Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
'အသင်းသာ ပထမ' စိတ်ဓာတ်က ဂျာမနီအသင်းကို ပထမဆုံး ဘတ်စကက်ဘော ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆွတ်ခူးစေနိုင်ခဲ့
👍7🔥1
'အသင်းသာ ပထမ' စိတ်ဓာတ်က ဂျာမနီအသင်းကို ပထမဆုံး ဘတ်စကက်ဘော ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆွတ်ခူးစေနိုင်ခဲ့
==================

By PKThawn

ဂျာမနီအသင်းဟာ တနင်္ဂနွေနေ့မှာ ဆားဘီးယားကို အနိုင်ယူကာ ပြိုင်ပွဲတစ်လျှောက် ရှုံးပွဲမရှိခဲ့ဘဲ ပထမဆုံးအကြိမ် FIBA ဘတ်စကက်ဘောကမ္ဘာ့ဖလားကို ဆွတ်ခူးအပြီး သူတို့ရဲ့ "အသင်းသာ ပထမ"ဆိုတဲ့ ခံယူချက်ကို နည်းပြချုပ် ဂေါ်ဒွန် ဟားဘတ်က ချီးကျူးခဲ့ပါတယ်။

ဂျာမနီဘတ်စကက်ဘောအသင်းဟာ မနီလာမှာ ဆားဘီးယားကို ၈၃-၇၇ ဂိုးရမှတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ပွဲရဲ့ တတိယကွာတားမှာတင် ၂၂-၁၀ ပြတ်ပြတ်သားသား အမှတ်ဖြတ်ခဲ့တာပါ။

ဒန်းနစ် ရှရက်ဒါဟာ ၂၈ မှတ်နဲ့ ပွဲရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ပြီးဆုံးခဲ့သလို ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ်လည်း ရွေးချယ်ခံခဲ့ရပါတယ်။

ဟားဘတ်က Toronto Raptors အသင်းရဲ့ point guard ကစားသမား ရှရက်ဒါရဲ့ အသင်းအပေါ် အကျိုးသက်ရောက်မှုကို ချီးကျူးခဲ့ပြီး "ကျနော်တို့တွေ သူမပါဘဲ ဒီနေရာမှာ ရှိနေမှာမဟုတ်သလို သူလည်း အသင်းမပါဘဲ ဒီမှာရှိနေမှာမဟုတ်ဘူး"လို့ ပြောပါတယ်။

"ဒီအသင်းနဲ့အတူ အကြီးမားဆုံးအရာက ဒီမှာ ရှိနေရတာကို ကျနော်တို့တွေ ပျော်ရွှင်ကျေနပ်ကြတယ်လို့ ကျနော် ထင်ပါတယ်။"လို့ ဟားဘတ်က ပြောပါတယ်။

“ ဒန်းနစ် ရှရက်ဒါ အကြောင်းနဲ့ ဂျာမန်ဘတ်စကတ်ဘောအတွက် သူဘာကို ဆိုလိုသလဲဆိုတာကို ဖော်ပြဖို့ ကျနော်မှာ မပြောနိုင်လောက်အောင်ပါပဲ။

"ဒါက အသင်းကသာ ပထမဆုံးအရာလို့ ဒန်းနစ်က ခင်ဗျားကို အရင်ပြောမယ်ထင်တယ်"

ဂျာမနီအသင်းဟာ လတ်ဗီးယားကို ကွာတားဖိုင်နယ်တွင် ကျော်ဖြတ်ကာ ဆီမီးဖိုင်နယ်မှာ အမေရိကန်ကို အနိုင်ယူပြီး ချန်ပီယံဆုကို ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။

Ref; AFP

Photos: EPA

#FIBAWC
👍8🔥1
​​တပ်မ(၈၈)လက်အောက်ခံ စစ်ကောင်စီတပ်သား ၃ ဦး KIA ထံ လက်နက်ချ
=============

