ယူအက်စ်အိုးပင်းမှာ မက်ဗီဒက်ဗ်ကို အနိုင်ယူကာ ၂၄ ကြိမ်မြောက် စံချိန်တင် ဂရင်းစလင်းဆုဖလား ဆွတ်ခူး
🔥4👍2

=====================
By PKThawn
နိုဗက်ဂျိုကိုဗစ်ဟာ သူ့ရဲ့ လေးကြိမ်မြောက် ယူအက်စ်အိုးပင် ဗိုလ်စွဲပြီး ၂၄ ကြိမ်မြောက် ဂရင်းစလင်းတစ်ဦးချင်းဆုဖလား အများဆုံးစံချိန်ကို လိုက်မီဖို့ တနင်္ဂနွေနေ့က ဒန်နီ မက်ဗီဒက်ဗ်ကို အနိုင်ယူခဲ့ပြီနောက်း သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးတင်းနစ်ကစားသမားအဖြစ် အခိုင်အမာ ရပ်တည်ပြခဲ့ပါတယ်။
အသက် ၃၆ နှစ်အရွယ် ဂျိုကိုဗစ်ဟာ Open era မှာ အသက်အကြီးဆုံး အမျိုးသားချန်ပီယံဖြစ်လာဖို့ ၆-၃၊ ၇-၆ (၇/၅)၊ ၆-၃ ဖြင့် အနိုင်ရခဲ့ကာ သြစတြေးလျဂန္ထဝင်တင်းနစ်မယ် မာဂရက်ကော့ တင်ရှိထားတဲ့ ဂရင်းစလင်းဆုဖလားအများဆုံးစံချိန်နဲ့ တူညီသွားပါတယ်။
“ဘယ်ကနေစရမှန်း မသိပါဘူး။ ဒါဟာ ကျနော့်အတွက် ကမ္ဘာကြီးကို ရှင်းရှင်းလင်းလင်း အဓိပ္ပာယ်သက်ရောက်စေတယ်”လို့ ဆုဖလားပေးအပ်စဉ်အတွင်း သူ့ရဲ့ရင်ဘတ်မှာ နံပါတ် ၂၄ ပါ အဖြူရောင်ဂျာကင်အင်္ကျီကို ဝတ်ဆင်ထားတဲ့ ဂျိုကိုဗစ်က ပြောပါတယ်။
“အဲဒါက ဖော်ပြရခက်ပါတယ်။ ဒီအားကစားမှာ အမြင့်ဆုံးအဆင့်မှာ ယှဉ်ပြိုင်ဖို့ ကျနော့် ငယ်ဘဝရဲ့ အိပ်မက်က တကယ်ပဲ ရှင်သန်နေခဲ့တာပါ။
"ဂရင်းစလင်းဆုဖလား ၂၄ ခုအကြောင်း ဒီနေရာမှာ ရပ်ရင်း ပြောနေရမယ်လို့ ကျနော် ဘယ်တုန်းကမှ စိတ်ကူးမယဉ်ဖူးပေမယ့် ပြီးခဲ့တဲ့ နှစ်နှစ်လောက်က ကျနော့်မှာ အခွင့်အရေးတစ်ခု ရခဲ့တယ်လို့ ခံစားရတယ်။ သမိုင်းကြောင်းတစ်ခုခုအတွက် ကျနော် ကြိုးစားကြည့်ရမှာပါ၊ ဘာကြောင့် ဒါကို မဖမ်းဆုပ်ရမှာလဲ။"
ဆားဘီးယားတင်းနစ်သမားဟာ ရာသီတစ်ခုတည်းမှာ ဂရင်းစလင်းပြိုင်ပွဲ ၄ ကြိမ်မှာ ၃ ကြိမ် ဆုဖလားဆွတ်ခူးခဲ့သလို (၄)ရာသီတိုင်တိုင် အဲဒီလို စွမ်းဆောင်နိုင်ခဲ့တဲ့ ပထမဆုံး တင်းနစ်သမားအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါတယ်။ သူဟာ Arthur Ashe ကွင်းအတွင်း အကောင်းဆုံးပုံစံနဲ့ ကမ္ဘာ့နံပါတ်တစ်နေရာကို ပြန်လည်ရောက်ရှိလာပါတယ်။
ဒီအောင်ပွဲက ဒီနှစ်အစောပိုင်းက သြစတြေးလျနဲ့ ပြင်သစ်အိုးပင်းပြိုင်ပွဲတွေမှာ သူ့ရဲ့ အောင်မြင်မှုတွေကို ထပ်ပေါင်းထည့်ခဲ့ပြီး ဇူလိုင်လက ဝင်ဘာတန် ဗိုလ်လုပွဲမှာ ကားလို့စ် အယ်လ်ကာရက်ဇ်ကို သူ့ရဲ့ ၅ ပွဲဆက်ရှုံးနိမ့်ခဲ့တဲ့ တစ်ခုတည်းသော အပြစ်အနာအဆာလို့ ပြောရမှာပါ။
"တချို့လူတွေက မွေးဖွားလာသူတွေ မွေးကတည်းက ပါရမီရှင်တွေဆိုတာ ခင်ဗျား သိပါတယ်။ သူက ပါရမီရှင်ပါ။ သူက အဲသလိုမျိုးထဲက တစ်ယောက်။ ဒီကမ္ဘာမှာ အားကစားလောကမှာ သူလိုလူက သိပ်မများပါဘူး"လို့ ဂျိုကိုဗစ်ရဲ့ နည်းပြ ဂေါရန် အိုင်ဗန်နီဆာဗစ်က ပြောပါတယ်။
