'အသင်းသာ ပထမ' စိတ်ဓာတ်က ဂျာမနီအသင်းကို ပထမဆုံး ဘတ်စကက်ဘော ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆွတ်ခူးစေနိုင်ခဲ့
👍7🔥1

==================
By PKThawn
ဂျာမနီအသင်းဟာ တနင်္ဂနွေနေ့မှာ ဆားဘီးယားကို အနိုင်ယူကာ ပြိုင်ပွဲတစ်လျှောက် ရှုံးပွဲမရှိခဲ့ဘဲ ပထမဆုံးအကြိမ် FIBA ဘတ်စကက်ဘောကမ္ဘာ့ဖလားကို ဆွတ်ခူးအပြီး သူတို့ရဲ့ "အသင်းသာ ပထမ"ဆိုတဲ့ ခံယူချက်ကို နည်းပြချုပ် ဂေါ်ဒွန် ဟားဘတ်က ချီးကျူးခဲ့ပါတယ်။
ဂျာမနီဘတ်စကက်ဘောအသင်းဟာ မနီလာမှာ ဆားဘီးယားကို ၈၃-၇၇ ဂိုးရမှတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ပွဲရဲ့ တတိယကွာတားမှာတင် ၂၂-၁၀ ပြတ်ပြတ်သားသား အမှတ်ဖြတ်ခဲ့တာပါ။
ဒန်းနစ် ရှရက်ဒါဟာ ၂၈ မှတ်နဲ့ ပွဲရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ပြီးဆုံးခဲ့သလို ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ်လည်း ရွေးချယ်ခံခဲ့ရပါတယ်။
ဟားဘတ်က Toronto Raptors အသင်းရဲ့ point guard ကစားသမား ရှရက်ဒါရဲ့ အသင်းအပေါ် အကျိုးသက်ရောက်မှုကို ချီးကျူးခဲ့ပြီး "ကျနော်တို့တွေ သူမပါဘဲ ဒီနေရာမှာ ရှိနေမှာမဟုတ်သလို သူလည်း အသင်းမပါဘဲ ဒီမှာရှိနေမှာမဟုတ်ဘူး"လို့ ပြောပါတယ်။
"ဒီအသင်းနဲ့အတူ အကြီးမားဆုံးအရာက ဒီမှာ ရှိနေရတာကို ကျနော်တို့တွေ ပျော်ရွှင်ကျေနပ်ကြတယ်လို့ ကျနော် ထင်ပါတယ်။"လို့ ဟားဘတ်က ပြောပါတယ်။
“ ဒန်းနစ် ရှရက်ဒါ အကြောင်းနဲ့ ဂျာမန်ဘတ်စကတ်ဘောအတွက် သူဘာကို ဆိုလိုသလဲဆိုတာကို ဖော်ပြဖို့ ကျနော်မှာ မပြောနိုင်လောက်အောင်ပါပဲ။
"ဒါက အသင်းကသာ ပထမဆုံးအရာလို့ ဒန်းနစ်က ခင်ဗျားကို အရင်ပြောမယ်ထင်တယ်"
ဂျာမနီအသင်းဟာ လတ်ဗီးယားကို ကွာတားဖိုင်နယ်တွင် ကျော်ဖြတ်ကာ ဆီမီးဖိုင်နယ်မှာ အမေရိကန်ကို အနိုင်ယူပြီး ချန်ပီယံဆုကို ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။
Ref; AFP
Photos: EPA
#FIBAWC

👍8🔥1
တပ်မ(၈၈)လက်အောက်ခံ စစ်ကောင်စီတပ်သား ၃ ဦး KIA ထံ လက်နက်ချ
=============
အဂမ်
(မဇ္ဈိမ)။ ။ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ် ဗန်မော်ခရိုင်၊ ရွှေကူစစ်မျက်နှာတွင် စစ်ရေးလှုပ်ရှား နေသော တပ်မ(၈၈)လက်အောက်ခံ စစ်ကောင်စီတပ်သားသုံးဦး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)ထံလက်နက်ချပြီး CDM ဝင်ရောက်လာကြောင်း မြို့လှ K-PDF တပ်ရင်းက သတင်းထုတ်ပြန်ထား သည်။
တပ်မ(၈၈) လက်အောက်ခံ ခလရ (၇၈)မှ တပ်သား ရဝေအောင်နှင့် နိုင်လင်းဦး၊ ခလရ (၄၃၇)မှ ဇော်မင်း ထွေးတို့ လက်နက်နှင့်တကွ CDM ဝင်ရောက်လာခြင်းဖြစ်သည်ဟု မြို့လှ K-PDF မှ ရဲဘော်တဦးကပြော သည်။
“သူတို့ လက်နက်နဲ့တကွ CDM ဝင်လာတာ အမှန်ပါ။ ဘာကြောင့်ဝင်လာတယ်၊ ဘာဖြစ်လို့ဆိုတာကတော့ စစ်ရေးနဲ့ပက်သက်နေတာကြောင့် ပြောလို့မရသေးဘူး။ သုံးယောက်ဟုတ်တယ်။ မတူတဲ့တပ်တွေ စုပေါင်း ထားတဲ့ စစ်ကြောင်းက” ဟု အမည်မဖော်လိုသည့် မြို့လှ K-PDF တပ်ဖွဲ့ဝင်တဦးက ဆိုသည်။