အဂမ်

(မဇ္ဈိမ)။ ။ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ် ဗန်မော်ခရိုင်၊ ရွှေကူစစ်မျက်နှာတွင် စစ်ရေးလှုပ်ရှား နေသော တပ်မ(၈၈)လက်အောက်ခံ စစ်ကောင်စီတပ်သားသုံးဦး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)ထံလက်နက်ချပြီး CDM ဝင်ရောက်လာကြောင်း မြို့လှ K-PDF တပ်ရင်းက သတင်းထုတ်ပြန်ထား သည်။

တပ်မ(၈၈) လက်အောက်ခံ ခလရ (၇၈)မှ တပ်သား ရဝေအောင်နှင့် နိုင်လင်းဦး၊ ခလရ (၄၃၇)မှ ဇော်မင်း ထွေးတို့ လက်နက်နှင့်တကွ CDM ဝင်ရောက်လာခြင်းဖြစ်သည်ဟု မြို့လှ K-PDF မှ ရဲဘော်တဦးကပြော သည်။

“သူတို့ လက်နက်နဲ့တကွ CDM ဝင်လာတာ အမှန်ပါ။ ဘာကြောင့်ဝင်လာတယ်၊ ဘာဖြစ်လို့ဆိုတာကတော့ စစ်ရေးနဲ့ပက်သက်နေတာကြောင့် ပြောလို့မရသေးဘူး။ သုံးယောက်ဟုတ်တယ်။ မတူတဲ့တပ်တွေ စုပေါင်း ထားတဲ့ စစ်ကြောင်းက” ဟု အမည်မဖော်လိုသည့် မြို့လှ K-PDF တပ်ဖွဲ့ဝင်တဦးက ဆိုသည်။

KIA ဌာနချုပ်အနီး နမ်ဆန်ယန်ဒေသသို့စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ၏ တပ်မ(၈၈)လက်အောက် ခံတပ်ဖွဲ့ဝင်များမှာ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှု၊ မိုင်းဆွဲတိုက်ခိုက်မှုများကို နေ့စဥ်ရင်ဆိုင်နေရပြီး လက်နက်နဲ့တကွထွက်ပြေးကာ KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) များ ထံ CDM ဝင်ရောက်လာနေကြကြောင်း သိရသည်။

CDM ဝင်ရောက်လာသူများကို လူ့ဂုဏ်သိက္ခာနှင့်အညီ စောင့်ရှောက်ကူညီပေးထားသလို၊ လိုအပ်သည် များထောက်ပံ့ကူညီ၍ နေရပ်ပြန်ရေးအထိ အစစအရာရာ ကူညီဆောင်ရွက်ပေးလျှက်ရှိနေကြောင်းလည်း မြို့လှ K-PDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ပြီးခဲ့သော စက်တင်ဘာလ ၅ ရက်နေ့ကလည်း မြို့လှ K-PDF တပ်ရင်းထံ စစ်ကောင်စီ၏ တပ်မ(၈၈) လက်အောက်ခံ ခလရ(၇၇)မှ ဒုတပ်ကြပ်ပေါညိမ်း လက်နက်နှင့်တကွ CDM ဝင်ရောက်လာကြောင်း သိရ သည်။

လက်ရှိတွင် ဗန်းမော်ခရိုင်အတွင်း စစ်ကောင်စီတပ်နဲ့ KIA တို့ နေ့စဥ်တိုက်ပွဲများဖြစ်ပွားနေဆဲ ဖြစ်သည်။

စာတည်း။ ။စောဖေ

#ကချင်ပြည်နယ်
#မြို့လှK-PDF
#တပ်မ(၈၈)

ပုံညွှန်း- KIA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ပုံဟောင်း) (Photo/ AP)

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18🔥1👏1
​​တောင်ငူရှိ ဆိတ်ဖူးတောင် စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီး ၁၅ ဦး သေဆုံးကြောင်း PDF ပြော
===================

ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ဆိတ်ဖူးတောင်တပ်စခန်းအား နယ်မြေခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ ၁၅ ဦး သေဆုံးသွားကြောင်း ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

အဆိုပါ ဆိတ်ဖူးတောင် တပ်စခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၄ နာရီတွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ခန့် အထိုင်ချထားသော နယ်မြေခံကင်းစခန်းတခုဖြစ်ပြီး စီးနင်းချိန် တွင် မိနစ် ၃၀ ကြာ နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ကပြောသည်။

“စခန်းသိမ်းတဲ့အထိ မရောက်ခဲ့ဘူး။ အထဲမှာ နှစ်ယောက်ကျန်နေတာ၊ အဲဒီနှစ်ယောက်က ကတုတ်ကျင်း ထဲကနေ ငါးကြင်းမြီးနဲ့ပြန်ထောက်တော့ စခန်းကိုမသိမ်းနိုင်လိုက်ဘူး” ဟု နယ်မြေခံ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိသွားကာ ခဲယမ်း အခြေအနေအရ ပြန်လည်ဆုတ်ခွာလာရ၍ စခန်းမသိမ်းနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“၁၅ ဦးသေတယ်၊ သေတဲ့အထဲမှာ တပ်ကြပ်ကြီးအဆင့်တွေပါတယ်၊ အရာရှိအဆင့်တော့ မပါဘူး။ ဖရဲသီး (စစ်ကောင်စီတပ်တွင်းသတင်းပေး) သတင်းပေးအရ သိရပါတယ်။ ကျန်ငါးဦးမှာ သုံးဦးဒဏ်ရာရတယ်၊ နှစ်ဦးကတော့ ဆက်တိုက်ဦးတည် ပစ်နေတာပေါ့” ဟု နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ မှ ဆက်ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၅၀၁) နှင့် (၃၅၀၂) တို့မှ တပ်ဖွဲ့ ဝင်များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့မှလည်း နှစ်ဦး လက်မောင်းကို ကျည်ထိမှန် ကာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆိတ်ဖူးတောင်စခန်းသည် ရန်ကုန်−မန္တလေးအမြန်လမ်း၊ မိုင်တိုင် အမှတ် (၁၆၂) အနီးရှိ တောင်ငူမြို့နယ် နှင့် ရေတာရှည်မြို့နယ်အစပ် ဆိတ်ဖူးတောင်ကျေးရွာတွင် တည်ရှိသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#ဆိတ်ဖူးတောင်
#PDF
#ပဲခူး
#ရေတာရှည်
#Mizzima

ဓာတ်ပုံ- ပဲခူးတိုင်း PDF တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18🔥1
မုံရွာထောင်တွင် အစာငတ်ခံဆန္ဒပြနေသည့် နိုင်/ကျဉ်းများနှင့် အတူရပ်တည်ကြောင်း ဓာတ်ပုံကမ်ပိန်းပြုလုပ်
❤16😁1
မုံရွာထောင်တွင် အစာငတ်ခံဆန္ဒပြနေသည့် နိုင်/ကျဉ်းများနှင့် အတူရပ်တည်ကြောင်း ဓာတ်ပုံကမ်ပိန်းပြုလုပ်
====================

001
(မဇ္စျိမ)။ ။မုံရွာအကျဉ်းထောင်တွင် အစာငတ်ခံဆန္ဒပြနေသည့် နိုင်ငံရေးအကျဉ်းသားများနှင့် အတူ ရပ်တည်ကြောင်း ပြသသည့်အနေဖြင့် “သံဖြတ်လွှ” အမည်ဖြင့် ဓာတ်ပုံကမ်ပိန်းကို နိုင်ငံရေးအကျဉ်းသား​ဟောင်းများ၊ သပိတ်အင်အားစုနှင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့် ပြည်သူများ စုပေါင်းပြီး ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားများနှင့် အတူရပ်တည်ကြောင်းနှင့် အကျဉ်းထောင်တွင်း ဉပဒေမဲ့ ဖိနှိပ်သတ်ဖြတ်မှုများအမြန်ဆုံး ရပ်တန့်ရန် ရည်ရွယ်ပြီး အဆိုပါကမ်ပိန်းအားပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်က ထုတ်ပြန်သည်။

