို ရပ်ဆိုင်းပြီးနောက် မကြာမီတွင် တရုတ် လူငယ်များသည် ဆိုရှယ်မီဒီယာတွင် ၎င်းတို့၏ အမြင်များကို ဒေါသတကြီး စတင်ဖော်ပြခဲ့ကြသည်။

တစ်ဦးက NBS ကို “ပြောင်းလဲလွယ်သူ” အဖြစ် ပြောကြားခဲ့ပြီး “လူထုက အမှန်တရားကို သိပိုင်ခွင့်ရှိပါတယ်” ဟု တောင်းဆိုခဲ့သည်။ နှစ်နှစ်ကြာ အလုပ်လက်မဲ့ဖြစ်နေသည့် ကက်ဆီဆန်က “ သူတို့ လိမ်နေတာ နေ့တိုင်းပါ ပဲ” ဟု ပြောကြားသည်။

ယိုယွင်းနေသော အလုပ်အကိုင်အချက်အလက်များကို ထုတ်ဝေခြင်းက တရုတ်တွင် အပျက်သဘောဆောင် သော စိတ်ဓာတ်များ ဖြစ်ပေါ်စေသည်ဟု စီးပွားရေးပညာရှင်များက အခိုင်အမာဆိုသည်။
“ပါးစပ်ကိုပိတ်၊ မျက်စိမှိတ်ထားရုံနဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး” ဟု ဆိုရှယ်မီဒီယာ Weibo ပေါ်မှာ တရုတ်လူငယ်များက ပြင်းပြင်းထန်ထန် တုံ့ပြန်ပြောဆိုခဲ့ကြသည်။

ပေကျင်းမြို့အခြေစိုက် အကြီးတန်းလေ့လာသုံးသပ်သူ အန်ဒီချန်က ယင်းလုပ်ရပ်သည် ကောင်းကျိုးထက် ဆိုးကျိုးကို ပိုမိုဖြစ်ပွားစေနိုင်ကြောင်း ပြောကြားခဲ့သည်။

အလုပ်လက်မဲ့များဆက်လက်များပြားလာပါက လူမှုရေးမတည်မငြိမ်ဖြစ်မည်ကို တရုတ်ကွန်မြူနစ်အစိုးရက စိုးရိမ်နေပုံပေါ်သည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍35❤4🔥1👏1😁1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်စက်တင်ဘာလ ၁၀ ရက်ထုတ်လွှင့်မှုများ 
================

https://youtu.be/run_xhpdzS8?si=vIzzd_k4xuBbGOzv

#PVTV 
#MizzimaTV 
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1
စက်တင်ဘာလ (၁၁) ရက်၊ တနင်္လာနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=============================

ဒီကနေ့မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

NLD လက်ထက်မှာ အုပ်ချုပ်ရေး ၊ စီးပွားရေးပိုင်း အားနည်းချက်တွေ ဖြစ်ပေါ်ခဲ့ပြီး စည်းလုံးညီညွတ်မှု ပျက်ပြားခဲ့တယ်လို့ စစ်ခေါင်းဆောင်ဝေဖန်တဲ့သတင်းနဲ့အတူ

စစ်အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ရသူ ၁.၉ သန်းရှိလာတဲ့အကြောင်းသတင်းလွှာ အပါအဝင် 

နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊ တပတ်အတွင်း စီးပွားရေးနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဏအနေနဲ့ “နိုင်ငံရေးတွေမပြောချင်ဘူးကိုတုတ်ကြီးရယ်" အစီအစဉ်ကို ထုတ်လွှင့်သွားမှာပါ။

https://youtu.be/unYfGFQW77Q?si=-cQDcz-EE6JStLhY

#Mizzimaradio
#Morningradio
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥1
လေယာဉ်ဆီအပိတ်ခံရတဲ့အပြင် JF-17 တွေပါ ဂျင်းမိသွားတဲ့ စစ်ကောင်စီ (ဆောင်းပါး) 
---------------------------