KIA ဌာနချုပ်အနီး နမ်ဆန်ယန်ဒေသသို့စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ၏ တပ်မ(၈၈)လက်အောက် ခံတပ်ဖွဲ့ဝင်များမှာ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှု၊ မိုင်းဆွဲတိုက်ခိုက်မှုများကို နေ့စဥ်ရင်ဆိုင်နေရပြီး လက်နက်နဲ့တကွထွက်ပြေးကာ KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) များ ထံ CDM ဝင်ရောက်လာနေကြကြောင်း သိရသည်။
CDM ဝင်ရောက်လာသူများကို လူ့ဂုဏ်သိက္ခာနှင့်အညီ စောင့်ရှောက်ကူညီပေးထားသလို၊ လိုအပ်သည် များထောက်ပံ့ကူညီ၍ နေရပ်ပြန်ရေးအထိ အစစအရာရာ ကူညီဆောင်ရွက်ပေးလျှက်ရှိနေကြောင်းလည်း မြို့လှ K-PDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ပြီးခဲ့သော စက်တင်ဘာလ ၅ ရက်နေ့ကလည်း မြို့လှ K-PDF တပ်ရင်းထံ စစ်ကောင်စီ၏ တပ်မ(၈၈) လက်အောက်ခံ ခလရ(၇၇)မှ ဒုတပ်ကြပ်ပေါညိမ်း လက်နက်နှင့်တကွ CDM ဝင်ရောက်လာကြောင်း သိရ သည်။
လက်ရှိတွင် ဗန်းမော်ခရိုင်အတွင်း စစ်ကောင်စီတပ်နဲ့ KIA တို့ နေ့စဥ်တိုက်ပွဲများဖြစ်ပွားနေဆဲ ဖြစ်သည်။
စာတည်း။ ။စောဖေ
#ကချင်ပြည်နယ်
#မြို့လှK-PDF
#တပ်မ(၈၈)
ပုံညွှန်း- KIA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ပုံဟောင်း) (Photo/ AP)
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍18🔥1👏1
Biden: 'I don't want to contain China'
==================
https://youtu.be/24py0nTQAYA?si=0Yb1056Ni5oV77N-

YouTube
Biden: 'I don't want to contain China'
US President Joe Biden insists at a press conference in Hanoi during his visit to Vietnam that he does not want to "contain" China, as the two powers face deepening divisions on trade, security and rights. Biden also says he met Chinese Premier Li Qiang at…
👍5🔥1
တောင်ငူရှိ ဆိတ်ဖူးတောင် စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီး ၁၅ ဦး သေဆုံးကြောင်း PDF ပြော
===================
ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ဆိတ်ဖူးတောင်တပ်စခန်းအား နယ်မြေခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ ၁၅ ဦး သေဆုံးသွားကြောင်း ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။
အဆိုပါ ဆိတ်ဖူးတောင် တပ်စခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၄ နာရီတွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ခန့် အထိုင်ချထားသော နယ်မြေခံကင်းစခန်းတခုဖြစ်ပြီး စီးနင်းချိန် တွင် မိနစ် ၃၀ ကြာ နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ကပြောသည်။
“စခန်းသိမ်းတဲ့အထိ မရောက်ခဲ့ဘူး။ အထဲမှာ နှစ်ယောက်ကျန်နေတာ၊ အဲဒီနှစ်ယောက်က ကတုတ်ကျင်း ထဲကနေ ငါးကြင်းမြီးနဲ့ပြန်ထောက်တော့ စခန်းကိုမသိမ်းနိုင်လိုက်ဘူး” ဟု နယ်မြေခံ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိသွားကာ ခဲယမ်း အခြေအနေအရ ပြန်လည်ဆုတ်ခွာလာရ၍ စခန်းမသိမ်းနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။
