ကနီမြို့နယ်တွင် စစ်ကောင်စီရေယာဉ်အုပ်စုက ရမ်းသန်းပစ်ခတ်မှုကြောင့် ဒေသခံ ၇,၀၀၀ ခန့် စစ်ရှောင် နေရ
🤬5🔥3

========================
လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ချင်းတွင်းမြစ်ကြောင်းမှဆန်တတ်လာသည့် စစ်ကောင်စီ ရေ ယာဉ်အုပ်စုက ကမ်းနံဘေးကျေးရွာများအား ရမ်းသန်းပစ်ခတ်နေခြင်းကြောင့် ဒေသခံ ၇,၀၀၀ ကျော် နေရပ်စွန့်ခွာ စစ်ရှောင်နေရကြောင်း သိရသည်။
၎င်းစစ်ရေယာဉ်အုပ်စုတွင် ဖလက်ခွံလေးစီး၊ စစ်သင်္ဘောနှစ်စီးနှင့် အမြန်ရေယာဉ်တစီးပါဝင်ပြီး ချင်းတွင်း မြစ်ကြောင်းအတိုင်း အထက်သို့ဆန်တတ်နေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ စက်တင်ဘာလ ၁၁ ရက် ညနေ ၃ နာရီခန့်တွင် စစ်ရေယာဉ်အုပ်က ကနီမြို့နယ်အတွင်းရှိ ချင်းတွင်း မြစ်ကမ်းဘေးမှ ကျေးရွာများအား လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ခြင်းကြောင့် တိမ်းရှောင်နေရခြင်း ဖြစ်ကြောင်း ဒေသခံတဦးကပြောသည်။
“ စစ်သင်္ဘောတွေပေါ်က လက်နက်ကြီးတွေနဲ့ရမ်းပစ်နေတာကြောင့် မြစ်ကမ်းဘေးကျေးရွာတွေ အကုန် ရှောင်နေရတာ။ လက်နက်ကြီးပစ်ခတ်သံတွေက နှစ်မိုင်ပတ်လည်လောက်ကနေ အတိုင်းသား ကြားနေရ တယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတဦးက ဆိုသည်။
စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း ဆားလင်းကြီးမြို့နယ်အတွင်းရှိ ချင်းတွင်းမြစ်ကြောင်းတနေရာတွင် စစ်သင်္ဘောမှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဖောင်းကတာကျေးရွာနေ အသက် ၆၃ နှစ်အရွယ် အမျိုး သမီးတဦးသေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
အဆိုပါ စစ်ကောင်စီရေယာဉ်အုပ်စုရန်ကြောင့် ကနီမြို့နယ်အတွင်းရှိ မုဠော၊ ငါးဖျတ်၊ ညောင်ပင်ဝန်း၊ မင်း ကုန်း၊ ပန်းဆိုင်း၊ တဇယ်ချောင်းကျေးရွာများမှ ဒေသခံ ၇,၀၀၀ ကျော် စစ်ရှောင်နေရကြောင်း သိရသည်။
စာတည်း။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ကနီမြို့နယ်
#ချင်းတွင်းမြစ်
#စစ်ကောင်စီရေယာဉ်အုပ်
#စစ်ဘေးရှောင်
ပုံ-ကနီစစ်ရှောင်၊ ဓာတ်ပုံ- လွှမ်းမိုး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

🤬7👍4🔥1
အမြင့် ၃ မိုင်ကျော်ရောက်ရှိခဲ့သည့် အီဝါယာကုမ္ပဏီ၏ အာကာသပူဖောင်း
===================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၁ စက်တင်ဘာ ၂၀၂၃)
======================
အာဏာသိမ်းမှ နိုင်ငံသည် အလုံးစုံပျက်သုန်းသွားသော်လည်း မသိချင်ယောင်ဆောင်၍ NLD လက်ထက်က အုပ်ချုပ်ရေး၊ စီးပွားရေးပိုင်းတို့တွင် အားနည်းချက်များ ဖြစ်ပေါ်ခဲ့သည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းလက်အောက်ငယ်သားများကို အရှက်မဲ့စွာလိုက်လံ ပြောဆိုနေသည်။