"ဒါဟာ အားကစားသမိုင်းမှာ အကြီးမားဆုံး အောင်မြင်မှုထဲက တစ်ခုပါပဲ။"
မက်ဗီဒက်ဗ်ဟာ ဂရင်းစလင်းဗိုလ်လုပွဲ ၅ ပွဲမှာ သူ့ရဲ့ ၄ ပွဲမြောက် ရှုံးပွဲကြုံတွေ့ခဲ့ပြီး ဒီဗိုလ်လုပွဲအားလုံးဟာ ဂျိုကိုဗစ် ဒါမှမဟုတ် ရာဖေးလ် နာဒယ်နဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။
Ref; AFP
Photos: EPA
#Djokovic #USOpen #Medvedev #grandslam

Facebook
#djokovic – Explore
explore #djokovic at Facebook
👍6🔥1
တမူးမြို့နယ်တွင် လေဖြတ်နေသူ အပါအဝင် အရပ်သား ၂ ဦး အသတ်ခံရ
====================
ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကလေဖြတ်နေသူ အပါအဝင် ဒေသခံအမျိုးသား နှစ်ဦးကိုသတ်ဖြတ်ကာ လူနေအိမ်များကို ဖျက်ဆီး၊ ပစ္စည်းများကိုလည်း ယူဆောင်သွားကြောင်း တမူးမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက မဇ္ဈိမကို ပြောသည်။
တမူးမြို့နယ် နန်းမွန်းတားနှင့် ခမိတ်ရွာက ဒေသခံနှစ်ဦးသည် စက်တင်ဘာလ ၉ ရက်နေ့တွင် စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုကို ခံလိုက်ရခြင်း ဖြစ်သည်။
ကလေးမြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒစက)၊ ခလရ (၈၉) မှ အင်အား ၂၀၀ ကျော် ခန့်ပါသည့် စစ်ကောင်တပ်ဖွဲ့ကို ကလေးမြို့မှ မလူသို့ ပို့ဆောင်ပြီးနောက် ယင်းမှ တမူးလမ်းတလျောက်စစ်ကြောင်းထိုးလာစဉ် အရပ်သားနှစ်ဦးကို သတ်ဖြတ်သွားခြင်း ဖြစ်သည်ဟု တမူး ပအဖ အဖွဲ့ဝင်က ပြောသည်။
“နန်းမွန်းတားရွာက လေဖြတ်နေတဲ့သူကို သူ့အိမ်မှာပစ်သတ်သွားတယ် ၊ ခမိတ်က သူကိုတော့ ခါး ၊လက် ၊ ပေါင်တွေမှာ သေနတ်နဲ့ပစ်ပြီး အလောင်းကို လမ်းမပေါ် ပစ်ထားခဲ့တာ” ဟု တမူးမြို့နယ် အုပ်ချုပ်ရေး (ပအဖ) အဖွဲ့ဝင် တဦးက မဇ္စျိမ ကို ပြောသည်။
အဆိုပါ စစ်ကြောင်းသည် စက်တင်ဘာလ ၉ ရက်နေ့တွင် နန်းမွန်းတားရွာသို့ ဝင်ရောက်ပြီး လေဖြတ်ကာ မသန်စွမ်းဖြစ်နေသူ အသက်(၄၈) နှစ်အရွယ် ဦးသောင်းခိုရန်းကို ၎င်းနေအိမ်တွင် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
ယင်းနောက် စစ်ကြောင်းသည် စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ခမိတ်ရွာသို့ဝင်ရောက်လာစဉ် စစ်ကြောင်းကို ကြောက်လန့်ပြီး ထွက်ပြေးသူ နှစ်ဦးအား ပစ်ခတ်ရာ အသက် (၂၉) နှစ်အရွယ် ကိုသားငယ်၏ ခါး ၊ လက်နှင့် ပေါင်တို့တွင် ဒဏ်ရာများ ရရှိကာ သေဆုံးသွားသည်။
၎င်း၏ ရုပ်အလောင်းကို လမ်းမပေါ်စွန့်ပစ်ထားခဲ့ရာ စစ်ကောင်စီတပ်စစ်ကြောင်း ပြန်ထွက်သွားပြီးချိန်မှ ကောက်ယူသင်္ဂြိုဟ်ခဲ့ရကြောင်း သိရသည်။