“၁၅ ဦးသေတယ်၊ သေတဲ့အထဲမှာ တပ်ကြပ်ကြီးအဆင့်တွေပါတယ်၊ အရာရှိအဆင့်တော့ မပါဘူး။ ဖရဲသီး (စစ်ကောင်စီတပ်တွင်းသတင်းပေး) သတင်းပေးအရ သိရပါတယ်။ ကျန်ငါးဦးမှာ သုံးဦးဒဏ်ရာရတယ်၊ နှစ်ဦးကတော့ ဆက်တိုက်ဦးတည် ပစ်နေတာပေါ့” ဟု နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ မှ ဆက်ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၅၀၁) နှင့် (၃၅၀၂) တို့မှ တပ်ဖွဲ့ ဝင်များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့မှလည်း နှစ်ဦး လက်မောင်းကို ကျည်ထိမှန် ကာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဆိတ်ဖူးတောင်စခန်းသည် ရန်ကုန်−မန္တလေးအမြန်လမ်း၊ မိုင်တိုင် အမှတ် (၁၆၂) အနီးရှိ တောင်ငူမြို့နယ် နှင့် ရေတာရှည်မြို့နယ်အစပ် ဆိတ်ဖူးတောင်ကျေးရွာတွင် တည်ရှိသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
#ဆိတ်ဖူးတောင်
#PDF
#ပဲခူး
#ရေတာရှည်
#Mizzima
ဓာတ်ပုံ- ပဲခူးတိုင်း PDF တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်

👍18🔥1
မုံရွာထောင်တွင် အစာငတ်ခံဆန္ဒပြနေသည့် နိုင်/ကျဉ်းများနှင့် အတူရပ်တည်ကြောင်း ဓာတ်ပုံကမ်ပိန်းပြုလုပ်
❤16😁1

====================
001
(မဇ္စျိမ)။ ။မုံရွာအကျဉ်းထောင်တွင် အစာငတ်ခံဆန္ဒပြနေသည့် နိုင်ငံရေးအကျဉ်းသားများနှင့် အတူ ရပ်တည်ကြောင်း ပြသသည့်အနေဖြင့် “သံဖြတ်လွှ” အမည်ဖြင့် ဓာတ်ပုံကမ်ပိန်းကို နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ သပိတ်အင်အားစုနှင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့် ပြည်သူများ စုပေါင်းပြီး ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံရေးအကျဉ်းသားများနှင့် အတူရပ်တည်ကြောင်းနှင့် အကျဉ်းထောင်တွင်း ဉပဒေမဲ့ ဖိနှိပ်သတ်ဖြတ်မှုများအမြန်ဆုံး ရပ်တန့်ရန် ရည်ရွယ်ပြီး အဆိုပါကမ်ပိန်းအားပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်က ထုတ်ပြန်သည်။
“သံဖြတ်လွှ”ဓာတ်ပုံကမ်ပိန်းတွင် ပြည်သူအချို့လည်းပူးပေါင်းပါဝင်ခဲ့ပြီး " အကျဉ်းထောင်သည် စစ်မြေပြင်မဟုတ်" " အကျဥ်းသားဖိနှိပ်မှုချက်ချင်းရပ်"စသည့် စာတန်းများအပါအဝင် စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်သော စာရေးထားသည့် ဓာတ်ပုံများကိုင်ဆောင်ကာ လူမှုကွန်ရက်တွင် ဖြန့်ဝေထားကြသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့က စစ်ကောင်စီ၏ ဌာနဆိုင်ရာများက မုံရွာထောင်တွင်း ရှာဖွေရေးဝင်ရောက်ပြီး နိုင်ငံရေးအကျဉ်းသားများ၏ အစားအစာနှင့်ပစ္စည်းများကို သိမ်းဆည်းသွားခဲ့သည်။ ထို့ကြောင့် နိုင်ငံရေးအကျဉ်းသား ၁၄ ဦးက အစာငတ်ခံ ဆန္ဒပြနေခြင်းဖြစ်ကြောင်း သိရသည်။
အကျဉ်းထောင်တွင်းရှိ ကျန်နိုင်ငံရေးအကျဉ်းသားများကလည်း ထောင်မှပေးသော အစားအသောက်များကို လက်ခံရယူခြင်းမရှိဘဲ ဆန္ဒပြအကျဉ်းသားများနှင့် အတူရပ်တည်လျက်ရှိကြောင်း သိရသည်။