“သံဖြတ်လွှ”ဓာတ်ပုံကမ်ပိန်းတွင် ပြည်သူအချို့လည်းပူးပေါင်းပါဝင်ခဲ့ပြီး " အကျဉ်းထောင်သည် စစ်မြေပြင်မဟုတ်" " အကျဥ်းသားဖိနှိပ်မှုချက်ချင်းရပ်"စသည့် စာတန်းများအပါအဝင် စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်သော စာရေးထားသည့် ဓာတ်ပုံများကိုင်ဆောင်ကာ လူမှုကွန်ရက်တွင် ဖြန့်ဝေထားကြသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့က စစ်​ကောင်စီ၏ ဌာန​ဆိုင်ရာများက မုံရွာထောင်တွင်း ရှာဖွေရေးဝင်​ရောက်ပြီး နိုင်ငံရေးအကျဉ်းသားများ၏ အစားအစာနှင့်ပစ္စည်းများကို သိမ်းဆည်းသွားခဲ့သည်။ ထို့ကြောင့် နိုင်ငံရေးအကျဉ်းသား ၁၄ ဦးက အစာငတ်ခံ ဆန္ဒပြနေခြင်းဖြစ်ကြောင်း သိရသည်။

အကျဉ်းထောင်တွင်းရှိ ကျန်နိုင်ငံရေးအကျဉ်းသားများကလည်း ထောင်မှပေးသော အစားအသောက်များကို လက်ခံရယူခြင်းမရှိဘဲ ဆန္ဒပြအကျဉ်းသားများနှင့် အတူရပ်တည်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီလက်‌အောက်ခံများသိမ်းဆည်းသွားသော အကျဉ်းသားပိုင်ပစ္စည်းများကို ပြန်လည်ပေးအပ်ရန်၊ ပြင်ပမှပေးပို့သောထောင်ဝင်စာပါဆယ်များအား ကန့်သတ်ချုပ်ချယ်မှုမရှိဘဲ လွတ်လပ်စွာပေးပို့ခွင့်ပြုရန်၊ အစာငတ်ခံဆန္ဒပြလျက်ရှိသော ရဲဘော်များ၏ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအား အပြည့်အဝ တာဝန်ယူဖြေရှင်းပေးရန် စသည့် အချက် သုံးချက်ကို ထောင်တွင်း ဆန္ဒပြနေသည့် နိုင်ငံရေးအကျဉ်းသားများကတောင်းဆိုထားကြောင်း သိရသည်။

တောင်းဆိုချက်များမရမချင်း ဆန္ဒပြမှုကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများဘက်က ပြောဆိုထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောသည်။

အစာငတ်ခံဆန္ဒပြခဲ့သည့် နိင်ငံရေးအကျဉ်းသား ၁၄ ဦးကို စစ်ကောင်စီက သီးသန့်ခွဲထုတ်ချုပ်နှောင်သောကြောင့် ၎င်းတို့အတွက် စိုးရိမ်နေရကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက်ကဆိုသည်။

စာတည်း - အေးချမ်း

#mizzima
#မုံရွာအကျဉ်းထောင်
#နိုင်ငံရေးအကျဉ်းသားများ
#သံဖြတ်လွှဓာတ်ပုံကမ်ပိန်း

သံဖြတ်လွှဓါတ်ပုံကမ်ပိန်း (Photo - နိုင်ငံရေးအကျဥ်းသားများကွန်ရက်)

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19😁1