အိမ်ခြေ ၂၆၀ ခန့်ရှိသည့် ခမိတ်ရွာကို နံနက် ၆နာရီမှ ဝင်ရောက်ပြီး မွန်းလွဲပိုင်းတွင် ဒေသခံများကို စာသင်ကျောင်းတွင် စုဝေးစေကာ ရွာအတွင်းရှိ အိမ်ခြေ ၂၁၀ ခန့် ကို ဖျက်ဆီးဝင်ရောက်ပြီး ရွှေ ၊ ငွေနှင့် အဖိုး တန်းပစ္စည်းများယူဆောင်သွားခဲ့ကြောင်း တမူး (ပအဖ) က ပြောသည်။
ယင်းအပြင် ခမိတ်ရွာမှ ရွာသားနှစ်ဦးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားရာ စက်တင်ဘာလ ၁၁ ရက် ယနေ့ နံနက်ပိုင်း အချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဆိုသည်။
ထိုစစ်ကောင်စီတပ်သည် နယ်မြေခံ ပျူစောထီးများဖြင့် ဒေသတွင်း ဖြန့်ကျက် စစ်ကြောင်းထိုးလာနေခြင်းဖြစ်ပြီး တမူးခရိုင်၊ ပြည်သူ့ခရိုင်တပ်ရင်း (၁) နှင့် စက်တင်ဘာလ ၆ ရက်နေ့မှစ၍ တိုက်ပွဲများ စတင်ဖြစ်ပွားနေသည့်အပြင် ဒေသတွင်းရှိ အခြားကာကွယ်ရေးတပ်ဖွဲ့ များနှင့်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
စက်တင်ဘာလ ၁၁ ရက် ယနေ့နံနက်ပိုင်းတွင် ရရှိသော သတင်းများအရ အဆိုပါ စစ်ကောင်စီတပ်သည် ပန်းသာ (ပျူစောထီး) ရွာတွင် ဝင်ရောက်တပ်စွဲနေပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ခြေ ရှိနေသည်ဟု ဒေသတွင်း သတင်းရင်းမြစ်တဦးက ပြောသည်။
လက်ရှိမှာ တမူးမြို့နယ်အတွင်း နှစ်ဘက်စစ်ရေးတင်းမာနေပြီး အချိန်မရွေး တိုက်ပွဲများ ဖြစ်ပွားနိုင်သဖြင့် ပြည်သူများအနေဖြင့် သတိဖြင့် နေထိုင်ကြရန် တမူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးထားသည်။
စာတည်း။ ။ နောင်နောင်
#တမူး
#အရပ်သားနှစ်ဦး
#လေဖြတ်သူသတ်ဖြတ်
#CDF
#Mizzima
ဓာတ်ပုံ- စစ်ကောင်စီတပ်သားများကို တွေ့ရစဉ် (ပုံဟောင်း)
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍8🤬3❤1😢1💩1
Dum Laga Ke Haisha
=============
ဇာတ်ကားလေးကတော့ Romatic-Comedy-Drama ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး အိမ်ထောင်တစ်ခုတည်ဆောက်ဖို့ဆိုတာ ဘာတွေအဓိကလိုအပ်လဲဆိုတာ ရိုက်ကူးတင်ဆက်ထားတာဖြစ်ပြီး Ayushmann Khurrana and Bhumi Pednekar, Sanjay Mishra ,Seema Pahwa တို့က အဓိကပါ၀င်သရုပ်ဆောင်ထားကြပါတယ်
Prem (Ayushmann Khurrana) ဟာ သူ့အဖေရဲ့ဆုံးဖြတ်ချက်အရ Sandhya (Bhumi Pednekar) ဆိုတဲ့ ခပ်၀၀ကောင်မလေးကို လက်ထပ်ယူခဲ့တယ်
Prem က ဘွဲ့မရဘူး အထက်တန်းကျောင်းထွက်တစ်ယောက် ဒါကြောင့်လည်း သူ့အဖေက ပညာတက်လစာရှိတဲ့ကောင်မလေးနဲ့လက်ထပ်ပေးခဲ့တာ
Prem က Sandhya ကို မချစ်ဘဲယူခဲ့ရတဲ့အတွက် ကိုယ့်ဘာသာ သတ်သေဖို့လည်း ကြိုးစားဖူးသလို ဖခင်ဖြစ်သူကိုလည်း မကျေနပ်ဘူး