စစ်ကောင်စီလက်အောက်ခံများသိမ်းဆည်းသွားသော အကျဉ်းသားပိုင်ပစ္စည်းများကို ပြန်လည်ပေးအပ်ရန်၊ ပြင်ပမှပေးပို့သောထောင်ဝင်စာပါဆယ်များအား ကန့်သတ်ချုပ်ချယ်မှုမရှိဘဲ လွတ်လပ်စွာပေးပို့ခွင့်ပြုရန်၊ အစာငတ်ခံဆန္ဒပြလျက်ရှိသော ရဲဘော်များ၏ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအား အပြည့်အဝ တာဝန်ယူဖြေရှင်းပေးရန် စသည့် အချက် သုံးချက်ကို ထောင်တွင်း ဆန္ဒပြနေသည့် နိုင်ငံရေးအကျဉ်းသားများကတောင်းဆိုထားကြောင်း သိရသည်။
တောင်းဆိုချက်များမရမချင်း ဆန္ဒပြမှုကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများဘက်က ပြောဆိုထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောသည်။
အစာငတ်ခံဆန္ဒပြခဲ့သည့် နိင်ငံရေးအကျဉ်းသား ၁၄ ဦးကို စစ်ကောင်စီက သီးသန့်ခွဲထုတ်ချုပ်နှောင်သောကြောင့် ၎င်းတို့အတွက် စိုးရိမ်နေရကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက်ကဆိုသည်။
စာတည်း - အေးချမ်း
#mizzima
#မုံရွာအကျဉ်းထောင်
#နိုင်ငံရေးအကျဉ်းသားများ
#သံဖြတ်လွှဓာတ်ပုံကမ်ပိန်း
သံဖြတ်လွှဓါတ်ပုံကမ်ပိန်း (Photo - နိုင်ငံရေးအကျဥ်းသားများကွန်ရက်)

👍19😁1
11.9.2023 (Monday) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
===================
✅Highlight ✅
👉အမှန်တရားအတွက် ပြိုင်ဆိုင်မှုများ (ညနေ - ၆ နာရီ)
👉ရင်ခုန်သံထပ်တူ (ညနေ- ၇ နာရီ)
👉Korea Movie - Spellbound ( ည- ၁၀ နာရီခွဲ)
➡️Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။ #mizzimatv

🔥2
ပုလောမြို့ မြဒေါင်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်
================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ လက္ကူကျေးရွာအုပ်စု၊ မြဒေါင်ကျေးရွာတွင် ယနေ့ စက်တင်ဘာလ ၁၁ ရက် နံနက် ၆ နာရီတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။
မြဒေါင်နှင့် ရွာချင်းကပ်လျက်ရှိသော ပိတပ်ကျေးရွာစာသင်ကျောင်းသို့ အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီ တပ်ဖွဲ့လာရောက်တပ်စွဲချိန် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်သင်္ဘောများကပါ လက်နက်ကြီးဖြင့် ပစ်ခတ်နေ၍ ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြပြီး နှစ်ဖက်ထိခိုက်မှုကို မသိရသေးကြောင်း မြိတ်ခရိုင် တပ်ရင်း(၁) သတင်းနှင့်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။
“လောလောဆယ်တော့ နှစ်ဖက်လုံး တဖြည်းဖြည်း ပြန်ဆုတ်နေတယ်။ ရေတပ်စစ်သင်္ဘောကနေပါ ပစ် ကူနေတာရှိနေတယ်၊ ပလရဲစခန်းမှာလည်း အင်အား ၈၀ လောက်ရောက်နေတယ်”ဟု မြိတ်ခရိုင် တပ်ရင်း (၁) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ပြောသည်။
ပုလောမြို့နယ် လက္ကူရွာတွင် စက်တင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီ၏ ခလရ (၂၈၅) တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်မှုကြောင့် အမျိုးသားတဦးသေဆုံးကာ ငါးဦး ဒဏ်ရာ ရရှိခဲ့သည်။