ဒီလပိုင်းအတွင်း အမေရိကန်ရဲ့အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေအောက်မှာ စစ်ကောင်စီ
အလူးအလဲခံနေခဲ့ရတာ တွေ့ရပါတယ်။ နိုင်ငံခြားငွေ အဓိကစီးဆင်းတဲ့
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့
စီးပွားရေးပိတ်ဆို့ခံရတာကြောင့် ငွေကြေးကမောက်ကမတွေကြုံနေရချိန်မှာပဲ
လေယာဉ်ဆီတင်သွင်းမှုတွေကိုပါ အမေရိကန်က ထပ်မံပိတ်ဆို့လိုက်တဲ့အတွက်
အတော်လေးအထိနာသွားခဲ့ပါ တယ်။ ဒီကြားထဲ ပါကစ္စတန်ကနေဝယ်ထားတဲ့ JF-17 တိုက်လေယာဉ်တွေ
ဂျင်းမိသွားတဲ့ကိစ္စပါထပ်တိုးလာလို့ အာဏာသိမ်း စစ်ခေါင်းဆောင် အတော်လေးဒေါပွနေတယ်လို့
တပ်တွင်းသတင်းတွေလည်းထွက်ပေါ်နေပါတယ်။

https://youtu.be/hqvOyVg8KrE?si=qObxJaNdtYhXBQ5G

#Newsfeature
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10❤4🔥1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (စက်တင်ဘာလ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်) | VOA ON Mizzima
  ================

ဘာစီလိုနာမြို့က နှစ် ၁၀၀ ကျော် ဓါတ်လှေကားများအကြောင်း ကမ္ဘာတလွှားခရီးသွားအစီအစဉ်ကနေ တင်ဆက်ပေးမယ့်အပြင် သတင်းထဲက အင်္ဂလိပ်စာ၊ အာရှစီးပွားရေးကဏ္ဍမှာ တင်ဆက်ထားတာကို စက်တင်ဘာလ ၁၁ ရက်၊ တနင်္လာနေ့ မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ အစီအစဉ်မှာ အပတ်စဉ်ကဏ္ဍတွေအဖြစ် ရှုစားကြရမှာ ဖြစ်ပါတယ်။

https://youtu.be/NEKxLlCwVvE?si=ksKSsjYkRtmGeplo

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV 
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥1
တရုတ်ဘက်က စိုးရိမ်မှုတွေကြီးထွားနေချိန်မှာပဲ ဗီယက်နမ်သို့ ဘိုင်ဒင်ရောက်ရှိ
=================

https://youtu.be/M8wUFB6v4GU?si=VvM-tkwdsREOHtGH

#InternationalNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😁1
ဘာစီလိုနာမြို့က နှစ် ၁၀၀ ကျော် ဓါတ်လှေကားများ | VOA ON Mizzima
==============

စပိန်နိုင်ငံ ဘာစီလိုနာမြို့က ကမ္ဘာလှည့်ခရီးသည်တွေ သွားလည်နေကြတဲ့ အဆောက်အဦးတွေအပါအဝင် အဆောက်အဦးဟောင်း တချို့မှာ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိနေတဲ့ ဓါတ်လှေကားတွေရှိပါတယ်။ အဲဒီဓါတ်လှေကားဟောင်းတွေကို ဘယ်လို ထိမ်းသိမ်းနေကြသလဲဆိုတာ မစုမြတ်မွန်နဲ့ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားလေ့လာရအောင်ပါ။

https://youtu.be/yvAgaCUz7Xo?si=JzezCw4JJHEXPI-_

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7❤2🔥1
စက်တင်ဘာလ ၁၁ ရက်နေ့ ၊ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
===============

https://youtu.be/uXgFOu4hZTM?si=TyAlhK-rzFwMGNdM

—————————-
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1
အင်္ဂလိပ်စာ သင်ခန်းစာ | VOA ON Mizzima
=================

VOA အင်္ဂလိပ်စာသင်ခန်းစာ အစီအစဉ်မှာ အမေရိကန်အင်္ဂလိပ်စာ အသုံးအနှုန်းတွေကို လေ့လာ၊ လေ့ကျင့်နိုင်ပါတယ်။ မမြသဇင်အောင် ကူညီတင်ဆက်ပေးထားပါတယ်။

https://youtu.be/ZpZ2-Olkxxs?si=8sXWHK4eehQv1uCM

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥1
တရုတ်ဒု-ဝန်ကြီးချုပ် ရုရှားကိုသွားရောက်မယ်လို့ နိုင်ငံခြားရေးဌာနပြောဆို
================

https://youtu.be/FoeHLpjbEdI?si=nTGOfXRS2fIbgYIy

#InternationalNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤮8❤1🔥1
အာရှစီးပွားရေး | VOA ON Mizzima
==============