တစ်နေ့တော့ သူ့သူငယ်ချင်းမဂ်လာဆောင်မှာ အရက်မူးပြီး သူ့ဇနီးအကြောင်းဖောက်သည်ချနေရာကနေ မထင်မှတ်ဘဲ Sandhya ရောက်လာပြီး ပြဿနာတွေတက်ရာကနေ အိမ်ထောင်ကွဲဖို့အထိ ဖြစ်လာတဲ့အခါမှာတော့.......................
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima + တွင် ပြသနေသည့် ဇာတ်ကားများကို Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်။
#New ပြသမည့်ရက်။ ။၁၁.၉.၂၀၂၃
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ ၁၂.၉.၂၀၂၃
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”

👍6🔥1👏1
Media is too big
VIEW IN TELEGRAM
ပညာရေးကဏ္ဍတိုက်ခိုက်ခံရမှု အများဆုံး ၃ နိုင်ငံစာရင်း မြန်မာပါဝင်
Watch more detail - https://youtu.be/S5-zkELVrb0
#PoliticalNews
#reels
#shorts
#MizzimaTV

👍8😢2🔥1
မြင်းခြံနှင့် သပိတ်ကျင်းတွင် ကြံ့ခိုင်ရေးပါတီ ရပ်/ကျေး ဥက္ကဋ္ဌ ၂ ဦး အသတ်ခံရ
====================
007
(မဇ္စျိမ)။ ။မန္တလေးတိုင်း မြင်းခြံမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့တွင် ကြံ့ခိုင်ရေးပါတီ ရပ်/ကျေး ဥက္ကဋ္ဌ နှစ် ဦးအသတ်ခံရကြောင်း သတင်းရရှိသည်။
စက်တင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်းက မြင်းခြံမြို့နယ် ဂျုပ္ပင်ကျေးရွာတွင် ကြံ့ခိုင်ရေးပါတီ ရပ်/ကျေး ဥက္ကဋ္ဌ သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများကပြောသည်။
“ဦးဝင်းလှိုင် အိမ်ထဲမှာ တယောက်ထဲရှိနေတုန်း ဆိုင်ကယ်နဲ့လူသုံးယောက်ရောက်လာပြီး ပစ်သွားတာ။ သေနတ်နဲ့ ခြောက်ချက်ပစ်သွားတယ်။ သေနတ်သမားတွေက မျက်နှာဖုံးစွပ်တွေနဲ့လို့ ပြောတယ်။ တဝိုင်း ထဲနေတဲ့ သူ့အမျိုးတွေပြန်ပြောပြလို့ သိရတာ။ ဒဏ်ရာငါးချက်နဲ့ သေတာတဲ့” ဟု လုံခြုံရေးအရ အမည် မဖော်ပြလိုသည့် ဒေသခံတဦးကပြောသည်။
ယမန်နေ့ စက်တင်ဘာလ ၁၀ ရက် ညနေ ၅ နာရီခွဲခန့်က ဦးဝင်းလှိုင် နေအိမ်၌ရှိနေစဉ် မျက်နှာဖုံးများစွပ် ထားသော ဆိုင်ကယ်စီးသေနတ်သမားသုံးဦးက အိမ်ရှေ့လမ်းပေါ်မှ သေနတ်ဖြင့်ပစ်သွားခြင်းဖြစ်ကြောင်း၊ ပစ်ခတ်မှုကြောင့် သေနတ်ဒဏ်ရာငါးချက်ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့နှင့်နီးစပ်သည့် သတင်းရင်းမြစ်ထံမှ သိရသည်။
ဦး၀င်းလှိုင်သည် ဂျုပ္ပင်ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ်လည်း ယမန်နှစ် ဇန်နဝါရီလက ခန့်အပ်ခံရထားရ ကြောင်း သိရသည်။
၎င်းအား မည်သည့်အဖွဲ့အစည်းကသတ်ဖြတ်သွားကြောင်း မသိရသေးသော်လည်း ဂျုပ္ပင်ကျေးရွာနှင့် အနီး၀န်းကျင်ကျေးရွာများအား စစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်းအထိ ရှာဖွေစစ်ဆေးနေကြောင်း ဒေသခံများက ဆိုသည်။