ပုလောမြို့နယ်သည် စစ်အုပ်ချုပ်ရေးကြေညာထားသော မြို့နယ်ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ မကြာခဏတိုက်ပွဲဖြစ်ပွားပြီး စစ်ရေးတင်းမာနေသော ဒေသလည်းဖြစ် သည်။
စာတည်း။ ။စောဖေ
#တနင်္သာရီတိုင်း
#ပုလောမြို့နယ်
#စစ်အုပ်ချုပ်ရေး
#တိုက်ပွဲဖြစ်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ လက္ကူကျေးရွာအုပ်စု၊ မြဒေါင်ကျေးရွာတွင် ယနေ့ စက်တင်ဘာလ ၁၁ ရက် နံနက် ၆ နာရီတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။
မြဒေါင်နှင့် ရွာချင်းကပ်လျက်ရှိသော ပိတပ်ကျေးရွာစာသင်ကျောင်းသို့ အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီ တပ်ဖွဲ့လာရောက်တပ်စွဲချိန် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်သင်္ဘောများကပါ လက်နက်ကြီးဖြင့် ပစ်ခတ်နေ၍ ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြပြီး နှစ်ဖက်ထိခိုက်မှုကို မသိရသေးကြောင်း မြိတ်ခရိုင် တပ်ရင်း(၁) သတင်းနှင့်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။
“လောလောဆယ်တော့ နှစ်ဖက်လုံး တဖြည်းဖြည်း ပြန်ဆုတ်နေတယ်။ ရေတပ်စစ်သင်္ဘောကနေပါ ပစ် ကူနေတာရှိနေတယ်၊ ပလရဲစခန်းမှာလည်း အင်အား ၈၀ လောက်ရောက်နေတယ်”ဟု မြိတ်ခရိုင် တပ်ရင်း (၁) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ပြောသည်။
ပုလောမြို့နယ် လက္ကူရွာတွင် စက်တင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီ၏ ခလရ (၂၈၅) တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်မှုကြောင့် အမျိုးသားတဦးသေဆုံးကာ ငါးဦး ဒဏ်ရာ ရရှိခဲ့သည်။
ပုလောမြို့နယ်သည် စစ်အုပ်ချုပ်ရေးကြေညာထားသော မြို့နယ်ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ မကြာခဏတိုက်ပွဲဖြစ်ပွားပြီး စစ်ရေးတင်းမာနေသော ဒေသလည်းဖြစ် သည်။
စာတည်း။ ။စောဖေ
#တနင်္သာရီတိုင်း
#ပုလောမြို့နယ်
#စစ်အုပ်ချုပ်ရေး
#တိုက်ပွဲဖြစ်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19❤1🔥1
ရေတာရှည်တွင် ကာကွယ်ရေးတပ်ဖွဲ့က ထိုးစစ်ဆင်လာပြီးနောက် ရက်ဆက် တိုက်ပွဲဖြစ်ပွား
=========================
ရွှေနွယ်
(မဇ္ဈိမ)။ ။စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည့် ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်မှာ တလနီးပါးကြာမြင့်နေပြီဖြစ်ကြောင်း ဒေသတွင်း တော်လှန် ရေးအင်အားစုများထံမှ သိရသည်။
စစ်တောင်းမြစ်ဝှမ်းတလျှောက်တွင် ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ စစ်ရေးအရှိန်မြှင့်ပြီး ထိုးစစ်ဆင် တိုက်ခိုက်မှုအပေါ် စစ်ကောင်စီတပ်မှလည်း တန်ပြန်စစ်ကြောင်းများထိုးလာသည့်အတွက် တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။
ရေတာရှည်မြို့နယ်အတွင်း ပြီးခဲ့သည့် ဩဂုတ်လအတွင်းမှစတင်ကာ ERO ၊ PDF ပူးပေါင်းတပ်ဖွဲ့များ ဘက်မှ ယခင်ကထက် စစ်ရေးအရှိန် ပိုမိုတိုးမြှင့်လာခြင်းဖြစ်ကြောင်း တောင်ငူခရိုင်၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးမှ ပြောသည်။