ဒီတပတ် အာရှစီးပွားရေး ကဏ္ဍမှာတော့ သီရိလင်္ကာနိုင်ငံမှာ လက်ရှိကြုံနေရတဲ့ မိုးခေါင်ရေရှား ပြသနာက စီးပွားရေး ပြန်လည် နိုးထစေမယ့် မျှော်လင့်ချက်ကို ထိခိုက်လာတဲ့အကြောင်းနဲ့ တရုတ်နိုင်ငံထုတ် Xiaomi စမတ်ဖုန်း ရောင်းရတဲ့ ဝင်ငွေက ဒီနှစ် ဒုတိယ(၃)လပတ်အတွင်း ၄ ရာခိုင်နှုန်း ကျဆင်းလာတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။

https://youtu.be/YntsMjfvdyc?si=brhdEkU8TWj_NIJn

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥1
ရုရှားနိုင်ငံထံက တိုက်လေယာဉ်နှစ်စင်း စစ်ကောင်စီ ရရှိထား 
=================

အမေရိကန် အပါအဝင် အနောက်အုပ်စုနိုင်ငံများရဲ့ပိတ်ဆို့မှုခံထားရပေမယ့် မြန်မာနိုင်ငံဟာ ရုရှားနိုင်ငံထုတ် Su-30 အမျိုးအစား ဘက်စုံသုံးတိုက်ခိုက်ရေးလေယာဉ်နှစ်စင်းကို လက်ခံရရှိထားတယ်လို့ စစ်ကောင်စီ စက်မှုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားလိုက်ပါတယ်။

စက်တင်ဘာ ၁ဝ ရက်နေ့က ဗလာဒီဘော့စတော့ခ်မြို့မှာ ကျင်းပနေတဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ် ကို တက်ရောက်လာချိန်မှာ အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
Su-30ဖိုက်တာဂျက် ခြောက်စင်းပေးပို့ဖို့ ရုရှားနဲ့ မြန်မာစစ်ကောင်စီတို့ကြား ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ် စက်တင်ဘာလမှာ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။

ရုရှားအစိုးရပိုင် Rosoboronexport လက်နက်ထုတ်လုပ်ရေးကုမ္ပဏီရဲ့ အဆိုအရဆိုရင် အခုမြန်မာစစ်တပ်လက်ထဲရောက်လာတဲ့ တိုက်လေယာဉ်တွေဟာ တစ်ဖက်ရန်သူရဲ့ လေကြောင်းပစ်မှတ်တွေကို တိုက်ခိုက်ဖို့၊ လေကြောင်းကင်းထောက်ဖို့၊ တိုက်ခိုက်ရေးနဲ့ လေကြောင်းပိုင်းလော့ လေ့ကျင့်ရေးလုပ်ဖို့အတွက် ထုတ်ထားတဲ့ ဂျက်တိုက်လေယာဉ်တွေလို့ ရိုက်တာသတင်းက ရေးသားပါတယ်။
ရုရှားတိုက်လေယာဉ်နဲ့ပတ်သက်တဲ့ အင်ဂျင်နီယာတွေ၊ နည်းပညာသမားတွေဟာ တိုက်လေယာဉ်ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများကို လေ့ကျင့်သင်ကြားပေးနိုင်ဖို့ ပြီးခဲ့တဲ့နှစ်အတွင်း ရောက်ရှိခဲ့ဖူးကြောင်း ရုရှားသတင်းတွေက ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံကို လွှဲပြောင်းပေးခဲ့တဲ့ ရုရှားနိုင်ငံထုတ် Su-30 အမျိုးအစား တိုက်လေယာဉ် တွေကို နေပြည်တော်မှာ ဖြန့်ကြတ်ချထားကြောင်း သိရပါတယ်။ 

အဆိုပါတိုက်လေယာဉ်ဟာ ရုရှားနိုင်ငံထုတ် ဘက်စုံသုံး တိုက်လေယာဉ်တွေထဲမှာ အဓိကတိုက်လေယာဉ်ဖြစ်ပြီး Su-30 အမျိုးအစား တိုက်လေယာဉ်တွေကို ၂ဝ၁၈ ခုနှစ်က ကျင်းပခဲ့တဲ့ စင်ကာပူလေကြောင်းပြပွဲမှာ ပထမဆုံးမိတ်ဆက်ပြသခဲ့ကြောင်း သိရပါတယ်။

အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးနေရတဲ့ စစ်ကောင်စီရဲ့ လေကြောင်းသုံးတိုက်ခိုက်မှုတွေကို အရေးယူဖို့၊ လေယာဉ်ဆီရောင်းချတာတွေ တားမြစ်ဖို့ တောင်းဆိုနေကြချိန်မှာ ရုရှားကနေ မြန်မာစစ်တပ်ကို တိုက်လေယာဉ်တွေပို့နေတာဖြစ်ပါတယ်။

ရုရှားအဆင့်မြင့်သံတမန်တွေဟာ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကို မကြာမကြာလာရောက်နေသလို စစ်ခေါင်းဆောင်ဟာလည်း ရုရှားကို သွားရောက်တာရှိနေပါတယ်။ စစ်ကောင်စီကို ကျောထောက်နောက်ခံပေးနေတဲ့ ရုရှားရဲ့လုပ်ရပ်ကို အမေရိကန်အစိုးရက သတိပေးထားပြီး လက်နက်ထောက်ပံ့ပေးနေတာကိုလည်း ရှုတ်ချထားပါတယ်။

ရုရှားမှာ စီးပွားရေးဖိုရမ်တက်နေတဲ့ စစ်ကောင်စီဝန်ကြီးဟာ ရုရှား-မြန်မာ နှစ်နိုင်ငံကြား ခရီးသွားလာရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း သဘောတူလက်မှတ်ထိုးဖို့ရှိတယ်လို့ စစ်ကောင်စီဝန်ကြီးက ပြောဆိုထားပါတယ်။

https://youtu.be/p4TsZgEvdfg?si=v2w1oE6rSP9eNqT-

#PoliticalNews 
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14🤮8😁2❤1👏1
စက်တင်ဘာလ (၁၁)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
========================

01:01 - စစ်အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ရသူ ၁.၉ သန်းရှိလာတဲ့ သတင်း

04:08 - NLD လက်ထက်မှာ အုပ်ချုပ်ရေး ၊ စီးပွါးရေးပိုင်းမှာ အားနည်းချက်တွေ ဖြစ်ပေါ်ခဲ့ပြီး စည်းလုံးညီညွတ်မှု ပျက်ပြားခဲ့တယ်လို့ စစ်ခေါင်းဆောင်ပြောတဲ့ သတင်း

07:39 - မန္တလေးမြို့လယ်ခေါင်က ကုန်စုံဆိုင် ၂ ဆိုင်ကို စစ်ကောင်စီ ယာယီပိတ်ခိုင်း၊ ပိုင်ရှင်များအား ဖမ်းဆီးစစ်ဆေး တဲ့ သတင်းနဲ့

08:33 - မြောက်ကိုရီးယားတည်ထောင်ခြင်းနှစ်ပတ်လည်နေ့ စစ်ရေးပြချီတက်ပွဲကို ကင်ဂျုံအန်တက်ရောက်တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/f3o6sIiuuBw?si=o3fjU3MSUyjVpUP9

#12pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🔥1🤬1
Media is too big
VIEW IN TELEGRAM
ရုရှားနိုင်ငံထံက တိုက်လေယာဉ်နှစ်စင်း စစ်ကောင်စီ ရရှိထား

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍3❤1👎1🤮1
ပြည်သူနဲ့တိုက်နေတဲ့စစ်ပွဲမှာ မြန်မာစစ်တပ် အနိုင်ရမှာမဟုတ်ကြောင်း အရှေ့တီမောသမ္မတပြော
==========================

ခုခံတော်လှန်သူနေကြတဲ့ ပြည်သူတွေနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အနိုင်ရမှာဟုတ်ဘူးလို့ အရှေ့တီမော သမ္မတ ဟိုဆေးရာမို့စ်ဟော်တာက ပြောဆိုလိုက်ပါတယ်။

အယ်ဂျာဇီးယားသတင်းဌာနရဲ့ စက်တင်ဘာ ၅ ရက်နေ့ ရက်စွဲနဲ့ အင်တာဗျူးတစ်ခုအတွင်း ဖော်ပြထားတာဖြစ်ပါတယ်။
အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပနေတဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ကို ရောက်ရှိနေချိန် အရှေ့တီမောသမ္မတက ပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာအာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံရဲ့ ၃ဝ ရာခိုင်နှုန်းကိုပဲ ထိန်းချုပ်နိုင်ပြီး ပြည်သူနဲ့တိုက်နေတဲ့စစ်ပွဲမှာ အနိုင်ရမှာမဟုတ်ကြောင်း ၊ မြန်မာစစ်တပ်ဟာ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က ရန်သူနဲ့တိုက်ခိုက်တာ ဖြစ်ပေမဲ့ အခုအချိန်မှာ ပြည်သူတွေနဲ့ တိုက်ပွဲဝင်နေရတာ ဖြစ်တဲ့အကြောင်း၊ မြန်မာစစ်တပ်ကို ရုရှားနဲ့ မြောက်ကိုရီးယားတို့က လက်နက်ထောက်ပံ့တာတွေ မလုပ်ဖို့ မျော်လင်တဲ့အကြောင်း သူက ပြောကြားသွားပါတယ်။