အလားတူ စက်တင်ဘာလ ၉ ရက်နေ့ ည ၉ နာရီခန့်ကလည်း မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ဝါးရုံ ကုန်းကျေးရွာအုပ်စု သီးကုန်းကျေးရွာမှ ကြံ့ခိုင်ရေးပါတီ ရပ်/ကျေးဥက္ကဋ္ဌ ဦးအုန်းလှိုင်ဆိုသူ သတ်ဖြတ်ခံခဲ့ ရကြောင်း သိရသည်။
ဦးအုန်းလှိုင်မှာ မိသားစုနှင့်အတူနေအိမ်အတွင်းရှိနေစဉ် လူတစုရောက်ရှိလာပြီး လက်ပြန်ကြိုးတုပ် ဖမ်း ဆီးခေါ်ဆောင်သွားကာ ဗန်းမော်-မန္တလေးကားလမ်းဘေးတွင် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း မန္တလေး တိုင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။
“ဦးအုန်းလှိုင်ကို လူသုံးလေးယောက်လောက်က အိမ်ထဲ၀င်ပြီးဖမ်းသွားတယ်။ မနက်ကျတော့ ဗန်းမော်-မန္တလေးကားလမ်းဘေးမှာ အလောင်းပြန်တွေ့တယ်။ လည်ပင်းကို ဓားနဲ့လှီးပြီးသတ်သွားတာ။ အခု အဲဒီ ကိစ္စနဲ့ သပိတ်ကျင်းမြို့ပေါ်အထိ အစစ်အဆေးကြမ်းနေတယ်လို့ သိရတယ်” ဟု ၎င်းက ဆိုသည်။
ဦးအုန်းလှိုင်အား မည်သည့်အဖွဲ့အစည်းက သတ်ဖြတ်ခဲ့ကြောင်း မသိရသေးသော်လည်း စစ်ကောင်စီ ထောက်ခံသူများ၏ တယ်လီဂရမ်ချန်နယ်များတွင် PDF လက်ချက်ဖြစ်ကြောင်း ဖော်ပြကြသည်။
မန္တလေးတိုင်းတွင် ပြီးခဲ့သည့် ဇူလိုင်နှင့် သြဂုတ်နှစ်လအတွင်း မန္တလေး၊ ၀မ်းတွင်း၊ နွားထိုးကြီး၊ မြင်းခြံနှင့် ကျောက်ပန်းတောင်းမြို့နယ်တို့မှ ကြံ့ခိုင်ရေးပါတီ၀င်ခြောက်ဦး သတ်ဖြတ်ခံထားရသည်။
စာတည်း။ ။စောဖေ
#မန္တလေးတိုင်း
#ကြံ့ခိုင်ရေးပါတီ
#ရပ်/ကျေးဥက္ကဋ္ဌ

❤9👍4👏2🔥1
ပညာရေးကဏ္ဍတိုက်ခိုက်ခံရမှု အများဆုံး ၃ နိုင်ငံစာရင်း မြန်မာပါဝင်
====================
ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း ပညာရေးကဏ္ဍတိုက်ခိုက်ခံရတဲ့ ထိပ်ဆုံးနိုင်ငံတွေထဲမှာ မြန်မာပါဝင်နေကြောင်း နိုင်ငံတကာပညာရေးစောင့်ကြည့်ရေးအဖွဲ့ Global Coalition to Protect Education from Attack (GCPEA) ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
၂၀၂၂ ခုနှစ်အတွင်း စာသင်ကျောင်းတွေနဲ့ ပညာရေးအဆောက်အဦးတွေအပေါ် တိုက်ခိုက်မှုဟာ တကမ္ဘာလုံးအတိုင်း အတာနဲ့ အကြိမ်ပေါင်း ၃ ထောင်ကျော်ရှိခဲ့ပြီး၊ အဆိုးဝါးဆုံး တိုက်ခိုက်ခံရတဲ့အထဲမှာ ယူကရိန်း၊ မြန်မာနဲ့ ဘာကီနာဖာဆို တို့ပါဝင်သလို၊ တိုက်ခိုက်မှုအားလုံးရဲ့ သုံးပုံတပုံဟာ အဲဒီဒေသတွေမှာ ဖြစ်ခဲ့တယ်လို့ စက်တင်ဘာလ ၉ ရက်နေ့မှာကျရောက်တဲ့ နိုင်ငံတကာ ပညာရေး ကာကွယ်စောင့်ရှောက်ရေးနေ့ မတိုင်မီထုတ်ပြန်တဲ့ GCPEA ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