“အဓိကတော့ ကျွန်တော်တို့ဘက်က စစ်တောင်းမြစ် အရှေ့ဘက်ကမ်းကနေ အနောက်ဘက်ခြမ်းကို ကူး ပြောင်းပြီးတော့ ထိုးစစ်ဆင် စစ်ရေးအရှိန်မြှင့်လာချိန်မှာ သူတို့က ကာစစ်ပြန်ထိုးတော့ စစ်ကြောင်းတွေ ထိပ်တိုက်တွေ့တဲ့ သဘောဖြစ်တာပါ” ဟု တောင်ငူခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက မဇ္ဈိမကို ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်နေ့ကလည်း စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ရွှေသောင်ရွာဟောင်း ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ERO ၊ PDF ပူးပေါင်းတပ်ဖွဲ့များကြား နံနက် ၉ နာရီခန့်မှ စတင်ကာ ညနေ ၅ နာရီအထိ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၏ စက်တင်ဘာ ၁၀ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ရက်ဆက်ဖြစ်နေတာပါ၊ တလပြည့်တော့မယ်၊ လက်ရှိလည်း ပစ်နေကြတယ်" ဟု မြေပြင်တွင် တိုက်ပွဲ ဝင်နေသည့် သံတောင်မြောက်ပိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူ ကိုနွေဦးမှ ယနေ့ စက်တင်ဘာ ၁၁ ရက်နေ့တွင် မဇ္ဈိမကို ပြောသည်။
စက်တင်ဘာ ၇ ရက်နေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ အထိနာသည်ဟု မြေပြင်သတင်းအချက် အလက်များအရသိရပြီး ထိခိုက်သေဆုံးမှုအရေအတွက် အတိအကျကို အတည်မပြုနိုင်သေးကြောင်း ကိုနွေဦးက ပြောသည်။
NUG-MOD ၏ စက်တင်ဘာ ၁၀ ရက်နေ့ ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်သား ၂၅ ဦး သေဆုံးသည် ဟု ဖော်ပြထားသည်။ တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများ အသုံးပြု တိုက်ခိုက်ခဲ့ကြောင်းလည်း ဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ “လမ်းအားလုံး နေပြည်တော်သို့” စစ်ဆင်ရေး ကို စတင်အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း ပြီးခဲ့သည့် ဇွန်လအတွင်းက ထုတ်ဖော်ပြောကြားပြီး နောက် စစ်တောင်းမြစ်ဝှမ်း ဒေသစိုးမိုးရေးနှင့် ရန်ကုန်−မန္တလေး အမြန်လမ်းဟောင်း နယ်မြေစိုးမိုးရေးကို လည်းလုပ်ဆောင်နေကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသခွဲ တပ်ရင်း၊ တပ်ဖွဲ့များထံမှ သိရသည်။
စစ်တောင်းမြစ်ဝှမ်းဒေသအား စိုးမိုးနိုင်ပါက ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းများသို့ ပေးပို့ နေသည့် စစ်ကောင်စီတပ်၏ ထောက်ပို့လမ်းကြောင်းများကိုလည်း ဖြတ်တောက်နိုင်မည်ဖြစ်သည်။
ထို့ပြင် ပဲခူးတိုင်းအရှေ့ခြမ်းရှိ နေပြည်တော်သို့သွားရာ အဓိကလမ်းမကြီးများကိုလည်း ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း စစ်ရေးလေ့လာသူများက ပြောသည်။
လက်ရှိတွင် စစ်တောင်းမြစ်ဝှမ်းတလျှောက်ရှိ မြို့နယ်များဖြစ်သော ရေတာရှည်၊ ထန်းတပင်၊ ဖြူး၊ မုန်းနှင့် ကျောက်ကြီးမြို့နယ်တို့တွင် နှစ်ဘက်စစ်ရေးတင်းမာနေသည်။