👍7🔥1
Stem ဆဲလ်များကို အသုံးပြုပြီး ဝက်များအတွင်း လူသားကျောက်ကပ်များအား ဖန်တီး
====================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
====================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
Facebook
#mizzimatv – Explore
explore #mizzimatv at Facebook
🔥2👍1
ခင်ဦးမှာ စစ်ကောင်စီက ၂နှစ်ကျော်အတွင်း နေအိမ် ၆,၀၀၀ကျော်မီးရှို့ဖျက်ဆီး
======================
MTO
(မဇ္ဈိမ)။ ။အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အညာဒေသက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ ဖျက်ဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်မှာတော့ နှစ်နှစ်ခွဲကျော်ကာလအတွင်းမှာ ကျေးရွာပေါင်း ၇၉ ရွာက အိမ်ခြေပေါင်း ၆,၀၅၀ လောက်အထိမီးရှို့ ဖျက်ဆီးခဲ့ပါတယ်။ ဒါ့အပြင် ကိုယ့်အိုးကိုယ့်အိမ်တွေကို ပစ်ပြီး အမြဲတမ်းစစ်ရှောင်အဖြစ်နေနေကြတဲ့ ပြည်သူ ၅,၀၀၀ ကျော်ရှိနေပါတယ်။
တည်းဖြတ် ၊ တင်ဆက် -- MTO
https://youtu.be/nKt-njCj5dA?si=_IEt2lGc8cvkDIRJ

YouTube
ခင်ဦးမှာ စစ်ကောင်စီက ၂နှစ်ကျော်အတွင်း နေအိမ် ၆,၀၀၀ကျော်မီးရှို့ဖျက်ဆီး
MTO (မဇ္ဈိမ)။ ။အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အညာဒေသက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ ဖျက်ဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်မှာတော့ နှစ်နှစ်ခွဲကျော်ကာလအတွင်းမှာ ကျေးရွာပေါင်း ၇၉…

🤬5👍3🔥1
Dum Laga Ke Haisha (အိန္ဒိယရုပ်ရှင်)
==================
ဇာတ်ကားလေးကတော့ Romatic-Comedy-Drama ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး အိမ်ထောင်တစ်ခုတည်ဆောက်ဖို့ဆိုတာ ဘာတွေအဓိကလိုအပ်လဲဆိုတာ ရိုက်ကူးတင်ဆက်ထားတာဖြစ်ပြီး
Ayushmann Khurrana and Bhumi Pednekar, Sanjay Mishra ,Seema Pahwa တို့က အဓိကပါ၀င်သရုပ်ဆောင်ထားကြပါတယ်
Prem (Ayushmann Khurrana) ဟာ သူ့အဖေရဲ့ဆုံးဖြတ်ချက်အရ Sandhya (Bhumi Pednekar) ဆိုတဲ့ ခပ်၀၀ကောင်မလေးကို လက်ထပ်ယူခဲ့တယ်
Prem က ဘွဲ့မရဘူး အထက်တန်းကျောင်းထွက်တစ်ယောက် ဒါကြောင့်လည်း သူ့အဖေက ပညာတက်လစာရှိတဲ့ကောင်မလေးနဲ့လက်ထပ်ပေးခဲ့တာ
Prem က Sandhya ကို မချစ်ဘဲယူခဲ့ရတဲ့အတွက် ကိုယ့်ဘာသာ သတ်သေဖို့လည်း ကြိုးစားဖူးသလို ဖခင်ဖြစ်သူကိုလည်း မကျေနပ်ဘူး
တစ်နေ့တော့ သူ့သူငယ်ချင်းမဂ်လာဆောင်မှာ အရက်မူးပြီး သူ့ဇနီးအကြောင်းဖောက်သည်ချနေရာကနေ
မထင်မှတ်ဘဲ Sandhya ရောက်လာပြီး ပြဿနာတွေတက်ရာကနေ အိမ်ထောင်ကွဲဖို့အထိ ဖြစ်လာတဲ့အခါမှာတော့.......................
Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
Mizzima TV App အခမဲ့ဒေါင်းလုတ်ပြုလုပ်ရန် - https://bit.ly/44WaGEU
#New ပြသမည့်ရက်။ ။၁၁.၉.၂၀၂၃
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ ၁၂.၉.၂၀၂၃
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"

👍9🔥1
Media is too big
VIEW IN TELEGRAM
Sep - 11 [ 7 Pm ] The Mizzima Primetime
Mizzima Headline News
#7pmnews #themizzimaprimetime #reels #shorts