ဒီတိုက်မှုဟာ ၂၀၂၁ ခုနှစ်ကထက် ၁၇ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း ကျောင်းသားနဲ့ဆရာစုစုပေါင်း ၆၇၀၀ ကျော် ဖမ်းဆီးသတ်ဖြတ်၊ ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါရှိပါတယ်။
အစိုးရလက်နက်ကိုင်ရော၊ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်တွေရောက စာသင်ကျောင်းတွေကို စစ်ရေးပစ်မှတ်အဖြစ် အသုံးပြုခဲ့တဲ့ ဖြစ်ရပ်ပေါင်း ငါးရာကျော် ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ကလည်း စာသင်ကျောင်းတွေ ကလေးတွေနဲ့ ဆရာဆရာမတွေကို အမြဲတစေ အကာအကွယ်ပေးနိုင်ဖို့ နိုင်ငံတိုင်းကို တောင်းဆိုပါတယ်လို့ ပညာရေးကာကွယ်စောင့်ရှောက်ရေးနေ့မှာ ပြောဆိုလိုက်ပါတယ်။
ဒါ့အပြင် ကလေးတွေအတွက် ငြိမ်းငြိမ်းချမ်းချမ်း စာသင်လို့ရတဲ့ ပတ်ဝန်းကျင်တွေ ဖန်တီးပေးဖို့ ဂူတားရက်စ် ကတိုက်တွန်းထားပါတယ်။
ကမ္ဘာတစ်ဝန်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ကလေးပေါင်း ၇၂ သန်း ကျောင်းမတက်နိုင်ပဲ၊ ကလေးနဲ့ လူငယ် ၂၂၄ သန်းဟာ ပညာရေးဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့လည်း အတွင်းရေးမှူးချုပ်က ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာလည်း လတ်တလောဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် ကလေးငယ် ၁၇ သန်း စာမသင်ရဘူးလို့ Education Cannot Wait အဖွဲ့က ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာလည်း ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် စစ်ကောင်စီက စာသင်ကျောင်း တွေကို လေကြောင်းအပါအဝင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဆရာဆရာ၊ ကျောင်းသူကျောင်းသား ဒါဇင်နဲ့ချီ သေဆုံး ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒါဟာ စစ်ရာဇဝတ်မှုမြောက်တဲ့ အထောက်အထားတွေဖြစ်တယ်လို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက ပြောဆိုထားပါတယ်။
စာသင်ကျောင်းတွေတိုက်ခိုက်ခံရမှု၊ ကျောင်းသားဆရာတွေသေဆုံးမှုအများဆုံး ထိပ်ဆုံး သုံးနိုင်ငံထဲပါဝင်တဲ့ မြန်မာမှာ ပညာရေးဆိုင်ရာအခြေခံအဆောက်အအုံတွေတိုက်ခိုက်ခံရမှု ဆက်ရှိနေဆဲဖြစ်ပြီး မနှစ်တုန်းက စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်း ပစ်ခတ်ခံခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။
https://youtu.be/S5-zkELVrb0?si=BiYQWgNIguNPaVR9
#PoliticalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

YouTube
ပညာရေးကဏ္ဍတိုက်ခိုက်ခံရမှု အများဆုံး ၃ နိုင်ငံစာရင်း မြန်မာပါဝင်
ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း ပညာရေးကဏ္ဍတိုက်ခိုက်ခံရတဲ့ ထိပ်ဆုံးနိုင်ငံတွေထဲမှာ မြန်မာပါဝင်နေကြောင်း နိုင်ငံတကာပညာရေးစောင့်ကြည့်ရေးအဖွဲ့ Global Coalition to Protect Education from Attack (GCPEA) ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။…
👍6🔥1😢1
စက်တင်ဘာလ (၁၁)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
======================
00:55 − ရုရှားနိုင်ငံထံက တိုက်လေယာဉ်နှစ်စင်း စစ်ကောင်စီ ရရှိထားတဲ့သတင်း
03:31 − ပြည်သူနဲ့တိုက်နေတဲ့စစ်ပွဲမှာ မြန်မာစစ်တပ် အနိုင်ရမှာမဟုတ်ကြောင်း အရှေ့တီမောသမ္မတပြောတဲ့သတင်း
06:30 − မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်လာပေမယ့်လည်း ကုန်စျေးနှုန်းတွေ မကျတဲ့သတင်းနဲ့
08:01 − ပညာရေးကဏ္ဍတိုက်ခိုက်ခံရမှု အများဆုံး ၃ နိုင်ငံစာရင်း မြန်မာပါဝင်နေ တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။
https://www.youtube.com/watch?v=2TvRgvGZgXk&t=428s
#2pmnews
#Mizzimanewshour
#mizzimatv
---------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
======================
00:55 − ရုရှားနိုင်ငံထံက တိုက်လေယာဉ်နှစ်စင်း စစ်ကောင်စီ ရရှိထားတဲ့သတင်း
03:31 − ပြည်သူနဲ့တိုက်နေတဲ့စစ်ပွဲမှာ မြန်မာစစ်တပ် အနိုင်ရမှာမဟုတ်ကြောင်း အရှေ့တီမောသမ္မတပြောတဲ့သတင်း
06:30 − မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်လာပေမယ့်လည်း ကုန်စျေးနှုန်းတွေ မကျတဲ့သတင်းနဲ့
08:01 − ပညာရေးကဏ္ဍတိုက်ခိုက်ခံရမှု အများဆုံး ၃ နိုင်ငံစာရင်း မြန်မာပါဝင်နေ တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။
https://www.youtube.com/watch?v=2TvRgvGZgXk&t=428s
#2pmnews
#Mizzimanewshour
#mizzimatv
---------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
YouTube
စက်တင်ဘာလ (၁၁)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
00:55 − ရုရှားနိုင်ငံထံက တိုက်လေယာဉ်နှစ်စင်း စစ်ကောင်စီ ရရှိထားတဲ့သတင်း
03:31 − ပြည်သူနဲ့တိုက်နေတဲ့စစ်ပွဲမှာ မြန်မာစစ်တပ် အနိုင်ရမှာမဟုတ်ကြောင်း အရှေ့တီမောသမ္မတပြောတဲ့သတင်း
06:30 − မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်လာပေမယ့်လည်း ကုန်စျေးနှုန်းတွေ မကျတဲ့သတင်းနဲ့…

👍7🔥1
ဝက်လက်တွင် စစ်ကောင်စီကင်းပုန်းအဖွဲ့ တိုက်ခိုက်ခံရ၊ ၇ဦးသေဆုံးဟုဆို
======================