ရေတာရှည်မြို့နယ်အတွင်း တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၅၀၁)၊ (၃၅၀၂)၊ နေပြည်တော် PDF ရိုးမစစ်ကြောင်း၊ ပုဝါနီစစ်ကြောင်းနှင့် သံတောင်ဒေသတပ်ဖွဲ့များ စစ်ရေးလှုပ်ရှားလေ့ရှိကြောင်း သိရ သည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
#ရေတာရှည်
#စစ်ရေးအရှိန်မြှင့်
#Mizzima
ပုံအညွှန်း− တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၅၀၁) မှ တပ်ဖွဲ့ဝင်များ ရေတာရှည်မြို့နယ်အတွင်းစစ်ရေးလှုပ်ရှားမှု (ပုံဟောင်း)

👍17❤4🔥1
စက်တင်ဘာလ (၁၁)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
===========================
00:59 - ပြည်သူနဲ့တိုက်နေတဲ့စစ်ပွဲမှာ မြန်မာစစ်တပ် အနိုင်ရမှာမဟုတ်ကြောင်း အရှေ့တီမောသမ္မတပြောင်တဲ့ သတင်း
03:31 - မြင်းခြံနှင့် သပိတ်ကျင်းတွင် ကြံ့ခိုင်ရေးပါတီ ရပ်/ကျေး ဥက္ကဋ္ဌ ၂ ဦး အသတ်ခံရတဲ့သတင်း
09:13 - တပ်မ(၈၈)လက်အောက်ခံ စစ်ကောင်စီတပ်သား ၃ ဦး KIA ထံ လက်နက်ချတဲ့ သတင်းနဲ့
10:36 - ဂျီ-၂၀ အစည်းအဝေးအောင်မြင်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ပြောတဲ့သတင်း အပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/Qx87gseUBE0?si=6yY7a5RpN_VhdRLF
#4pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

09:13 - တပ်မ(၈၈)လက်အောက်ခံ စစ်ကောင်စီတပ်သား ၃ ဦး KIA ထံ…

👍10🔥1
၅ လတာကာလအတွင်းနိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ၆၀ ရာခိုင်နှုန်းကျော်ကျဆင်း|Business Round Up(11.9.2023)
==============
- တရားဝင်ငွေလွှဲခြင်းမရှိတဲ့ အလုပ်သမားကို ပြည်ပထွက်ခွာ လုပ်ကိုင်ခွင့် ၃ နှစ်ပိတ်ပင် တားမြစ်မည်ဟု စစ်ကောင်စီပြော
- ရုရှား-မြန်မာ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းအပါအဝင် သဘောတူညီချက်များ လက်မှတ်ရေးထိုးသွားဖို့ရှိနေ
- ၅ လတာကာလအတွင်း နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ၆၀ ရာခိုင်နှုန်းကျော်ကျဆင်း
- ဒေါ်လာဝယ်ယူခွင့်လိုင်စင် ထုတ်ပေးသူ စစ်ဗိုလ်ချုပ်ရန်နောင်စိုး အပါအဝင် စီးပွားရေးလုပ်ငန်းရှင် ၁၀၀ကျော် စစ်ကောင်စီ ဖမ်းဆီး
https://youtu.be/6EK4Y-f9EUg?si=4Z0ZhFoDSk490649
#BusinessRoundUp
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==============
- တရားဝင်ငွေလွှဲခြင်းမရှိတဲ့ အလုပ်သမားကို ပြည်ပထွက်ခွာ လုပ်ကိုင်ခွင့် ၃ နှစ်ပိတ်ပင် တားမြစ်မည်ဟု စစ်ကောင်စီပြော
- ရုရှား-မြန်မာ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းအပါအဝင် သဘောတူညီချက်များ လက်မှတ်ရေးထိုးသွားဖို့ရှိနေ
- ၅ လတာကာလအတွင်း နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ၆၀ ရာခိုင်နှုန်းကျော်ကျဆင်း
- ဒေါ်လာဝယ်ယူခွင့်လိုင်စင် ထုတ်ပေးသူ စစ်ဗိုလ်ချုပ်ရန်နောင်စိုး အပါအဝင် စီးပွားရေးလုပ်ငန်းရှင် ၁၀၀ကျော် စစ်ကောင်စီ ဖမ်းဆီး
https://youtu.be/6EK4Y-f9EUg?si=4Z0ZhFoDSk490649
#BusinessRoundUp
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