👍7🖕1
ဘောလုံးသမိုင်းမှာ အကြီးမားဆုံး ပေါက်ကြားမှုနောက်ကွယ်က ဟက်ကာကို တရားရုံးက စီရင်ချက်ချမည်
====================
By PKThawn
"Football Leaks" ဝက်ဘ်ဆိုက်မှာ နိုင်ငံတကာဘောလုံးလောကမှာ ဥပဒေနဲ့ ငြိစွန်းမှုရှိတဲ့ ညစ်ညမ်းတဲ့ အပေးအယူတွေကို ဖော်ထုတ်ခဲ့တဲ့ ဟက်ကာ ရူလ် ပင်တိုကို ပေါ်တူဂီတရားရုံးတစ်ရုံးက တနင်္လာနေ့မှာ စီရင်ချက်ချမှာဖြစ်ပါတယ်။
အားကစားသမိုင်းမှာ အကြီးမားဆုံးသော သတင်းအချက်အလက် ပေါက်ကြားမှုဖြစ်ခဲ့ပြီး ဘယ်လ်ဂျီယမ်၊ ဗြိတိန်၊ ပြင်သစ်၊ စပိန်နဲ့ ဆွစ်ဇာလန်တို့မှာ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
အကြိမ်များစွာ ရွှေ့ဆိုင်းခဲ့တဲ့ စီရင်ချက်ကို လစ္စဘွန်းမှာ မွန်းလွဲ ၂ နာရီ ၃၀ မိနစ် (၁၃၃၀ ဂရင်းနစ်စံတော်ချိန်)မှာ စတင်ကြားနာမှုမှာ စီရင်ချက်ချမှာဖြစ်ပါတယ်။
အသက် ၃၄ နှစ်ရှိ ပင်တိုဟာ ဟက်ကာပြစ်မှု ၈၉ မှုနဲ့အတူ ငွေညှစ်ရန် ကြိုးပမ်းမှု၊ ပေါ်တူဂီမှာ ထောင်ဒဏ် ၂ နှစ်မှ ၁၀ နှစ်အထိ ချမှတ်နိုင်တဲ့ ရာဇဝတ်မှုတို့နဲ့ပါ စွဲချက်တင်ခံထားရတာပါ။
သူဟာ ထိပ်တန်းဘောလုံးကြယ်ပွင့်တွေ၊ ကလပ်တွေနဲ့ အေးဂျင့်တွေပါဝင်ပတ်သက်တဲ့ လက်လှမ်းမမီတဲ့ အပေးအယူတွေကို ဖော်ထုတ်ပြတဲ့ လုပ်ရပ်တွေကို သတင်းပေးသူတစ်ဦးဖြစ်ကြောင်း သူက စောဒကတက်ပါတယ်။
၂၀၁၅ ကနေ ၂၀၁၈ အတွင်း သူဟာ အင်တာနက်ပေါ်မှာ စာရွက်စာတမ်းပေါင်း ၁၈.၆ သန်းကို မျှဝေခဲ့ပြီး အသေးစိတ်အချက်အလက်များကို ထုတ်ဝေပုံနှိပ်တဲ့ ဥရောပသတင်းစာလုပ်ငန်းစုတစ်ခုနဲ့လည်း မျှဝေခဲ့ပါတယ်။
ဖော်ထုတ်မှုတွေဟာ ဘောလုံးလောကကို တုန်လှုပ်စေခဲ့ပါတယ်။
ယင်းတို့ထဲမှာ လီယွန်နယ် မက်ဆီနဲ့ နေမာတို့ရဲ့ လစာတွေ၊ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို မုဒိမ်းမှုနဲ့ စွပ်စွဲမှု၊ မန်ချက်စတာစီးတီးမှာ ငွေကြေးအလွဲသုံးစားလုပ်မှုနဲ့ ပဲရစ်စိန့်ဂျာမိန်းမှာ ethnic profiling တွေ ပါဝင်ခဲ့ပါတယ်။
(AFP)
#FootballLeaks #RuiPinto #hackers

သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ထောက်ခံချီတက်သည့် ကျေးရွာပေါင်းစုံသပိတ်
=====================
ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများစုပေါင်း၍ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအားထောက်ခံသည့် ချီတက်ဆန္ဒပြပွဲကို ယနေ့ စက်တင်ဘာလ ၁၁ ရက်တွင် ပြုလုပ်ခဲ့သည်။
လူထုသပိတ်စစ်ကြောင်းသည် Our Ambassador – Our Voice စာတမ်းကိုင်ဆောင်ပြီး ကြွေးကြော်သံ များဟစ်ကြွေးချီတက်ခဲ့ခြင်း ဖြစ်သည်။
ပြည်သူ့အစိုးရ(NUG)နှင့် ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ တရားဝင်မှုအရေးတိုက်ပွဲ (Credential Campaign) ကို မြေပြင်နှင့်အွန်လိုင်းမှာပါ လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှုများဖြင့် ဝိုင်းဝင်တိုက်ပွဲဝင်ကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။
ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့မှ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှစတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် ၉၀၂ ရက် မြောက်ချီတက်ခြင်းဖြစ်ကြောင်း သိရသည်။
#စစ်ကိုင်းတိုင်း
#ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း
#စစ်အာဏာရှင်ဆန့်ကျင်ရေး
#Mizzima