MTO(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊ပေါက်ကန်ဘူတာအနီးတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒရုန်းဖြင့်ဗုံးသီးကျဲချတိုက်ခိုက်ခဲ့ရာ ခုနစ်ဦး သေဆုံးကြောင်း Eagle Guerrilla Force အဖွဲ့ထံမှ သိရသည်။
မန္တလေး- မြစ်ကြီးနားမီးရထားလမ်းမှ ပေါက်ကန်ဘူတာအနီးလမ်းပိုင်းကို ပြင်နေသည့် စစ်ကောင်စီတပ်ဖွဲ့အား ကင်းပုန်းဝပ်လုံခြုံရေးယူပေးနေသည့်အဖွဲ့ကို စက်တင်ဘာလ ၉ ရက်နေ့ ညနေပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းဟု Eagle Guerrilla Force အဖွဲ့ ခေါင်းဆောင် ဗိုလ်ကောက်ရိုးက ပြောသည်။
“ဒီကောင်တွေက ဗုံးသီးကျလာတဲ့လေသံကြားပြီး တောင်ဘက်ကို ပြေးကပ်တယ်။ သူတို့ပြေး ကပ်တဲ့ နေရာကို ကွက်တိကျတော့ ခုနစ်ကောင်သေပြီး ဒဏ်ရာရပိုများတာပေါ့ဗျာ” ဟု ၎င်းကပြောသည်။
အဆိုပါ ကင်းပုန်းအဖွဲ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်၂၀ ခန့်ရှိကြောင်းသိရပြီး ထိခိုက်သေဆုံးမှုကို မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
မန္တလေး- မြစ်ကြီးနားမီးရထားလမ်းအတိုင်း သယ်ဆောင်လာသည့် စစ်ကောင်စီ၏ စစ်လက်နက်ပစ္စည်းများနှင့်ရိက္ခာများတင် ရထားသည် စက်တင်ဘာလဆန်းမှစတင်ကာ ဝက်လက်မြို့နယ်အတွင်းရောက်ရှိနေသည်။ အဆိုပါရထားလမ်းပိုင်းကို ဒေသကွယ်ရေးတပ်ဖွဲ့များက ဖြတ်တောက်ဖျက်ဆီးထားရာ စစ်ကောင်စီရထားခရီးမဆက်နိုင်ဖြစ်နေသည်။ဆက်လက်ထွက်ခွာနိုင်ရေးအတွက် မီးရထားလမ်းပိုင်းများကို စစ်ကောင်စီတပ်ဖွဲ့က ပြုပြင်နေပြီး ရထားသံလမ်း တလျှောက်ကျေးရွာများကို စစ်ကြောင်းထိုးခြင်း ၊ ကင်းပုန်းဝပ်ခြင်းများကို လုပ်ဆောင်နေသည်။ ဒေသကာကွယ်ရေးတပ်ဖွဲ့များကလည်း နည်းမျိုးစုံတိုက်ခိုက်နေကြောင်း သိရသည်။
စက်တင်ဘာလ ၉ ရက်နေ့ ညနေ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ်(၁၅)တပ်ရင်း Eagle Guerrilla Force၊ ကျောက်ဆည်နဂါးနီဒရုန်းတပ်ဖွဲ့၊ ကျောက်ဆည်နဂါးနီတပ်ရင်း(၁)၊ မိတ္ထိလာပြည်သူ့ကာကွယ်ရေးဒရုန်းတပ်ဖွဲ့- Lightning Drone Force အဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ ၏လှုပ်ရှားမှုများကိုထောက်လှမ်းနိုင်ရေးနှင့် တိုက်ခိုက်မှုများကို မှတ်တမ်းတင်နိုင် ရေး ကင်းထောက်ဒရုန်းတခုလိုအပ်နေကြောင်း ဗိုလ်ကောက်ရိုးက ပြောသည်။
စာတည်း - အေးချမ်း
https://www.youtube.com/watch?v=GDFvkEM4OkQ
#mizzima
#ဝက်လက်
#ပေါက်ကန်ဘူတာ
#စစ်ကောင်စီတပ်ဖွဲ့
#တိုက်ခိုက်

မန္တလေး- မြစ်ကြီးနားမီးရထားလမ်းမှ ပေ…
မန္တလေး- မြစ်ကြီးနားမီးရထားလမ်းမှ ပေ…
❤10👍6🔥1
'အသင်းသာ ပထမ' စိတ်ဓာတ်က ဂျာမနီအသင်းကို ပထမဆုံး ဘတ်စကက်ဘော ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆွတ်ခူးစေနိုင်ခဲ့
👍7🔥1