၅ လအတွင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၆၀ ရာခိုင်နှုန်းကျော်ကျဆင်း|Business Round Up(11.9.2023)
- တရားဝင်ငွေလွှဲခြင်းမရှိတဲ့ အလုပ်သမားကို ပြည်ပထွက်ခွာ လုပ်ကိုင်ခွင့် ၃ နှစ်ပိတ်ပင် တားမြစ်မည်ဟု စစ်ကောင်စီပြော
- ရုရှား-မြန်မာ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းအပါအဝင် သဘောတူညီချက်များ လက်မှတ်ရေးထိုးသွားဖို့ရှိနေ
- ၅ လတာကာလအတွင်း နိုင်ငံခြားတိုက်ရိုက် ရင်…

👍10🔥1🥰1😁1
မိုးနှောင်းမိုးကြောင့် ရေထပ်ကြီးနိင်ကြောင်း NUG သတိပေး
=================
ရောင်နီ
(မဇ္စျိမ)။ ။ မိုးနှောင်းကာလဖြစ်သည့် လက်ရှိ စက်တင်ဘာလတွင် မုတ်သုံလေဆုတ်ခွာခြင်းဖြစ်စဥ်ကြောင့် မိုးများကာ ရေကြီးကာလထပ်မံကြုံတွေ့နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က သတင်းထုတ်ပြန်သည်။
ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့မှ စက်တင်ဘာလ ၁၇ ရက်နေ့အထိ မိုးလေ၀သအခြေအနေကို ထုတ်ပြန်ရာတွင် မြန်မာ့ကမ်းရိုးတန်းဒေသများနှင့် အလယ်ပိုင်း၊ အောက်ပိုင်းဒေသများတွင် မိုးကြီးနိုင်သည်ဟု သတိပေးထားသည်။
အဆိုပါကာလအတွင်း မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနသ်ာရီတိုင်းတို့တွင် မိုးများနိုင်ပြီး နောက်ဆက်တွဲ ရေကြီး၊မြေပြိုမှုများကို သတိပြုပြင်ဆင်နေထိုင်ရန် သတိပေးထားသည်။ မိုးနှောင်းကာလလက္ခဏာဖြစ်သည့် မိုးကြိုးအန္တရာယ်ကိုလည်း MOHADMက သတိပေးသည်။
စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနကလည်း စက်တင်ဘာလ ဒုတိယ ၁၀ရက်ပတ်ကာလ(စက်တင်ဘာလ ၁၁ရက်မှ စက်တင်ဘာလ ၂၀ရက်) အတွင်း မြန်မာနိုင်ငံနေရာအနှံ့တွင် မိုးရွာသွန်းနိုင်ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ရက်အနည်းငယ်က ဒေသအများစု မိုးကောင်းပြီးနောက် မြစ်ရေများပြန်လည်မြင့်တက်လာသည်။ လက်ရှိအချိန်တွင် ငဝန်မြစ်ရေသည် ငါးသ်ိုင်းချောင်းနှင့် သာပေါင်းမြို့တို့တွင် စိုးရိမ်ရေမှတ်အထက်၌ ရောက်ရှိနေကြောင်း မိုးဇလက ယနေ့ နံနက် ၆နာရီခွဲအချိန်တွင် ထုတ်ပြန်ထားသည်။
ဇူလိုင်လနှင့် သြဂုတ်လက မြန်မာနိုင်ငံဒေသအများစု မိုးသည်းထန်စွာခဲ့ပြီး မြစ်ချောင်းများတွင် မြစ်ရေများ စိုးရိမ်ရေအမှတ်အထက်သို့ မြင့်တက်ခဲ့သည်။ နောက်ဆက်တွဲအဖြစ် မြို့နယ်အများအပြားတွင် ရေလွှမ်းမိုးခဲ့ပြီး ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရေကြီးရေလျှံမှုဘေး ကြုံတွေ့ခဲ့သည်။
စက််တင်ဘာလ ၇ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် မိုးသည်းထန်စွာရွာသွန်းကာ မြစ်သာမြစ်ရေ မြင့်တက်ခဲ့သည့်အတွက် မြို့တွင်း ရပ်ကွက် ခုနှစ်ခုတွင် ရေကြီးမှုများ ဖြစ်ပေါ်နေကာ ဒေသခံ ၁,၀၀၀ ကျော် ရေကြီးမှုဘေးကို ရင်ဆိုင်ခဲ့ကြရသည်။
စာတည်း - အေးချမ်း
#mizzima
#မိုးနှောင်းကာလ
#မုတ်သုံလေ
#ရေဘေးသတိပေး
#MOHADM
ပုံအညွှန်း - ပြီးခဲ့သည့် သြဂုတ်လက ပဲခူးမြစ်ရေမြင့်တက်မှုကြောင့် ပဲခူးမြို့အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့စဥ်။ (ပုံ - အဟောင်း)

👍9🔥2