အရှေ့တီမောနိုင်ငံအနေဖြင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ နီးကပ်တဲ့ ဆက်ဆံရေးမျိုး ရှိနေတာပါ။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က တီမောနိုင်ငံရဲ့ဖိတ်ခေါ်ချက်အရ ဇူလိုင် ၁ ရက်နေ့မှ ၅ ရက်နေ့အထိ တီမောနိုင်ငံသို့ သွားရောက်ခဲ့ပြီး တီမောလက်စတေးနိုင်ငံ အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲတက်ရောက်တဲ့ ခရီးစဉ်အတွင်း တီမောသမ္မတ၊ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ NUG ဝန်ကြီးတို့ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီနောက် စက်တင်ဘာ ၁ ရက်နေ့မှာတော့ စစ်ကောင်စီက ရန်ကုန်မြို့ရှိ တီမောသံအမတ်ကို မြန်မာနိုင်ငံအတွင်းမှ နှင်ထုတ်ခဲ့ပါတယ်။
အာဆီယံအနေနဲ့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ပြေလည်အောင် ဖြေရှင်းပေးဖို့ မကြိုးစားတော့ရင် အာဆီယံ အဖွဲ့ထဲကို ဝင်ဖို့ ပြန်စဉ်းစားရမယ်လို့ အရှေ့တီမောနိုင်ငံ ဝန်ကြီးချုပ် ရှာနာနာ ဂတ်မို က မကြာခင်က ပြောကြားခဲ့ပေမဲ့ အရှေ့တီမောနိုင်ငံဟာ အာဆီယံ အဖွဲ့ထဲ ဝင်ရောက်မဲ့ အစီအစဉ် အပြောင်းအလဲမရှိကြောင်း သမ္မတ ဟိုဆေး ရာမို့စ် ဟိုတာ က ပြောပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံဘုံသဘောတူညီချက်ကို အကောင်အထည်မဖော်နိုင်တာကြောင့် ဝန်ကြီးချုပ်က စိတ်ပျက်တဲ့ သဘောမျိုး ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း သမ္မတက ပြန်လည် ဖြေရှင်းထားပါတယ်။

 အာဆီယံအဖွဲ့ဝင် ဖြစ်ရေးဟာ အရှေ့တီမောနိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားဖြစ်တဲ့အတွက် အဖွဲ့ဝင်ဖြစ်ဖို့ ကြိုးပမ်းမှုတွေ ဆက်လုပ်နေတဲ့အကြောင်း၊ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ရင် အာဆီယံအဖွဲ့ဝင်အဖြစ် ဆက်လက် ဆောင်ရွက်တာက အဖွဲ့ ပြင်ပကနေ ဆောင်ရွက်မှုထက် ပိုပြီး ထိရောက်လိမ့်မယ်လို့ မြင်တဲ့အကြောင်း သူက ပြောကြားခဲ့ပါတယ်။

https://youtu.be/h3vXHvwsh9U?si=EGrVPsqiiosxcOal

#PoliticalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍19❤6🔥1😁1💩1
Media is too big
VIEW IN TELEGRAM
ပြည်သူနဲ့တိုက်နေတဲ့စစ်ပွဲမှာ မြန်မာစစ်တပ် အနိုင်ရမှာမဟုတ်ကြောင်း အရှေ့တီမောသမ္မတပြော

Watch more detail - https://youtu.be/h3vXHvwsh9U

#PoliticalNews
#reels
#shorts
#MizzimaTV
❤18👍5🤮1💩1
ယူအက်စ်အိုးပင်းမှာ မက်ဗီဒက်ဗ်ကို အနိုင်ယူကာ ၂၄ ကြိမ်မြောက် စံချိန်တင် ဂရင်းစလင်းဆုဖလား ဆွတ်ခူး
🔥4👍2