👍15🔥1
စက်တင်ဘာလ (၁၁) ရက်၊ ည (၇) နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
====================
- ဒေါ်လာဝယ်ယူခွင့်လိုင်စင် ထုတ်ပေးသူ စစ်ဗိုလ်ချုပ်ရန်နောင်စိုး အပါအဝင် စီးပွားရေးလုပ်ငန်းရှင် ၁၀၀ကျော် စစ်ကောင်စီ ဖမ်းဆီးတဲ့သတင်း
- တပ်မ(၈၈)လက်အောက်ခံ စစ်ကောင်စီတပ်သား ၃ ဦး KIA ထံ လက်နက်ချတဲ့သတင်း
- “စစ်သားတွေလာပြီ၊ ပြေးကြ” လို့ လှမ်းအော်တဲ့ လူငယ် ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့ ပစ်သတ်တဲ့သတင်း
- မိုးနှောင်းမိုးကြောင့် ရေထပ်ကြီးနိင်ကြောင်း NUG သတိပေးတဲ့ သတင်း
- ရေတာရှည်မှာ ကာကွယ်ရေးတပ်ဖွဲ့က ထိုးစစ်ဆင်လာပြီးနောက် ရက်ဆက် တိုက်ပွဲဖြစ်ပွားနေတဲ့သတင်းနဲ့
- တရားဝင်ငွေလွှဲခြင်းမရှိတဲ့ အလုပ်သမားကို ပြည်ပထွက်ခွာ လုပ်ကိုင်ခွင့် ၃ နှစ်ပိတ်ပင် တားမြစ်မည်လို့ စစ်ကောင်စီပြောတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။
https://www.youtube.com/live/5KkL-vrUpgc?si=Jg9Z7l_eua4O84Om
#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

- “စစ်သားတွေလာပြီ၊ ပြေးကြ” လို့ လှမ်းအော်တဲ့ လူငယ် ၂ ဦးကို…

👍13🍌1
စက်တင်ဘာလ (၁၁) ရက်၊ တနင်္လာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=====================
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
ပညာရေးကဏ္ဍတိုက်ခိုက်ခံရမှု အများဆုံး ၃ နိုင်ငံစာရင်း မြန်မာပါဝင်လာတယ်ဆိုတဲ့ အကြောင်းနဲ့အတူ မုံရွာထောင်မှာ အစာငတ်ခံဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့အတူရပ်တည်ကြောင်း ဓာတ်ပုံကမ်ပိန်းပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်းတွေ ပါဝင်တဲ့ နောက်ဆုံးရ ပြည်တွင်းသတင်းနဲ့ စီးပွားရေးသတင်းတွေကို ကြားကြရမှာဖြစ်ပြီး နိုင်ငံတကာဘက်မှာတော့ အမေရိကန်-ဗီယက်နမ် ဆက်ဆံရေး မဟာဗျူဟာမြောက် မိတ်ဖက်အဆင့် တိုးမြှင့်လိုက်တဲ့ အကြောင်းနဲ့အတူ US OPEN အမျိုးသားတင်းနစ်ဗိုလ်လုပွဲစဉ်မှာ ဆာဘီးယားနိုင်ငံသား ဂျိုကိုးဗစ် အနိုင်ရရှိသွားတယ်ဆိုတဲ့ အားကစားသတင်းတွေကိုလည်းကြားကြရမှာပါ။
အဲဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဏတွေအနေနဲ့ “ Mizzima Editorial Talk” အစီအစဉ်ကိုနားဆင်ရဖို့ရှိပြီး နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားဖို့ရှိပါတယ်။
https://youtu.be/juUvuIpvzpw?si=VFnwxv-wgYgAfDqD
#Mizzimaradio
#eveningradio
-----------------------------------------

ပညာရေးကဏ္ဍတိုက်ခိုက်ခံရမှု အများဆုံး ၃ နိုင်ငံစာရင်း မြန်မာပါဝင်လာတယ်ဆိုတဲ့ အကြောင်းနဲ့အတူ မုံရွာထောင်မှာ အစာငတ်ခံဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့အတူရပ်တည်ကြောင်း ဓာတ်ပုံကမ်ပိန်းပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်းတွေ ပါဝင်တဲ့…